Fashion Lady Saine Online Shop

Fashion Lady Saine Online Shop

Share

ပေးလိုက်ရတဲ့စျေးနဲ့ ပြန်ရလိုက်တဲ့အ

21/01/2026

အသက်ကြီးလာတယ် ဆိုတာ လူတိုင်းမရနိုင်တဲ့ အခွင့်အရေးတစ်ခုလို့ ကျွန်မမြင်ပါတယ်။ ကျွန်မအရွယ်အထိ မရောက်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။

ဒီခန္ဓာကိုယ်ကြီးကို ရရှိလာပြီ ဆိုကတည်းက ကျွန်မတို့တွေဟာ လှပနက်နဲပြီး ရည်ရွယ်ချက်ရှိရီနဲ့ ဖန်တီးထားတဲ့ အံ့ဩစရာ ယန္တယားတစ်ခုကို တစ်သက်စာ အသုံးပြုဖို့ ပိုင်ဆိုင်လာခဲ့တာပါ။ ဒါကြောင့် အသက်ရှင်နေသရွေ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်တာဝန်ယူ၊ လေးစားစွာ ဆက်ဆံပြီး စောင့်ရှောက်ရမယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်။

ရရှိထားတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို လေးစားစွာ တဲ့အခါ သဘာဝတရားရဲ့ တုံ့ပြန်မှုကလည်း အံ့အားသင့်စရာပါပဲ

ဉပမာ နေ့စဉ် ပုံမှန်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာ၊
သင့်တော်တဲ့ အနားယူမှုကို ပေးတတ်တာ၊
ဘာလုပ်မလဲ၊ ဘာစားမလဲ၊ ဘာတွေးမလဲ ဆိုတာတွေကို စဉ်းစားပြီး ရွေးချယ်တတ်တဲ့ နေထိုင်မှုပုံစံနဲ့
ခန္ဓာကိုယ်ကို တစ်လေးတစ်စား ဆက်ဆံလိုက်တဲ့အခါ—

အချိန်မကြာခင်မှာပဲ အင်အားတွေ ပြန်ရလာတယ်၊
ပျော့တွဲနေရာကနေ ကျစ်လစ်လာတယ်၊
လေးလံမှုတွေ လျော့နည်းပြီး ကိုယ်ခန္ဓာက ပို သွက်လက်လာတယ်။

အသက်ကြီးလာတာကိုလည်း
“ကျဆင်းသွားခြင်း” လို့ မခံစားရတော့ဘဲ
သဘာဝကျကျ ပိုပြီး ပြည့်စုံလာတယ်လို့ ခံစားရပါတယ်။

ဒါကြောင့် ကျွန်မအတွက်တော့
ရရှိထားတဲ့ ဒီခန္ဓာကိုယ်ကြီးနဲ့
လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို
ကျေးဇူးတင်စိတ်နဲ့
တစ်လေးတစ်စား ဆက်ဆံနေပါတယ်

ကျွန်မလိုပဲ ခံစားချက်ချင်းတူတယ် စပြီး လေ့ကျင့်မယ်ဆိုရင် comment မှာ ph number နဲ့အတူ Respect လို့ရေးသွားနော် ဘာလိုအပ်နေလဲ consultation လုပ်ပြီး အကြံပေးဖို့ ဆက်သွယ်လာပါမယ်

Thanda Hlaing

26/11/2024

" သားသမီးရတနာလား " ရတာနာလား....... ???
ဘူတာရုံတစ်ခုအနားမှာ အဘိုးအိုနဲ့အဘွားအိုလင်မယားနှစ်ယောက် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုရှိတယ်။ လက်ဖက်ရည်ဆိုင်ဆိုပေမယ့်လည်း တဲသာသာလေးပါ။ အထဲမှာ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံသုံးလုံးပဲရှိတယ်။
ဘူတာမှာ ရထားဆိုက်ပြီဆိုရင် အဘိုးအိုဟာ လက်ထဲမှာ လက်ဖက်ရည်ထည့်ထားတဲ့ ကရားအိုးနဲ့ ဖန်ခွက်တွေကိုင်ပြီး တဲထဲက ပြေးထွက်သွားတယ်။ ရထားပေါ်တက်ပြီး ခရီးသည်တွေကို လက်ဖက်ရည်လိုက်ရောင်းတယ်။ ကရားအိုးထဲက လက်ဖက်ရည်ကုန်သွားရင် သူဟာ တဲဆီ အမြန်သွားပြီး သူ့မိန်းမကို လက်ဖက်ရည်နောက်တစ်အိုး ထပ်ဖျော်ခိုင်းတယ်။
"မိန်းမရေ၊ လက်ဖက်ရည်နောက်တစ်အိုး မြန်မြန်လေး လုပ်ပါဦး။ ရထားမထွက်ခင် နောက်တစ်အိုး ထပ်ရောင်းချင်လို့ပါ" လို့ တဲထဲ အပြေးအလွှားဝင်လာတဲ့ အဘိုးအိုက ပြောလိုက်တယ်။
"ရှင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာနော်" လို့ မိန်းမက အဘိုးအိုကို ပြောလိုက်တယ်။ ပြီးတော့ " ကျွန်မတို့ကို လုပ်ကျွေးမယ့် သားသမီးများရှိခဲ့ရင် ကျွန်မတို့ လင်မယား အိုကြီးအိုမနဲ့ ခုလိုလုပ်ကိုင်စားနေစရာ လိုမှာ မဟုတ်ဘူးနော်။ အေးအေးဆေးဆေး ထိုင်စားနေရုံပေါ့။ အခုတော့ . . . " လို့ အဘွားအိုဟာ ပြောရင်း မျက်လုံးတွေက ထွက်ကျလာတဲ့ မျက်ရည်စတွေကို သူ့အင်္ကျီလက်နဲ့ သုတ်လိုက်တယ်။
"မိန်းမရာ၊ အဲဒီအကြောင်းပြောမနေပါနဲ့ကွာ။ ဘုရားက ငါတို့ကို သားသမီးမှ မပေးတာ။ ကဲ ကရားအိုးထဲ လက်ဖက်ရည်ထည့်ပြီးပြီမလား။ ငါ ယူသွားတော့မယ်နော်"
အဘိုးအိုဟာ တဲထဲက ထွက်သွားလို့ ရထားနားရောက်ခါနီးမှာ ရထားဟာ ဥဩဆွဲပြီး ထွက်သွားတယ်။ ဒါကြောင့် သူလည်း တဲဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ပြန်လာတယ်။
ရထားလမ်းဘေးက ပလက်ဖောင်းပေါ်မှာ သတင်းစာခင်းပြီး ဖင်ခုထိုင်နေကြတဲ့ အသက်ကြီးကြီး လင်မယားကို တွေ့လိုက်တယ်။ သူတို့ဟာ မနက်ကတည်းက အဲဒီနေရာမှာပဲ ထိုင်နေကြတာ အခုညနေစောင်းအချိန်ထိပဲဆိုတာ သူသတိရလိုက်တယ်။ ထမင်းတောင် စားမှ စားရရဲ့လားလို့ သူတွေးလိုက်မိတယ်။
"ခင်ဗျားတို့ မနက်ကတည်းက ရထားစောင့်နေကြတာ မဟုတ်လား။ ခင်ဗျားတို့စီးမယ့် ရထားမလာသေးဘူးလားဗျ" လို့ သူက လင်မယားကို မေးလိုက်တယ်။
"ရထားစောင့်နေကြတာ မဟုတ်ပါဘူး။ မနက်က ဒီကနေ ရထားစီးထွက်သွားတဲ့ သားငယ်က မှာသွားတယ်။ သားကြီးက ငါတို့ကို ဒီမှာ လာခေါ်မယ်။ ဘူတာကနေ ဘယ်မှမသွားဘဲ စောင့်နေကြပါဆိုလို့ ငါတို့လည်း သားကြီးကို စောင့်နေကြတာပါ" လို့ ထိုင်နေကြတဲ့ လင်မယားထဲက အဘိုးအိုက ပြန်ဖြေတယ်။
"မကြာခင် မိုးချုပ်တော့မယ်လေ။ မမှောင်ခင် ခင်ဗျားတို့ရဲ့ သားကြီးဆီ လိုက်သွားကြပါလား။ သူ့လိပ်စာသိသလား"
"သူ့လိပ်စာကို သားငယ်ရေးပေးသွားပါတယ်။ ငါတို့ စာမဖတ်တတ်လို့ မင်း ဖတ်တတ်ရင် ဖတ်ပြပါလားကွယ်" လို့ ထိုင်နေတဲ့ အဘိုးအိုက ပြောပြီး သူ့အိတ်ထောင်ထဲက စာရွက်ခေါက်တစ်ခုကို ထုတ်ပြတယ်။
လက်ဖက်ရည်ရောင်းတဲ့ အဘိုးအိုလည်း စာရွက်ကို ဖြန့်ပြီး ဖတ်ကြည့်လိုက်တယ်။ စာမှာ ခုလို ရေးထားတယ်။ "ဒီစာကို ဖတ်မိသူ မည်သူမဆို ကျွန်တော့်မိဘနှစ်ပါးကို အနီးဆုံးလူအိုရုံဆီ ပို့ပေးပါ ခင်ဗျာ"
သူလည်း စာဖတ်ပြီး မျက်ရည်ဝဲလာတယ်။ ပြီးတော့ "အော်၊ ငါတို့လို သားသမီးမရှိတာမှ ကောင်းဦးမယ်ထင်တယ်နော်" လို့ တွေးမိလိုက်တယ်။
ပုံပြင်လေးက ဘာဆိုလိုတယ်ဆိုတာ ကိုယ့်ဖာသာကိုယ်ပဲ တွေးကြည့်ကြပါဗျာ။
ဗန်းမော်သိန်းဖေ
၂၄-၁၁-၂၀၂၂
ဆည်းဆာတိုင်းလှပကြပါစေ

20/11/2024
Photos from Zin's Channel's post 20/11/2024
17/11/2024

နောက် ( ၅ )နှစ်ကြာတဲ့အခါ

( ၁ ) မိဘတွေကို ဒီထက်ပိုကောင်းတဲ့နေရာမှာ ထားနိုင်အောင် ကြိုးစားပါ။

(၂) ဒီထက် စိတ်ထားကောင်းပြီး ရင့်ကျက်တဲ့သူ ဖြစ်အောင် ကြိုးစားပါ။

( ၃ ) ကိုယ်လိုချင်တဲ့ဘဝ ကိုယ်လိုချင်တဲ့အိပ်မက် ကိုရအောင် ကြိုးစားပါ။

( ၄ ) ဒီထက် ပိုလှလာအောင် ကြိုးစားပါ။

( ၅ ) တစ်ယောက်တည်းလည်း ပျော်ပျော်နေတတ်သူဖြစ်အောင် ကြိုးစားပါ။

( ၆ ) သင်ထင်သလောက် လူတွေသင့်ကို မချစ်ဘူးဆိုတာ လက်ခံနိုင်အောင် ကြိုးစားပါ။

#စာအုပ်စာပေလူ့မိတ်ဆွေ
#မူရင်းရေးသားသူအားဂါဝရပြု၍ကူးယူမျှဝေပါရစေ

#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
#မူရင်းရေးသားသူအားလေးစားလျှက်

11/11/2024
06/11/2024

ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီး
လျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။

အဝေးကြီးက လရောင်မှ လှတာ မဟုတ်ပါဘူး ။
ကိုယ့်ရင်ထဲ 'သာ' တဲ့ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို တစ်ကိုယ်စာတော့
လင်းပါတယ် ။

အများကြီးတော့ မျှော်လင့်မထားတာအမှန်ပါ ။
မနက်ဖြန်ဆိုတာက မတည်မြဲတတ်ဘူးလေ ။

ပြောင်းလဲတတ်တဲ့အရာတွေကို အလိုက်သင့် လက်ခံ
ပြိုလဲတတ်တဲ့ သဘောတွေကို အပြုံးမပျက် စောင့်ကြည့်
ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကိုဖြည်းဖြည်းချင်း ဖြေလျှော့ရင်း

လောကဓံ အရို_က်အခတ်တွေကို
သတိရိုးတံလေးနဲ့ ပြန်ပြန်မတ်နေရတယ် ။

နေဝင်ချိန်မှာ အတ္တကင်းကင်းနဲ့ ကြိုးကြိုးစားစား ပွင့်ဝေခဲ့ဖို့ ၊
နောက်ဆုံးချိန် ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသား လွင့်ကြွေခဲ့ဖို့ ။


-crd

05/10/2024
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon