Crystal Tiny - Okkar Store

Crystal Tiny - Okkar Store

Share

Our Store is the best for your beauty needs of Skin care & collagens .

10/06/2023

စက်ပစ္စည်းတွေမှာ ငွေသုံးပါ

လူလတ်တန်းစားအလွှာ
မြန်မာလူမျိုးအများစုက
လူကိုယ်တိုင်အားသုံးရတဲ့
အချိန်ပိုပေးရသော အိမ်အလုပ်တွေကို
ယနေ့တိုင် ဒုက္ခခံလုပ်ဆဲပဲ..

ဆိုလိုတာ အပြင်ထွက်စားတာ
​အလှအပတွက်ငွေသုံးတာ
ရှိပြီးသားအဝတ်အစား အိတ်နှင့်
အသုံးအဆောင်တွေသာ ထပ်တလဲလဲဝယ်တာ
လုပ်နေကျ လုပ်နေနိုင်တဲ့ မိသားစုတွေကိုသာ
နမူထားသုံးသပ်ပြခြင်းပါပဲ

ဒါတောင် ယနေ့ခေတ်မှာ
အိမ်တိုင်းလိုလို မသုံးမဖြစ် ရေခဲသေတ္တာ အဝတ်လျှော်စက်လို
ဟာမျိုးတွေ ဝယ်ပြုလာကြပေမင့်

ငွေတတ်နိုင်ရက်နဲ့
အချိန်ကုန် လူပင်ပန်းသက်သာသော
ဖုန်စုပ်စက် တံမြတ်စီးလှည်းစက်
ဟင်းနွှေးစက်တို့လိုဟာမျိုးတွေတွက်ကျ
မလိုအပ်ဘူးခေါင်းမာခါ
အစစအရာရာလူအင်အားပိုးသုံးတတ်ကြပါတယ်

တကယ်တမ်းကျ
ဒီစက်ပစ္စည်းတွေဟာ
တိုးတတ်တဲ့နိုင်ငံတွေဆီမှာမှ
သုံးခွင့်ရနေသော luxury ပစ္စည်းမျိုးများမှမဟုတ်ပဲ

ဆယ်ဂဏန်းတောင်မရှိသော
လက်ငါးချောင်းမပြည့်သောငွေနဲ့
ကိုယ့်တတ်နိုင်တဲ့ budget တွင်းကနေ
တတ်နိုင်လက်လှမ်းမီရာ brand ကို
ဝယ်ဝက်အသုံးချနိုင်တာပါပဲ

ကိုယ်ပိုင်အချိန်တွက်မဖယ်ထားနိုင်အောင်ပင်
အိမ်အလုပ်တွေချည်းသာ
တနေကုန်လုပ်နေရလို့ကတော့
အထူးသဖြင့်
ရုံးပါမိုးလင်းမိုးချုပ်ပြေးတတ်နေရသေးလျင်

စက်ပစ္စည်းတွေကိုသာ
ငွေပေးဝယ်ခါ
ကိုယ်စားခိုင်းသင့်ပါတယ်

ကျမတစ်ကိုယ်စာ အတွေ့အကြုံကတော့
အချိန်ပိုင်း Maid တွေဆိုလည်း
စိတ်တိုင်းကျစရာမရှိ အမြဲတမ်းနီးပါး
ကိုယ်ဟာ လိုက်ပြုပြောဆို စစ်ဆေးနေရမယ့်တူတူ

No washing machine ဟာတွေကလွဲ
အဝတ်ရော အတွင်းခံတွေပါ
စက်နဲ့သာလျှော်လိုက်တာ

တအိမ်လုံး တံမြတ်စည်းပတ်လှဲရတာထက်
ဖုန်စုပ်စက်နဲ့သာ အမှိုက်မြန်မြန်ပတ်လှဲလိုက်တာ

စတာတွေဟာ time and energy save သော
Game changer တွေပါပဲ

အမှန်တော့ ဒါတွေဟာ
အိမ်နီးချင်းနိုင်ငံတွေဆီမယ်တောင်
သုံးပြုနေတာကြာလှပြီရယ်
ကျမတို့ဆီမယ်တော့
ခေါင်းမာစွာ အစအဆုံးကို
ကိုယ်တိုင်လုပ်ဆဲပါပဲ

စျေးကွက်ထဲမှာလည်း
သင့်တော်အသုံးခံတဲ့
သူ့တန်ရာတန်ရာ ပစ္စည်းလေးတွေရှိပါတယ်

ကျမကတော့
အဓိပ္ပါယ်မရှိဘူးထင်တဲ့နေရာတွေမှာ
Work hard ထက် work smart ရတာသာ
ပိုဦးစားပေးတတ်သလို

ကိုယ်နှင့်ထိုက်တန်တဲ့
လူနေမှုအဆင့်တန်းတစ်ခုကိုလည်း
ထိန်းသိမ်းချင်သူမို့

​မီးဖိုချောင်သုံး/အိမ်သုံးပစ္စည်းတွေဖြစ်တဲ့
Oven, toaster, coffee maker, Vacuum cleaner, လိုဟာမျိုးကနေစပြီး ဝယ်ယူအသုံးချခဲ့သမျှ
တခါမှနောင်တမရခဲ့ဘူးကွယ်

ဆိုတော့ ဝယ်ပြုနိုင်ရက်နဲ့တော့
ခေါင်းမမာပါနဲ့
တခြားနေရာတွေဆီမယ် ငွေသုံးမယ့်အစား
လိုအပ်သော စက်ပစ္စည်းတွေဆီ
Invest လုပ်ပြီး အချိန်ကုန် လူပင်ပန်းသက်သာတဲ့
လူနေမှုအဆင့်တန်းတစ်ခုကို ဖန်တီးဖို့
အကြံပြုလိုက်ရပါတယ်ကွယ်

16/05/2023

မင်္ဂလာပါ ချစ်တို့ရေ …
မင်မင်တို့ရဲ့ Page လေးက အနီလေးပြနေလို့ ဒီဘက် Page အသစ်လေးကိုဖိတ်ခေါ် လိုက်တာပါရှင့် 💕
Page လေးကို Like & Folliw လေးလုပ်ပေးကြပါဦးနော် 🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 25 , Pwel Sar Tan Street , Net Chaung Ward
Yangon
11211