Orchid Queem

Orchid Queem

Share

Healthy

15/06/2025

ကျွန်မက ကိစ္စတခုခုဆို အကြွေးမထားတက်တဲ့ လူထဲမှာ အစတုန်းက ပါခဲ့တယ် ။
ပြသနာတွေ ရှင်းတိုင်း ပိုရှုတ်ရလွန်းလို့ ခုနောက်ပိုင်းတော့ အားလုံးနီးပါး မသိဟန်ဆောင်ပြီး ရင်ထဲဘဲ သိမ်းထားဖြစ်တော့တာများတယ် ။
အရင်ကဆို သူလာရင် ဘာအပူရှိနေရှိနေ သူ့ကို မြင်ရရင်ပျော်နေတက်ပေမဲ့ ခုနောက်ပိုင်းတော့ သူလာရင်ကို စိတ်တွေရှုတ်နေတက်တယ် ။
သူမလာလဲ အရင်ကဆို ဘာလို့လဲ ဘာကြောင့်လဲ ဆိုတာတွေ တွေးနေတက်ပေမဲ့ ခုနောက်ပိုင်းတော့ သူ မလာတဲ့နေ့တွေဆိုလဲ ဘာမှ မတွေဖြစ်တော့သလို ကိုယ့်ဘာသာတယောက်ထဲ နေရတာတောင် စိတ်ချမ်းသာတက်လာခဲ့တယ် ။

15/06/2025

သတိမရဘူးလားတဲ့ ။ နေနိုင်အောင်နဲ့ နေတက်အောင် သင်ပေးခဲ့တာ ဘယ်သူလဲ ။

27/05/2025

ဒီနေ့ တယောက်က ဖုန်းခေါ်လာတယ် ။ ကိုယ့်အပြင် တခြားလူနဲ့လဲ အဆက်အသွယ်ရှိနေတာ သိနေပေမဲ့ ပြောရင် စကားများမယ်ဆိုတာ သိနေလို့ မသိဟန်ဆောင်နေလိုက်ရပေမဲ့ ရင်ထဲမှာတော့ နေလို့အစဉ်မပြေခဲ့ဘူး ။အဲ့လို ခံစားရတဲ့ဘဝက လွတ်ချင်ပြီ ။ သူမှာ ကိုယ်တယောက်ထဲနဲ့ ဘာလို့ မပြည့်စုံနိုင်တာလဲ မေးချင်မိတယ် ။🥹🥹🥹

27/05/2025

ကိုယ်ရှိရင် လုံလောက်ပြီ ဆိုတဲ့နေ့ ဘယ်နေ့ ရောက်လာနိုင်မလဲ ။။🥹🥹🥹

27/05/2025

ကိုယ်တယောက်ထဲ ပိုင်ဆိုင်ရတဲ့ အချစ်ဘဲ လိုချင်မိတယ် ။ 🥹🥹🥹

27/05/2025

တခါ တလေတော့လဲ ကျောပြင်ကို ငေးကြည့်ရတဲ့ ဘဝက လွတ်ချင်နေပြီ ။
ဒီဘဝမှာ အတူနေခွင့် ရနိုင်ပါ့ဦးမလား။ 🥹🥹🥹

04/05/2024

စိုး တို့ငယ်ဘဝ အပိုင်း(1)

တခါတုန်းကပေါ့ ပဲခူးတိုင်းဘက်ကရွာလေးတရွာမှာ စိုးတို့မိသားစုတွေ နေထိုင်ခဲ့ကြတယ်။ ရွာဆိုတော့ အလုပ်ကလဲ လယ်ယာအလုပ်ဘဲရှိတော့ လယ်အလုပ်လုပ်ကိုင်ကြရတာပေါ့။
စိုးအဖေနဲ့ အမေဟာ ရွာမှာ နေထိုင်လုပ်ကိုင်စားသောက်ကြရင်းနဲ့ စိုး ကို သားဦးလေးအဖြစ် မွေးဖွားလာခဲ့ကြတယ်လေ။
ဒီလိုနဲ့ဘဲ စိုးကိုမွေးပြီး တစ်နှစ်နေတော့ ညီမလေးတယောက် ထပ်တိုးလာခဲ့ပြန်တယ်။ မိသားစုလေးယောက်ဖြစ်လာချိန်မှာ ရှာဖွေလုပ်ကိုင်စားသောက်ကြရင်း ပျော်စရာ မိသားစုဘဝလေးပိုင်ဆိုင်ထားကြတာပေါ့လေ။
နောက် နှစ် နှစ်လောက်နေတော့ စိုး‌အမေက နောက်ထပ်ညီမလေးတယောက်ထပ်မွေးဖွားပြန်တယ်လေ။ မိသားစု ငါးယောက်ဖြစ်လာတဲ့အခါကြတော့ စိုးအဖေက စဉ်းစားတာပေါ့ အင်းးး အရင်က တို့လင်မယားနှစ်ယောက်ထဲမို့ ရွာမှာနေတာ လုပ်ကိုင်စားပြီးရတာလေးနဲ့ရောင့်ရဲနေခဲ့တာ ကိစ္စ မရှိပေမဲ့ အခုတော့ ကလေးကသုံးယောက် ဖြစ်လာပြီဆိုတော့ ဒီလိုဘဲနေလို့တော့မဖြစ်သေးဘူး ငါ့ ဦးလေးက ဘောက်ထော်ဘက်မှာ ရှိတယ်လို့သိရတယ်။ဒီတော့ ဦးလေးရှိတဲ့ ရန်ကုန်ကိုသွားပြီး အလုပ်ရှာရရင်ကောင်းမယ်လို့ တွေးတာပေါ့နော်။
အဲ့ဒါနဲ့ဘဲ စိုးတို့ အဖေက စိုးရဲ့အမေကို ငါ ရန်ကုန်မှာ အလုပ်သွားရှာမယ်။ ကလေးတွေရှေ့ရေးရှိနေသေးတော့ ရွာမှာဘဲ လုပ်ကိုင်စားသောက်နေထိုင်နေလို့ မဖြစ်ဘူးဆိုပြီး အကျိုးအကြောင်းပြောပြတိုင်ပင်ပြီး ရန်ကုန်ကိုထွက်လာခဲ့လိုက်တယ်။
ရန်ကုန်ရောက်တော့ ဦးလေးကို အကျိုးအကြောင်းပြောပြတော့ ဦးလေးက သူ့အသိတွေရှိတဲ့ မင်္ဂလာဒုံက GE မှာ အလုပ်သွင်းပေးလိုက်တယ်လေ။
ဒီလိုနဲ့ စိုးတို့ အဖေဟာ ရွာကနေတယောက်ထဲ ရန်ကုန်ကိုထွက်လာပြီး ဦးလေးအိမ်မှာတည်းပြီး အလုပ်လုပ်ခဲ့တယ်။လအတော်လေးကြာတော့ အလုပ်ကခေါင်းဆောင်ကို မိသားစုရှိကြောင်း ရွာမှာထားခဲ့ရကြောင်း ပြောပြတော့ ခေါင်းဆောင်ကလဲ စိုးတို့အဖေက အလုပ်ကြိုးစားတာသိတော့ လိုင်းခန်းပေးလျှောက်သတဲ့။ ဒီလိုနဲ့ဘဲ လိုင်းခန်းကရလာတော့ မိသားစုကို လှမ်းခေါ်ပြီး လိုင်းခန်းမှာ မိသားစုတွေအတူစုံစုံလင်လင်နေကြရတာပေါ့။
လိုင်းခန်းမှာနေပြီး ရတဲ့လစာထဲကနေတလတခါနိုင်သ၍စုလာလိုက်တာ မြောက်ဥက္ကလာပမြို့ထဲက ရပ်ကွက်လေးတခာမှာ ပေ20"ပေ60" တထပ်အိမ်လေးပါတာလေး ဝယ်နိုင်ခဲ့သလို အဲ့ရပ်ကွက်ရောက်မှ စိုးအမေက နှစ် နှစ်ကြီး နှစ် နှစ်ငယ် သားလေး သုံးယောက် ထပ်ရခဲ့ပြန်တော့ စိုးတို့မှာ မောင်နှမ ခြောက်ယောက် ဖြစ်လာခဲ့တယ်လေ။
စိုး နဲ့ ညီမလေး နှစ်ယောက်က မင်္ဂလာဒုံမှာ နေစဉ်က မင်္ဂလာဒုံ က လှသောင်း ကျောင်းမှာ ကျောင်းတက်ခဲ့ကြတယ်။ ကျောင်းသွားကျောင်းပြန် ဆို မင်္ဂလာဒုံ စစ်ဆေးရုံနောက်ကျောကနေ အသွားအပြန်လာပ်ရတယ် လိုင်းခန်းကိုရောက်ဖို့ပေါ့။ နောက်တော့ မြောက်ဥက္ကလာဘက်ပြောင်းလာတော့ အထက (1) မှာ ‌စိုးတို့မောင်နှမတွေ အကြီး သုံးယောက်ကတက်ပြီး မဇျေင်လမ်းက အလက (1) မှာ အငယ် ညီလေး သုံးယောက်က ကျောင်းတက်ခဲ့ကြတယ်လေ။
ဒါကတော့ စိုး တို့ငယ်ဘဝ တစိတ်တပိုင်း အပိုင်းတစ်လေးပါဘဲ။
အပိုင်း(2) ကို နောက်ရက် ဆက်ရေးပြီးတင်ပေးမယ်နော်။ ။

15/02/2024

လွမ်းစရာတော့ရှိတယ်။ သို့သော်
နာစရာနဲ့ဘဲ ဖြေလိုက်တော့တယ်။🥹

19/11/2023

ပစ်ထားခဲ့ပြန်ပြီလားလို့
မေးတဲ့လူကဘဲ
နောက်ဆုံးတော့
ပစ်သွားခဲ့တာပါလေ။

13/11/2023

အတိတ်က အကြွေးမှန်သမျှ
ဒီဘဝ ဒီမျှနဲ့ ကျေပါတော့ကွယ်။

12/11/2023

တွဲထားတဲ့ လက်နှစ်ဖက်ထဲက
လက်တဖက်က ဖြုတ်ချလိုက်ပြီဆိုရင် အချစ်ဟာ Game Over
ဖြစ်သွားပြီနော်။

05/11/2023

စိတ်ရင်းနဲ့ ယုံကြည်
စိတ်ရင်းနဲ့ ချစ်ခဲ့လို့
စိတ်ရင်းနဲ့ ခံစားနေရပြီ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11011