Dar Li
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dar Li, Health/Beauty, Yangon.
အေးအေးဆေးဆေး နေပါ
ပျင်းနေရင် စာအုပ် ဖတ်ပါ ။
ဖုန်းသုံးပါ ။
ဟာသ တွေ ကြည့်ပါ ။
ဘယ်သူ့အတွက်နဲ့မှ ကိုယ်ယ့်စိတ်ို
မလေးလံပါစေနဲ့. ။
ဘယ်သူကမှ
ကိုယ်ရဲ့
ဖျော်ဖြေ ရေး ကရိယာ
မဟုတ်ကြပါဘူး ။
သက်ရှိတွေ အပေါ်မှာ ထားတဲ့
မျှော်လင့်ချက် တွေကို
လျော့ချပါ ။
သက်မဲ့ ဝတ္ထုတွေနဲ့ မွေ့လျော်ပါ ။
သူတို့ တွေက ကိုယ့်ကို ဝေဒနာတွေ မပေးတတ်ပါဘူး ။
အဓိက က
ကိုယ် စိတ်ပျော်နေဖို့ပဲ မဟုတ်လား ပျော်စရာ တွေကို ကိုယ်တိုင် ဖန်တီး ပါ ။
သူများ ဖန်တီး ပေးမယ့် ပျော်စရာ တွေကို မျှော်လင့် မနေပါနဲ့. ။
သီချင်းတွေ နားထောင်ပါ ။
အနီးအနား က
ကိုယ့် အပေါ် ကောင်းတဲ့ သူတွေကို
ဂရုစိုက်ပါ ။
အချိန်ပေးပါ ။
ကိုယ့်ကို
အရေး မလုပ်သူတွေအတွက်
ကိုယ့် စိတ်ကို
ဒဏ် မခတ်ပါနဲ့. ။
လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာ ချည်းပါပဲ ။
မေ့သင့်တာတွေကို မေ့ပစ်လိုက်ပါ ။
ဒဏ်ရာတွေကို တသသ မွေးမြူမနေပါနဲ့ ။
စိတ်ကို စိတ်နဲ့ ကုပါ ။
ကုန်လွန်ခဲ့တဲ့ အချိန်တွေ
လုပ်ခဲ့မိတဲ့ အမှားတွေ အတွက်
နောင်တ တွေနဲ့
ပူပန် မနေပါနဲ့. ။
အမှိုက် တွေကို သိမ်းဆည်းထားသူ မဖြစ်ပါစေနဲ့. ။
ပစ္စုန်ပ္ပန် တည့်တည့် ကိုလျောက်
မျှော်လင့်ချက် တွေကို ခေါက်ထားပြီး
ရည်မှန်းချက် တွေနဲ့ ရှင်သန်ပါ ။
မျှော်လင့်ရတာ မောပါတယ်
သက်ရှိတွေ အပေါ်မှာ
မျှော်လင့် ရတာ
ပိုဆိုးပါတယ် ။
တစ်ယောက်တည်း အေးအေးဆေးဆေးနေပါ ။
ဘဝက သာယာ ပါတယ်
Crd #
"အရာရာဟာ ဧည့်သည်ပါ"
တစ်ယောက်ယောက်က
ထားခဲ့ရင် ဝမ်းမနည်းပါနဲ့။
သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို့လည်း ဖြစ်နိုင်သလို သူသွားမယ့်လမ်းမှာ သင့်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်။
ဘယ်ခရီးကိုမှ တူတူသွားရမယ်လို့
ဘယ်သူကမှ မသတ်မှတ်ထားသလို.....
ဘယ်သူလိုက်လိုက် မလိုက်လိုက်
သင်ကတော့ သွားနေရအုံးမှာ ဖြစ်ပါတယ်။
သင်ပါပါမပါပါ သူလည်း
ဆက်လျှောက်နေမှာ ဖြစ်ပါတယ်။
ငယ်ငယ်ကတွေးခဲ့ဖူးတယ်
ဖေဖေနဲ့အမြဲနေမယ် မေမေနဲ့ပဲ တူတူနေမယ် ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှ မခွဲဘူး။
ငါ့ချစ်သူနဲ့ငါ တစ်သက်လုံး တူတူနေမယ်စတဲ့အတွေးတွေတွေးခဲ့ဖူးတယ်။
တစ်ကယ်တော့ ကျွန်မတို့က
ကံဆုံလို့ သံသရာ ရထားပေါ်မှာ
ခဏလာတွေ့တာကို တစ်ဘဝလုံးစာလို့ထင်ခဲ့ကြတာပါ။
ကိုယ်အရင်ဆင်းရတဲ့အခါ
သူတို့ကိုပါ ဆင်းခဲ့လို့ခေါ်ပေမယ့်လည်း
သူတို့မလိုက်နိုင်ကြသလို.....
သူတို့အရင်ဆင်းသွားတဲ့ အလှည့်မှာလည်း
ကိုယ်လိုက်မသွားနိုင်ခဲ့ဘူး။
သေချာတာကတော့ သူ့တို့လည်း
မသေမချင်း သူတို့ရွေးထားတဲ့လမ်းကို
လျှောက်နေရတာဖြစ်ပြီး ကိုယ်ကလည်း ကိုယ့်လမ်းကိုယ်လျှောက်ရင်း
သူတို့နဲ့လမ်းမှာ ခဏတာ တွေ့တာဖြစ်ပါတယ်။
တွေ့တဲ့အချိန်ခဏလေးမှာ.....
ချစ်ကြ သံယောဇဉ်တွယ်ကြ
မုန်းကြ ဆဲကြ ဆိုကြနဲ့...
အချိန် စေ့ရင် ကိုယ့်လမ်းကိုယ်ပြန်လျှောက်ကြရမှာဖြစ်ပါတယ်။
ခဏခဏ လူသစ်တွေနဲ့
ထပ်တွေ့ရပြီး ခဏခဏ ခွဲရပြန်တယ်။
ခဏခဏ ပျော်ရွှင်ရပြီး နောက်တော့
ခဏခဏ ငိုရင်း ခွဲရပြန်တယ်။
ခဏခဏ လွမ်းမိသလို တစ်ခါတလေလည်း နာကျည်းတတ်ကြပြန်တယ်။
ဒါကြောင့်.....
သင့်ဘဝထဲ လူသစ်တွေဝင်လာရင်
သူတို့ပြန်ထွက်သွားမယ့် အချိန်ကိုပါ
ကြိုတွေးထားပါ။
ကိုယ်ထားခဲ့ရမယ့် အချိန်ကိုပြန်ဆင်ပြီး
သူတို့ထားခဲ့ရင်လည်း ကိုယ်ဘယ်လိုရှင်သန်ပြီး.....
ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ။
သူတို့လာနေတုန်းကို
ကိုယ်တတ်နိုင်သလောက်
ဧည့်ဝတ်ကျေနိုင်အောင်ကြိုးစားပါ။
သူတို့မရှိရင်လည်း သင်နေတတ်အောင်
ပြင်ဆင်ထားပါ။
အပြုံးတွေတောင် ခဏပဲခံရင်
အမုန်းတွေကို အကြာကြီး မွေးမထားပါနဲ့။
အလွမ်းတွေကို အရသာမခံချင်ပါနဲ့။
အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့။
တွေ့တွေ့ခြင်းတောင် ဝမ်းသာအားရ နှုတ်ဆက်ကြရင် ပြန်ချိန်ရောက်ရင်လည်း
ဖက်တွယ်မထားပဲ လမ်းခွဲတတ်အောင်ကြိုးစားပါ။
ကျွန်မတို့ဘဝနဲ့
ကျွန်မတို့ နှလုံးသား တွေမှာ
အကြာကြီး ရှိမနေမှာ သေချာတဲ့သူတွေနဲ့
အကြာကြီး ဖြစ်နေမှာ မဟုတ်တဲ့ ကိစ္စတွေကိုထည့်ပြီးသော့ခတ်မထားပါနဲ့။
ခဏလာပြီး ခဏနေပြန်ထွက်မယ့်
ဘယ်သူကိုမဆို အတင်းအကြပ်
ဆုပ်ကိုင်မထားပါနဲ့ မသွားပါနဲ့လို့ မတားပါနဲ့ ဝင်လာပါစေ ပြန်သွားချင် သွားပါစေ...
လာနေတုန်းလေးမှာ ပြုံးနေပြီး
ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ပြုံးထားပါ။
မိတ်ဆွေ သင့်ခံစားမှုတွေကို
သော့ခတ် မထားပါနဲ့။
နှလုံးသား တံခါးကို
အသာလေးသာ စေ့ထားလိုက်ပါ။
#အိအိထွေး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon