Spa Relax Studio Health & Beauty Center

Spa Relax Studio Health & Beauty Center

Share

facial, foot massage, Thai Traditional massage,Oil massage

05/08/2023

မကြာတော့တဲ့အချိန်လေးအတွင်းမှာ new idea ,new design ,new service , စတဲ့ အသစ်အသစ် တွေနဲ့ တဖန်ပြန်လည်ဆုံတွေ့ကြပါဦးစို့ရှင်!
🤗🤗🤗

ဆိုင်နေရာပြောင်းရွှေ့မှာဖြစ်တာကြောင့် Spa Relax Studio ဆိုင်လေး ခေတ္တ ပိတ်ထားပါမယ်လို့ အသိပေးပါရစေရှင့်😔
မကြာခင်အချိန်လေးအတွင်းမှာ service အသစ်အသစ်လေးတွေနဲ့ ပြန်လည်ဆုံတွေကြပါဦးစို့ရှင် 🤗
မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ခြင်းများစွာနဲ့ အမှတ်ယနေပါမယ် ဆိုင်ပြန်ဖွင့်မယ့်နေ့ရက်လေးကိုလဲ ကြိုတင်ကြေငြာပေးပါမယ်ရှင့် 🤗

05/08/2023

ဆိုင်နေရာပြောင်းရွှေ့မှာဖြစ်တာကြောင့် Spa Relax Studio ဆိုင်လေး ခေတ္တ ပိတ်ထားပါမယ်လို့ အသိပေးပါရစေရှင့်😔
မကြာခင်အချိန်လေးအတွင်းမှာ service အသစ်အသစ်လေးတွေနဲ့ ပြန်လည်ဆုံတွေကြပါဦးစို့ရှင် 🤗
မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ခြင်းများစွာနဲ့ အမှတ်ယနေပါမယ် ဆိုင်ပြန်ဖွင့်မယ့်နေ့ရက်လေးကိုလဲ ကြိုတင်ကြေငြာပေးပါမယ်ရှင့် 🤗

09/07/2023

Very honestly review for Our “ Sweet Cake Massage “
Service ☺️☺️☺️

Booking is available;
Sweet Cake (60 mins) - 35,000 ks

Sweet Cake (90 mins) - 50,000 ks

Open Daily: 10:00am to 9:00pm
No.256, 1st floor, Pinlon Street, in front of Sit town City Mart, Quarter (30), North Dagon Township,11421,Yangon.
09954445691
09785057255
095057255

Google Map;
https://maps.app.goo.gl/yErvsjbpciBoCGXa9?g_st=ic

Photos from Spa Relax Studio Health & Beauty Center's post 08/07/2023

🩵“ Sweet Cake “ တဲ့ 🩵

ကဲ! ဘယ်လိုလဲ?
နာမည်လေးကြားလိုက်ရုံနဲ့ စိတ်ဝင်စားသွားမိပြီ မဟုတ်လား?

🤍🤍Spa Relax Studio ရဲ့ signature massage လေး
တစ်မျိုး ပါ 🤍🤍

🩵နာမည်လေးက ဆန်းပြားပြီးလှပ ချစ်စဖွယ်ကောင်းသလို Traditional plus Oil massage တို့ ဟန်ချက်ညီစွာပေါင်းစပ်ထားတာမို့ အနှိပ်ကွက်လေးတွေစုံလင်စွာပါဝင်ပြီး ကိုယ်ခန္ဓာနဲ့စိတ် နှစ်မျိုးစလုံးကို relax ဖြစ်စေပါတယ်ရှင်
Blood circulation flow ကို ကောင်းမွန်စေပါတယ် ..
အညောင်းအညာနဲ့ ကိုက်ခဲမှူတွေကို သက်သာပျောက်ကင်းစေပါတယ် ..🩵
🩵 Sweet Cake massage လေးရဲ့ အားသာချက်လေးကို
ရှင်းပြပေးချင်ပါတယ် .. တစ်ချို့ဧည့်သည်တွေက ညောင်းညာကိုက်ခဲနေပေမယ့် အနှိပ်ကို တအားမခံနိုင်ကြတဲ့သူတွေရှိပါတယ် အဲ့လိုမျိုးပဲ တစ်ချို့သော ဧည့်သည်တွေကျလဲ oil massage လို ဆီလူးပြီး နှိပ်တာမျိုး သိပ်မလိုချင်ကြတဲ့သူတွေ လဲ ရှိပါတယ် Sweet Cake massage လေးကတော့ ဒီလိုဧည့်သည်(၂)မျိုးလုံးအတွက် အလွန်ပဲ အဆင်ပြေစေမယ့် massage servive လေး ဖြစ်ပါတယ် ရှင့် ညောင်းညာကိုက်ခဲနေတာတွေကိုလဲ ပြေလျှော့စေမယ် aroma oil လေးရဲ့ စိတ်ကြည်နူးစရာအမွှေးနံ့လေးတွေ နူးညံ့ပြီးသက်တောင့်သက်သာဖြစ်မှူတွေကြောင့် ကောင်းမွန်တဲ့ စိတ်နဲ့ကိုယ် ရဲ့ ကျေနပ်မှူကို အပြည့်အဝ
ရရှိစေပါလိမ့်မယ်ရှင်🩵
🩵 နာမည်လေးနဲ့လိုက်ဖက်အောင် ချိုမြလန်းဆန်းပေါ့ပါးသွာရစေတဲ့ စိတ်ခံစားမှူနဲ့အတူ ညောင်းညာနေမှူတွေကို လျော့ပါးသက်သာသွားစေမှာမို့ တွေးတောမနေပဲ လာရောက်ခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်ရှင် 🩵

🩵🩵Sweet Cake (60 mins) - 35,000 ks

🩵🩵Sweet Cake (90 mins) - 50,000 ks

Open Daily: 10:00am to 9:00pm
No.256, 1st floor, Pinlon Street, in front of Sit town City Mart, Quarter (30), North Dagon Township,11421,Yangon.
09954445691
09785057255
095057255

Google Map;
https://maps.app.goo.gl/yErvsjbpciBoCGXa9?g_st=ic

08/07/2023

Shout out to my newest followers! Excited to have you onboard!

Nay Nwe, Noella Su San, Kaw Kaw

Photos from Spa Relax Studio Health & Beauty Center's post 22/06/2023

🍁Traditional Thai Massage 🍁

🍁 ထိုင်းရိုးရာ Massage မှာ အဓိကပါဝင်တဲ့ နှိပ်နယ်ခြင်းပေးများက ဖိခြင်း၊ လှိမ့်ခြင်း၊ ညှစ်ထုတ်ခြင်း၊ ကွေးခြင်း၊ ဆွဲဆန့်ခြင်း အစရှိသည်တို့ဖြစ်ပြီး ၄င်းနည်းလမ်းများဖြင့် သက်တောင့်သက်သာဖြစ်စေအောင် နှိပ်နယ်ကုသပေးခြင်း အတတ်ပညာတစ်မျိုးဖြစ်ပါတယ်ရှင်။ 🍁

🍁 ထိုင်းရိုးရာနှိပ်နယ်ခြင်းမှာ ဆီအသုံးပြုခြင်းမရှိဘဲ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ခြင်း၊ အဆစ်များကို လှုပ်ရှားပေးခြင်း၊ ကြွက်သားများကို ဖိနှိပ်ပေးခြင်းနှင့် ခြေ လက်များကိုဆွဲဆန့် ခြင်းနည်းလမ်းများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိတ်နေသော စွမ်းအင်များကို ဖွင့်ထုတ်ပေးခြင်း၊ အရိုးအဆစ်များ ကောင်းမွန်စွာလှုပ်ရှားလာစေခြင်း၊ ပင်ပန်းလွယ်ခြင်းကို လျှော့ချစေနိုင်ခြင်း၊ နှစ်ခြိုက်စွာအိပ်စက်နိုင်စေခြင်း တို့ရရှိစေရန်နှိပ်နယ်ကုသပေးသွားမှာ ဖြစ်ပါတယ်ရှင်။🍁

🍁 Traditional Thai Massage Treatment မှ ရရှိသော အကျိုးကျေးဇူးများမှာ
✅ ခေါင်းကိုက်သက်သာစေခြင်း
✅ ခါးနာသက်သာစေခြင်း
✅ အဆစ်အမြစ်များနာကျင်ခြင်းကို သက်သာစေခြင်း
✅ လှုပ်ရှားလုပ်ကိုင်ရပိုမိုလွယ်ကူလာစေခြင်း
✅ စိတ်ဖိစီးမှုများကို ချေဖျက်စေနိုင်ခြင်း
တို့ဖြစ်ပါတယ်ရှင်။ 🍁

🍁 ခန္ဓာကိုယ်နှင့် အရိုးအဆစ်များရဲ့ ကျန်းမာရေး အတွက် ကောင်းကျိုးများစွာရှိတဲ့ ထိုင်းရိုးရာနှိပ်နယ်ခြင်းကုထုံးကို ခံယူဖို့ ကိုယ်ရောစိတ်ပါ ဆိတ်ငြိမ်အေးချမ်းမှူရှိတဲ့ အပြင် ကျွမ်းကျင်တဲ့ Therapist လေးများပါရှိတဲ့ Spa Relax Studio Health & Beauty Center သို့ လာရောက်ကြဖို့ အကြံပြုလိုက်ပါရစေရှင်။ 🍁

❤️ THAI TRADITIONAL MESSAGE ❤️

1 Hour - 12,000 ks

1 .5 Hour - 18,000 ks

Open Daily: 10:00am to 9:00pm
No.256, 1st floor, Pinlon Street, in front of Sit town City Mart, Quarter (30), North Dagon Township,11421,Yangon.
09954445691
09785057255
095057255

Google Map;
https://maps.app.goo.gl/yErvsjbpciBoCGXa9?g_st=ic

22/06/2023

Shout out to my newest followers! Excited to have you onboard!

Naw Mi Aye, လရောင် တော, ပြည့်ဖြိုးအောင်, Jessica Lin, Thet Thet Tin, G T Ko Soe, Ko Kyaw Than Win, Min Si Thu Aung, Moe Thu, Eliza Sweet

20/06/2023

စိတ်ဖိစီးမှုကင်းစေပြီး ငြိမ်ချမ်းစေတဲ့ Aromatherapy (ရနံ့ကုထုံး)အတွက် Essential oil ရနံ့တစ်ခုချင်းစီရဲ့ အကျိုးပြုပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် ...

☘️ Lavender
စိတ်ကို ကြည်လင် လန်းဆန်းစေပါတယ်၊ မအီမသာဖြစ်ခြင်းနှင့် သွေးဖိအားများ အိပ်မပျော်ခြင်းတို့ကို သက်သာစေပါတယ်။

☘️ Ocean
အာရုံကြောများ တောင့်တင်းခြင်းကို ပြေလျော့စေပါတယ်
စိတ်တိုင်းမကျခြင်း ဒေါသထွက်လွယ်ခြင်း ဝမ်းနည်းလွယ်ခြင်း
တို့ကို သက်သာစေပါတယ်။

☘️ Rose
ပျော်ရွှင်မှုကိုမြင့်တက်စေပါတယ်၊ အသည်းကျန်းမာရေးနှင့် ကျောက်ကပ်ကို ကောင်းမွန်စေပါတယ်။

☘️ Jasmine
စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်၊ အသက်ရှုလမ်းကြောင်းကို သန့်စင်ပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

☘️ Lemongrass /Orange
ခေါင်းကိုက်ခြင်း မူးဝေခြင်းတို့ကို သက်သာစေပြီး စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ ခြင်လည်းပြေးစေပါတယ်။

☘️ Sandalwood /Shangri-La
စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။

☘️ Eucalyptus /Mint
နှာခေါင်းပိတ်ခြင်း၊ အသားအရေယားယံခြင်းနှင့် အအေးမိခြင်းများကို သက်သာစေနိုင်ပါတယ်။

☘️ Violet
စိတ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အိပ်မပျော်ခြင်းတို့ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

☘️ Osmanthus
စိတ်နဲ့ခန္ဓာကို လန်းဆန်းတက်ကြွစေပြီး စိတ်သောကနှင့် စိတ်ဖိစီးမှုကို သိသာစွာ လျှော့ချပေးပါတယ်။

☘️ Grapefruit
စိတ်တည်ငြိမ်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်၊ သွေးလည်ပတ်မှုကောင်းစေပြီး မျက်နှာပေါ်မှ ဝက်ခြံများကို လျော့ပါးသက်သာစေပါတယ်။

☘️☘️ Aromatherapy Essential oils တွေကို သဘာဝအပင်တွေရဲ့အဆီနှစ်များဖြင့် အသုံးပြုထုတ်လုပ်ထားခြင်းဖြစ်တဲ့အတွက် အာရုံကြောကုသမှုတွေမှာ အထောက်အကူ ဖြစ်စေပါတယ်ရှင်။☘️☘️

☘️☘️ Essential Oil ရဲ့ ရောဂါကုသမှု အထောက်အကူပြု ဓာတ်ပေါင်းစုကြောင့် Essential oil ကို ခန္ဓာကိုယ်ထဲ စိမ့်ဝင်တဲ့အထိ လိမ်းပေးပြီး အကြောဖွင့်နှိပ်နယ်ပေးခြင်း၊ hot Essential oil ကိုအသုံးပြုပြီး အနှိပ်ခံပေးခြင်းတို့ကြောင့် စိတ်ငြိမ်းချမ်းမှူ၊ ပျော်ရွှင်မှု၊ ရောင့်ရဲတင်းတိမ် အားရကျေနပ်မှုနှင့် စိတ်အာရုံစူးစိုက်နိုင်ခြင်းတို့ကို ပိုမို တိုးတက်ကောင်းမွန်စေပါတယ်ရှင်။ အသားရေခြောက်သွေ့ခြင်း၊ အိပ်စက်ချိန်ဟောက်ခြင်း၊ Allgeric ဖြစ်ခြင်းတို့မှ ကာကွယ်ပေးတဲ့အပြင် ဆံပင်နှင့် ဦးရေပြားကို ကောင်းမွန်စေပါတယ်ရှင်။☘️☘️

☘️☘️အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးနှင့် အချိန်တိုင်း စိတ်ကြည်လင် လန်းဆန်းဖို့ အညောင်းအညာပြေစေဖို့ အတွက် အကြောပြေ ရနံ့ကုထုံးတစ်ခု ဖန်တီးဖို့ဆိုရင် ... Premium Qualityနဲ့ Essential Oil တွေကို အသုံးပြုပြီး အေးချမ်းဆိတ်ငြိမ်တဲ့အငွေ့အသက်တွေ အပြည့်အဝရှိတဲ့ Spa လေးတစ်ခုမှာ relax လုပ်ပေးဖို့တော့ လိုပါတယ်နော်☘️☘️

☘️☘️ချစ်သောတွေရဲ့ လိုအပ်ချက်လေးတွေကို အကောင်းဆုံး ဝန်ဆောင်မှူပေးနိုင်တဲ့ Spa Relax Studio သို့ လာခဲ့နိုင်ပါတယ်ရှင်☘️☘️

☘️ Aromatherapy Oil Massage - 40,000 ks
90 min

☘️ Oil Massage 60 min - 25,000 ks

☘️ Oil Massage 90 min - 35,000 ks

☘️ Oil Massage 120 min - 45,000 ks

☘️ Sweet Cake - 35,000 ks

Open Daily: 10:00am to 9:00pm
No.256, 1st floor, Pinlon Street, in front of Sit town City Mart, Quarter (30), North Dagon Township,11421,Yangon.
09954445691
09785057255
095057255

20/06/2023

သင့်လုပ်ငန်းကို တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖို့အတွက် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေအပြင် မိသားစုဝင်တွေနဲ့ပါ ယုံကြည်မှု တည်ဆောက်ထားဖို့ လိုတယ်။ သူတို့အနေနဲ့ သင်ဟာယုံကြည်ထိုက်တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရဖို့လိုတယ်။

အဲဒီလိုဖြစ်ဖို့ဆိုရင် အကျင့်စာရိတ္တကောင်းရမယ်၊ ကတိတည်ရမယ်၊ အပြောနဲ့အလုပ် ညီရမယ်။ သင်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လာအောင် အမြဲတမ်းအားထုတ်နေဖို့ လိုတယ်။

သင်က သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို သေချာ ချမှတ်ရမယ်။ ပြီးရင် ပတ်ဝန်းကျင်က လူတွေကိုပါ အဲဒီရည်မှန်းချက်တွေကို ယုံယုံကြည်ကြည်နဲ့ လိုက်ပါလုပ်ဆောင်ချင်လာ‌အောင် စည်းရုံးနိုင်ဖို့လိုတယ်။

သင်နဲ့စီးပွားဖက် ပါတနာတွေအနေနဲ့ သင့်အပေါ်မှာ ယုံကြည်လာအောင် ကြိုးစားရမယ်။ သင့်လုပ်ငန်းကို ပစ္စည်းပေးသွင်းတဲ့ သူတွေ၊ ဖောက်သည်တွေ၊ သင့်မိသားစုဝင်တွေ အကုန်လုံးအနေနဲ့ သင့်ကို ယုံကြည်အားထားလာနိုင်ဖို့၊ ပြောပြစည်းရုံးဖို့ လိုသလို အပြောနဲ့အလုပ် ညီအောင်လုပ်ပြီး ယုံကြည်ထိုက်သူဖြစ်အောင် လက်တွေ့ပြသဖို့ လိုအပ်ပါတယ်။

အရေးကြီးတာကတော့ ယုံကြည်မှုတည်ဆောက်ခြင်းဟာ တစ်ကြိမ်တစ်ခါနဲ့ ခဏခဏလုပ်ရတာမျိုး မဟုတ်ဘဲ တစ်သက်လုံး လုပ်ဆောင်ရမဲ့ အရာဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ ဖြစ်ပါတယ်။

Naing Win Aung (CEO Coach)

Photos from Spa Relax Studio Health & Beauty Center's post 19/06/2023

🍁🍁Foot Massage ပြုလုပ်သင့်ရခြင်း၏ အကျိုးကျေးဇူးများထဲမှ အဓိကအချက် (၁၀)ချက်ကို ဖော်ပြပေးထားပါတယ်ရှင်🍁🍁

✅၁။ စိတ်ဖိစီးမှုလျော့ကျကာ သက်တောင့်သက်သာရှိစေခြင်း
✅၂။ ပိုမိုကောင်းမွန်စွာအိပ်ပျော်စေခြင်း
✅၃။ သွေးလည်ပတ်မှုအားကောင်းစေခြင်း
✅၄။ သွေးတိုးတတ်သူများအတွက် သွေးပေါင်ချိန်ကျစေခြင်း
✅၅။ ခြေကျင်းဝတ် ခြေထောက် နာကျင်မှူဖြစ်ခြင်း ဒဏ်ဖြစ်ခြင်းတို့အား အမြန်ပြန်လည်သက်သာစေခြင်း
✅၆။ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်းများကို သက်သာပြေပျောက်စေခြင်း
✅၇။ စိတ်ပူပန်ကြောင့်ကြမှု (anxiety) ကို လျှော့ချပေးခြင်း
✅၈။ သဘာဝအတိုင်း နာကျင်မှုကို သက်သာဖြေဖျောက်ပေးခြင်း
✅၉။ ခြေသည်းခွံနှင့် အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း
✅၁၀။ ခြေထောက်ရောင်ခြင်း ဖောခြင်းများကို သက်သာပျောက်ကင်းစေခြင်း
တို့ဖြစ်ပါတယ် 🍁

🍁🍁ဒီလိုအကျိုးကျေးဇူးလေးတွေကို ရရှိခံစားနိုင်ဖို့ရာ Spa Relax Studio မှ စွမ်းရည်ပြည့်ဝတဲ့ Therapists လေးတွေဆီ လာရောက်ကြပါလို့ နွေးထွေးပျုငှါစွာနဲ့ ဖိတ်ခေါ်ပါတယ်ရှင်🍁🍁
🩵 FOOT MASSAGE 🩵

1 Hour - 8,000 ks

1.5 Hour - 12,000 ks
ခြေထောက်အဆိပ်ထုတ်ဆေးရည်စိမ် - Extra 2,000 ks

Open Daily: 10:00am to 9:00pm
No.256, 1st floor, Pinlon Street, in front of Sit town City Mart, Quarter (30), North Dagon Township,11421,Yangon.
09954445691
09785057255
095057255

Google Map;
https://maps.app.goo.gl/yErvsjbpciBoCGXa9?g_st=ic

18/06/2023

💐💐 ဆီလိမ်းအနှိပ် လို့ တော်တော်များများသိထားကြတဲ့ Oil Massage Treatment အကြောင်းလေးကို ရှင်းပြပေးချင်ပါတယ်ရှင် ။ 💐💐

💐💐 Spa Relax Studio ရဲ့ Therapists လေးတွေက ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ Essential Oil ကိုအသုံးပြုပြီး ထိထိမိမိ နှိပ်ကွက်တွေနဲ့အတူ စေတနာ မေတ္တာကို ဦးစားပေးပြီး ခန္ဓာကိုယ်အနှံ့ အသားထဲထိ စိမ့်ဝင်အောင် နှိပ်နယ်ပေးပါတယ် ၊ အသားထဲ စိမ့်ဝင်အောင် နှိပ်ပေးရတဲ့အခါမှာ လက်ချောင်းလေးတွေရဲ့ အတွင်းအားကို သုံးရတဲ့အတွက် ပိုပြီးလည်း ပင်ပန်းကြပါတယ်။ 💐💐

💐💐 အဲ့ဒီလို အသားထဲစိမ့်ဝင်အောင် နှိပ်နယ်ခြင်းကြောင့် ရရှိလာတဲ့ ကောင်းကျိုးလေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်ရှင်။ 💐💐

💐💐• သာမန် Massage တွေထက် Oil Massage မှာ Essential Oil ကိုအသုံးပြုထားခြင်းဖြစ်တဲ့အတွက် Health Benefits တွေ အများအပြား ရရှိနိုင်ပါတယ်။ 💐💐

💐💐• Massage လုပ်ရင် စိတ်တည်ငြိမ်စေပါတယ်။
Depressions တွေကို‌ လျှော့ချ ပေးနိုင်တဲ့ ဟော်မုန်း တွေကို ထွက်ပေါ်လာစေပါတယ်။ 💐💐

💐💐• ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိနေတဲ့ Essential Oil ကိုသုံးပြီး ခန္ဓာကိုယ် ကို နှိပ်နယ်ပေးတဲ့ အခါ အရေပြားပေါ်က ဆဲလ်သေ‌တွေ ပပျောက်စေပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။ 💐💐

💐💐• အရေပြား အောက်က အာရုံကြော တွေကိုလှုံ့ဆော် ပေးတာဖြစ်လို့ အာရုံ စူးစိုက်မှု့ ကိုလည်း ပိုမိုအားကောင်း လာစေပါတယ် ။ 💐💐

💐💐• သွေး လည်ပတ်မှု့ကို ပိုမိုကောင်းမွန်စေ နိုင်တာမို့
လွပ်လပ်ပေါ့ပါးတဲ့ လေကောင်းလေသန့်များကို ရှုရှိုက်နေရသလို ခံစားရစေပါတယ် ။ 💐💐

💐💐• ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်တောက် များကို စွန့်ထုတ်ပေးနိုင်ပါတယ်။ 💐💐

💐💐• ကိုယ်လက် နာကျင် ကိုက်ခဲတာတွေကို သက်သာ စေပါတယ်။ 💐💐

💐💐• နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ 💐💐

💐💐• အသားရေတင်းရင်းစေ ပြီး အိုမင်းရင့်ရော် ခြင်း များကိုလည်း လျှော့ချပေးပါတယ်။ 💐💐

💐💐 အမျိုးသားများအတွက်သာမဟုတ်ပဲ အမျိုးသမီးများအတွက်ပါ သင့်တော်တဲ့ ကျန်မာရေးအနှိပ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်ရှင် .. 💐💐

🤍 OIL MASSAGE 🤍

Aromatherapy Oil Massage - 40,000 ks
90 min

Oil Massage 60 min - 25,000 ks

Oil Massage 90 min - 35,000 ks

Oil Massage 120 min - 45,000 ks

Sweet Cake - 35,000 ks

Open Daily: 10:00am to 9:00pm
No.256, 1st floor, Pinlon Street, in front of Sit town City Mart, Quarter (30), North Dagon Township,11421,Yangon.
09954445691
09785057255
095057255

Google Map;
https://maps.app.goo.gl/yErvsjbpciBoCGXa9?g_st=ic

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 256, Pin Lon Street, Near Sit Town Bus Stop, , 30 Quarter , North Dagon Township,, , Https://maps. App. Goo. Gl/5X2MUCuyZcvgvoYE9?g_st=ic
Yangon
11421