Personal Trainer Sayar Lay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Personal Trainer Sayar Lay, Health/Beauty, Malar Myaing first street(Hlaing), Yangon.
05/02/2024
Gym ကစားတဲ့ အမျိုးသမီးတွေ Protein စားဖို့လိုလား ??
#ဒီတစ်ခါမှာတော့ ကျနော်က gym ကစားတဲ့အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်းတွေ ၊workoutတွေကို ပြင်းပြင်းထန်ထန် ကစားပြီးတဲ့အခါ recovery ရဖို့ ကြွက်သားတွေ ကျစ်လစ်ဖို့ protein စားဖို့ ၊သောက်ဖို့ လိုအပ်ပါတယ် ဆိုတဲ့အကြောင်းကို တိုတိုနဲ့ လိုရင်းပြောပြပေးသွားပါ့မယ်ခင်ဗျာ။
#အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ အလေးတွေ ကောင်းကောင်းကစားလာနိုင်တဲ့ခေတ်မှာ တစ်ချို့တွေ ဘာကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှု နှေးနေရတာလဲ??
#အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် workout တွေကို ပြင်းပြင်းထန်ထန် ကစားပြီးရင် recovery time ဆိုတာ ရှိရပါတယ်။အဲဒီမှာ ကျနော်တို့တွေအနေနဲ့ Diet အကြောင်းကိုပြောပြပေးမယ်။
#မိန်းကလေးတွေ တစ်ချို့ဟာ gym ကစားပြီးတဲ့ခါ ပုံမှန်ပဲစားသောက်တတ်ကြတယ်။တစ်ခါတလေ junk foods တွေ ကြီးစားတဲ့ရက်မျိုးလည်းရှိတတ်ကြတယ်။workout လုပ်ပြီးတာနဲ့ ခန္ဓာကိုယ်အတွက် Protein ထည့်ဖို့ကို မေ့လျော့ကြတယ် တစ်ချို့ကြောက်ကြတယ်။
ဘာကြောင့် Protein စားဖို့ သောက်ဖို့ ကြောက်ကြတာလဲ??
#လေ့ကျင့်ခန်းလုပ်တဲ့ မည်သူမဆို မိမိခန္ဓာကိုယ်မှာ ကြွက်သားတွေကို ပြင်ထန်စွာ ကစားပြီးတဲ့အခါ ကြွက်သားတွေတည်ဆောက်ဖို့ ၊ကျစ်လစ်သန်မှာဖို့ ၊အမျိုးသမီးတွေပြောနေကြ အသားတွေ တွဲပြီးပျော့အိမသွားဖို့က အရေးကြီးဆုံးမေ့လျော့ တတ်ကြတာ Protein စားသုံးဖို့ပါပဲ။မိမိရဲ့ ကြွက်သားတွေ တင်းရင်းသန်မာမှုရှိဖို့အတွက်တစ်နေ့တာလိုအပ်တဲ့ Protein စားသုံးခြင်းက အရေးကြီးဆုံးဖြစ်ပါတယ်ဗျ။ဒါမှသာ လိုအပ်တဲ့ muscle recovery အမြန်ရပြီး ကျစ်လစ်သန်မာမှာ ဖြစ်တယ်။ဒါ့အပြင် မိမိ Body မှာရှိတဲ့ အဆီပိုတွေကိုပါ ကျဖို့ အထောက်အကူပြုပါတယ်။
#ဒါကြောင့် gym ကစားတဲ့ အမျိုးသမီးတွေအနေနဲ့ အဆီအမြန်ကျ ကြွက်သားကျစ်လစ်သန်မာချင်ရင် Protein ကို လုံလောက်စွာ စားဖို့ မကြောက်ကြပါနဲ့ မမေ့ကြပါနဲ့လို့ ဆန္ဒပြုရင်း... 💪💪
(မိမိခန္ဓာကိုယ်အတွေ လိုအပ်တဲ့ Protein တွေ သောက်သုံးချင်သူများ ဘယ် Protein မျိုးကို ရွေးချယ်သင့်လဲမသိသူများ chat box မှာ လာမေးလို့ရပါတယ်ဗျ)
#ကျနော့်အကိုတွေအမတွေ ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်တွေအမြန်လှကြပါစေ ☺🙏🙏
လေးစားစွာဖြင့်...
Lay
01/02/2024
BACK !!! 😌🤔💪
#ကိုယ်ယုံကြည်ရာကိုသာ စွဲစွဲမြဲမြဲ ကြိုးစားလုပ်ဆောင်သွားမယ် 💪💪
Lay
ကျနော်ရဲ့ Professional ကစားသမားဘဝ အဆင့်ဆင့်ပြိုင်ပွဲဝင်ပုံရိပ်များအမှတ်တရ။☺☺🙏
Professional ကစားသမားဘဝမှာ ပြိုင်ပွဲသုံးပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။အမှတ်တရတွေ သင်ယူစရာသင်ခန်းစာတွေ အများကြီး သိခဲ့ရတယ်။တစ်စိုက်မတ်မတ်နဲ့ အခက်ခဲတွေရှိလည်း လေ့ကျင့်ကြိုးစားခဲ့တယ်။တစ်ပွဲနဲ့တစ်ပွဲ မတူညီတဲ့ပုံစံတွေနဲ့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။အားနည်းချက်ဖြစ်တဲ့ muscle mass/quality တွေကို တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းအောင် ကြိုးစားထားပါတယ်ဗျ ☺💪💪
#ကျနော်ရရှိထားသောဆုများ...💪💪
2019 ရန်ကုန်ပညာရေးတက္ကသိုလ်(YUOE ချန်ပီယံ)☺☺
2022 (အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) - ဒုတိယဆု💪
2023 (MGOA senior up to 70kgs) - စတုတ္ထဆု💪
2024 (မြန်မာ့လက်ရွေးစင်ရွေးချယ်ပွဲ) - ပဏာမလက်ရွေးစင် 🙏💪
Next...???😉💪
#နောက်ထပ်နောက်ထပ်သော ပြိုင်ပွဲတွေမှာ အကောင်းဆုံးရလဒ်ဖြစ်ဖို့ အများကြီးကြိုးစားသွားပါအုံးမယ်ခင်ဗျာ🙏🙏😍😍
AthleticSayar Lay
မြန်မာ့လက်ရွေးစင်လူရွေးပွဲ မှာ ဧရာဝတီတိုင်းကိုယ်စားပြုအဖြစ် ဝင်ရောက်အရွေးခံပြီး ပဏာမလက်ရွေးစင်အဖြစ် အရွေးခံရစဥ် ယှဥ်ပြိုင်ထားတဲ့ ပြိုင်ပွဲဝင် video လေးပါဗျ 💪💪☺☺
#အားပေးကြပါအုံး
#ဧရာဝတီတိုင်း ကိုယ်စားပြု 💪🙏
#ခါးနံပါတ် (15) 😍
Lay
65kgs 💪💪
21/01/2024
#မင်းလိုပဲ ငါလည်း တက်ပြိုင်လို့ရပါတယ်..
ပြိုင်ပွဲတက်ပြိုင်ရတာ လွယ်ပါတယ် ပြောနေသူတွေ...
Protein ဖိုးလေးပဲ သုံးကြည့်ပါအုံး 😞😞
#လက်မောင်းတစ်ဖက်ကြီးလာလိမ့်မယ်😄😄
photo😂
11/01/2024
#ယုံကြည်မှုနဲ့ လာတဲ့ သူငယ်ချင်း ဆက်လက်ကြိုးစားပါ ☺☺👏👏
09/01/2024
⛔⛔ ဗိုက်ကြွက်သားတွေ ပေါ်ဖို့ မိတ်ဆွေရဲ့ ဗိုက်လေးတွေချပ်ဖို့ ခုချိန်ထိ ဘယ်လီရိုက်နေ တုန်းပဲလား ??
🆗🆗 မှန်တယ် ဘယ်လီ ရိုက် (ဗိုက်လေ့ကျင့်ခန်း)တွေလုပ်ရင် ဗိုက်ကြွက်သားကို ထိရောက်စေတာ၊ဗိုက်ကြွက်သား တင်းရင်းပြီး အဆီဝင်မှုနည်းစေတာ မှန်ပါတယ်။
သို့ပေမယ့် ဗိုက်လေ့ကျင့်ခန်းတွေ ကစားလိုက်လို့ အဆီလုံးဝကျသွားတာမျိုးက လုံးဝမဟုတ်ပါ။
Gym အတော်များများမှာ ပေါင်ချိန်များလို့ အဆီတွေအရမ်းများလို့ဆိုပြီး ဗိုကိလေ့ကျငိ့ခန်းတွေ အိပ်ထမတင် တွေကို အချိန်အကြာကြီးပေးလုပ်နေသူတွေ လုံးဝမလုပ်သင့်ပါ။
⚠⚠❎ Don't (မလုပ်သင့်သူများ) = (အဆီ% အရမ်းများတဲ့သူတွေ၊ အဝလွန်ပြီး over weight ရောက်နေတဲ့သူတွေ။)
☑☑☑ Do (လုပ်သင့်သူများ) =( body weight normal ဖြစ်တဲ့သူတွေ၊အဆီနည်းပြီး
မိမိ ခန္ဓာကိုယ် ကို ထိန်းနိုင်တဲ့သူတွေ)
ဒါဆိုရင် Training တွေအနေနဲ့ ရော ဘာတွေလုပ်သင့်လည်းဆိုရင် resistance Training တွေကို ဦးစားပေးသင့်ပြီး မှန်ကန်တဲ့စားသောက်မှုပုံစံ ဖြစ်ဖို့အရေးကြီးပါတယ်ဗျ။💪💪
👉👉 weight အရမ်းများ၊အဆီတွေ အရမ်းများနေလို့ ဗိုက်ကျအောင် ဗိုကိကြွက်သား ကစားမယ်၊ဗိုက်လေ့ကျင့်ခန်းတွေပဲ အချိန်ပေးလုပ်နေရင် မိတ်ဆွေဟာ အချိန်သက်သက်ဖြုန်းတီးနေတာပါ နော် 😌
#လေးစားစွာဖြင့် 🙏🙏
အားလုံး ကျန်းမာပြီး ခန္ဓာကိုယ်တွေလှကြပါစေဗျာ☺☺
AthleticSayar Lay
31/12/2023
✨✨✨ 2024 မှာလိုချင်တဲ့ Body Goal ရဖို့ ကျွန်တော်နဲ့ By-one Personal Training ကစားချင်တဲ့သူတွေအတွက် ....
🎊 New year Promotion လေးပေးမယ်ဗျာ ☺🗓️ Promotion Period _ 1.1.2024 to 15.1.2024
#အကြိမ်(sessions 20) _ 350,000 (within 1.5 months)
🅿 အကြိမ်(sessions 20) _ 300,000 ( within 1 month + 5 sessions free)
#အကြိမ်(sessions 40) _ 595,000 တစ်ခါတည်း ဝယ်ယူသူတွေအတွက် (သို့) နှစ်ယောက်တွဲ couple ကစားချင်သူများအတွက်တော့😉
🅿 အကြိမ်(sessions 40)= 590,000 (within 2.5 months ) + 7 sessions free ကစားနိုင်မည့် package လေးတွေကို Promotion ချပေးထားပါတယ်ခင်ဗျာ။😍☺
မရမှာတော့စိတ်မပူနဲ့ ကျွန်တော်ကိုယ်တိုင် personal trainer နဲ့အညီ လုံးဝအသေးစိတ် moti ပေးပြီး အမြဲ ဘေးကနေ push လုပ်ပေးမှာပါဗျ။
ကစားဖူးသူတိုင်း သိပါတယ် ☺☺💪
#ဒါအပြင် နေ့စဥ်စားသောက်မှုပုံစံ(Diet plan) ကို အသေးစိတ် plan ချပေးပြီး ခန္ဓာကိုယ်လှပရုံသာမက ကျန်းမာသန့်စွမ်းတဲ့ body ဖြစ်အောင် လုံးဝ care လုပ်ပေးမှာဖြစ်လို့...
#ခုပဲ ကျနော်နဲ့အတူ သင့်ရဲ့ body Goal ကိုအမြန်ရအောင် Promotion အမှီယူပြီး ကြိုးစားလိုက်ကြစို့ ခင်ဗျာ 😍☺💪💪
AthleticSayar Lay
ကစားတာ ဘယ်နေရာတွေအတွက် အသုံးဝင်လဲ 😎😎
#မိမိအခြေနေ 😌😌
မိတ်ဆွေတို့ရော စျေးခြငိးတောင်း ဆွဲရလား ??😌😜
24/11/2023
#ဗိုက်ခွဲထားတဲ့ အမျိုးသမီးတွေ gym ကစားရင် ခန္ဓာကိုယ်ပြောင်းလဲနိုင်လား ??
ကစားတာ နှစ်ချီနေပြီ ဒီပုံစံကနေ တိုးတက်ပြောင်းလဲမလာဘူး ဘာ့ကြောင့်လဲ ??
ကျနော်ဒီနေ့တော့ ကျနော့်ကို messenger က လာလာမေးတဲ့ မေးခွန်းတွေထဲက ဒီအကြောင်းအရာလေးတွေ ကို ပြောပြချင်ပါတယ် ။
ပထမတစ်ချက် ဟုတ်ကဲ့ ပြောင်းလဲနိုင်ပါတယ်။အဲဒီမှာ ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့ နောက်ကွယ်မှာ ကျနော်တို့ သတိထားစရာ အချက်တွေ အများကြီးရှိပါတယ်...
1️⃣ မှန်ကန်တဲ့ diet ဖြစ်ရဲ့လား ?
ဒီမှာ လူတော်တော်များများက diet ဆိုတဲ့ စကားလုံးကို အလွယ်တကူ သုံးကြတယ်။ဒါမယ့် သူ့အဓိပ္ပါယ်ရဲ့ လေးနက်မှုကို နားမလည်ကြဘူး။ တစ်နေ့မှာ တစ်နပ်ပဲ အစာစားတာက diet လား ? အရွက်တွေကြီးပဲ စားတာက diet လား? အစာကို စားချင်တဲ့အချိန်အများကြီးစားပြီး ကျန်အချိန်တွေကို အငတ်နေတာက diet ဖြစ်ရဲ့လား?
ဆိုတော့ ဒါတွေကို လုပ်မိနေရင်တော့ diet လို့ ပြောပြောနေတာတွေက အားလုံး အမှားတွေပါ ။
2️⃣ ထိရောက်တဲ့ workout လုပ်ရဲ့လား ??
gym သွားတယ် အလေးတုံးလေးတွေ ဟိုမဒီမနဲ့ ခဏကြာရင် ပြေးစက်ပေါ်တက်ပြီး ၁၅ မိနစ်လောက်ပြေးလိုက်ရင်ကို ကိုယ့်ကိုယ်ကို အရမ်းကစားလိုက်ပြီ လို့ ထင်သွားတတ်တယ်။ဟို class လေးတက် join ချင်လိုက် အချင်းချင်းတော်ကီဖုတ်ပြီး gym မှာ မလိုအပ်ပဲ အချိန်ကုန်နေရင် သင်သွားလုပ်တဲ့ workout က အလကားပါပဲ အချိန်တွေသာ ကုန်မယ် ထိရောက်လာမှာ မဟုတ်ဘူး ။
3️⃣ Recovery time လုံလောက်မှုရှိရဲ့လား ??
gym မှာ ချွေးထွက်ပြီးရော ဟိုမဒီမ လိုက်မတယ်၊တစ်နေ့ ၂နာရီလောက်ကစားတယ် ငါအများကြီး ကစားလိုက်တယ် ငါ့ခန္ဓာကိုယ် လှလာမယ် ဝိတ်ကျမယ်ဆိုပြီး ပျော်နေလို့မရဘူး ၊ပျက်ဆီးသွားတဲ့ muscle တွေအတွက် ကျနော်တို့ ဖြုန်းတီးလိုက်တဲ့ energy အတွက် ပြန်ပြီး အစားထိုးပေးခြင်းအနေနဲ့ အစားသောက်နဲ့ supplement တွေ လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေကစ အသေးစိတ် recovery ပြန်ပေးရတယ်။
ဆိုတော့ အဓိကကျတဲ့ အချက်တွေဖြစ်တဲ့
(1) မှန်ကန်တဲ့ Diet ဖြစ်ရဲ့လား ??
(2) ထိရောက်တဲ့ workout လုပ်ရဲ့လား ??
(3) Recovery Time လုံလောက်မှု ရှိရဲ့လား ??
ဆိုတဲ့ အချက်တွေကို ထိထိရောက်ရောက်လိုက်နာဖို့ လိုပါတယ်ဗျ။
ဒီအတွက် ဘယ်လိုလုပ်ရမလဲ ဘာတွေ လိုအပ်လဲ သိချင်ရင်တော့ ဒီလမှာ ပြန်လည်စတင်မယ့် (ကျနော့်ရဲ့ 3 months bodytransformation class) မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ဗျ ။
လူဦးရေနဲ့ အချိန်ကိုတော့ ဦးတဲ့ သူကို ဦးစားပေးပြီး အချိန်လေးတွေ ညှိပေးသွားပါမယ်ဗျ။နေရာနဲ့ Pt fees ကိုတော့ page messenger သို့( ph no 09778481839) ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။ 3 လအတွင်း ထိထိ ရောက်ရောက်နဲ့ ပြောင်းလဲပြီး လှချင်ရင်တော့ အမြန် join လိုက်ပါခင်ဗျ ☺☺🙏🙏
#အောက်ပါပုံက အမသည် ဗိုက်ခွဲထားတာ( 2ကြိမ်) တိတိ ခွဲထားဘူးပါတယ်ဗျ။ဒါမယ့် ကြိုးစားရင် ဖြစ်တယ်ဆိုတာ သက်သေပါပဲ။ ငါ မဖြစ်နိုင်ပါဘူး ဆိုပြီး လက်လျော့တော့မလား? ရအောင်လုပ်မယ် ဖြစ်ရမယ် ဆိုပြီး moti အပြည့်နဲ့ ရှယ်မောင်းပေးမယ့် ကျနော်နဲ့အတူ လာရောက်ကစားကြည့်ပါ ☺☺🙏🙏
Personal Trainer Sayar Lay
personaltrainer
program
plan
သီတင်းကျွတ်လပြည့်နေ့မှာ စ၍ ကျနော့်ရဲ့ ကျေးဇူးရှင် Clients များအပါအဝင် ကျနော့်ကို ချစ်သူ မုန်းသူအားလုံးစိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်များနဲ့ ပြည့်စုံကြပါစေ။စီးပွားရေးတွေ ကောင်းမွန်ပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်စွာ နေနိုင်ကြပါစေ ၊ အလှူတန်းများ လှူနိုင်ကြပြီး ကုသိုလ်တွေ ရကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ ☺☺🙏🙏
(ကျန်းမာသန်စွမ်းပြီးလှပတဲ့ ခန္ဓာကိုယ်လည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေနော်)😍😍
Lay
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Malar Myaing First Street(Hlaing)
Yangon