Myint
ကျန်းမာရေးနှင့် အလှအပ
19/06/2023
Love So Divine (2004)
IMDb - 6.3/10
ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး
ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း
မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ…
ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်…
ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်…
ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူငယ်ပီပီ ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ …
ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့….
Credit - Channel Myanmar
👇https://www.facebook.com/moviemax1999/?mibextid=ZbWKwL
Congo (1995)
IMDb - 5.3/10
19/06/2023
The Host(2006) Fb link 🤩🤩🤩
ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး ဒါရိုက်တာကလည်း Parasite တို့ Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့ B**g Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..
ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ….ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။
Fb link 👇
https://m.facebook.com/groups/1305127563385614/permalink/1377911986107171/?mibextid=Nif5oz
All CM Crd
Crd Ufo herry
19/06/2023
RIDE ON ( 2023 ) #ဂျက်ကီချန်းဇာတ်ကားသစ်ကြီး
မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့
အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing
Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang
Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI
တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က
စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ
တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ
ထားတာပါ။
ဇာတ်လမ်းအကျဉ်း -
ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး
အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး
ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်
ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို
စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။
သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင်
လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး
နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့
သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေ
ကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီ
အန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်း
ကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Mr.Anderson ဖြစ်ပါတယ်)
ဇာတ်ကားကြည့်ရန် Telegram 👇👇
https://t.me/A2MovieChannel2/250
https://t.me/A2MovieChannel2/250
ဇာတ်ကားကြည့်ရန်FB👇👇
https://www.facebook.com/groups/1237314010518084/permalink/1314715612777923/?mibextid=Nif5oz
https://t.me/International_Movies_Channel/37
https://t.me/International_Movies_Channel/38
https://www.facebook.com/groups/1010072443235755/permalink/1010074443235555/?mibextid=Nif5oz
Credit-ChannelMyanmar
19/06/2023
Hachiko 2023
"ခွေးကလေးဟာချီကို
ဒီနှစ်ထွက်ရှိထားတဲ့ တရုတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Hachiko ပါ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို
အခြေခံထားတာဖြစ်ပြီးတော့ ပရိသတ်ကြီးတို့ထဲမှာ
ခွေးချစ်တတ်တဲ့သူလေးတွေရှိရင် ဒီကားလေးက ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ။
အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင်တော့ ပါမောက္ခချန်ဟာ
သုတေသနခရီးသွားရာကနေ လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့
မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးက ချစ်ဖို့ကောင်းတဲ့အပြင်
သနားစရာလည်း ကောင်းတာမလို့ ပါမောက္ခချန်က အိမ်ပြန်ခေါ်လာခဲ့ပါတယ်။
မိန်းမဖြစ်သူက ငယ်ငယ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလိုမျိုး
ခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ
ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။ ခွေးလေးရဲ့ နာမည်ကိုလည်း
မာကျောက်ကစားဝိုင်းကို အစွဲပြုပြီး ပါးထုန်လို့ ပေးထားလိုက်တော့တာပေါ့။
ပါးထုန်လေးက သူ့သခင်အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိ
လိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်
ညနေပိုင်း သခင် အလုပ်ပြန်လာမယ့်အချိန်ရောက်ရင် ဘူတာမှာ
သွားစောင့်နေတတ်သေးတာပါ။ သခင်ဖြစ်သူ ချန်ကျင်းရှိုက
ပါးထုန်လေးကို သားလေးတစ်ယောက်လို သဘောထားတာမလို့
ပါးထုန်လေးကလည်း သခင့်ကို အရမ်းတွယ်တာခဲ့ပါတယ်။
တစ်နေ့မှာတော့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲက
ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုန်လေးကတော့
Tayခြင်းတရားဆိုတာကို နားမလည်ဘဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်ပြီးရင် စောင့်နေခဲ့ပါတယ်။
ပါးထုန်နဲ့ သခင်ဖြစ်သူ ပါမောက္ခချန်ကြားက
ကြည်နူးဖွယ်ရာ အခိုက်အတံ့လေးတွေကိုလည်း တွေ့မြင်ရမှာမလို့
ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ရဲ့ အကြည်သင့်ဆုံး ဇာတ်ကားတစ်ကားပါပဲ။
Fb link👇
https://m.facebook.com/groups/216360624261417/permalink/243163218247824/?mibextid=Nif5oz
19/06/2023
တစ်ခန်းမှကို ပစ်ရက်စရာမရှိတဲ့ကား ကောင်းတယ်ဆိုတာထက်ပိုပြီး အနှစ်တွေကြီးပေးသွားတဲ့ကား
အသက်မပြည့်သေးတဲ့ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့
ဘာသာရေးဆရာတစ်ယောက်‼️
IMDb rating 7.3 အထိရရှိထားပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု
ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဖြစ်ပါတယ်
အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို
အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့
မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို
အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ
ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့
ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့
အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ်
စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ
နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့
ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု
ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ်
ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ်
ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ်
ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့
အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့
ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ်
အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က
ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့
ခုဒီဇာတ်ကားထဲမှာလည်း ❗️ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့
အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို တရားစွဲတဲ့ပုံစံနဲ့ ရှယ်ဖဲ့ထားပါတယ်
ဒီဆရာသခင်ကြီးရဲ့ သောက်ကျင့်မကောင်းပုံတွေက ကိုယ်တိုင်ကြည့်ရင်
ပိုဒေါသထွက် ပိုခံပြင်းရမှာ သေချာပါတယ်😅
နောက်ပြီး အမှန်တရားဘက်မှာ ဘာဖြစ်ဖြစ်ရပ်တည်မယ်ဆိုတဲ့သူတွေအတွက်
ဒီကားကတော့ အားဆေးတစ်ခွက်ပါပဲ အဲ့တော့ ဘာသာရေးခုတုံးလိုက်ဂျင်းအတောင့်လိုက်ထည့်တာတွေ
နိုင်ငံရေး စီးပွားရေးသမားတွေရယ် နေရာတကာဝင်ပါတာတွေ
တရားခွင်မှာ အပြန်အလှန်နဲ့ မာန်ပါပါနဲ့အနိုင်ကျဲရတာတွေကို
ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက ဆန္ဒတွေဖြည့်ဆည်းပေးမဲ့
ချွေးသိပ်ဆေးလေးတစ်ခွက်ဆိုတာ ညွှန်းဆိုပေးလိုက်ပါတယ်
ဆင်ခြင်တုံတရားမပါတဲ့ ကိုးကွယ်မှုဆိုတာ အဆိပ်သက်သက်ပါပဲ
Sirf Ek Bandaa Kaafi Hai 2023
Telegram link💜
https://t.me/jzmovicenewchannel/414
Movie Link⏬⏬⏬
https://www.facebook.com/groups/1305715470363896/permalink/1307338970201546/?mibextid=Nif5oz
Credit....review
https://t.me/jzmovicenewchannel/414
Click here to claim your Sponsored Listing.
Category
Website
Address
Yangon