Ko Htoo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Htoo, Health/Beauty, 31 Shwebonthar, Yangon.
30/05/2023
မိတ်ဆွေ
-တစ်ချို့အမှားတွေက
သင်ခန်းစာတွေ ပေးတယ်
တစ်ချို့ အမှားတွေက
အသိတရားတွေ ပေးတယ်
တစ်ချို့ အမှားတွေက
နောင်တတွေ ပေးတယ်
ဒါပေမယ့် အမှားတွေထဲက
သင်ခန်းစာ မယူတတ် ခဲ့ရင်တော့
ဘဝကို
အကြိမ်ကြိမ် ပြန်တည်ဆောက်လည်း
နောက်ထပ်ပေါင်းများစွာ ပြန်လည် ပြို လဲခြင်းတွေနဲ့ကြုံတွေ့နေရဦးမှာပဲ
တစ်ချို့က
ဘဝကို အတ္တတွေနဲ့ တည်ဆောက်တယ်
တစ်ချို့ က
ဘဝကို မာန်မာန နဲ့ တည်ဆောက်တယ်
တစ်ချို့ က
ဘဝကို လောဘတွေနဲ့ တည်ဆောက်တယ်
တစ်ချို့ က
ဘဝကို ရိုးသားမှု နဲ့ တည်ဆောက် တယ်
တစ်ချို့ က
စနစ်ကျတဲ့ ဘဝတစ်ခုကို အမှန်နဲ့ အမှား ရွေးချယ် နိုင်တဲ့ ဆင်ချင်ဥာဏ်နဲ့တည်ဆောက်တယ်
ဒီအတွက်
ခိုင်ခန့်ပုံခြင်း ၊ ပြို လဲပျက်စီးပုံခြင်းခြားနားသွားတယ်
တစ်ချို့ကလူတွေကို အတွေ့အကြုံတွေပေးတယ်
တစ်ချို့က
လူတွေဆီကအတွေ့အကြုံ တွေယူတယ်
ဒါတွေကို
တန်ဘိုး ထားတတ်ခဲ့ရင်လုံခြုံ တဲ့ ဘဝ တစ်ခုကိုလည်းတည်ဆောက်နိုင်တယ်
ပြန်စဉ်းစားကြည့်ပါ... ။
ဘဝဆိုတာ.....။
ခေါင်းစဉ် တစ်ခုအောက်မှာတည်ရှိနေတဲ့အရာ မဟုတ်ပါဘူး
ဘဝဆိုတဲ့
စကားလုံးအောက်မှာပဲလူတွေအမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုနေတဲ့
ခေါင်းစဉ်ပေါင်း
မြောက်များစွာ ရှိနေခဲ့တာပါ
တစ်ကယ်တော့
ဘဝ ဆိုတာ ပေးဆပ်နိုင်မှ ပြန်ရတတ်တဲ့
ထင်သလောက် မရိုး ရှင်းတဲ့
အရာ တစ်ခု ပါပဲ.... ။
လွန်း....( သံလွင်မြေ )
Credit
ပြန်လည်မျှဝေပေးပါသည်။
Category
Culinary Team
Attire
Website
Address
31 Shwebonthar
Yangon
1234
Alerts
Be the first to know and let us send you an email when Ko Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.