LifeQueen by Thida
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LifeQueen by Thida, Health/Beauty, 745, Thumade Dar 19street, 1Block, Yangon.
12/08/2024
Lifequeen cosmetic လေးတွေ ဈေးတက်သွားပါပီရှင့်
#ဖူးဖူးမေမေ
#745သုမိတ္တာ၁၉လမ်း၁ရပ်ကွက်မြောက်ဥက္ကလာပ
13/04/2024
#အတာစားတဲ့အင်္ဂါ
အတာစားတယ်ဆိုပြီးစိတ်ပူနေတဲ့အင်္ဂါသားသမီးအတွက်မေတ္တာစေတနာထားပြီးpostလေးရေးလိုက်ပါတယ်☝️
ပထမဦးစွာ အင်္ဂါသားသမီးများဂရုပြုရမှာ
မိမိရဲ့အခုမြန်မာကောဇာ၁၃၈၆ခုနှစ်မှာ
မိမိအသက်က အညံ့နှစ်တွေရောက်နေလားစစ်ကြည့်ရပါမယ်☝️
မိမိက (၂)ကြွင်းဖြစ်ခဲ့ပါက မရဏ ဘုမ္မိ ကျတဲ့နှစ် ဖြစ်နေလား စစ်ကြည့်ပါ
(၂)ကြွင်း အင်္ဂါ မရဏ ဘုမ္မိ နှစ်များ👇
(၁၂-၂၀-၂၈-၃၆-၄၄-၅၂-၆၀-၆၈-၇၆)
နောက်တခုက အညံ့ဆိုးကြီးနှစ်လား👇
၂၇-၃၅ (စနေ၂ထပ်)
စိတ်ရုပ်ဥပါဒ်ဘေးဖြစ်လွယ်ပါတယ်
၄၄-၅၂(ဘုမ္မိ၂ထပ်)
အမူအခင်းဖြစ်လွယ်ခြင်း
၃၉-၄၇-၅၅(ဘုမ္မိကြီး)
ရှိပစ္စည်းကုန် ဂုဏ်သိက္ခာကျ အရှက်ကွဲ
တတ်ပါတယ်
အကယ်၍ ဖေါ်ပြပါနှစ်များမပါ ပါက မိမိအနေနဲ့ အရမ်းအညံ့တယ်လို့ မယူဆသင့်ပါ
ဘာဖြစ်ဖြစ် အတာစားနေသော အင်္ဂါများ တွေအတွက် သင်္ကြန် အတာစားယတြာလေးပေးပါမယ်
#အတာစားသောအင်္ဂါသားသမီးအတွက်ယတြာ
၁)သင်္ကြန် အကြိုနေ့မှာ မိမိအိမ်သားများအတွက်တအိုး အင်္ဂါ သားသမီးအတွက်တအိုး
၂)ထိုအိုးထဲမှာ (၇)နေ့နမ်အညွှန့်များနဲ့ပေါင်းပြီး အင်္ဂါ သားသမီးရဲ့ ဆောင်ပန်းထည့်ပြီး
သိကြားမင်း ကိုကြိုပြီး အင်္ဂါသားသမီးဒီနှစ်ဘေး ကင်းလုံခြုံအောင်စောင့်ရှောက်ပေးပါ
ဆုတောင်း ပါ🙏
၃)နှစ်ဆန်းတစ်ရက် နေ့ ပန်းများပြန့်စွန့် အသစ်လဲ၍ ပရိတ်ရွတ်သည့်အခါမှာ ထည့်ပေးပါ ပြန်စွန့်သည့်အခါမှာ အိမ်တံခါးဝမှာ
အင်္ဂါ သား ညာဘက်မှာချည်ပါ အင်္ဂါသမီးဆိုရင် ဘယ်မှာချည်ပါ
ဘေးအန္တရာယ် ကင်း၍ ကျန်းမာ လာဘ်ရွှင် ရန် ဆုတောင်း ပါ🙏
သင်္ကြန် ရက်အတွင်းအညံ့အဆိုးများပျောက်စေရန်
#နမောတေဂါတာကိုတနေ့ ၄၅ ခေါက်ရွတ်ပါ🙏🙏🙏
၂။နမော တေ ဗုဒ္ဓ ဝိရတ္ထု ၊
ဝိပ်ပမုတ်တော သိ သဗ်ဗဓိ ၊
သမ္ဗာဓ ပဋိပန္နော သိ္မ ၊
တဿ မေ သရဏံ ဘဝ။
(သက်စေ့ရွတ်ရပါမယ်)
၃။တ ထာ ဂတံ အရဟန်တံ၊
သူရိယာ သရဏံ ဂတော၊
ရာဟု သူရိယံ ပမုစ်စဿု၊
ဗုဒ္ဓာ လောကာ နကမ္မကာ။
(၁ ခေါက်ရွတ်ပါ)
(သူရိယာ)(သူရိယံ) နေရာမှာမိမိနံမည်
ထည့်ရွတ်ပါ
#ရခိုင်မှအသျှင် ခေမာစာရ မှ မြန်မာအသံထွက်အနီးစပ်ဆုံးပြန်ပေးထားပါတယ်🙏
(နမော တေ ဗုဒ်ဓ ဝိရတ်ထု
ဝိပ်ပမုတ်တော သိ သဗ်ဗဓိ
သမ်ဗာဓ ပဋိပန်နော သမိ
တသ်သ မေ သရဏံ ဘဝ
တထာဂတံ အရ ဟန်တံ
သူရိယာ သရဏံ ဂတော
ရာဟု သူရိယံ ပမုစ်စသ်သု
ဗုဒ်ဓာ လောကာ န ကမ်မကာ။)
(အသံထွက်
တသ်သ=တက်သ
စသ်သု=စက်သု)
#အင်္ဂါသားသမီးများ၏ဆောင်ပန်း👇
(၁)ကြွင်း -(၂)ကြွင်း=(ထန်း/ထိန်/တယ်/ဒန်း /နာနတ် )မိမိအဆင်ပြေရာတမျိုးကို
၁၀ညွှန့်
(၃)ကြွင်း-(၄)ကြွင်း-(၆)ကြွင်း=(အုန်း) ၆ညွှန့်
(၅)ကြွင်း-သုညကြွင်း=(ရွက်လှ) ၁၇ညွှန့်
(၅)ကြ
💦💦💦💦💦💦💦💦💦
(၇)ရက်သားသမီးများ၏မွေးဖွားသည့်မြန်မာသက္ကရာဇ်အကြွင်းများ💦💦💦
💦(၁)ကြွင်းနေသောခုနှစ်များ💦
၁၃၀၃-၁၃၁၀-၁၃၁၇-၁၃၂၄-၁၃၃၁-၁၃၃၈-၁၃၄၅-၁၃၅၂-၁၃၅၉-၁၃၆၆-၁၃၇၃-၁၃၈၀
💦(၂)ကြွင်းနေသောခုနှစ်များ💦
၁၃၀၄-၁၃၁၁-၁၃၁၈-၁၃၂၅-၁၃၃၂-၁၃၃၉-၁၃၄၆-၁၃၅၃-၁၃၆၀-၁၃၆၇-၁၃၇၄-၁၃၈၁
💦(၃)ကြွင်းနေသောခုနှစ်များ💦
၁၃၀၅-၁၃၁၂-၁၃၁၉-၁၃၂၆-၁၃၃၃-၁၃၄၀-၁၃၄၇-၁၃၅၄-၁၃၆၁-၁၃၆၈-၁၃၇၅-၁၃၈၂
💦(၄)ကြွင်းနေသောခုနှစ်များ💦
၁၃၀၆-၁၃၁၃-၁၃၂၀-၁၃၂၇-၁၃၃၄-၁၃၄၁-၁၃၄၈-၁၃၅၅-၁၃၆၂-၁၃၆၉.၁၃၇၆
💦(၅)ကြွင်း နေသောခုနှစ်များ💦
၁၃၀၇-၁၃၁၄-၁၃၂၁-၁၃၂၈-၁၃၃၅-၁၃၄၂-၁၃၄၉-၁၃၅၆-၁၃၆၃-၁၃၇၀-၁၃၇၇
💦(၆)ကြွင်းနေသောခုနှစ်များ💦
၁၃၀၈-၁၃၁၅-၁၃၂၂-၁၃၂၉-၁၃၃၆-၁၃၄၃-၁၃၅၀-၁၃၅၇-၁၃၆၄-၁၃၇၁-၁၃၇၈
💦သုညကြွင်း နေသောခုနှစ်များ💦
၁၃၀၉-၁၃၁၆-၁၃၂၃-၁၃၃၀-၁၃၃၇-၁၃၄၄-၁၃၅၁-၁၃၅၈-၁၃၆၅-၁၃၇၂-၁၃၇၉
💦💦💦💦💦💦💦💦💦
Sayar Htoo Naing
09796539590
Credit 🙏🙏🙏🙏🙏
#၇၄၅သုမိတ္တာ၁၉လမ်း၁ရပ်ကွက်မြောက်ဥက္ကလာပ
13/04/2024
#ခေါင်းဆေးခြင်းမင်္ဂလာနှင့်
#အတာစားသူများအတွက်ဆောင်ရန်ရှောင်ရန်များ
နှစ်သစ်အခါသမယမှာ ကံ၏ကောင်းခြင်းများစွာ ရရှိစေရန် မကောင်းသည့်ကံအညံ့များ ဆေးကြောဖယ်ရှားပစ်ရန် အလို့ငှာ ဤသို့ ခေါင်းဆေးခြင်း မင်္ဂလာကို လာမည့် နှစ်ဆန်းတစ်ရက်နေ့တွင် ပြုကြရသည်။
ကောဇာသက္ကရာဇ် ၁၃၈၆ခုနှစ်တွင် အင်္ဂါသားသမီးများ အတာစားမှာ ဖြစ်ပြီး မကောင်းမူ့တွေရှောင်ရှားကာ ကောင်းမူ့များစွာပြုလုပ်လျင် ကောင်းကျိုးတွေ ပို၍ ပေးနိုင်ပါလိမ့်မည်။
အခါတွင်း အကြိုနေ့မှ စ၍ နှစ်ဆန်းတစ်ရက်နေ့အထိ အတာအိုးထိုးထားရမည်။
နှစ်ဆန်းတစ်ရက်နေ့မှာ ခေါင်းဆေးခြင်းမင်္ဂလာ ပြုလုပ်ပြီး ကုသိုလ်ကောင်းမူ့တွေ ပြုလုပ်ရမည်။
ငါးပါးသီလနှင့် ကံသုံးပါး စောင့်ထိန်းရမည်။
အကုသိုလ်ဖြစ်စေနိုင်တဲ့ ကိစ္စများ အထူးရှောင်ကြဥ်ရမည်။
၇ရက်သားသမီးများ မည်သည့်နေ့နံမဆို စောင့်ထိန်းနိုင်ပေးလျင် အကောင်းဆုံးဖြစ်ပေသည်။
-------------------------------------------
အတာစားသူများ ရှောင်ရန်
အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင်
၁။သားကြီးငါးကြီးများနှင့်ခြေလေးချောင်းသားများ
စားခြင်း ရှောင်ကြဥ်ရမည်။
၂။မေထုန်အမှုပြုခြင်း ရှောင်ကြဥ်ရမည်။
၃။သူတစ်ပါးအသက်သတ်ဖြတ်ခြင်းနှင့်စေခိုင်းခြင်း အားပေးချီးမြောက်ခြင်း ရှောင်ကြဥ်ရမည်။
၄။ မူးယစ်စေသောအရာများ သောက်သုံးပြုလုပ်ခြင်း ရှောင်ကြဥ်ရမည်။
၅။ ခိုက်ရန်စကားများခြင်း၊သွေးထွက်သံယိုဖြစ်ခြင်းများ ရှောင်ကြဥ်ရမည်။
၆။သစ်ပင်ခုတ်ခြင်း၊ ပစ္စည်းသိုလှောင်ခြင်းများ ရှောင်ကြဥ်ရမည်။
------------------------------------------------
ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်
တနင်္ဂနွေသားသမီး
အနောက်အရပ်ကို မျက်နှာမူ၍ ဆီးညွှန့် ၃ညွှန့်ကို ဘယ်ခြေနဲ့နင်းပါ။ဝါးညွှန့် ၄ညွှန့်ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် မေမြို့ ၅ပွင့်၊သပြေ ၆ညွန့်၊ကံ့ကော်၂ညွန့် ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
အနောက်အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး တောင်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၆တိုင်၊အမွှေးတိုင် ၆တိုင်၊သောက်တော်ရေ ၆ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့ နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက် ၆နာရီမှ ၇နာရီခွဲအတွင်း / နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာသားသမီး
မြောက်အရပ်ကို မျက်နှာမူ၍ ဝါးညွန့် ၄ ညွှန့်ကို ဘယ်ခြေနဲ့နင်းပါ။မြေစာ ၅ညွန့် ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် သပြေ ၆ညွန့်၊နှင်းဆီ ၇ပွင့်၊စံပယ် ၃ကုံး(မရရင် ၃ညွန့်) ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
မြောက်အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး အနောက်တောင်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၁၅တိုင်၊အမွှေးတိုင် ၁၅တိုင်၊သောက်တော်ရေ ၂ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။(မီး သတိပြုပါ ဂြိုလ်အရေအတွက် ၂တိုင်ဆိုလည်းရပါသည်)
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့
နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက် ၆နာရီမှ ၇နာရီခွဲအတွင်း / နံနက် ၁၀နာရီခွဲမှ ၁၂နာရီအတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါသားသမီး
အနောက်တောင်အရပ်ကို မျက်နှာမူ၍ မြေစာ ၅ညွှန့်(မရှိရင် ပိန်းပန်း)ကို ဘယ်ခြေနဲ့နင်းပါ။သီးညွန့် ၆ညွန့်ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် နှင်းဆီ ၇ပွင့်၊အုန်း ၁ညွန့်၊ရွက်လှ ၄ညွန့် ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
အနောက်တောင်အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး အနောက်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၈တိုင်၊အမွှေးတိုင် ၈တိုင်၊သောက်တော်ရေ ၈ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့
နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက် ၇နာရီခွဲမှ ၉နာရီအတွင်း / နံနက် ၁၀နာရီခွဲမှ ၁၂ နာရီအတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူးသားသမီး
အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ သီးညွန့် ၆ညွန့်ကို ဘယ်ခြေနဲ့နင်းပါ။ဒန်းညွန့် ၇ညွန့်ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် အုန်း ၁ညွန့်၊ကံ့ကော် ၂ညွန့်၊မေမြို့ ၅ပွင့် ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
အရှေ့မြောက်အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး အနောက်မြောက်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၁၇တိုင်၊အမွှေးတိုင် ၁၇တိုင်၊သောက်တော်ရေ ၄ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။(မီး သတိပြုပါ ဂြိုလ်အရေအတွက် ၄တိုင်းဆိုလည်း ရပါသည်)
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့
နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက် ၉နာရီမှ ၁၀ နာရီခွဲ အတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေးသားသမီး
အရှေ့အရပ်ကို မျက်နှာမူ၍ ဒန်းညွန့် ၇ညွန့်ကို ဘယ်ခြေနဲ့နင်းပါ။အုန်းညွန့် ၁ညွန့်ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် ကံ့ကော် ၂ညွန့်၊စံပယ် ၃ကုံး(မရရင် ၃ညွန့်)၊သပြေ ၆ညွန့် ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
အရှေ့အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး အရှေ့မြောက်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၁၉တိုင်၊အမွှေးတိုင် ၁၉တိုင်၊သောက်တော်ရေ ၅ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။(မီး သတိပြုပါ ဂြိုလ်အရေအတွက် ၅တိုင်လည်း ရပါသည်)
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့
နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက်၆နာရီမှ ၇နာရီခွဲ အတွင်း / နံနက်၉ နာရီမှ ၁၀နာရီခွဲ အတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
သောကြားသမီး
အရှေ့တောင်အရပ်ကို မျက်နှာမူ၍ အုန်းညွန့် ၁ညွန့် ကို ဘယ်ခြေနဲ့နင်းပါ။ကြံညွှန့် ၂ညွန့် ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် စံပယ် ၃ကုံး၊ရွက်လှ ၄ညွန့်၊နှင်းဆီ ၇ပွင့် ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
အရှေ့တောင်အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး အရှေ့တောင်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၂၁တိုင်၊အမွှေးတိုင် ၂၁တိုင်၊သောက်တော်ရေ ၆ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။(မီး သတိပြုပါ ဂြိုလ်အရေအတွက် ၆တိုင်လည်း ရပါသည်)
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့
နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက် ၇နာရီခွဲမှ ၉နာရီအတွင်း နံနက်၁၀နာရီခွဲမှ ၁၂နာရီအတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
စနေသားသမီး
တောင်အရပ်ကို မျက်နှာမူ၍ ကြံညွှန့် ၂ညွန့်ကို ဘယ်ခြေနဲ့နင်းပါ။ဇီးညွန့် ၃ညွန့်ကို ညာခြေနဲ့နင်းပါ။
လင်ဗန်းထဲတွင် ရွက်လှ ၄ညွန့်၊မေမြို့ ၅ပွင့်၊အုန်းညွန့် ၁ညွန့် ထည့်၍ အသင့်ပြင်ထားပါ။
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပြီး စင်အောင်ရေဆေးပါ။ပြီးလျင် အသင့်ပြင်ထားတဲ့ ပန်းများပေါ်သို့ ရေအနည်းငယ်ဖြင့် ခေါင်းဆေးရင်း ကံဇာတာများကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါ။
နင်းထားတဲ့ပန်းတွေကို အခြားတယောက်ကယူပြီး
တောင်အရပ်သို့ စွန့်ပစ်ခိုင်းပါ။လင်ဗန်းထဲက ပန်းတွေကိုတော့ မိမိကယူပြီး မြောက်အရပ်သို့ စွန့်ပစ်လိုက်ပါ။
ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပြီးနောက် နေအိမ်ဘုရားမှာ ဖယောင်းတိုင် ၁၀တိုင်၊အမွှေးတိုင် ၁၀တိုင်၊သောက်တော်ရေ ၁၀ခွက် ကပ်လှူ၍ ငါးပါးသီလခံယူကာ မေတ္တာပို့ အမျှဝေပြီး
ကံဇာတာများ ကောင်းမွန်ပါစေကြောင်း ဆုတောင်းပါခဗျ။
အချိန်အခါက အခက်အခဲရှိတဲ့သူတွေအတွက်တော့
နှစ်ဆန်းတစ်ရက်နေ့၏ နံနက်စောစော အဆင်ပြေတဲ့အချိန်ပြုလုပ်နိုင်သည်။
အချိန်အတိအကျ ပြုလုပ်လိုသူတွေကတော့ နံနက်၇နာရီခွဲမှ ၉နာရီအတွင်း မိမိအဆင်ပြေသည့် အချိန်ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးပဲ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့
နှစ်ဟောင်းမှ ကံအညစ်အကြေးများ ပြောင်စင်အောင် ဆေးကြောသန့်စင်နိုင်ပြီး နှစ်သစ်၏ ကံကောင်းခြင်းများစွာ ဆုလာဘ်များကို ရရှိပြီး ကုသိုလ်တရား တိုးပွားကာ
ဘဝင်နှလုံး ရွင်ပြုံးကြည်သာ ရှိကြပါစေ........။
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အပေါင်းတို့အား
အစဥ်လေးစား ရိုသေလျက်....
Htet Myat Aung(မြန်မာရိုးရာ ဗေဒင်ပညာ)
Credit 🙏🙏🙏🙏🙏
#၇၄၅သုမိတ္တာ၁၉လမ်း၁ရပ်ကွက်မြောက်ဥက္ကလာပ
13/04/2024
#သင်္ကြန်အိုး (ခ)
#အတာအိုးအကြောင်း
သင်္ကြန်ရောက်လာခြင်းနှင့်အတူ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအရ အတာအိုး၊ သင်္ကြန်အိုး (ပရိတ်အိုး) များကို အိမ်တိုင်းလိုလို ပြုလုပ်လာကြတယ်။ ဒီနေရာမှာ ဘာသာတရားနဲ့ယဉ်ကျေးမှုကို ရောထွေးလို့မရပါဘူး။
အိုးအတွင်းထိုးဖို့အတွက် အတာပန်းများမှာ
• တနင်္ဂနွေ အုန်းရွက်၊ သြဇာရွက်
• တနင်္လာ ကံ့ကော်၊ ခရေ
• အင်္ဂါ ဇီးရွက်
• ဗုဒ္ဓဟူး ရွက်လှ၊ ရေတမာ
• ကြာသပတေး မြေဇာ၊ မာလကာရွက်
• သောကြာ သပြေပန်း
• စနေ တမာရွက်၊ ဒန်းပန်း
အစရှိသဖြင့် နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့
၇ နေ့နံပန်းနဲ့ပါ။ တချို့ကလဲ ပတ်၀န်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ ကြံ စသည်ဖြင့် ထည့်ကြတယ်။
သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး
နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပြီးအန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ အတာအိုး နဲ့ အတာပန်း ကနေ ပရိတ်အိုး နဲ့ ပရိတ်ပန်း အဖြစ် အသွင်ကူးပြောင်းပြီး မိမိတို့အိမ် ပတ်ပတ်လည်မှာ ပရိတ်ပန်း၊ ပရိတ်သဲ တွေနဲ့ ကာရံပြီး
အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိပါတယ်။
သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့။
မြန်မာသင်္ကြန်ပွဲတော်များအစပုဂံခေတ်က ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီ သိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။
📍 ရှောင်ကြဉ်ဖွယ်ရာအဖြာဖြာ
ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။ အဲဒါတွေက သင်္ကြန်အခါမှာ ......
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။
(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက် သွေးထုတ်ခြင်း။
(၇) ဆီလိမ်း ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။
(သူ့ခေတ် သူ့အခါ၊ သူ့ဓလေ့ထုံးစံ၊ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။)
သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊
အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။
📍 သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ၊ အတာစား ဟူသော ဝေါဟာရတို့ကို
ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ်။
အတာဟူသည် လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အန္တ - အဆုံးဟူသော ပါဠိပုဒ်မှ အတာဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။ ယင်းအလိုအားဖြင့် အတာဟူသည် နောက်ဆုံးကာလ၊ အကျပိုင်းကာလကို ဆိုလိုပါတယ်။
📍အတာရက္ကိုဤသို့ဆို
အတာရက်မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် အတာသင့်သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။ အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် အတာစားရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန်၊ သန့်ရှင်းစွာဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း၊ လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။
📍 အတာစားခြင်းအကျိုးအမျိုးမျိုး
အတာစားခြင်း၏ အကျိုးကား အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် ဟု မှတ်သားရဖူးပါတယ်။
📍အတာအိုးအတာပန်း
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။ အညာနယ်ဘက်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ
နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါသည်။
Credit to Myanmar Gezette
အိမ်ရှင်မ မှတ်စု
Credit photo
🙏🙏🙏🙏🙏
#၇၄၅သုမိတ္တာ၁၉လမ်း၁ရပ်ကွက်မြောက်ဥက္ကလာပ
13/04/2024
သင်္ကြန် မှာ ပြုလုပ် ရမည့်အရာများ..
🍀 အကြို နေ့မှာ မိမိ နေအိမ်ရှိ ဘုရား ကို ရေသပ္ပါယ်ပါ
ဘုရားကျောင်းဆောင် ပေါ်ရှိ မလိုအပ် သည့်ပစ္စည်း များနှင့် အမှိူက်များ ရှင်းလင်းပြီး ဘုရားကျောင်းဆောင်တခုလုံး ကြည်ညိုစဖွယ် ဖြစ်အောင်ထားပါ (ထိုနေ့မှာ မေတ္တာသု တ် ရွတ်ပွားပါ)
🍀သင်္ကြန်အကျနေ့မှာ နေအိမ်ဘုရားကို သက်ရှိ ထင်ရှား
ရှိနေသကဲ့သို့ သဘောထားပြီး ဆွမ်း ကပ် ပေးပါ...
ထို့နည်းအတူ မြတ်စွာဘုရားရဲ့ သားတော်များဖြစ်ကြတဲ့
ရဟန်း သံဃာတို့အား ဆွမ်းဂျိုင့်ပို့ခြင်း ဆွမ်းစား ပင့်
ခြင်း စတဲ့ကောင်းမှူ ဒါနများ ပြုလုပ်ပေးပါ(ထိုနေ့မှာ ရတနသုတ် ရွတ်ပွားပါ)
🍀သင်္ကြန် အကြတ်နေ့မှာ နေအိမ် သို့မဟုတ် လမ်းထဲ
ရပ်ကွက်ထဲရှိ အဖိုးအဖွား များကို ခေါင်းဆေး
မင်္ဂလာ ပြုပေးခြင်း လက်သည်း ခြေသည်း ညှပ် ပေးခြင်းများ
ပြုလုပ်ပေးပါ...... ထိုနေ့မှာဘဲ မိမိ ကိုယ်တိုင်ကလည်း ဦးခေါင်းဆေး မင်္ဂလာ ပြုလုပ်ပေးပါ
(တရော် ကင်ပွန်းဖြင့်သာ ပြုလုပ်ပေးပါ)
(ထိုနေ့မှာ ဂုဏ်တော်(၉)ပါးရွတ်ပါ)
🍀သင်္ကြန်အတက်နေ့မှာ တတ်နိုင်တဲ့သူကလည်း
စတုဒိသာ အကျွေး အမွေး များ ဖြင့် ကုသိုလ် ယူနိုင်သလို မတတ်နိုင်သော သူများကလည်း .. သောက်ရေသန့် လှူပေးပါ(ထိုနေ့မှာ မဟာသမယသုတ်ရွတ်ပါ)
🍀နှစ်ဆန်း တစ်ရက်နေ့ရောက် ရင်တော့ ဥပုသ် သီတင်းသီလ ဆောက်တည်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့တရားဘာဝနာပွားများပါ(ထိုနေ့မှာ ပဌာန်းအကျယ်ဖွင့်ရွတ်ပွားပါ ) အရပ်၁၀မျက်နှာနဲ့ ၃၁ဘုံ သားတို့အား မေတ္တာပို့ပါ အမျှဝေပါ)
Crd to original 🙏🙏🙏
PHOTO CREDIT
29/03/2024
Skincare ဆိုတာ
ကိုယ့်အသားရေ skinလေးကို
Care ကာကွယ်ရတာလို့ မှတ်ပါရှင့်🥰
အရေပြားဖွဲ့စည်းပုံကိုသိမှ
လိုက်ဖက်တဲ့ skincare ကိုရွေးသုံးနိုင်မှာပါနော်🥰
အရေပြားဆိုတာ ခန္ဓာကိုယ်ကြီးရဲ့
အစိတ်အပိုင်းတခုပါဘဲ
အရေးကြီးတဲ့အဂ်ါအစိတ်အပိုင်းဆိုတာ
နှလုံး အဆုတ် အစာအိမ် စတာတွေဖြစ်သလိုမျိုး
အရေပြားကလည်း အရေးကြီးပါတယ်နော်
လူတယောက်မီးလောင်ခံရလို့
အရေပြား၇၅%လောက်ပျက်စီးသွားရင်
အသက်ရှင်ဖို့ ခက်ခဲပါတယ်
ဘာလို့လဲဆိုရင် ရေဓာတ်ကိုမထိန်းသိမ်းတော့လို့ပါ
အရေပြားဆိုတာ ပြင်ပက ရောဂါပိုးမွှားတွေ
မဝင်နိုင်အောင် ခန္ဓာကိုယ်ကိုကာပေးထားတာပါနော်
အရေပြား ကခန္ဓာကိုယ်အပူအအေး ကိုထိန်းပေးပီးပြင်ပထိတွေ့မှု့ခံစားချက်ကိုတုံ့ပြန်မှု့ပေးပါတယ်
အရေပြားအကြောင်းအသေးစိတ်သိအောင်ပြောရမယ်ဆိုရင်
20စတုရန်းပေရှိပီး ခန္ဓာကိုယ်အလေးချိန်ရဲ့15%ရှိပါတယ်
9ပေါင်လောက်လေးပီး အရေပြားဆဲလ်ပေါင်းသန်း300လောက်နဲ့ဖွဲ့စည်းထားပါတယ်
တလက်မပတ်လည်အရေပြားလေးမှာ
ဆဲလ်19သန်း နဲ့ချွေးဂလင်းပေါင်း300ရှိတယ်နော်😱😱😱
အရေပြားဆဲလ်အသေတွေက တမိနစ်ကို
ဆဲလ်3သောင်း 4သောင်းလောက်ကြွေလွင့်နေပါတယ်
တနှစ်ဆိုရင် ဆဲလ်အသေ9ပေါင်လောက်ကြွေပါတယ်
အရေပြားဆဲလ်တွေက 28ရက်တခါ အသစ်ဖြစ်ပါတယ်နော်
ခန္ဓာကိုယ်ပေါ်မူတည်ပီး အထူအပါးကွာသလို
အသက်အရွယ်နဲ့ ကျား မပေါ်မူတည်ပီးလည်းကွာခြားပါတယ်
အသက်ကြီးသူ နဲ့ အမျိုးသားတွေက မိန်းမ တွေထက်အရေပြားပိုထူပါတယ်
အရေပြားအပါးဆုံးက 0•3မီလီလီတာရှိပီး
အထူဆုံးက 4မီလီလီတာရှိပါတယ်
လူတယောက်ရဲ့ကျန်းမာရေးက
အရေပြားအရောင်ကို ကြည့်တာနဲ့သိနိုင်ပါတယ်
Skincare ရောင်းတဲ့သူတွေဆိုတာ
အရေပြားကိုကြည့်ပီး စီးပွားရှာ ကြသူများ
ဖြစ်တဲ့အတွက် လေ့လာထားသင့်ပါတယ်နော်
Skincare 19•1မှကူးယူဖော်ပြသည်
#အရေပြား
#၇၄၅သုမိတ္တာ၁၉လမ်း၁ရပ်ကွက်မြောက်ဥက္ကလာ
17/11/2023
နေအပူ မီးအပူခံရလို့
အသားမဲပြီးနေလောက်ကွက်တွေနဲ့မဲညစ်နေရင် Body Sunscreen မလိမ်းလို့ မဖြစ်ဘူးနော်
ပူနေတဲ့နေရောင်အောက်
အကာကွယ်မပါပဲထွက်နေရင် နေလောင်ဒဏ်တွေကြောင့် အသားအရည်တွေပျက်စီးတာ မဆန်းဘူးနော်
နေလောင်ဒဏ်တွေကို ကာကွယ်ဖို့အပြင်ထွက်တိုင်း
+++ပါတဲ့
ကိုလူးပါ
250ml=22000ks
လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်လွယ်ပီး
ရေစိုချွေးစိုခံတဲ့Body sunscreenဖြစ်ပါတယ်
Vitamin B3၊ Vitamin E၊Vitamin C၊Gulta
ပါဝင်တာမို့ အသားရေကို
ဖြူဝင်းလှပစေမယ်နော်
Photo crd
#745သုမိတ္တာ19လမ်း1ရပ်ကွက်မြောက်ဥက္ကလာ
17/11/2023
N**e Color တွေက အရောင်နုနု လွင်လွင်လေးတွေနော်
နှုတ်ခမ်းနီလည်းဆိုးခြင်တယ်
အရောင်တောက်တာလည်း မဆိုးရဲဘူးဆိုရင်
ကိုဝယ်ဆိုးပါ
အသားညိုတဲ့သူအတွက်
AN1 / AN4 / AN7
အသားလတ် / အသားဖြူတဲ့သူတွေက
အရောင်စုံဝယ်လိုက်တော့
တစ်ရောင်ချင်းစီတိုင်းက မျက်နှာလေးကိုလင်းပြီး နုဖတ်သွားစေရမယ်
N**e Color ပါဆို အရောင်နုနုဖတ်ဖတ်လေးတွေနဲ့ အရောင်ငြိမ်ငြိမ်လေးထုတ်ထားတာပါရှင်
အရောင်တောက်တဲ့ Series ဝယ်ချင်ရင်
AK Limited Edition ထဲက ဝယ်ဆိုး
ရှိတဲ့အရောင်လေးcomment မှာပြထားတယ်နော်
#745သုမိတ္တာ19လမ်း1ရပ်ကွက်မြောက်ဥက္ကလာ
14/08/2023
Life Queen Collagen ပုံမှန်သောက်သုံးနေသူများကို ကြိုတင် အသိပေးတာပါရှင့် ☺️
Life Queen Collagen တစ်ထုတ်မှာ Collagen အား10040 mg အားအပြည့်ပါတဲ့အပြင် အသားအရေနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို ကောင်းမွန်စေတဲ့ ingredients 29 မျိုးတောင်ပါဝင်တဲ့ ingredients ပါဝင်မှုအများဆုံး အထိရောက်ဆုံး နဲ့ စျေးသက်သာစွာ လူတန်းစားမရွေး သောက်သုံးနိုင်အောင် Customers တွေအချစ်တော် Alice K မှ ချစ်ခြင်းမေတ္တာတွေနဲ့ရောင်းချပေးထားတာ အားလုံးအသိပဲဖြစ်ပါတယ်ရှင့် 💁♀️💁♀️💁♀️
အခုငွေစျေးအခြေနေတွေကြောင့် Alice ဒီစျေးနဲ့ဘယ်လိုမှရောင်းဖို့မဖြစ်နိုင်တော့ပါ 🥺 ကျန်းမာရေး ဓာတ်ဖြည့်စာ ဖြစ်တဲ့အတွက် ကုသိုလ်ယူတဲ့အနေနဲ့ Alice ဒီလကုန်ထိ ဒီစျေးနဲ့ပဲရောင်းချပေးသွားပါမယ် 🙏🙏🙏
ပုံမှန်သောက်သုံးနေတဲ့သူတွေအတွက်ကြိုဝယ်ထားလို့ရအောင်အသိပေးတာပါရှင့် လကုန်တာနဲ့ စျေးလေးတက်
ခွင့်ပြုပါရှင့် 🙏🙏🙏
Price = 18000 kyats ( 10 ရက်စာ )
14/08/2023
Life Queen ရဲ့ Charcoal Body Scrub 🤩
✅ဆားကြမ်းမပါဝင်တဲ့အတွက်ကြောင့် အသားရေ စပ်ခြင်း ယားယံခြင်းမရှိ
✅ Cream texture မို့ တိုက်ရတဲ့အခါ နူးညံ့ပြီး Rice Bran လေးတွေပါဝင်တဲ့အတွက်ကြောင့် Scurb တိုက်ရတဲ့ feeling ကိုလဲအပြည့်အဝခံစားရစေပါတယ်
✅ Life Queen Body Scrub ရဲ့အားသာချက်က တိုက်ပြီးသွားတာနဲ့ Baby Skin လေးလိုချောမွတ်သွားပြီး အသားအရေကြည်ထွက်သွားတာကို ချက်ခြင်းမြင်တွေ့ရစေပါတယ်
✅ မဲတဲ့နေရာ ညိုတဲ့နေရာတွေကို သေချာလေးအချိန်ပေးတိုက်ပေးပါက အသားအရေညီညာပြီး Skin tone တက်လာစေပါသည်
✅ Scrub တိုက်ပြီးတိုင်းLotion/ Serum လူးပေးဖို့မမေ့ပါနဲ့
#
08/07/2023
မနက်စောစော အမှာလေးပို့ရန်
#၇၄၅သုမိတ္တာ၁၉လမ်း၁၇ပ်ကွက်မြောက်ဥက္ကလာပ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
745, Thumade Dar 19street, 1Block
Yangon