Testo Myanmar
Testosterone {ကျားဟော်မုန်း} ဖြည့်စွက်ဆေး သီးသန့်ရရှိနိုင်ပါသည် ။
02/09/2023
💥Testosterone လို့ ခေါ်တဲ့ အမျိုးသားဟော်မုန်းထွက်ရှိမှု့ကို အဟန့်အတားဖြစ်စေတဲ့ အမူအကျင့်၃ခု့💥
✅နံပါတ် ၁ အချို နှင့် Alcohol
အမျိုးသားတွေ အချိုတွေကို ရှောင်ကျင်သင့်သလို
Alcoholကို နိုင်သလောက် လျော့ချ ရှောင်ကျင်သင့်တယ်
✅နံပါတ် ၂ လေ့ကျင့်ခန်းမလုပ်တဲ့ Life Style
✅နံပါတ် ၃ အအိပ်နည်းတဲ့ Life Style
ဒိအချက် ၃ချက်ဟာ ဒိနေ့ခေတ် အမျိုးသားတွေရဲ့
ကိုယ်ထဲမှာရှိတဲ့ Testosterone ကျားဟော်မုန်းကို လျော့ကျစေတဲ့ အဓိက အကြောင်းအရင်းတွေဖြစ်တယ် ။ မိတ်ဆွေအနေနဲ့ ဒိအချက်တွေကို ပြင်လိုက်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ ကျားကျားယားယားနဲ့ သန်စွမ်းနိုင်မှာဖြစ်တယ် ။
ဒိဆောင်းပါက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် YES လို့ မန့်ပေးပါ
ကျေးဇူးတင်ပါတယ် ...
🇲🇲Testo Myanmar
27/08/2023
ရှောင်လွှဲမရသော ပန်းသေပန်းညှိုးရောဂါ နှင့် ယောက်ျားအားဆေးများရဲ့ အမှန်တရား။
အသက်အရွယ်ရပြီဆိုတာနဲ့ ကျွန်တော်တို့အမျိုးသားတွေဟာ စိတ်မကောင်းစွာပဲ ယောက်ျားအားဆေးတွေကို မဖြစ်နေအားကိုးရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့စစ်တမ်းအရဆိုရင် တစ်ကမ္ဘာလုံးမှာ ယောက်ျားထုကြီး 52% လောက်က ပန်းသေပန်းညှိုးရောဂါ ကိုခံစားရတယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်က အရင်ခေတ်နဲ့မတူတော့ပါဘူး။ ဒီရောဂါကို အားပေးအားမြှောက်လုပ်နေတဲ့ အရာတွေ substance တွေက ကျွန်တော်တို့ အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ ပြည့်နှက်နေပါတယ်။ ဥပမာ - အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကိုလက်ထရော များသော အစားအစာများ စသဖြင့်။ သက်ကြီးပိုင်းမှာ အဖြစ်များတဲ့ အဝလွန်တာ၊ နှလုံး၊သွေးတိုး ရောဂါ၊ ဆီးချိုသွေးချို ရောဂါ စတဲ့ ရောဂါတွေကလည်း ပန်းသေ ပန်းညှိုးဖြစ်ဖို့ အားပေးတဲ့ရောဂါတွေပါပဲ။
လိင်တံလုံးဝ မထောင်မတ်နိုင်တော့တဲ့ အဆင့်မှသာ ပန်းသေပန်းညှိုးဖြစ်တယ်လို့ သတ်မှတ်တာမျိုးမဟုတ်ပါဘူး။ လိင်တံ လုံးဝမာကြောတဲ့အဆင့်ထိမရောက်နိုင်တာ၊ မာကြောမှုကိုကြာကြာထိန်းမထားနိုင်တာ၊ လိင်စိတ်လျော့နည်းတာ၊ သုတ်ထွက်မြန်တာ (သို့) သုတ်ထွက်နှေးတာ စတာတွေကလည်း ပန်းသေပန်းညှိုးရဲ့ ရောဂါလက္ခဏာတွေပါပဲ။ ဒါတွေကို အသက် (၄၀) ကျော်လာတာနဲ့ ကျိန်းသေပေါက်ရင်ဆိုင်ရမယ့် ရောဂါလက္ခဏာတွေလို့ယူဆနိုင်ပါတယ်။
ဒီရောဂါရဲ့လက်ကနေဘယ်လိုလူတွေလွတ်မြောက် နိုင်လဲဆိုရင် အထက်က ပြောခဲ့တဲ့ အရက်၊ ဘီယာ၊ ဆေးလိပ် လုံးဝမသောက်တဲ့သူ၊ လေ့ကျင့်ခန်းလုပ် ကျန်းမာရေးလိုက်စားပြီး နှလုံး၊ သွေးတိုး၊ ဆီးချိုသွေးချို စတဲ့ရောဂါတွေကင်းရှင်းတဲ့သူတွေကတော့ ဒီရောဂါဆိုးကြီးရဲ့ လက်ကနေလွတ်မြောက်နိုင်ပါတယ်။ သို့ပေမဲ့ ဒီလို substance တွေနဲ့ ရောဂါတွေကင်းရှင်းတဲ့ အသက် (၄၀) အထက် အမျိုးသားဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီတော့ ကျွန်တော်တို့ အမျိုးသားတွေဟာ PDE5 inhibitors ပါတဲ့အမျိုးသား Er****on ဆေးဝါးတွေကိုအားကိုးလာရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေက ပန်းသေပန်းညှိုး လက္ခဏာတွေကို တစ်ကယ်ကိုထိထိရောက်ရောက်ဖြေရှင်းပေးနေလို့ပါပဲ။
PDE5 inhibitors အမျိုးအစား ၄ မျိုးရှိပါတယ်။
၁. Sildenafil ( Vi**ra ထဲမှာပါတဲ့ Chemical )
၂. Tadalafil ( Cialas ထဲမှာပါတဲ့ Chemical )
၃. Vardenafil ( Levitra တို့ Satxyn ထဲမှာပါတဲ့ Chemical )
၄. Avanafil ( Stendra ထဲမှာပါတဲ့ Chemical )
PDE5 Inhibitors အုပ်စု Chemical တွေဟာ အလုပ်လုပ်ပုံချင်းကတော့အတူတူပါပဲ။ သွေးလည်ပတ်မှုမြှင့်တင်ပေးပြီး လိင်တံကိုသန်မာစေတာပါ။ ဒီ Chemical လေးမျိုးလုံးဟာ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများရှိပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏ အချိုးအစားအတိုင်းအတိအကျ ပေါင်းစပ်ထားတဲ့ဆေးမျိုးဆိုရင်တော့ ဘေးထွက်ဆိုးကျိုး မရှိသလောက်ရှားပါမယ်။
လိင်တံကို သန်မာလာစေဖို့ဆေး ဆိုရင် ဒီ Chemical ၄ မျိုးထဲက တစ်မျိုးမျိုး လိုကိုလိုအပ်ပါတယ်။ မြန်မာ တိုင်းရင်းဆေးတွေမှာတောင် ထည့်ရပါတယ်။ ဒါတွေမပါရင် လိင်တံထောင်မတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီ chemical တွေကို ဆေးပေါ်မှာ ပါတဲ့ Ingredients list ထဲမှာ တွေ့ရမှာတော့မဟုတ်ပါဘူး။ ( ဘာ သစ်ဥ၊ သစ်ဖု ဘာအမြစ် ဘာရွက် ဘယ်လောက်ပဲရေးထားပါစေ လိင်တံသန်မာဖို့ဆို ဒီ chemical တွေထဲက တစ်ခုခု ပါကိုပါရပါတယ် )
PDE5 inhibitors အုပ်စု chemical ဆေးတွေရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကတော့ ပါဝင်တဲ့ Chemical ရဲ့ အရည်အသွေးနဲ့ အမျိုးအစားပေါ်မူတည်ပြီးကွာသွားပါတယ်။ ဒါကြောင့်အမျိုးသားအားဆေးတစ်ခုရွေးချယ်တော့မယ်ဆိုရင် သေချာလေး research လုပ်ပြီးမှရွေးချယ်စေချင်ပါတယ်ခင်ဗျာ။ အတိုချုပ်ရရင် အသက် (၄၀) ကျော်တာနဲ့ ကိုယ်နဲ့အဆင်ပြေတဲ့ ယောက်ျားအားဆေးတစ်ခုခုကို မှီဝဲဖို့လိုအပ်ပါတယ်။ ဘာဆေးမှမလိုဘာရောဂါမှမရှိပဲ ကျန်းမာရေးအလွန်ကောင်းတဲ့ ဆရာ့ဆရာသမားကြီးတွေကလွဲလို့ပေါ့ဗျာ။
ကြော်ငြာ
🔰 အိမ်ထောင်သက် ကြာလာတဲ့ အမျိုးသားများအနေနဲ့လည်း စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေတာမျိုးတွေအတွက် လိုင်းပေါ်က အမျိုးသား ဆေးများလိုမဟုတ်ဘဲ အမှန်တဂယ်တောင့်တင်းသန်မာ ပြီး စွမ်းဆောင်ရည်ပြည့်ဝ စေမဲ့ FDA ရ Harbel ဆေးလေးဖြစ်ပါတယ်နော်
🔰 Testo -Max ဟာဆိုရင်တော့ သဘာဝဖြည့်စွက်စာဖြစ်တာမို့ အစဥ်အမြဲ မှီဝဲ နိုင်ပြီး ခေတ္တရပ်နားမည်ဆိုပါကလည်း အချိန်မရွေး ရပ်တန့်နိုင်ပါတယ်ခင်ဗျာ
🔰 သဘာ၀ Herbal & Vitamins & Minerals များသာပါ၀င်ပီး FDA ရထားသော ဆေးဖြစ်တာမို့ ဆီးချိုသမားများသာမက မည်သူမဆို သောက်သုံးလို့ရပါတယ်
🔰ရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ရဲ့လမ်းညွှန်ချက်နှင့်အညီ မှီဝဲလိုပါကလည်း အကောင်းဆုံးပေါ့ဗျာ
🔰 အမျိုးသား Wellbeing အတွက် အထူးပြုလုပ်ထားတဲ့ ဆေးဖြစ်တဲ့အတွက် အမျိုးသမီးများ သောက်သုံးလိုပါက ဆရာဝန်လမ်းညွှန်ချက်လေး ယူသင့်ကြောင်း အကြံပြုပါရစေခင်ဗျာ
🔰 Dietary supplement ဖြစ်တာကြောင့် ညနေပိုင်းအရက်၊ဘီယာ သောက်သုံးတက်သူများအနေနဲ့ မနက်ပိုင်းတွင် မှီဝဲ နိုင်ပါတယ်
💁♂️ ဒီ Supplements လေး ကို တော့ Life Now Company Group ကထုတ်လုပ်ထားပြီး Vegetarian capsules ဖြစ်တာကြောင့် လူမျိုး/ဘာသာမရွေးသောက်နိုင်ပါတယ်။
ဒီအချက်တွေကြောင့် TestoMax ဟာ လူကြီးမင်းအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်ခင်ဗျ။
TestoMax အကြောင်းအသေးစိတ်ကို
👉 ( https://www.facebook.com/Testomaxmyanmar?mibextid=ZbWKwL ) ကို နှိပ်ပြီးကြည့်နိုင်ပါသည်။
🇲🇲Testo-Max Myanmar
#ပန်းသေပန်ညိုး
Testosterone လျော့ကျစေတဲ့ အမှုအကျင့် ၃ခု
ဆရာရဲ့ Videoကို ပြန်လှည်မျှဝေပေးလိုက်ပါတယ်
💥ရေခဲရေ သောက်ရင် ဝ လား ❓
ဆရာကိုနိုင်ဦးပြောထားတာလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်...
09/07/2023
သွေးနီဥ ထုတ်လုပ်မှုက ဘယ်လောက်အရေးပါလဲ?
သင့်ရဲ့ တစ်နေ့တာမှာ အားမရှိသလိုခံစားနေရပြီလား?
ကိုယ်တွင်းမှာ သွေးနီဥ အားနည်းလာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင် ရောက်ရှိနိုင်မှုက ခက်ခဲလာပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပါတယ်🌞
သွေးနီဥဆဲလ်တွေကို ရိုးတွင်းခြင်ဆီမှတစ်ဆင့်ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း၁၂၀လောက် လှည့်လည်စီးဆင်းပြီးတဲ့နောက်မှာတော့ အသည်းဆီကိုရောက်ရှိသွားပြီးနောက်တစ်ကြိမ် အသစ်ဖြစ်ပေါ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါတယ်
သွေးနီဥ အားနည်းလာတဲအခါမှာတော့‼️‼️
1. နှလုံးခုန်မြန်မယ်
2. အရေပြားကဖျော့တော့နေမယ်
3. သွားဖုံးတွေဖြူနေမယ်
4. မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ်
5. မကြာခဏခေါင်းကိုက်မယ် စတဲ့
6.ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
🇲🇲 Testo-Max Myanmar
21/06/2023
💥ဖလန်း ဖလန်း ထ နေအောင် အဆင်ပြေတဲ့ ဆေး💥
DHEA (dehydroepiandrosterone) ကို သိပ္ပံပညာရှင်တွေက (အရွယ်တင်စေသော ဟိုမုန်း ) ' fountain of youth.` လို့ ခေါ်ပါတယ်။
အရွယ်တင်နုပျိုအောင်လည်း လုပ်ပေးတယ်ဆိုပါတယ်။ ကိုယ်တွင်း DHEA ထုတ်လုပ်မှုက အသက် ၂၀ -၂၅ အတွင်းအများဆုံးဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ DHEA ထုတ်လုပ်မှုကျဆင်းသွားတယ်။ စိတ်ဖိစီးမှု နှင့် အဟာရမပြည့်ဝမှုတွေကလည်း အရွယ်မတိုင်ခင် DHEA ပမာဏလျော့နည်းစေတယ်။
ဒီဆေးက မြန်မာပြည်မှာတော့ လူသိနည်းတဲ့ဆေး ပါ ။
ဆရာဝန်တွေ နဲ့ ကျွမ်းကျင်သူတွေကတော့ သိမှာပါ ။
DHEA ကို ကိုလက်စထရောကနေဖန်တီးတာကြောင့် ကိုလက်စထရောကျဆေးတွေက သွေးတွင်း DHEA ပမာဏကိုလျော့နည်းစေပြီး ပိုမိုအိုမင်းစေပါတယ်။ DHEA ချို့တဲ့လာတဲ့အခါ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ နှင့် ဆီးအိတ်ကင်ဆာတွေ ပိုဖြစ်နိုင်တယ်။ သွေးကြောကျဉ်းတာ၊ သွေးတိုးတာ၊ ပါကင်ဆင်ရောဂါ၊ ဆီးချိုရောဂါ နှင့် အခြားအာရုံကြောရောဂါတွေလည်းဖြစ်နိုင်သေးတယ်။
သွေးတွင်းသကြားဓာတ်များခြင်းက အင်ဆူလင်ဟိုမုန်းပမာဏပါမြင့်တက်လာစေပြီး DHEA ထုတ်လုပ်မှုကျဆင်းစေပါတယ်။ သွေးတွင်းသကြားဓာတ်မညီမျှမှုက ဗိုက်တာမင် နှင့် သတ္တုဓာတ်တွေ မညီမျှဖြစ်လာစေပြီး DHEA ထုတ်လုပ်မှု ကျဆင်းလာတာလို့ဆိုပါတယ်။ နာတာရှည် စိတ်ဖိစီးမှု နှင့် အိပ်ချိန်မမှန်ခြင်းတွေက cortisol ( ကော်တီဆော) ပမာဏမြင့်လာစေပြီး သွေးတွင်း DHEA ပမာဏကို ကျဆင်းစေပါတယ်။
ဒီဆေး အကြောင်းပြည်စုံအောင် ရေးနေရင် စာရှည် သွားလိမ့်မယ် ။
အဓိက ပြောချင်တဲ့ အကြောင်းက DHEA က အိမ်ထောင်သည် မိန်းမတွေ လိင်စိတ်ကုန်ခန်းတဲ့အခါမှာ
သုံးသင့်တဲ့ ဟော်မုန်းအားဆေး ဖြစ်ပါတယ် ။
DHEA ကို neurosteroid လို့ ခေါ်ပါတယ် ဦးနှောက်ကို တိုက်ရိုက်အကျိုးပြုပါတယ်။
အိမ်ထောင်ရေး အဆင်မပြေတဲ့ အမျိုးသမီး ဒါမှမဟုတ်
လိင်စိတ် ကုန်ခန်းနေတာ / စိတ်မပါတာ / တွေကို
100% အဆင်ပြေစေတဲ့ ဟော်မုန်းအားဆေးပါ ။
ဒီဆေးကို သောက်နေတဲ့ အမျိုးသမီးက လိင်စိတ် များလာမယ် ။ အသားရည် ဖြူဝင်းလာမယ် ။
ကင်ဆာ ကာကွယ်မယ် ။ ဆံပင်သန်မယ် ။
အိမ်ထောင်သည် အမျိုးသမီးတွေ အတွက် တန်ဖိုးရှိတဲ့
ဟော်မုန်းအားဆေးကောင်း တစ်ခုဖြစ်ပါတယ် ။
၃ရက် အတွင်း ဖလန်း ဖလန်း ထ ပါတယ် ။
စိတ်ဝင်စားရင် cb မှာ လာမေးနိုင်ပါတယ် ။
၁၀ဗူးပဲ ရ ထားတာကြောင့် ၁၀ယောက်စာသာ ရောင်းပေးလို့ ရပါမယ်ခင်ဗျ ။
🇲🇲Testo-Max Myanmar
17/06/2023
အမျိုးသားများ သဘာဝအတိုင်း ကျားဟော်မုန်းတက်အောင် ဘယ်လိုလုပ်ကြမလဲ...
တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားများ လူပျိုဖော်ဝင်စမှ အသက်ကြီးတဲ့အချိန်ထိ လိင်စွမ်းဆောင်ရည်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ နှလုံးအားကောင်းမှု စတာတွေကို ပံ့ပိုးပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ အသက် (၃၀) နောက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်မှုပမာဏဟာ ကျဆင်းလာတဲ့အတွက် လိင်စိတ်ခန်းခြောက်လာခြင်း၊ လိင်တံမထောင်မတ်နိုင်ခြင်း၊ အမောမခံနိုင်တော့ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ လန်းဆန်းမှုမရှိခြင်း စတဲ့ ပြဿနာများ ကြုံလာရပါတယ်။
ခုပြောပြပေးမယ့် သော့ချက် (၃) ခုကတော့ အမျိုးသားများ ငယ်ရွယ်စဉ်မှာလည်း ကျားဟော်မုန်းပမာဏ တိုးမြင့်နေအောင် ကူညီပေးနိုင်တဲ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း ကျားဟော်မုန်း ကျဆင်းသွားခြင်းမရှိစေဖို့ ထိန်းပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေ ဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေလို့ လိုက်နာကြည့်သင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။
၁။ အစာအာဟာရကို ဂရုစိုက်ပါ။
အစာအာဟာရ အမျိုးသားတွေရဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေးအတွက်သာမက ကျားဟော်မုန်း ထုတ်လုပ်နိုင်မှုကိုလည်း ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ပရိုတင်းလို့ ခေါ်တဲ့ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် (၃) မျိုးဟာ အမျိုးသားတွေရဲ့ ကြွက်သားများ ဖွံ့ဖြိုးမှု၊ လိင်စွမ်းဆောင်ရည် မြင့်တက်စေမှု၊ လိင်စိတ်ဆန္ဒ စတာတွေကို အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်ပါတယ်။
• ပရိုတင်းဓာတ်ဟာ အဆီကို ကျစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။
• ကစီဓာတ်ဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ ခွန်အားများကို ဖြည့်ပေးပြီး ကျားဟော်မုန်းမကျသွားအောင် ထိန်းပေးတယ်။
• ကျန်းမာတဲ့ အဆီဓာတ်ဟာ နှလုံးအားကောင်းစေပြီး အိပ်ယာထက်က စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။
ပရိုတင်းဓာတ်အတွက် အသား၊ ပဲ၊ ဥများကို စားပေးနိုင်ပါတယ်။ ကစီဓာတ်အတွက် အာလူး၊ ကန်စွန်းဥ၊ ဆန်တွေကို စားပေးနိုင်သလို အဆီများတဲ့ ငါးများ၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေကနေ ကျန်းမာတဲ့ အဆီဓာတ်ကို ရရှိနိုင်ပါတယ်။ ဒီအာဟာရအုပ်စုများကို များများစားပေးဖို့ လိုအပ်သလို ကျန်တဲ့ ဟင်းသီးဟင်းရွက်၊ နို့၊ အသီးအနှံ၊ ဂျုံ၊ အစေ့အဆန်တွေကိုလည်း စားပေးရမှာဖြစ်ပါတယ်။
၂။ လေ့ကျင့်ခန်းများများ လုပ်ပါ။
ကျားဟော်မုန်းကို အဆက်မပြတ်ထုတ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းများများ လုပ်ပေးတာပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးအားကောင်းသလို သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေတယ်။ တစ်ချိန်တည်းမှာပဲ အဆီပိုတွေကို လျှော့ချပေးနိုင်တဲ့အတွက် ကျားဟော်မုန်းများ ပိုမိုထုတ်လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ လိင်စိတ်နည်းသွားမယ်၊ လိင်အင်္ဂါသေးသွားမယ်ဆိုတဲ့ ဂျင်းတွေကို မယုံကြပါနဲ့ဗျာ။
၃။ အိပ်ချိန်ကို မမေ့ပါနဲ့။
အိပ်ချိန်ပြည့်ဝမှသာ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ်။ ကြွက်သားများ၊ အရိုးအဆစ်များနဲ့ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးမယ်။ ကျန်းမာပြီး အားအင်ပြည့်ဝနေမှသာ ခန္ဓာကိုယ်က ကျားဟော်မုန်းတွေကို အလုံအလောက် ထုတ်လုပ်ပေးနိုင်မှာပါ။ ဒါကြောင့် တစ်ရက်ကို ညအိပ်ချိန် အနည်းဆုံး ၇နာရီရှိဖို့ မမေ့သင့်ပါဘူးနော်။
ခုပြောပြပေးခဲ့တဲ့ အချက် (၃) ချက်ဟာ အမျိုးသားတို့ ဘဝတစ်လျှောက်လုံး လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံသော့ချက်များဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအတွက်သာမက ကျန်းမာရေးအတွက်ပါ အထောက်အပံ့ပေးတဲ့ ကျားဟော်မုန်းကို ပိုမိုထုတ်လုပ်ပေးနိုင်စေဖို့ ကူညီပေးမှာပါ။
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 Testo-Max Myanmar
16/06/2023
💢တက်စတိုစထရုန်း နည်းပါးခြင်း လက္ခဏာ ၁၁ခု💢
တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ဝှေးစေ့ကနေ အဓိကထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပြီး အမျိုးသားများရဲ့ သွင်ပြင်ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။
တက်စတိုစထရုန်းဟော်မုန်းထုတ်လုပ်မှုဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ အသက်ကြီးပိုင်းရောက်လာရင် လျော့နည်းသွားတတ်ပါတယ်။ အမျိုးသားတစ်ဦးမှာရှိသင့်တဲ့ ပုံမှန်တက်စတိုစထရုန်းပမာဏကတော့ 300 ng/dl ကနေ 1000 ng/dl ပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတာမို့ တက်စတိုစထရုန်းနည်းပါးခြင်းရဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ အမျိုးသားများမှာ တက်စတိုစထရုန်းနည်းပါးလာတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
✅၁။ လိင်စိတ်ဆန္ဒနည်းပါးခြင်း
တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ လိင်စိတ်ကို လှုံ့ဆော်ရာမှာ အဓိကကျပါတယ်။ အမျိုးသားအချို့ဟာ အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်ဆန္ဒကျဆင်းလာတတ်တာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်းဟော်မုန်းနည်းပါးသူများဟာ ပုံမှန်ထက် လိင်စိတ်ဆန္ဒနည်းပါးနေတာကို တွေ့ရတတ်ပါတယ်။
✅၂။ ပန်းညှိုးခြင်း
တက်စတိုစထရုန်းဟော်မုန်းဟာ အမျိုးသားများ လိင်အင်္ဂါထောင်မတ်နိုင်အောင်လည်း အထောက်အကူ ပေးပါတယ်။ လိင်အင်္ဂါထောင်မတ်ခြင်းဟာ တက်စတိုစထရုန်း သက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ တက်စတိုစထရုန်းဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး နိုက်ထရစ်အောက်ဆိုဒ်ကို ထွက်လာစေပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ကစတဲ့ ဓာတ်ပြုဖြစ်စဉ်ကြောင့် လိင်အင်္ဂါထောင်မတ်လာရပါတယ်။ ဒါကြောင့် တက်စတိုစထရုန်းနည်းပါးခဲ့ရင် ပန်းညှိုးနိုင်ခြေ များပါတယ်။
✅၃။ သုက်ရည်နည်းသွားခြင်း
တက်စတိုစထရုန်းဟာ သုက်ရည်ထုတ်လုပ်ရာမှာလည်း အရေးပါပါတယ်။ သုက်ရည်ဟာ သုတ်ပိုးတွေ ရွေ့လျားသွားလာနိုင်ဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ တက်စတိုစထရုန်းနည်းပါးတဲ့အခါ သုက်ရည်ထွက်တာ နည်းသွားနိုင်ပါတယ်။
✅၄။ ဆံပင်ကျွတ်ခြင်း
တက်စတိုစထရုန်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဆံပင်များထွက်ခြင်းလည်း ပါဝင်ပါတယ်။ အသက်ကြီးလာပြီး တက်စတိုစထရုန်းလည်း နည်းပါးလာမယ်ဆိုရင် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ပါတယ်။
✅၅။ ပင်ပန်းနွမ်းနယ်ခြင်း
တက်စတိုစထရုန်းဟော်မုန်း နည်းပါးသူ အမျိုးသားများဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတတ်ပါတယ်။ အိပ်ရေး၀၀အိပ်ပေမယ့် ပင်ပန်းနွမ်းနယ်ခြင်းဟာ မပျောက်ဘဲ ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ စိတ်မပါဖြစ်နေတတ်ပါတယ်။
✅၆။ ကြွက်သားများ သေးငယ်လာခြင်း
ခန္ဓာကိုယ်ကြွက်သားများကို တည်ဆောက်ရာမှာ တက်စတိုစထရုန်းဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများရဲ့ ကြွက်သားထုထည်ဟာ သေးငယ်လာနိုင်ပါတယ်။ ဒါပေမယ့် ကြွက်သားတွေရဲ့ ထုထည်ကိုသာ သက်ရောက်ခြင်းဖြစ်ပြီး အင်အားအပေါ် ပြောင်းလဲခြင်း မဖြစ်စေပါဘူး။
✅၇။ အဆီများလာခြင်း
အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်းနည်းပါးလာရင် ကိုယ်ခန္ဓာမှ အဆီတွေ များလာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရင်သားမှာအဆီများလာပြီး ရင်သားကြီးခြင်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ အမျိုးသားများမှာ တက်စတိုစထရုန်းနဲ့ အီစထရိုဂျင် ဟန်ချက်မညီခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
✅၈။ အရိုးများထုထည်လျော့ပါးလာခြင်း
အရိုးပွခြင်းဆိုတာ အမျိုးသမီးတွေနဲ့ပဲဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်း နည်းပါးသူ အမျိုးသားများလည်း ဒီပြသနာကြုံရတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာသူ အမျိုးသားများဟာ အရိုးကျိုးပဲ့လွယ်လာခြင်း ဖြစ်ပါတယ်။
✅၉။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာခြင်း
တက်စတိုစထရုန်းကျဆင်းလာခြင်းဟာ စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ တက်စတိုစထရုန်းဟာ ကိုယ်ခန္ဓာထဲက လုပ်ငန်းဆောင်တာတွေအများကြီးအပေါ် အကျိုးသက်ရောက်လို့ ဖြစ်ပါတယ်။ စိတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
✅၁၀။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
တက်စတိုစထရုန်းဟော်မုန်းပမာဏရော သိမှတ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာနိုင်ပါတယ်။ တနည်းပြောရရင် တက်စတိုစထရုန်းဟော်မုန်း ကျဆင်းလာခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။
✅၁၁။ ဝှေးစေ့နဲ့ လိင်တံသေးလာခြင်း
အမျိုးသားများမှာ တက်စတိုစထရုန်းနည်းပါးလာတဲ့အခါ ဝှေးစေ့အရွယ်အစားပါ သေးငယ်လာတတ်ပါတယ်။ ယောက်ျားတန်ဆာနဲ့ ဝှေးစေ့ ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် တက်စတိုစထရုန်းဟာ အခရာကျပါတယ်။ တက်စတိုစထရုန်းနည်းပါးသွားရင် ယောက်ျားတန်ဆာနဲ့ ဝှေးစေ့ဟာ အချိုးကျနစွာ မရှိတော့ဘဲ ဝှေးစေ့သေးငယ်သွားပါတယ်။
…
အမျိုးသမီးများဟာ ဟော်မုန်းပမာဏ ကျဆင်းသွားတာကို သွေးဆုံးချိန်မှာမှ ကြုံရပါတယ်။ အမျိုးသားများမှာတော့ တက်စတိုစထရုန်းပမာဏဟာ အချိန်နဲ့အမျှ အမြဲတမ်းကျဆင်းနေခြင်း ဖြစ်ပါတယ်။ အသက်ကြီးလာလေ တက်စတိုစထရုန်းနည်းလာလေ ဖြစ်ပါတယ်။
တက်စတိုစထရုန်းပမာဏဟာ 300 ng/dl အောက် လျော့နည်းနေမယ်ဆိုရင်တော့ နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများဟာ ရေရှည်မှာ နေ့စဉ်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်တာကြောင့် ကြိုတင် ကာကွယ် သင့်ပါတယ် ။
🇲🇲 Testo-Max Myanmar
Click here to claim your Sponsored Listing.
Category
Website
Address
Yangon