Zinnwewin

Zinnwewin

Share

shopping with us

05/11/2023

#အစွမ်းထက်မုံညှင်းဆီ

- ရင်တအားကျပ်သူများ
- အဆုတ်အ အေးပတ် နေသူများ ရင်ဘတ် လည်ပင်း ကျောကို စိမ့်ဝင်သွားအောင် လိမ်းပေးပြီး စောင်ပါးလေး
ခြုံနွေးနွေးထွေးထွေး နေပေးပါက ချွဲများ အလျင်အမြန် ပျော်ဆင်းသွားပါမယ် ။

မုံညှင်းဆီရဲ့ အကျိုးကျေးဇူး နောက်ထပ်လည်း
အများကြီးရှိပါသေးတယ် ။

#မုံညှင်းဆီအကျိုးကျေးဇူး

မုန်ညင်းဆီကို ခန္ဓာကိုယ်အနှံ့နှိပ်နယ်ပေးခြင်းဖြင့်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက် ရည်တွေကို
ချွေးအဖြစ်ထွက်လာအောင် လှုံ့ဆော်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

ဒါအပြင် အသားအရေ ခြောက်သွေ့တာတွေ နေ
လောင်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ဆောင်းတွင်းကာလမှာ ပို၍ အသုံး၀င်လှပါသည်။

မုန်ညင်းဆီဟာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်များကို နက်
မှောင်သန်စွမ်းလာစေရန်လည်း အသုံးပြုနိုင်ပါတယ်။

ခေါင်းကိုက်ဝေဒနာ ခံစားနေရရင် နားထင်ကို မုန်ညင်းဆီဖြင့် နှိပ်နယ်ပေးလိုက်ခြင်းဖြင့် သက်သာပျောက်
ကင်းစေနိုင်ပါတယ်။

နို့စို့ ကလေးငယ်များရဲ့ ၀မ်းဗိုက်၊ ရင်ဘတ်တို့ကို အသာအယာ ပွတ်လိမ်းပေးပါက ကလေးငယ်
များဖြစ်တတ်တဲ့ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းကို
သက်သာပျောက်ကင်းစေပါတယ်။

မုန်ညင်းစေ့နှင့် မုန်ညင်းဆီတို့ကို စားသုံးမှီဝဲပါက
အစာချေစနစ်ကို ကောင်းမွန်စေပြီးသွေးတိုးရောဂါ၊
နှလုံးရောဂါ၊ သွေးဆုံးကိုင်ဝေဒနာတို့ကို သက်သာ
စေကြောင်း လေ့လာတွေ့ရှိရပါသည်။

ပွေးနာ ယာနာများအတွက်လည်း
မုန်ညင်းဆီ၊ မရိုးရွက်ရည်၊ နနွင်းတက်
ထိုသုံးမျိုးကို ရောချက်ပြီး ဆီကျန်စစ်ပြီး
လူးပေးပါက သက်သာပျောက်ကင်းစေပါသည်။

ဇက်ကြောတက်၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်၊
ထုံနာကျဉ်နာ ဖြစ်ခဲ့ရင် မုန်ညင်းဆီကို လိမ်းပေး
ခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

မုန်ညင်းဆီသည် အိမ်တိုင်းတွင်
ဆောင်ထားသင့်တဲ့ သဘာ၀
ဆေးဖက်၀င်ဖြစ်တာကြောင့်
ဆောင်ထားဖို့ အကြံပြုတိုက်တွန်းပါရစေ။

ညအိပ်ယာမ၀င်မီ ၃မိနစ်ခန့် ခြေဖဝါးကို မုန်ညှင်းဆီ
ပွတ်လိမ်းခြင်းဖြင့်သွေတိုးခြင်းမှ ထိန်းပေးသည်။

အမျိုးသားခွန်အား တိုးစေသည်။

မှတ်ဥာဏ် အားကောင်းစေသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။

လန်းဆန်း တက်ကြွစေသည်။

အဆီကျစေသည်။

မျက်စိ အားကောင်းစေသည်။

မျက်စိ ပါဝါများသူအနေဖြင့် လျော့နည်းစေသည်။

အာရုံကြော အားနည်းသူများအတွက် သင့်လျော်သည်။

ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေသည်။

ဒူးနာ ခါးနာသူများ သက်သာစေသည်။

အစာအိမ်ရောဂါရှိသူများ အတွက် အထူး
သင့်လျော်သည်။

အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်သည်။

ခြေထောက် ဖောရောင်ခြင်းမှကာကွယ်ပေးသည်။

Photos from Zinnwewin's post 03/11/2023

ရာသီဥတုအပြောင်းလဲလေးလဲလာပီမနက်ဆိုပူပြီးညဘက်လေးလဲအေးလာပီဆိုတော့ ကိုယ်တွင်းအပူချိန်လေးတွေညီမျှဖို့ရွှေဆားလေးကိုဆောင်ထားဖို့လိုပီနော် ရွှေဆားနဲ့မလိုအပ်တဲ့အပူအဆိပ်တွေရှင်းထုတ်ဖို့ခြေရေစိမ်ပေးကြစိုနော်😊

14/10/2023

15.10.23 ရက်နေ့ကနေ သီတင်းကျွတ်လပြည့်နေအထိ 😊
ရွှေ ဆား ၃ ထုတ်နှင့်အထက်မှာယူသူတိုင်းကို deil free လေးဝန်ဆောင်မှု့ပေးမှာပါရှင် #
ရွှေဆား. ရွှေလာဘံနှစ်မျိုးလုံးအတူတူပါနော်😊

ဝါကျွတ်ကန်တော့ဖို့ဆို ရွှေစုံတွဲလေးကအဆင်​ပြေသောကျန်းမာရေးလက်ဆောင်လေးနော်😊

ရွှေဆား တစ်ထုတ် 4000ks
ရွှေလာဘံတစ်ဘူး.8000ks

#09740860687

Photos from Zinnwewin's post 13/10/2023
Photos from Zinnwewin's post 13/10/2023

ဝါကျွတ်မှာဖေဖေ.မေမေ.ဘိုးဘွားတွေကိုကန်တော့ဖို့ဆို ရွှေနှစ်ရွှေကိုသတိရလိုက်နော်😊

13/10/2023

ခြေဖဝါးရှိသူတိုင်း☺
ရွှေဆား တော့ဆောင်ထားသင့်တယ်နော် #

Photos from Zinnwewin's post 13/09/2023

မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင်။

အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြတယ်။

အာဖရိကတောင်ပိုင်း၊ လင်ပိုပို (Limpopo) ဆိုတဲ့ပြည်နယ်မှာ၊ တူးဆန် (Tooseng) ဆိုတဲ့ရွာလေးရှိတယ်။ အာဖရိကဆိုတော့ သိတဲ့အတိုင်းပဲ။ မိုးခေါင်ရေရှား၊ စားစရာရှားပါးတယ်။ အဟာရ ချို့တဲ့ကြတယ်။ ဒီဒါဏ်ကို ကလေးငယ်တွေ နှင့် သက်ကြီးတွေက ခါးစီးခံနေရတယ်။ သူတို့ရွာက ကလေးတွေမှာ အဟာရချို့တဲ့ မှုရောဂါတွေက မိခင်တွေ၊ ဖွားအေတွေ အတွက် ပြဿနာကြီးကြီးတစ်ရပ်ဖြစ်နေတယ်။

၂၀၀၀ ခုနှစ်မတိုင်ခင်က အာဖရ်ိကမှာ ဒီအပင် အကြောင်းကို သိပ်မသိကြသေး။ မက်သဘတ်သာ (Mathabatha) ဆိုတဲ့ အမျိုးသမီးဟာ ဒီအပင်အကြောင်းကို စပြီးကြားဖူးခဲ့တာ။ ရွာရဲ့ ဘာသာရေးဆရာ၊ ဂေါပကလူကြီးဆိုပါတော့၊ သူကပြောပြလို့ပေါ့။ ကလေးတွေ အဟာရချို့တဲ့ အကြောင်း သူ့ရှေ့မှာ ညီးတွားမိရာက ဒီအပင်အကြောင်း ဂေါပကလူကြီးက သူ့ကိုပြောပြခဲ့တာ။ မာလာဝီနယ်မှာတော့ ဒီအပင်က စိုက်ပျိုးဖြစ်ထွန်းနေသတဲ့။ သူတို့ဆီမှာရော ဖြစ်ပါ့မလားပေါ့။ သိတဲ့အတိုင်း မြေကညံ့၊ မိုးကခေါင်လို့ ဘာပင်မှ မဖြစ်တဲ့ နေရာမဟုတ်လား။ ဒါနဲ့ သူနည်းနည်း ထပ်ပြီး လေ့လာကြည့်တော့ ဖြစ်နိုင်သားပဲ ဆိုတာ သိလာတယ်။ ဒီ အပင်က အတော်ညံ့တဲ့ မြေမှာလည်း ဖြစ်တာပဲတဲ့။ ရေ နည်းနည်းပဲ ရလည်း ဖြစ်တာပဲတဲ့။ ဒူပေဒါပေ ပစ်ထားလည်း ရှင်တဲ့ အမျိုးပေါ့။

ပေါပေါပဲပဲ စိုက်သလိုဖြစ်ပေမယ့် နယ်နယ်ရရတော့ မဟုတ်ပြန်ဘူး။ သူ့အရွက်မှာ Vitamin C က လိမ္မော်သီးထက် ၇ ဆများသတဲ့။ Vitamin A က မုန်လာဥနီထက် ၄ ဆ။ Potassium ဓါတ်က ငှက်ပျော်သီးထက် ၃ ဆ။ Calcium ဓါတ်က နို့မှာပါတာရဲ့ ၄ ဆ။ Protein အသားဓါတ်က ဒိန်ချဉ်မှာပါတာထက် ၂ ဆ ပိုများတာဆိုပဲ။

ဟန်ကျပြီပေါ့။ သူတို့ဆီမှာ မိသားစု အတော်များများဆိုတာ အသားတို့၊ အသီးအရွက်တို့ စားရဖို့ရာ အတော်ခက်ခဲကြတာကိုး။ ဒါကြောင့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဗိုက်တာမင်တို့ သတ္တုဓါတ်တို့ ဆိုတာ မရကြတာက အများသား။ လူကြီးတွေ အတွက်ကျတော့ ဒါတွေက သက်စောင့်ဓါတ်တွေ မဟုတ်လား။

ဒါနဲ့ မက်သဘတ်သာ တစ်ယောက် ရွာထဲက ကလေးအမေတွေကို လှည့်စည်းရုံးတော့တာပဲတဲ့။ မပေါက်လည်း အရင်းပေါ့အေ…၊ ပေါက်တော့လည်း ကလေးတွေဖို့ စားစရာရ မနည်းဘူးပေါ့။ ဒါနဲ့ ကပ္ပလီမ တစ်သိုက် ထွန်ကြ၊ ယက်ကြ၊ စိုက်ကြ၊ ပျိုးကြ ပေါ့။ ၂၀၀၅ ခုနှစ် ထဲမှာ သူတို့ အပင် ၁၅၀၀ လောက် စိုက်လိုက်ကြတယ်။ ဘာမှ စိုက်မဖြစ်တော့ မြေလွတ်က ပေါတာကိုး။ ကံကောင်းတာက ဒီ အပင်ကလည်း ပေါက်တာပဲတဲ့။ ဒီလောက် အဆီအနှစ်မရှိ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာဆိုတော့ သူတို့အတွက်က ဘုရားပေးတဲ့ ပဒေသာပင်ဆိုရလေမလား။

စိုက်ပြီး ၁ လ ကျော်တာနဲ့ အရွက်ခူးစားလို့က ရနေပါပြီ။ အရွက်တွေခူး။ အခြောက်လှမ်း။ အမှုန့်ကြိတ်ပြီး ကလေးတွေ အတွက် အဓိကစားစရာအဖြစ် ထည့်ကျွေးကြတာပဲတဲ့။ အဲဒီလို ကျွေးတယ်ဆိုရင်ပဲ၊ နဂိုက သေးကွေးခြောက်ကပ်ပိန်လှီနေတဲ့ကလေးတွေဟာ သိသိသာသာ ဖွံ့ဖြိုးစိုပြေလာကြပါတော့တယ်။

အမယ် ဘယ်လောက်များ အောင်မြင်သလဲဆို မက်သဘတ်သာ တစ်ယောက် ၂၀၁၀ မှာ တောင်အာဖရိကအစိုးရကပေးတဲ့ Female Entrepreneur of the Year ဆုတွေဘာတွေရပြီး နာမည်ကိုကြီးရော။ တကယ်တော့ ဒီအပင်က ကျနော်တို့ မြန်မာတွေနဲ့ မစိမ်းပါဘူး။ တစ်သက်လုံးက အထင်လည်းမကြီးခဲ့တဲ့ အပင်ပါ။ ဒါကတော့ ဒန့်ဒလွန် ပင်ပါပဲ။ မက်သဘတ်သာ တစ်ယောက် ဒီ ဒန့်ဒလွန်ရွက်တစ်မျိုးတည်းနဲ့ အာဖရိက ကလေးတွေရဲ့ အဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းနိုင်ခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်ခဲ့တာပေါ့။
နောက်တော့ သူက All-women Organization ဆိုပြီး အဖွဲ့တွေထောင်တယ်။ ဒန့်ဒလွန်ပင်တွေ တောထအောင် စိုက်တယ်။ အသားမစားနိုင်၊ ဟင်းသီးဟင်းရွက် မဝယ်နိုင်တဲ့ ကပ္ပလီတွေ ဒန့်ဒလွန်အရွက်၊ အသီး ချည်းသာလှိမ့်စားကြတာပဲတဲ့။ ရွာက ကလေး လူကြီးအစုံလည်း စိုပြေနုထွားလာတာပေါ့။ သူလည်း ကြော်ငြာစရိတ်မကုန်ပဲ၊ ရွာသားတွေပြပြီး ကမ႓ာအနံ့ကို ဒန့်ဒလွန်ရွက်အမှုန့်တွေ ရောင်းစားခွင့် ရလာတာပေါ့။

၂၀၁၁ ဒေတာအရ၊ သူတို့ All-women Organization က ဒန့်ဒလွန်ရွက်ရောင်းပြီး ဆင်းရဲသား မိသားစုပေါင်း ၃၀၀ ကျော် နှင့် မိဘမဲ့ ကလေး ၃၅၀ ကျော် ကို ထောက်ပံ့ပေးနိုင်နေပြီ။ နောက်ထပ် အပင်ပေါင်း ၃၀၀၀ ကျော်လည်း ထပ်စိုက်ထားပါတယ်။ Google မှာ Mavis Mathabatha အကြောင်းကို ရှာဖတ်လို့ ရပါတယ်။ သူ့တည်ထောင်တဲ့ All-women Organization က သူတို့ ဘာသာနဲ့ Sedikong sa Lerato ဆိုပြီး ရှာကြည့်ရင် တွေ့ပါတယ်။

Mavis Mathabatha ကိစ္စလူသိများလာတော့ University of Fort Hare က ပညာရှင်တွေ အာဖရိကကိုပြေးကြည့်ကြတာပေါ့။ ခါတိုင်း မဲခြောက်ပိန်ကပ်နေတဲ့သူတွေ ခုတော့ စိုပြေဖွံ့ထွားနေတာ လက်တွေ့ မြင်ရတော့ ယုံကြပြီလေ။ ရွာသားတွေကလည်း တစ်ယောက် တစ်ပေါက် ဒန့်ဒလွန်အစွမ်း အံ့မခန်းကို ပြောပြကြတာပေါ့။ ဒါနဲ့ ဒန့်ဒလွန်ရွက်တွေ ခူးပြီး University of Fort Hare ကိုပြန်ကြပါရော။

၂၀၁၁ မှာ၊ သုတေသနစာတမ်းတစ်စောင် ထွက်လာခဲ့တယ်။ Mathabatha တို့ ရွာကလူတွေ ဒီလိုစိုပြေထွန်းကားလာတာ တခြားကြောင့်မဟုတ်၊ ဒန့်ဒလွန်ရွက်ကို အမှုန့်ကြိတ်စားလို့ ပါပဲတဲ့။ ဒန့်ဒလွန်ရွက်ထဲမှာက လူတစ်ယောက်အတွက် လိုအပ်တဲ့ အဟာရဓါတ်တွေရဲ့ အားလုံးနီးပါး ပါနေတာလို့ဆိုတယ်။ ဒါ့အပြင် ရောဂါကာကွယ်တဲ့ သက်စောင့်ဓါတ်တွေကလည်း အလွန်ပေါသတဲ့။ ဝမ်းသာဖို့အကောင်းဆုံးသတင်းက သူ့ဆီမှာ ကင်ဆာကာကွယ်တဲ့ Antioxidant တွေ အများကြီးပါတယ်။ သူ့တစ်မျိုးတည်းစားပြီး နေမယ်ဆိုရင်တောင် ကျန်းကျန်းမာမာ အသက်ရှည်နိုင်ပါတယ်တဲ့။ သူက ဆေးမဟုတ်ပဲ၊ အစာလို စားနိုင်တာက တခြား ဆေးဖက်ဝင်အပင်တွေထက် သာတဲ့ အချက်ပါပဲ။

ခုချိန်မှာတော့ All-women Organization ဟာ ဒန့်ဒလွန်ရွက် အော်ဒါတွေကို မနိုင်မနင်းဖြစ်နေပါပြီတဲ့။ အရင်က အရွက်ခြောက်ကို ဆုံနဲ့ထောင်းကြတာ၊ အခုတော့ မထောင်းနိုင်တော့လို့ အမှုန့်ကြိတ်စက်ရုံတည်ထားရပါသတဲ့။ သူတို့ ဆီမှ အဟာရချို့တဲ့နေတဲ့ ကလေးတွေ မရှိခဲ့တာတော့ ကြာပြီပေါ့။
အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြတယ်။ ဒန့်ဒလွန်ရွက်ကို “Superfood” လို့ သမုတ်ကြတယ်။

==========
ကဲ….။ ကျနော်ကတော့ ကိုဗစ်ကြောင့် ဝင်ငွေမရှိလည်း သိပ်မပူတော့ဘူး။ စစ်ကြီးဖြစ်လည်း ကျရာကဏ္ဍကနေ အားပေးဖို့သာရှိတယ်။ ဆန်တွေ ဆီတွေ ပြေးမဝယ်တော့ဘူး။ ခြံထဲမှာ ဒန့်ဒလွန် အပင် ၅၀၀ ရှိတယ်။ ဒီတစ်မျိုးထဲစားလည်း အသက်မသေသည့်အပြင်၊ အလှတောင် မပျက်ဘူးဆိုတာ သေချာနေမင့်ဟာပဲလေ..။

ကျနော့ မိတ်ဆွေများလည်း နေရာလေးရှိရင် စိုက်ထားကြည့်ဖို့ တိုက်တွန်းပါတယ်။ ၆ လ ဆို ပန်းပွင့် အသီး သီးပြီ။ အရွက်ကတော့ ၂ လ သားဆို စားရပြီ။ ဖြတ်စားလေ ကိုင်းထွက်လေ နုလေပဲ။ မိသားတစ်စုမှာ တစ်ပင်တော့ ရှိသင့်တဲ့ အပင်မို့ပါ။ ဒါက ပျိုးပင်ရောင်းတဲ့ ပိုစ့်တော့ မဟုတ်ဘူးနော်…။ အပင်စိုက်ခိုင်းတာပါ။

မိတ်ဆွေကောင်းအသိုင်းအဝိုင်း နှင့် ကိုယ်ခံအားဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို့ မရနိုင်ဘူး မဟုတ်လား..။

Courtesy - Moringa Myanmar

Page👇👇
https://www.facebook.com/profile.php?id=100077450802364

Photos from Zinnwewin's post 12/09/2023

ကဲအမျိုးတို့ရေ ခြေဖနောက်အတက်ပေါက်လို့

ဆူးရှနေအောင်နာကျင်နေတဲ့သူရှိလား

လမ်းလျှောက်လိုက်တိုင်း ခဲလုံးနင်းမိသလို ဖြစ်နေတဲ့သူတွေရှိကြလား

ကိုယ့်အတွက်အသုံးမဝင်ပေမဲ့ ခြေဖနောင့်

အတက်ပေါက်ပြီး နာကျင်ခြင်းဝဲဒနာကို ခံစားနေရ

တဲ့သူတွေအတွက် ဒီသတင်းကောင်းလေးကို share ပေးခြင်းဖြင့်ကူညီပေးပါ

5 နှစ်လောက်ခြေဖနောင့်အတက်ပေါက်သလိုဖြစ်ပြီး ဆူးရှနေအောင်ခံစားနေရတဲ့ ဝေဒနာ

ဆေးခန်းပြတာမသက်သာဘူးတဲ့

ဟောဒီက #ရွှေဆားနဲ့မှ သက်သာသွားပြီတဲ့

သုံးစွဲသူရဲ့ ဖြစ်ရပ်မှန်လေးကို ပြန်လည်

ဝေမျှလိုက်ပါတယ်ရှင့်
#09740860687

11/09/2023

#ကြောင်လျှာသီးက ဆေးဖက်ဝင်သလား

မီးလေး အုံးစားစား၊ ပြုတ်ပြီး တို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ် စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့ သုပ်စားရစားရ ခံတွင်းတွေ့တဲ့ ကြောင်လျှာသီးကို ကြိုက်ကြသူလေးတွေ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

#ကြောင်လျှာသီး ဆိုတာ
ခပ်ရှည်ရှည် ခပ်ထူထူ ပုံစံရှိပြီး အစိမ်းရောင် ဒါမှမဟုတ် အညိုရောင် ရှိပါတယ်။ အရသာက ခါးသက်သက် ပူရှိန်းရှိန်းလေး ရှိပါတယ်။ အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသေချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ်။

#ကြောင်လျှာသီးရဲ့ ဆေးဖက်ဝင်ပုံက

ခါးသက်သက် အရသာရှိတဲ့ ကြောင်လျှာသီးကဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်ကြောင်လျှာသီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကြောင့် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။

#ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတယ်

ကြောင်လျှာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

#ရောင်ရမ်းမှုကို သက်သာစေတယ်

ကြောင်လျှာသီးကို နာတာရှည် ရောင်ရမ်းတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ အဆစ်နာသူတွေအတွက် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။

#အသည်း ကျန်းမာစေတယ်

ကြောင်လျှာသီးက အသည်း ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးတွေ သောက်သုံးရတာကြောင့် အသည်း ထိခိုက်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

#ကျောက်ကပ် ကျန်းမာစေတယ်

ကြောင်လျှာသီးက ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ကျောက်ကပ် ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေပြီး ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

#ဆီးချို သက်သာစေတယ်

ကြောင်လျှာသီးကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

#ကိုယ်ခံအား ကောင်းစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကြောင်လျှာသီး စားသုံးတာက ကိုယ်ခံအား ကောင်းစေမယ့် စားသောက်နေထိုင်မှု တစ်ခုပါ။

#အစာခြေစနစ် ကျန်းမာစေတယ်

အစာခြေ အက်ဆစ်ကို ထိန်းညှိပေးပြီး ရင်ပူတာ၊ အစာမကြေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။

#ကင်ဆာ ကာကွယ်ပေးတယ်

ကြောင်လျှာသီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက လူတိုင်း ကြောက်ကြတဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတာပါ။ ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်စွမ်း ရှိပါသေးတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


အမှတ် ၁၁၂၁ တောင်ဒဂုံ
Yangon
11111