Khun Zi's Vibes

Khun Zi's Vibes

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khun Zi's Vibes, Beauty, cosmetic & personal care, Yangon.

Photos from Khun Zi's Vibes's post 01/06/2024

Missing my favorite city 🌃

Photos from Khun Zi's Vibes's post 29/04/2024

အချစ်ကလေး mi mi နဲ့ လည်လည်❤️😍

Photos from Khun Zi's Vibes's post 24/04/2024

မနေ့က သွားဖြစ်ခဲ့တဲ့ chocolate factory 🏭
Chocolate အရသာစစ်စစ် စားချင်ရင် ဒီကို သွားနော်

chocolate ကို အဓိက ဦးစားပေးထုတ်ပေမယ့် အစားအသောက်တွေကလဲ မျိုးစုံရတယ်နော် western food တွေလဲရတယ် thai foodလဲရတယ် dessert တွေလဲများကြီးရတယ် dateလို့ကောင်းတဲ့ နေရာလေး😍😍

khun zi သွားခဲ့တာ pattaya sukumit မှာရှိတဲ့ factory ပါ beachနားမှာရှိတဲ့ factory လဲသွားကြည့်အုန်းမယ် ခေါင်းရိုင်မှာက ပိုကြီးတဲ့ factory ရှိလို့ khun ziတော့ သွားကြည့်မယ် စိတ်ကူးထားတယ်💃🏻

ပုံလှလှလေးတွေလဲ အများကြီး ရိုက်လို့ရတယ်🙆🏻‍♀️❤️

Photos from Khun Zi's Vibes's post 14/04/2024

Bangkok နဲ့ Pattaya ကြားမှာရှိတဲ့ Chonburi Basean Toshinဆိုတဲ့ ဂျပန် လမ်းပုံစံ အသေးစားလေး🌸🌸

ဂျပန် လူမျိုးကိုယ်တိုင် ဖွင့်ထားတဲ့ ခေါက်ဆွဲလေးလဲ ဂျပန်ခေါက်ဆွဲကြိုက်တဲ့သူတွေအတွက် must try ပါနော်
ကင်ချီလေးတော့ နောက်တစ်ဆိုင်က ကြိုဝယ်ထားပြီးစားနော် ခေါက်ဆွဲဆိုင်က စျေးနည်းနည်းများလို့

ဘတ်၂၀ဘဲ ပေးရတဲ့ ကင်ချီဝယ်လို့ရတဲ့ ဆိုင်လေးလဲရှိပါတယ်😍

ဆိုင်တိုင်းကဝယ်ပြီး စားလို့ရတဲ့ sitting area လဲ အကျယ်ကြီး ရှိပါတယ်
ဆိုင်ထဲမှာဘဲ စားလို့လဲရပါတယ်

ပီးရင် အချိုတည်းစရာ ဆိုင်လေးတွေလဲ ရှိပါတယ်

ပုံလေးတွေမှာ captionလေးတွေ ထည့်ထားပေးတယ်နော်😍😍

Photos from Khun Zi's Vibes's post 09/04/2024

Phuket က old town road လေးနဲ့ အရမ်းလှတဲ့ ဆိုင်လေး❤️❤️

Photos from Khun Zi's Vibes's post 06/04/2024

Finally ရေခဲတောင်ထိပ်ကို ရောက်ပါပြီ
ရာသီဥတုက ကြည်ကြည်လင်လင်နဲ့ဆိုတော့ မြင်ရတဲ့ မြင်ကွင်းအကုန်လုံးက လှနေတာဘဲ။တောင်ထိပ်ကို ရအောင်တတ်မယ်ဆိုတဲ့ စိတ်နဲ့ မနည်းတတ်ရတာပေါ့ ဟီး😉😉 မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးသီချင်းအတိုင်း တောင်ထိပ်ရောက်ရင် ဘယ်လိုတွေ လှနေမလဲ သိချင်စိတ်နဲ့ ရအောင်တတ်ခဲ့ပါတယ် khun ziတို့သွားတဲ့ အချိန်က December လကုန် January လ အစပိုင်းဆိုတော့ နှင်းကျလို့ကောင်းနေဆဲ အချိန်ပါ ။ တောင်ပေါ်မှာ နှင်းကျရင် မိုးအုံ့ပြီး မိုးရွာသလို ရွာတာပါ နှင်းအသစ်ကျရင် လမ်းလဲချော်နိုင်သလို လမ်းကိူလဲ ကောင်းကောင်းမမြင်ရလို့ တောက်ထိပ်ကို ဆက်တတ်လို့မရပါဘူး။ချော်ကြရင် ဘေးမှာ ချောက်ကမ်းပါးတွေဘဲ ရှိလို့ အန္တရာယ်များလို့ ပြန်လှည့်ကြရမှာပါ။ဘုရားကျေးဇူးတော်ကြောင့် ရာသီဥတုက အရမ်းကို ကြည်လင်ပြီး တောင်ထိပ်ကို ရောက်နိုင်ခဲ့ပါတယ်။ နောက်အပို လက်ဆောင်ကတော့ တောင်အောက်ကို ပြန်ရောက်မှ နှင်းမိုးရွာတော့ 2024 နှစ်စမှာ ပထမဆုံး နှင်းဖက် ဖြူဖြူလေးတွေကို မြင်ခဲ့ရတာ တကယ့်ကို မမေ့နိုင်စရာပါဘဲနော်☃️🌨️❄️🗻🗻
ရေခဲတောင်တတ်ခရီး ပြီးဆုံးပါပြီ
ကိုယ့်လို လူကောင်သေးသေးလေးက တောင်ထိပ်ထိ တတ်နိုင်ခဲ့တာ တကယ့် အိမ်မက်လိုပါဘဲ အခုထိ မယုံနိုင်လောက်အောင်ပါ🥶🥶

ခရီးစဉ်စဆုံးကို ဖတ်ပေးမယ်လို့ မျှော်လင့်ပါတယ်
နောက်နှစ်တွေမှာ khun ziတို့လို တတ်ဖို့ စိတ်ဝင်စားရင် khun ziကို မေးလို့ရပါတယ်နော် လိုအပ်တာလေးတွေ သိသလောက်ပြောပြပေးပါမယ်☺️☺️❤️❤️

Photos from မေသင်္ကြန် မိုး's post 03/04/2024

❤️❤️

Photos from Khun Zi's Vibes's post 01/04/2024

Day -4
သစ်ပင်ကြီးစခန်းမှ ခမ်းတောက်မြစ်စခန်းကို ထွက်ခွါပါပြီ။ရေခဲတောင်နဲ့ နီးလေ ပိုအေးလေဆိုတော့ လမ်းလျှောက်ရင်တောင် ချွေးက သိပ့်မထွက်ချင်တော့ဘူး☺️☺️ တောင်ကတော့ ပိုပြီးမြင့်လား မတ်လာပါတယ် အတတ်များတယ် နားလိုက်တတ်လိုက် မောလိုက်ပေါ့ သဘာဝ ရှု့ခင်းတွေကတော့ ပိုပြီးကြည့်ကောင်းပြီး လှလာတယ်ခမ်းတောက်မြစ်စခန်းနီးတစ်ခါတစ်လေ ရေခဲလေးတွေ လမ်းမှာ စပြီး တွေ့ရတယ် ❄️🥶❄️ရေခဲတောင်ကိုလဲ ပိုပိုပြီး မြင်ရလာတယ် မြင်ရတဲ့ view နဲ့တင် မောတာတွေပါ ပျောက်
သွားစေတယ် တကယ်😍 khun zi တို့မနက် ၁၀နာရီသစ်ပင်ကြီး စခန်းက စထွက်တာ ၂နာရီမှာ ခမ်းတောက်မြစ်စခန်းကို ရောက်ပါတယ်။ ရေခဲတောင်တွေကို သေချာ အနီးကပ်မြင်ရတဲ့အပြင် ရေခဲပြင် နည်းနည်းလဲ စတွေ့ပြီး ကိုင်ကြည့်လို့ရပါပီ ရေခဲသားတော့ နည်းနည်းကြမ်းသေးတာပေါ့ ဒါပေမယ့် အရမ်းပျော် 🥶

Day -5
ခမ်းတောက်မြစ်စခန်းကနေ ရေခဲတောင်ရဲ့ အနီးဆုံး ရေခဲတောင်ခြေစခန်းကိုသွားရတဲ့နေ့ပါ။လမ်းမှာ တစ်လမ်းလုံးနီးပါး ရေခဲလမ်းကို လျှောက်သွားရတာပါ။khun ziလို ပထမဆုံးရေခဲတောင် တတ်တဲ့သူအတွက် အရမ်းလှပြီး အရမ်းလဲ adventureပါ 🦋❄️🥶ရေခဲပြင်ပေါ် အိပ်ရတာလဲ အမှတ်တရပါ😍ရေခဲတွေက အလိုလို khun zi အိပ်တဲ့ tentပေါ်တွေမှာပါ ခဲနေတာပါ🥶🥶ပုံလေးတွေ တင်ပေးထားမယ်နော်
ရေခဲတောင်ပေါ်ရောက်တဲ့ ပုံလေးတွေက သီးသန့်ထပ်တင်ပေးမယ်နော်😍

Photos from Khun Zi's Vibes's post 30/03/2024

A night to remember 🌸💓

30/03/2024

လူလိမ်တွေသတိထားကြပါ။အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့သူတွေဆို သက်ဆိုင်ရာဘဏ်ကိုအကြောင်းကြားဖို့မလွယ်လို့ ပိုသတိထားရပါမယ်။

Khun zi ကိုယ်တိုင် မနေ့က ငွေလိမ်ခံရတာပါ။ပထမဆုံး onlineက ဒေါ်လာဝယ်တာပါ။ အသိတွေဆီကဘဲ ဝယ်နေကြကို အသိတွေဆီက မရနိုင်သေးတာရယ် ကိုယ်တိုင် အရမ်းလိုလို့ ဝယ်မိရာက ကိုယ်ညံ့လို့ ကိုယ်ခံရတယ်ဘဲ မှတ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ချို့ အမတွေ ညီမတွေလဲ khun zi အလိမ်ခံရတဲ့ သူဆီမှာဘဲ ပါသွားကြတာရော လူလိမ်က အသစ်ထပ်လိမ်ဖို့ ကြိုးစားနေတဲ့ အမ ညီမတွေက khun zi postကို မြင်လို့ သတိထားမိသွားကြတာကြောင့် pageမှာ ထပ်တင်ပေးတာပါ။ ဆင်ခြင်လို့ရအောင်ပါ။လူလိမ်က အုပ်စုလိုက် လုပ်စားနေတဲ့ သူတွေများပါတယ်။

Khun Ziတို့ အလိမ်ခံရတဲ့ တစ်ယောက်က အရမ်းဆရာကြတဲ့ လူလိမ်ပါ ဒေါ်လာဝယ်ရောင်း groupတွေတိုင်း သူလိုက်ရောင်းပါတယ် profile အစစ်ပုံနဲ့ ရောင်းမယ့်သူကို friend request လာပို့ပါတယ်။ပြီးရင် face to face လဲမယ်ပြောတော့ သူက Melbourne မှာပါလို့ပြောပါတယ်။ NRC , passport တော့ ပေးနိုင်ပါတယ်ပြောပြီး သူက တကယ် ရိုက်ပို့လာတော့ khun ziလဲ အတွေးမှားသွားတာပါ။ khun zi သိန်း ၂၀လွှဲပြီးရော blockသွားတာပါ။kpayကို ချက်ချင်းဖုန်းဆက်ပြီး acc ကို holdခိုင်းတာ kpayက hotline number ဖြစ်တာကြောင့် khun ziက နိုင်ငံခြားရောက်နေလို့ တစ်ဆင့်ဖုန်းနဲ့ခေါ်ပြီး ဖုန်းတစ်ဆင့်ခံ ပြောလို့ kpay number နဲ့ မဆက်တဲ့အတွက် holdမပေးပါဘူးပြောပါတယ်။ လိမ်ခံရပြီးမှ သတိထားရမယ့်အချက်တွေ မြင်လာလို့ နောက်လူတွေ khun ziလို မဖြစ်အောင် ပြောပြပေးပါမယ်။

💥လူချင်းတွေ့မရရင် video call ခေါ်ပါ

💥လူချင်းတွေ့ချိန်လဲ ကိုယ့်ပိုင်နက်ကိုဘဲ ချိန်းပါ အုပ်စုဖွဲ့လိမ်တာကြောင့် အန္တရာယ်များပါတယ်

💥Profile name နဲ့ kpay name မတူရင် သတိထားပါ

💥Like များတဲ့ Page တွေဝယ်ပြီး pageအတုလုပ်ထားတဲ့ money changer တွေလဲ သတိထားပါ money changerဆို ဆိုင်မှာ သွားဝယ်ပါ

💥လူလိမ်တွေက အုပ်စုလိုက်ဖြစ်တာကြောင့် fake accတွေနဲ့ သူတို့အချင်းချင်း mentionလုပ်ပြီး သူ့ဆီက ဝယ်ပါ စိတ်ချရပါတယ်Recommend လုပ်တဲ့ သူတွေ အများကြီးရှိပါတယ်။

💥NRC,Passport ပြလဲ လုံးဝ မယုံပါနဲ့ khun zi လို လိမ်ခံရပါမယ်။သူခိုးတွေက အကုန်အကွက်ကျကျ လိမ်နေပါတယ်

💥ဒေါ်လာဝယ်ရောင်း groupတစ်ခုရဲ့ adminကပါ လူလိမ်တွေကို မbanဘဲ လူလိမ်တွေကို banပါ ပြောတဲ့သူကိုလဲ suspended လုပ်တဲ့အပြင် khun ziရဲ့ လူလိမ်သတိပေး postကို report လုပ် ဖြုတ်ချတာပါ။ groupကို comment မှာ Screenshot ပြထားပေးပါမယ်။

လူလိမ် လုပ်စားနေတဲ့ accပုံရော တစ်ခြား ညီမ အမတွေဆီကပါ လိမ်သွားတဲ့ လိမ်းနည်း အဆင့်ဆင့်ကို comment မှာတင်ထားပေးပါမယ်။
ထပ်သတိထားရမယ့် အချက်တွေရှိရင်လဲ ပြောပြဝေမျှပေးသွားလို့ရပါတယ်။။။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11191