De Dee Sports & Wellness
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from De Dee Sports & Wellness, Health/Beauty, Yangon.
အစားလျော့ပြီး ဝိတ်ချတာက အချိန်တိုအတွင်း အဆီနဲ့ ကြွက်သားတွေပါ ကျစေနိုင်လို့ မကောင်းပါဘူး၊
မှန်ကန်တဲ့နည်းလမ်းက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကယ်လိုရီကို မျှတစွာစားပြီး လေ့ကျင့်ခန်းလုပ်တာ ဖြစ်ပါတယ်၊ ဒါမှ အဆီကျပြီး ကြွက်သားမဆုံးရှုံးဘဲ ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်ကျမှာပါ.
အစားလျော့ပြီး ဝိတ်ချခြင်းရဲ့ အန္တရာယ်များ
* ကြွက်သားဆုံးရှုံးခြင်း: ခန္ဓာကိုယ်က စွမ်းအင်အတွက် အဆီအပြင် ကြွက်သားတွေကိုပါ စားပစ်တာကြောင့် ကြွက်သားတွေ ပျက်စီးနိုင်တယ်.
* ကျန်းမာရေး ထိခိုက်နိုင်ခြင်း: အလွန်အကျွံ အစားအသောက်လျှော့ချတာဟာ အဝလွန်တာထက်တောင် ကျန်းမာရေးကို ပိုထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်.
* ဇီဝကမ္မပြောင်းလဲမှု (Metabolism) နှေးကွေးခြင်း:
အစားအသောက် အလွန်အမင်းလျှော့ချရင် ဇီဝကမ္မနှုန်း နှေးသွားပြီး ဝိတ်ပြန်တက်လွယ်ပါတယ်.
ကျန်းမာရေးနဲ့ညီညွတ်စွာ ဝိတ်ချနည်းများ
* မျှတတဲ့ အစားအသောက်: ကယ်လိုရီကို အလွန်အကျွံ မလျှော့ဘဲ အာဟာရပြည့်ဝတဲ့ အစားအစာ (ပရိုတင်း၊ အမျှင်ဓာတ်၊ ကျန်းမာရေးနဲ့ညီတဲ့ အဆီ) တွေကို မျှတအောင် စားပါ.
* လေ့ကျင့်ခန်း:
အေရိုဗစ်လေ့ကျင့်ခန်းနဲ့ ကြွက်သားအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို ပေါင်းစပ်လုပ်ပါ
trainer De De
personal trainer
နောက်ကျော အဆီကျ ကျစ်လှစ်ချင်သူများ Online class များကို Viber ဖုန်းနံပတ် 09978990364 တွင် မေးမြန်းနိုင်သည် trainer De personal trainer
ရေသန့်ဘုူး တစ်စုံ dumbbell တစ်စုံ ရှိယုံနဲ့ ဆော့လို့ ရမယ့် exercises (6)မျိုး
Online class များကို Viber ဖုန်းနံပတ် 09978990364 တွင် မေးမြန်းနိုင်သည်
trainer De
personal trainer
Hello မဂ်လာပါ ဒီနေ့ ဒီ video ကြည့်တဲ့ သူတွေထဲမှာ အဝလွန်သူရှိလား ဆီးချို သွေးချို စတင်ခံစားနေရတဲ့သူရှိလား မခုန်နိုင်တဲ့သူရှိလား ဒါဆိုရင် ဒီနေ့ ဒီ Video ထဲမှာ မခုန်နိုင်တဲ့သူတွေ ဆီချို သွေးချို ရှိတဲ့သူတွေ အမောမခံနိုင်တဲ့ သူတွေအတွက် ဆော့လို့ရမယ် no equipment လေ့ကျင့်လို့ ရမယ့် exercise (6)မျိုး Day (1) တစ်ရက်စာ ဆော့ပြပေးထားပါတယ်
27/12/2025
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အမျိုးအစားကို ဘယ်လို ခွဲခြားသိမြင်နိုင်လည်း
အခြေခံအားဖြင့် ခန္ဓာကိုယ် အမျိုးအစား (၃)မျိုးရှိပါတယ်
✅နံပတ်(၁)Endomorphs
ကြီးပြီး ၊ဝတဲ့ အမျိုးအစားပါ။ ဒီလူတွေက ဝဝဖိုင်ဖိုင် ပုံစံရှိပြီး တော့ အဆီကျဖို့ ခက်ပါတယ် ။
✅နံပတ်(၂) Mesomorphs
အများအာဖြင့် ကြွက်သားများတဲ့ သူတွေပါ ။ ဒီလိုလူတွေဟာ ကြွက်သားများ တောင့်တောင့် ခိုင်ခိုင် နဲ့ အလွယ်တကူ ကြွက်သားတက်အောင် လုပ်နိုင်ပါတယ် ။
✅နံပတ်(၃)Ectomorphs
အဆီမရှိဘဲ ပိန်သွယ်တဲ့ သူတွေပါ ။ ဒီလူတွေက ပိန်ပြီး ဇီဝဖြစ်စဉ် တွေကလည်း မြန်တယ် အဆီပမာဏလည်း အရမ်းနည်းပါတယ် ။
⬇️Endomorphs ရဲ့ လက္ခဏများနှင့် သဘာဝ⬇️
အများအားဖြင့် ကြီးပြီး ဝကြတဲ့သူတွေပါ။ ဝိတ်တက်လွယ်ပြီး ဝိတ်ကျနှေးတက်ပါတယ် ။ တစ်သက်လုံး ဝိတ် တက်လိုက် ကျလိုက် ဖြစ်နေတက်ပါတယ် ။ Endomorphs တွေဟာ အများအားဖြင့်
- ခန္ဓာကိုယ် မှာ အဆီပမာဏ ပိုများတက်တယ် ။ (အဝလွန်နေတက်ကြတယ်)
- အရိုးအဆစ်ကြီးကြတာများတယ် ။
- ခြေဖဝါး ၊ လက်ဖဝါး တိုပြီး သေးသွားတက်တယ် ။
- ခန္ဓာကိုယ် လုံးပြီး ၊ ပန်းသီးပုံရှိတက်ပါ
- တယ်။
- ခါးကြီး ၊ တင်ကြီးတက်ကြတယ် ။
- ဇိဝဖြစ်ပျက်မှုနှေးတယ်
- ကာဗွန်ဟိုက်ဒရိတ်များများစားလို့မရဘူး။
- ဝိတ်ချရခက်တယ်
- လေ့ကျင့်ခန်း မလုပ်တော့တဲ့အချိန် အဆီ ပြန်တက်တတ်တယ် ။
- လွယ်လွယ်နဲ့ အိပ်ပျော်နိုင်ပြီး နှစ်နှစ် ခြိုက်ခြိုက်လည်းအိပ်တယ် ။
- နုံးလွယ် ၊ ပင်ပန်းလွယ်ပြီး အားမရှိဖြစ်တက်တယ် ။
- လှုပ်ရှားမှု နည်းတက်ပြီး ခန္ဓာကိုယ် နားနေချိန်မှာ လောင်းကျွမ်းတဲ့ ကယ်လိုရီ ပမာဏလည်း နည်းပါတယ်။
-
⬇️Ectomorphs ရဲ့ လက္ခဏားများနှင့်သဘာဝ⬇️
သဘာဝအားဖြင့် ပိန်သွယ်ကြတယ် ။ Ectomorphs တွေဟာဝိတ်မြန်မြန်ကျနိုင်ပြီး ကြွက်သားတည်ဆောက်နိုင်ဖို့ ခက်ခဲပါတယ် ။ Ectomorphs တွေဟာ အများအားဖြင့် ခြေတံလက်တံရှည်ပြီး ခန္ဓာကိုယ်က အလျားရှည်ကြတယ်
အရိုးအဆစ်သေးတယ်
- ခါးသေး၊ပခုံးကျဉ်းတယ် အရိုးတွေ ငေါ်ထွက်နေတက်တယ် ၊
- သဘာဝကိုယ်က ပိန်တက်ပြီး ၊ အဆီလည်း အမြန်ကျ တယ် ။
- အများအားဖြင့် ဝိတ်ကို မတက်နိုင်ဘုူးလို့ ပြောကြလိမ်မယ်။
- ကာဗွန်ဟိုက်ဒရိတ်ကိုလည်း ကောင်းကောင်းချေဖျက်နိုင်ကြတယ် ။
-
အရမ်းတက်ကြွတယ် ဘာမှ မလုပ်ဘဲ နေရင်တောင် ကယ်လိုရီ အများကြီး လောင်ကျွမ်းနိုင်တယ် ရှိနေတဲ့ ဝိတ် ကို မကျသွားအောင် ထိန်းဖို့ခက်တယ် ။ ဝိတ်တက်ဖို့လည်း အရမ်းခက်တယ် ။
⬇️Mesomorph ရဲ့ လက္ခဏာများနှင့် သဘာဝ ⬇️
Mesomorph ဒါမှမဟုတ် မျိုးရိုး ဗီဇကောင်းတဲ့ လူတွေဟာ အလိုလို ကြွက်သားတွေရှိပြီး ကျစ်လျစ်ကြပါတယ် ။ ဒီလိုလူ
တော်တော်များများက workout မလုပ်ခင် တည်းက ကြွက်သားတွေ ရှိပြီးသားပါ ။
Mesomorph တွေဟာ အများအားဖြင့်
-အရိုးအဆစ် အလယ်အလတ် အရွယ်အစားမှာဘဲရှိတယ်
ပခုံးကျယ်ပြန့်တယ် ရင်ခေါင်ကျယ်ပြီး ခါးသေးတယ် သဘာဝအားဖြင့် အသားကျစ်ပြီး
- -ပိန်တယ် သဘာဝအားဖြင့်ကြွက်သားကြီးတယ် ၊
သန်မာကြတယ် ကာဗွန်ဟိုက်ဒရိတ် အများကြီးစားတိုင် ဝိတ်မတက်ကြဘူး ဇိဝဖြစ်စဉ်မြန်သင့်သလောက်မြန်တယ် အလွယ်တကူ သန်မာအောင် ကြွက်သားတက်အောင် အဆီကျအောင် လုပ်နိုင်တယ်
ဘယ်လို training မဆို ရလဒ်ကောင်းရဖို့ လွယ်တယ် မွေးကတည်းက ခွန်းအားနဲ့ စွမ်းအား သုံးရတဲ့ အားကစားသမား ပုစံမျိုးတွေနဲ့ မွေးလာကြတယ်။
တစ်ဦးနှင့်တစ်ဦး မတူညီမှုအရ လူတွေမှာ ဝနိုင်ချေဟာ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြာနားပါတယ် ။
online class အတန်းလေးတွေရှိပါတယ်။ ကျန်းမားရေးအတွက် ကစားချင်သူများweight lose / weight gain အတွက် ကစားချင်သူများ exercises များကို ပုံစံမှန်မှန် ကစား ချင်သူများ
စိတ်ဝင်စားပါက Viber number ၀၉၉၇၈၉၉၀၃၆၄သင်တန်းကြေး စုံးစမ်းနိုင်ပါတယ် ။
တစ်ချို့ လူတွေမှာက တစ်ခြားလူတွေထက် ဝဖို့ ပိုလွယ်ကူကြတယ် ။ လူတွေမှာectomorphs(ပိန်သွယ်တဲ့ ခန္ဓာကိုယ် )နဲ့ endomorphs(လေထောင့်ဆန်ဆန် ထွားတဲ့ ခန္ဓာကိုယ် )ဆိုပြီး ရှိတယ်။
မျိုးရိုးဗီဇအရ တစ်ချို့က အဆီ ဆဲလ်တွေ ပို ပါတက်ပြီး တစ်ချို့မှာ နည်းနည်းဘဲပါတယ် ။ ဒါပေမယ့် ဝတယ် မဝဘူးဆိုတာ ပတ်ဝန်းကျင်တဲ့ အပြုအမှုပေါ်မှာလည်းမှုတည်ပါတယ် ။
ရှိသင့် တဲ့ ကိုယ်လေးချိန်ကို အစားအသောက်နေထိုင်ပုံနဲ့ ဘယ်လိုလေ့ကျင့်ခန်းတွေ ဘယ်လောက်ကြာကြာ လုပ်တယ်ဆိုတာပေါ် မှုတည်ပြီး ပြောင်းလဲနိုင်ပါတယ် ။ လူတိုင်းဟာမတူညီတဲ့ ဆံပင် ၊မျက်လုံး ၊ အသားရောင်တွေတဲ့ မွေးဖွားလာကြတာပါ။
အဲ့ဒီအတိုင်းဘဲ အဆီချဖို့နဲ့ ကြွက်သားတည်ဆောက်ဖို့ အတွက် ရထားတဲ့ ခန္ဓာကိုယ် စွမ်းရည်နဲ့ ဇိဝဖြစ်စဉ်တွေက မတူညီ ကြဘာဘူး ။
ပြောင်းလည်းမှုကို ရချင်းရင် ကိုယ်ကိုကိုယ် အရင် သိအောင်လုပ် ရပါမယ် ။ဥပမာ - တစ်ခြားတစ်ယောက်plan ကို တစ်သတ်မတ်တည်း လိုက်လုပ်နေမယ့်အစား ကိုယ့်အတွက် အဆင်ပြေမယ့် training နဲ့ အာဟာရ / နေထိုင်မှု ပုံစံကိုရွေးပါ။
De De
"၈၀ရာခိုင်နူန်းက Diet ပဲ “ ဒါက ကိုယ် အလေးချိန် ချသူတွေရဲ့ လက်သုံးစကား ကယ်လိုရီလျော့မချဘဲ ကိုယ်လေးချိန်မကျ ဝိတ်ချဖို့ ကိစ္စမှန်သမျှ အဟာရနဲ့ အသေးစိတ် ပတ်သက်နေ ပါတယ်။ ဝိတ်ချတာ ကျော်လွန်ပြီး ပိုကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အမြဲတမ်းအဆီကျနေဖို့အတွက် ဝိတ်မလေ့ကျင့်ခန့်း weight training ဟာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ် ။လူနှစ်ယောက် ကယ်လိုရီ လျော့ချတဲ့ အစားအသောက် plan ချင်း အတူတူ တစ်ယောက်က အလေးမ ပြီး နောက်တစ်ယောက်က အလေးမ မဘူးဆို အဲ့နှစ်ယောက် ခန္ဓာကိုယ်မှာ ဘာတွေ ကွာလည်းဆိုရင် အလေးမ မတဲ့သူက ကျစ်လှစ် ပိန်သွယ်တဲ့ ခန္ဓာကိုယ် ထုထည် ကျသွာမယ်။ အလေးမ တဲ့သူDe Deက အဆီတွေလျော့သွားပြီး ကျစ်လှစ်တဲ့ ခန္ဓာကိုယ် ထိန်းသိမ်း ထားနိုင်မှာဘဲ ဖြစ်တယ် ။ personal trainer de personal trainer girls
🌲TRX Row 🌲🌲suspension training 🌲🌲Core 🌲
Today workout pull dayမိန်ကလေး တွေ ကောက်ကြောင်းအလှကို ပိုမိုပေါ်လွင်ချင်တယ်ဆို နောက်ကြော အဆီ ကျ နောက်ရှိုတ်ပေါ်ချင် တယ် ဆို ဒီလေ့ကျင့်ခန်းလးတွေ ထည့်ဆော့ကြည့် ဒီလေ့ကျင်ခန်းလေးတွေက body posture ပြန်လည် ကောင်းမွန်လာပြီး နောက်ကျော Muscle သန်မာ လာပြီး ကိုယ်ရဲ့ body shape ကို ပုံဖော်ပေးတဲ့ exercises လေးတွေဘဲ ဖစ်ပါတယ် ခါးနားခြင်း ဖြစ်ပေါ်မှုကို ကာကွယ်ပေးတဲ့ exercises လေးတွေ လည်း ဖြစ်ပါတယ် trainer de de personal trainer
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
*****