MAUNG K
May God bless you with all kinds of goodness
04/03/2024
ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..
ပထမ ၁၀ နှစ်ကတော့ ဘာမှ တတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်...
ဒုတိယ ၁၀ နှစ်ကျပြန်တော့ ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော...
တတိယ ၁၀ နှစ်ကျတော့ သင်တန်းတွေ တက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...
စတုတ္ထ ၁၀ နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ပေါ့...
ပဉ္စမ ၁၀ နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေ ကုန်သွားပြန်ရော...
ဆဋ္ဌမ ၁၀ နှစ်ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်...
နောက်ဆုံး ၁၀ နှစ်ထဲမှာရောက်တော့ အရာရာ လွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်...
( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ.)
ကျွန်တော်တို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာ ပြန်စဉ်းစားကြည့်ပါ. ၁၀ နှစ် တစ်စုချင်းစီက ကုန်ဆုံးသွားလိုက်တာ အရမ်း မြန်ဆန်လွန်းလို့ မျက်လှည့် ပြလိုက်သလိုပါပဲ...
သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော်တို့ လက်ရှိ ၁၀ နှစ် အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်...
ကျွန်တော်တို့ လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီး ကျန်နေသေးတယ်...
ကျွန်တော်တို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်...
ကျွန်တော်တို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်...
ကျွန်တော်တို့ရဲ့ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်...
ဒါပေမဲ့ ကျွန်တော်တို့တွေ ငွေနဲ့ ကုန်သွားတဲ့ အချိန်တွေကို ပြန်ဝယ်လို့ မရတော့ဘူး...
အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်တော်တို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး...
ကျွန်တော်တို့ သိနိုင်တာတစ်ခုက ကျွန်တော်တို့ ၁၀ နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ...
ကျန်နေသေးတဲ့ ၁၀ နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး...
ကျွန်တော်တို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ် အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား...
နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား...
ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို အကျိုးရှိရှိ
အသုံးချကြရအောင် ..!
- မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ.
- မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ.
- ဘဝက အရမ်း ရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ.
- ပတ်သက်ဖို့ အကြောင်းတရား ရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ.
- ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ.
- လူက မပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ.
- မချမ်းသာသေးဘူး ဆိုပေမယ့် ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ.
- အလုပ်တွေ ဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ.
- စားချင်တာရှိရင် စားပါ. လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ.
- စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားပါနဲ့. ပျော်ပျော်ရွှင်ရွှင်သာ နေပါ.
- လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေလိုက်ပါ...
- တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ.
- အဖေ အမေ ညီအကို မောင်နှမ သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာ တာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ...
- အတူတူ ရှိနေကြတုန်းမှာ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မမုန်းတီးကြ အာဃာတ မထားကြပါနဲ့...
- အရေးအကြီးဆုံးကတော့
ဘဝကို ကိုယ်က အသုံးချတဲ့သူ ဖြစ်နေပါစေ... ဘဝက ကိုယ့်ကို ပြန်အသုံးချပြီး ဒီအတိုင်း ..
"သေဆုံးသွားရတာမျိုး"
မဖြစ်ပါစေနဲ့....။
အလုပ်ကြီးရင် ဒုက္ခကြီးတယ်
အလုပ်သေးရင် ဒုက္ခသေးတယ်
အလုပ်မရှိရင် ဒုက္ခမရှိပါ...
crd
06/10/2023
♦️တစ်လုပ်စားဖူး သူ့ကျေးဇူး♦️
=========================
♻️အမျိုးသမီးတစ်ယောက်ဟာ တစ်ညနေခင်းမှာ ဈေးဝယ်စရာရှိလို့ အိမ်ကနေ ကုန်တိုက်တစ်ခုကို လမ်းလျှောက်သွား။ လမ်းဘေးမှာ ထိုင်ပြီး တောင်းရမ်းနေတဲ့ သူတောင်းစားတစ်ယောက်ကို တွေ့လိုက်တယ်။
သူတောင်းစားကဟာ အဖိုးကြီးတစ်ယောက်ဖြစ်ပြီ အဝတ်အစားတွေဟာ စုတ်ပြတ်သတ်နေပါတယ်။ သူကိုယ်ဟာလည်း ရွံ့စရာကောင်းလောက်အောင်လည်း ညစ်ပတ်ပေရေနေပါတယ်။ ရေမချိုးတာ အတော်ကြာပြီနဲ့တူပါတယ်။
အမျိုးသမီးဟာ ဘာကြောင့်မှန်းမသိဘူး။ အေးလွန်းလှတဲ့ ဆောင်းရာသီရဲ့နှင်းတွေ ထူထဲစွာကျနေတဲ့ကြားမှာ ပေါက်ပြဲနေတဲ့ ကုတ်အင်္က ျီစုတ်ကြီးကို ဝတ်ထားပြီး ခိုက်ခိုက်တုန် ချမ်းနေရှာတဲ့ အဖိုးကြီးကို မြင်မြင်ချင်းပဲ သနားစိတ်ပေါ်နေတယ်။
ဒါကြောင့် သူဟာ အဖိုးကြီးအနားကပ်သွားလိုက်တယ်။ ဒီအခါမှာ အဖိုးကြီးဟာ သူသိတဲ့ လူတစ်ယောက်ဖြစ်နေတာကို အံသြစွာတွေ့လိုက်ရတယ်။ ဒါကြောင့် သူက
"ဦးလေ၊ နေကောင်းလား" လို့မေးလိုက်တယ်။
အဖိုးကြီးဟာ အမျိုးသမီးကို တစ်ချက်မော့ကြည့်လိုက်တယ်။ အမျိုးသမီးဟာ အဖိုးတန် သားမွှေးအင်္ကျီဝတ်ထားလို့ ချမ်းသာသူတစ်ယောက်ဆိုတာ သိလိုက်တယ်။ အဖိုးကြီးဟာ ချမ်းသာသူတွေရဲ့ ရွံ့ရှာတဲ့အကြည့်တွေကိုခံရပေါင်း များနေလို့ သူ့ကိုလှောင်ပြောင်ကဲ့ရဲ့မယ်သူတစ်ယောက်အမှတ်နဲ့ "ထွက်သွားစမ်းပါကွာ။ ငါဘာသာ အေးအေးဆေးဆေးနေပါရစေလို့ အမျိုးသမီးကို အော်ငေါက်လိုက်တယ်။
ဒါပေမဲ့အမျိုးသမီးဟာ ထွက်မသွားပဲ အဖိုးကြီးအနားမှာပဲ ဆက်ရပ်နေတယ်။ ပြီးတော့ သူက အဖိုးကြီးကို ပြုံးပြလ်ုက်ပြီး ကြင်နာတဲ့လေသံနဲ့"ဦးလေး ဗိုက်ဆာနေလားရှင်" လို့မေးလိုက်ပြန်တယ်။ အဖိုးကြီးဟာ သူ့အမေးကြောင့် ပထမတော့ အံသြသွားတယ်။ ပြီးမှ ရိသဲ့သဲ့လေသံနဲ့ အခုလိုပြန်ဖြေလိုက်တယ်။
"ငါအခုပဲ သမ္မတကြီးနဲ့ ညစာစားပြီးသွားပြီကွ။ သွားစမ်းပါ။ ငါ့ကို လာမနှောက်ယှက်ပါနဲ့"
ဒါပေမဲ့ အမျိုးသမီးဟာ အပြုံးမပျက်ပဲ အဖိုးကြီးရဲ့ လက်မောင်းတစ်ဖက်ကို သူ့လက်နဲ့ဆွဲထူလိုက်တယ်။ အဘိုးကြီးကလည်း လန့်ဖျပ်သွားပြီး
"ဟေ့ မင်းဘာလုပ်တာလဲ။ ငါ့ကို အခုချက်ချင်း လွှတ်စမ်း"လို့ အော်ပြောရင်း ရုန်းလိုက်တယ်။ အမျိုးသမီးက အဘိုးကြီးကို ဆွဲထူလိုက် အဖိုးကြီးက ရုန်းလိုက်ဖြစ်နေတာကြတာကို မြင်တဲ့ ရဲအရာရှိတစ်ယောက်ဟာ သူ့တို့အနားကို ရောက်လာပြီး "မဒမ်"လို့ အမျိုးသမီးကို မေးလိုက်တယ်။ အမျိုးသမီးက "ပြသနာမရှိပါဘူးရှင့်။ ကျွန်မ သူ့ကို ဆွဲထူနေတာပါ။ ကျွန်မတစ်ယေုက်တည်း ဆွဲထူဖို့ မနိုင်လို့ ကူပြီး ဆွဲထူပေးပါလားရှင့်" လို့ပြန်ပြောလိုက်တယ်။
ရဲအရာရှိဟာ အမျိုးသမီးကို အံသြတဲ့လေသံနဲ့ "အဖိုးကြီးနံမည်က ဂျက်ပါ။ သူဒီနေရာမှာ တောင်းစားနေတာ နှစ်နဲ့ချီနေပါပြီ။ မဒမ်က သူ့ကို ဘာလုပ်မလိုပါလဲ ခဗျာ" လို့မေးလိုက်တယ်။
"ကျွန်မ သူ့ကို ရှေ့နားက စားသောက်ဆိုင်ကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်လို့ပါ။ နောက်ပြီး သူ့ကို နွေးထွေးတဲ့နေရာမှာ ခဏနေစေချင်လို့ပါ။ ဒီမှာ သိပ်အေးလွန်းတယ်လေ" ပြောရင်း အဖိုးကြီးရဲ့ လက်မောင်းကို ဆက်ပြီး ဆွဲထူနေတယ်။
အဖိုးကြီးလည်း ဆက်ဖုန်းနေရင်းနဲ့ အမျိုးသမီးကို အခုလို အော်ပြောလိုက်တယ်။ "မင်း ရူးနေသလားကွာ။ ငါ အဲဒီဆိုင်ကို မသွားချင်ဘူး"။ ဒါပေမဲ့ သူဟာ ရုတ်တစ်ရက် သန်မာတဲ့လက်တွေနဲ့ သူ့လက်မောင်းကို ဆွဲထူလိုက်တာကို ခံစားလိုက်ရတယ်။ ဆွဲထူလိုက်တဲ့သူက ရဲအရာရှိပါ။ အဖိုးကြီးက "ဆရာရယ်၊ ကျွန်တော်ကို လွတ်ပေးပါ။ ကျွန်တော် သူခေါ်တဲ့ဆိုင်ကို မလိုက်ချင်ဘူး"။
"ဂျက်၊ ဆိုင်ထဲမှာ နွေးနွေးထွေးထွေးရှိလို့ ခဗျားအတွက် ကောင်းပါတယ်ဗျာ။ လိုက်လာခဲ့စမ်းပါဗျာ" လို ရဲအရာရှိက ပြောရင်း အတင်းဆွဲထူလိုက်လို့ အဖိုးကြီး မတ်တတ်ထရပ်လိုက်ရတယ်။
ရဲအရှိနဲ့ အမျိုးသမီးတို့ဟာ အဖိုးကြီးရဲ့ လက်မောင်းတစ်ဖက်စီကို ကိုင်ရင်း ဆွဲခေါ်လိုက် အဖိုးကြီးက ရုန်းကန်ရင်း စားသောင်ဆိုင်ကို ရောက်သွားကြတယ်။ ညစာစားချိန်ဖြစ်လို့ ဆိုင်ထဲမှာ စားသောက်သူတွေနဲ့ ပြည့်နေပါတယ်။ ဆိုင်မန်နေဂျာဟာ သူတို့သုံးယောက်ကို မြင်လိုက်တာနဲ့ "ဘာဖြစ်လို့လဲ အရာရှိမင်း။ ဒီအဖိုးကြီး ပြသနာလုပ်ပြန်ပြီလား" လို့မေးလိုက်တယ်။
ရဲ့အရာရှိက "ဂျက်က ဘာပြသနာမှ မလုပ်ပါဘူး"။ ဒီအမျိုးသမီးက သူ့ကို ညစာကျွေးချင်လို့ ခေါ်လာတာပါ" လိုဖြေလိုက်တယ်။
"ဟာ၊ ကျုပ်ဆိုင်ထဲမှာတော့ မဖြစ်ဘူးဗျ။ ညစ်ပေနေတဲ့ ဂျက်ကိုမြင်ပြီး ဆိုင်ထဲမှာ စားသောက်နေကြတဲ့သူတွေ စိတ်ညစ်ပြီး ထွက်သွားကြလိမ့်မယ်။ လုံးဝမဖြစ်နိုင်ပါဘူးဗျာ။ သူ့ကို တစ်ခြားဆိုင်တစ်ခုကို ခေါ်သွားပါ" လို့ ဆိုင်မန်နေဂျာဟာ စိတ်တို့တဲ့လေသံနဲ့ အော်ပြောလိုက်တယ်။
အဘိုးကြီးဂျက်ဟာ အမျိုးသမီးကို ကြည့်ရင်း"အေး၊ ဒါကြောင့် ငါ ဒီဆိုင်ကို မလာချင်ဘူးလို့ မင်းကို ပြောခဲ့တာပေါ့ကွ" လို့ ပြောလိုက်တယ်။ အမျိုးသမီးဟာ ဆိုင်မန်နေဂျာကို ပြုံးပြီး ကြည့်ရင်း အခုလို မေးလိုက်တယ်။
"ရှင် ဒီမြို့က Eddy and Associates ကုမ္ပဏီကို သိလားရှင့်"
"ဟုတ်ကဲ့။ သိပါတယ် ခဗျ။ Eddy and Associates ဆိုတာ ဒီမြို့မှာ အကြီးဆုံးကုမ္ပဏီပါ။ ကုမ္ပဏီက အရာရှိတွေ တစ်ပတ်တစ်ခါ ကျွန်တော်တို့ဆိုင်မှာ အစည်းအဝေးလာလုပ်ပါတယ်။ ကျွန်တော်တို့က သူ့တို့အတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေကို တာဝန်ယူစီစဉ်ပေးပါတယ်"။
"ရှင်တို့ဆိုင်ဟာ အပတ်တိုင်း အဲဒီကုမ္ပဏီဆီက ဝင်ငွေအတောများများ ရနေမှာပေါ့နော်"
"အဲ့ဒါ ခဗျားနဲ့ ဘာဆိုင်လို့လဲဗျ"
"သိပ်ဆိုင်တာပေါ့ရှင့်။ ဘာကြောင်လဲဆိုတော့ ကျွန်မက Eddy associates ကုမ္ပဏီရဲ့ပိုင်ရှင် မစ္စစ်အယ်ဒီပါပဲ"
"အိုး" ဆောရီးပဲဗျာ။ ကျွန်တော် မသိလို့ တောင်းပန်းပါတယ်နော်"
မန်နေဂျာဟာ ဆက်တောင်းပန်မလို့ လုပ်နေတုန်းမှာ အမျိုးသမီးက လက်ကာပြလိုက်ပြီး..
"ကဲ ကျွန်မတို့အတွက် စားပွဲတစ်လုံး စီစဉ်ပေလို့ ရမလာ" လို့
မန်နေဂျာဟာ ပျာပျာသလဲနဲ့ စားပွဲတစ်လုံးဆီကို ခေါ်သွားလိုက်တယ်။ အခု သုံးယောကာစလုံး စားပွဲမှာ ထိုင်လိုက်ကြပြီးတာနဲ့ အမျိုးသမီးက ရဲအရာရှိကို ပြောလိုက်တယ်။
"ကျွန်မတို့နဲ့အတူ ညစာစားပါလားရှင့်"
"ကျေးဇူးတင်ပါတယ်။ ကျွန်တော် တာဝန်ချိန်အတွင်း ဆိုင်တွေမှာ အစာစားခွင့်မရှိလို့ပါ"
"ကော်ဖီတစ်ခွက်လောက်တော့ သောက်လို့ရတယ် မဟုတ်လား"
"ဟုတ်ကဲ့။ ကော်ဖီတစ်ခွက်တော့ သောက်လို့ရပါတယ်"
အမျိုးသမီးဟာ ရဲအရာရှိအတွက် ကော်ဖီတစ်ခွက်နဲ့ သူနဲ့အဖိုးကြီးတို့ စားဖို့ စားစရာတွေကို မန်နေဂျာကို ပြောပြီး မှာလိုက်တယ်။ မန်နေဂျာလည်း သူတို့နားက ပြန်ထွက်သွားတယ်။
ရဲအရာရှိက အမျိုးသမီးကို "ခဗျား ဆိုင်မန်နေဂျာကို ပညာပေးလိုက်တယ်နော်" လို့ ပြောလိုက်တော့ အမျိုးသမီးက "မဟုတ်ပါဘူးရှင့်။ ကျွန်မ သူ့ကို ပညာပေးဖို့ မရည်ရွယ်ပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်က အန်ကယ်ဂျက်ကို ပြုစုချင်တာပါ"။ ဆိုင်မန်နေဂျာဟာ ရဲအရှိပတွက် ကော်ဖီတစ်ခွက်ယူလာပြီး စားပွဲပေါ်မှာ လာချပေးတယ်။ စားပွဲထိုးတွေလည်း စားပွဲပေါ်မှာ စားစရာတွေ လာချပေးတယ်။ အဖိုးကြီးလည်း စားစရာတွေကို ပလုပ်ပလောင်းစားနေတယ်။
အမျိုးသမီးက ဂျက်ကို ကြည့်ပြီး"န်က်ာဂျက်၊ ကျွန်မကို မှတ်မိလားရှင့်" လို့မေးလိုက်တယ်။
အဘိုးကြီး ဂျက်ဟာ အမျိုးသမီးရဲ့မျက်နှာကို သေသေချာချာကြည့်ပြီးတော့ "ငါ ဒီမျက်နှာကို မြင်ဖူးသလိုပါပဲ။ ဒါပေမဲ့ ငါ အသက်ကြီးပြီဆိုတော့ မမှတ်မိတော့ဘူးကွာ" လို ပြန်ပြောတယ်။
"လွန်ခဲ့တဲ့ ၁၅ နှစ်လောက် အန်ကယ် အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်ကို မကြာခဏ ရောက်လာတတ်တဲ့ အမြဲတမ်း ဆာလောင်မွတ်သိပ်နေတဲ့ ဆင်းရဲသူ ကောင်မလေးကိုရော မှတ်မိလားရှင့်"
"မှတ်မိတာပေါ့ကွာ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အဲ့ဒီကောင်မလေးဟာ ခုလောက်ဆိုရင် အတော်ကြီးနေလောက်ပြီပဲ"
"အဲဒီကောင်မလေးဟာ ကျွန်မပဲလေ"
အဘိုးကြီးရော ရဲအရာရှိတို့ဟာ အခု ချမ်းသာနေတဲ့ အမျိုးသမီးဟာ တစ်ချိန်က ဆင်းရဲတဲ့ ကောင်မလေး ဖြစ်နေခဲ့တယ်ဆိုတာကို မယုံကြည်နိုင်အောင် ဖြစ်သွားကြတယ်။ အမျိုးသမီးက သူတို့ကို ခုလို ပြောပြလိုက်တယ်။
"ဒီလိုပါရှင့်။ ကျွန်မနေတဲ့ တောမြို့လေးကနေ ဘွဲ့ရပြီးတော့ ဒီမြို့ကို အလုပ်ရှာဖို့ ရောက်လာခဲ့တယ်။ တော်တော်နဲ့ အလုပ်ရှာမရဘူးရှင့်။ ပါလာတဲ့ ပိုက်ဆံကုန်သွားလို့ ငှားနေတဲ့ အခန်းက မောင်းချခံရတယ်။ ကျွန်မ လမ်းဘေးမှာ ညအိပ်ရတယ်။ အဲဒီအချိန်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါသေးတယ်ရှင့်။ အလွန်ချမ်းအေးလှတဲ့ ဖေဖော်ဝါရီလပါ။ ကျွန်မလည်း ကြံရာမရလို့ စားသောက်ဆိုင်တစ်ခုထဲကို ဝင်ပြီး အလုပ်တောင်းလိုက်ပါတယ်။
ဂျက်ရဲ့မျက်နှာဟာ ဝင်းလက်တောက်ပသွားပြီး "အေး ငါ မှတ်မိပြီကွ။ အဲဒီညမှာ ငါဟာ ဆိုင်ကောင်တာမှာ ရှိနေတယ်။ မင်းက ငါ့ကို မေးတယ်။ အလုပ်တစ်ခုပေးပါ။ အလုပ်အတွက် ပိုက်ဆံပေးစရာမလိုပါဘူး စားစရာတစ်ခုခုကျွေးရင် ရပါတယ်။ ငါ မင်းမျက်နှာလေးကို
ကြည့်ပြီး သနားသွားတယ်။ ဒါပေမဲ့ ဆိုင်စည်းကမ်းအရ မင်းကို အလုပ်ပေးလို့မရဘူးလို့ ပြန်ပြောလိုက်တယ်လေ။ မင်းမျက်နှာလေး ညိုးကျသွားတာကို ငါ မြင်ယောင်မိသေးတယ်"
အမျိုးသမီးက ဝင်ပြောပြန်တယ်။
"ဟုတ်တယ်။ အန်ကယ်က ကျွန်မကို ပြောလိုက်တယ် "ဆိုင်ရဲ့စည်းကမ်းချက်မှာ ငါအလုပ်မခန့်နိုင်ဘူးလို့ ပါပေမဲ့ အစားအသောက်မကျွေးရဘူးလို့ မပါပါဘူး" ဆိုပြီး ကျွန်မကို အသားညှပ်ပေါင်မုန့်ကြီးတစ်လုံး၊ ဒိန်ခဲနဲ့ ကော်ဖီတစ်ခွက်ကို လင်ဗန်းပေါ်မှာ တင်ပြီး ပေးလိုက်တယ်။ ကျွန်မကိုထိုင်ဖို့ စားပွဲတစ်ခုဆီကို ခေါ်သွားတယ်။ နောက်တော့ အန်ကယ်ဟာ အိတ်ကပ်ထဲက ပိုက်ဆံကိုထုတ်ပြီး ကျွန်မအတွက် အစားအသောက်ဖိုးကို ငွေသိမ်းအံဆွဲထဲ ထည့်လိုက်တာကို တွေ့ရတယ်ရှင့်။ ကျွန်မကို တစ်ပတ်လောက် အန်ကယ် မုန့်တွေနဲ့ ကော်ဖီ တိုက်တယ် ကျွေးတယ်လေ။ ဟုတ်တယ် မဟုတ်လား အန်ကယ်ဂျက်"
"ဟုတ်ပါတယ်ကွယ်။ အဲ့ဒါပြီးတာနဲ့ မင်းအခုပိုင်ကုမ္ပဏီကို ထူထောင်လိုက်တာလား" လို့ အဘိုးကြီး ဂျက်က ပြန်မေးတယ်"
"မဟုတ်ဘူး အန်ကယ်ဂျက်။ ကျွန်မ ချက်ချင်း ချမ်းသာသွားတာမဟုတ်ပါဘူး။ ဒါပေမဲ့ အန်ကယ် ကျွန်မကို တစ်ပတ်လောက်ကျွေးပြီး သိပ်မကြာခင်မှာပဲ ကုမ္ပဏီတစ်ခုမှာ အလုပ်ရလိုက်တယ်။ အဲ့ဒီမှာ ကျွန်မကြိုးစားရင်း ရာထူး အဆင့်ဆင့် တတ်လာခဲ့တယ်။ နောက်တော့ ကျွန်မ ကိုယ်ပိုင်ကုမ္ပဏီ တစ်ခုကို ထူထောင်လိုက်တယ်။ စောစောကပြောခဲ့တဲ့ Eddy and Associates ကုမ္ပဏီပါ"
လို့ အမျိုးသမီးဟာ ပြောရင်း သူ့ပိုက်ဆံ အိတ်ကိုဖွင့်ပြီး ကုမ္ပဏီ လိပ်စာကတ်ပြားကို ထုတ်လိုက်တယ်။ ပြီးတော့ သူက ကတ်ပြားကို အဘိုးကြီးကို ပေးရင်း "ကျွန်မရဲ့ ကုမ္ပဏီကို လာခဲ့ပါ။ ဝန်ထမ်းရေးရာဌာနက အန်ကယ်အတွက် သင့်တော်တဲ့ အလုပ်တစ်ခုကို စီစဉ်ပေးပါလိမ့်မယ်။ အန်ကယ် အလုပ်လုပ်မယ်ဆိုရင် ကြိုတင်လစာ ထုတ်ပေးဖို့ ကျွန်မ သူတို့ကို မှာထားလိုက်ပါမယ်"လို့ ပြောလိုက်တယ်။
အဖိုးကြီးဂျက်ဟာ စီးကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ရင်း "ငါ မင်းကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲ သမီးရယ်"
"မလိုပါဘူး အန်ကယ်ဂျက်၊ ကျွန်မကသာ အန်ကယ့်ကို ကျေးဇူး ပြန်ဆပ်ရမှာပါ"
သူတို့ဟာ စားသောက်ပြီးသွားကြလို့ စားပွဲကထပြီး အပြင်ထွက်မလို့ ပြင်လိုက်ကြတယ်။ တံခါးဝအရောက်မှာ အမျိုးသမီးက ရဲအရာရှိကို
"ခုလို ကူညီပေးလို့ ရှင့်ကို အများကြီး ကျေးဇူးတင်ပါတယ်"လို့ ပြောလိုက်တယ်။
"ရပါတယ်။ မစ္စစ်အယ်ဒီ ခဗျာ။ ဒီနေ့ မယုံကြည်နိုင်စရာ အဖြစ်ပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့ ဝမ်းသာပါတယ်။ ဒါနဲ့ ကော်ဖီအတွက် ကျေးဇူးတင်ပါတယ်နော်"
"သြော်...ဒါနဲ့ ရှင့်ကော်ဖီထဲမှာ သကြားထည့်ဖို့ စားပွဲထိုးကို ပြောလိုက်ဖို့ မေ့သွားတယ်ရှင့်"
"သကြားမပါလည်း ခဗျားရဲ့ကျေးဇူးသိတတ်တဲ့ စိတ်ထားကြောင့် ကော်ဖီက ချိုပါတယ်ဗျာ"
-ဗန်းမော်သိန်းဖေ
တစ်လုပ်စားဖူး သူ့ကျေးဇူး
Credit.ပြန်လည်မျှဝေပါသည်
Credit-To Original Writer
MK Book Store & စင်္ကာပူ
29/09/2023
‼️ ရော်နယ်ဒို ဘယ်လောက်ကောင်းလဲမေးရင် ဒီအချက်ကိုသာ ဖြေလိုက်ပါ
2009 ကနေ 2018 အတွင်းမှာ ဘာကာအသင်းဟာ ဒိုင်လူကြီးတွေကို လာဘ်ထိုးပြီး ဆုဖလားတွေအမြောက်အမြား ရယူခဲ့ပါတယ်
မက်ဆီကလည်း ဒီဆုဖလားတွေအရှိန်နဲ့ Ballon d'Or ဆုတွေကို သိမ်းကြုံးရယူခဲ့ပါတယ်...
ဒါတောင် ရော်နယ်ဒိုဟာ အဲ့ဒီကာလအတွင်းမှာ ဘယ်ဒိုင်ရဲ့ အကူအညီမှ မပါဘဲ ရွှေဘောလုံးဆုကို (၅) ကြိမ်အထိ ရအောင်ယူနိုင်ခဲ့ပါတယ်... 💪
24/09/2023
ကိုယ့်ကိုယ်ကိုသိ တန်ဖိုးရှိ ...
ဘဝမှာ
အရေးကြီးဆုံးကတော့
သူများအကြောင်း သိနေဖို့ထက်
ကိုယ့်အကြောင်းကို သိဖို့
အထူး ကြိုးစားနေရမှာပါ။
လူဆိုတာ
အမှားနဲ့ မကင်းနိုင်တာ မှန်ပေမယ့်
အမှား နည်းနိုင်သမျှ နည်းအောင်တော့
သတိနဲ့
အမြဲစောင့်ရှောက်ထိန်းသိမ်းနိုင်မှသာ
မိမိကိုယ်ကိုယ်
ယုံကြည်မှု အပြည့်ရှိစေပြီး
လုပ်သမျှ အရာထင်ပါလိမ့်မယ်။
အမှားကို
မှားမှန်း သိနေရုံနဲ့ မပြီးသေး။
အဲဒီအမှားကနေ သင်ခန်းစာယူပြီး
ဒီလိုအမှားမျိုး နောက်မမှားဖို့
အထူး ဂရုပြုနေရမှာပါ။
အခါးသီးဟာ ဘယ်တော့မှ
မချိုနိုင်တော့သလို
ဘဝမှာ
မှားပြီးရင်လည်း
အမှန်ဖြစ်ဖို့
ဘယ်လိုမှမလွယ်တော့ပါဘူး။
အမှားတစ္ခု အတွက်
စိတ်ပျက်ငြီးတွားပြီး
ကိုယ့်ကိုယ်ကိုယ်
အပြစ်တင် စွပ်စွဲနေရင်လည်း
စိတ်ခွန်အားတွေ ယုတ်လျော့ကာ
ကိုယ့်အစွမ်းအစတွေကို
ကိုယ်ကိုယ်တိုင်
ချိုးနှိမ် ဖျက်ဆီးနေသလိုပါပဲ။
သတိထားရမှာက
မှားမှန်း သိပါရက်နဲ့
တဇွတ်ထိုး တဇောက်ကန်း
ဆက်လုပ် နေမယ်ဆိုရင်တော့
လောကမှာ
အမိုက်မဲဆုံး လူသားဖြစ်နေပါပြီ။
အမျါးသူငါ မနှစ်သက်
လက်မခံနိုင်တဲ့
အပြုအမူ အပြောအဆိုတွေကို
ကိုယ်တိုင်လည်း သိပါလျှက်နဲ့
မျက်နှာပြောင်တိုက်ပြီး
ဆက်လုပ်နေတာမျိုးပါ။
ဒီလိုလုပ်ဆောင် နေခြင်းဟာ
ဒီဘဝအတွက်တင်မက
သံသရာတလျှောက်လုံးအထိ
ဘေးဒုက္ခမျိုးစုံ ကြုံရပါလိမ့်မယ်။
တကယ်တော့
အမှားသိလို့ အမှန်ပြင်တာဟာ
ဘယ်တော့မှ နောက်ကျတယ်ဆိုတာ
မရှိပါဘူး။
ပြင်ချင်စိတ်ကို နှိုးဆော်ပြီး
ချက်ချင်းပြုပြင်
ပြောင်းလဲလုပ်ဆောင်သွားနိုင်အောင်သာ
အမြဲကြိုးစားနေရမှာပါ။
လူဖြစ်နေရတဲ့
အခိုက်အတန့်လေးမှာ
ကိုယ့်အကြောင်း ကိုယ်သိ
ကိုယ့်စိတ် က်ိုယ်ပြင်ကာ
ကိုယ့်ဘဝ တန်ဖိုးကို
ကိုယ်တိုင် အမြတ္တနိုး
တန်ဖိုးထားတတ်ပါစေ။
ဘဝ တလျှောက်လုံး
မိမိသူတစ်ပါး အကျိုးများစေမယ့်
အပြုအမူ အပြောအဆိုတွေနဲ့သာ
မိမိကိုယ်ကိုယ်
အကောင်းဆုံး
ပြုပြင် ထိန်းကျောင်း
တည့်မတ်နိုင်ကြပါစေ...။
ဒါမှ လူပီသပြီး
လူကောင်းတစ်ယောက်အဖြစ်
လောကအလယ်
တင့်တယ် ထယ်ဝါနေပါလိမ့်မယ်။
18/09/2023
ဘယ်လောက်ပဲ ခမ်းနား ခဲ့ပါစေ
စိတ်ဓာတ်ပျက်စီးရင် အရာအားလုံးပျက်စီးသွားပါပြီ
…..
ရှမိုက်ကယ်
ဘားသက်
ဟောင်းဝပ်
ဗန်ဒါဆား
ဒီဂီယာ တို့လို သေရေးရှင်ရေးမှာ
အကြိမ်များစွာ ကယ်ခဲ့တဲ့ ဂိုးတွေ
ခေါင်း-ကွဲချင်ကွဲ ခြေ-ကျိုးချင်ကျိုး
ဂိုးမပေးရဖို့ အရေးကြီးတယ်ဆိုတဲ့စိတ်မျိုးနဲ့
ဗီဒစ်
တစ်သင်းလုံးကို လှုံ့ဆော်ဦးဆောင်နိုင်တဲ့
ဖာဒီနန်
ရှေ့အထိ တက်ပြီး အခွင့်အလမ်းတွေ
ဖန်တီးနိုင်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ အီဗရာတို့လို
နောက်တန်းတွေ
၁၈ ဂိုက်အပြင်နားကို အသာလေးလိမ့်လိုက်
Power Kick နဲ့ ဘောလုံးကို ဂိုးပိုက်နဲ့မိတ်ဆက်ပေးတဲ့
ပေါစခိုး
အလိမ်အခေါင်အမွေအနှောက်တွေနဲ့
ဘယ်ဝန်းက ဂန္ဒဝင်ကြီးဂစ်
သေသပ်လှပတဲ့ ဖရီးကစ်တွေ
ဖြတ်တင်ဘောတွေနဲ့ ရင်သပ်ရှုမောစရာ ဘက်ခမ်း
အသင်းအတွက်ဆို အနီကဒ်လား အဝါကဒ်လား
ဘာပဲဖြစ်ဖြစ်ယူရဲပြီး အသင်းသားတွေ
ကြောက်ရတဲ့အထိ Leadership power ရှိတဲ့
ကပ်တိန် ရွိုင်ကိန်း
7 တွေရဲ့ ဒဏ္ဍာရီ ကန်တိုနာ တို့ ရှိခဲ့တယ်
အလယ်တန်း
ဘယ်သူတွေ ဘယ်လောက်ကပ်ထားထား
မင်းတို့စိတ်မပူနဲ့
၁၈ ကိုက်ထဲသာ ပို့လိုက်
ဂိုးရဖို့ ငါ့တာဝန်ထား ဆိုတဲ့ ဂိုးမုဆိုးနွားကြီး နစ္စတရွိင်း
မောချင်သလောက်မော ပမ်းချင်သလောက်ပမ်း
အသင်းအတွက်အသက်ပေးထားတဲ့ ရွန်းနီ
အလှအပတွေ အနုအရွတွေ Power Kick တွေ
နောက်တန်းတွေ ငေးမောကျန်ခဲ့တဲ့အထိစွမ်းဆောင်ပြီး
နည်းပြတွေ လက်ဖျားခါ တကမ္ဘာလုံးက ပရိတ်သတ်တွေ
ဟာကနဲ ဟင်ကနဲဖြစ်ရတဲ့အထိ ရလဒ်တွေပြောင်းနိုင်တဲ့
ဒိုလေး တို့လို တိုက်စစ်မှူးတွေ
အသင်းအထက်မှာ ဘယ်ကောင်မှမရှိရ
အသင်းထက်ကြီးကျယ်ချင်တဲ့ကောင်ဆို
ဘာကောင်ဖြစ်ဖြစ်မောင်းထုတ်မယ့် ဖာဂီ
သရဲနီစိတ်ဓာတ်ဆိုတာ ကမ္ဘာကသိအောင်
လုပ်ပေးနိုင်ခဲ့တဲ့ ဖာဂီ
ကမ္ဘာ့အအောင်မြင်ဆုံးနည်းပြ
ဆာဘွဲ့ အပြင် ဆုပေါင်းများစွာနဲ့နည်းပြ
ဘောလုံးအသင်းတစ်သင်းဆိုတာထက်ပိုတဲ့
အပေါင်းအစုကြီးဖြစ်အောင်တည်ဆောက်ခဲ့တဲ့ဖာဂီ
မန်ယူဂျာစီဝတ်လိုက်ရင်ကို တာဝန်ယူမှု
တာဝန်ခံမှုတွေနဲ့ အရှိန်အဝါကြီးတစ်ခုရဲ့ဖိအားကို
ခံစားထားရပြီး သာမာန်ပေးဆပ်မှုလောက်နဲ့ဆို
အနားတောင်ကပ်မရအောင် ဩဇာကြီးမားမှုကို
တည်ဆောက်ပေးခဲ့တဲ့ ဖာဂီ
ငါတို့ သိခဲ့တာ အဲဒါတွေလေ
အခုက တစ်ရာသီလုံးမှာ တလုံးတလေလောက်လေး
ဂိုးသွင်းရင်ကို သူရဲကောင်းကြီးလို ချီးကျူးနေရတဲ့
အခြေအနေ
တစ်ရာသီလုံးမှာ တလုံးတလေလောက်လေး
ဖန်တီးပေးလိုက်ရင်ကို အဟုတ်မှတ်နေတဲ့ကောင်တွေ
အားကစားဆိုတာထက်
အသုံးအဆောင် အပျော်အပါး လစာ
Girl Friend, ပါတီတွေ ဇိမ်ခံအိမ်တွေ
ကားတွေ နာရီတွေ ရွက်လှေတွေ နောက်လိုက်နေတဲ့
ဘာစိတ်ဓာတ်မှမရှိတဲ့ ကောင်တွေ နဲ့
ဘာမှဖြစ်လာဖို့ မရှိဘူး
ဘာမှ မျှော်လင့်မနေတော့နဲ့
#မိုင်မိုင်းနမ့်စန်
15/09/2023
13/09/2023
တကယ်လို့ ဖီဖာသာ Ballon d'Or ဆုကို ဘက်မလိုက်ပဲ ပေးခဲ့မယ်ဆိုရင် ရရှိမယ့်ကစားသမားတွေပါ...
2008: ရော်နယ်ဒို 🇵🇹
2009: မက်ဆီ 🇦🇷
2010: စနိုက်ဒါ 🇳🇱
2011: မက်ဆီ 🇦🇷
2012: မက်ဆီ 🇦🇷
2013: ရော်နယ်ဒို 🇵🇹
2014: ရော်နယ်ဒို 🇵🇹
2015: နေမာ 🇧🇷
2016: ရော်နယ်ဒို 🇵🇹
2017: ရော်နယ်ဒို 🇵🇹
2018: ရော်နယ်ဒို 🇵🇹
2019: ဗန်ဒိုက် 🇳🇱
2020: လီဝန်ဒေါ့စကီး 🇵🇱
2021: လီဝန်ဒေါ့စကီး 🇵🇱
2022: ဘန်ဇီမာ 🇫🇷
2023 : ဟာလန်း 🇳🇴
#ဘက်မလိုက်page
11/09/2023
GOAT Effect 🐐🔥
👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻
07/09/2023
အောက်ခြေက စတက်ပါ💪
--------------------------
ကြမ်းတိုက်၊ စားပွဲရှင်း အလုပ်ဖြင့် ကျွန်တော့်ဘဝကို သင်ယူခဲ့ရပါသည်။ ထိုဘဝပေး သင်ခန်းစာတွေကို ပရင့်စ်တန်နှင့် ဟားဗတ်လို တက္ကသိုလ်ကြီးတွေက သင်မပေးနိုင်ခဲ့ပါ။ ဘဝကို ကျွန်တော်က ဘဝထဲမှာပင် သင်ယူခဲ့ပါသည်။✍
ကျွန်တော် အမေရိကမြေကို နင်းပြီး သုံးရက်အကြာတွင် ကျွန်တော့် အသက်မှာ ၁၆ နှစ်သာ ရှိပါသေးသည်။ ယဉ်ကျေးမှုဓလေ့ထုံးအသစ်နှင့် ရင်ဆိုင်တွေ့လိုက်ရသလို မိတ်ဆွေလည်းမရှိ။ နေရာအနှံလျှောက်သွားကာ ငေးမောအံ့ဩရင်းက အလုပ်တစ်ခုခုကိုလည်း ရှာဖွေနေမိသည်။ ဘာဂါကင်း (Burger King) ဆိုသည့် ဆိုင်တစ် ဆိုင်ရှေ့တွင် ✍
“အကူလုပ်သားအလိုရှိသည်။ ဆိုင်တွင်း၌လျှောက်ထားရန်” ဆိုသည့် စာတန်းတစ်ခု ရေးထားသည်ကို တွေ့လိုက်ရသည်။
ကျွန်တော်က ဆိုင်ထဲကို ဝင်သွားသည် ပျော်ပျော်နေတတ်သည့် မန်နေဂျာ ဂျွန်ရေ့ဒ်နှင့် တွေ့ဆုံခဲ့ရသည်။ သူပေးသည့် လျှောက်လွှာပုံစံပေါ်တွင် အချက်အလက်များ ဖြည့်သွင်းပြီးနောက် သူ ကျွန်တော့်ကို မေးခွန်း အနည်းငယ်မေးသည်။ တစ်နာရီကို ၃ ဒေါ်လာနှင့် ၃၅ ဆင့်ပေးမည်ဟု ကမ်းလှမ်းသည်။✍
ကျွန်တော်က သူ့ကို မေးလိုက်သည်
“ကျွန်တော် ဘာလုပ်ရမှာလဲခင်ဗျာ”
“မင်းလုပ်ရမှာကတော့ စားပွဲတွေကို သန့်ရှင်းရေးလုပ်ရမယ်။ ကြမ်းတိုက်ရမယ်။ အိမ်သာလည်း သန့်ရှင်းရမှာကွ” ဟုဆိုလိုက်သည်။ ပြီးတော့ သူက
“မင်းဘယ်တော့ အလုပ်စဆင်းနိုင်မလဲ” ဟု မေးသည်။
“ကျွန်တော် မနက်ဖြန်ပဲ ဆင်းပါ့မယ်”
“ကောင်းတာပါ့ မီယာ ... ဒီကို မနက် ၆ နာရီခွဲ အရောက်လာခဲ့ရမယ်။ ၇ နာရီထိုးတာနဲ့ မင်းအဆိုင်းကစမယ်။ ညနေ ၄ နာရီအထိ လုပ်ရမှာနော်”💞
ကျွန်တော့်အတွေးထဲကို အတိတ်ကအကြောင်းတွေက အလိုလိုရောက်လာသည်။ ကျွန်တော့်ထံတွင် အမျိုးဂုဏ်နှင့် မာနကတော့ရှိသည်။ အဘိုးက မင်းမျိုးမင်းနွယ် ဒက်ကန်နယ်စား။ မိခင်ဘက်က အဘိုးမှာ ပြည်နယ် ၅ နယ်ကို အုပ်ချုပ်ခွင့်ရသူ။ ကျွန်တော်နေထိုင်ခဲ့သော အိမ်တော်ကြီးထဲတွင် ကျေးကျွန်တွေက ပြေးလွှားအမှုထမ်းနေကြသည်ကို သူက ကျွန်တော့်အား မေးလိုက်ချိန်တွင် ပြေးမြင်လိုက်မိသည်။
ကျွန်တော်သည် နေထိုင်ရာ အစ်မနေအိမ်မှ ၄ မိုင်ခန့်အကွာ ဘာဂါကင်းဆိုင်ကို မနက်တိုင်း လမ်းလျှောက်လာရ သည်။ နှင်းကျသည့် နေ့တွေဆိုလျှင် ဒူးလောက်မြုတ်နေသော နှင်းတောထဲကို ဖြတ်လာရသည်။
ကျွန်တော့် ပထမဆုံး ဘာဂါကင်းတွင် အလုပ်ဆင်းသည့်နေ့ကဆိုလျှင် သူတို့ထုတ်ပေးသည့် အလုပ်သမား ဝတ်စုံကို ဝတ်ပြီး ကျွန်တော် မျက်ရည်ကျမိသည်။ ကျွန်တော့်လို ပြည့်စုံသောဘဝမှ ဆင်းသက်လာသူ တစ်ဦးက သန့်ရှင်းရေးဝတ်စုံကို ဝတ်ဆင်ပြီး ကြမ်းတိုက်နေရသောဘဝကို တွေးမိပြီး ဝမ်းနည်းလာသည်။ ယင်းသည် ကျွန်တော် အမေရိကကို စရောက်ခဲ့စဉ်က ဘဝဖြစ်ပြီး ထိုဘဝကို ကျွန်တော်ကိုယ်တိုင်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မန်နေဂျာက ကျွန်တော် မျက်ရည်ကျသည်ကို မြင်သွားသည်။ ကျွန်တော့ထံလာပြီး
“မစ္စတာ မီယာ ... အဆင်ပြေရဲ့လား။ မင်းငိုနေတာလား” ဟု မေးလိုက်သည်။ ကျွန်တော်က
“မဟုတ်ပါဘူး ... ပုံးထဲက အမိုးနီးယားတွေကြောင့် မျက်စိစပ်ပြီး မျက်ရည်ကျတာပါ”
“မကြာခင် အဲဒီအငွေ့တွေနဲ့ မင်းယဉ်သွားမှာပါကွာ”
အမှန်တော့ အမိုးနီးယားကြောင့်မဟုတ်။ ရင်ထဲတွင် ခံစားလိုက်ရသောကြောင့် မျက်ရည်တွေ အလိုလို ကျလာခြင်းဖြစ်သည်။ ကျွန်တော် ထိုအလုပ်ကို စလုပ်မည်ဆိုကတည်းက ခံယူလိုက်မိသည်မှာ
“မကြိုက်လည်းလုပ် ... လုပ်တဲ့အလုပ်အပေါ်မှာ အကောင်းဆုံးလုပ်” ဖြစ်သည်။
ကျွန်တော့် စိတ်ထဲတွင် ငါကြံ့ကြံ့ခံနိုင်ရမယ်။ ငါ့ဦးတည်ချက် ငါ့ရည်မှန်းချက် မပျောက်စေနဲ့၊ ငါတက္ကသိုလ် တက်ဖို့ ပိုက်ဆံရှာနေတာဟုအမြဲတွေးကာ ကိုယ့်ကိုယ်ကိုယ် အားပေးနေရသည်။
ကျွန်တော် ညနေ ၄ နာရီအထိ အလုပ်လုပ်သည်။ ကျောင်းကတော့ ညကျောင်းဖြစ်သဖြင့် ညနေ ၅ နာရီ ၄၅ မှ ၁၁ နာရီ ၄၅ အထိ တက်ရသည်။ စနေနှင့် တနင်္ဂနွေ နှစ်ရက်ဆိုလျှင် လုံခြုံရေးအစောင့်အဖြစ် မနက် ၇ နာရီမှ ည ၁၁ နာရီအထိ လုပ်သည်။
လုံခြုံရေးအစောင့်လုပ်ရာတွင် တာဝန်ကျရာဂိတ်တွင် ထိုင်နေရသည်ဖြစ်ရာ ထိုအချိန်တွင် ကျွန်တော် ကျောင်းစာကို လေ့လာ၍ရသည်။ ထိုနှစ်ရက်ကလည်း ကျွန်တော်တာဝန်ကျရာရုံးတွင် အဝင်အထွက် နည်းသည်။ ထိုသို့ ပိုက်ဆံရှာရင်းက ကျောင်းတက်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရသည်။ နောက်နှစ်တွင် တစ်နွေလုံး တက္ကစီမောင်းသည့် အလုပ်ကိုရသည်။ ခရီးသည်တွေ၏ ရိုင်းပျမှု၊ မာနကြီးမှု၊ နောက်ပြောင်မှု၊ စော်ကားမှု၊ စကားများမှု၊ ရွံရှာဖွယ် အပြုအမူများကို စိတ်ရှည် သည်းခံပြီး မောင်းခဲ့ရသည်။
လူငယ်ဘဝတွင် ကျွန်တော်ရလိုက်သည့် သင်ခန်းစာတွေက
“ကိုယ့်ကို ပစ်ပေါက်လိုက်သည့် ကျောက်တုံးတွေကို စုဆောင်းထားပါ၊ ထိုကျောက်တုံးတွေနှင့် အိမ်တစ်လုံး ဖြစ်အောင်ဆောက်ပါ”
မည်သည့် အခြေအနေ၊ မည်သည့်ဘဝရောက်သည်ဖြစ်စေ ကိုယ်လုပ်သည့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အခြေအနေပေးမှ၊ အခြေအနေကောင်းမှ လုပ်တော့မည်ဟူ၍ ဘယ်တော့မျှ မတွေးပါနှင့်။ ရသည့် အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီး ပန်းတိုင်ကို မရောက်, ရောက်အောင် သွားရန်သာဖြစ်သည်။
"ပန်းတိုင်ကို မျက်ခြေအပြတ် မခံလိုက်ပါနှင့် ... အောက်ခြေလည်း လွတ်မသွားပါစေနှင့်"
မည်သည့်အလုပ်မျှ သင့်ထံကို အလိုလို ရောက်လာလိမ့်မည် မဟုတ်ပါ။ လူဆိုသည်မှာ အလုပ်လုပ်ရင်း ကိုယ်နှင့် အထိုက်တန်ဆုံး အလုပ်တစ်ခုခုက ကိုယ့်ထံကို အလိုလိုရောက်လာမည်သာဖြစ်သည်။ ဘာမျှ မလုပ်ဘဲ အလုပ်ကို ထိုင်မျှော်နေရုံဖြင့် အလုပ်က ကိုယ့်ထံကို အလိုလိုရောက်မလာပါ။
အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုသည်ကို မမေ့သင့်။ သို့သော် ရိုးသားသော အလုပ်ကို ကြိုးစားအားထုတ်ရန်လိုသည်။ တစ်ချိန်က တစ်နာရီလျှင် ၃ ဒေါ်လာ ၃၅ ဆင့်နှင့် အလုပ် လုပ်ခဲ့ရသော လုပ်ငန်းတွင် အလုပ်ရှင်ကိုယ်တိုင်က ကျွန်တော့်ကို ဒေါ်လာ ၉၈၀ ပေးပြီး ရာထူးတိုးပေးရသည်အထိ အောင်မြင်မှုတွေရခဲ့သည်။
ဘာဂါကင်းဆိုင်တွင် အလုပ် လုပ်စဉ် ကျွန်တော်ရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများကို အသုံးချပြီး ကျွန်တော့် ဘဝတွင် ကြိုးစားအားထုတ်ကာ နောင်တွင် ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးတစ်ဦးဘဝကို ရောက်ရှိလာခဲ့သည်။
ကျွန်တော် ပြောချင်သည်က ဘာလုပ်လုပ် ကိုယ်လုပ်ရသည့် အလုပ်သည် အောက်ခြေလုပ်ငန်း ဖြစ်နေပါစေ ကိုယ့်အလုပ်ကို ဂုဏ်ယူပြီး တာဝန်ကျေအောင် ကြိုးစားလုပ်ရန်သာဖြစ်သည်။ ကြမ်းတိုက် အိမ်သာဆေးအလုပ် ဖြစ်နေပါစေ ယူတတ်လျှင်ပညာတွေသာဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို အောက်ခြေလုပ်ငန်းဆိုသည်မှာ အထက်ကို တက်နိုင်မည့် ခြေလှမ်းအစဖြစ်သလို၊ အခွင့်အရေးအတွက် တံခါးတစ်ချပ်ဖြစ်သည်ကို မမေ့သင့်ပေ။
💪💯💪💯💪💯💪💯
#ဘဝအားမာန်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Hlaw Kar Road, 71 Ward, South Dagon
Yangon
11431