Hsu-Beauty Collection

Hsu-Beauty Collection

Share

Discover your beauty.

31/05/2023

💟ဒီနေ့မှာတော့ HSU - Beauty Collection Page မှ

💟ဦးရေပြား ပြဿနာများထဲမှ ဗောက်ထခြင်း နဲ့ ပတ်သက်ပြီး

➡️ဘယ်လိုအချက်တွေကြောင့် ဗောက်ဖြစ်စေနိုင်တာလဲ?

➡️ဗောက်ထခြင်းကြောင့် ဆံပင်ကျွတ်စေနိုင်လား?

➡️ဗောက်မထအောင် ဘယ်လိုလုပ်ဆောင်ရမလဲ?

💟ဆိုတာတွေနဲ့ ပတ်သက်ပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်နော် ...

💟အက်မင်တို့တွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေပြားတွေဟာ စက္ကန့်နဲ့အမျှ ဆဲလ်တွေ သေဆုံးပျက်စီးလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ အမြဲပြောင်းလဲနေတာဖြစ်ပါတယ်။

➡️ဘယ်လိုအချက်တွေကြောင့် ဗောက်ဖြစ်စေနိုင်တာလဲ?

👉အခုပြောပြချင်တဲ့ ဗောက်ပြဿနာဟာဆိုရင်လည်း ဦးရေပြားမှာရှိတဲ့ ဆဲလ်သေတွေကနေတစ်ဆင့် အဆီတွေ၊ ဖုန်မှုန့်တွေ၊ ဆံသားသုံး ပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်း၊ ပြီးတော့ ဦးရေပြား မှိုတစ်မျိုးဖြစ်တဲ့ Malassezia Furfur မှိုကြောင့် အဖြစ်များတာတွေ့ရပါတယ် ...

👉နောက်ထပ် ဗောက်ထရခြင်း အကြောင်းအရင်း တခုကတော့ စိတ်ဖိစီးမှုကြောင့်ပါပဲ ...

👉ဗောက်ထခြင်းဟာ ကျား၊ မ (အသက်အရွယ်မရွေး) ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ လူပျိုဖော်ဝင်ကာစ ဟော်မုန်း အပြောင်းအလဲ အများဆုံးအချိန်မှာ ပိုပြီး ဖြစ်ပွားတက်တာ တွေ့ရပါတယ် ...

➡️ဗောက်ထခြင်းကြောင့် ဆံပင်ကျွတ်စေနိုင်လား?

👉ဗောက်ထခြင်းကြောင့် တိုက်ရိုက်ဆံပင်ကျွတ်စေနိုင်တာတော့ မဟုတ်ပေမယ့် ဗောက်ထခြင်းကြောင့် ဦးရေပြား ယားယံစေတယ် ... ဒီတော့ ဦးရေးပြားယားယံတာကို သက်သာစေဖို့ လက်သည်း (သို့မဟုတ်) ခေါင်းဘီး (ဘီးစိပ်) လိုအရာမျိုးနဲ့ ကုတ်ခြစ်မယ် ... အဲ့ဒီအခါ ဦးရေပြားဟာ နီမြန်းရောင်ရမ်းလာပြီး ဆံသားအရင်းအမြစ်ကို ပျက်စီးစေကာ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

➡️ဗောက်မထအောင် ဘယ်လိုလုပ်ဆောင်ရမလဲ?

👉အက်မင်တို့အားလုံးသိကြတဲ့အတိုင်းပါပဲ ရောဂါတခုဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းနည်းလမ်းတခုပါ ... ဒါကြောင့် ဗောက်ပြဿနာအတွက် ကြိုတင်ကာကွယ်လုပ်ဆောင်ရမယ့် အချက်လေးတွေကို လက်လှမ်းမီသလောက် တင်ပြပေးလိုက်ပါတယ် ...

၁) စိတ်ဖိစီးမှုကို လျော့ချပါ။

၂) မကြာခဏ မလိုအပ်ပဲ ခေါင်းမလျှော်ပါနဲ့။ (မလိုအပ်ပဲ ခဏခဏ ခေါင်းလျှော်ခြင်းက ဦးရေပြားခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေတာကြောင့် ဦးရေပြား ဗောက်ထခြင်းကို ဖြစ်ပေါ်စေပါတယ်။)

၃) ဆံသားကျန်းမာရေးအတွက် မိမိဆံကေသာနဲ့ ကိုက်ညီတဲ့ ခေါင်း‌လျှော်ရည်၊ ဆံသားလိမ်းဆီတို့ကို သေချာရွေးချယ်အသုံးပြုပါ။

၄) ဦးရေပြားကျန်းမာရေးအတွက် အာဟာရဖြည့်ပေးနိုင်တဲ့ အစားအသောက်များကို ရွေးချယ်စားသောက်ပေးပါ။

၅) တကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

🥰အထက်ဖော်ပြပါ အချက်အလက်တွေကတော့ ဗောက်ပြဿနာနဲ့ ပတ်သက်ပြီး အက်မင်ကိုယ်တိုင် ရှာဖွေ ဖတ်ရှု့ထားတဲ့ အချက်အလက်များစွာထဲမှ ချစ်ကာတို့အတွက် ထိရောက်မှုရှိပြီး အနီးစပ်ဆုံး ပေါ့ပေါ့ပါးပါး လိုက်လုပ်နိုင်မယ့် အချက်များကို တင်ပြပေးခဲ့တာ ဖြစ်ပါတယ် ...

☺️(ကိုးကားဖော်ပြချက်များဖြစ်သည့်အတွက် မူရင်းဖော်ပြရေးသားခဲ့သူများအားလုံးကို လေးစားစွာဖြင့်)🙏🙏🙏

30/05/2023

👉ခြောက်သွေ့ကြမ်းတမ်းပြီး ဆံသားဖွာနေတယ် ... ချွတ်ဆေးသုံးထားလို့ ဆံသားပျက်စီးနေတယ်ဆိုရင်တော့ ...

👉NISSI PLUS Combo Set လေးရှိနေတယ်နော် ...

💗NISSI PLUS Combo ‌လေးကို အသုံးပြုပေးမယ်ဆိုရင် ခြောက်သွေ့ကြမ်းတမ်းပြီး ပြောင်းဖူးမွှေးလိုဖြစ်နေတဲ့ ဆံကေသာကို (တာ့တာ) နှုတ်ဆက်လိုက်လို့ ရပါပြီ👋👋

💲NISSI PLUS Shampoo (500ml) – 19,500 MMK

💲NISSI PLUS Collagen Hair Mask (500ml) – 19,500 MMK

💲NISSI PLUS Combo (Shampoo + Collagen Hair Mask) – 38,000 MMK (Save – 1,000 MMK) 🤩

😍Payday Special Promotion လေးအဖြစ် တစ်ထောင်ကျပ် လျော့ပေးထားပါတယ်နော် ... 😍

💗ဝယ်ယူအားပေးချင်တဲ့ ချစ်ကာများအနေဖြင့် ထုံးစံအတိုင်း
🛎Page ရဲ့ Chat Box ကနေ မှာယူအားပေးနိုင်သလို

☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော် ... 🥰

🚛Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်ပါတော့ ... 🤩

💗အက်မင်တို့ Page အနေနဲ့ အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အလှအပ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကိုပါ ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ... 💗💗

💗အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ... 🙏🙏🙏

29/05/2023

💗ဒီနေ့မှာတော့ HSU - Beauty Collection မှ မိတ်ဆက်ပေးမှာကတော့ ...

💗ဆံကေသာကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရကို
ဆံသားအတွင်းပိုင်းအထိ အထိရောက်ဆုံး အားဖြည့်ပေးပြီး
အသုံးပြုပြီးသွားရင်လဲ ဆံသားကို လုံးဝ စေးကပ်ခြင်းမရှိ လှပကျော့ရှင်းနေစေမယ့်💗

💗💗CALODIA ဆံသားလိမ်းဆီလေးပဲ ဖြစ်ပါတယ်ရှင့် ...💗💗

💲CALODIA ဆံသားလိမ်းဆီ – 15,000 MMK
💗(လက်ကားစျေး သီးသန့် ရှိပါတယ်နော် ... Chat Box)💗

💗ဝယ်ယူအားပေးချင်တဲ့ ချစ်ကာများအနေဖြင့် ထုံးစံအတိုင်း
🛎Page ရဲ့ Chat Box ကနေ မှာယူအားပေးနိုင်သလို

☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော် ... 🥰

🚛Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်ပါတော့ ... 🤩

💗အက်မင်တို့ Page အနေနဲ့ အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အလှအပ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကိုပါ ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ... 💗💗

💗အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ... 🙏🙏🙏

28/05/2023

💜လာလာမေးနေကြတဲ့ Shampoo + Treatment Mask မရှိဘူးလားဆိုတဲ့ ချစ်ကာများအတွက်

💜HSU – Beauty Collection မှာရှိတဲ့ Shampoo + Treatment Mask အတွဲ အများကြီးထဲမှာမှ

💜ပိုစ့်တောင်မတင်ရသေးဘူး Offline Store မှာကတည်းက အရမ်း‌လူကြိုက်များတဲ့

💜DIVASEA COMBO Set လေးကို ဦးဆုံး တင်ပေးလိုက်ပါပြီနော် ...

💜Shampoo ရော Treatment ပါ အရမ်း အရမ်းကို ကောင်းပါတယ်လို့ ပြောစရာမလိုလောက်အောင်ကို ကောင်းလွန်းတဲ့အတွက် ဆံသားနဲ့ ဦးရေပြား ပြဿများကို အချိန်ကုန် စိတ်ရှုပ်ခံပြီး ဘယ်လိုဖြေရှင်းရမလဲ စဥ်းစားမနေနဲ့တော့နော် ...

💜DIVASEA COMBO Set လေးကိုသာ ဖြေရှင်းခိုင်းလိုက်ပါ ...

💜အာဟာရပြည့်ဝပြီး ပိုးသားအသွင်ပျော့ပျောင်းနူးညံ့တဲ့ဆံကေသာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ...

💲DIVASEA Combo Set – 70,000 MMK
🥰 (လက်ကားစျေး သီးသန့် ရှိပါတယ်နော် ... 👉Chat Box) 🥰

💜ဝယ်ယူအားပေးချင်တဲ့ ချစ်ကာများအနေဖြင့် ထုံးစံအတိုင်း
🛎Page ရဲ့ Chat Box ကနေ မှာယူအားပေးနိုင်သလို

☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော် ...😍

🚛Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်ပါတော့ ...🤩

💜အက်မင်တို့ Page အနေနဲ့ အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အလှအပ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကိုပါ ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ...☺️☺️☺️

💜အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ...🙏🙏🙏

27/05/2023

💜ဒီနေ့မှာတော့ HSU – Beauty Collection Page မှ

💜ဆိုးချင်သလိုဆိုးပြီး ပျတ်စီးနေတဲ့ ဆံကေသာပိုင်ရှင်များအတွက်
ကာလာအရောင်ကို ပိုမိုတောက်ပြောင်စေပြီး ကာလာဆိုးခြင်းကြောင့်
ပျတ်စီးနေတဲ့ ဆံသားများအတွက် နူးညံ့ပြီးပိုးသားအသွင် ဆံကေသာကို ပြန်လည်ပိုင်ဆိုင်နိုင်စေဖို့ DIVA (Organic Care) Repair Hair Protect Color Shampoo လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ...🤩

💜အဓိကပါဝင်ပစ္စည်းတွေနဲ့ အကျိုးသက်ရောက်ပုံကတော့ -

👉Argan Oil, Jojoba Oil, Wheat Protein, Keratin, Coconut Oil, Precious Blend နှင့် Silky Perfection တို့ကြောင့် ဦးရေပြား အစိုဓာတ်ကို ထိန်းညှိပေးပြီး သဘာဝ ဗီတာမင် E ပေါင်းစပ်ပါဝင်တာကြောင့် နူးညံ့တဲ့ပိုးသားအသွင် ဆွဲဆောင်မှုနဲ့ ပြီးပြည့်စုံတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ...

💜အသုံးပြုပုံကတော့ -

👌စိုစွတ်နေတဲ့ ဆံသားကို Shampoo လိမ်းပြီး ဦးရေပြားထဲသို့ ညင်သာစွာ နှိပ်နယ်ကာ သန့်ရှင်းသောရေနဲ့ ဆေးချလိုက်ရုံပါပဲနော် ...😉

💜မိမိ ဦးရေပြားနဲ့ ဆံသားရဲ့ လိုအပ်ချက်အမှန်ကို သိရှိထားမှသာ မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ် ...☑️

💜ဒါကြောင့် ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် မှန်ကန်တဲ့ Shampoo ရွေးချယ်တက်ဖို့ကလည်း အဓိက အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ် ...

💜ကာကာတို့ရဲ့ ဦးရေပြားနဲ့ ဆံသားကျန်းမာရေးအတွက်
HSU – Beauty Collection မှ ဆွေးနွေးရောင်းချပေးနေတဲ့
Hair Care Products ပစ္စည်းများဟာဆိုရင် ချစ်ကာတို့အတွက် အဆင်ပြေဆုံးဖြစ်စေမှာပါနော် ...👍

💲ရောင်း‌စျေး - ၁၉,၀၀၀ ကျပ်

🥰(လက်ကားစျေးသီးသန့် ရှိပါတယ်နော်)🥰

💜ဝယ်ယူအားပေးချင်တဲ့ ချစ်ကာများအနေဖြင့် ထုံးစံအတိုင်း
🛎Page ရဲ့ Chat Box ကနေ မှာယူအားပေးနိုင်သလို

☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော် ...😍

🚛Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်ပါတော့ ...🤩

💜အက်မင်တို့ Page အနေနဲ့ အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အလှအပ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကိုပါ ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ...☺️☺️☺️

💜အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ...🙏🙏🙏

26/05/2023

🥰ဒီနေ့မှာတော့ HSU – Beauty Collection Page မှ
ဆံသား ကျန်းမာစေဖို့အတွက် ဘယ်လို အစားအစာတွေ စားပေးသင့်လဲ?
ဆိုတဲ့ အကြောင်းအရာလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ် ...

🥰အချိန် (၅) မိနစ်လောက်ပေးပါ ...

🥰စိတ်ဝင်စားတယ်ဆိုရင် ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်
🥰ဆံပင်တွေ တအားကျွတ်နေလို့ စိတ်မညစ်နဲ့တော့နော် …
🥰သန်စွမ်းတောက်ပြောင်ပြီး ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
🥰အခု အက်မင်ပြောပြတဲ့ အစားအစာလေးတွေကို ပုံမှန်စားနေကျ အစာအုပ်စုတွေထဲ
ပေါ့ပေါ့ပါးပါး ထည့်စားပေးရုံပါပဲနော် ... ဘာတွေလဲ ဖြစ်မလဲ ?

🥰ဘာတွေဖြစ်မလဲ မလာခင် အရမ်းပြောချင်နေတာလေးတခု ထည့်ပြောပါရစေ ...
🥰အက်မင်တို့တွေဟာ ပြောင်းလဲလာတဲ့ ခေတ်အနေအထားပုံစံအရ အသင့်စားသောက်ကုန်တွေ၊ အာဟာရမညီမျှတဲ့ စားသောက်ပုံတွေ၊ နေထိုင်မှုပုံစံအမှားတွေကြောင့် ရောဂါအဆန်းတွေ ရောဂါအသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

🥰ဒါကြောင့် ဆံကေသာအတွက်သာမက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် ဒီနေ့ကစပြီး မှန်ကုန်တဲ့ စားသောက်နေထိုင်မှုပုံစံတခုကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ အက်မင် တိုက်တွန်းပါရစေနော် ...

🥰ဒါဆိုရင် ဆံပင်အကြောင်း ပြန်ဆက်ပါမယ် ... ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ဒုတိယမျက်နှာဖြစ်ပါတယ် ... ဒါကြောင့် ဆံကေသာ ကျန်းမာသန်စွမ်းဖို့ ဂရုစိုက်သင့်တာပေါ့ ...

🥰မျိုးရိုးကြောင့် ဆံပင်ပါးတာ၊ သွေးအားနည်းရောဂါ၊ ‌ဟော်မုန်း မညီမျှတဲ့ ပြဿနာတွေကြောင့် ဆံပင်ပါးတာဆိုရင်တော့ အခုဖော်ပြပေးမယ့် စားသောက်မှုပုံစံက ထိရောက်မှုအနည်းငယ်သာရရှိစေမှာ ဖြစ်ပါတယ်။

၁) သရက်သီး - ဟုတ်ပါတယ် အက်မင်တို့ အခုလိုရာသီမှာ ပေါပေါများများ ဝယ်ယူစားသုံးနိုင်တဲ့ သရက်သီးပါ။ အသီးမှာ သရက်ဆိုတဲ့အတိုင်း သရက်သီးဟာ အရသာလဲ အက်မင်တို့ မြန်မာပါးစပ်နဲ့ အံကိုက်ဖြစ်တဲ့အပြင် အခုလို ဆေးဖက်ဝင်တယ်ဆိုတာကြောင့် စာဖတ်သူတို့ စိတ်ဝင်စားသွားမယ် ထင်ပါတယ်။ သရက်သီးမှာ ဆီလီကာ၊ ဗီတာမင် A ၊ ဗီတာမင် B6 ၊ ဗီတာမင် C နဲ့ ဖောလစ်အက်ဆစ်တို့က ဆံသားသန်စွမ်းစေဖို့ များစွာ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် ရာသီပေါ်အစားအစာလဲဖြစ် ဆေးဖက်လည်းဝင်တဲ့ သရက်သီးကို တနေ့ နှစ်စိတ်လောက်စားပေးနိုင်ပါတယ်။

၂) ဥအမျိုးမျိုး - ဥ လို့ သိလိုက်ရပြီဆိုရင် ပရိုတင်းဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် D ၊ ကာရိုတင်း၊ လူတိန်း နဲ့ ဇင့်ဓာတ်တို့ ပါဝင်နေတဲ့ ဥ အမျိုးမျိုးကို တစ်ပတ် (၄) ကြိမ်ခန့် စားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၃) ပဲပိစပ် - သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး အိုမီဂါ 3 ၊ ဗီတာမင် B2 ၊ မဂ္ဂနီဆီယမ်တို့က ခန္ဓာကိုယ်အတွင်း ဟော်မုန်းတွေကို ထိန်းညှိ့ပေးပြီး ဆံပင်ကျွတ်ခြင်းသက်သာအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် ပဲပိစပ် ကို တစ်ပတ် (၃) ကြိမ်လောက် စားသုံးပေးနိုင်ပါတယ်။

၄) ဟင်းနုနွယ် - အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်အများစုဟာဆိုရင် အက်မင်တို့လူသားတွေအတွက် များစွာ အထောက်အကူပြုတယ်ဆိုတာ ငြင်းခုံဖို့ လိုမယ် မထင်ပါဘူးနော်။ ဟင်းနုနွယ်မှာ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် C တို့လို အထောက်အကူပြု ဓာတ်ပေါင်းများစွာပါဝင်နေတာကြောင့် ဆံသားကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင် A က ဦးရေပြား အစိုဓာတ်ထိန်းပေးပါသေးတယ်။ ဒါကြောင့် တစ်ပတ် (၁)ကြိမ် ကြော်ချက်၍ဖြစ်စေ၊ ပြုတ်သုပ်ဖြစ်စေ စားပေးသင့်ပါတယ်။ (ဆားထည့်ပြီးမကြော်ရဘူးနော်)

🥰ဒါကတော့ အက်မင်တို့ လက်တစ်ကမ်းအကွာမှာရှိနေပြီး နေ့စဥ်အာဟာရဖြည့်စွက်စားသုံးရာမှာ လွယ်လွယ်ကူကူ ရရှိနိုင်မယ့် အစားအစာအချို့ပဲ ဖြစ်ပါတယ် ...

🥰နောက်ထပ်လည်း ဆံသားကျန်းမာသန်စွမ်းရာမှာ အထောက်အကူများစွာဖြစ်စေတဲ့ အစားအစာအုပ်စုဝင် ဆေးဖက်ဝင် အစားအစာများလည်း ကျန်ရှိနေပါသေးတယ်နော်...

🥰အခုဖော်ပြပေးသွားတဲ့ အချက်အလက်ကိုးကားချက်များကတော့ အက်မင်အနေနဲ့ ကိုယ်တိုင် ရှာဖွေဖတ်ရှု့ထားတဲ့ အကြောင်းအရာများစွာထဲကမှ စာဖတ်သူ ကာကာတို့အတွက် လွယ်ကူစွာ လုပ်ဆောင်နိုင်မယ်လို့ ယူဆရတဲ့ အကြောင်းအရာအချက်အလက်များကိုသာ ရွေးချယ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

🥰ယခုလို အလှအပ ကျန်းမာရေး ဗဟုသုတ ရစရာ အကြောင်းအရာများကို စျေးလည်းရောင်းရင်းးး ကြားဖြတ် ဖော်ပြပေးသွားမှာဖြစ်လို့ အက်မင့်ရဲ့ HSU – Beauty Collection Page လေးကို အမြဲစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေ ...

🥰စိတ်ရှည်ရှည်နဲ့ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ...🥰🥰🥰

(ကိုးကားမျှဝေတာဖြစ်တဲ့အတွက် မူရင်းအချက်အလက်ဖော်ပြထားသူများအားလုံးကို လေးစားစွာဖြင့်)🙏🙏🙏

26/05/2023

👉ဒီနေ့မှာတော့ PROCALODIA Shampoo နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ CALODIA Collagen Treatment Mask လေးအကြောင်း ဖော်််ပြပေးသွားမှာဖြစ်ပါတယ် ...
😊

💙ကြွယ်ဝတဲ့ ကော်လဂျင်၊ ဆံသားအတွက် အထူးကောင်းမွန်စေတဲ့ အပင်အဆီအနှစ်များပါဝင်ပြီး ဆံသားကို အေးမြလန်းဆန်းစေတဲ့ အာနိသင်များစွာနဲ့ စွဲမက်စရာ ရနံ့လေးကြောင့် သုံးဖူးသူတိုင်းကတော့ CALODIA မှ CALODIA ဖြစ်နေပါပြီနော် ...😍

💙အားနည်းပြီး ပျတ်စီးနေတဲ့ ဆံကေသာကို ၁၀-၁၅ မိနစ်အတွင်း အလျင်မြန်ဆုံး ပြုပြင်ကုသပေးပြီး ဓာတုကုထုံးနဲ့ အပူရှိန်ကြောင့် ပျတ်စီးသွားတဲ့ ဆံသားကို ပြန်လည်ထိန်းညှိပေးရန်အတွက် အာဂန်အဆီ၊ ကြွယ်ဝများပြားတဲ့ ပရိုတင်းဓာတ်များ၊ ဆံသားကို နူးညံ့ပျော့ပျောင်းစေတဲ့ Macadamia Oil နဲ့ ဝါးပင်၊ ကြံပင် တို့မှ ဆံသားအတွက် ကောင်းမွန်စေတဲ့ သဘာဝဓာတ်များစွာတို့ပါ ပေါင်းစပ်ထုတ်လုပ်ထားခြင်းကြောင့် ပိုးသားလေးလို ဆံကေသာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ...🤩

အသုံးပြုပုံကတော့ - 👇

☑️ခေါင်းလျှော်ပြီးသော ဆံသားကို မျက်နှာသုတ်ပဝါဖြင့် ဆံသား အစ၊ အလယ်၊ အဆုံး အထိ ရေအနည်းငယ်စစ်သွားအောင် သုတ်ပြီးလျှင် CALODIA Collagen Treatment Mask လေးကို ဆံသားအနှံ လိမ်းပြီး နှိပ်နှယ်ပေးကာ ၁၀-၁၅ မိနစ်ခန့် မျက်နှာသုတ်ပဝါဖြင့် အုပ်/ပေါင်းထားပြီးနောက် ရေသန့်ဖြင့် ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ် ...👍

☑️အခုလိုမျိုး တစ်ပတ်ကို ၂ ကြိမ် အသုံးပြုပေးမယ်ဆိုရင် ပျတ်ဆီးနေတဲ့ ဆံသားကို လုံးဝ နှုတ်ဆက်လိုက်လို့ရပါပြီနော် ...👋👋

💲ပျတ်ဆီးနေတဲ့ဆံသားအတွက် အကြာကြီးစိတ်ညစ်နေရတဲ့ ကာကာတို့အတွက်
CALODIA Collagen Treatment Mask တစ်ထုပ်ကို - ၁၉,၅၀၀ ကျပ်တည်းနဲ့ လက်လီရောင်းချပေးမှာဖြစ်ပြီး

လက်ကားစျေးဝယ်ယူအားပေးချင်တဲ့ ကာကာတို့အတွက်လည်း လက်ကားစျေးသီးသန့်ထားပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။

💙တစ်ထုပ်မှာ 1000ml တောင်ပါဝင်တာဆိုတော့ အမုန်းသုံးပြီး စိတ်ချမ်းသာနိုင်ပါပြီးနော် ...

🛎ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း Page ရဲ့ Chat Box (Messenger) မှနေတစ်ဆင့် မှာယူနိုင်သလို
☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပတ်များသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ် ...

🚛မှာယူမယ်ဆို Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်တော့ ...

🌟အက်မင်တို့ Page အနေနဲ့ အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အလှအပ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကိုပါ ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ...🥰🥰🥰

♥️အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ...🙏🙏🙏

25/05/2023

Umm! 🤔ပျတ်ဆီးနေတဲ့ ဆံသားပိုင်ရှင်များအတွက် ဘယ်လို Shampoo အမျိုးအစားကို ရွေးချယ်ရမလဲ?

ဒါဆိုရင်တော့ ... Formulated in Italy, PRO CALODIA Shampoo လေးရှိနေပါပြီ ...

👉Moroccan Argan Oil ပါဝင်ပြီး အဆင့်မြင့် Formula ကြောင့်
ဆေးဆိုးထားတဲ့ ဆံသား၊
ကောက်/ဖြောင့်ထားတဲ့ ဆံသား
တို့ကို အဓိကပြန်လည်အားဖြည့်ပေးပြီး၊
ဆံသားနဲ့ ဦးရေပြား အစိုဓာတ်ကိုလည်း ထိန်းညှိပေးတဲ့အပြင်

👉Keratin ပါဝင်တာကြောင့် ဆံသား‌ခြောက်သွေ့ခြင်းနှင့် ဆံသားဖွာခြင်း
တို့ကို အထူးသက်သာစေတဲ့ အော်ဂဲနစ် သဘာဝ ခေါင်းလျှော်ရည် CALODIA Shampoo ကို ရွေးချယ်အသုံးပြုဖို့ အကြံပြုပါရစေ ...

🥰အသုံးပြုပုံကတော့ -

🧖‍♀️ခေါင်းလျှော်နေစဥ် စိုစွတ်နေတဲ့ဆံသားကို Shampoo လိမ်းပြီး ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။

❌(လက်သည်းနဲ့ ဦးရေပြားကို ကုတ်ခြစ်တာမျိုးကို လုံးဝ မလုပ်ရပါဘူးနော်)

🚿ဒါပြီးရင်တော့ ရေသန့်ဖြင့် ပြန်လည်ဆေးကျောပေးရမှာ ဖြစ်ပါတယ်။

😍ဒီလိုဆိုရင်တော့ တကယ့် Professional Salon တွေမှာ လျှော်ထားသလိုမျိုး ခံစားချက်ကို ရရှိနိုင်မှာဖြစ်ပြီး အနံ့လေးကလည်း လုံးဝ ကြိုက်နှစ်သက်စေမှာ အမှန်ပဲဖြစ်ပါတယ်။🤩
အခု CALODIA Shampoo လေးကို မသုံးဖူးသေးဘူးးး ပြီးတော့ အက်မင် ပြောတာတွေက တကယ်ပဲလားဆိုတာ သိချင်ရင်တော့ ဒီပိုစ့်လေးအောက်မှာ 👇ပထမဆုံး လာမန့်တဲ့
ကာကာ 1️⃣ 0️⃣ ဦးကို ခေါင်းတစ်ခါလျှော်ရန် ပမာဏ Sample ဘူးလေးများကို အိမ်အရောက် အက်မင်ကိုယ်တိုင် လာပေးမှာဖြစ်ပါတယ်။

📌အက်မင်တို့ Page လိပ်စာလေးက တောင်ဒဂုံက ဆိုတော့ တောင်ဒဂုံနဲ့ အနီးတဝိုက်တော့ ဖြစ်ဖို့လိုပါတယ်နော် ...
😊ကျန်တဲ့ မြို့နယ်များကိုလည်း Sample ပေးနိုင်ဖို့ အတက်နိုင်ဆုံး ကြိုးစားပေးပါမယ် ...
📌ဒီပို့စ်အောက်မှာ ပထမဆုံး လာမန့်တဲ့ (၁၀) ဦးသာနော် ...

🛒ဒီ CALODIA Shampoo လေးကို အသုံးပြုဖူးတဲ့ ကာကာလေးတွေအတွက် ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ ...
☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပတ်များသို့ ဆက်သွယ်မှာယူနိုင်သလို
🛎Page Messenger မှတစ်ဆင့်လည်း မှာယူနိုင်ပါတယ်လို့ ...

💲စျေးနှုန်းအားဖြင့် -
လက်လီ တစ်ဗူးရောင်းစျေး - ၁၉,၀၀၀ ကျပ်
လက်ကားစျေး သီးသန့် ရှိပါတယ်နော် ...

🚛မှာယူမယ်ဆို Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်တော့ ...

♥️နောက်နေ့မှာလည်း CALODIA Shampoo နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Collagen ပါဝင်တဲ့ CALODIA Treatment Mask လေးကိုလည်းပိုစ့်တင်ပေးသွားမှာဖြစ်တဲ့အပြင် အက်မင်တို့ Page ကနေပြီးတော့ အလှအပ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Knowledge Sharing လေးတွေလဲ စီစဥ်တင်ဆက်ပေးဦးမှာဖြစ်ပါတယ်။

♥️အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကို ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ...🥰🥰🥰

😍အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ်နော် ...🙏🙏🙏

24/05/2023

အားလုံးပဲ မင်္ဂလာပါ ... 😊

HSU - Beauty Collection Page ကနေ ကြိုဆိုပါတယ်နော် ...
အက်မင်တို့ Page ကနေပြီးတော့ လူကြီးမင်းတို့အတွက်

👍ကောင်းမွန်တဲ့ ဝန်ဆောင်မှု
🛒အရည်အသွေးကောင်းကုန်ပစ္စည်း
💲စိတ်ချရပြီး သင့်တင့်တဲ့ ပို့ဆောင်ခနှုန်းထား

တို့နဲ့အတူ မကြာမီမှာ ဝန်ဆောင်မှုပေးတော့မှာ ဖြစ်ပါတယ် ...ဆိုတဲ့အကြောင်း သတင်းကောင်းပါအပ်ပါတယ်။ 📣📣📣

မြန်မာနိုင်ငံသူ/သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ... 🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 116/B, Shwe Tha Pyay Street, 54 Qtr. , Dagon (South)
Yangon
11431

Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 12:00
Wednesday 09:00 - 12:00
Thursday 09:00 - 12:00
Friday 09:00 - 12:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00