Shwin Pyone Fresh Juice

Shwin Pyone Fresh Juice

Share

သဘာ၀ချဉ်စော်ခါးသီးဖျော်ရည်
စိတ်နှ?

05/05/2020

ဈေးကောင်းရပြီး ဆေးဖက်ဝင်သည့် ဒေသထွက် ချဉ်စော်ခါးသီး
=========================================

မိုင်းဘဉာဏ်(ကွတ်ခိုင်)

ချဉ်စော်ခါးသီး၏ ဇာစ်မြစ်
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ဒေသတစ်ဝိုက်တွင် များပြားစွာ ပေါက်ရောက်ဖြစ်ထွန်းပြီး ဒေသခံပြည်သူများကို တစ်ဖက်တစ်လမ်းနည်းဖြင့် စီးပွားဖြစ် ဝင်ငွေရရှိစေသည့် ချဉ်စော်ခါးသီးသည် ရှမ်းပြည်နယ်မှ ဒေသခံအများစုသာ ရင်းနှီးသိကျွမ်း၍ မြန်မာတိုင်းရင်းသား ပြည်သူအများစုကြားတွင် လူသိ နည်းသည့် အသီးတစ်မျိုးဖြစ်သည်။
ချဉ်စော်ခါးသီး၏ မူလဇာစ်မြစ်သည် အရှေ့တောင် အာရှဒေသဟုသိရပြီး အရှေ့တောင်အာရှတွင်မှ မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တစ်ဝိုက်တို့တွင် သာ ပေါက်ရောက်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ ချဉ်စော်ခါးပင်များသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်ဖြစ်ထွန်းပြီး ဒေသခံ ပြည်သူများက ပြည်တွင်းပြည်ပပို့ကုန်နှင့် စားသုံးကုန် အဖြစ် ပုံစံမျိုးမျိုး အသုံးပြုကြသည်။
အပင်ပုံစံနှင့် အသီးသီးချိန်
ချဉ်စော်ခါးသီးဟု အမည်ကြားရုံနှင့်ပင် လွန်ကဲသည့် အချဉ်ဓာတ်အရသာရှိသော အသီးတစ်မျိုးဟု ခန့်မှန်းနိုင် သည်။ ချဉ်စော်ခါးသီးပင်များသည် အသီးသီးချိန်တွင် အပင်တစ်ခုလုံး အသီးများသီးနေတတ်ပြီး အပင်၏ အကိုင်းအခက်များသည် ဆူးများနှင့် ပြည့်နှက်နေသည်။ ချဉ်စော်ခါးပင်၏ အသီးသီးချိန်သည် မေလမှ နိုဝင်ဘာလအထိ ဖြစ်သည်။ အပင်အမျိုးအစားမှာ နှစ်ရှည် ပင်အမျိုးအစားဖြစ်ပြီး ဆူးများ များပြားခြင်းကြောင့် မိမိ၏ ခြံဝင်းများတွင် ကျွဲ၊ နွားများ ဝင်ရောက်သည့် ဒဏ်မှ ကာကွယ်နိုင်ရန် ခြံဝင်းပတ်ပတ်လည်တွင် အများ အားဖြင့် စိုက်ပျိုးကြသည်။ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု လမ်းမ ကြီး ဘေးဝဲယာ၌ စီတန်းစိုက်ပျိုးခြင်းကိုလည်း မြင်တွေ့ ရသည်။
အသီးပုံစံနှင့် အရသာ
ချဉ်စော်ခါးသီးကို အမျိုးအစားအားဖြင့် ပုံစံနှစ်မျိုး ဖြင့် သတ်မှတ်ကြပြီး အချိုသီးနှင့် အချဉ်သီးဟူ၍ ခွဲခြား ခေါ်ဆိုကြသည်။ ချဉ်စော်ခါးသီးသည် အသားမာသည့် အသီးမျိုးဖြစ်ပြီး မပုပ်သိုးဘဲ လနှင့်ချီ၍ ကြာရှည်စွာ ထားနိုင်သည်။ အစိမ်းရောင်ပုံစံရှိသည့် အသီးကို အချိုသီး ဟု ခေါ်ကြပြီး အဝါရောင်သန်းနေသည့်အသီးကို အချဉ် သီးဟု ခေါ်ဝေါ်ကြသည်။ အစိမ်းရောင်ရှိသည့် ချဉ်စော်ခါး သီးများထက် အဝါရောင်သန်းနေသည့် အသီးများက ပိုချဉ်ပြီး အနံ့လည်းပိုမွှေးသည်။
ချဉ်စော်ခါးသီးများကို ရာသီမရွေး စားသုံးနိုင်ရန် အတွက် ပါးပါးလှီးကာ အခြောက်လှန်းထားကြသည်။ ချဉ်စော်ခါးသီးများကို ရေနွေးစိမ်ပြီး ပုံမှန်သောက်သုံးပါက အဆီဓာတ်ကျစေခြင်း၊ ကိုလက်စထရောကို လျော့ကျစေ ခြင်းနှင့် သွေးလည်ပတ်မှု အားကောင်းစေပြီး သွေးတိုးရောဂါ များကို ကာကွယ်ပေးခြင်းကြောင့် ဆေးဘက်ဆိုင်ရာ တိုင်းရင်းဆေးဝါးများတွင်လည်း အသုံးပြုကြသည်။ အသီး တွင် အချဉ်ဓာတ်ရနံ့ သင်းနေပြီး အနံ့ရလျှင် သွားရည်ယို လာစေသည့် အစွမ်းရှိခြင်းကြောင့် ချဉ်စော်ခါးသီးကို ခံတွင်း ပျက်သူအချို့က ခံတွင်းမြိန်ဆေးအဖြစ် အသုံးပြုခြင်းကို လည်း တွေ့ရသည်။
ချဉ်စော်ခါးသီး စားနည်းအမျိုးမျိုး
မိသားစု အသက်မွေးဝမ်းကျောင်းပြုရန် ချဉ်စော်ကား ပင်များကို စီးပွားဖြစ် အဓိက စိုက်ပျိုးပြီး ဈေးကွက်ကို ဖြန့် ရောင်းနေသည့် ကွတ်ခိုင်မြို့အနီး ဆဖြူးရွာမှ ဦးဒေါင်ခေါင် က “အသီးတွေကို အလုံးလိုက်ပဲ ရောင်းတာများပါတယ်၊ တချို့တွေကတော့ ပါးပါးလှီးပြီးတော့ အခြောက်လှန်းပြီး အထုပ်လိုက် ရောင်းတာလည်းရှိတယ်၊ ချဉ်စော်ခါးသီးယို ဆိုပြီး ယိုထိုးပြီးတော့လည်း ရောင်းကြတယ်၊ ဝိုင်လုပ်ပြီး လည်း ရောင်းကြတယ်၊ အစိမ်းအတိုင်း ထောင်းစားတဲ့သူတွေ လည်းရှိတယ်၊ အသားတွေ ငါးတွေ ချက်တဲ့အခါမျိုးမှာလည်း အရသာထူးကဲအောင် ထည့်စားကြတယ်၊ အခြောက်လှန်း တာကိုတော့ အချဉ်ရည်ဟင်းတွေ၊ အသားဟင်းတွေ ချက် စားတဲ့ အချိန်တွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံး ပြုကြတယ်။ အခြောက်လှန်းတဲ့ ချဉ်စော်ခါးသီးတွေကို ရေနွေးနဲ့ဖြောပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်၊ ငရုတ်သီး စိမ်းလေးထည့်ပြီး စွန်တန်လို အရည်သောက်လေး လုပ်စား ရင်လည်း ကောင်းတယ်”ဟု ချဉ်စော်ခါးသီးကို စားသုံးကုန် အဖြစ် အမျိုးမျိုးအဖုံဖုံ စားသုံးကြပုံများကို ရှင်းပြသည်။
ဈေးကွက်ထဲမှ ချဉ်စော်ခါးသီး
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ဒေသထွက် ချဉ်စော်ကားသီးများမှာ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀ မှ ၂၈၀၀၀ ခန့်အထိ ဈေးကောင်းရနေပြီး စိုက် ပျိုးသည့် တောင်သူများနှင့် တစ်နိုင်တစ်ပိုင် ရောင်း ဝယ်သူများ အဆင်ပြေလျက်ရှိသည်။ ကွတ်ခိုင်မြို့မဈေး အနီး၌ ဒေသထွက် ချဉ်စော်ခါးသီးများကို နှစ်စဉ် အရောင်းအဝယ် ပြုလုပ်သည့် ဒေါ်ဝင်းဝင်းသန်းက “အရွယ်အစားအလိုက် ဈေးနှုန်းတွေသတ်မှတ်ပြီး ရောင်းဝယ်ကြတာပေါ့၊ နယ်ဘက်ကရောင်းတဲ့ ချဉ်စော်ခါးသီးတွေကို အလုံးကြီးရင် ဆာလာအိတ် (အလတ်) တစ်အိတ်ကို ၂၅၀၀၀ နဲ့ ဝယ်တယ်၊ ကွတ်ခိုင်မြို့မှာ ၂၈၀၀၀ လောက်နဲ့တစ်ဆင့် ပြန်ရောင်း ပါတယ်၊ အလုံးသေးတွေကိုတော့ တစ်အိတ်ကို ၁၁၀၀၀ နဲ့ ဝယ်ရင် ၁၄၀၀၀ လောက် အနည်းဆုံး ပြန်ရောင်းရ တယ်” ဟု ပြောသည်။
ယခုနှစ်တွင် အခြားမြို့များမှ လာရောက်ဝယ်ယူသူ များပြားခြင်းကြောင့် ယခင်နှစ်များထက်ပို၍ ဈေး ကောင်းရနေကြောင်း တစ်ဆင့်ခံ ရောင်းဝယ်သူများထံမှ သိရသည်။ ဈေးကွက်ကောင်း ရရှိနိုင်ရန်နှင့် အသီးများ မပုပ်သိုးဘဲ ကြာရှည်ခံနိုင်ရန်အတွက် မြေကြီးတွင်းတူး၍ လည်းကောင်း၊ ကောက်ရိုးများဖြင့်လုံး၍လည်းကောင်း ချဉ်စော်ခါးသီးများကို လှောင်ထားကြသည်။ အသီးသီး ချိန် ရာသီမဟုတ်သည့် ကာလများတွင် ချဉ်စော်ခါးသီး၏ ဈေးနှုန်းသည်လည်း ဈေးကွက်အတွင်း ပိုမိုမြင့်တက် လေ့ရှိသည်။ ချဉ်စော်ခါးသီး အသီးသီးချိန် ကာလတွင် အသီးတစ်လုံးလျှင် ကျပ် ၃၀၀ ခန့် ဈေးရရှိပြီး အသီးသီး ချိန် မဟုတ်သည့် ကာလများတွင် တစ်လုံးလျှင် ကျပ် ၁၀၀၀ အထိ ဈေးကွက်ရှိသည်။
ပြည်တွင်းပြည်ပ ဈေးကွက်များသို့
ကွတ်ခိုင်မြို့နယ်အတွင်းမှ ထွက်ရှိနေသည့် ဒေသ ထွက် ချဉ်စော်ခါးသီးများကို စားသောက်ကုန်အမျိုးမျိုး ဖြစ်သော ဖျော်ရည်၊ ဝိုင်၊ ချဉ်စော်ခါးသီးယိုနှင့်အခြားသော စားသုံးကုန်များအဖြစ် ပုံစံအမျိုးမျိုးပြုလုပ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် အခြားမြို့များ နှင့်ပြည်ပနိုင်ငံများသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်း ချလျက်ရှိသည်။
အဓိကအားဖြင့် မူဆယ်မြို့ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့လျက်ရှိပြီး ဓာတုဆေးဝါး အသုံးပြုမှု ကင်းစင်သည့် ဆေးဖက်ဝင်ပို့ကုန်ဖြစ်သော ကြောင့် ရောင်းအားကောင်း လူကြိုက်များနေခြင်းဖြစ် သည်။
သို့ဖြစ်၍ ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်း ပြီး ဈေးကွက်ကောင်းရရှိနေသည့် ချဉ်စော်ခါးသီးပင် များကို ကွတ်ခိုင်မြို့နယ်မှ ဒေသခံပြည်သူများအနေဖြင့် မိမိအိမ်တွင်း စားသုံးကုန်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း နည်းစနစ်ကျကျဖြင့် တွင်တွင်ကျယ်ကျယ် ဆက်လက် စိုက်ပျိုးထားသင့် ကြပါသည်။ ။

Photos from Shwin Pyone Fresh Juice's post 01/05/2020

☀️ အခုလို ပူအိုက်တဲ့ရာသီဥတုမျိုးမှာ
🍹ရွှင်ပြုံးသဘာဝ ချဉ်စော်ခါးသီးဖျော်ရည်
အေးအေးလေးတစ်ခွက်ကို သောက်လိုက်ရရင်ဖြင့်
ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး
✅ စိတ်ကိုကြည်လင်လန်းဆန်းစေမှာတော့ အမှန်ပဲချစ်တို့ရေ
✅ ကိုဗစ်ကြောင့် အိမ်မှာ stay home ဆိုတော့
အိပ်လိုက်စားလိုက်နဲ့ ခန္ဓာကိုယ်လေးလံပြီး
ကိုလက်စရောမများအောင် လျော့ချပြီးသားလည်းဖြင့်ရော
✅ အစာကျေလွယ်ပြီး ဝမ်းမှန်လို့
အသားအရည်ကိုလည်း ကြည်လင်သန့်စင်စေတဲ့အတွက် တကူးတက skin တွေ care စရာသိပ်မလိုတော့ဘူးပေါ့နော်
နောက်ပြီး
✅ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်လို့ သက်လုံကောင်းပြီး အမောလည်းခံနိုင်ပါတယ်ရှင့်
✅ ကြွက်သားအာရုံကြောသန်မာစေခြင်း
✅ အနာကျက်လွယ်စေခြင်း
✅ မျက်စိအမြင်အာရုံကောင်းစေခြင်း
✅ ရောင်ရမ်းတာတွေကို သက်သာစေခြင်း
✅ အဖျားပျောက်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်နော်

✌🏻ရွှင်ပြုံးက အဆီထုပ်လေးတွေဖြစ်လို့
ရေအေးလေးနဲ့ ကိုယ်ကြိုက်သလို အချိုးကြဖျော်စပ်ပြီး သောက်လို့ရပါတယ်ရှင့်
😋 အချဉ်ကြိုက်တဲ့ အချစ်လေးတို့က သံပုရာသီးလေးညှစ်ပြီး သောက်လိုက်ရင်တော့ ဂွတ်ရှယ်ဖြစ်သွားပြီပေါ့နော်

🚖 မှာယူချင်တယ်ဆိုရင်တော့
09782104118, 09664298648 ဖုန်းခေါ်ပေးပါနော်
ရန်ကင်းမြို့နယ်အနီးတဝိုက်ဆိုရင် အလကားပို့ပေးမှာဖြစ်ပြီး အခြားမြို့နယ်တွေဆိုရင် deli ခကို အနည်းဆုံး ထားပေးမှာပါရှင့်
❤️ အခုလို ကိုဗစ်ကာလမှာ မှာယူပေးတဲ့ချစ်တို့အတွက် အခုကာလအတွင်းမှာ အသုံးတဲ့မဲ့ လက်ဆောင်လေးကိုလည်း အလှူသဘောမျိုးနဲ့ထည့်ပေးအုံးမှာ ❤️
🆗 တစ်ထုပ်ကို 250 ml ပါပြီး ၂၈၀၀/- ကျပ်ပါရှင့်
✅ အဆီထုပ်လေးတွေဖြစ်လို့ ရေရောပြီးသောက်ပေးရပါတယ်နော်
🥰ရွှင်ပြုံး သဘာဝချဉ်စော်ခါးသီးဖျော်ရည်လေးကို
😁🙏 သောက်လို့ ကျန်းမာလန်းဆန်း အလှတွေတိုးပြီး မမလှလှတွေဖြစ်သွားရင် သူငယ်ချင်းတွေကို လက်တို့ ပေးဖို့ မမေ့နဲ့အုံးနော်
🥰 မမတွေဆိုတော့ ကိုကိုတွေလည်းသောက်လို့ရပါတယ်ရှင့်
✅ ဝမ်းမှန်လို့ ညောင်းညာကိုက်ခဲတာတွေကို သက်သာစေပါတယ်ရှင့်

😍 စိတ်ပျော်ရွှင် ပြုံးပျော်စေဖို့
ရွှင်ပြုံးသဘာဝချဉ်စော်ခါးသီးဖျော်ရည်ကိုသောက်ကြည့်လိုက်ပါနော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yankin
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00