Ko Htoo

Ko Htoo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Htoo, Health/Beauty, 31 Shwebonthar, Yangon.

30/05/2023

မိတ်ဆွေ

-တစ်ချို့အမှားတွေက
သင်ခန်းစာတွေ ပေးတယ်
တစ်ချို့ အမှားတွေက
အသိတရားတွေ ပေးတယ်
တစ်ချို့ အမှားတွေက
နောင်တတွေ ပေးတယ်

ဒါပေမယ့် အမှားတွေထဲက
သင်ခန်းစာ မယူတတ် ခဲ့ရင်တော့
ဘဝကို
အကြိမ်ကြိမ် ပြန်တည်ဆောက်လည်း
နောက်ထပ်ပေါင်းများစွာ ပြန်လည် ပြို လဲခြင်းတွေနဲ့ကြုံတွေ့နေရဦးမှာပဲ

တစ်ချို့က
ဘဝကို အတ္တတွေနဲ့ တည်ဆောက်တယ်

တစ်ချို့ က
ဘဝကို မာန်မာန နဲ့ တည်ဆောက်တယ်

တစ်ချို့ က
ဘဝကို လောဘတွေနဲ့ တည်ဆောက်တယ်

တစ်ချို့ က
ဘဝကို ရိုးသားမှု နဲ့ တည်ဆောက် တယ်

တစ်ချို့ က
စနစ်ကျတဲ့ ဘဝတစ်ခုကို အမှန်နဲ့ အမှား ရွေးချယ် နိုင်တဲ့ ဆင်ချင်ဥာဏ်နဲ့တည်ဆောက်တယ်

ဒီအတွက်
ခိုင်ခန့်ပုံခြင်း ၊ ပြို လဲပျက်စီးပုံခြင်းခြားနားသွားတယ်
တစ်ချို့ကလူတွေကို အတွေ့အကြုံတွေပေးတယ်
တစ်ချို့က
လူတွေဆီကအတွေ့အကြုံ တွေယူတယ်
ဒါတွေကို
တန်ဘိုး ထားတတ်ခဲ့ရင်လုံခြုံ တဲ့ ဘဝ တစ်ခုကိုလည်းတည်ဆောက်နိုင်တယ်

ပြန်စဉ်းစားကြည့်ပါ... ။

ဘဝဆိုတာ.....။
ခေါင်းစဉ် တစ်ခုအောက်မှာတည်ရှိနေတဲ့အရာ မဟုတ်ပါဘူး

ဘဝဆိုတဲ့
စကားလုံးအောက်မှာပဲလူတွေအမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုနေတဲ့
ခေါင်းစဉ်ပေါင်း
မြောက်များစွာ ရှိနေခဲ့တာပါ

တစ်ကယ်တော့
ဘဝ ဆိုတာ ပေးဆပ်နိုင်မှ ပြန်ရတတ်တဲ့
ထင်သလောက် မရိုး ရှင်းတဲ့
အရာ တစ်ခု ပါပဲ.... ။

လွန်း....( သံလွင်မြေ )

Credit

ပြန်လည်မျှဝေပေးပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


31 Shwebonthar
Yangon
1234