Al Taqwa Madinah
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Al Taqwa Madinah, Health/Beauty, kamaryut, Yangon.
03/06/2023
ဆီးချိုကျတဲ့အခါ အရေးပေါ် ပြုစုနည်း
ဆီးချိုလူနာတွေမှာ ဆီးချိုတက်တာထက် ကျတာက ပိုပြီး ကြောက်ဖို့ ကောင်းပါတယ်။ ရုတ်တရက် သတိလစ်သွားပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်လို့ပါ။
ဆီးချိုကျတဲ့အခါ လူနာက
-ရင်တုန်လာပါတယ်။
-ချွေးစေးတွေ ပြန်လာပါတယ်။
-ဗိုက်ဆာလာပါတယ်။
-ခေါင်းတွေ မူးပြီး သတိလစ်ချင်သလို ဖြစ်လာပါတယ်။
ဒီလို ဖြစ်လာပြီဆိုရင် အနီးနားမှာ ဆီးချိုဖောက်ဖို့ လွယ်ရင် ဖောက်နိုင်ပါတယ်။ ဖောက်ဖို့ မလွယ်ဘူးဆိုရင် ဆီးချိုကျတယ်လို့ ယူဆပြီး အောက်ပါ နည်းလမ်းတွေကို ဆက်လုပ်ပါ။
-သကြားဓာတ်ချက်ချင်း တက်အောင် သကြားလုံး ဝါးစားပါ။ ဒါမှမဟုတ်
-အအေး (ဂတ်စ်မပါ)၊ သကြားဖျော်ရည်ကို ခွက်ရဲ့ ၃ပုံ ၁ပုံလောက် သောက်ချပါ။ ဒါမှမဟုတ်
-ဂလူးကို့စ် ၃-၄ခဲလောက် ချက်ချင်းစားပါ။
၁၀မိနစ်လောက်နေရင် ဆီးချိုဖောက်ကြည့်ပါ။ ၇၀ mg/dlနဲ့ အထက်ဆို အဆင်ပြေပါတယ်။ မတက်သေးဘူးဆိုရင် အထက်ပါအတိုင်း နည်းနည်းထပ်စားပါ။ ပြီးရင် နီးရာ ဆေးခန်းကို သွားပါ။
၇၀ mg/dlနဲ့ အထက်ဆို ဗိုက်ပြည့်မယ့် ထမင်း၊ ခေါက်ဆွဲ စတဲ့ အစာကြီးတွေ စားပေးပါ။ ပြီးရင် ပုံမှန်အတိုင်း ဆေးထိုးဆေးသောက်နိုင်ပါတယ်။
ခဏခဏ ဆီးချိုကျနေရင် ဆရာဝန်နဲ့ ပြန်ပြီး တိုင်ပင်ဖို့ လိုပါတယ်။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
27/05/2023
💥အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ❓
ဒီလို တုပ်ကွေးရာသီ နီးလာပြီဆို “အာဟာရရှိအောင်စား။ အားရှိအောင်နေ။ ကိုယ်ခံအား ကောင်းမှ ရောဂါကို တိုက်ထုတ်နိုင်မှာ” လို့ လူကြီးတွေက မှာလေ့ရှိပါတယ်။ တကယ်လည်း ကိုယ်ခံအား ကောင်းနေရင် တော်ရုံ ရောဂါပိုးလောက်က အသာလေးပါပဲ။ ဒါပေမယ့် စားရင်း စားရင်းနဲ့ ဝိတ်တွေ တက်လာရင်ရော ကိုယ်ခံအားက လိုက်တက်လာမှာလား။ ကိုယ့်ရဲ့ ကိုယ်အလေးချိန် ပိန်ခြင်း၊ ဝခြင်းက ကိုယ်ခံအား အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိနေပါတယ်။
ပိန်တဲ့သူက ရောဂါဒဏ်ကို ခံနိုင်ရည် မရှိဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် ဝတာကလည်း ကိုယ်ခံအား ကျစေတယ်ဆိုတာ သိကြပါရဲ့လား။ ဒီအကြောင်းကို ဆက်ကြည့်ကြ ရအောင်နော်။
လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်း
လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်းကို အရင်ကလို “နင်ကတော့ ပိန်သွားလိုက်တာ၊ နင်ဝလာတယ်နော်” စသဖြင့် အမြင်နဲ့ မဆုံးဖြတ်ပါဘူး။ ပေါင်ချိန်သီးသန့်နဲ့လည်း မပြောတော့ပါဘူး။ BMI လို့ခေါ်တဲ့ ကိုယ်အလေးချိန် ထုထည် ညွှန်းကိန်းနဲ့ပဲ ပြောတော့တာပါ။ ဒါက အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်ထားတဲ့အတွက် ပိုပြီး သင့်လျော်ပါတယ်။
BMI 18.5 အောက်ဆို ပိန်တယ်လို သတ်မှတ်ပြီး 30ကျော်ရင်တော့ အဝလွန်နေပြီလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ဒီအဝလွန်ခြင်းက ခုခံအား အပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလည်းဆိုတာ ပြောပြပေးပါ့မယ်။
အဝလွန်ခြင်းနဲ့ ကိုယ်ခံအား
ဒီမှာ ပြောစရာ နှစ်ပိုင်း ရှိပါတယ်။ အဝလွန်ခြင်းကနေ တစ်ဆင့် ရောဂါတွေ ဖြစ်ပြီး ကိုယ်ခံအား ကျတာနဲ့ အဝလွန်ခြင်း ကိုယ်တိုင်ကြောင့် ကိုယ်ခံအား ကျတာပါ။
• အဝလွန်ခြင်းကနေ တစ်ဆင့် ရောဂါတွေ ဖြစ်ပြီး ကိုယ်ခံအားကျတာ
အဝလွန်ခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒီရောဂါတွေရဲ့ နောက်ဆက်တွဲ ဥပမာ ဆီးချိုရောဂါဆိုရင် နောက်ပိုင်းကျ အနာမကျက်တာ၊ ပိုးဝင်လွယ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်လည်း ထိခိုက်တာကြောင့် ရောဂါတိုက်ထုတ်မယ့် ပဋိဇီဝပစ္စည်း (immunoglobulin)တွေ ဆီးထဲ ပါသွားပြီး ရောဂါပိုးတွေ ကို ကောင်းကောင်း မတိုက်ထုတ်နိုင်တော့ပါဘူး။
နောက်ပြီး ဒီလို ရောဂါအခံတွေ ရှိနေရင် အပြင်ကနေ ပိုး တစ်ခုခု ဝင်လာတဲ့အခါ double burden ဖြစ်လာပြီး ရောဂါဒဏ်ကို ပိုခံရပါတယ်။ အသက်ကြီးတဲ့ သူဆိုရင် ပိုပြီး သတိထားရမှာပါ။
• အဝလွန်ခြင်း ကိုယ်တိုင်ကြောင့် ကိုယ်ခံအားကျတာ
ကိုယ်ခံအားကျစေတဲ့ အကြောင်းတွေကတော့
– cytokine ထုတ်တာ နည်းသွားတာ
–ခုခံအားဆဲလ်တွေ အလုပ်မလုပ်နိုင်တာ
– ကိုယ်ထဲကို ပြင်ပပစ္စည်း (ရောဂါပိုး) ဝင်လာရင် တုံ့ပြန်နိုင်စွမ်း နည်းသွားတာ
ဒါတွေက ဆေးပညာ အသုံးအနှုန်းတွေမို့လို့ နားမလည်လည်း ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း အတိအကျ မပြောနိုင်သေးပါဘူး။ အဓိကပြောချင်တာက အဝလွန်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကို ထိခိုက်စေပြီး ရောဂါပိုး ဝင်လွယ်စေတယ်ဆိုတာပါပဲ။
ဒါ့ပြင် လေ့လာချက်တွေအရ ဆေးရုံမှာ ကုသမှု ခံယူတဲ့ လူနာချင်း တူရင်တောင် နောက်ဆက်တွဲ ပိုးဝင်တာ၊ အနာမကျက်တာ၊ အဆုတ်ရောင်တာ၊ ဆီးပိုက်ကနေ ပိုးဝင်တာ စတာတွေ ပိုအဖြစ်များတာကို တွေ့ရပါတယ်။
အဝလွန်ခြင်းနဲ့ ကာကွယ်ဆေး
တချို့သော လေ့လာချက်တွေအရ အဝလွန်ခြင်းနဲ့ ကာကွယ်ဆေး အောင်ခြင်း မအောင်ခြင်း ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ဆိုတာက အားပျော့နေတဲ့ ပိုးတွေကို ခန္ဓာကိုယ်ထဲ ထည့်လိုက်ပြီး ကိုယ်ခံအားကို တိုက်ခိုင်းတာပါ။ ဒီပိုးတွေက အားပျော့တဲ့ အတွက် သာမန်အားဖြင့်တော့ လူကို အန္တရာယ်မပြုနိုင်ဘူး။ တစ်ခါဝင်သွားပြီးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက မှတ်ထားတဲ့ အတွက် နောက်တစ်ခါ ရောဂါပိုး ဝင်လာရင် အလွယ်တကူပဲ တိုက်ထုတ်နိုင်မှာပါ။
အဝလွန်တဲ့အခါ ခုနက ပြောခဲ့သလို ခုခံအားဆဲလ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့ အတွက် ပဋိဇီဝပစ္စည်း ကောင်းကောင်း မထွက်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးမယ်ဆို ဆေးအောင်မအောင် စစ်ဆေးသင့်ပါတယ်။
ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။
အတိအကျ မပြောနိုင်ပေမယ့် အဆီတစ်ရှူးကြောင့် လို့ဆိုပါတယ်။ အဆီတစ်ရှူးတိုင်းတော့ မဟုတ်ပါဘူး။ White adipose tissue (WAT) လို့ခေါ်တဲ့ အဆီအမျိုးအစားပါ။ မြန်မာလို တည့်တည့်ပြန်ရင် အဖြူရောင် အဆီတစ်ရှူးပေါ့။ ဝတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ဒီအဆီတစ်ရှူးက ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတွေအပေါ်မှာ သက်ရောက်မှု ရှိပါတယ်တဲ့။ ဒီအဆီတွေ များလာတဲ့အခါ ခန္ဓာကိုယ်မှာ နာတာရှည်ရောင်ရမ်းတာတွေ ဖြစ်လာပြီး ရောဂါပိုးတွေ တိုက်ထုတ်ဖို့ ခက်ခဲ သွားပါတယ်။ ဒီနေရာမှာ ရောင်ရမ်းတယ်ဆိုတာ လူတွေ သိကြတဲ့ ရောင်ရမ်း နာကျင်တာကို ပြောတာမဟုတ်ပါဘူး။ ဆဲလ်တွေ ရောင်ရမ်းတာကို ပြောတာပါ။ သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။
ကိုယ်ခံအားလည်း ကောင်းချင်တယ်၊ အဝလည်း မလွန်ချင်ဘူးဆိုရင် ဘယ်လို လုပ်မလဲ။
အဓိက အစားအသောက်နဲ့ လေ့ကျင့်ခန်းကို အားကိုးရမှာပါ။ အစားအသောက်မှာ ဆိုရင်လည်း များများစားမှ အားရှိမယ်ဆိုတာမျိုး မဟုတ်ဘဲ ညီညွတ်မျှတအောင် စားပေးရင် ရပါပြီ။ အထူးသဖြင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေပေါ့။ လေ့ကျင့်ခန်းလည်း လုပ်ပေးရမှာပါ။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ အပြင် ကိုယ်ခံအားကိုလည်း တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့သူတွေက သာမန် ဖျားတာ နာတာလောက်ကို ကောင်းကောင်းကြီး ခံနိုင်ရည်ရှိပါတယ်။
ခုလို အိမ်တွင်းပုန်းနေရတဲ့အချိန်ဆို ပိုပြီး သတိထားသင့်ပါတယ်။ လုပ်စရာ မရှိတော့ စား၊ စားပြီးတော့အိပ်၊ နိုးလာတော့ စား၊ အိပ်ရာပေါ်မှာပဲ တစ်နေကုန် နေမိမှာပါ။ ဒါကြောင့် ဒီအချိန်တွင်းမှာလည်း တွေ့တာ မစားဘဲ အာဟာရရှိတာကို ရွေးပြီး စားပေးပါ။ လေ့ကျင့်ခန်း မလုပ်ချင်ရင်တောင် တစ်နေ့ကို နာရီဝက်လောက် လှုပ်လှုပ်ရှားရှားနေပေးပါ။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
26/05/2023
💥ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ💥
ကိုယ်လက်ကိုက်ခဲတာကို မဖြစ်ဖူးသူက ခပ်ရှားရှားဖြစ်မှာပါ။ ကိုယ်လက်ကိုက်ခဲတာက အရွယ်မရွေး ကျားမ မရွေး ခံစားရနိုင်သလို ကိုယ်လက်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ အကြောင်း ပြောပြပေးချင်ပါတယ်။
ကဲ ….. ဘယ်လိုအခြေအနေတွေက သင့်ကို ကိုယ်လက်ကိုက်ခဲစေလဲဆိုတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာပြီဆိုရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို လေ့လာဖို့ အသင့်ပဲလား။ အသင့်ပဲဆိုရင် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ အကြောင်း မပြောခင် အရင်ဆုံး ကိုယ်လက်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်နော်။
💥ကိုယ်လက်ကိုက်ခဲမှုကို ဘာတွေက ဖြစ်စေတာလဲ💥
ဒီအချက်တွေက ကိုယ်လက်ကိုက်ခဲတာကို ဖြစ်စေပါတယ်။
• ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးမိတာ
ဒါက အဖြစ်များပါတယ်။ တစ်နေ့တာလုံးမှာ ကြွက်သားတွေ အရိုးအဆစ်တွေကို အလွန်အကျွံ အသုံးပြုမိမယ်ဆိုရင် အနားယူချိန် ဒါမှမဟုတ် ညဘက် အိပ်ရာဝင်ချိန်တွေမှာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
• အဖျားရှိနေတာ
အအေးမိတာ၊ တုပ်ကွေးလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားနေရချိန်မှာလည်း ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်တာကြောင့် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။
အအေးမိတာ၊ တုပ်ကွေးလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားနေရချိန်မှာလည်း ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်တာကြောင့် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။
• ဆေးဝါးတွေ
အချို့သော ဆေးဝါးတွေ (ဥပမာ – သွေးကျဆေးတွေ)က ဘေးထွက်ဆိုးကျိုး အနေနဲ့ ခန္ဓာကိုယ်မှာ ကြွက်သားတွေ တောင့်တင်းတာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
• ဖောရောင်တာ
ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်တာကြောင့် ဖောရောင်တာတွေက ကြွက်သားတွေကို နာကျင်စေသလို ကိုယ်လက်ကိုက်ခဲမှုတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဖောရောင်တာကို ဖြစ်စေတာကတော့ သိုင်းရွိုက်ကျန်းမာရေးပြဿနာ ရှိနေတာ၊ မွေးရာပါနှလုံးကျန်းမာရေး အားနည်းတာ၊ အသည်းခြောက်တာ၊ အာဟာရချို့တဲ့တာနဲ့ ကျောက်ကပ်ရောဂါတွေကြောင့်ပါ။
• သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာ
သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာက အာရုံကြောတွေနဲ့ ကြွက်သားလှုပ်ရှားမှုတွေအပေါ်မှာ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်ကိုက်ခဲတာ၊ ကြွက်တက်တာ၊ ခြေကုန်လက်ပမ်းကျတာတွေ ဖြစ်စေနိုင်ပါတယ်။
• စိတ်ဖိစီးတာ
စိတ်ဖိစီးတာက ကိုယ်ခံအား နည်းစေနိုင်သလို ခန္ဓာကိုယ်မှာ တင်းအားတွေ ဖြစ်စေပြီး ရောင်ရမ်းတာ၊ ပိုးဝင်တာတွေ အပြင် ကိုယ်လက်ကိုက်ခဲတာကိုပါ ဖြစ်စေနိုင်ပါတယ်။
• ရေဓာတ်နည်းတာ
ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ခက်ခဲစေပါတယ်။ ခြေကုန်လက်ပမ်းကျစေပြီး နာကျင်ကိုက်ခဲမှုတွေကို ခံစားရစေနိုင်ပါတယ်။
• အိပ်ရေးပျက်တာ
အိပ်ရေးပျက်တာက ကိုယ်လက်ကိုက်ခဲတာတွေကို ဖြစ်စေသလို ရှိရင်းစွဲ နာကျင်ကိုက်ခဲမှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာ များမယ်ဆိုရင်လည်း ကိုယ်လက်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။
• အဆစ်ရောင်ရောဂါ
အဆစ်ရောင်ရောဂါ ခံစားရတဲ့အခါ အဆစ်တွေ ရောင်ရမ်းလာပြီး ကိုယ်ခံအားက ကျန်းမာတဲ့ တစ်ရှူးတွေကို တိုက်ခိုက်တာကြောင့် အဆစ်တွေရောင်တာ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
ဘယ်လို သက်သာအောင် လုပ်မလဲ။
ခန္ဓာကိုယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ ကိုယ်လက်ကိုက်ခဲမှုတွေကို သက်သာစေဖို့ဆိုရင်
• အနားယူပါ
အနားယူတာက ခန္ဓာကိုယ်ကို ပြုပြင်ချိန်၊ အားဖြည့်ချိန် ပေးလိုက်တာပါ။ ဒါကြောင့် နာကျင်ကိုက်ခဲမှုတွေကို ခံစားလာရပြီဆိုရင် ခန္ဓာကိုယ်ကို အားပြန်ဖြည့်တဲ့အနေနဲ့ အနားယူလိုက်ပါ။
• ရေအပါအဝင် အရည်များများ သောက်ပါ
ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပြည့်ဝနေခြင်းက ကိုယ်ခံအား ကောင်းစေသလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေနိုင်ပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် နာကျင်ကိုက်ခဲလာပြီဆိုရင် ရေတစ်ခွက် ဝဝသောက်လိုက်ပါ။
• အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်ပါ
နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်တာပါ။ ဒီလို သောက်သုံးတာက ဆေးညွှန်းမှန်မှန် သောက်သုံးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။
• ရေနွေးနဲ့ ရေချိုးပါ
ကြွက်သားတွေ တင်းနေတာကို ပြေလျော့စေဖို့နဲ့ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ရေနွေးနွေးနဲ့ စိမ်ပြီး ရေချိုးတာပါ။ ဒီလို ရေချိုးပေးတာ ရေနွေးစိမ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေသလို နာကျင်ကိုက်ခဲတာကို သက်သာစေမှာပါ။
• ဆေးလိမ်းပါ
နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နောက်ထပ်နည်းလမ်း တစ်ခုကတော့ ဒဏ်ကြေလိမ်းဆေး လိမ်းတာပါ။ ကိုက်ခဲနေတဲ့နေရာကို ဆေးပူလေး လိမ်းပေးတာက နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် အိမ်တွင်းကုထုံး တစ်ခုပါ။
• ကိုယ်အပူချိန် ထိန်းပါ
ဖျားနေချိန်မှာ ကိုယ်ပူကြီးတာကလည်း ကိုယ်လက်ကိုက်ခဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အဖျားကြောင့် ကိုယ်လက်ကိုက်ခဲတာ ဖြစ်မယ်ဆိုရင် အဖျားကျအောင် ရေပတ်ဝတ်ကပ်ပေးတာ၊ အဖျားကျဆေးသောက်တာက နည်းလမ်းကောင်းပါ။
ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် ၁ ပတ်ကျော်တဲ့အထိ ကိုယ်လက်ကိုက်တာက မသက်သာဘူးဖြစ်မယ်။ ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။
အကိုက်အခဲပျောက်ဆေးသောက်မယ်ဆိုရင်
ဒိဆေးကိုရွေးချယ်ပါ 👇လင့်ကိုနှိပ်ကြည့်ပါ👇
https://m.facebook.com/story.php?story_fbid=123893857363855&id=100092297244869&mibextid=Nif5oz
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
25/05/2023
💥လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ❓
အသက်ကြီးလာတာနဲ့အမျှ လည်ပင်းကျီးပေါင်းရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် လူငယ်တွေမှာပါ ဖြစ်လာပါပြီ။ ဒါကြောင့် လူငယ်တွေမှာ လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
💥လည်ပင်းကျီးပေါင်း ဆိုတာ❓
လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာက အသက်အရွယ်ရလာတာကြောင့် ဇက်ကြော တလျှောက်မှာရှိတဲ့ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေ စုတ်ပြဲလာတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ တစ်ခါတလေမှာ ကျီးပေါင်းတက်တာက ကျောရိုးဆစ်ကြားထဲက အဆစ်ပြားလေးတွေမှာ ရေဓာတ်နည်းတာကြောင့် ဖြစ်နိုင်သလို အဆစ်ပြားကျွံတာ၊ အရိုးအတက်ထွက်တာ၊ ဘေးနားက အရွတ်တွေ တောင့်တင်းလာတာကြောင့်လည်း ဖြစ်လာပါတယ်။
အရိုးကျီးပေါင်းဖြစ်တာဟာ အရိုးအဆစ်ရောင်တာရဲ့ အစပျိုးလက္ခဏာ ဖြစ်နိုင်သလို အရိုးအစွန်းတွေကြားမှာ အုပ်ထားတဲ့ အရိုးနု အစွပ်လေးတွေ ပျက်စီးလာတာကြောင့်လည်း ဖြစ်ပါတယ်။
လည်ပင်းကျီးပေါင်း ဖြစ်တာက တော်တော်လေး အဖြစ်များပြီး အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်ကြီးလာလေလေ ပိုဆိုးလာလေလေ ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အထက် ဘိုးဘိုးဘွားဘွား အယောက် ၁၀၀ မှာ ၈၅ ဦးလောက်က လည်ပင်းကျီးပေါင်းကို ခံစားကြရပါတယ်။ လုနောက်ပိုင်းမှာတော့ လူငယ်တွေမှာလည်း တွေ့လာရပါပြီ။
လည်ပင်းကျီးပေါင်းက တော်တော်များများမှာ လက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို အတူတူ ဆက်လေ့လာလိုက်ရအောင်နော်။
#လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့အလေ့အထတွေကဘာတွေဖြစ်မလဲ
တစ်နေ့တာမှာ ကိုယ်တိုင်တောင် မသိဘဲ လုပ်လိုက်မိတဲ့ ဒီအလေ့အထတွေက လည်ပင်းကျီးပေါင်း တက်တာကို ဖြစ်စေနိုင်တာမို့ သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
• ကိုယ်နေဟန်ထား မမှန်တာ
အထူးသဖြင့် ဦးခေါင်းနဲ့ လည်ပင်းက အနေအထား မမှန်တာ၊ ဇက်ကို အသုံးပြုပြီး အလေးအပင်မတာ၊ လှုပ်ရှားမှု တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်တာ (ဥပမာ ခေါင်းမော့တာ၊ ခေါင်းငုံ့တာ) စတာတွေကြောင့် လည်ပင်းကျီးပေါင်း ဖြစ်တတ်ပါတယ်။
• ဗီတာမင် လုံလောက်အောင် မရတာ
တစ်နေ့တာမှာ အစားတွေတော့ စားနေပါရဲ့။ စားတဲ့ အစားအစာတွေထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကတော့ လုံလောက်အောင် မပါဘူးဆိုရင်လည်း ကျီးပေါင်း ဖြစ်စေနိုင်ပါသတဲ့။ အထူးသဖြင့် ဗီတာမင် D နဲ့ ဗီတာမင် B12 လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို ပျက်စီးစေပြီး ပြန်လည်ပြုပြင်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။
• သတ္တုဓာတ်တွေ လုံလုံလောက်လောက် မရတာ
အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ကယ်လ်ဆီယမ် နဲ့ ပရိုတင်းတွေ ပြည့်ဝအောင် မစားဘဲ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေကို စားတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်သလို ပရိုတင်း လုံလောက်အောင် ရရှိမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
• ကိုယ်လက်လှုပ်ရှားမှု နည်းတာ
အလုပ်ထဲမှာလည်း တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတယ်။ အိမ်ရောက်တော့လည်း ပင်ပန်းလို့ဆိုပြီး လှုပ်ရှားမှု မလုပ်ဘဲ ထိုင်နားရင်းနဲ့ အိပ်ရာဝင်တယ်ဆိုရင်တော့ ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်သလို အရိုးတွေလည်း ပျက်စီးလာမှာပါ။ ဒါ့ပြင် အဝပါ လွန်တာတဲ့အတွက် ကျီးပေါင်းဖြစ်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပါတယ်ါ။
• ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက အရိုးတွေကို အားနည်းစေပြီး အရိုးထဲက ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေပြီး အရိုးကျီးပေါင်း ခံစားရနိုင်ခြေကို များစေပါတယ်။ အရိုးကျီးပေါင်းကြောင့် နာကျင်မှုကိုလည်း ပိုဆိုးစေပါတယ်။
• ရေသောက်နည်းတာ
အပေါ်မှာ ပြောခဲ့သလိုပဲ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေက အရိုးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိတာမျိုးမဖြစ်စေဖို့ ဖော့ချပ်လေးတွေလို လုပ်ဆောင်ပေးတာပါ။ ဒီအဆစ်ပြားလေးတွေက ရေဓာတ်ပြည့်ဝနေမှသာ သူတို့ရဲ့ တာဝန်ကို ကောင်းကောင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်လာတဲ့အခါ အရိုးတွေ ထိခိုက်ပြီး ရေရှည်မှာ ကျီးပေါင်းဖြစ်လာစေဖို့ တွန်းအားပေးလာနိုင်ပါတယ်။
• ကိုယ်အလေးချိန် များနေတာ
ကိုယ်အလေးချိန် များနေတာက ကျောရိုးအဆစ်တွေမှာ ဝန်ပိုထမ်းထားရသလို ဖြစ်နေပြီး အရိုးတွေ ဝန်ပိတာ၊ ပျက်စီးတာတွေ ဖြစ်စေပါတယ်။ ပျက်စီးတဲ့ အရိုးကို ပြန်အစားထိုးဖို့ လုပ်ရင်း အရိုးအတက်လေးတွေ ထွက်လာတာကြောင့် ကျီးပေါင်း ဖြစ်လာပါတယ်။ အထူးသဖြင့် ခါးကျီးပေါင်း ပိုဖြစ်တတ်ပါတယ်။
#ဘယ်လိုကာကွယ်မလဲ
လည်ပင်းကျီးပေါင်း ဖြစ်တာကို ကာကွယ်ဖို့ဆိုရင်
• ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တာ့အခါ ၂ နာရီလောက် ကြာသွားတိုင်း ၁၀ မိနစ် – ၁၅ မိနစ်လောက် မတ်မတ်ကလေးထိုင်ရင်း ခါးကြောတွေ၊ ခြေထောက်က အကြောတွေကို ပြေလျော့အောင် လုပ်ဆောင်ပါ။ အထူးသဖြင့် ဇက်ကြောတွေကို လျှော့ပေးပါ။
• အခါအားလျော်စွာ မတ်တတ်ရပ်ပေးပါ။ လမ်းလေးပတ်လျှောက်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကျောရိုးနဲ့ ခါးကြောပေါ်က သက်ရောက်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။
• ကိုယ်နေဟန်ထား မှန်မှန်လေး ထိုင်ပြီး ကွန်ပျူတာ စခရင်မ်ကို မျက်လုံးနဲ့ တစ်တန်းတည်း ထားပေးပါ။
• အိပ်တဲ့အခါ ခါးကို မတ်မတ် ဆန့်တန့်လေး ထိုင်ပေးပါ။ ပခုံးတွေကိုလည်း အနေအထား မှန်မှန်လေး ထားပေးပါ။
ကဲ ….. ဘယ်အပြုအမူတွေကို လုပ်မိနေလဲဆိုတာ ကိုယ်တိုင် သုံးသပ်ပြီး အခုပဲ ပြင်ဆင်လိုက်တော့နော်။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
23/05/2023
💥ဆီးချိုသွေးချိုရောဂါကို ကုသလို့ပျောက်ကင်းနိုင်လား💥
ဆီးချိုရောဂါ ကုသလို့ပျောက်ကင်းနိုင်လား
သက်တမ်းစေ့နေနိုင်ဖို့
အနာသိရင် ဆေးရှိတယ်။ ပြဿနာသိရင် အဖြေရှိတယ်ဆိုပေမယ့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ကို ခြိမ်းခြောက်နေတဲ့ ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်းကတော့ အခုထိ မရှိသေးပါဘူး။ ဒါဆိုရင် ဆီးချိုသွေးချိုရောဂါဖြစ်တာနဲ့ ဘဝဆုံးပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး။
💥ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းအောင် မကုနိုင်ဘူးဆိုသော်ငြားလည်း💥
ဆီးချိုသွေးချိုရောဂါ ဆိုတာမျိုးက နာတာရှည် ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပေါ့။ ကိုယ့်ကြောင့် အခြားသူတွေဆီကို ကူးစက်စေတာမျိုးလည်း မရှိတာကြောင့် ကိုယ်တိုင်က ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူရုံပါ။
ဆီးချိုသွေးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို အလုံအလောက်မထုတ်လုပ်ပေးနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးပါ။ ဆီးချိုသွေးချိုရောဂါလို့သာ ခြုံခေါ်လိုက်ပေမယ့် တကယ်ကတော့
• ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေ အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေကို မှားယွင်း ဖျက်ဆီးပစ်တာကြောင့် ဖြစ်လာတဲ့ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါနဲ့
• ခန္ဓာကိုယ်က အင်ဆူလင်မတိုးတော့လို့ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး ဖြစ်လာတဲ့ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအားဖြင့်တော့ ၂မျိုးရှိပါတယ်။
ဒီ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ခုစလုံးကို ပျောက်ကင်းအောင် မကုသပေးနိုင်ဘူးဆိုပေမယ့်လည်း သက်တမ်းစေ့စေ့နေနိုင်စေဖို့ လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။
💥ဆီးချိုသွေးချိုရောဂါရှိတယ် သက်တမ်းစေ့စေ့နေထိုင်နိုင်ချင်တယ်💥
ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းချင်တယ်ဆိုတဲ့ မေးခွန်းအတွက် ပျောက်ကင်းနိုင်တာပေါ့ဆိုတဲ့ အဖြေမရှိပေမယ့် ဆီးချိုသွေးချိုရောဂါ ရှိပေမယ့် သက်တမ်းစေ့စေ့နေလို့ မဖြစ်နိုင်ဘူးလားဆိုတဲ့ အမေးအတွက်တော့ သိပ်ဖြစ်နိုင်တာပေါ့ဆိုတဲ့ အဖြေရှိပါတယ်။
တိုးတက်လာတဲ့ ခေတ်ကာလနဲ့အတူ ဆေးပညာတွေလည်း တိုးတက်လာပြီး ဆီးချိုသွေးချိုရောဂါ ကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်မယ့် ဆေးဝါးတွေ နေထိုင်မှု ပုံစံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့ ဆီးချိုသွေးချိုရောဂါ ရှိနေတယ်ဆိုရင် သက်တမ်းစေ့စေ့နေနိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာပြီး သက်တမ်းစေ့စေ့နေလို့ ရပါတယ်။
👉အာဟာရမျှတအောင် စားပါ✅
ဆီးချိုသွေးချိုရောဂါရှိသူတစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ အာဟာရပြည့်ဝမျှတဖို့ လိုအပ်ပါတယ်။ ကစီဓာတ်ကဲတာ၊ အချိုကဲတာတွေကို ရှောင်လို့ ပရိုတင်းနဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် မှီဝဲဖို့ လိုပါမယ်။
ထမင်းကို နည်းနည်းပဲစားပြီး အသီးအရွက် များများစားတာ၊ အသားကို အဆီမပါဘဲ၊ အချိုအငန်မကဲတာ၊ ဆီနည်းနည်းနဲ့ ချက်ထားတာမျိုးကို စားပေးပါ။
👉ရေသောက်ပါ✅
ဆီးချိုသွေးချိုရောဂါရှိတဲ့အခါ ဆီးခဏခဏ သွားရတာမျိုး ရှိနိုင်ပါတယ်။ ဒီလို ဆီးခဏခဏသွားရတာကို စိတ်ရှုပ်တယ်ဆိုပြီး ဆီးမသွားအောင် ရေလျှော့သောက်တာမျိုး မလုပ်ပါနဲ့။
ဆီးချိုသွေးချိုရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးတာ၊ ကျောက်ကပ် ထိခိုက်တာတွေ မဖြစ်စေဖို့ ရေကို လုံလောက်အောင် သောက်ပါ။
👉ဆေးကုသမှု ခံယူပါ✅
မပျောက်ဘူးဆိုပေမယ့် နောက်ဆက်တွဲတွေ မဖြစ်အောင် ဆေးကုသမှု သေချာခံယူဖို့ လိုပါတယ်။ သောက်ဆေး၊ ထိုးဆေး စသဖြင့် သင့်တော်တဲ့ နည်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရပါမယ်။ သောက်ဆေးဆို လူနာက မငြင်းပေမယ့် ဆေးထိုးရမယ် (ဥပမာ အင်ဆူလင် ထိုးရမယ်) ဆိုရင် တွန့်သွားတတ်ပါတယ်။ သောက်ဆေးတွေနဲ့ ထိန်းညှိလို့ မလွယ်တဲ့အခါ၊ အင်ဆူလင်ကို စောစောစထားလိုက်တာက လူနာအတွက် ရေရှည်မှာ ပိုအကျိုးရှိပါတယ်။
အခုဆိုရင် အင်ဆူလင်ထိုးတဲ့ pen လေးတွေရှိနေတာကြောင့် ပမာဏကို သေချာ ချိန်ညှိနိုင်မှာဖြစ်သလို ဘောပင်လိုမျိုး အင်ဆူလင်ထိုးတံလေးတွေက အိမ်မှာတင် လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာပါ။ ဆေးထိုးတယ်ဆိုလို့ အတော်နာမှာပဲလို့ မယူဆလိုက်ပါနဲ့. ပုရွက်ဆိတ် ကိုက်သလောက်လေးပဲ နာမှာပါ။ ပေါင်၊ တင်ပါး၊ လက်မောင်း၊ ဗိုက် စတဲ့နေရာတွေမှာ အပ်လေးကို ခပ်စောင်းစောင်းလေး ထိုးပြီး pen ရဲ့ နောက်ဘက်က ခလုတ်လေးကို နှိပ်လိုက်ရုံပါ။
👉လေ့ကျင့်ခန်း လုပ်ပါ✅
လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံအားကောင်းစေသလို၊ စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာပါ။
ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ တတ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ။ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာမျိုးပါ။
👉စိတ်ဖိစီးမှု ဖြေလျှော့ပါ✅
စိတ်ဖိစီးမှုက ရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့လည်း စိတ်ဖိစီးမှု များတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
ယောဂလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ သီချင်းဆိုတာ၊ ပန်းပင်လေးတွေ စိုက်တာမျိုးပေါ့။
👉အိပ်ရေးဝဝအိပ်ပါ✅
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်က အိပ်ရေးဝဝအိပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိတယ်။ ကျန်းကျန်းမာမာနေနိုင်ချင်တယ်ဆိုရင် တစ်ညတာကို အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်ပါ။
ဒီအချက်လေးတွေကို သေချာ လိုက်နာမယ်ဆိုရင် ဆီးချိုသွေးချိုရောဂါကို အကောင်းဆုံး ထိန်းညှိနိုင်မှာဖြစ်သလို ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပြီး သက်တမ်းစေ့စေ့နေထိုင်နိုင်မှာပါ။
ဆီးချိုသွေးချိုရောဂါ ကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ဒီနည်းလမ်းလေးတွေနဲ့ အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
21/05/2023
💥ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား💥
ဆီးချိုလို့ ပြောလိုက်ရင် လူတိုင်းတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရင်လောက်တော့ မစိမ်းတော့ဘူးပေါ့။ ဆီးချိုရောဂါ ဆိုတာကို မစိမ်းတော့ပေမယ့် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားတာ အားလုံး မှန်တယ်လို့တော့ မဆိုလိုပါဘူး။ ဒီတော့ ကိုယ်တိုင်မှာ သိထားတဲ့ ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပြီး သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိနေတာပါ။ စားလိုက်တဲ့အစားအစာတွေထဲက ကစီဓာတ်တွေနဲ့ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲရာမှာ ထိခိုက်မှု ရှိနေတဲ့ အခြေအနေ တစ်ရပ်ပါ။
💥ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား💥
ကဲ …… ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ဆိုတာ ဆန်းစစ်ကြည့်လိုက်စို့နော်။
💥ဆီးချိုဆိုတာက အချိုစားလို့ ဖြစ်တာ❓
ဆီးချိုဆိုတာ အချိုစားလို့ ဖြစ်တာမျိုး မဟုတ်ပါဘူး။ ဆီးချိုဖြစ်စေနိုင်တဲ့ အကြောင်းအရာက စားသောက်မှုပုံစံ တစ်ခုထဲကြောင့် မဟုတ်ပါဘူး။ မျိုးရိုးလိုက်တာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ စိတ်ဖိစီးမှု များတာလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
💥ဆီးချိုဆိုတာက တစ်မျိုးပဲ ရှိတာလား❓
ဆီးချိုဆိုတာက တစ်မျိုးပဲ ရှိတာမျိုး မဟုတ်ပါဘူး။ ဆီးချိုဆိုတဲ့နေရာမှာ
✅အမျိုးအစား -၁ ဆီးချို
✅အမျိုးအစား – ၁.၅ ဆီးချို
✅အမျိုးအစား – ၂ ဆီးချို
✅ကိုယ်ဝန်ဆောင်ဆီးချို ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
💥ဆီးချိုရှိရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ❓
ဆီးချိုမှာလည်း အခြားရောဂါတွေလိုပဲ အစပျိုး လက္ခဏာတွေ ရှိပါတယ်။ လက္ခဏာတွေအနေနဲ့
✅ဆီးခဏခဏ သွားတာ
✅ရေအရမ်းဆာတာ
✅အစားပြည့်ပြည့်ဝဝ စားထားပါရက် ခဏခဏ ဗိုက်ဆာတာ
✅ပြင်းပြင်းထန်ထန် ခြေကုန် လက်ပမ်းကျတာ
✅အမြင်အာရုံတွေ ဝါးတာ
✅အနာကျက်နှေးတာ
✅အစားတွေ ပိုစားပါရက် ကိုယ်အလေးချိန် ကျလာတာ
✅ခြေလက်တွေ ထုံကျဉ်တာ၊ အာရုံသိ မရှိတာ
💥ဆီးချိုက ကုသ ပျောက်ကင်းနိုင်တယ်💥
ဆီးချိုက နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်ပြီး အခုထိ ဆီးချိုကို ကုသပျောက်ကင်းစေနိုင်တဲ့ ကုထုံး မရှိသေးပါဘူး။ ဒါပေမယ့် ဆေးဝါးတွေ၊ မှန်ကန်နေထိုင်ပုံတွေနဲ့ဆိုရင်တော့ ဆီးချိုရောဂါကို ထိန်းထားနိုင်ပါတယ်။
💥ဆီးချိုက ဘယ်သူတွေမှာ ဖြစ်နိုင်လဲ❓
ဆီးချိုက လူတိုင်းလိုလိုမှာ ဖြစ်နိုင်ပေမယ့် အခုလို လူတွေမှာတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။
✅ဆီးချိုအကြို လက္ခဏာ ခံစားနေရသူတွေ
✅ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေသူတွေ
✅အသက် ၄၅ နှစ် အထက် ရှိသူတွေ
✅ဆီးချိုရှိတဲ့ မျိုးရိုးရှိရင်
✅အထိုင်များတဲ့သူတွေ
✅ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ဖူးရင်
✅ဆေးလိပ်သောက်ရင် စတာတွေပါ။
💥ဆီးချိုရဲ့ နောက်ဆက်တွဲ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ❓
ဆီးချိုရောဂါကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့
✅အမြင်အာရုံ ထိခိုက်တာ
✅ရုတ်တရက် နှလုံးရပ်တာ
✅လေဖြတ်တာ
✅ကျောက်ကပ် ထိခိုက်တာ
✅ခြေလက်တွေ ထုံကျဉ်တာ
✅ဝမ်းချုပ်တာ
✅သွေးကြောလေးတွေ ပျက်စီးတာ
✅အာရုံကြောလေးတွေ ပျက်စီးတာ
✅သွေးမစီးဆင်းနိုင်တာကြောင့် ခြေထောက်ပုပ်တာတွေ ဖြစ်နိုင်ပါတယ်။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
17/05/2023
💥နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း ၃ မျိုး💥
✳️ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ
ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။
ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။
ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ
✅ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။
✅ လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုပြီးလုပ်အောင် မိမိကိုယ်ကိုဖိအားမပေးပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ရတာမျိုးမဖြစ်သင့်ပါ။
✅ လေ့ကျင့်ခန်းကိုဖြည်းဖြည်းမှန်မှန် စတင်ဖို့လုပ်ပါ။ ချက်ချင်းကြီးမစပါနဲ့။ ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် ကြွက်သားကိုထိခိုက်နိုင်ပါတယ်။
ညီညာသန့်ရှင်းပြီး ကျယ်ဝန်းတဲ့နေရာမှာ လုပ်ဆောင်ပါ။
✅ ကြွက်သားများ၊ အရိုးအဆစ်များပျော့ပြောင်းအောင် အကြောဆန့်ခြင်းများလုပ်ဆောင်ပါ။
ခါးနာခြင်းဟာသင့်ကိုအနှောင့်အယှက်မပြုနိုင်အောင် ဒီလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
💥အကြောဆန့်ခြင်း💥
များစွာသောလေ့လာချက်များအရ အကြောဆန့်ခြင်းလေ့ကျင့်ခန်းဟာ ခါးနာခြင်းဖြစ်နိုင်ခြေရော ဝေဒနာတွေကိုပါ လျှော့ချပေးတယ်လို့ သိရပါတယ်။ ခါးနာတဲ့လူနာများဟာ ခါးတစ်ဝိုက်မှာတင်းနေပြီး မနက်ပိုင်းတွေဆိုရင် တောင့်တင်းနေတတ်ပါတယ်။ မနက်ပိုင်းမှာ အကြောဆန့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခါးနာခြင်းကိုလျော့ကျစေပြီး သက်တောင့်သက်သာ ပြန်ဖြစ်စေပါတယ်။
အကြောလျှော့လေ့ကျင့်ခန်းကို ရိုးရိုးရှင်းရှင်းလုပ်နိုင်ပါတယ်။ ကြမ်းပေါ်မှာ ဝမ်းလျားမှောက်ပါ။ ခြေထောက်များကို ဒူးဆစ်ရိုးကနေ ဖြည်းဖြည်းချင်းကွေးယူပါ။ ခါးရိုးနဲ့ ဒူးခေါင်းဟာ ကြမ်းပေါ်ကိုထိနေရပါမယ်။ ပြီးတဲ့အခါ ပခုံးကနေအားပြုပြီးရင်ဘတ်ကို ကြမ်းပြင်ကနေ မ ယူပါ။ အဲဒီအနေအထားမှာစက္ကန့် ၂၀မှ ၃၀ နေပြီးတဲ့အခါ ပုံမှန်အနေအထားကို ပြန်သွားပါ။ အသက်ကိုသက်တောင့်သက်သာရှူဖို့၊ သိပ်ပြင်းပြင်းထန်ထန် မလုပ်ဖို့ သတိပြုပါ။
💥ယောဂလေ့ကျင့်ခန်း💥
ယောဂဟာ အကြောတွေပြေစေပြီး ဟန်ချက်ညီစေဖို့ တချိန်တည်းမှာလေ့ကျင့်နိုင်တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက်လုပ်ရတဲ့ ယောဂလေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ စလုပ်ခါစ လူတွေအတွက် ကလေးပုံစံကလွယ်ကူပါတယ်။ ပထမဒူးထောက်ထိုင်ရပါမယ်။ တင်ပါးကိုဖနောင့်ပေါ် ချထားရပါမယ်။ ပြီးရင် ကိုယ်လုံးကိုလျှော့ချပြီး အရှေ့ကိုကိုင်းလိုက်ပါ။ သက်တောင့်သက်သာဖြစ်သွားချိန်မှာ လက်နှစ်ဖက်ကိုဘေးချထားပြီး ဦးခေါင်းကို ဖျာပေါ်မှာချထားပါ။ ဒီပုံစံဟာလက်မောင်းကနေပုခုံးသားအထိပြေလျော့စေပြီး ခါးဆစ်ရိုးနဲ့ တင်ပါးကိုပါ ပြောလျော့စေပါတယ်။
💥Pilates လေ့ကျင့်ခန်း💥
Pilates လေ့ကျင့်ခန်းဟာ ကြွက်သားရဲ့ ခွန်အား၊ ပျော့ပြောင်းမှု စတာကို တိုးတက်စေပါတယ်။ ကြွက်သားတွေရဲ့ ခံနိုင်ရည်ကိုတိုးတက်စေပြီး ထိခိုက်ဒဏ်ရာရရှိမှုကို
လျော့နည်းစေပါတယ်။ ရိုးရိုးရှင်းရှင်းပဲ လုပ်ဆောင်နိုင်ပါတယ်။ ပက်လက်လှဲပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။ ဒူးကိုဖြည်းဖြည်းချင်းကွေးတင်ပြီး ခြေထောက်များကိုခါးရိုးကနေတဆင့် ဖြန့်ကားပေးပါ။ ကျောကိုဖျာပေါ်မှာချထားပြီး ဗိုက်ကိုဖျော့ထားပါ။ ခါးဆစ်ကို အပေါ်ကို မ တင်ပါ။ ခါးကိုဖျာပေါ် ဖိတွန်းထားသလို ခံစားရပါလိမ့်မယ်။ ဒီအနေအထားကို ၅စက္ကန့်လောက် ထိန်းထားပြီး ပြန်လျှော့ချပါ။
လေ့ကျင့်ခန်းတွေဟာ ပုံမှန်လုပ်နိုင်မှ ထိရောက်ပါတယ်။ တစ်ဝက်လောက်လုပ်ပြီးရပ်လိုက်တာ၊ ခါးကိုအလွန်အကျွံသုံးတာရှောင်ကြဉ်ရပါမယ်။ ဘယ်လေ့ကျင့်ခန်းကသင့်တော်မယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
16/05/2023
💥ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ💥
ကိုယ်လက်ကိုက်ခဲတာကို မဖြစ်ဖူးသူက ခပ်ရှားရှားဖြစ်မှာပါ။ ကိုယ်လက်ကိုက်ခဲတာက အရွယ်မရွေး ကျားမ မရွေး ခံစားရနိုင်သလို ကိုယ်လက်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ အကြောင်း ပြောပြပေးချင်ပါတယ်။
ကဲ ….. ဘယ်လိုအခြေအနေတွေက သင့်ကို ကိုယ်လက်ကိုက်ခဲစေလဲဆိုတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာပြီဆိုရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို လေ့လာဖို့ အသင့်ပဲလား။ အသင့်ပဲဆိုရင် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ
ကိုယ်လက်ကိုက်ခဲနေရတဲ့ အကြောင်းရင်းနဲ့ သက်သာစေမယ့် နည်းလမ်းများ အကြောင်း မပြောခင် အရင်ဆုံး ကိုယ်လက်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်နော်။
✳️ကိုယ်လက်ကိုက်ခဲမှုကို ဘာတွေက ဖြစ်စေတာလဲ❓
ဒီအချက်တွေက ကိုယ်လက်ကိုက်ခဲတာကို ဖြစ်စေပါတယ်။
• ကြွက်သားတွေ အဆစ်တွေကို အလွန်အကျွံ သုံးမိတာ
ဒါက အဖြစ်များပါတယ်။ တစ်နေ့တာလုံးမှာ ကြွက်သားတွေ အရိုးအဆစ်တွေကို အလွန်အကျွံ အသုံးပြုမိမယ်ဆိုရင် အနားယူချိန် ဒါမှမဟုတ် ညဘက် အိပ်ရာဝင်ချိန်တွေမှာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
• အဖျားရှိနေတာ
ဆက်လက်ဖတ်ရှုမည်။
အအေးမိတာ၊ တုပ်ကွေးလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားနေရချိန်မှာလည်း ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်တာကြောင့် နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။
• ဆေးဝါးတွေ
အချို့သော ဆေးဝါးတွေ (ဥပမာ – သွေးကျဆေးတွေ)က ဘေးထွက်ဆိုးကျိုး အနေနဲ့ ခန္ဓာကိုယ်မှာ ကြွက်သားတွေ တောင့်တင်းတာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
• ဖောရောင်တာ
ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်တာကြောင့် ဖောရောင်တာတွေက ကြွက်သားတွေကို နာကျင်စေသလို ကိုယ်လက်ကိုက်ခဲမှုတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဖောရောင်တာကို ဖြစ်စေတာကတော့ သိုင်းရွိုက်ကျန်းမာရေးပြဿနာ ရှိနေတာ၊ မွေးရာပါနှလုံးကျန်းမာရေး အားနည်းတာ၊ အသည်းခြောက်တာ၊ အာဟာရချို့တဲ့တာနဲ့ ကျောက်ကပ်ရောဂါတွေကြောင့်ပါ။
• သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာ
သွေးထဲမှာ ပိုတက်ဆီယမ် နည်းတာက အာရုံကြောတွေနဲ့ ကြွက်သားလှုပ်ရှားမှုတွေအပေါ်မှာ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်ကိုက်ခဲတာ၊ ကြွက်တက်တာ၊ ခြေကုန်လက်ပမ်းကျတာတွေ ဖြစ်စေနိုင်ပါတယ်။
• စိတ်ဖိစီးတာ
စိတ်ဖိစီးတာက ကိုယ်ခံအား နည်းစေနိုင်သလို ခန္ဓာကိုယ်မှာ တင်းအားတွေ ဖြစ်စေပြီး ရောင်ရမ်းတာ၊ ပိုးဝင်တာတွေ အပြင် ကိုယ်လက်ကိုက်ခဲတာကိုပါ ဖြစ်စေနိုင်ပါတယ်။
• ရေဓာတ်နည်းတာ
ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ခက်ခဲစေပါတယ်။ ခြေကုန်လက်ပမ်းကျစေပြီး နာကျင်ကိုက်ခဲမှုတွေကို ခံစားရစေနိုင်ပါတယ်။
• အိပ်ရေးပျက်တာ
အိပ်ရေးပျက်တာက ကိုယ်လက်ကိုက်ခဲတာတွေကို ဖြစ်စေသလို ရှိရင်းစွဲ နာကျင်ကိုက်ခဲမှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာ များမယ်ဆိုရင်လည်း ကိုယ်လက်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။
• အဆစ်ရောင်ရောဂါ
အဆစ်ရောင်ရောဂါ ခံစားရတဲ့အခါ အဆစ်တွေ ရောင်ရမ်းလာပြီး ကိုယ်ခံအားက ကျန်းမာတဲ့ တစ်ရှူးတွေကို တိုက်ခိုက်တာကြောင့် အဆစ်တွေရောင်တာ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
✳️ဘယ်လို သက်သာအောင် လုပ်မလဲ❓
ခန္ဓာကိုယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ ကိုယ်လက်ကိုက်ခဲမှုတွေကို သက်သာစေဖို့ဆိုရင်
• အနားယူပါ
အနားယူတာက ခန္ဓာကိုယ်ကို ပြုပြင်ချိန်၊ အားဖြည့်ချိန် ပေးလိုက်တာပါ။ ဒါကြောင့် နာကျင်ကိုက်ခဲမှုတွေကို ခံစားလာရပြီဆိုရင် ခန္ဓာကိုယ်ကို အားပြန်ဖြည့်တဲ့အနေနဲ့ အနားယူလိုက်ပါ။
• ရေအပါအဝင် အရည်များများ သောက်ပါ
ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပြည့်ဝနေခြင်းက ကိုယ်ခံအား ကောင်းစေသလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေနိုင်ပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် နာကျင်ကိုက်ခဲလာပြီဆိုရင် ရေတစ်ခွက် ဝဝသောက်လိုက်ပါ။
• အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်ပါ
နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်တာပါ။ ဒီလို သောက်သုံးတာက ဆေးညွှန်းမှန်မှန် သောက်သုံးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။
• ရေနွေးနဲ့ ရေချိုးပါ
ကြွက်သားတွေ တင်းနေတာကို ပြေလျော့စေဖို့နဲ့ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ရေနွေးနွေးနဲ့ စိမ်ပြီး ရေချိုးတာပါ။ ဒီလို ရေချိုးပေးတာ ရေနွေးစိမ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေသလို နာကျင်ကိုက်ခဲတာကို သက်သာစေမှာပါ။
• ဆေးလိမ်းပါ
နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နောက်ထပ်နည်းလမ်း တစ်ခုကတော့ ဒဏ်ကြေလိမ်းဆေး လိမ်းတာပါ။ ကိုက်ခဲနေတဲ့နေရာကို ဆေးပူလေး လိမ်းပေးတာက နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် အိမ်တွင်းကုထုံး တစ်ခုပါ။
• ကိုယ်အပူချိန် ထိန်းပါ
ဖျားနေချိန်မှာ ကိုယ်ပူကြီးတာကလည်း ကိုယ်လက်ကိုက်ခဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အဖျားကြောင့် ကိုယ်လက်ကိုက်ခဲတာ ဖြစ်မယ်ဆိုရင် အဖျားကျအောင် ရေပတ်ဝတ်ကပ်ပေးတာ၊ အဖျားကျဆေးသောက်တာက နည်းလမ်းကောင်းပါ။
ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် ၁ ပတ်ကျော်တဲ့အထိ ကိုယ်လက်ကိုက်တာက မသက်သာဘူးဖြစ်မယ်။ ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။
✅မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စများ လွတ်လပ်စွာတိုင်ပင်နိုင်ရန် Join ပါ။
https://www.facebook.com/groups/286297893731723/?ref=share_group_link
ဒိဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့ ရေးသွားပေးပါ 😍
🇲🇲 AL-TAQWA
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Kamaryut
Yangon