Pierrot Oral Care Myanmar

Pierrot Oral Care Myanmar

Share

Pierrot Oral Care is a spanish brand specialized in oral hygiene that manufactures innovative product

13/08/2026

အသက်အရွယ် ရလာတာနဲ့အမျှ သွားကြွေလွှာတွေ ပါးလာတာ၊ နေ့စဉ် သောက်သုံးနေတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အစားအသောက်တွေ ကြောင့် သွားတွေ ဝါညစ်လာတာဟာ ရှောင်လွှဲရခက်တဲ့ ကိစ္စတစ်ခုပါ။

သွားတွေ ဝါနေတဲ့အခါ စကားပြောရင်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ရင်ပဲဖြစ်ဖြစ် စိတ်တိုင်းကျ မပြုံးရဲတော့ဘဲ ယုံကြည်မှုတွေ လျော့နည်းလာတတ်ပါတယ်။

ဝါညစ်နေတဲ့ သွားရောင်ကြောင့် ကိုယ့်ရဲ့ အပြုံးလေးတွေ မှိန်ဖျော့မသွားစေဖို့ ငယ်ရွယ်စဉ်က တောက်ပခဲ့တဲ့ သွားကလေးတွေအတိုင်း ပြန်လည်ရရှိအောင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။

Pierrot Whitening Toothpaste က သွားကြွေလွှာကို မထိခိုက်စေဘဲ စွဲကျန်နေတဲ့ ကော်ဖီနဲ့ အစွန်းအထင်းတွေကို ညင်သာစွာ ဖယ်ရှားပေးလို့ ငယ်ရွယ်စဉ်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ သွားရောင်ကို ပြန်လည်ရရှိစေပြီး ခံတွင်းတစ်ခုလုံးကိုပါ အေးမြဆန်းသစ်သွားစေတာကြောင့် ခုပဲဝယ်ယူလိုက်တော့နော်။

Spain နိုင်ငံထုတ် Pierrot Products များကို Medizone Healthcare Co.,Ltd မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပါပြီ။
အလှဆုံးပြုံးနိုင်ဖို့ 𝐏𝐢𝐞𝐫𝐫𝐨𝐭 𝐎𝐫𝐚𝐥 𝐂𝐚𝐫e

07/08/2026

😉 Smartဖုန်းတွေ၊ နာရီတွေ သုံးပြီး နည်းပညာနဲ့ နေ့စဉ်ဘဝကို အဆင့်မြှင့်နေတဲ့ခေတ်မှာ မနက်တိုင်း သွားတိုက်တာကိုတော့ သာမန်အတိုင်း လက်နဲ့ အားသုံးပြီးတိုက်နေတုန်းပဲလား?

💥သာမန်သွားပွတ်တံနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိတိုက်ရင်လည်း သွားကြွေလွှာ ပျက်စီးပြီး သွားဖုံးသွေးထွက်တဲ့ ဒုက္ခတွေ ကြုံရတတ်ပါတယ်။

👍သွားတိုက်တဲ့အခါ မပင်ပန်းဘဲ အထိရောက်ဆုံး သန့်ရှင်းစေချင်တယ်၊ Smart ကျကျလေးလည်းဖြစ်ချင်တယ်ဆိုရင်တော့ Pierrot Electric Toothbrush လေးရှိနေပါပြီ။

✅ Pierrot Electric Toothbrush က (၁)မိနစ်ကို ပွတ်တိုက်မှုအား 8000 RPM ဖြစ်ပြီးတော့ သွားဝါခြင်း၊ သွားအညှိတက်ခြင်းတွေကို သိသိသာသာဖယ်ရှားပေးနိုင်ပါတယ်။

👍 သာမန်သွားပွတ်တံတေွ မရောက်နိုင်တဲ့ နေရာတွေကိုပါ ထိထိရောက်ရောက် သန့်ရှင်းပေးနိုင်လို့ သွားကျောက်တည်တာကို ကာကွယ်ပေးနိုင်တဲ့့ Pierrot Electric Toothbrush လေးနဲ့ Smart ကျကျ သွားတိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်းလေးကိုပိုင်ဆိုင်လိုက်တောနော်။

🔹 Pierrot ရဲ့ Electric Toothbrush မှာဆိုရင်-
လဲလှယ်အသုံးပြုနိုင်တဲ့ nozzle ခေါင်းအပိုတစ်ခု နဲ့
Battery ဓာတ်ခဲ တစ်ခု ပါဝင်ပြီးသားဖြစ်ပါတယ်။

➡️ Spain နိုင်ငံထုတ် Pierrot Oral Care Products များကို Medizone Healthcare Co.,Ltd မှမြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပါပြီခင်ဗျာ။

30/07/2026

သွားပုံမှန်တိုက်နေပေမယ့် သွားဂျီး တွေက သွားကြားနဲ့ သွားဖုံးအစပ်တွေမှာ မသိမသာ ခိုအောင်းကျန်ရစ်နေတတ်ပါတယ်။

အဲ့ဒီ သွားဂျီးတွေကို သေသေချာချာလေး မဖယ်ရှားနိုင်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ မာကျောတဲ့ သွားကျောက် အဖြစ် ပြောင်းလဲသွားပြီး သွားဖုံးရောင်တာ၊ သွေးထွက်တာနဲ့ ခံတွင်းနံ့ဆိုးတာတွေကို ဖြစ်စေပါတယ်။

အဲ့လိုသွားကျောက်တွေ တည်သွားမှ ဆေးခန်းမှာ သွားခြစ်ထုတ်ရတဲ့ ဒုက္ခကနေ ကင်းဝေးဖို့ဆိုရင် သွားဂျီးတွေကို အစကတည်းက မတည်အောင် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။

Pierrot Anti-Plaque က သွားပေါ်မှာ သွားဂျီးလွှာတွေ ကပ်ငြိမသွားအောင် စနစ်တကျ တားဆီးပေးပြီး သွားဖုံးနဲ့ သွားကျန်းမာရေးကို အပြည့်အဝ အကာအကွယ်ပေးလို့ သွားတွေကို ပြောင်လက်သန့်စင်စေပြီး ခံတွင်းတစ်ခုလုံးကိုလည်း တစ်နေကုန် လန်းဆန်းနေစေမှာအမှန်ပဲနော်။

Pierrot - We love taking care of your smile​
🩵 Spain နိုင်ငံထုတ် Pierrot Oral Care Products များကို Medizone Healthcare Co.,Ltd မှမြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပြီဖြစ်ပါတယ်။

29/07/2026

ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)

ယနေ့ကျရောက်တဲ့ မွန်မြတ်လှတဲ့ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) လေးမှာ လောဘ၊မောဟစိတ်များကင်းဝေး၍ ကုသိုလ်ထူး၊ကုသိုလ်မြတ်တွေကို ပိုင်ဆိုင်ကြပါစေလို့ Pierrot Oral Care Myanmar မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ

#ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့ 🌕

16/07/2026

အနံ့ပြင်းတဲ့ အစားအသောက်တွေ စားပြီးတဲ့အခါတိုင်း ခံတွင်းနံ့ မလန်းဆန်းတော့လို့ လူကြားထဲ စကားပြောရမှာကို မဝံ့မရဲဖြစ်ဖူးကြမှာပါ။အစားအသောက်ထဲက အနံ့တွေက သွားကြားနဲ့ လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပေါင်းစပ်ပြီး အနံ့ဆိုးတွေကို ဖြစ်ပေါ်စေတာပါ။

စားချင်တာတွေကို အနံ့ကြောင့် လိုက်ရှောင်နေမယ့်အစား အနံ့ဆိုးတွေကို အရင်းအမြစ်ကနေ ထိထိရောက်ရောက် ဖယ်ရှားပေးဖို့အတွက် Pierrot Ultrafresh သွားတိုက်ဆေးလေးက အပြည့်အဝကူညီပေးပါမှာပါ...

Pierrot Ultrafresh ဟာ အစားအသောက်တွေကြောင့် ဖြစ်လာတဲ့ ခံတွင်းဘက်တီးရီးယားတွေကို အကောင်းမွန်ဆုံး သန့်စင်ပေးပြီး သွားတွေကို ခိုင်မာစေပါတယ်။ သူ့ရဲ့ အေးမြတဲ့ အာနိသင်ကြောင့် ခံတွင်းတစ်ခုလုံးကို ချက်ချင်း လန်းဆန်းသွားစေမှာပါ။

နောက်ဆိုရင် ဘာပဲစားစား ခံတွင်းအနံ့အတွက် စိတ်ပူနေစရာလိုတော့ဘဲ ယုံကြည်မှုအပြည့်နဲ့ စကားပြောဆိုနိုင်ဖို့ အခုပဲ Pierrot Ultrafresh သွားတိုက်ဆေးလေးကို ဆက်သွယ်မှာယူလိုက်တော့နော်

Pierrot - We love taking care of your smile​
🩵 Spain နိုင်ငံထုတ် Pierrot Oral Care Products များကို Medizone Healthcare Co.,Ltd မှမြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပြီဖြစ်ပါတယ်။

14/07/2026

လူအများနဲ့ စကားပြောရမယ့်အချိန်မျိုးမှာ ကိုယ့်သွားတွေ ဝါနေမလားဆိုပြီး စိုးရိမ်စိတ်နဲ့ နှုတ်ခမ်းကို အတင်းစေ့၊ သွားမပေါ်အောင် သတိထားပြီး ပြောနေရတာ တကယ်ကို စိတ်မသက်မသာ ဖြစ်ရပါတယ်။ နေ့တိုင်း သွားကိုပုံမှန်တိုက်နေလို့ သွားမဝါနိုင်ဘူးလို့မထင်ပါနဲ့နော်။

သာမန်သွားတိုက်ဆေးတွေနဲ့ အတင်းဖိတိုက်ရင် သွားကြွေလွှာပဲ ပါးလာပြီး သွားက ပိုဝါ၊ ပိုကျဉ်လာတတ်စေတဲ့အပြင် သွားကြွေလွှာတွေကြားထဲက ဘက်တီးရီးယားတွေကြောင့် ခံတွင်းနံ့ဆိုတွေကိုပါထွက်ပေါ်လာ‌စေတက်ပါတယ်။ ဒါကြောင့် သွားတွေကို မထိခိုက်ဘဲ သွားချေးလွှာတွေကို ကွာကျစေမယ့် Whitening အာနိသင်စစ်စစ် လိုအပ်ပါတယ်။

Pierrot Whitening Protect က သွားကြွေလွှာကို လုံးဝမထိခိုက်စေဘဲ အဝါရောင်ဖြစ်စေတဲ့ သွားချေးလွှာနဲ့ အစွန်းအထင်းတွေကို သန့်စင်ပေးပါတယ်။ သွားကို ပိုပြီး ခိုင်မာတောင့်တင်းအောင် အာဟာရဖြည့်ပေးတဲ့အပြင် ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကိုပါ တိုက်ထုတ်ပေးလို့ အမြန်ဆုံးမှာယူလိုက်ပါတော့နော်။

Spain နိုင်ငံထုတ် Pierrot Products များကို Medizone Healthcare Co.,Ltd မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပါပြီ။
အလှဆုံးပြုံးနိုင်ဖို့ 𝐏𝐢𝐞𝐫𝐫𝐨𝐭 𝐎𝐫𝐚𝐥 𝐂𝐚𝐫e

03/07/2026

မနက်ခင်းတိုင်းမှာ သွားတိုက်ဖို့ ချော့ရ၊ ခြောက်ရတဲ့ဘေဘီလေးတွေ မေမေတို့မှာရှိတယ်မလား?
အခုဆိုရင်တော့ မေမေတို့ အဲ့လိုသွားတိုက်ဖို့မပြောရလောက်အောင်ပဲ သွားတိုက်မယ်ဆိုတာနဲ့ အပြေးအလွှားလေး လာတိုက်မယ့် Sharky Apple Toothpaste လေးရှိနေပါပြီ။

Sharky Apple Toothpaste လေးက ပန်းသီးစိမ်းချိုချိုမွှေးမွှေးနဲ့မလို့ ကလေးငယ်လေးတွေကို သွားတိုက်ရတာ ပျော်စရာတစ်ခုလို သဘောကျသွားစေမှာပါ။

🦷 Spain နိုင်ငံထုတ် Pierrot Sharky Apple Dental Gel ဟာ အသက် ၂နှစ်နဲ့အထက် ကလေးများအတွက် Fluoride Free အနေနဲ့အထူးထုတ်လုပ်ထားပြီး သွားကျန်းမာကြံ့ခိုင်ရေးအတွက် Calcium Lactate ပါဝင်လို့ သွားပိုးစားမှာ စိတ်ပူစရာမလိုတော့ပါဘူးနော်။

Pierrot - We love taking care of your smile

💙 Spain နိုင်ငံထုတ် Pierrot Oral Care Products များကို Medizone Healthcare Co.,Ltd မှမြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပြီဖြစ်ပါတယ်။

Hotline ph; 09 450 565 603

30/06/2026

သွားပုံမှန်တိုက်ရဲ့သားနဲ့ လူတွေနဲ့ စကားပြောရင် ခပ်ခွာခွာလေးစကားပြောရတဲ့ Feeling မျိုးဖြစ်နေရတဲ့ အကြောင်းက သွားပွတ်တံ မရောက်တဲ့ သွားကြားတွေနဲ့ လျှာနောက်ဖက်မှာ ပုန်းနေတဲ့ ပိုးမွှားတွေကြောင့်ပါ။

စကားတစ်ခွန်း ပြောလိုက်တိုင်း အဲ့ဒီပိုးမွှားတွေက ခံတွင်းထဲကထွက်လာပြီး အနံ့အသက်ဆိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။
ဒီလိုပြဿနာကို သွားပွတ်တံနဲ့တင် မလုံလောက်လို့ အမှန်တကယ် အမြစ်ဖျက်ပေးမယ့် Mouthwash လိုအပ်လာပါပြီနော်။

ဒါကြောင့် ခံတွင်းနံ့ဆိုးတွေ ဖယ်ရှားပြီး သွားကျန်းမာဖို့ လိုအပ်လာပြီဆိုရင် Pierrot Chlorhexidine Mouthwash လေးကို ဆောင်ထားသင့်ပါပြီ ..

Spain နိုင်ငံထုတ် Pierrot Chlorhexidine Mouthwash ဟာ ခံတွင်းထဲမှာရှိတဲ့ ပိုးမွှားများကို ရှင်းလင်းပေးနိုင်တဲ့အပြင် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ပျောက်ကင်းစေနိုင်ပြီး သွားအတွင်းထဲမှာရှိတဲ့ အညှိတက်ခြင်းနဲ့ သွားဝါခြင်းများကိုပါ ပျောက်ကင်းစေနိုင်ပါတယ်နော်။

27/06/2026

သွားနှင့်ခံတွင်းကျန်းမာရေးကို Pierrot နဲ့အတူစောင့်ရှောက်လိုက်ပါ

သွားကျဉ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊သွားကြွေလွှာပျက်စီးခြင်း၊ သွားဂျိုးတက်ခြင်း၊သွားအညှိတက်ခြင်းနဲ့ ခံတွင်းအနံ့ဆိုးထွက်ခြင်းတို့ကို အကောင်းဆုံး ဖြေရှင်းပေးပြီး အလှပဆုံးအပြုံးတွေကို ပိုင်ဆိုင်ဖို့အတွက် စပိန်နိုင်ငံထုတ် Pierrot Mouthwash, Toothpaste တွေ ရှိနေပြီနော် ...

Pierrot ဆိုတာ 1945 ခုနှစ်ကတည်းက သွားနဲ့ခံတွင်းအတွက် အရည်အသွေးမြင့် Oral Care Product များကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 55 နိုင်ငံကျော်မှာ ယုံကြည်မှုအခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ ကမ္ဘာ့အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။

ဒီလိုအရည်သွေးမြင့် Oral Care Products‌ တွေကို အသက်အရွယ်မရွေးအသုံးပြုနိုင်တာဆိုတော့ အခုပဲဆက်သွယ်မှာယူလိုက်တော့နော်။

Pierrot - We love taking care of your smile​
Hotline ph; 09 450 565 603

24/06/2026

အေးစိမ့်နေတဲ့ ရေခဲရေတစ်ခွက် သောက်လိုက်တာဒါမဟုတ် ရေခဲချောင်းကို ကိုက်လိုက်တဲ့အခါ သွားတွေ ကျဉ်တက်သွားတဲ့ ဒုက္ခက တကယ့်ကို အသည်းခိုက်အောင်နာကျင်ရပါတယ်။

သွားကျဉ်တယ်ဆိုတာ သွားကြွေလွှာ ပါးလာပြီး သွားအာရုံကြောလေးတွေ ပွင့်ထွက်လာလို့ ခံစားရတဲ့ ဝေဒနာပါ။ သွားကျဉ်တဲ့ဝေဒနာခံစားရတဲ့အပြင် အစားစားပြီး ခံတွင်းရနံ့ကပါ နံနေရင်တော့ လူကြားထဲ သွားလာရင်စိတ်ညစ်စရာကောင်းပါတယ်။

ဒီလိုဝေဒနာတွေကို အမြစ်ပြတ်ပျောက်ကင်းအောင် Sensitive Toothpaste လေးက ကူညီပေးပါလိမ့်မယ်။

Sensitive Toothpaste က သွားကျဉ်တာကို ဖြစ်စေတဲ့ အာရုံကြောအပေါက်ဝလေးတွေကို ထိရောက်စွာ ပိတ်ဆို့ ကာကွယ်ပေးတဲ့အပြင်၊ တစ်နေကုန် ခံတွင်းရနံ့ကိုပါ သင်းပျံ့လန်းဆန်းနေစေမှာပါ။ နောက်ဆို ရေခဲမုန့်ပဲလာလာ၊ ရေခဲရေပဲလာလာ Sensitive Toothpaste လေးနဲ့ဆို 'OK'ပဲပေါ့။

Pierrot - We love taking care of your smile​
🩵 Spain နိုင်ငံထုတ် Pierrot Oral Care Products များကို Medizone Healthcare Co.,Ltd မှမြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိပေးနေပြီဖြစ်ပါတယ်။

Category

Address


No. 169, Kyun Shwe Myaing 3 Street, Thuwana VIP-1Ward, ThingangyunTsp
Yangon
10072

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 14:00