K CHIC By Kalyar

K CHIC By Kalyar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K CHIC By Kalyar, Health/Beauty, Yangon.

Photos from K CHIC By Kalyar's post 02/03/2026

နေပူပူမှာ စိတ်ကြည်လင်သွားစေမယ့် ရနံ့သင်းသင်းလေးတွေပိုင်ဆိုင်ဖို့ 🌸🍃
Summer Promotion အစီအစဉ်အနေနဲ့ Perfume တစ်ဗူးဝယ်တိုင်း ၁,၀၀၀ ကျပ် Discount ပေးနေပါပြီ နွေရာသီမှာ ချွေးနံ့ကြောင့် စိတ်မညစ်ရအောင် ရေမွှေးအလန်းစားလေးတွေ အပြေးလာဝယ်လိုက်တော့နော်🏃‍♀️🛒🛍️

🌄 sunset breeze
🍑 peachy gum
🍏 apple kiss
🍒🫐 cherry berry
🪵 gentle code




#နွေရာသီ

12/02/2026

ယောင်္ကျားတစ်ယောက်ရဲ့ တည်ငြိမ်မှုဆိုတာ...
သူ့ရဲ့ ဝတ်စားဆင်ယင်မှုတင်မကဘဲ သူ့နားက ဖြတ်သွားရုံနဲ့ ခံစားလိုက်ရတဲ့ "ရနံ့" ကြောင့် Gentlemen ဆန်တဲ့ အရှိန်အဝါကို အပြည့်အဝ ဖော်ဆောင်ပေးမယ့် 🪵 gentle code

💼 Meeting တွေမှာပဲဖြစ်ဖြစ်၊ Special Date တွေမှာပဲဖြစ်ဖြစ်...ကိုယ့်ရဲ့ ယုံကြည်မှုကို 🪵 gentle code နဲ့ ဖြည့်ဆည်းလိုက်ပါ😎

10/02/2026

မင်မင့်ရဲ့ ခရီးလမ်းအစမှာ ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ယုံကြည်စိတ်ချစွာ အားပေးကြတဲ့ ချစ်ရတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် 🙏❤️

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အမြဲရှိနေမှာမို့ အစဉ်အမြဲ အားပေးကြပါဦးနော် ✨🛍️
Love you all! 😘

Photos from K CHIC By Kalyar's post 07/02/2026

ဒီperfume brandလေးက အခုမှစထုတ်တဲ့ brandလေးဆိုပေမယ့် ကိုယ်တိုင် အနံ့ဘယ်လောက်အထိခံလဲ စမ်းသပ်ပြီးမှ ထွက်လာတဲ့ resultက ထင်မထားလောက်အောင် ကောင်းလွန်းတာမို့ ပထမဆုံး စရောင်းမယ့် Productလေးအဖြစ်ရွေးချယ်ဖြစ်ခဲ့တဲ့ လေးပါ🥰

အိတ်ဆောင်အနေနဲ့ သယ်ယူရလွယ်ကူပြီး Luxury Brandတွေရဲ့ ရနံ့အတိုင်းကြာရှည်ခံတဲ့ အပြင် ရွေးချယ်စရာ ရနံ့ အနေနဲ့

🍑 peachy gum
🌄 Sunset breeze
🍏 apple kiss
🍒🫐 cherry berry
🪵 gentle code ဆိုပြီး 5မျိုးရှိပါမယ်ရှင့်

ဈေးနှုန်လေးအနေနဲ့ကလဲ 10mlကိုမှ 10000ကျော် 20000 မပြည့်တဲ့ ဈေးလေးနဲ့မို့ အရမ်းတန်လွန်းလို့ အမြန်လေး လာရောက်မှာယူလိုက်တော့နော်🤗




#စုံစမ်းမေးမြန်းနိုင်ပါသည်

07/02/2026

Pageလေးကနေ ဒီညနေမှာ ဈေးလေးစရောင်းပါမယ်ရှင့် ကိုယ်တိုင်သုံးကြည့်ပြီးမှ ရောင်းပေးတာမို့ ဒီProductလေးအတွက် အပြည့်အဝကို အာမခံပါတယ်ရှင်🥰

28/01/2026

ဂျိုင်းမဲလို့ လက်ပြတ်ဝတ်ဖို့ ရှက်နေလား?🤔

ဂျိုင်းကြားမည်းတာကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့တင် အလွယ်တကူ ပြန်ဖြူဝင်းလာစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်✨

၁။ အာလူး 🥔
အာလူးမှာ သဘာဝအရောင်ချွတ်ဆေး အာနိသင်ပါဝင်လို့ အသားအရေကို မထိခိုက်စေဘဲ ဖြူဝင်းစေပါတယ်
အသုံးပြုပုံက‌တော့ အာလူးကို အကွင်းလိုက်လှီးပြီး ဂျိုင်းကြားကို (၅) မိနစ်ခန့် ပွတ်ပေးပါ ဒါမှမဟုတ် အာလူးရည်ကို ဂွမ်းနဲ့တို့ပြီး သုတ်ပေးကာ မိနစ် ၂၀ ထားပြီးမှ ရေဆေးချပါ

၂။ သံပရာသီး 🍋‍🟩
သံပရာသီးမှာ ပါဝင်တဲ့ 𝘾𝙞𝙩𝙧𝙞𝙘 𝘼𝙘𝙞𝙙 က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမည်းစက်တွေကို ပျောက်ကင်းစေပါတယ်
အသုံးပြုပုံကတော့ သံပရာသီးစိတ်လေးနဲ့ ဂျိုင်းကို ၂ မိနစ်လောက် အသာအယာပွတ်ပေးကာ (၁၀) မိနစ်လောက်ထားပြီး ရေဆေးချပါ အသားအရေ အရမ်းပါးရင်တော့ သတိထားပြီးအသုံးပြုပေးပါ

၃။ မုန့်ဖုတ်ဆိုဒါ🥤
ချွေးနံ့ကိုလည်း ပျောက်စေသလို ဂျိုင်းကြားက ချွေးပေါက်ပိတ်တာတွေကို သန့်စင်ပေးပါတယ်
အသုံးပြုပုံကတော့ 𝘽𝙖𝙠𝙞𝙣𝙜 𝙎𝙤𝙙𝙖 ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး ခပ်ပျစ်ပျစ်လေး လုပ်ကာ ဂျိုင်းမှာ လိမ်းပြီး ၅ မိနစ်လောက် နှိပ်ပေးပါ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲနော်

၄။ သခွားသီး🥒
အသားအရေကို အေးမြစေပြီး အသားအရောင် ညီညာစေချင်ရင်တော့ သခွားသီးက အကောင်းဆုံးပါနော်
အသုံးပြုပုံကတော့ သခွားသီးစိတ်လေးတွေနဲ့ ပွတ်ပေးနိုင်သလို သခွားသီးရည်ထဲကို နနွင်းမှုန့်အနည်းငယ်ရောပြီး (၁၅) မိနစ်ခန့် ပေါင်းတင်ပေးနိုင်ပါတယ်

တစ်ပတ်ကို (၂) ကြိမ်ကနေ (၃) ကြိမ်အထိ ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ် ဒါမှ သိသာတဲ့ ရလဒ်ကို မြင်ရမှာပါ ဂျိုင်းကြားမည်းတာဟာ 𝙎𝙠𝙞𝙣 𝙞𝙧𝙧𝙞𝙩𝙖𝙩𝙞𝙤𝙣 ကြောင့်လည်း ဖြစ်နိုင်လို့ ရိတ်တာထက် 𝙒𝙖𝙭𝙞𝙣𝙜 လုပ်တာ ဒါမှမဟုတ် 𝙇𝙖𝙨𝙚𝙧 ပစ်တာမျိုးက ပိုပြီး အသားအရေကို ချောမွေ့စေပါတယ်✨

လှပတဲ့ ဖြူဝင်းတဲ့ ဂျိုင်းကြားအသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်🌸🙆



#ဂျိုင်းဖြူနည်း
#အိမ်တွင်းကုထုံး
#သဘာဝနည်းလမ်း

27/01/2026

ညဘက်တွေမှာ မျက်လုံးကြောင်ပြီး အိပ်မပျော်လို့ စိတ်ညစ်နေရပြီလား? 😴💭

အိပ်ဆေးတွေ သောက်မယ့်အစား သဘာဝကပေးတဲ့ ရနံ့ကုထုံး နည်းလမ်းလေးကိုအသုံးပြုကြည့် ရအောင်🌿✨

ရနံ့ကုထုံးဆိုတာ စိတ်ကို အပန်းပြေစေရုံတင်မကဘဲ ဦးနှောက်ကို ငြိမ်းချမ်းစေတဲ့အတွက် ညဘက်အိပ်မပျော်တဲ့သူတွေအတွက် အရမ်းထိရောက်ပါတယ်🩷

အိပ်ပျော်စေဖို့ ကူညီပေးမယ့် ရနံ့ (၃) မျိုးကို အကြံပြုပေးပါရစေ🤗

🪻 𝙇𝙖𝙫𝙚𝙣𝙙𝙚𝙧 (လာဗင်ဒါ)
စိတ်ဖိစီးမှုကို လျှော့ချပေးပြီး နှလုံးခုန်နှုန်းကို တည်ငြိမ်စေတဲ့အတွက် ညဘက်အိပ်မပျော်သူတွေအတွက် နံပါတ် (၁) အကြံပြုချင်ဆုံး ရနံ့လေးပါ

🌼 𝘾𝙝𝙖𝙢𝙤𝙢𝙞𝙡𝙚 (ချမိုမိုင်း)
စိုးရိမ်စိတ်တွေကို ပြေပျော့စေပြီး စိတ်ကြည်လင်အေးချမ်းစွာနဲ့ အိပ်မောကျစေပါတယ်

🪵 𝙎𝙖𝙣𝙙𝙖𝙡𝙬𝙤𝙤𝙙 (စန္ဒကူး)
စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်

အလွယ်ကူဆုံး အသုံးပြုနည်းလေးကတော့
𝙀𝙨𝙨𝙚𝙣𝙩𝙞𝙖𝙡 𝙊𝙞𝙡 လေးတွေကို 𝘿𝙞𝙛𝙛𝙪𝙨𝙚𝙧 ထဲထည့်ပြီး အခန်းထဲမှာ ဖြန်းထားပြီးအသုံးပြုလို့ရသလို 𝘿𝙞𝙛𝙛𝙪𝙨𝙚𝙧 မရှိပါက ခေါင်းအုံးစွပ်ရဲ့ ထောင့်လေးမှာ တစ်စက်၊ နှစ်စက်လောက် ချပေးထားပါ😍
ရေနွေးနွေးနဲ့ ရေချိုးရင် 𝙀𝙨𝙨𝙚𝙣𝙩𝙞𝙖𝙡 𝙊𝙞𝙡 လေး နည်းနည်းထည့်ချိုးပါ🛀

ရနံ့မွှေးမွှေးလေးတွေနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူလိုက်ပါနော်🌙🛌

25/01/2026

𝑺𝒖𝒏𝒅𝒂𝒚 𝑫𝒂𝒕𝒆 လေးမှာ 'မွှေးမွှေးလေး' ဖြစ်နေဖို့ ရေမွှေးကောင်းကောင်းလေး စွတ်သွားဖို့မမေ့နဲ့နော်🌸😍

24/01/2026

𝘿𝙚𝙩𝙤𝙭 𝙒𝙖𝙩𝙚𝙧 နဲ့ အသားအရေလှပပြီး ကျန်းမာစွာ ဝိတ်ချကြမယ် ✨🍋

ကျန်းမာရေးနဲ့ အလှအပကို ဂရုစိုက်တဲ့ ပျိုမေတို့အတွက် 𝘿𝙚𝙩𝙤𝙭 𝙒𝙖𝙩𝙚𝙧 ရဲ့ ကောင်းကျိုးလေးတွေကို မျှဝေပေးချင်ပါတယ်🥰

💧 အသားအရေအတွက် ဘာတွေကောင်းလဲ?
𝘿𝙚𝙩𝙤𝙭 𝙒𝙖𝙩𝙚𝙧 သောက်ပေးခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဝက်ခြံထွက်တာကို သက်သာစေပြီး အသားအရေကို အတွင်းပိုင်းကနေ ကြည်လင်ဝင်းပလာစေပါတယ် ရေဓာတ်ကို အပြည့်အဝဖြည့်တင်းပေးလို့ အသားခြောက်ခြင်းကနေလဲ ကာကွယ်ပေးပါတယ်💖

🏃‍♀️ ကိုယ်အလေးချိန်ကျဖို့ ဘယ်လိုကူညီလဲ?
အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်ပြည့်သလို ခံစားရစေတာကြောင့် အဆာပြေမုန့်တွေ စားချင်စိတ်ကို လျှော့ချပေးပါကာ အဆီပိုတွေကို လောင်ကျွမ်းစေဖို့လည်း အထောက်အကူပြုပါတယ်🩷

🌿 𝘿𝙚𝙩𝙤𝙭 𝙒𝙖𝙩𝙚𝙧 အလွယ်ကူဆုံးပြုလုပ်နည်းလေး များကိုပါ မျှဝေပေးလိုက်ပါတယ်ရှင်🥰

1️⃣ သံပရာသီး + သခွားသီး + ပူစီနံက ဗိုက်ချပ်စေပြီး လန်းဆန်းစေပါတယ်🍋‍🟩🥒🌿

2️⃣ ပန်းသီး + သစ်ကြံပိုးခေါက်က အဆီကျစေဖို့ အထူးကောင်းမွန်ပါတယ်🍎🪾

3️⃣ စတော်ဘယ်ရီ + သံပရာသီးက 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 ကြွယ်ဝလို့ အသားဖြူဝင်းစေပါတယ်🍓🍋‍🟩

ပြုလုပ်ပြီး ၃ နာရီသို့မဟုတ် တစ်ညသိပ်ထားပြီးရင် သောက်သုံးနိုင်ပါပြီရှင် ကျန်းမာလှပတဲ့ နေ့ရက်တိုင်းကို 𝘿𝙚𝙩𝙤𝙭 𝙒𝙖𝙩𝙚𝙧 တစ်ခွက်နဲ့ စတင်လိုက်ရအောင်နော် 🥤💚

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00