Gahkyeng & Dashi

Gahkyeng & Dashi

Share

Welcome to Gahkyeng & Dashi, the epitome of an exquisite fashion and fragrance blog! 🌸✨

17/07/2023

ရေမွှေးကိုကိုယ့်အိတ်ထဲထည့်ပြီးသယ်သွားသယ်လာလုပ်တဲ့လူတစ်ယောက်ဆိုရင် ဒီ Blog ကသင့်အတွက်ပါ။ သွားလေရာသယ်သွားတဲ့ရေမွှေးရဲ့အနံ့အာနိတင် ပျက်မသွားအောင်ထိန်းသိမ်းလို့ရမယ့် နည်းလမ်းလေးကိုမျှဝေသွားပါမယ်။
(၁) အရမ်းလုပ်ခါတာမျိုးကိုရှောင်ပေးပါ။ ရေမွှေးပုလင်းကိုအရမ်းလုပ်ခါလိုက်တဲ့အခါ ပုလင်းထဲမှာပူဖောင်းလေးတွေထွက်လာတတ်ပါတယ်၊ အဲ့ပူဖောင်းလေးတွေက ရေမွှေးနံ့ကိုပြောင်းလဲသွားအောင်နဲ့ အနံ့ကြာကြာခံနိုင်စွမ်းကိုလျော့ပါး သွားစေပါတယ်။

(၂) အဖုံးလေးကိုသေချာဂရုစိုက်ပေးပါ။ ယိုစိမ့်မှုမရှိအောင် ပုလင်းကိုတောင်လိုက်ထားပေးတာ အကောင်းဆုံးပါ။ ယိုစိမ့်တာမျိုးပဲဖြစ်ဖြစ်၊ ပုလင်းထဲလေဝင်သွားတာမျိုးပဲဖြစ်ဖြစ် ရေမွှေးနံ့ရဲ့အားနိတင်ပြောင်းလဲသွားနိုင်ပါတယ်။

(၃) အပူချိန်လွန်ကဲတာမျိုးကိုရှောင်ပေးပါ။ နေနဲ့တိုက်ရိုက်ထိတာမျိုးပဲဖြစ်ဖြစ်၊ အပူလွန်ကဲတဲ့အရာဝတ္ထုနားထားတာပဲဖြစ်ဖြစ် ရှောင်ပေးဖို့လိုပါတယ်။ အပူချိန်လွန်ကဲမှုက ရေမွှေးရဲ့ဖွဲ့စည်းပုံတွေကိုပြောင်းလဲသွားစေနိုင်လို့ပါ။

ဒီအချက်လေးတွေသတိထားပေးမယ်ဆိုရင် အိတ်ထဲရေမွှေးသယ်သွားသယ်လာလုပ်တဲ့အချိန် ရေမွှေးရဲ့အနံ့အာနိတင်တွေ မပျောက်တော့ဘူးပေါ့။

14/07/2023

နေနဲ့တိုက်ရိုက်ထိတာ သောက်ဆေးတွေအတွက်ပဲမဟုတ်ပါဘူး၊ ရေမွှေးတွေအတွက်ပါ မကောင်းပါဘူး။

၁အချက် နေရောင်အောက်မှာလမ်းလျှောက်သွားချိန် နေရဲ့အပူဒဏ် ဘယ်လောက်ပြင်းတယ်ဆိုတာသတိထားမိကြမယ်ထင်တယ်။ ဒီလိုပါပဲနေရောင်ခြည်ရဲ့အနွေးဓာတ်နဲ့ထိတွေ့မှုများလာတဲ့အခါ ရေမွှေးဖော်စပ်ဒြပ်ပေါင်းတွေ ပြောင်းလဲလာနိုင်လို့ သူ့ပင်ကိုအနံ့ပျောက်သွားတာမျိုးဖြစ်တတ်ပါတယ်။

၂အချက် နေမှာပါတဲ့ခရမ်းလွန်ရောင်ခြည် ultraviolet (UV) radiation တွေကရေမွှေးပုလင်းတွေကို ထိုးဖောက်နိုင်ပြီး ရေမွှေးထဲမှာပါတဲ့ တချို့ဂုဏ်သတိတွေကိုယုတ်ယျော့သွားစေတတ်တယ်။ ဆိုးဆိုးရွားရွားအနံ့ပြောင်းသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် quality ကောင်းတဲ့ရေမွှေးbrand အတော်များများက သူတို့ရေမွှေးထဲမှာ UV protection ထည့်လာကြတယ်။

၃အချက် နေရောင်ခြည်နဲ့ထိတွေ့မှုက oxidation အောက်ဆီဂျင်နဲ့ဓာတ်ပေါင်းမှုကိုဖြစ်စေပြီး ရေမွှေးရဲ့ပင်ကို အနံ့အသက်တွေကိုပြောင်းလဲသွားစေပါတယ်။ တချို့ရေမွှေးတွေဆိုရင် ဆီချေးစော်နံတာမျိုးတို့ဖြစ်လာတတ်ပါတယ်။

12/07/2023

ဒီ Blog မှာတော့အမျိုးသားအများစုသဘောကျတတ်တဲ့ရေမွှေးနံ့၊ ပြီးတော့ဘာကြောင့်သဘောကျရတယ် ဆိုတဲ့အကြောင်းကိုမျှဝေသွားပါမယ်။

Woody fragrances: သစ်သားနံ့အဓိကပါဝင်တဲ့ရေမွှေးနံ့ ဥပမာ- sandalwood နံ့သာဖြူ, cedar အာရဇ်ပင်, vetiver စပါးလင်မြစ်, and patchouli တွေကိုအသားပေးဖော်စပ်ထားတဲ့ ရေမွှေးနံ့တွေမှာ နွေးထွေးတဲ့ခံစားချက်၊ အားအင်ပြည့်ဝတဲ့(ယောကျာ်းဆန်တဲ့) အနံ့တွေပေးစေလို့ အရွေးများကြတယ်။

Citrus fragrances: ရှောက်သံပုရာနွယ်ဝင်ရေမွှေးနံ့တွေကြတော့ လန်းဆန်းမှု၊တက်ကြွမှုစတဲ့ စိတ်ခံစားချက်တွေပေးတဲ့အတွက်အရွေးများကြတယ်။ ဥပမာ- bergamot ရှောက်သံပုသီးတစ်မျိုး၊, lemon သံပယိုသီး, and grapefruit ဂရိတ်ဖရု နံ့မျိုးတွေပေါ့။

Oriential fragrances: အရှေ့တိုင်းဆန်တဲ့အနံ့တွေလို့ပြောရမှာပါ၊ မိန်းကလေးတွေပဲမဟုတ်ပါဘူး ယောကျာ်းလေးတွေပါ ဒီအရှေ့တိုင်းဆန်တဲ့အနံ့တွေကိုကြိုက်ကြပါတယ်။ ဒီအနံ့တွေအများစုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်၊ သတိရှိတယ်၊ ဆွဲဆောင်မှုအားကောင်းတယ်ဆိုတဲ့ စိတ်ခံစားချက်တွေပေးတဲ့အတွက်ကြောင့်လို့ပြောရမှာပေါ့။ ဥပမာ- vanilla သစ်ခွနံ့, cinnamon သစ်ကြံပိုးခေါက်နံ့၊ amber ပယင်းလို့သိကြတဲ့အနံ့တစ်မျိုး, and exotic spices ပြီးတော့ စူးရှရှနံ့လေးတွေကို အသားပေးဖော်စပ်ထားတဲ့ရေမွှေးတွေပေါ့။
Leather fragrances: သားရေနံ့ရေမွှေးတွေ အများအားဖြင့်တော့ to***co ဆေးရွက်ကြီးအပင်၊အရွက်ကနေ ထုတ်လုပ်ထားတဲ့ မီးခိုးငွေ့နံ့၊ spices စူးရှရှနံ့၊ woods သစ်သားနံ့တွေကို အသားပေးထားတဲ့အနံ့တွေပါ။ ခုနောက်ပိုင်းဒီလိုရေမွှေးတွေ ခေတ်စားနေပါတယ်။ ဒီအနံ့တွေက ခေတ်မီတယ်၊ အကြမ်းခံတယ်၊ သန်မာတယ်ဆိုတဲ့ စိတ်ခံစားချက်တွေပေးနေလို့ပဲ။

ခုပြောပြသွားတာက အရွေးများတတ်ကြတဲ့ ရေမွှေးနံ့တွေကြောင်းပါ၊ တစ်ယောက်နဲ့တစ်ယောက်တော့အကြိုက်သူမှာမဟုတ်ပါဘူး၊ အကြိုက်သူဖို့လည်းမလိုပါဘူး။ ကိုယ့်ကိုကောင်းတဲ့စိတ်ခံစားချက်ပေးမယ်၊ ကိုယ်လည်းကြိုက်မယ်၊ ကိုယ့်personality နဲ့လည်းကိုက်ညီမယ်ဆိုတဲ့ ရေမွှေးကိုရွေးချယ်တာအကောင်းဆုံးပေါ့။

08/07/2023

Floral ပန်းရနံ့ ဥပမာ- နှင်းဆီ၊ စံပယ်၊ နှင်းပန်း၊ စန္ဒပန်း ရနံ့တွေက ပျိုမယ်လေးတွေကို နူးညံ့သိမ်မွေ့တဲ့ခံစားချက်၊ ကဗျာဆန်တဲ့ခံစားချက်၊ ရဲရင့်တဲ့ခံစားချက်အပြင် ယစ်မူးသွားရလောက်တဲ့ခံစားချက်တွေပေးစေတဲ့အတွက် အကြိုက်များကြတယ်။

Fruity သစ်သီးနံ့တွေကတော့ လန်းဆန်းတက်ကြွတဲ့ခံစားချက်တွေပေးစေခို့အကြိုက်များကြတယ်။ citrus သံပုရာနွယ်ဝင်သီးနံ့တွေ၊ berries ဘယ်ရီသီးနံ့တွေ၊ ပန်းသီးနံ့တွေမှာ များသောအားဖြင့် စိတ်လန်းဆန်းပြီး အားအင်တက်ကြွစေတဲ့ခံစားချက်တွေပေးတယ်။

Oriental အရှေ့တိုင်းဆန်တဲ့အနံ့ (နန်းဆန်တဲ့အနံ့လို့ပြောလည်းမမှားပါဘူး) ဘယ်လိုအနံ့မျိုးလဲဆိုတော့ spicesစူးရှရှအနံ့၊ ပယင်းနံ့လို့ခေါ်ကြတဲ့amber၊ vanilla သစ်ခွနံ့၊ ပြီးတော့ woods သစ်သားနံ့တွေကို အသားပေးပြီးထုတ်တဲ့အနံ့တွေကို oriental fragrances အရှေ့တိုင်းဆန်တဲ့အနံ့လို့ခေါ်ကြတယ်။ ဒီအနံ့တွေက ညှို့အားကောင်းသလို ဆွဲဆောင်မှုလည်းရှိတဲ့အတွက်ကြောင့် အမျိုးသမီးအများစု ရွေးချယ်တတ်ကြတယ်။

Gentlemen တွေရွေးချယ်တတ်တဲ့ရေမွှေးအနံ့ဘာကြောင့်ရွေးချယ်ကြတယ်ဆိုတာ နောက် Blog မှာမျှဝေသွားပါမယ်။ Like & Follow လုပ်ထားဖို့မမေ့ပါနဲ့။

02/07/2023

Normal skin သမားတွေအတွက်တော့ ထွေထွေထူးထူးရွေးချယ်ရမယ့်ရေမွှေးရယ်လို့မရှိပါဘူး။ အသားအရေအရမ်းလည်းမခြောက်သလို၊ ခန္ဓာကိုယ်အဆီထွက်နှုန်းကလည်းပုံမှန်ပဲဆိုတော့ ဖျန်းထားတဲ့ ရေမွှေးကိုထိန်းထားနိုင်စွမ်းလည်းရှိပါတယ်။ Normal skin သမားတစ်ယောက်ဆိုရင် ရေမွှေးရနံ့ကို ရွေးချယ်ဝယ်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့ရနံ့ကိုရွေးဝယ်လို့ရတာပေါ့။

Combination skin သမားဆိုရင်တော့ကိုယ့်ခန္ဓာကိုယ်ရဲ့ အထာကိုသိထားဖို့ပဲလိုပါတယ်။ ကိုယ့်ခန္ဓာကိုယ်ဘယ်နေရာ၊ ဘယ်အပိုင်းက ခြောက်သွေ့တတ်လည်း၊ ပြီးတော့ဘယ်နေရာ၊ ဘယ်အပိုင်းက အဆီထွက်များတတ်လည်းပေါ့။ ကိုယ့်ခန္ဓာကိုယ်အကြောင်းသိထားရင် ရှေ့blog မှာပြောခဲ့သလိုပါပဲ။ အဆီထွက်များတဲ့အပိုင်းတွေမှာဆိုရင် fresh and light ပေါ့ပါးလန်းဆန်းတဲ့အနံ့ဖျန်းပေးလို့ရတယ်။ ခြောက်သွေ့တဲ့အပိုင်းမှာကြတော့ base note ခိုင်တဲ့ oriental scent စူးရှရှအနံ့၊ woody သစ်သားအနံ့တွေရွေးသုံးလို့ရတာပေါ့။

တစ်ခုတော့ရှိတယ် ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေမတူတဲ့အခါကြတော့ ရေမွှေးနဲ့ခန္ဓာဓာတ်ပြုတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက်ကထွက်လာတဲ့အနံ့လည်း ကွာနေတတ်ပါတယ်။ Gahkyeng & Dashi ရဲ့အဓိကရည်ရွယ်ချက်က ကိုယ်နဲ့ကိုက်ညီမှုရှိတယ်၊ လိုက်ဖက်ညီတဲ့ရေမွှေးကိုရှာတွေ့အောင်ကူညီပေးဖို့ပါပဲ။

တခြားစိတ်ဝင်စားစရာကောင်းတဲ့ ရေမွှေး tips တွေအပြင် styling tips တွေလည်းမျှဝေသွားမှာဖြစ်လို့ Like & Follow လေးလုပ်ထားပါ။

28/06/2023

👋Dry Skin အသားအရေခြောက်သွေ့တဲ့လူတွေမှာ ခန္ဓာအဆီထွက်နည်းပေမဲ့၊ Oily Skin သမားတွေကြတော့ ခန္ဓာကိုယ်အဆီအထွက်များပါတယ်။ ဒီတော့ Oily Skin သမားရဲ့အသားအရေပေါ်မှာ ရေမွှေးအနံ့ကပိုကြာကြာရှိနေတတ်တယ်။👍

ဒီတော့ အသားအရေခြောက်တဲ့လူတွေလို Base note အဆီများတဲ့ရနံ့သုံးဖို့မလိုပါဘူး။ 🚫သုံးလည်းမသုံးသင့်ပါဘူး❌၊ ဘာဖြစ်လို့လဲဆိုတော့ Base note အနံ့တွေရဲ့ (molecular weight) လို့ခေါ်တဲ့ မော်လီကျူးအလေးချိန်ကများတော့ ဒီအနံ့တွေက ပြန့်အား (perfume projection) ကနည်းနေတတ်တယ်။ ဆိုလိုတာက အနံ့ပြင်းအားတိတ်မကောင်းဘူး။ ဒါ့အပြင် အရေပြားပေါ်ကအဆီတွေနဲ့သွားပေါင်းလိုက်တော့ အနံ့ပြင်းအားကပိုနည်းသွားကော။👎

ဆိုတော့ပေါ့ပါးလန်းဆန်းတဲ့ရနံ့တွေကတော့ Oily Skin သမားအတွက်တော်တော်လေး ကိုက်ညီမှုရှိတယ်လို့ပြောလို့ရတယ်။ 👉Citrus ရှောက်သံပုရာနွယ်ဝင်အသီးရနံ့တွေ၊ 👉Green စိန်းရွှင်ရွှင်အနံ့တွေနဲ့ 👉Fresh လန်းဆန်းပေါ့ပါးတဲ့ရနံ့တွေက ခန္ဓာကိုယ်ကထွက်တဲ့အဆီတွေနဲ့ သဘာဝဆန်တဲ့အနံ့တွေဖြစ်အောင် ထိန်းညှိပေးလို့ Oily Skin သမားအနေနဲ့ရွေးဖို့သင့်တော်တဲ့ရေမွှေးအမျိုးအစားတွေပါ😃။ ပြီးတော့ဒီအနံ့တွေက (molecular weight) မော်လီကျူးအလေးချိန်နည်းပြီး ပေါ့ပါးတော့ အနံ့ပြင်းအား💯အရမ်းကောင်း🔥ပါတယ်။ အနံ့ပြင်းအားကောင်းသလောက်ကြာကြာမခံတတ်ပေမယ့် oily skin သမားတွေအတွက်တော့ပူစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရေပြားပေါ်ကအဆီတွေက ဒီအနံ့တွေကြာကြာခံအောင်ဆွဲထားပေးမှာဖြစ်လို့ပဲဖြစ်ပါတယ်။😀

အခုဒီ Blog ဖတ်နေတဲ့သင်က Dry Skin လည်းမဟုတ်ဘူး Oily Skin လည်းမဟုတ်ဘူးဆိုရင် မပူပါနဲ့ Normal skin နဲ့ combination skin သမားတွေအတွက် နောက် Blog မှာအကျုံးဝင်မယ့် tips လေးတွေမျှဝေသွားပါမယ်။ Like & Follow လုပ်ဖို့မမေ့နဲ့နော်။🥰😍😘

#ရေမွှေး

27/06/2023

ဘယ် skin type ကဘယ်လိုရေမွှေးသုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေမရှိပါဘူး။ 🤔🌿 ဒါပေမဲ့ ကျွန်တော်တို့ အသားအရေအမျိုးအစားပေါ်မူတည်ပြီး ရေမွှေးရနံ့ရဲ့စွမ်းဆောင်ရည် အပြောင်းအလဲရှိပါတယ်။ 💡💆‍♀️

ဒီနေ့ရဲ့ Blog မှာတော့ ခြောက်သွေ့တဲ့အသားအရေရှိတဲ့လူတစ်ယောက်အနေနဲ့ ရေမွှေးဝယ်တဲ့အခါ ထည့်စဉ်းစားသင့်တဲ့အချက်လေးကို မျှဝေသွားပါမယ်။😆 ‌
ယေဘုယအားဖြင့် ရေမွှေးရနံ့တွေက ခြောက်သွေ့တဲ့အသားအရေပေါ်မှာ ကြာကြာမခံဘဲ အငွေ့ပျံပြီးပျောက်ကွယ်လွယ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရေပြားပေါ်မှာ ရေမွှေးအဆီတွေကိုကြာကြာကပ်နေအောင်လုပ်ပေးတဲ့ အဆီ အထွက်နည်းနေလို့ပါ။ ခန္ဓာကိုယ်ကထွက်တဲ့အဆီတွေက ရေမွှေးမှာပါတဲ့အဆီနဲ့ ဓာတ်ပြုပြီး အရေပြားပေါ်မှာအချိန်ကြာကြာ ကျန်ရှိနေတာမျိုးပေါ့။ 🌺💫💃💕

ဒီတော့ခန္ဓာအရေပြားခြောက်သွေ့တဲ့လူတစ်‌ယောက်အနေနဲ့ Oriental အရှေ့တိုင်းဆန်တဲ့အနံ့တွေဖြစ်တဲ့ စူးရှရှအနံ့တွေ၊ Amber scent (ပရင်းအနံ့လို့တင်စားခေါ်ကြတဲ့) အနံ့လိုမျိုး၊ အသေးစိတ်ကို Blog တစ်ခုမှာမျှဝေသွားပါမယ်၊ ဒါမှမဟုတ် woody သစ်ပင်အနံ့တွေနဲ့ပြုလုပ်ထားတဲ့ရေမွှေးတွေကိုသုံးတာပိုသင့်တော်ပါတယ်။ သူတို့မှာက Base note တွေအပါများတတ်တဲ့အခါကြတော့ အဲ့အဆီတွေကခန္ဓာကိုယ်ပေါ်မှာ ပိုပြီးကြာကြာခံတာပေါ့လေ။ 💦🌸✨

နောက် Blog မှာ Oily Skin သမားအတွက်သင့်တော်တဲ့ရေမွှေးအကြောင်းကိုမျှဝေသွားပါမယ်။ Like & Follow လေးလုပ်ထားဖို့မမေ့နဲ့နော်။ 😍🫰

23/06/2023

‘ဒီရေမွှေးကြိုက်လို့မှဝယ်ထားပါတယ်ဆိုနေမှ အနံ့ကဝယ်တုန်းလောက်ပျင်းအားမကောင်းတော့သလိုပဲ’ ဆိုတဲ့အဖြစ်နဲ့ကင်းရအောင် ဝယ်ထားတဲ့ရေမွှေးတွေကို ထိန်းသိမ်းနည်းလေးမျှဝေသွားပါမယ်။

၁အချက် နေနဲ့တိုက်ရိုက်ထိတွေ့တာတွေရှောင်ရှားပေးပါ။ ရေမွှေးရဲ့ အာနိတင်ပျက်ရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက နေမင်းကြီးနဲ့ထိတွေ့မှုများတာပါပဲ။ နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့အခါ ရေမွှေးရဲ့ဖွဲ့စည်းပုံတွေပြောင်းလဲလာပါတယ်၊ ပြီးတော့ရေမွှေးထဲမှာပါတဲ့ဓာတ်တွေရဲ့စွမ်းရည်တွေကိုလည်း လျော့ကျစေပါတယ်။

၂အချက် နေရောင်ခြည်တွေလိုပါပဲအပူ၊အအေးဒဏ်လွန်ကဲတဲ့နေရာတွေကိုရှောင်ရှားပေးပါ။ အပူချိန်မတည်မငြိမ်ပြောင်းလဲမှုတွေကလည်း ရေမွှေးရဲ့ဖွဲ့စည်းမှုအပေါ် အကျိုးသက်ရောက်နေလို့ပါ။ ဒီတော့အပူလွန်ကဲနိုင်မယ့် မီးအပူပေးစနစ်တို့၊ နေရောင်ခြည်တို့နဲ့ဝေးရာမှာထားပေးဖို့လိုပါတယ်။ ပြီးတော့အအေးလွန်ကဲ့နိုင်မယ့် ရေခဲသေတ္တာလိုဟာမျိုးကိုလည်းရှောင်ဖို့လိုပါတယ်။

၃အချက် ပုလင်းအဖုံးတွေလုံနေပါစေ။ အဖုံးလုံအောင်မပိတ်တာတို့၊ အဖုံးကနေယိုစိမ့်နေတာတို့ဆိုရင် ပုလင်းထဲလေတွေဝင်လာနိုင်ပါတယ်၊ ဒီလေတွေထဲမှာပါတဲ့ အောက်စီဂျင်နဲ့ဓာတ်ပြုပြီးရေမွှေးအာနိတင်တွေ ပြောင်းလဲသွားနိုင်လို့ပါ။

၄အချက် အပြင်းအထန်လုပ်ခါတာမျိုးရှောင်ပါ။ ရေမွှေးပုလင်းကို အလွန်အမင်း လုပ်ခါလိုက်တဲ့အခါမျိုးမှာ လေတွေဝင်လာနိုင်သလို၊ ရေမွှေးရဲ့ပေါင်းစပ်ထားပြီးဟန်ချက်တွေကို အနှောက်အယှက်ပေးပါတယ်။

၅အချက် စိုထိုင်းဆမြင့်မားတဲ့နေရာတွေကိုရှောင်ပါ။ ရေချိုးခန်းလိုနေရာမျိုးမှာထားတတ်မယ်ဆိုရင် ကိုယ့်ရေမွှေးကို နေရာပြောင်းသင့်ပါပြီ။ စိုထိုင်းမှုတွေက ရေမွှေးရဲ့ ထုတ်ပိုးမှု (packaging) ကိုဖျက်ဆီးပြီး ရနံ့တွေအပေါ်အထိအခိုက်ဖြစ်စေလို့ပါ။

တချို့ရေမွှေးတွေကဈေးကြီးပေးဝယ်ရတာတွေရှိတယ်။ ဈေးကြီးတယ်၊ မကြီးဘူးဆိုတာထက် ကိုယ်ကြိုက်လို့ဝယ်ထားတဲ့ ရေမွှေးရနံ့ရဲ့အာနိတင်တွေပြောင်းလဲသွားတာတို့၊ ယုတ်လျော့သွားတာတို့ကို ဖော်ပြပေးထားတဲ့နည်းလမ်းနဲ့ ရှောင်ရှားလို့ရပါတယ်။ Gahkyeng & Dashi ရဲ့အမြင်ကိုပြောရမယ်ဆိုရင် ခပ်မှောင်မှောင်နဲ့ အေးမြခြောက်သွေ့တဲ့နေရာတွေမှာ သိမ်းဆည်းထားတာကအကောင်းဆုံးပေါ့။

21/06/2023

Fragrances layering ဆိုတာက မတူညီတဲ့ရေမွှေးအနံ့နှစ်ခုကိုပေါင်းစပ်ခြင်းလို့ပဲပြောရမှာပေါ့။
ဒီလိုမတူညီတဲ့ရေမွှေးအနံ့နှစ်ခုကိုပေါင်းစပ်ပြီး ကိုယ့်ရဲ့မူပိုင်တစ်မူထူးခြားတဲ့အနံ့ ဖန်တီးလို့ရနိုင်မယ့် နည်းလေးမျှဝေသွားပါမယ်။

၁လိုက်ဖက်ညီအစပ်တည့်တဲ့အနံ့ရွေးဖို့လိုမယ်။
အနံ့တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေရင်ပဲဖြစ်ဖြစ်၊ အစပ်မတည့်ရင်ပဲဖြစ်ဖြစ် နှစ်လိုဖွယ်မကောင်းတဲ့အနံ့ထွက်လာနိုင်တာကို သတိထားဖို့လိုပါတယ်။ ဒီတော့လိုက်ဖက်ညီတဲ့ notes လေးတွေရွေးတတ်ဖို့လိုပါတယ်။ ဥပမာ- floral ပန်းရနံ့လိုnote မျိုးနဲ့ citrusy ရှောက်သံပုရာနံ့ ဒါမှမဟုတ် woody သစ်ပင်နံ့ note လေးတွေက လိုက်ဖက်နေတတ်တယ်။

၂ concentration ပါဝင်မှုပမာဏမတူညီတဲ့ရနံ့လေးတွေကိုပေါင်းစပ်တာ။
လက်ရှိကိုယ့်ရေမွှေးက eau de toilette (ရေမွှေးပမာဏ ၅% - ၁၅%)လား၊ ဒါမှမဟုတ် eau de parfum (ရေမွှေးပမာဏ ၂၀% -၃၀%)လား၊ ဒါမှမဟုတ်လုံးဝရေမွှေးအဆီသီးသန့်ဖြစ်တဲ့ perfume oil
(ရေမွှေးဆီ ၁၀၀%)လား။ ခုလိုပါဝင်မှုပမာဏမတူညီတဲ့ရနံ့လေးတွေနဲ့ ပေါင်းစပ်ဖန်တီးလို့လည်းရပါတယ်။ ရေမွှေး concentration အကြောင်းကိုနောက် Blog တစ်ခုမှာအသေးစိတ်ရှင်းပြပေးသွားပါမယ်၊ like and follow လေးလုပ်ထားပေးပါ။

၃မတူညီတဲ့ရေမွှေးရနံ့တွေကို မတူညီတဲ့ pulse point (ရေမွှေးဖျန်းဖို့အသင့်တော်ဆုံးနေတွေဖြစ်တဲ့ လည်ပင်း၊ လက်ကောက်ဝတ်၊ တစ်တောင်ဆစ်အတွင်းပိုင်း၊ နားနောက်ပိုင်း) တွေမှာဖျန်းပေးပါ။
ဒီလိုမတူညီတဲ့ pulse point တွေမှာဖျန်းပေးတော့ တစ်ခုချင်းစီရဲ့အနံ့တွေက သင်းပျံ့နိုင်အားပိုကောင်းစေတာပေါ့။

၄သုံးစွဲမှုမလွန်စေဖို့။
ပေါင်းစပ်မှုနှုန်းများသွားမယ် ဆိုလိုတာကကိုယ်ပိုကြိုက်တဲ့အနံ့ကို အများကြီးဖျန်းမိလိုက်တာမျိုးပေါ့၊ ပြီးတော့အနံ့တစ်ခုမကဖျန်းတာမျိုးဆိုရင် နောက်ဆက်တွဲအနေနဲ့ notes တစ်ခုနဲ့တစ်ခုထပ်ကုန်တာမျိုး၊ အနံ့ရောထွေးသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်ကိုယ်ကြိုက်တဲ့တစ်မူထူးခြားနံ့မရောက်မချင်း နည်းနည်းချင်းဆီဖျန်းပေးမယ်ဆိုရင် လွန်ကဲမှုအခြေအနေကိုရှောင်ရှားလို့ရတာပေါ့။

မှတ်ချက်။ ။ ကိုယ့်ရေချိုးဆပ်ပြာနံ့၊ body lotionနံ့တွေကလည်း fragrances layering အနံ့ပေါင်းစပ်ခြင်းတွေမှာ အထောက်အကူပြုနေပါတယ်။ ဒီတော့ body lotion ရနံ့သင်းသင်းသုံးတတ်တဲ့လူဆိုရင် ကိုယ့်lotion အနံ့နဲ့ ရေမွှေးအနံ့လိုက်ဖက်သွားအောင်လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့တစ်မူထူးခြားတဲ့အနံ့လေးဖန်တီးပြီးသားဖြစ်နေနိုင်ပါတယ်။

19/06/2023

Dating ကိုပိုပြီးကဗျာဆန်စေမယ့်၊ သာယာကြည်နူးစေနိုင်မယ့် လုပ်ရပ်တစ်ခုကတော့ ကိုယ့်ကိုကိုယ်စားပြုနေတဲ့ရေမွှေးရနံ့လေးပါပဲ။ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ dating တစ်ခုဖန်တီးနိုင်ဖို့ ဒီအချက်၃ချက်ကို မျှဝေသွားပါမယ်။

ရေမွှေးကရနံ့သီးသန့်ပဲမဟုတ်ပါဘူး သူ့မှာလည်း identity ကိုယ်ရည်ကိုယ်သွေးရှိတယ်။ ကိုယ့် personal style နဲ့လိုက်ဖက်တဲ့ရနံ့မျိုး ရွေးသုံးမယ်ဆိုရင် ကိုယ့် confidence level ပိုတိုးစေတာပေါ့။ ဒီတော့ကိုယ့် personality က နူးညံ့သိမ်မွေ့တာလား၊ ရဲရင့်ပြတ်သားတာလား၊ ဖော်ရွေတွက်လက်သူမျိုးလား။ ပြောရမယ်ဆိုရင် ကိုယ့်ကိုဖော်ဆောင်နေတဲ့ရနံ့က floral ပန်းရနံ့လား၊ fruity သစ်သီးရနံ့လား၊ spice စူးရှရှရနံ့လား၊ woody သစ်ပင်ရနံ့လား။ ကိုယ်ဘယ်လိုလူလဲဆိုတာပြောပြပေးတဲ့ရနံ့မျိုးရွေးသုံးသင့်တယ်။

ဒုတိယအချက်က ဘယ်အချိန်မှာတွေ့ကြမှာလဲ။ နေ့ပိုင်းလား၊ ညနေခင်းပိုင်းလား။ နေ့ပိုင်းဆိုရင်တော့ ပြီးခဲ့တဲ့ tips မှာဖော်ပြခဲ့သလိုပဲ နေအပူရှိန်တွေရှိနေချိန်ဆိုရင်တော့ ပေါ့ပါးလန်းဆန်းတဲ့ရနံ့တွေ(light & fresher) ရွေးသုံးမယ်ဆိုရင် ပိုသင့်တော်တာပေါ့။ ညနေပိုင်းဆိုရင်တော့ဆန်းဆန်းပြားပြားရနံ့(sophisticated)၊ ညှို့အားပြင်းတဲ့ရနံ့ (seductive) တွေသုံးပေးတာပိုကောင်းတာပေါ့။

နောက်ဆုံးတစ်ချက်ကတော့ overpowering(အလွန်အကျွံ) မဖြစ်အောင်ထိန်းဖို့ပါပဲ။ ရနံ့တွေသိပ်ပြင်း၊သိပ်များသွားမယ်ဆိုရင် ကိုယ့် dating မှာအနှောက်အယှက်ပေးနိုင်လို့ပါ။ ဒီတော့ကိုယ်နဲ့လိုက်ဖက်တယ်ဆိုပေမဲ့လည်း လိုတာထက်ပိုများသွားရင်တော့ ကဗျာဆန်မှုတွေကို ဖျက်ဆီးသလိုဖြစ်နေတော့မှာပေါ့။

18/06/2023

အဖေများနေ့မှာ အဖေ့ကိုရေမွှေးပေးချင်တဲ့လူတွေအတွက် Gahkyen & Dashi ရဲ့အမြင်လေးကိုမျှဝေသွားပါမယ်။

၁အချက် အဖေကြိုက်တတ်တဲ့ရနံ့မျိုးကိုသတိထားမိလား။ Classic scents ဂန္ထဝင်ရနံ့တွေကိုသဘောကျလေ့ရှိလား ဒါမှမဟုတ် modern and fresh fragrances ခေတ်ဆန်ပြီးလန်းဆန်းတဲ့ရနံ့တွေ သဘောကျတတ်တာလား။ အဖေ့အကြိုက်လေးကို တစ်ချက်ထည့်စဉ်းစားထားဖို့လိုပါမယ်။ ဝယ်ပေးပြီးမသုံးဖြစ်ဘူးဆိုတဲ့အဖြစ်မျိုးရှောင်လို့ရအောင်ပေါ့။

၂အချက် အဖေ့ life style & personality ကိုထည့်စဉ်းစားဖို့လိုမယ်။ အဖေက outgoing and adventurous အပြင်ထွက်များပြီးစွန်းစားတတ်တဲ့ လူမျိုးလား၊ reserved and sophisticated အေးအေးဆေးဆေးနဲ့ဆန်းဆန်းပြားပြားသမားလား။ အဖေ့ life style နဲ့ကိုက်ညီတဲ့ရေမွှေးအနံ့ကိုရွေးချယ်ဖို့လည်းလိုပါတယ်။ ရွေးဖို့အခက်အခဲရှိတယ်ဆိုရင် ဒီ Gahkyeng & Dashi ရဲ့ chat box မှာအသေးစိတ်မေးလို့ရပါတယ်ဗျ။

၃အချက် အသက်အရွယ်နဲ့လိုက်ဖက်မယ့်ရနံ့မျိုးပါ။ တစ်ချို့ရနံ့တွေက ငယ်ရွယ်တဲ့အသက်အရွယ်ပိုင်းကို အသားပေးထုတ်လုပ်ထားတဲ့ရနံ့တွေဖြစ်နေတတ်တယ်။ ဒါကြောင့်အဖေ့ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိမယ့်ရနံ့မျိုးဆို ပိုသင့်တော်တာပေါ့။

& Dashi

16/06/2023

ပေါ့ပါးတဲ့ရနံ့၊ လန်းဆန်းတဲ့ရနံ့၊ ကြာရှည်ခံစေမယ့်ရနံ့တွေက နွေးလိုပူပြင်းတဲ့ရာသီမှာ ရွေးချယ်ဖို့အသင့်ဆုံးရနံ့တွေပါ။

ပေါ့ပါးလန်းဆန်းပြီးကြာရှည်ခံတဲ့ရနံ့သုံးမျိုးကိုမျှဝေသွားပါမယ်။

(၁) Citrus Fragrances: သံပုရာမျိုးဝင်အသီးတွေနဲ့ထုတ်လုပ်ထားတဲ့အမွှေးရနံ့တွေက လန်းဆန်းစေတဲ့အပြင်၊ တက်ကြွစေတဲ့အာနိသင်လည်းရှိပါတယ်။ အဓိက note တွေကိုပြောရမယ်ဆိုရင် lemon, bergamot (သံပုရာမျိုးဝင်အပင်), grapefruit and orange တွေပါနဲ့ရနံ့တွေပါပဲ။

(၂) Aquatic Fragrances: ပင်လယ်ရေသဖွယ်၊ရေဓတ်ကိုခံစားရစေတဲ့အမွှေးရနံ့တွေကလည်း ပူပင်းစိုစွတ်တဲ့ရာသီဥတုနဲ့ အတော်လေးလိုက်ဖက်ပါတယ်။ သူ့မှာလန်းဆန်းတဲ့ခံစားချက်တွေအပြင် အေးမြတဲ့စိတ်ခံစားချက်ကိုပေးနိုင်တဲ့အစွမ်းရှိတယ်။ အဓိက note တွေကတော့ sea salt, seaweed(ပင်လယ်ရေညှိ) နဲ့စမ်းရေကဲ့သို့ရနံ့ပေးနိုင်တဲ့ အမွှေးရနံ့တွေပါပဲ။

(၃) Green and Herbal fragrances: စိမ်းရွှင်ရွှင်ရနံ့တွေ၊ ဆေးဖက်ဝင်အမွှေးအကြိုင်ပင် ကတော့ပူပင်းတဲ့ရာသီဥတုမှာ သဘာဝဆန်တဲ့ လန်းဆန်းမှုတွေကိုပေးနေပါတယ်။ အသုံးများတဲ့ အဓိကအနံ့တွေကတော့ mint(ပူရှိမ်းရှိမ်း), basil (ပင်စိမ်း), green tea and vetiver(စပါးလင်မြစ်)။

ဒါဆိုရင်နွေလိုပူပြင်းတဲ့ရာသီအပြင် ပူပင်းစိုစွတ်တဲ့ရာသီမှာ ရေမွှေးဝယ်တော့မယ်ဆိုရင် ဘယ်လိုရနံ့တွေက လန်းဆန်းအေးမြမှုကိုပေးတယ်ဆိုတာ သိထားတော့ရွေးဝယ်တဲ့အခါအထောက်အကူပြုတာပေါ့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Baho Road
Yangon
11111