Healthy Yoga by Thet
ကျန်းမာ လှပသော ဘဝလေးဆီသို့
Healthy Yoga By Thet
03/10/2026
📌 📌 အသိပေးအကြောင်းကြားခြင်း
Studio အတွင်း သန့်ရှင်းရေးနှင့် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ပါသဖြင့်
ယနေ့ (၃.၁၀.၂၀၂၆) ညနေ ၅:၀၀ – ၆:၀၀ နာရီ အတန်းချိန်တစ်ချိန်အား ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။
အားလုံးအတွက် ပိုမိုသန့်ရှင်းပြီး အေးချမ်းသက်သာတဲ့ Yoga Space လေးဖြစ်စေရန် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြစ်ပါတယ်ရှင့် 🧘🏻♀️🤎
အဆင်မပြေမှုရှိခဲ့ပါက နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🤎✨
01/10/2026
🌿🤎 HEALTHY YOGA BY THET – PAN LAUNG ECO RETREAT 🤎🌿
Yoga mat ပေါ်မှာ အတူတူလေ့ကျင့်ခဲ့ကြတဲ့ ကျွန်မတို့တွေ…
ဒီတစ်ခါတော့ မြို့ပြရဲ့အလုပ်ရှုပ်မှုတွေကနေ ခဏလေးအနားယူပြီး 🌿 သဘာဝတရားနဲ့အတူ အေးချမ်းတဲ့အချိန်လေးတစ်ခုကို အတူဖန်တီးကြရအောင်နော်။ 🧘🏻♀️🤎
❗️ခရီးစဉ်အကြမ်းဖျင်း❗️
📅 16.10.2026 (သောကြာနေ့ည)
ရန်ကုန်မှ စတင်ထွက်ခွာမည်။
📅 17.10.2026 (စနေနေ့)
🌿 Pan Laung Eco Lodge တွင် တစ်ညအိပ်ပြီး
သဘာဝအလှတရားတွေနဲ့ အေးအေးဆေးဆေး အနားယူကာ Trekking & Nature Experience လေးတွေ ခံစားကြမယ်။
📅 18.10.2026 (တနင်္ဂနွေနေ့)
ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်။
✨ ခရီးစဉ်အတွင်း ရရှိမည့်ဝန်ဆောင်မှုများ ✨
🚤 စက်လှေဝန်ဆောင်မှု
🌊 ရေတံခွန်သို့ စက်လှေဖြင့် သွားရောက်နိုင်မည့် ဝန်ဆောင်မှု
⛰️ တောင်ပေါ်ရေတံခွန်သို့ ပို့ဆောင်ပေးမည့် ဝန်ဆောင်မှု
🧑🏻🌾 ဒေသခံလမ်းပြ ဝန်ဆောင်မှု
🦺 ရေလမ်းခရီးအတွက် Life Jacket
🏊🏻♀️ ရေကူးကျွမ်းကျင်သော ဝန်ထမ်းများနှင့် လုံခြုံရေး
🌅 Pan Laung Viewpoint
🍱 နေ့လည်စာ
🍰 အချိုပွဲ
🏡 အနားယူရန် ဘန်ဂလို
🌿 Day Trip / Trekking အတွက် ယူဆောင်လာရန် 🌿
💧 Personal Water Bottle
🥾 Trekking Shoes (သို့) Walking Shoes
👕 Extra Clothing
🧢 Hat / Cap
☀️ Sun Block Cream
အပြင် မိမိအသုံးအဆောင် လိုအပ်တာလေးတွေကိုလည်း အဆင်ပြေအောင် ယူဆောင်လာပေးပါနော်။ 🤎
💰 ခရီးစဉ်တစ်ခုလုံးအတွက် — တစ်ဦးလျှင်( 320000 )ကျပ်
ခရီးစဉ်အတွင်း လိုအပ်မယ့် ဝန်ဆောင်မှုများကို ထည့်သွင်းပေးထားတာဖြစ်လို့ ထပ်မံပေးဆောင်စရာ မရှိပါရှင့်။ 🤎
🚌 နေရာ
အောင်မင်္ဂလာကားဂိတ်သို့ မိမိအစီအစဉ်ဖြင့် လာရောက်ပေးရပါမယ်ရှင့်။(ဒါကအကြမ်းဖျင်းပါ လူအခြေအပေါ်မူတည်ပြီး စင်းလုံးပြတ်ကားဖြစ်ရင်တော့ စုံရပ်ကို သင်တန်းနေရာမှာ စုပါမယ်ရှင့်)
📌 စာရင်းပေးသွင်းရန် နောက်ဆုံးရက် — 04.10.2026
ဒီခရီးလေးကတော့ Yoga လေ့ကျင့်ခန်းတစ်ခုလိုပဲ…
ခန္ဓာကိုယ်ကို လှုပ်ရှားပေးရင်း 🌿
စိတ်ကို အနားပေးရင်း 🤎
သဘာဝတရားနဲ့ ပြန်လည်ချိတ်ဆက်နိုင်မယ့် အမှတ်တရခရီးလေးတစ်ခု ဖြစ်စေချင်ပါတယ်။
Healthy Yoga by Thet ရဲ့ သင်တန်းသူလေးတွေအားလုံးနဲ့အတူ
အေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ Retreat လေးတစ်ခု ဖန်တီးကြရအောင်နော်။ 🧘🏻♀️🌿🤎
30/09/2026
Tumbler လေးတွေရပါပြီရှင့် 🌸
🥤 Food Grade 304 Stainless Steel Tumbler – 1100ml
Healthy Yoga by Thet ရဲ့ ထုံးစံအတိုင်း ပေးတဲ့ပစ္စည်းတစ်ခုချင်းစီမှာ တန်ဖိုးရှိတာ အသုံးဝင်တာ အကျိုးပြုစေတာပဲ အမြဲပေးချင်တဲ့အတွက် ဒီ Tumbler လေးကိုလည်း save ဖြစ်အောင် clients တွေအတွက် သေချာလေးရွေးချယ်ပေးထားပြီး
နေ့စဉ်အသုံးပြုမှာဖြစ်တဲ့အတွက် အရည်အသွေးမြင့် Food Grade Quality ဖြင့် ထုတ်လုပ်ထားသော 100% BPA Free ကိုရွေးချယ်ပေးထားပါတယ်
✨ 304 Stainless Steel Material အသုံးပြုထားပြီး Double Wall Insulation နည်းပညာဖြင့် အပူနှင့်အအေးကို ကြာရှည်ထိန်းသိမ်းပေးနိုင်ပါတယ်။
Product Features
• Material – 304 Stainless Steel
• Capacity – 1100ml
• Keep Warm & Cold
• Double Wall Design
• Silicone Seal ပါဝင်ခြင်း
• Straw ပါဝင်ခြင်း
• Food Grade Quality
• 100% BPA Free
အလုပ်သွား၊ ကျောင်းသွား၊ ယောဂကျင့်၊ခရီးသွားတဲ့အခါ ရေ၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အအေးမျိုးစုံ ထည့်သွင်းအသုံးပြုနိုင်တဲ့ 1100ml အရွယ်အစားကြီး Tumbler လေးပါ။ 🧊☕
29/09/2026
Step into a space of luxury, tranquility, and mindful movement. 🧘♀️✨
Come join us for a peaceful yoga experience where you can relax, reconnect, and nourish your body and mind.
Your peaceful escape is waiting for you. 🤍
We warmly invite you to join our yoga class at Healthy Yoga by Thet. 🌿
19/09/2026
ဇင်းကျိုက်-ခလောက်အင်း နေ့ချင်းပြန် ခရီးစဉ်
🌊🌊 ဇင်းကျိုက် ရေတံခွန် 🌊🌊
🌊 ခလောက်အင်း ရေတံခွန် 🌊
အပြန် ကျိုက်ထို ထိုင်တော်မူဘုရား
( နေ့ချင်းပြန် ခရီးစဉ် )
🔶 27.09.2026(တနင်္ဂနွေ)ရက်နေ့ 🔶
✴️ ဘီလင်းမြို့ နာမည်ကြီး ရွှေမျက်မှန်ဆိုင် မှ ကြက်ကြော်နှင့် ဖက်ထမင်း နေ့လည်စာ ( 1 ) နပ်အပါအဝင်ကိုမှ 🤗🤗🤗🤗🤗
✴️တစ်ဦး -90000 ကျပ်သာ ✴️
✴️ရေသန့် Free
✴️(2+2 ) Air-Corn ကား အသွားအပြန် ကားခ အပီးအစီး 🤗
✴️ Tour Leader & Photo Service 🤗
မနက်ခန့်မှန်းခြေ (၄:၃၀)ခန့် Studioကို လာခေါ်ပေးမှာ ဖြစ်ပြီး (ခရီးစဉ်တွင် မနက်စာ တစ်ခုသာမပါဝင်ပါ) တုတ်တုတ်ခ နှင့် နေ့လည်စာ ပါဝင်ပါသည်
📌မနက်စာ / တုတ်တုတ်ခ(၄၀၀၀)📌မပါဝင်ပါ
ည(၉)နာရီဝန်းကျင်ခန့် Studio သို့ပြန်လည်ရောက်ရှိပါမည်
နေ့ချင်းပြန်ခရီးလေးမို့ လိုက်ပါချင်သူများ မနက်ဖြန်နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါသည်
📌Healthy Yoga by Thet သင်တန်းမှ လက်ရှိသင်တန်းတတ်ရောက်နေသူများ/တတ်ရောက်ဖူးသူများအတွက်သာ
Photo crd
17/09/2026
ယောဂရဲ့တချို့Asanaတွေက
ခန္ဓာကိုယ် ပျော့ပြောင်းတာတစ်ခုတင်မဟုတ်ဘဲ
စိတ်ကိုတင်းမထားဘဲစိတ်လည်းလိုက် ပျော့ပြောင်းရတာပါပဲ 🌿
လွတ်ချရမဲ့အချိန်မှာ လွတ်မချဘဲ တင်းကျပ်မှု့ကို
မစွန့်လွတ်(မလွှတ်ချ)နိုင်တာခြင်းကလည်း
မိမိကိုယ်ကိုယ် ပိုပင်ပန်းစေခြင်းတစ်မျိုးပါပဲ🤎
11/09/2026
🌸Yin Yoga 🌸
10/09/2026
ဒီနေ့မှာ Healthy Yoga by Thet ရဲ့ မနက်(၉:၃၀-၁၀:၃၀)သင်တန်းသူလေးတွေက
နေမင်းဂါရဝကျင့်စဉ် (Surya Namaskar) ကို ၁၀၈ ကြိမ် အားအင်အပြည့်၊ စိတ်ဓာတ်အပြည့်နဲ့ အတူတကွ လေ့ကျင့်နိုင်ခဲ့ကြပါတယ်။ 🧘♀️🌿
၁၀၈ ကြိမ်ဆိုတာ ရိုးရိုးလေး ရေတွက်ပြီး ပြီးမြောက်သွားတာမဟုတ်ဘဲ ဇွဲ၊ စိတ်ရှည်မှု၊ ခံနိုင်ရည်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တွေကို စမ်းသပ်ပြီး ကျော်ဖြတ်ခဲ့တဲ့ ခရီးလေးတစ်ခုပါ။ 💪❤️
အခက်အခဲတွေရှိခဲ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း၊ အတူတူ ဆက်လက်လှမ်းရင်း ၁၀၈ ကြိမ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြတဲ့ သင်တန်းသူအားလုံးကို အထူးဂုဏ်ယူပါတယ်။ 🌸
ဒီနေ့ရဲ့ ၁၀၈ ကြိမ်ကနေ ရရှိခဲ့တဲ့ စိတ်ခွန်အား၊ ကိုယ်ခန္ဓာကျန်းမာခြင်းနဲ့ အတွင်းစိတ်တည်ငြိမ်မှု တွေကို နေ့စဉ်ဘဝထဲအထိ ဆက်လက်သယ်ဆောင်သွားနိုင်ကြပါစေ။ 🙏☀️
၁၀၈ ကြိမ် ပြီးမြောက်ခြင်းက အဆုံးမဟုတ်ပါဘူး…
ကိုယ့်ကိုယ်ကို ပိုမိုသိရှိနားလည်လာတဲ့ ခရီးရဲ့ အစတစ်ခုပါ။ 🧡
08/09/2026
🌿 New Basic Yoga Class — For Your First Step Into Yoga 🧘♀️
Yoga ကို ခုမှစပြီး ထိတွေ့ချင်သူတွေအတွက်
အခြေခံကနေ ဖြည်းဖြည်းချင်း လေ့လာလေ့ကျင့်နိုင်မယ့် Basic Yoga Class လေး စတင်ဖွင့်လှစ်ပေးတော့မယ်နော် 🤍
ဒီအတန်းလေးက—
• Yoga ကို ခုမှစတင်မယ့်သူများ
• Pose တစ်ခုချင်းစီရဲ့ alignment ကို နားလည်ပြီး မှန်မှန်ကန်ကန် လေ့ကျင့်ချင်သူများ
• အလျင်မလိုဘဲ ဖြည်းဖြည်းနဲ့ ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပြီး လေ့ကျင့်ချင်သူများ
• ပြင်းပြင်းထန်ထန် workout လုပ်တာထက် သက်သက်သာသာနဲ့ စိတ်ရောခန္ဓာကိုယ်ပါ အေးချမ်းစေချင်သူများ
အတွက် သင့်တော်ပါတယ် 🌱
အတန်းထဲမှာ pose တွေကို အလျင်စလို မသွားဘဲ
အသက်ရှူပုံ၊ body alignment၊ ကိုယ်နေဟန်ထား တွေကို အခြေခံကနေ တစ်ဆင့်ချင်း လေ့လာသွားမှာပါ။
Yoga လုပ်ဖို့ flexibility အများကြီးရှိစရာမလိုပါဘူး။
Perfect ဖြစ်နေဖို့လည်း မလိုပါဘူး။
ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ရင်း စတင်လာဖို့ပဲ လိုပါတယ်။ 🤍
📅 Wednesday • Thursday • Friday
⏰ မနက် 10:30 – 11:30
ခုမှ Yoga ကို စတင်ချင်သူတွေအတွက်
အေးအေးဆေးဆေးနဲ့ ကိုယ့်ရဲ့ first step ကို စတင်နိုင်မယ့် အတန်းလေးပါ 🌿
Come as you are.
We’ll start from the basics, slowly and mindfully. 🧘♀️✨
02/09/2026
🤎 A Little Gift, Made Just for You
ဒီတစ်ခါ Healthy Yoga by Thet မှာ Members လေးတွေအတွက် အမှတ်တရလက်ဆောင်လေးတစ်ခု ပြင်ဆင်ထားပါတယ်။ 🤎
Healthy Yoga by Thet ရဲ့ Logo လေးနဲ့အတူ
Member တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်နာမည်လေးပါ ရေးထိုးပေးမယ့် Personalized Tumbler လေး ဖြစ်ပါတယ်။ ✨
📌ဒီ Tumbler လေးတွေကို စုစုပေါင်း ၂၃ ယောက်စာပဲ အထူးပြင်ဆင်ထားပြီး အခုဆို ၁၇ ယောက်စာ အပ်နှံပြီးပါပြီ။ 🥹🤎
တစ်ယောက်ချင်းစီအတွက် နာမည်လေးပါ ထည့်ပေးမှာဖြစ်လို့ ရိုးရိုး Gift တစ်ခုထက် ကိုယ့်အတွက် အထူးပြင်ဆင်ထားတဲ့ Little Keepsake လေး ဖြစ်စေချင်ပါတယ်။ 🎀
✨ October Special Promotion ✨
October (1)ရက် 2026 မှာ 20 Sessions Membership ကို ၂ လစာ တစ်ခါတည်း အပ်နှံပေးတဲ့ Members လေးတွေအတွက်
ဒီ Personalized Healthy Yoga by Thet Tumbler လေးကို Special Gift အဖြစ် ပေးသွားမှာပါ။ 🤎
🎁 20 Sessions × 2 Months
✨ Personalized Tumbler — Your Name Included
Only 23 Tumblers Available
အခုလက်ရှိ 17 ယောက် Reserved ဖြစ်ပြီး
6 ယောက်စာပဲ ကျန်ပါတော့တယ်။ 🥰
ကိုယ့်နာမည်လေးပါတဲ့ Tumbler လေးနဲ့
Yoga လေ့ကျင့်တဲ့အချိန်တိုင်း Healthy Yoga by Thet ကို အမှတ်ရနေစေချင်ပါတယ်။ 🤎
A little gift,
with your name on it.
Made especially for you. ✨
Healthy Yoga by Thet 🤎
Category
Website
Address
Near Htan Chauk Pin Bus Stop, Shwe Pyi Thar Township
Yangon
Alerts
Be the first to know and let us send you an email when Healthy Yoga by Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.