Daw Phyo
Life is short so we need to happy
14/03/2026
လက်ရှိအသက်ကို ဘေးချိတ်
ဒါမျိုးလေးတွေဝတ်ပြီး cuteလို့ရတဲ့ bodyကို
ပိုင်ဆိုင်ထားဆိုဂုဏ်ယူလိုက်တော့😁
28/02/2026
စိတ်ထားလေး တစ်ခု
အသက်ကြီးကြီး အဖွားအိုတစ်ယောက်
သူမက အစာစားတိုင်း နှာရည် တခြုတ်ခြုပ်နဲ့
ဖြစ်တတ်တယ် ။ဒါဟာလဲ လူအို လက္ခဏာရပ်တွေထဲ
က တစ်ချက် ဖြစ်ပါလိမ့်မယ်။
အဲ့လို ထမင်း (သို့ )အစာတခုခုစားတိုင်း နှာတခြုပ်
ခြုပ်ဖြစ်နေတဲ့ အဖွားနဲ့ နေ့ရက်တိုင်း တစ်ဝိုင်းထဲ
အတူစားရမယ်ဆိုရင်ရော စားနိုင်ကြမှာလား လို့
သူနဲ့အတူထိုင်စားနေရင်းနဲ့ သိချင်မိသွားတယ်
သွေးလဲမတော် သားလဲမစပ် ကိုယ့်အလုပ်လဲ
မဟုတ်ဘဲနဲ့ပေါ့။
သူနဲ့အတူ စားပေးဖြစ်သွားတဲ့ ကိုယ့်အတွေးကတော့
ရိုးရှင်းပါတယ် ။ သူ့နေရာမှာ ငါ့အမေသာဆိုရင်ရော
ငါ့အဖွားသာဆိုရင်ရော ငါ ပစ်ထားမှာလားဆိုတဲ့
အတွေးရယ်။တစ်ယောက်ထဲ နှာရည်ကို သစ်သျှူးနဲ့
သုတ်လိုက် ထမင်းတစ်လုပ်ထည့်လိုက်နဲ့အထီးကျန်စွာ
ဖြည်းဖြည်းချင်း တစ်ယောက်ထဲစားနေတဲ့ မြင်ကွင်း
ကို မကြည့်ရက်တာကြောင့်ရယ် တာဝန်ဝတ္တရားမရှိလဲ
အတူတူထိုင်စားပေးဖြစ်သွားတယ်။
ဘယ်လိုဖြစ်ဖြစ်အဖော်နဲ့ဆိုတော့
သူလဲ ထမင်းစားလို့ ပိုမြိန်သွားပြီး
ကိုယ်လဲ အလကားနေရင်း ကုသိုလ်ရသွားတာပေါ့လေ
Phyo
မေ့သွားကြမှာစိုးလို့
ကိုယ်ယောင်လာပြတာ😅
25/12/2025
Merry Christmas to all 🎄
ဒီနေ့တော့ အိုးခွက်ပစ်ပြီး
a little lay ဆွေးပါရစေ😁
သတိ🧨
အသဲကွဲနေတာမဟုတ်ပါ🤭😁
by Daw phyo
17/12/2025
ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားဖို့
အချိန်မရှိသူများအတွက် အချိန်၁၀မိနစ်နဲ့
အရသာရှိတဲ့ “ဝက်ကိုက်လန်ကြော်”လေး
ဘယ်လိုချက်မလဲ👇🏼
ပါဝင် ပစ္စည်းများ
ကိုက်လန်/ဝက်သား/ကြက်သွန်နီ/ငရုတ်သီး/
1️⃣ကြက်သွန်နီ+ငရုတ်သီး +ဆား ဆီသတ်
(အရွက်စိမ်းစိမ်းလေးဖြစ်အောင် ဆီသတ်ချိန်မှာ
ဆား တခါထဲထည့်ပါ)
2️⃣သန့်စင်ထားတဲ့ကိုက်လန်+ခရုဆီ ထည့်ပါ
3️⃣ကြော်ထားတဲ့ ဝက်သားနဲ့ ရေ အနည်းငယ်ထည့်ပြီး
၂မိနစ်ခန့် အုပ်ထားပါ
အချိန်လေး အနည်းငယ်ပေးရုံနဲ့ အရသာရှိတဲ့
ဝက်ကိုက်လန်ကြော်လေး ရပါပြီရှင့်
ကိုယ်တိုင် ချက်စားတဲ့ နည်းတွေကို မျှဝေပေးတာပါ
ဆရာကြီးမဟုတ်လို့ မဘလိန်းကြပါနက်
အကြိုက်တွေ့ရင် လိုက်ချက်စား
အကြိုက်မတွေ့ရင် likeပေးသွား🤣🤣🤣
(ကျော်သွားလို့ မပြောရဲဘူး..😁🤭)
yummy by Daw phyo
15/12/2025
အို့ …အိုး စားကောင်းချက်က 9+ဘဲ
ကိုယ်ချက်လို့ ကောင်းတယ် ပြောနေတာ
မဟုတ်ဘူးနော် မယုံရင်လိုက်ချက်စားကြည့်🤭
ကိုယ့်လဲ တခါမှ ချက်မစားဖူးဘဲ လက်တည့်စမ်းရင်း
ကောင်းသွားလို့ ချက်နည်းလေး မျှဝေပေးမယ်နော်
ပါဝင် ပစ္စည်းတွေကတော့ ..
ပုဇွန်ခေါင်း/ကြက်ဥ ၁လုံး/ကြက်သွန်နီ/
ခရမ်းချဉ်သီး/ ငရုတ်သီးခွဲခြမ်းအစပ်/ရှမ်းနံနံ
ဒါလေးပါဘဲ.
1️⃣ကြက်သွန်နီ+ငရုတ်သီးခွဲခြင်းရောထောင်း
ထားတာကို ဆီသတ်
2️⃣ဆီသတ်နံ့လေးမွှေးလာရင် သန့်စင်ထားတဲ့ ပုဇွန်
ခေါင်းလေးကိုထည့်
3️⃣ပုဇွန်ဆီနံ့လေး မွှေးလာရင် လှီးထားတဲ့ ခရမ်းချဉ်
သီးလေးထည့်မွှေ ခရမ်းချဉ်သီးအစိမ်းနံ့ပျောက်
သွားရင် ရေအနည်းငယ်ထည်ပြီး ၃/၄မိနစ်
အုပ်ထားပါ။
4️⃣ကြည်ဥ တစ်လုံးဖောက်ထည့်ပြီး မွှေပေးပါ
5️⃣ရေကုန်ပြီးဆီလေးပြန်လာပြီးဆို ရှမ်းနံနံလေး
ထည့်ပြီး ၂မိနစ်ခန့်ဆက်တည်ပြီးရင်တော့
တစ်ခွက်ထဲနဲ့ လုံးဝကိုထမင်းမြိန်စေမဲ့ 9+ပုဇွန်ခေါင်းအစပ်ချက်လေး ရပါပြီရှင့်
(ပုဇွန်အကောင်လိုက်ထည့်ချက်လဲရပါတယ်ရှင့် ကိုယ်ကအဲ့လိုချက်ရင် ခေါင်းဘဲကြိုက်လို့ပါ)
လိုက်ချက်စားကြည့်ပြီးရင် ကောင်းမကောင်းပြန်လာမန့်🤭
အနီးနားရှိရင်တော့ ချက်ဆွမ်းပို့ပေးမှာပေါ့😁
by Daw phyo
ဖြစ်ပေးပါ့မယ် “အနွေးထည်”😁
ကိုယ်နေတဲ့ အရပ်မှာတော့
ပူနေလို့ မလိုအပ်ကြတော့ဘူး😄
25/11/2025
တစ်ချိန်တုန်းက နိုင်ငံရပ်ခြားရောက်နေတဲ့
သူငယ်ချင်းက အိမ်ပြန်ချင်တယ် လို့ ပြောရင်
ဟယ် ..ဘာလို့ပြန်လာမှာလဲ
ဒီမှာက ဘာမှ အဆင်မပြေဘူး
ကိုယ့်အသက်ကိုတောင်ကိုယ်အစိုးမရတဲ့ခေတ်
လူမူရေး ကျန်းမာရေး စီးပွါးရေး ဘက်စုံနုံချာနေတဲ့
ကပ်ကြီးဆိုက်နေပါတယ်ဆိုပြီး
မပြန်လာဖို့ တရားချခဲ့ဖူးတယ်
တကယ်တမ်း အဲ့နေရာကို ကိုယ် ကိုယ်တိုင်ရောက်လာ
တဲ့ခါကျမှ ‘ဩ …အဲ့တုန်းက သူအဲ့လို့ ခံစားခဲ့ရတာပါ
လားလို့ ‘’ သိလာခဲ့တယ် ။
နိုင်ငံရပ်ခြားရောက်နေတဲ့သူရဲ့ ခံစားချက်ကို
နိုင်ငံရပ်ခြားမှာရှိနေတဲ့သူချင်းချင်းဘဲ
ပိုနားလည်နိုင်ပါလိမ့်မယ်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မချစ်တဲ့သူရယ်လို့
ရှိပါ့မလားနော်
အကြောင်းအမျိုးမျိုးကြောင့်သာစွန့်ခွါခဲ့ကြရတာ
တစ်ချိန်ချိန်တော့ ကိုယ့်နိုင်ငံမှာဘဲ
အေးအေးချမ်းချမ်းပြန်နေချင်ပါသေးတယ်
#ရင်တွင်းဖြစ်များသာ
13/06/2025
ပစ္စုပ္ပန်မှာ ရှင်သန်ပါတဲ့
မနေ့ကထက် ဒီနေ့ကို ပျော်အောင်နေ
မနက်ဖြန်ထက် လက်ရှိပစ္စုပ္ပန်အချိန်ကို
ကောင်းအောင်နေ ။
ရောက်မလာသေးတဲ့ဟာကိုလည်း
မမျှော်လင့်ပါနဲ့ ။
မဖြစ်သေးတဲ့ဟာကိုလည်း စောင့်ဆိုင်းမနေပါနဲ့ ။
ဘဝဟာ တိုတယ် ။ အချိန်တွေဟာလည်း မြန်တယ် ။
ဒါကြောင့် လက်ရှိအချိန်လေးမှာ
ရယ်မောစရာရှိရင် ရယ်မောတတ်ရမယ် ။
ပျော်ရွှင်စရာရှိရင် ပျော်ရွှင်တတ်ရမယ် ။
ဘယ်သူ့အတွက်နဲ့မှ ကိုယ့်ကိုယ်ကိုလည်း
ဝမ်းနည်းမနေပါနဲ့ ။
ပူလောင်သောကလည်း မဖြစ်စေနဲ့ ။
ရှင်သန်ခြင်းဟာ တစ်ခဏပဲမို့
လက်ရှိအချိန်လေးကို တန်ဖိုးထားနေလိုက်တာ
အကောင်းဆုံးပါပဲ တဲ့ ချစ်သောလေးတို့ရေ🤍💛
’s no time like the present
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon