Lumina Blood Glucose Monitor

Lumina Blood Glucose Monitor

Share

Lumina BGM is well known brand. It is registered in Myanmar FDA and well recommended by most of the physician.

The product is consistently present in Myanmar market more than 5 years.

04/03/2020
27/01/2020

❌အချိုဆိုတာ စားတိုင်းမကောင်းပါဘူး
❌ဝတယ်ဆိုတာ ကျန်းမာတာ မဟုတ်ပါဘူး
Healthy Diet ဆိုတာ သိပြီး နားလည်ဖို့လိုသလို
ဆီးချိုသွေးချိုရောဂါဖြစ်ပြီဆိုရင်လည်း ရောဂါပိုမဆိုးအောင် နောက်ဆက်တွဲရောဂါမဖြစ်အောင် နေ့စဉ်နေ့တိုင်း လူနေမှုပုံစံ ( Lifestyle ) တစ်ခုလုံးပြောင်းလဲရင်း
မိမိရဲ့ သွေးချိုအဖြေကို မှတ်တမ်းတင်ထားပါ

Photos from Lumina Blood Glucose Monitor's post 07/10/2019

ကိုယ်တိုင်၀ယ်ချင်သူများ အောက်က ဆိုင်တွေမှာ၀ယ်လို့ရပါတယ်

အိမ်အရောက်လည်း မြန်မာပြည်အနှံ့ ပို့ဆောင်ပေးတယ်

ဘာလိုသေးလဲလို့

သီတင်းကျွတ် ကန်တော့လက်ဆောင်

0973161673
09259993838

095341963

-စိန်ဂေဟာဆေးကောင်တာအားလုံး
-ဂမုန်းပွင့်ဆေးကောင်တာအားလုံး
-Capitalဆေးကောင်တာအားလုံး
-Super Oneဆေးကောင်တာအားလုံး
-Orangeဆေးကောင်တာအားလုံး
-Ruby Martဆေးကောင်တာအားလုံး
-United Living Mall(အလုပ်သမားဆေးရုံရှေ့)
-Dr.Choice Online Storeဆိုင်ခွဲများအားလုံး
-ဆန်းသစ်ဆေးဆိုင်,ဒေါ်ကြည်သန်းဆေးဆိုင်(ဗိုလ်ချုပ်စျေး)
-သုခဆေးဆိုင်(ရွှေမင်္ဂလာစျေး)
-မင်္ဂလာဆေးဆိုင်,အထင်ကရဆေးဆိုင်(ရွှေပြည့်စုံစျေး)
-ဟိန်းဆေးဆိုင်(မန္တလေးမြို့ဆေးရုံကြီးရှေ့)
-စိုပြေဆေးဆိုင်(မုံရွာမြို့,ပွဲစားတန်းလမ်း,ဘုရားကြီးရပ်)
-ဇာမဏီဆေးဆိုင်(မကွေးမြို့,အား/ကာတိုက်ခ
န်း)
-ဟံသာဦးဆေးဆိုင်(ပဲခူးမြို့,အထက(၃)အနီး)
​-ရွှေမန်းဆေးဆိုင်,ဣစ္ဆာသယဆေးဆိုင်(နေပြည်တော်,မြို့မစျေး)
-တက်နေလင်းဆေးဆိုင်(ပြည့်မြို့,ဆွေးနွေးဘုရားလမ်း)
--အောင်သဖူဆေးခန်း(မဥက္ကလာ,(၂)စျေးမှတ်တိုင်အနီး)

Photos from Lumina Blood Glucose Monitor's post 07/10/2019

သီတင်းကျွတ်မှာ ဘာနဲ့ ကန်တော့ရမလဲ တွေးနေရင်တော့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းကသာ အကောင်းဆုံးပါ

မိဘဆရာ ဘိုးဘိုးဘွားဘွား တို့ အတွက် အကောင်းဆုံး ကန်တော့ ပစ္စည်း
Medic Pro သွေးပေါင်ချိန်စက် ။
Lumina ဆီးချိုသွေးချိုတိုင်းစက် ။
သီတင်းကျွတ် ကန်တော့ဖို့ အတွက် လက်ဆောင်ထည့်ပေးထားတယ် နော်။

တိကျမှန်ကန်ပြီး စိတ်ချယုံကြည်ရသော တရားဝင် မြန်မာနိုင်ငံ FDA ခွင့်ပြုချက်များဖြင့် Central Asia Company မှ တင်သွင်းဖြန့် ချီထားပါတယ်။

Medic Pro သွေးပေါင်ချိန်စက် (တစ်နှစ် အာမခံ )
စျေးနှုန်း - 50800ကျပ်
Lumina ဆီးချိုသွေးချိုတိုင်းစက် ( ၅ နှစ်အာမခံ )
စျေးနှုန်း - 36300 ကျပ် ( strips 25 ချောင်းပါ၀င်)

Marketed and Distributed by
Central Asia Company. Ltd

မြန်မာပြည်အနှံ့အိမ်အရောက်ပို့ဆောင်ပေးပါသည်

09259993838 ,09972134356, 095341963,0973161673

24/08/2019

ဆင်​တုပ်​​ကွေးဖြစ်​သူများ၏ ၁၀% မှာ နာတာရှည်​ အဆစ်​နာကျင်​မှု ဖြစ်​ပွားသွားနိုင်
======================================

ဆင်​တုပ်​​ကွေး​ရောဂါဖြစ်​ပွားသူများတွင်​ အဓိက လက္ခဏာတစ်​ခုဖြစ်​​သော အဆစ်​အမျက်​များနာကျင်​ခြင်းလည်းဖြစ်​ပွားတတ်​ရာ ထိုသူများထဲမှ၁၀ % မှာ နာတာရှည်​ အဆစ်​နာကျင်​မှု ဖြစ်​သွားနိုင်​​ကြောင်း မြန်​မာနိုင်​ငံဆရာဝန်​အသင်း (ဗဟို) ဥက္ကဌ ​သွေး​ရောဂါအထူးကုဆရာဝန်​ကြီး ပါ​မောက္ခ​ဒေါက်​တာရဲမြက ၂၃.၈.၁၉ ရက်​​နေ့က ရန်​ကုန်​မြို့၊သိမ်​ဖြူလမ်းရှိ မြန်​မာနိုင်​ငံဆရာဝန်​အသင်း(ဗဟို) တွင်​ပြုလုပ်​ခဲ့​သော ဆင်​တုပ်​​ကွေး​ရောဂါအ​ကြောင်း ​ဟော​ပြောပွဲ၌ပြောကြားသွားမှုမှသိရပါတယ်​။
ဆင်​တုပ်​​ကွေး၏အဓိကလက္ခဏာများမှာအဖျား ၁၀၃-၁၀၄ °F အထက်​ရှိခြင်း၊ အဆစ်​အမျက်​များနာကျင်​ခြင်း၊ ခန္ဓာကိုယ်​တစ်​ခုလုံး အဖုအပိန့်​​များထွက်​ခြင်းတို့ဖြစ်​​ကြောင်း သိရပါတယ်​။
" ဆင်​တုပ်​​ကွေးဖြစ်​ပွားသူ​တွေက စဖျားပြီး ၂ ရက်​​နေရင်​ အဖျားကကျသွားပါတယ်​။ ဒါ​ပေမဲ့အချိန်​မ​ရွေးပြန်​ဖျားနိုင်​ပါတယ်​။ ​ဒီလူနာ​တွေမှာ ထွက်​လာတဲ့ အဖု​တွေက ယားပါတယ်​။အဲဒီအဖု​တွေကို ကုတ်​ရင်းနဲ့ အ​ရေပြားက ကြမ်းပြီးထူသွားကြတာလည်းရှိပါတယ်​။အဖျားလုံးဝ​ပျောက်​သွားရင်​​တောင်​မှ ယားတာက ကျန်​​နေတတ်​ပါတယ်​" ဟု​ဆေးတက္ကသိုလ်​ (၂) (ရန်​ကုန်​)၊ အပူပိုင်း​ဒေသ နှင့်​ ကူးစက်​​ရောဂါများ ဌာနမှဌာနမှူး ပါ​မောက္ခ​ဒေါက်​တာစံပယ်​ဖြူက​ပြောပြခဲ့ပါတယ်​။
ဆင်​တုပ်​​ကွေးဖြစ်​သူများတွင်​ ဖျားကာစ၌ ​ရောဂါစစ်​​ဆေး၍မရဘဲ IGN ကဖျားပြီး ၅ ရက်​​နေမှ​ပေါ်တာဖြစ်​​ကြောင်း၊ Virus culture စစ်​မည်​ဆိုပါက ​ငွေကျပ်​ ၁ သိန်း​ကျော်​ကုန်​ကျနိုင်​​ကြောင်းလည်း အဆိုပါ​ဟော​ပြောပွဲ၌ အမျိုးသားကျန်းမာ​ရေးဆိုင်​ရာ ဓာတ်​ခွဲဌာနမှ ညွှန်​ကြား​ရေးမှူး ​ဒေါက်​တာလဲ့လဲ့​ကျော်​က​ပြောကြားသွားခဲ့ပါတယ်။

Credit - Health Digest

20/07/2019

ဆီးချိုရောဂါနှင့် ဆီးပိုးဝင်ခြင်း

ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကတော့ အဖြစ်အများဆုံးနဲ့ ပြဿနာအကြီးဆုံးတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကို မပြောပြခင် ဆီးလမ်းကြောင်းနဲ့ ဆီး ဘယ်လို ပေါက်သလဲဆိုတဲ့အကြောင်းကို ဦးစွာရှင်းပြပါမယ်။
ဆီးကို ကျောက်ကပ်ထဲမှာ ပြုလုပ်ပြီးနောက် Ureter လို့ခေါ်တဲ့ ဆီးပြွန်ကတစ်ဆင့် ဆီးအိမ် (Urinary Bladder) ထဲကို စီးဆင်းပါတယ်။
ဆီးအိမ်ထဲမှာ ဆီးတွေ စုဆောင်းထားပြီး ပြင်ပကို ဆီးပေါက်တဲ့ လမ်းကြောင်း (Urethra) ကတစ်ဆင့် စွန့်ထုတ်တဲ့နည်းနဲ့ ဆီးပေါက်ပေးရပါတယ်။ ဆီးများလာလို့ ဆီးအိမ်ပြည့်တင်းလာရင် ဆီးသွားချင်တဲ့ ဆန္ဒဖြစ်ပေါ်လာလို့ ဆီးသွားလိုက်ကြပါတယ်။ ဆီးတွေဟာ ကျောက်ကပ်ကတဆင့် ဆီးအိမ်၊ ဆီးအိမ်ကနေ ပြင်ပကိုသာ တစ်ဖက်သတ်သာ စီးဆင်းရမှာဖြစ်ပြီး အောက်ဘက်ရှိ ဆီးအိမ်မှာရှိတဲ့ ဆီးတွေဟာ ကျောက်ကပ်ရှိရာ အထက်ဘက်ကို ဆန်တက်တာ မရှိရပါဘူး။
ဆီးအိမ်ရဲ့ထွက်ပေါက် အဝမှာ ဆီးထွက်မကျအောင် တံခါးပိတ်ထားသလို လုပ်ဆောင်ရတဲ့ ရှုံ့ကြွက်သားလေးတွေ ရှိပါတယ်။ ဆီးသွားတဲ့အခါ ရှုံ့ကြွက်သားလေးတွေကို ဖြေလျှော့လိုက်ပြီး အပေါက်ဖွင့်ပေးသလို ဆောင်ရွက်ရပြီး ဆီးအိမ်ကြွက်သားကို ကြုံ့လိုက်ကာ ညှစ်ထုတ်လိုက်မှသာ ဆီးအိမ်ထဲက ဆီးတွေအားလုံး ကုန်စင်အောင် ပေါက်ထုတ်လို့ ရပါတယ်။ ဒါတွေကို ပုံမှန်ဆောင်ရွက်ပေးတာကတော့ အာရုံကြောတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်ကြွက်သားတွေကို ထိန်းပေးထားတဲ့ နာ့ဗ်အာရုံကြော (Nerve) တွေ ပျက်စီးပြီး ပုံမှန်အလုပ်မလုပ်နိုင်ရင် ဆီးသွားရာမှာ အခက်အခဲ များစွာရှိလာတတ်ပါတယ်။
ဆီးချိုသွေးချိုရောဂါ ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ ဆီးအိမ်ရဲ့ အာရုံကြောတွေ ထုံထိုင်းပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ ဆီးအိမ်ရောဂါ (Autonomic Bladder)ရဲ့ ရောဂါ လက္ခဏာတွေကို ဆက်ပြီးရှင်းပြလိုပါတယ်။ ဒီလို ဆီးအိမ်ရောဂါဖြစ်လာရင် ဆီးသွားချင်မှန်း သိပ်မသိတော့လို့ ဆီးအိမ်ပြည့်နေတာတောင် အချိန်အကြာကြီးမသွားဘဲ နေမိတတ်ပါတယ်။ ဆီးသွားတဲ့အခါမှာလည်း ဆီးအိမ်အပေါက် ကောင်းကောင်းမပွင့်တာက တစ်ကြောင်း၊ ဆီးအိမ်ရဲ့ ကြွက်သားတွေကလည်း ညှစ်အားနည်းနေတာက တစ်ကြောင်းကြောင့် ဆီးစသွားစဉ်မှာ အားစိုက်ပြီး ညှစ်မှသွားလို့ရပါတယ်။ အချိန်ဆိုင်းပြီးမှ ဆီးစထွက်ပါတယ်။ အဲ့ဒီအချိန်မှာ ဆီးအရှိန်လည်း အားပျော့ပြီး တချို့လူတွေမှာ ဆီးတစ်စက်ချင်းကျတာ၊ ဆီးကုန်စင်အောင်မထွက်လို့ ဆီးအိမ်မှာ ဆီးဟောင်းတွေ အမြဲကျန်နေတာ ဆီးကျန်တော့ ချက်ချင်းပြန်ပြည့်လာလို့ ပြန်သွားချင်ပြန်တယ်။ ဆီးခဏခဏသွားရတော့ ညအိပ်ရေးပျက်တာ၊ ဆီးအိမ်မှာ ဆီးပြည့်လျှံနေပေမဲ့ ဆီးသွားချင်တဲ့ ဆန္ဒမပေါ်လို့ ဒီတိုင်းနေမိရင်လည်း ဆီးတွေလျှံကျတာ၊ ဆီးပေါက်ချမိတာ၊ ဆီးမလုံတာ စတဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။ ဒါကို လူနာရှင်တွေ အနေနဲ့ ဆီးရွှင်ပြီး ဆီးအားကောင်းလို့ ပေါက်ချတာလို့ ထင်မိတတ်ကြပါတယ်။ ဆီးအိမ်ရောဂါရှိသူတွေရဲ့ ဆီးအိမ်မှာ ဆီးကျန်တာကြောင့် ပိုးရှိနေတဲ့ ဆီးဟောင်းတွေကို အချိန်မှန်မှန် မစွန့်ထုတ်ဘဲ သိုလှောင်ထားလို့ ပိုးပွားလာစေဖို့ အခွင့်အရေး ပေးထားသလို ဖြစ်လာပါတယ်။ အားစိုက်ညှစ်လိုက်တဲ့အခါ ဆီးအိမ်က ဆီးတွေဟာ ပြင်ပကိုထွက်ရမယ့်အစား ဆီးပြွန် (Ureter) လမ်းကြောင်းကတစ်ဆင့် အပေါ်ကိုပြန် ဆန်တက်ပြီး ကျောက်ကပ်ထဲကို ပိုးတွေ ရောက်ရှိသွားစေနိုင်ပါတယ်။ ပိုးတွေဟာ ဆီးအိမ်ထဲမှာပဲ ရှိနေစဉ် ဖျားလေ့မရှိဘဲ ဆီးလမ်းကြောင်း အထက်ပိုင်းကို ပိုးတွေရောက်ရှိမှသာ ဖျားတတ်ပါတယ်။ ကျောက်ကပ်ရှိ သွေးကြောတွေကတစ်ဆင့် သွေးထဲကို ပိုးတွေဝင်လာတာနဲ့ ချမ်းတုန်ပြီး ဖျားလာတတ်ပါတယ်။ ဆီးထဲက အချိုဓာတ်တွေက ပိုးတွေရဲ့ အစာလိုဖြစ်တာကြောင့် ပိုးတွေပွားနှုန်း ပိုပြီး မြန်စေပါတယ်။
ပိုးတွေ သွေးကြောထဲဝင်လာရင် ပိုးဆိပ်ပျံ့ပြီး အဖျားကြီးမယ်၊ သွေးပေါင်ကျမယ်၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ ဦးနှောက်တွေမှာ ပြဿနာဖြစ်ပြီး အင်္ဂါအစိတ်အပိုင်းပေါင်းများစွာ ပြိုင်တူပျက်စီးတာ (Multiorgan Failure) ကို ဖြစ်စေတတ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်ပျက်ပုံက မြန်ဆန်လွန်းလို့ အမြန်ဆုံးထိရောက်အောင် အထူးကြပ်မတ်ခန်းမှာ ကုသနိုင်မှသာ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ဆီးပိုးလေးကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

• သတ်၍ မကုန်နိုင်သော ပိုးများ
ဆီးပိုးဝင်တာက လူတိုင်းမှာ ဖြစ်နိုင်ပေမဲ့ အမျိုးသားတွေနဲ့စာရင် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ အထူးသဖြင့် ပိုပြီး ဖြစ်တတ်ပါတယ်။ ဆီးပိုးဝင်တာက အများအားဖြင့် သင့်တော်တဲ့ ပိုးသတ်ဆေးပေးလိုက်ရင် ပျောက်သွားကြတာ များပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အကြိမ်ကြိမ်အခါခါ ပြန်ပြီး ဖြစ်တတ်တာရှိပါတယ်။
အခါခါ ပိုးပြန်ဝင်တာကတော့ အခြေခံအကြောင်းရင်းတွေ ရှိလို့ပါပဲ။ ဆီးလမ်းကြောင်းတွေ ပိတ်ဆို့နေတာ (ဥပမာ-ဆီးကျောက်တည်တာ၊ ဆီးအိမ်အာရုံကြောမကောင်းလို့ ဆီးအိမ်မှာ ဆီးကျန်တာ၊ သွေးတွင်းအချိုဓာတ် အလွန်များတာတို့ကြောင့် ဆီးပိုးခဏခဏ ပြန်ဝင်တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဆီးကျန်နေရင် ဆီးပိုးတွေ အမြဲတမ်းမွေးထားပြီး ဖြန့်ဖြူးပေးနေတဲ့ “ပိုး” ပင်ရင်းဌာန တစ်ခုလို ဖြစ်နေပါတယ်။ ဒီပိုးတွေ သွေးထဲ ဝင်ရောက်လာရင် ဖျားမယ်၊ ဖျားလို့ ပဋိဇိဝ ပိုးသတ်ဆေး ပေးလိုက်ရင် ပိုးလျော့သွားပြီး အဖျားကျမယ်၊ ပိုးတွေဖြန့်ဖြူးရာဌာနက ပိုးထပ်ဖြန့် လိုက်ရင် ပြန်ဖျားမယ်၊ ဒီလိုနဲ့ သံသရာမဆုံးနိုင်တဲ့ ပိုးတွေ၊ သတ်လို့မကုန်နိုင်တော့တဲ့ ပိုးတွေဖြစ်လာပါမယ်။ ဒီ့ထက်ပိုးဆိုးတာကတော့ ပိုးတွေဟာ ပဋိဇိဝပိုးသတ်ဆေးနဲ့ ထိတွေ့ပြီးရင် ခံနိုင်ရည် ပိုရှိလာပြီး ပိုပြင်းလာတတ်ပါတယ်။ နောက်တစ်ကြိမ် ဒီပိုးသတ်ဆေး ပြန်သုံးလို့ရှိရင် မကြောက်တော့ဘဲ တော်တော်နဲ့ အဖျားလည်း မကျနိုင်တော့ပါဘူး။

မှတ်ချက်
(၁) ဆီးချိုသွေးချိုရောဂါရှိသူတွေအားလုံးမှာ ရောဂါပိုးမျိုးစုံ ဝင်လွယ်ပါတယ်။ ပိုးဝင်ရင်လည်း ရောဂါ ပိုပြင်းထန်တတ်ပါတယ်။
(၂) တစ်ကိုယ်လုံး နေရာအနှံ့မှာ ပိုးအမျိုးမျိုး ဝင်တတ်ပေမယ့် ဆီးပိုးဝင်တာက အဖြစ်အများဆုံး ဖြစ်ပါတယ်။
(၃) ဆီးချိုသွေးချိုရောဂါကို နှစ်ရှည်ထိန်းမထားနိုင်ရင် ဆီးအိမ်အာရုံကြောနဲ့ ဆီးအိမ်ကြွက်သားတွေ အားလျော့လာပါမယ်။ ဆီးကုန်အောင် မပေါက်နိုင်တော့တာကြောင့် ဆီးအိမ်မှာ ဆီးကျန်နေတတ်ပါတယ်။ ဆီးကျန်တွေကြောင့် အကြိမ်ကြိမ် ဆီးပိုးပြန်ဝင်ပြီး သတ်လို့မကုန်နိုင်တဲ့ ဆီးပိုးတွေဖြစ်လာပါလိမ့်မယ်။ အကျိုးဆက်ကတော့ အသက်အန္တရာယ် ထိခိုက်တာ၊ ကျောက်ကပ် စောစောပျက်စီးတာတို့ကို ဖြစ်စေပါတယ်။
(၄) ဆီးပိုး အကြိမ်ကြိမ်ပြန်ဝင်တာကို အမြစ်ဖြတ်နိုင်တဲ့နည်းတွေကတော့- သွေးချိုကို ကောင်းကောင်း ထိန်းတာ၊ ပိုးမွေးပြီး သုံးသင့်တဲ့ဆေးကို တိတိကျကျ လုံလောက်စွာ ပေးတာ၊ ဆီးမကျန်အောင် ကုသပေးတာ စတာတွေဖြစ်ကြပါတယ်။

Credit

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11071

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 13:00