POE’s Choice
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from POE’s Choice, Health/Beauty, Yangon.
05/09/2021
Digital streaming service တွေကို ဈေးချိုပြီး
After-Sale Services ကောင်းကောင်းလေးလည်း လိုချင်တယ်ဆိုရင် ဒီမှာရပါပြီနော်💞
🍿 Movies Streaming 🍿
===================
🌟 NETFLIX
🌟 Disney+
🌟 HBO Max
🌟 Amazon Prime(India)
🎶Music Streaming🎶
=================
🌟 Apple Music
( 🎁 3 GIFTS 🎁
1. Apple TV+ 4 Months
2. Apple Arcade 6 Months
3. Icloud 50 Gb 4 Months )
🌟 Tidal Hifi
🌟 YouTube Music
Others
======
🌟 YouTube Premium
🌟 WINDSCRIBE VPN Pro တို့ကို အချိုသာဆုံးဈေးနှုန်း ၊ အကောင်းဆုံး၀န်ဆောင်မှုများဖြင့် ရောင်းချပေးနေပါပြီ 🤩
Services သက်တမ်း ၆ လကျော် ၊
လစဉ်၀န်ဆောင်မှုပေးနေတာမလို့ ယုံကြည်စိတ်ချရမှုအပိုင်းကတော့ ပြောနေစရာကိုမလိုဘူးနော် 😋
မင်မင်ရဲ့ အကောင့်လေးပါ
https://www.facebook.com/thiripoe.25
မင်မင့်အကောင့်မှာလာဝယ်လို့လည်းရပါတယ်နော်
၀ယ်ယူလိုပါက
📬 Page Messenger သို့ဆက်သွယ်မေးမြန်းစုံစမ်း၍ ၀ယ်ယူနိုင်ပါတယ် 💖
KBZ ,Kpay , Wave တို့ဖြင့် မည်သည့် % မှ အပိုထပ်ဆောင်းပေးစရာမလိုပဲ ၀ယ်ယူရရှိနိုင်ပါတယ် 💞
01/05/2020
ကိုယ့်အသဲ P’Bright Brand Embassador လုပ်ထားတဲ့
Merci Vitamin-C extra bright serum လေးလိုချင်ရင်မှာလို့ရပီနော်
Serum - 25000
Serum+Gel cleanser - 35000
💧ဘယ်လိုသုံးရလဲ အကျိုးသက်ရောက်မှုဘယ်လိုရှိလဲ သိချင်ရင် ဖတ်လို့ရအောင် detail လေး ရှာပီးရေးပေးလိုက်တယ်နော်
💧skin care သေချာမသုံးတတ်ဘူး step by step နားမလည်ဘူး ခုမှ skin care စသုံးမဲ့သူတွေအတွက် တော်တော် အဆင်ပြေမယ့် serum ပါ
💧skin care step by step မသုံးချင်တဲ့သူတွေအတွက်အဆင်ပြေမျက်နာလေးလည်းဂရုစိုက်ပြီးသားဖြစ် Glow Skin မြန်မြန်ရဖို့ သုံးသင့်ပါတယ်
💧Vitamin-C အဓိကပါဝင်တာကြောင့် မျက်နာလေး သိပ်သိပ်လေးနဲ့အသားရေတင်းချွေးပေါက်ပြန်ကျဉ်းအောင်အဓိကလုပ်ပေးပါတယ်
🙆🏻♀️ How to use
💧skincare step အကုန်လိမ်းပီး မိတ်ကပ်မလိမ်းခင် အစက် ၂ စက်လောက်ချပီး လိမ်းရုံပဲ
Very easy
ပိုပိုပီးလှနိုင်ကြပါစေ💞
[TONYMOLY with MONSTA X]
Monsta X နဲ့ Tony Moly collab လုပ်ပြီးထုတ်ထားတဲ့
Lip Tone Get It Tint လေးရောင်းချင်လို့🙆🏻♀️
CF လေးပါ ကြည့်သွားနော် xD
Price - 11000 ks
သူ့ရဲ့ အားသာချက်တွေက
💋နှုတ်ခမ်းသားကို အစိုဓာတ် ဖြည့်တင်းပေးတယ်
💋 နှုတ်ခမ်းသားမှာ colour တာရှည်စွဲတယ်
💋 colour အရောင်ထွက်အားကောင်းတယ်
💋ပေါ့ပါးတယ်
💋သဘာဝကျကျ ပုံဖော်မလား ထင်းထင်းလေး လုပ်မလား အိုကေတယ်
Tip!💡သဘာဝကျကျလေးပဲ ကြိုက်ရင် နှုတ်ခမ်း အတွင်းဘက်လေးပဲ ဆိုးပြီး ဖြန့်ပေးနော်
အရောင်ပိတ်ပိတ်ထင်းထင်းလေး ကြိုက်ရင် နှုတ်ခမ်းအပြည့် ၂ထပ်လောက် ထပ်ဆိုးပေးရုံပဲ
30/04/2020
သုံးရက်အတွင်း မျက်နှာဝင်းပလာအောင်🧖🏻♀️
skin care မသုံးဘဲ သဘာဝနည်းနဲ့ မျက်နှာအသားအရေ ဝင်းပလာအောင် လုပ်လို့ရပါတယ်နော်
ပါဝင်ပစ္စည်း နှစ်မျိုးပဲလိုပါတယ်🙆🏻♀️
အိမ်သုံးနည်းဖြစ်ပြီး ဓာတုပစ္စည်းမပါဝင်လို့ လူတိုင်းနဲ့တည့်တဲ့နည်းလေးပါ
ပါဝင်ပစ္စည်း
• အာလူး (၁) လုံး
• သခွါးသီး (၁) ခြမ်း
- အာလူးတလုံးကို ရေဆေးပြီး အခွံသင်ပြီး ခပ်ပါးပါးလှီးပါ
- သခွားသီး တခြမ်းကို အဝိုင်းလိုက်လှီးပြီး blender ထဲထည့်မွှေပါ
- လိုအပ်ရင် သံပုရာရည်နည်းနည်းထည့်သင့်တယ်
- အဆိုပါ အရောကို မျက်နှာမှာလိမ်းပြီး နာရီဝက်ထားပါ - အာလူးက အရောင်ချွတ်တဲ့အာနိသင်ရှ်ိတယ်
- သခွားသီးက အသားစိုစေတယ်
- ညစဉ် (၃)ရက်လိမ်းရုံနဲ့ အပြစ်အနာအဆာကင်းပြီး ဝင်းပတဲ့ မျက်နှာလှလှလေး ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်နော်
ပိုပိုလှနိုင်ကြပါစေ💞
29/04/2020
ဒီတခေါက် skin type အလိုက် facial mask လေးတွေကို ဘယ်လိုရွေးချယ်ပြီးသုံးရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
အခုနောက်ပိုင်း တော်တော်များများက အသားအရေကိုသေချာထိန်းသိမ်းလာကြပြီဆိုတော့ skincare step တွေမှာ mask တွေကလည်း essential step တခုအနေနဲ့ပါလာကြပြီ။ စျေးကွက်ထဲမှာက ရွေးချယ်စရာ mask တွေအများကြီးရှိတာဆိုတော့ ကိုယ့် skin type နဲ့သင့်တော်မယ့် Facial mask လေးတွေကိုသိဖို့ကတော့ အရေးကြီးဆုံးအချက်ပါ။ အဲဒါကြောင့် Rachel က အားလုံးရွေးရတာလွယ်သွားအောင် ဘယ် skin type က ဘယ်လို mask ကိုသုံးသင့်တယ်ဆိုတာလေးကို sharing လုပ်ပေးမယ်နော်😉
ပထမဆုံးအနေနဲ့ Facial mask တွေမှာ ယေဘူယျအနေနဲ့
-Gel mask
-Cream mask
-Clay mask
-Rubber mask/ Modelling mask
-Silicon mask
-Peeling mask
-Sleeping mask
-Sheet mask ဆိုပြီး အမျိုးအစားအများကြီးရှိပါတယ်။ အခု list ထဲမပါတဲ့အမျိုးအစားတွေလည်းရှိပါသေးတယ်။ အခုက အားလုံးနဲ့ရင်းနှီးမယ့် mask လေးတွေပါ။ ဒီလို mask တွေအများကြီးရှိတဲ့ထဲက
ဲဘယ်အသားအရေပိုင်ရှင်က ဘယ်လို mask တွေသုံးပေးသင့်လဲဆိုတာကို Rachel skin type လေးနဲ့ခွဲရေးပေးထားပါတယ်။ ဆက်ဖတ်ကြည့်ပေးနော်✌✌
Oily / acne prone skin
================
Clay mask-->Oily acne skin သမားတွေအတွက်အကောင်းဆုံးကတော့ Clay mask ပါ။ Clay mask တွေက ချွေးပေါက်ထဲကအညစ်အကြေးတွေကိုသေချာသန့်စင်ပေးနိုင်တယ်။ Oil control သေချာလုပ်ပေးနိုင်တယ်။ တခုသတိထားရမှာက Clay mask သုံးတဲ့အခါ time limit ရှိတဲ့အတွက် လိုတာထက်ပိုပြီး ကြာကြာမထားသင့်ဘူးနော်။ ပြီးတော့ Clay mask သုံးပြီးရင် moisturizer မဖြစ်မနေသေချာပြန်သုံးပေးပါ။
Gel mask-->Gel mask တွေက အဓိက hydrating လုပ်ပေးနိုင်တယ်၊ Light weight ဖြစ်တော့ လိမ်းလိုက်တာနဲ့ absorption လုပ်တာမြန်တယ်။ Soothing, Cooling effect လည်းရတော့ oily acne skin သမားတွေအတွက် Gel mask လည်းအဆင်ပြေပါတယ်။
Peeling mask--> ကိုယ့်အသားအရေက ညစ်နေတယ်၊ အသားအရေကိုကြည်ကြည်လေးဖြစ်ချင်တယ်ဆိုရင်တော့ Peeling mask ကိုသုံးပေးလို့ရပါတယ်။ ဒါပေမယ့် တပတ်ကို ၂ကြိမ်လောက်ပဲသုံးပေးနော်။ ပြီးရင်တော့ moisturizer နိုင်နိုင်ပြန်လိမ်းပေးပါ။
Rubber mask--> Rubber mask တွေလည်း oily skin သမားတွေသုံးလို့ရပါတယ်။ သူ့မှာ hydrating, Soothing, Firming, Brightening ဆိုပြီးရွေးချယ်လို့ရပါတယ်။ ကိုယ်လိုချင်တဲ့ skin concern အရရွေးပြီးသုံးကြည့်နော်။
Sleeping mask--> Sleeping mask တွေရဲ့အဓိကလုပ်ဆောင်ချက်က deep moisturizing effect ရစေပာတယ်။ Oily skin သမားတွေက Sleeping mask ကို cream type တွေထက်စာရင် watery type လေးတွေကို ပိုရွေးစေချင်ပါတယ်။ Sleeping mask တွေက ညတိုင်းသုံးစရာမလိုဘူးနော် တရက်ခြား ဒါမှမဟုတ် ၂ရက်ခြားလောက်လိမ်းပေးရင် လုံလောက်ပြီ။
Sheet mask--> အခုနောက်ပိုင်း mask တွေထဲမှာ အသုံးများဆုံးက sheet mask တွေပါ။ စျေးကွက်ထဲမှာ ရွေးချယ်စရာ brand တွေအစုံရှိသလို skin concern အလိုက်ရွေးချယ်သုံးတတ်ရင် skin အတွက်ပိုအကျိုးရှိစေပါတယ်။
Oily acne skin သမားတွေဆိုရင် sheet mask ရွေးချယ်တဲ့အခါ essence type, water type sheet mask တွေကိုသုံးသင့်ပါတယ်။ Cream type ကိုတော့ အားမပေးပါဘူးနော်။ Ingredient အနေနဲ့ဆိုရင် Greentea, Tea tree, Bamboo, Cucumber, Aloe vera စတာတွေက Soothing, Calming effect တွေပါတော့ Oily acne သမားတွေအတွက်သင့်တော်ပါတယ်။
Dry skin
==========
Cream mask-->Dry skin သမားတွေအတွက် အဓိကလိုတာက Moisturizing, Hydration...
Cream type mask တွေက အစိုဓာတ်ကိုသေချာပေးနိုင်တယ်။ ရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တယ်။ အဲ့တာကြောင့် dry skin သမားတွေဆိုရင် moisturizing, hydration ပေးနိုင်တဲ့ Cream mask လေးတွေရွေးသုံးပေးသင့်ပါတယ်။
Gel mask--> Gel mask လည်းသုံးလို့ရပါတယ်။ ဒါပေမယ့် oily skin သမားတွေလို light weight ဖြစ်တာမျိုးကိုရွေးတာထက် essence type လိုမျိုးကိုပိုရွေးသင့်ပါတယ်။
Rubber mask-->Dry skin သမားတွေ Rubber mask သုံးမယ်ဆိုရင် Hydration, Brightening mask တွေကိုဦးစားပေးရွေးပါ။ Dry skin သမားတွေက ဘယ် mask type မျိုးပဲသုံးသုံး အဓိက moisturizing ကောင်းကောင်းပေးနိုင်မယ့် mask တွေ၊ အသားအရေကိုရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တဲ့ mask မျိုးတွေက အသင့်တော်ဆုံးပါ။
Sleeping mask-->Overnight sleeping mask တွေလည်း သုံးပေးလို့ရပါတယ်။ Rachel အပေါ်မှာပြောသလိုပဲ Dry skin အတွက်လိုတာက moisturizer ဆိုတော့ Moisturizing effect ပေးနိူင်တဲ့ Creamy ပိုဖြစ်တဲ့ ဘယ် sleeping mask မဆိုသုံးလို့ရပါတယ်။
Sheet mask-->Dry skin သမားတွေ Sheet mask ရွေးပြီဆိုရင် essence type နဲ့ creamy type ကိုရွေးစေချင်ပါတယ်။ မဟုတ်ရင် ကပ်ပြီးခွာလိုက်တာနဲ့ မျက်နှာပေါ်မှာ essence တွေမကျန်တော့ပဲ တန်းခြောက်သွားရော...အဲဒါကြောင့် dry skin သမားဆိုရင် Glow စေမယ့် sheet mask တွေသာပြေးဝယ်ထားလိုက်😁 Glow စေတဲ့ sheet maskတိုင်းက essence တွေလည်းအများကြီးပါတော့ Dry skin တွေအတွက် so good ပဲ👍👍
Combination skin
==============
Combination skin type ရှိတဲ့သူတွေက များသောအားဖြင့် T.zone အဆီပြန်ပြီး ကျန်တဲ့နေရာက ခြောက်နေတတ်တယ်။ ဒါကတော့ အများစုပေါ့နော်...တယောက်နဲ့တယောက်အဆီပြန်တဲ့နေရာမတူတဲ့အတွက် combination သမားတွေက ကိုယ့် skin concern အရ ရွေးချယ်သုံးပေးတာကတော့ အကောင်းဆုံးပါ။
Combination သမားတွေက Oily skin နဲ့နည်းနည်းနီးစပ်တဲ့အတွက် အပေါ်မှာပြောထားတဲ့ Oily skin သမားတွေသုံးလို့ရတဲ့ Face mask တွေကို သုံးပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ့် skin ကတပြေးညီဖြစ်နေတာမဟုတ်တဲ့အတွက် mask တွေသုံးတဲ့အခါမှာ skin လိုအပ်ချက်ကိုလိုက်ပြီး ရွေးချယ်ဖို့လိုပါတယ်။
Sensitive skin
============
Sensitive သမားတွေကတော့ Face mask သုံးတဲ့အခါ mild ဖြစ်တာမျိုးကိုပဲသုံးစေချင်ပါတယ်။ Peeling mask, Clay mask တွေကိုတော့ sensitive skin ဆိုရင်မသုံးစေချင်ပါဘူး။ Peeling mask သုံးမယ့်အစား sensitive သမားတွေသုံးလို့ရတဲ့ mild ဖြစ်မယ့် exfoliating mask လေးတွေသုံးတာမျိုး၊ Sheet mask တွေမှာဆိုရင် tea tree, Greentea ပါတာမျိုးတွေ၊ Soothing, Calming effect ပါတဲ့ mask မျိုးလေးတွေကိုသုံးပေးစေချင်ပါတယ်။
ဒါကတော့ skin type အလိုက် facial mask လေးတွေဘယ်လိုရွေးရမလဲဆိုတာကိုရေးပေးလိုက်တာပါ။ ဘယ်လို mask မျိုးပဲသုံးသုံး တန်ဆေးလွန်ဘေးဆိုတော့ မမေ့ပါနဲ့နော်။
ဒီ post လေးကို အားလုံးကြိုက်နှစ်သက်မယ်ဆိုရင်တော့ Like & Share လေးလုပ်ပေးသွားနော်😍
အားလုံးပဲ ပျော်ရွှင်တဲ့နေရက်လေးဖြစ်ပါစေ💜
Crd
Rachel’s diaries
29/04/2020
💦 Moisturizer မလိမ်းခြင်းရဲ့ ဆိုးကျိုး 7 ချက် 💦
💧Moisturizer ဟာ မျက်နှာအသားအရေအတွက် မရှိမဖြစ်လိုအပ်မှန်း အားလုံးသိပြီးသား ဖြစ်မှာပါနော်!!
💧ဒီတစ်ခေါက်မှာတော့ moisturizer မလိမ်းဘူးဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ၇ချက်ကို ပြောပြသွားမှာ ဖြစ်ပါတယ်~~
1. မျက်နှာအရေးအကြောင်းများအလွယ်တကူ ဖြစ်ပွားနိုင်ခြင်း
Moisturizer မလိမ်းဘူးဆိုရင် အသားအရေဟာ ခြောက်သွေ့လာပါမယ်။ အသားအရေ နီရဲ ဖူးယောင်တာမျိုးတွေ အလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ Skin barrier လည်း ပျက်စီးလာပြီး collagen ဓာတ်ကို လျော့နည်းစေတာကြောင့် အရေးအကြောင်းတွေ ဖြစ်လာနိုင်ပါတယ်
2. ရေဓာတ်မပြည့်၀ခြင်းကြောင့် အရေးအကြောင်းများ ပို၍ ဆိုးဝါးလာခြင်း
Dehydrated skin တွေမှာ အရေးအကြောင်းတွေဖြစ်လာပြီဆိုရင် သိသာ ထင်ရှားစွာ မြင်တွေ့နိုင်ပြီး ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေ သက်သာစေဖို့ hyaluronic acid ပါ၀င်တဲ့ moisturizer တွေကို ရွေးချယ်အသုံးပြုပေးပါ။
3. အသားအရေ မွဲခြောက်ပြီး အဖတ်လန်ခြင်း
ဆောင်းရာသီမှာဆို စိုထိုင်းဆ လျော့ကျပြီး ခြောက်သွေ့တဲ့လေတွေ တိုက်ခိုက်မှုကြောင့် အသားအရေ ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ ထို့ပြင် မျက်နှာရဲ့ protective layerဖြစ်တဲ့ အဆီအလွှာကိုလည်း ပျက်စီးစေနိုင်ပြီး အသားအရေ အလွယ်တကူ ယားယံခြင်း ၊ နီရဲခြင်း၊ အဖတ်လန်ခြင်းများကို ဖြစ်ပွားစေနိုင်ပါတယ်
4. ၀က်ခြံကို ပိုမို ဆိုးဝါးစေခြင်း
အသားအရေ ခြောက်သွေ့ခြင်းဟာ ၀က်ခြံကို ပိုပြီး ဆိုးဝါးစေပါတယ်။ ၀က်ခြံထွက်တဲ့သူတွေဟာ များသောအားဖြင့် အဆီပြန်တဲ့သူတွေ များပါတယ်။ Moisturizer လိမ်းရင် မျက်နှာက ပိုပြီး အဆီပြန်တယ်လို့ ထင်ကြပါတယ်။ ဒီအယူအဆဟာ လုံး၀မှားပါတယ်နော်... အဆီပြန်သူတွေလည်း moisturizer သုံးဖို့လိုအပ်ပါတယ်။ Gel type moisturizer, oil-free moisturizer စတာတွေကို ရွေးချယ် သုံးစွဲပေးပါ။ မျက်နှာလေး moisture ပြည့်၀နေမယ်ဆိုရင် ၀က်ခြံ၊ အမာရွတ်တွေ လျင်မြန်စွာ ပျောက်ကင်းနိုင်မှာပါ။
5. Protection layer ဆုံးရှုံးနိုင်ခြင်း
Skincare ingredient တွေမှာပါလေ့ရှိတဲ့ retinoids, salicyclic acid, and benzoyl peroxide တွေဟာ အသားအရေကို ခြောက်သွေ့စေပါတယ်။ အဲ့ဒီ့နောက်မှာ moisturizerတစ်ခုခု ထပ်မလိမ်းပေးဘူးဆိုရင် ကြာလာရင် အသားအရေဟာ နီရဲပြီး peeling skin လိုမျိုး ဖြစ်သွားနိုင်ပါတယ်။
အဲ့လို ingredient တွေပါ၀င်တဲ့ products တွေကို နေ့တိုင်းမလိမ်းပါနဲ့ ....လိမ်းပြီးရင်လည်း moisturizer ထပ်လိမ်းဖို့ မမေ့နဲ့နော်
6. ပြီးပြည့်စုံတဲ့ makeup look မရနိုင်ခြင်း
မျက်နှာက ရေဓာတ်ပြည့်မနေဘူးဆိုရင် မိတ်ကပ် လိမ်းလို့လည်း မကောင်းပါဘူး။ မိတ်ကပ်ကွက်ပြီး ကြာရှည်မခံတာမျိုးတွေ ဖြစ်စေနိုင်တဲ့အပြင် အရေးအကြောင်းတွေလည်း ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် glow makeup look လေး ရချင်တယ်ဆိုရင် moisturizer လိမ်းပြီး ၅မိနစ်လောက် ကြာမှ foundationလေး လိမ်းပေးပါ။
7. အသားအရေ ယားယံခြင်း
မျက်နှာသစ်ပြီးတဲ့အခါ အသားအရေ တင်းကြပ်နေတာမျိုး ခံစားဖူးကြမှာပါ.... အဲ့လိုအချိန်မှာ လုံလောက်တဲ့ moisture မဖြည့်တင်းပေးနိုင်ဘူးဆိုရင် အသားအရေ ယားယံခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးတဲ့အခါ moisture ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
ကဲ moisturizer မလိမ်းခြင်းရဲ့ ဆိုးကျိုးတွေကို သိသွားပြီဆိုတော့ ဒီလိုမျိုးတွေ မဖြစ်ရအောင် အသားအရေအတွက် moisture ဖြည့်ပေးကြစို့နော် ^^
26/04/2020
ဒီတစ်ခါတော့
👉ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ skincare product မတွေ့သေးတဲ့သူတွေ
👉ဘူးကြီးဝယ်လိုက်ပြီး မတည့်မှာစိုးတဲ့သူတွေ
👉အသစ်ပြောင်းသုံးကြည့်ချင်တဲ့သူတွေအတွက်
Innisfree special Kit လေးတွေနဲ့ မိတ်ဆက်ပေးမယ်နော်
🌹 Perfect 9 Repair kit -13000 ks
🌹 Cherry Blossom kit - 13000 ks
🌹 Green Tea kit - 13000 ks
🌹 Jeju Orchit Special kit - 12000 ks
🌹 Jeju Lava Seawater special kit - 12000 ks
🌹 Olive Real EX special kit - 12000 ks
💜 ကိုယ့်အသားအရေနဲ့ ဘယ်ဟာသုံးရင်ကောင်းမလဲ ရွေးရခက်နေရင် လာတိုင်ပင်လို့ ရပါတယ်နော်
❤️ဝယ်ဝယ် မဝယ်ဝယ် သိချင်တာအကုန် မေးလို့ရပါတယ် အားနာစရာမလိုဘူးနော် 🙅♀️
💁♀️Kit တစ်ခုချင်းစီရဲ့ အာနိသင်နဲ့ အသုံးပြုပုံအသေးစိတ်ကို တစ်ပုံချင်းစီအောက်မှာ ဖတ်ကြည့်နော်
မှာချင်ရင် messenger မှာလာပြောပေးနော်
ဘယ်မြို့ဖြစ်ဖြစ်ပို့ပေးပါတယ် 🚛
24/04/2020
Stay Home မှာ Skincare ပြီး အတူတူ Glow ကြမယ်လေ 😍
ပျင်းလို့စာအရှည်ကြီးရေးအုံးမယ် xD
💕Innisfree My Real Squeeze Mask Review💕
ဒီ Mask ကတော့ ဟိုးအရင်ထဲက နာမည်ကြီးပြီးသားပါ
ကိုယ်အသုံးဖြစ်ဆုံး ပြီးတော့ အကြိုက်လည်း အကြိုက်ဆုံး 😻
အဓိကကတော့ စျေးနှုန်းပဲ
တော်ရုံတန်ရုံ လူတိုင်းသုံးနိုင်တယ်
ပြီးတော့ တစ်ချို့maskတွေနဲ့မတူတဲ့
innisfree squeeze masksတွေရဲ့အားသာချက်က
သုံးပြီးရင်instant brightening effect က်ိုရစေတယ်
အဲ့လိုကပ်ပြီးတာနဲ့မျက်နှာလေးဝင်းပြီး အိစက် သွားတာ အဲတာကိုလည်းအရမ်းကြိုက်တာ 😁
ပြီးတော့သူက skin concern အလိုက် ရှိတဲ့အပြင် Mask ရဲ့ type တွေပါ ခွဲထားတယ်... Essence type , Water type , Creamy type ဆိုပြီး အမျိုးအစား ၃ မျိုး ရှိတယ်
အဲ့တစ်ခုချင်းစီ အကြောင်းက ပုံတွေအောက်မှာ အသေးစိတ် ထပ်ရေးပေးထားတယ် ဖတ်ကြည့်နော်🙆🏻♀️
အခုပြောချင်တာက My Top 3 Choices ပေါ့နော်
18 မျိုးရှိတာ 12 မျိုးလောက်သုံးဖူးတဲ့ထဲက ကိုယ့်အကြိုက်ဆုံး 3 မျိုးအကြောင်း Share ချင်ပါတယ်
1. Sheabutter💗 (cream type) - သူကမျက်နှာကိုအစိုဓာတ်ဖြည့်ပေးပြီးတင်းရင်းစေပါတယ်။ အဓိကကြိုက်တာ သူ့အနံ့ပါ ထောပတ်အနံ့လေးက တကယ်မိုက်ပါတယ်.ကိုယ်က dry+combined skin သမားမို့ ဒါလေးက အကြိုက်ဆုံးပါ
2. Bamboo💗 ( water type ) - သူက သဘာ၀ဝါးပင်တွေကဓာတ်တွေနဲ့ထုတ်ထားတော့ အသားရေယားယံတာတွေ တော်တော်လျော့ကျစေပြီး Glow လည်းတော်တော် glow တယ် အာ့ကြောင့်ကြိုက်တာပါ
Sensitive skin သမားတွေ သုံးသင့်ပါတယ်
3. Aloe Vera💗 (essence type) - ရှားစောင်းလက်ပတ်နဲ့ပြုလုပ်ထားတဲ့ဒီဟာလေးကတော့ အသားရေကိုအစိုဓာတ်ဖြည့်ပေးတော့ အေးအေးလေးနဲ့ နေလို့ကောင်းတယ် . အဆီပြန်တာနဲ့၀က်ခြံပြသာနာတွေကိုပါ လျော့ကျစေတယ်. ဝက်ခြံသမားတွေအတွက် Recommend ပါတယ်
Sheet Mask အသုံးပြုနည်း ဆက်ပြောမယ်နော်
▪️Cleansing လုပ်ပြီးရင် Tonerလိမ်း ပြီးတာနဲ့ Sheet Mask ကို ၁၀-၂၀မိနစ်လောက်ထားကပ်ပေးရုံပဲ ပြီးရင်ခွါချလိုက်ရုံပဲ
❌ နှမြောလို့ဆိုပီး မိနစ် ၂၀ ကျော် လုံးဝမထားပါနဲ့နော်
မိနစ် ၂၀ ကျော်သွားရင် mask က မျက်နှာပေါ်က cream တွေကို ပြန်စုပ်ယူသွားမှာပါ
🌼 Sheet mask ကပ်ပြီးရင်ရေပြန်ဆေးချဖို့မလိုပါဘူး မျက်နှာပေါ်ကျန်တဲ့အားဖြည့်အရည်လေးတွေနဲ့မျက်နှာကိုနှိပ်နှယ်ပေးလိုက်ရင်သူ့ပါသူစိမ့်ဝင်သွားပါလိမ့်မယ်
🌼 Sheet Mask ကိုနေ့တိုင်းကပ်လို့ရသလို နှစ်ရက်ခြား သုံးရက်ခြားတစ်ခါ လည်းကပ်နိုင်ပါတယ် နေ့တိုင်းကပ်တာတော့ သိပ်အားမပေးပါဘူး
ကိုယ်ကတော့ တစ်ပတ်တစ်ခါပဲကပ်တယ် 😁
ကဲ ကိုယ်သိသလောက်ပြောပေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ
နောက်ဆုံးပိတ်ကတော့ စျေးဗန်းခင်းမှာပဲ ဖြစ်ပါတယ်
ဒီလိုကောင်းတဲ့ sheet mask လေးတွေလိုချင်တယ်ဆို မှာလို့ ရပါတယ်နော်
1pcs - 1500 MMK ပါ
ဘယ်ကိုဖြစ်ဖြစ် မရရအောင်ပို့ပေးပါတယ် xD
ပို့ခလေးတော့ ပေးပေါ့😛
24/04/2020
တို့ Glow Nation က မထွက်နိုင်သေးလို့ glow ရာမှာ အထောက်အကူပေးတဲ့ Product လေး တစ်ခုအကြောင်း ပြောပြမယ် 🌝
🔸နောက်ပိုင်း Glow Looks တေ ခေတ်စားလာတာနဲ့ 2019 မှာပဲ Laneige က ဒီ Glowy makeup serum ကို ထုတ်လုပ်ခဲ့ပါတယ်
🔸သူက ယူတို့အိုင်တို့လို Glow ချင်တဲ့ မမတွေအတွက် မိတ်ကပ်မလိမ်းခင်မှာလိမ်းပေးရမဲ့ makeup serum လေးပါ✨
🔸သူအဓိက လုပ်ပေးတာကတော့ အသားရည်ကို moisture ဖြည့်ပေးပြီး မိတ်ကပ်သားတက်အောင်လုပ်ပေးပါတယ် Primer သဘောမျိုးပေါ့
လုံးဝ Glow တာနော် ကိုယ်တွေ့ 🤩
🔸ပြီးတော့ အဆီပြန်တာကိုလည်း ထိန်းပေးတော့ လိမ်းလိုက်ရင်ပေါ့ပေါ့ပါးပါးလေးဖြစ်တယ် Heavy ဖြစ်မနေဘူး ✔️
ဒီ serum လိမ်းပြီးမိတ်ကပ်လိမ်းလိုက်ရင်
မိတ်ကပ်သားကြာရှည်ခံပြီး ကိုရီးယားမတွေလို Glowy Look,Healthy Look လေးဖြစ်သွားတယ်
အိုင်တော့ အရမ်းကြိုက်ပါပဲ
အသုံးပြုပုံ
Skincare အဆင့်ဆင့်လိမ်းပြီး မိတ်ကပ်မလိမ်းခင် makeup serum ကို တစ်စက် နှစ်စက်လောက်လိမ်းလိုက်ရုံပါပဲ အရမ်းလွယ်ပါတယ်နော် 😉
စမ်းသုံးကြည့်ချင်တယ်ဆို ပိစိလေး ကိုယ့်ဆီမှာ မှာလို့ရပါတယ်
LENEIGE Glow Makeup Serum(5ml) - 7500 ks
သုံးဖူးပြီးသား ကြိုက်တယ် ဘူးကြီးပဲဝယ်မယ်ဆိုလည်း ရတယ်ရှင်
LENEIGE Glow Makeup Serum (30 ml ) - 30000 ks
Messenger မှာ လာမှာပေးနော်
ဘယ်မြို့ဖြစ်ဖြစ်ရောက်အောင်ပို့ပေးမယ် 🚛
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Yangon