Virgo’s Chic
Every girl deserves with her own BEAUTY as the reward for her care & effort. Let's extend your BEAUT
03/04/2022
♥️အမျိုးသမီး Customer တွေအတွက် Company PR Gift လေးတွေ ပေးဖို့အတွက်ပဲ ဖြစ်ဖြစ်
♥️မိန်းကလေးသူငယ်ချင်းကို မွေးနေ့လက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ်
အချိန်လဲမရဘူးဆို ကောင်းကောင်းလေးလဲ ပေးချင်တယ်ဆို . အခြားစဉ်းစားမနေနဲ့ .. Virgo’s Chic ကို Hi လိုက်နော် 😘
ဒီလို လှလှပပ Package လေးနဲ့ ကိုယ်သုံးမယ့် Budget ပေါ်မူတည်ပြီး အဆင်ပြေအောင် ရယ် အချိန်မီအောင်ရယ် စီစဉ်ပေးမှာပါ ♥️
Stock အမြဲထားထားတဲ့ Products လေးတွေဆိုတော့ အချိန်လဲ စောင့်စရာမလိုပါဘူးနော် .
Virgo’s Chic ကို ယုံကြည်ပြီး အားပေးတဲ့ အမကိုလဲ ဒီကနေကျေးဇူးထပ်တင်လိုက်ပါတယ်ရှင့် ..
♥️Virgo’s Chic is always ready for your beauty & soul. ♥️
22/02/2022
22.2.22 မို့ positive energy ရယူရင်း … ✊🏻
ဒါတွေရှိတယ်
ဝယ်ကြပါအုံး 😍
This page is active ဖြစ်ကြောင်းပါ
15/01/2022
EXR The Collagen Tablets လေး တွေ ဒီနေ့အများကြီး ဝယ်ယူအားပေးသွားတဲ့ Customer လေးကို ရှယ် ကျေးဇူးတင်ပါတယ် ..
နောက်လဲ Virgo's Chic မှာ အားပေးပါအုံးနော် .. 😍
🌻Virgo's Chic is always ready for your beauty 🌻
12/01/2022
🍓Virgo’s Chic ရဲ့ Customer တွေအတွက် ထူးထူးခြားခြား Lip Stick ထဲက No. #923 Stay Curious ဆိုတဲ့ color လေး Instock ရမယ် ..
🍓အထိအတွေ့ နဲ့ အရောင်ထွက်အား ကတော့ သိတဲ့အတိုင်း Luxury Brand ပီပီ အပြည့်အဝကြီး ရမှာပါ ..
🍓Official Store မှာ တစ်ချောင်းကို 36$ ရှိတယ် .. ဒီအရောက်ဆို 60,000 Ks. +++++ ပေါ့
(နောက်ဆုံးမှာ Official Store က ပုံနဲ့စျေး တင်ထားပေးတယ်)
အခုကတော့ Sales Price နဲ့ instock ဥ ထားတာမို့ လက်ဦးသူပဲ ရမှာပါ .. အချိန် ၃-၄ ပတိလဲ မစောင့်ရဘူး ..
👄MAC Powder Kiss Lipstick 👄
3g : 37,000 Ks.
😍 Virgo’s Chic is always ready for your beauty 😍
12/01/2022
Amika Dry Shampoo လေးက ဆောင်းတွင်း အေးလို့ ခေါင်းလျှော်ဖို့ အခက်တွေ့နေတယ် မဟုတ်လား ..
ရော့ ဒါလေးဆောင်ထားလိုက် ..
အပြင်ထွက်ခါနီး “ရွှီး ရွှီး လုပ်လိုက်” .ရုံပဲ
ဒါက အမြဲရောင်းမယ့် ပစ္စည်းမဟုတ်ပါဘူး ..
ဦးရေ အဆီပြန်လို့ သုံးဖို့ မှာရင်း ပိုသွားလို့ 😄
33 ml - 12,000 Ks.
Import from USA 🇺🇸
100% Authentic
12/01/2022
🍓Luxury Perfume လေးတွေ နှစ်သက်သော သူတွေ အကြိုက် Collection လေး 🍓
🍉ဆွဲဆောင်မှုရှိတဲ့ ကိုယ့်ရဲ့ သင်္ကေတ၊ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကို Perfume လေးတွေနဲ့ ကိုယ်စားပြုလို့ရပါတယ် ..
🍉ရေမွှေးကောင်းကောင်း Full size ဝယ်လို့ ကိုယ်မကြိုက်မယ့် အနံ့ဖြစ်မှာစိုးရင် ဒီ Sample Size လေးတွေ စမ်းကြည့်ပါ ..
🍉Samples sizes ပေမယ့် Eau De Perfume Type အဆီလေးတွေဆိုတော့ ၁၀ ခါထပ်မနည်း အသုံးပြုလို့ရတာပေ့ါ ..
🍉Chanel လေးပဲ 6,500 Ks.
🍉ကျန်တာ ကြိုက်တာယူလို့ရတယ် အကုန် 5,500 Ks. ပါ 🥰
🍓Virgo’s Chic is always ready for your beauty 🍓
12/01/2022
👄 VaselinLip Therapy Rosy Lips 👄
20g - 6500 MMK
100% Authentic
❄️ Chic ကလေးတို့ရေ.. မနက်ခင်းတွေမှာ ဆောင်းရာသီရဲ့အငွေ့အသက်လေးတွေရနေကြပြီဟုတ် .🌨
❄️ ဆောင်းရာသီလေးက ကိုယ့်ရဲ့အသားအရည်လေးကိုပိုပြီးသေချာ ဂရုစိုက်ဖို့ တိုက်တွန်းတဲ့ရာသီလေးလဲဖြစ်နေတယ်ဆိုတာမေ့မထားရဘူးနော်.. 💚
ကိုယ့်အသားအရည်လေးတွေ ခြောက်သွေ့မသွားဖို့ Skin Care လေးတွေသေချာလုပ်ပြီး စိုစိုပြေပြေလေးနဲဲ့ဆောင်းကိုကြိုကြရအောင်နော်.. ❄️
အသားအရည်ဆိုလို့ နှုတ်ခမ်းလေးတွေကိုလည်းမေ့မထားနဲ့ဦး.. 👄 နှုတ်ခမ်းကွဲတာ.. ခြောက်တာတွေဖြစ်လာရင်.. နှုတ်ခမ်းနီဆိုးထားတဲ့အခါ နှုတ်ခမ်းပေါ်က ဆဲလ် အသေတွေကအဖတ်လိုက်ကွာပြီး အလှတွေလျော့ ယုံကြည်မှုတွေလျော့စေတယ်နော်.. နှုတ်ခမ်းအရောင်ကလည်းဖြူခြောက်ပြီး မျက်နှာ အရောင်လေးမညှိုးဖို့ဆို .. အသားအရည်အတွက် ဘက်စုံအသုံးတည့်တဲ့ Vaseline Product လေးကိုမေ့ထားလို့မရပါဘူးနော်.. 💄
👄ဒါကြောင့် Virgo’s Chic ကနေ Chic တို့ရဲ့နှုတ်ခမ်းလေးကိုရေဓါတ်ဖြည့်ပြီး ..နှုတ်ခမ်းသားညိုမဲခြင်းကို ကာကွယ်ပေးတဲ့ အပြင် နှုတ်ခမ်းလေးကို ပန်းသွေးရောင်ပြောင်းသွားစေတဲ့ Vaseline Lip Therapy Rosy Lips လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်နော် 💋
💄 နှုတ်ခမ်းနီ အဆိုးများလို့ နှုတ်ခမ်းသားခြောက်သွေ့ ကွဲအက်တတ်သူလေးတွေအတွက်လဲ Rosy Lip Therapy လေးကို ၂ ပတ် ပုံမှန် သုံးပေးတာနဲ့ သိသာတဲ့ ရလဒ်ကို ပြန်လည်ရရှိမှာပါ 👄
💋 နှုတ်ခမ်းနီမဆိုးချင်ပဲ သဘာဝအတိုင်း စိုပြေလှပတဲ့ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေး တစုံပိုင်ဆိုင်ဖို့အတွက် မဖြစ်မနေဆောင်ထားဖို့ အကြံပြုပါတယ်နော်.. 💋
💄 နှုတ်ခမ်းနီ ကြိုက်သူလေးတွေဆိုရင်လည်း နှုတ်ခမ်းနီအောက်ခံအနေနဲ့ အသုံးပြုပေးလို့ရပါတယ်ရှင့် 😙
👄 ကိုယ့်ရဲ့နှုတ်ခမ်းလေးတွေ နူးညံ့ချောမွေ့ပြီး Moisture ပြည့်ဝစေဖို့ အတွက် Lip balm လေးတွေကိုပျိုမေတိုင်းဆောင်ထားသင့်ပါတယ်နော် 👄
💋 Matte type lipstick တွေအဆိုးများတဲ့သူလေးတွေလည်းဆောင်ထားသင့်တယ်နော် 💋
💋 ဆောင်းနှင်းအေးနဲ့အတူ စိုပြေလှပကြပါစို့နော် 💋
👄 Virgo’s Chic is always here for your BEAUTY 👄
06/01/2022
💧 Neutrogena Alcohol Free Toner(Made in USA)💧
100% Authentic
1 Bot (250 ml) : 24,000 Ks.
❣️To reach to your goal of skin, you need to choose the correct Toner first .. ❣️
Toner ရွေးချယ်မှုအကြောင်း ပြောပြရရင်တော့
🍃💧Admin နဲ့ Neutrogena Toner အတူရှိခဲ့တာ ၃ နှစ်နီးပါးရှိပါပြီ .. March 2018 တည်းက ..👍🏻
🍃💧အရင်က Acne တွေအရမ်းပေါက်၊ အဆီအရမ်းပြန်တော့ Alcohol ပါတဲ့ Toner တွေကိုပဲ အမြဲလိုလိုသုံးနေခဲ့တာပါ .. မသုံးရကောင်းမှန်းမသိခဲ့ပါဘူး .. 😢
🍃💧Aesthetic Clinic မှာ Treatment စယူရင်း ဒေါက်တာက recommendation ပေးလို့ Alcohol မပါတဲ့ ဒါမျိုး Toner သုံးသင့်မှန်း အသိနောက်ကျခဲ့ပါတယ် ...😔
Alcohol ပါတဲ့ toner တွေက အသားရည်ကို ခြောက်သွေ့စေပြီး တချို့ sensitive skin တွေအတွက်ဆို နီမြန်းယားယံတာတွေကို ဖြစ်စေနိုင်ပါတယ် .. ကိုယ်လဲ အဲ့သံသရာထဲမှာလည်နေတာ ၈ နှစ်လောက်ရှိတာပေါ့ .. 😒
🍃💧တကယ်က Neutrogena Alcohol Free Toner က Drug store brand Skin Care ထဲမှာတော့ စျေးလဲသင့်ပြီး ရလဒ်ကကောင်းလို့ Good review တွေအများကြီးရထားတာပါ .. Online shop တွေမှာအများကြီးတင်ရောင်းကြသလို ကိုယ်ဝယ်သုံးတဲ့တောက်လျှောက်မှာလဲ Stock ခဏခဏပြတ်တတ်လို့ တစ်ခါဝယ်ရင် ၂ ဗူး ၃ ဗူးလောက် ပိုဝယ်ထားပါတယ် ..
🍃 💧 Toner တစ်ခုရဲ့လုပ်ဆောင်ပေးတဲ့အရာတွေက အားလုံးသိတဲ့အတိုင်း မျက်နှာမသစ်ခင် Cleanse လုပ်ပြီး Facial Cleanser နဲ့ သစ်ချပြီးတာတောင် မျက်နှာပေါ် ကြွင်းကျန်နေတတ်တဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးတာပါ.. ဒါ့အပြင် ချွေးပေါက်တွေကို ထိန်းညှိပေးတဲ့အတွက် ထပ်သုံးမယ့် Solution တွေကို ပျော်ဝင်ဖို့အထောက်အကူပြုပေးပါတယ် .. ကိုယ်ကတော့ Toner မသုံးရရင် စိတ်မလန်းဆန်းတော့သလိုတောင် Psycho တွေဖြစ်တတ်ပါတယ် ..
🍃💧ကိုယ်က Toner ဆို Cotton Pad နဲ့ရွှဲရွှဲလေးသုံးရတာကြိုက်လို့ ၂လ - ၃ လမှာ ၁ ဗူးကုန်တာ ...
Market မှာက Made in တွေအမျိုးမျိုးရှိပေမယ့် USA Made ကတော့ စျေးလဲ ပိုများသလို သုံးရတာ ပိုစိတ်ချရပါတယ်.. Bottle design လဲ ကွဲပါတယ် ..
သူ့ကိုကြိုက်ရတဲ့ အကြောင်းရင်းကတော့
1. မျက်နှာအရေပြားကို soothing & calming လုပ်ပေးပြီး မျက်နှာမှာ ပုတ်သိပ်နေတဲ့ တစ်လျှောက်လုံးဝ ခြောက်မသွားပါဘူး ❤️
2. မျက်နှာယားယံတာ Sensitive ဖြစ်ပြီး နီမြန်းတာတွေ No ❌
3. အနံ့လုံးဝမရှိပါဘူး 👌
4. ကိုယ့်မျက်နှာပေါ်က မျက်နှာသစ်ပြီး ရေဖြန်းလိုက်လို့ အစိုဓာတ်ပြည့်ဝနေတဲ့ အနေအထားကို ထိန်းထားပေးပါတယ် 💯
5. ဗူးရဲ့ Size က အနေတော်ပြီး ပါဝင်တဲ့ ml ရယ်၊ ပြန်ရတဲ့ benefits ရယ်နဲ့ ယှဉ်လိုက်ရင် အများကြီး သက်သာပြီး လူတိုင်း ၀ယ်သုံးလို့အဆင်ပြေလောက်တဲ့ စျေးအနေအထားပဲရှိပါတယ်...
ကိုယ်နဲ့သင့်တော်ရာ ပစ္စည်းအမှန်ကို သေချာရွေးဝယ်တတ်ဖို့နဲ့ ပုံမှန်စိတ်ရှည်ရှည်လေးစွဲမြဲသုံးပြီး Skin Care ရင် Glow ဖို့ Bling ဖို့ သေချာပါတယ်နော် .. 🥰🥰🥰
06/01/2022
Made In Japan Biore UV Essence လေး Stock ပြန်ရောက်ပါပြီ ..
🤩Biore UV Watery Essence SPF 50+ PA++++ (Aqua Rich) 50 g
1 ဗူး - 19,500 Ks.
🤩 ပေးရတဲ့ စျေးနဲ့ ပြန်ရတဲ့ Value က တန်တော့ လူကြိုက်များတော့တာပါပဲ ..
🍇Virgo’s Chic is always ready here for your BEAUTY🍇
06/01/2022
🍉 The Collagen EXR Tablets 🍉
(လှလဲလှ တွက်ချေလဲကိုက်😄)
Virgo’s Chic ရဲ့ အထူးစပယ်ရှယ် Customer မမ တွေ တောင်းဆိုလို့ သာမာန် Collagen များထက်၂ ဆ မြန်ဆန်သိသာစေတဲ့ ရလဒ်ကို ပေးနိုင်တဲ့ EXR The Collagen ရဲ့ ဆေးလုံး အမျိုးအစားလေး ရပါမယ်နော် ..
🍓The Collagen လို Branded Collagen ထဲမှာ က ပို Luxury ဖြစ်တာပေါ့နော် .. ဘာလို့လဲဆိုတော့ အစွမ်းထက်တန်ဖိုးကြီး Ingredients တွေက x 2 times (၂ဆ) ကြီးများတောင် ပါလို့ပါ ..
🍓အသက် ၃၀ ကျော် မမတွေအတွက်တော့ ဘယ် skin care တွေပဲ သုံး သုံး / supplements တွေ ဝယ်သောက်ပေမယ့် အသားရည်ကြည်လင်တင်းရင်းမှုက မသိသာဘူးဆိုရင်တော့ ဒါလေးကို ညွှန်းပါတယ်နော် … နုပျိုစိုပြည်ပြီး အသက်အရွယ်ဆိုတာ ကိန်းဂဏန်း တစ်ခုအနေနဲ့ပဲ လက်ပြခဲ့လိုက်တော့ 😍
🍓 အပိုဆုအနေနဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာလှပမယ်၊ ဆံပင်မကျွတ်တော့ဘူး၊ မျက်ကွင်းညိုနေတဲ့ ပန်ဒါ 🐼 လေး ဘဝကလဲ ကျွတ်မယ် ၊ ဒါ့အပြင် အရေးကြီးဆုံး အချက်ကတော့ No Fat မို့လို့ လုံးဝ ဝိတ်မတက်ပါဘူးနော် .
🍓 ဆေးလုံး အမျိူးအစားဖြစ်တဲ့အတွက် တစ်ရက်ကို ၆ လုံး သောက်သုံးရမှာဖြစ်ပါတယ် .. တစ်ဗူးမှာ ၁၂၆ လုံးပါတော့ ၂၁ ရက် တိတိ သောက်လို့ရတော့ Drink Type ထက်တော့ ပိုကိုက်တာပေါ့ကွယ် .. လှလဲလှ တွက်ချေလဲကိုက်မှာပါ
တစ်ဗူးချင်းစျေး 82,000 Ks. ပါနော် …
၃ ဗူး ကစ ယူရင် စျေးလဲလျှော့ပေးမယ် .. လက်ဆောင်လေးတွေလဲ ထည့်ပေးအုံးမှာ ..
🍑Virgo’s Chic is always ready for your beauty 🍑
2022 ရဲ့ ဦးဦးဖျားဖျား Orders လေးတွေ ..
အားပေးတဲ့ Highly Exclusive Customers သူငယ်ချင်းအရင်းခေါက်ခေါက်တွေ အားလုံးကို ကျေးဇူးပါ 😅
🍉Virgo’s Chic is always ready for your beauty🍑
24/11/2021
🍎Dr. Jart+ ရဲ့ နာမည်ကြီး Solution Mask တွေနဲ့ Sensitive Skin တွေအတွက် Cicapair Calming Mask လေးတွေပါ 😍
💦 Dr. Jart+ Vital Hydra Solution Mask
“ရေဓာတ် Special ဖြည့်တင်းပေးနိုင်ပြီး Skin Treatment ခံယူနေတဲ့ သူတွေ လေဆာပစ်ပြီးတဲ့အချိန်၊ PRP လုပ်ပြီးတဲ့အချိန် လုံးဝ ရေဓာတ်သွင်းတော့မယ်ဆို Dr. Jart+ Vital Hydra Solution က တကယ့် အလိုအပ်ဆုံး”
🍏 Dr. Jart+ Soothing Hydra Solution Mask
“နီမြန်းယားယံတတ်ပြီး ဘာ Skin care လေးစမ်းသုံးသုံး Sensitive Skin တွေအတွက် သုံးနိုင်တဲ့ အပြင် ရေဓာတ်ပါဖြည့်တင်းပေးနိုင်တဲ့ Dr. Jart+ Soothing Hydra Solution Mask”
🍀 Dr. Jart+ Cicapair Calming Mask
“Sensitive Skin/Dry Skin/Oily Skin/Acne Skin တိုင်းအတွက် သင့်တော်တဲ့ Dr. Jart+ Cicapair Calming Mask, Admin’s Favorite ထဲမှာ ထိပ်ဆုံးကပဲ .. ဆေးမြင်းခွါရွက်အဆီအနှစ်တွေနဲ့ ထုတ်လုပ်ထားလို့ ဝက်ခြံသမားတွေလက်စွဲပေါ့
☕️ Dr. Jart+ Porecting Solution (Wash-off Type)
“ချွေးပေါက်ပြသနာတိုင်းကို ရှင်းထုတ်ပေးမယ့် အပြင် ကပ်လိုက်တာနဲ့ အောက်စီဂျင်နဲ့ ဓာတ်ပြုပြီး ထွက်လာတဲ့ အမြှုပ် လေးတွေက အသားရည်အတွင်းပိုင်းထိ သေချာ Deep Cleansing ထိ ပြုလုပ်ပေးနိုင်တဲ့ Dr. Jart+ Porecting Solution (Wash-off Type).. သူကတော့ ရေပြန်ဆေးချဖို့ လိုတယ်နော် ❤️
🍎Dr.Jart+ ရဲ့ Mask တစ်ထုပ်ချင်းစီမှာ အဖိုးတန်လှတဲ့ Serum 25g တောင်ပါတဲ့အတွက် ကိုယ်အချိန်ပေးကပ်လိုက်တဲ့ 15 minutes အတွင်းမှာ Skin အတွက် လိုအပ်တဲ့ အနှစ်သာရတွေကို ပြည့်ပြည့်၀၀ ပေးစွမ်းနိုင်ပါတယ် 😍
🍎 Admin ရဲ့ Acne ပြသနာတွေကို ဝိုင်းဝန်းတိုက်ထုတ်ပေးခဲ့တဲ့ Mask လေးဆိုရင်လဲ 100% ကို မမှားပါဘူး 😍
🍎Dr. Jart+ Sheet Mask လေးတွေရဲ့ Texture ဟာလဲ ပါးပါးကြည်ကြည်လေးဖြစ်ပြီး Fresh ဖြစ်ပြီး ကိုယ့်အတွက် အမှန်တကယ်အကျိုးပြုပေးတော့မှာသေချာတဲ့ ရှိန်းဖိန်းဖိန်းအနံ့လေးတွေသင်းပြီး (ပန်းနံ့၊ Skin Care နံ့တွေမဟုတ်ဘူးနော် 😁) မျက်နှာအရွယ်အစားကြီးတဲ့ သူတွေထိပါ ပြည့်ပြည့်ဝဝကပ်လို့ရတဲ့ Mask Sheet Size လေး ဖြစ်ပါတယ်..
🍇Virgo’s Chic is always here for your BEAUTY🍇
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
South Okkalapa
Yangon
11091
Opening Hours
| Monday | 08:00 - 23:00 |
| Tuesday | 08:00 - 23:00 |
| Wednesday | 08:00 - 23:00 |
| Thursday | 08:00 - 23:00 |
| Friday | 08:00 - 23:00 |
| Saturday | 08:00 - 23:00 |
| Sunday | 08:00 - 23:00 |