BEYOU.tiful - Beauty & Personal Care Myanmar
Website Link - https://beyoutifulmm.com Being ordinary is not in our DNA so we ensure that EVERY product is tested and curated by Phyu. Amazing? That's not it.
And our brands will be coming from every corner of the world and will be shipped directly to your doorstep. BEYOU.tiful is founded by two amazingly strong and independent women, who are BEYOU.tiful in their own ways, and a gentleman, who is an advocate of women empowerment. We want you, ladies & gents, to get on board with our journey to be BEYOU.tiful and transform the traditional beauty standards, norms, and trends with our fresh approach to celebrate ourselves. Let's be our own kind of BEYOU.tiful Are you ready?
03/09/2026
Hello!! Mixsoon ရဲ့ Essence လေးတွေကို အခု Flash Sale အနေနဲ့ ဒီနေ့ညနေ 6နာရီကနေ မနက်ဖြန် ညနေ 6နာရီအထိ 40% Off အထိ ချပေးထားတာမလို့ အမြန်လေးလာမှာလိုက်တော့နော်🫶🏻
Exp date လေးတွေက်ို တစ်ပုံချင်းစီမှာမင်ရေးပေးထားမယ်နော် 🫶🏻
03/09/2026
ကဲဒီနေ့မှာတော့ Combination Skin Type လေးတွေအတွက် မင်တို့ Beyoutiful မှာရနိုင်တဲ့ Products လေးတွေနဲ့ Skincare Recommendationလေး လုပ်ပေးမယ်နော် 🫶🏻
Skinfood Mugwort Cleanser
Combination Skin သမားတွေအတွက် မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ ချွေးပေါက်ပိတ်စေတဲ့အဆီတွေကို သန့်စင်ပေးပြီး မျက်နှာအသားအရေကို fresh ဖြစ်ချင်တယ်ဆိုရင်တော့ Skinfood ရဲ့ Mugwort Cleanser လေးကိုသုံးပေးနော် ✨
ဒီ Mugwort Cleanser ထဲမှာက Mugwort Extract ပါဝင်လို့ အသားအရေကို ကြည်လင်စေပြီး ဝက်ခြံနဲ့ အဆီပြန်တာကို သက်သာစေတဲ့အပြင် Skin barrier ကို အားကောင်းစေပါတယ် အသားအရေ နီရဲရောင်ရမ်းတာကို သက်သာစေပြီး မျက်နှာသစ်ပြီးတဲ့အခါ အသားအရေကို လန်းဆန်းစေပြီးစိုစိုအိအိလေးကျန်နေခဲ့စေပါတယ် ✅
APLB Niacinamide Facial Toner
Combination Skin သမားတွေအတွက် အဆီနဲ့ရေဓာတ်ကို Balance ဖြစ်စေပြီး အသားအရေကို Brightening ဖြစ်ချင်တယ်ဆိုရင် APLB ရဲ့ Niacinamide Facial Toner ကို သုံးပါနော်❤️
ဒီ Toner ထဲမှာက Niacinamide နဲ့ Glutathione ပါဝင်လို့ နေလောက်ကွက်တွေ အမဲစက်တွေ နဲ့ အမာရွက်တွေကို သက်သာစေတဲ့အပြင် ချွေးပေါက်ကျယ်တာတွေကိုလဲ သက်သာစေတယ်❤️
Skin -Texture လေးကိုလဲ ချောမွေ့စေတဲ့အပြင် Texture လေးက ပေါ့ပေါ့ပါးပါးနဲ့ စိမ့်ဝင်လွယ်တာမလို့ Combination Skin သမားတွေ ဖြစ်တတ်တဲ့ ချွေးပေါက်ပြသာနာတွေအတွက် သင့်တော်တဲ့ Toner လေးဘဲ ဖြစ်ပါတယ်နော်✅
Onion Newpair B5 Ampoule
Combination Skinတွေအတွက် အဆီပြန်တာကိုလဲ သက်သာစေမယ် ရေဓာတ်ကိုလဲ ဖြည့်ပေးပြီး အသားအရေကို ကြည်ချင်တယ်ဆိုရင်တော့ Isntree ရဲ့ Onion Newpair B5 Ampoule လေးကို Try ကြည်ဖို့ recommendပေးပါတယ်နော်။
ဒီ Ampoule ထဲမှာက Muan Red Onion Extract 85% တောင်ပါဝင်လို့ အဆီပြန်တာကို ထိန်းပေးတဲ့အပြင် ရေဓာတ်ကိုလဲ အပြည့်အဝ ဖြည့်ပေးပါတယ် Panthenol လဲ ပါဝင်တာကြောင့် ထိခိုက်လွယ်ပြီး ပျက်စီးနေတဲ့ Skin barrier ကို ပြုပြင်ပေးတယ် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက်တွေ အမာရွက်တွေကိုလဲ သက်သာစေတဲ့အပြင် Skin Tone ကိုလဲ လင်းစေတယ်။
သူ့ရဲ့ Texture လေးကလဲ ပေါ့ပေါ့ပါးပါးနဲ့ စိမ့်ဝင်လွယ်လို့ Combination Skin ပိုင်ရှင်လေးတွေအတွက် ကွက်တိပါဘဲနော်။ 🫶🏻
Skinfood Blue Chamomile Cream
Combination Skin ဖြစ်လို့ Moisturizer ရွေးရခက်နေတဲ့သူတွေဆိုရင် အဆီမပြန်ဘဲ ရေဓာတ်ကို ထိန်းညှိပေးတဲ့ Lightweight & Hydrating ဖြစ်စေမယ့် Skinfood ရဲ့ Blue Charmomile Cream လေးကို သုံးကြည့်ပါနော်။ 😍
ဒီ Cream လေးက ခြောက်သွေ့တဲ့နေရာတွေကို လိုအပ်တဲ့ Moisture ဖြည့်တင်းပေးလို့ မျက်နှာတစ်ခုလုံးရဲ့ အဆီနဲ့ရေဓာတ်ကို balance ဖြစ်စေတယ် ✅
Gel-Cream Texture မို့ လိမ်းလိုက်ရင်လဲ စေးကပ်တာမျိုး မဖြစ်ဘဲ စိမ့်ဝင်လွယ်တယ်။
Azulene လဲပါဝင်လို့ အသားအရေ ယားယံတာ နီမြန်းတာတွေကို သက်သာစေပြီး ဝက်ခြံထွက်လွယ်တဲ့ Combination Skin သမားတွေအတွက် ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်မှာကို စိတ်ပူစရာမလိုတော့ဘူးနော် 🫶🏻
Onion Fluid Sunscreen & Onion Sunstick
T-zone အဆီပြန်တတ်တဲ့ Combination Skin သမားတွေ အတွက် ပေါ့ပါးပြီး အဆီမပြန်တဲ့ Sun Care မျိုး ရှာနေရင်တော့ ဒီ Onion Fluid Sunscreen နဲ့ Sunstick လေးကို သုံးလို့ ရပါတယ်နော် Onion Extract ပါဝင်တာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်လေးတွေကိုပါသက်သာစေပါတယ်နော် ✅
Skinfood Acorn Daily Mask
Combination Skin သမားတွေအတွက် အဆီမပြန်ဘဲ လိုအပ်တဲ့ရေဓာတ်ကို ပြည့်ဝနေစေဖို့အတွက်ဆိုရင် Skinfoodရဲ့ Acorn Daily Mask လေးကို သုံးကြည့်နော်
Skinfood ရဲ့ Acorn Daily Maskလေးက T-zone မှာဖြစ်တတ်တဲ့အဆီပိုထွက်တာကို ထိန်းညှိပေးပြီး ချွေးပေါက်ကျဉ်းစေပါတယ် ရေဓာတ်ကို မျှတအောင်ဖြည့်ပေးတာကြောင့် အဆီပြန်တဲ့နေရာတွေကို အဆီပိုတွေမထွက်စေဘဲ အသားအရေကို စိုစိုအိအိလေးနဲ့ Fresh ဖြစ်စေပါတယ်နော်❤️✨
02/09/2026
အသားဖြူချင်တဲ့ beauties လေးတို့အတွက် APLB ရဲ့ Glutathione Niacinamide Body Wash လေးကို စမ်းသုံးကြည့်ဖို့ Recommend ပေးပါတယ်နော် ✨
[5သောင်းခွဲတန် Body Wash Giveaway 3ဗူး + special promotion code]
အသားလည်းဖြူချင်တယ် ပြန်မဲသွားမှာလည်းကြောက်တယ်ဆိုရင် APLB ရဲ့ Glutathione Niacinamide Body Wash ကိုသုံးကြည့်ဖို့ recommend ပေးပါတယ်။ ကျွန်တော်သုံးဖူးသမျှ အသားဖြူဆပ်ပြာတွေထဲမှာ ဒီဟာက အသိသာဆုံးနဲ့ အကောင်းဆုံးလို့တောင်ပြောလို့ရတယ်။ အရင်က kojic acid အသားဖြူဆပ်ပြာတွေသုံးပေမယ့် အခုနောက်ပိုင်းမသုံးဖြစ်တော့ဘူး။ kojic acid အသားဖြူဆပ်ပြာတွေက အသားကိုဖြူစေပေမယ့် သူတို့ကို သုံးပြီးရင် အကြောင်းအရင်းမရှိပဲ ပြန်ပြန်မဲသွားတတ်တယ်ရယ်။ ပြီးတော့ သုံးတာကြာလာရင် အရေပြားကပါးလာပြီး sensitive ဖြစ်လာတယ်လို့လည်း ခံစားရတယ်။ ရေချိုးပြီးတိုင်း အသားက တင်းခြောက်နေပြီး lotion လိမ်းထားရင်တောင် စိုစိုပြေပြေမရှိပဲ မွဲခြောက်ခြောက်ကြီးဖြစ်နေတာကို သတိထားမိလာပြီးနောက်ပိုင်းမှာ kojic acid ဆပ်ပြာတွေသုံးတာကို လုံးဝရပ်လိုက်တယ်။ ရပ်လိုက်ပြီးနောက်ပိုင်းမှာ body sunscreen ပုံမှန်လိမ်းရဲ့သားနဲ့တောင် အသားကသိသိသာသာကို မဲမဲလာတာ။
ရေချိုးဆပ်ပြာကြောင့် မဲလာတာမို့ ဆပ်ပြာပြောင်းသုံးဖို့အတွက် kojic acid မပါတဲ့ အသားဖြူဆပ်ပြာကိုရှာရင်းနဲ့ ဒီ APLB Glutathione Niacinamide Body Wash ကိုတွေ့တာပါ။ အမှန်အတိုင်းပြောရရင် ဒီ ရေချိုးဆပ်ပြာကို စစသုံးချင်းမှာ လုံးဝသဘောမကျမိပါဘူး။ Kojic acid ဆပ်ပြာတွေပဲ သုံးခဲ့တော့ ဒီ ရေချိုးဆပ်ပြာက kojic acid ဆပ်ပြာတွေလောက် အမြှုပ်ဒလောဟောကြီးမထွက်တော့ သုံးရတာ သိပ်အားမရခဲ့ဘူး။ ချွဲလည်း ချွဲတော့ ဆပ်ပြာအရွေးမှားပြီလို့ကိုတောင် ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ကိုယ်သဘောမကျမိတဲ့ အချက်တွေက ဒီ ရေချိုးဆပ်ပြာရဲ့ အားသာချက်တွေဖြစ်နေတာကို သုံးနေရင်းနဲ့မှသိလာတာ။ သူက တခြား acid exfoliate ဆပ်ပြာတွေလို မပြင်းပဲနဲ့ ပျော့ပျော့လေးနဲ့ကို ရှယ်မိုက်တာ။ သူ့ကိုသုံးပြီး အသားစပ်မှာ ယားမှာ ဓာတ်မတည့်ဖြစ်မှာတွေကို စိတ်ပူဖို့မလိုဘူးရယ်။ သူက ရေချိုးဆပ်ပြာတစ်ခုဆိုတာထက် body care တစ်ခုလိုမျိုးပဲ။ သူနဲ့ရေချိုးပြီးရင် အသားလုံးဝမခြောက်ဘူး body lotion ထပ်မလိမ်းရင်တောင်မှ အသားက မွဲခြောက်ခြောက်ကြီးဖြစ်မနေဘူး။ သူ့ကိူ တစ်ပတ်လောက်သုံးကြည့်မိတော့ အသားသိသိသာသာ ပြန်ဖြူလာတယ်။ သူ့ကိုသုံးပြီးဖြူတာက အရင် kojic acid ဆပ်ပြာသုံးပြီးဖြူတာမျိုးနဲ့ မတူဘူး အသားအရေက စိုပြေကြည်လင်ပြီး ကြည့်လို့ကောင်းတယ်ရယ်။ ဒီလို သိသာတဲ့ results ကောင်းတွေကို မြင်ရတော့မှ ဒီဆပ်ပြာကို စပြီးသဘောကျလာတာပါ။
နောက်ထက် သဘောကျမိတဲ့အချက်က body ance သက်သာတာပါ။ ကျွန်တော် အရင်က body ance ခဏခဏ ထွက်ပါတယ်။ ထွက်လိုက်ပျောက်လိုက်နဲ့ body ance က သံသရာလည်နေတာပါ။ ဒီ ဆပ်ပြာသုံးပြီးနောက်ပိုင်းမှာ body ance လုံးဝမထွက်တော့တာကို သတိထားမိတယ်။ body ance ကြောင့်ကျန်ခဲ့တဲ့ အမာရွတ်နဲ့အမဲစက်လေးတွေပါ ပျောက်သွားတာပါ။ (ဒါက body ance အတွက်ပဲ သုံးလို့ရတာပါ မျက်နှာမှာပေါက်တဲ့ ance အတွက် သုံးလို့မရပါ)။ သူ့မှာ အသားဖြူစေတဲ့ ingredient တွေဖြစ်တဲ့ Glutathione နဲ့ Niacinamide ပဲပါတာမဟုတ်ပဲ soothing and calming ဖြစ်စေတဲ့ Centella Asiatica Leaf Water လို ingredient မျိုးတွေပါ ပါလို့ နေလောင်ပြီး အသားနီတာမျိုး စပ်တာမျိုးဆိုရင် သူ့ကိုသုံးပြီးရေချိုးလိုက်တာနဲ့တင် ခဏအတွင်းမှာ အသားနီတာ စပ်တာကို သက်သာစေပါတယ်။ တစ်ခါက ကျွန်တော် body sunscreen မလိမ်းပဲ ရေကူးမိတာ ရေနဲ့နေနဲ့ပေါင်းပြီး အသားကနေလောင်ပြီးစပ်နေတာ သူ့နဲ့ရေချိုးပြီး soothing gel လိမ်းလိုက်တာ နောက်နေ့ကျတော့ နေလောင်တာလုံးဝသက်သာသွားတယ်ရယ်။ဒီရေချိုးဆပ်ပြာက အနံ့မမွှေးပါဘူး သူ့အနံ့က ဆေးအနံ့နဲ့တူပါတယ်။ သူ့ရဲ့ result ကအရမ်းကောင်းတာမို့ ကျွန်တော်ကတော့ အနံ့မွှေးတာမမွှေးတာကို စိတ်ထဲမထားတော့ပါဘူး။
ဒီ ရေချိုးဆပ်ပြာကို ဘယ်လိုလူတွေအတွက် ကျွန်တော် recommend ပေးလဲဆိုရင် အသားဖြူချင်တဲ့သူတွေ ၊ သုံးတာရပ်လိုက်ရင်တောင် ဖြူနေတဲ့အသားကို ပြန်မမဲချင်တဲ့သူတွေ ၊ ရေချိုးပြီးအသားခြောက်တာကို မကြိုက်တဲ့သူတွေ ၊ သာမာန်ရေချိုးဆပ်ပြာနေရာမှာ body care ကောင်းကောင်းတစ်ခုကို အစားထိုးချင်တဲ့သူတွေ ၊ body ance ထွက်တတ်ပြီး အရေပြားက sensitive ဖြစ်လွယ်တဲ့သူတွေကို ဒီရေချိုးဆပ်ပြာ သုံးကြည့်ဖို့ recommend ပေးပါတယ်။ ရေချိုးဆပ်ပြာဆိုရင် ရွှေဝါတို့ ကာဘောလစ်တို့လို အမြှုပ်ဒလဟောထွက် မှကြိုက်တာတို့ ၊ အနံ့မွှေးမှ သဘောကျတာတို့ဆိုရင်တော့ ဒီဆပ်ပြာကို သုံးဖို့ recommend မပေးပါဘူးနော်။ သူက 300ml ပါတာကို ဈေးက 5သောင်းဝန်းကျင်ပေးရတာမို့ budget save တော့မဖြစ်ပေမယ့် ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ result တန်တာမို့ ကျွန်တော်ကတော့ ဘယ်အသားဖြူဆပ်ပြာနဲ့ဘဲ ယှဉ်ယှဉ် ဒီ APLB ရဲ့ဆပ်ပြာကိုပဲရွေးမှာပါ။
ဒီ APLB Glutathione Niacinamide Body Wash ကိုစိတ်ဝင်စားလို့ဝယ်ချင်ရင်တော့ BEYOU.tiful - Beauty & Personal Care Myanmar မှာမေးဝယ်လို့ရပါတယ်ဗျ။
ကျွန်တော့်ရဲ့ followers လေးတွေအတွက် အထူး special promotion လည်းရှိပါတယ်။ ဒီ July 15 ရက်နေ့ကနေ 31 ရက်နေ့အတွင်းမှာ KHANT_05 ဆိုတဲ့ code လေးကို သုံးပြီး ဒီ Body Wash လေးကို ဝယ်မယ်ဆိုရင် လျှော့ဈေးလေးတွေနဲ့ ဝယ်ယူလို့ရမှာပါ။ ဒါက ကျွန်တော့် followers လေးတွေပဲ သီးသန့်ဝယ်ခွင့်ရှိတာပါ။
Giveaway လေးမှာ ပါဝင်ဖို့အတွက် ဒီ post လေးကို react လေးပေးပြီး comment မှာ တစ်ခုခုမန့်ခဲ့ပေးရင်းပါပြီဗျ။ Giveaway က 3ယောက်စာ 3ဗူးရွေးပေးမှာပါ။
01/09/2026
အကုန်လုံးစောင့်မျှော်နေကြတဲ့ Green Tea Line လေး Instock လေးတွေပြန်ဝင်ထားပါပြီရှင့် ❤️✨
Isntree ရဲ့ Green Tea Line ထဲမှာက Jejuကျွန်းထွက် Green Tea Leaf Extract အဓိကပါဝင်တာမလို့ သဘာဝအတိုင်း အဆီပြန်တာကို ထိန်းပေးပြီး အဆီပြန်ပြီးဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်နော်✅
Isntree Green Tea Fresh Cleanserလေးက Green Tea Extract, 4 types of Hyaluronic Acid နဲ့ Centella Asiaticaတို့ပါဝင်ပြီး မျက်နှာသစ်ပြီးတဲ့အခါမှာ ခြောက်ကပ်မသွားဘဲ အဆီဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို အညင်သာဆုံး ဖယ်ရှားပေးပါတယ်✅
Isntree Green Tea Fresh Tonerမှာဆိုရင် Green Tea Extract 80% ပါဝင်လို့ ချွေးပေါက်ကျယ်ပြီး အဆီအရမ်းပြန်သူများ၊ အဆီဖုဝက်ခြံ ခဏခဏထွက်သူများအတွက် Skin Saver လေးဖြစ်စေမှာပါနော် ✅
Isntree Green Tea Fresh Serumမှာက Green Tea Extract 77% ပါဝင်ပြီး Niacinamide နဲ့ Panthenol တို့ပါဝင်တာကြောင့် အဆီနဲ့ ရေဓာတ် မမျှတတာတွေ၊ ဝက်ခြံကြောင့်နီမြန်းယောင်ယမ်းနေတာတွေနဲ့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာစေပါတယ် 🫶🏻
Isntree Green Tea Emulsion လေးကတော့ Lightweight ဖြစ်ပြီး အသားအရေထဲကို စိမ့်ဝင်လွယ်ပါတယ် အသားအရေအတွင်းပိုင်းထဲထိ ရေဓာတ် အပြည့်အဝဖြည့်ပေးတာကြောင့် အဆီပြန်သမားများအတွက်လဲ အသုံးပြုရအဆင်ပြေစေပါတယ်နော်✨
အခု ဒီGreen Tea Line လေးထဲက Cleanser, Toner, Emulsion တွေအကုန် Full Size တွေ Instock လေးပြန်ရောက်ထားတာမို့ Green Tea Series Lover လေးတွေအတွက် လက်မနှေးဘဲ Page လေးမှာအမြန် မှာယူလို့ရပါပြီနော်❤️✨
Luv Hug Velvet Tint No.3 Share အရောင်လေးကို Swatches လေးစမ်းပြထားပါတယ်ရှင်❤️✨
31/08/2026
ဒီနေ့မှာတော့ Mask ကပ်ရတာကြိုက်တဲ့ Beauties လေးတို့အတွက် Skinfood ရဲ့ Daily Masks လေးတွေနဲ့မိတ်ဆက်ပေးပါမယ်နော်။ Skinfood ရဲ့ Mask လေးတွေက အသားပါးပါးလေးနဲ့ ကပ်ရတာအဆင်ပြေစေပြီး အသားအရေထဲကို စိမ့်ဝင်လွယ်စေပါတယ်နော် ✨
1.Acorn Pore Peptide Daily Mask
Acorn Pore Peptide Daily Mask မှာက Main ingredient အနေနဲ့ Acorn Extract ပါဝင်ပြီး ချွေးပေါက်ကျယ်တာကို သက်သာစေပြီး Skin Texture ကြမ်းနေတာမျိုးကို ပိုမိုချောမွေ့လာစေပါတယ် အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး Peptide ပါဝင်တာကြောင့် Skin Elasticityကို တိုးမြင့်ပေးပြီး အသားအရေကို တင်းရင်းစေပါတယ် ✅
-ချွေးပေါက်ကျယ်တဲ့သူတွေ skin texture မညီတဲ့သူတွေကတော့ ဒီAcorn Daily Mask လေးကို ရွေးနော် ✅
�Dark - Spot Clear Yuja C Vita Daily Mask �Yuja extract ကြောင့် antioxidant နဲ့ အမဲစက်တွေကို သက်သာစေပြီး အသားအရေကို ကြည်လင်ဝင်းပစေပါတယ်
Niacinamide ပါဝင်လို့ skin tone ကိုညီစေတဲ့အပြင် အဆီကိုလည်းထိန်းပေးတာကြောင့် ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ် ✅
-အသားအရေမညီညာတဲ့သူ၊ အမဲစက်ကိုသက်သာစေပြီး Skin Tone တစ်ဆင့်လင်းချင်တဲ့ သူလေးတွေကတော့ ဒီ Yuja Daily Mask လေးကိုရွေးနော်
�Rice Brightening Daily Mask �Rice Brightening Daily Mask လေးကတော့ Rice Extract ပါဝင်ပြီး အသားအရေကို ကြည်လင်တောက်ပပြီး နူးညံ့စေတယ် Rice Brightening Mask ဆိုတဲ့အတိုင်း အသားဖြူပြီးကြည်စေပါတယ်နော်
-အသားဖြူပြီးကြည်ချင်တဲ့သူတွေ နဲ့ နေလောင်ဒဏ်ကြောင့် အသားအရောင်မညီတာတွေကို ဿက်သာစေချင်ရင်တော့ Rice Brightening Daily Maskလေးက The Best Choice ပါရှင် ✅
4.Carrot Carotene Daily Mask
Carrot Root Extract အဓိကပါဝင်လို့ မျက်နှာအသားအရေကို ကြည်လင်ဝင်းပကျန်းမာစေပါတယ် အသားအရေ tone မညီညာတာ၊ မွဲခြောက်တာတွေသက်သာစေပြီး skin barrier ကို support ပေးတယ် Beta Carotene ကြောင့် နီမြန်းတာတွေကို သက်သာစေပြီး Soothing & Calming effect ကိုရစေပါတယ်နော်
-အသားအရေနီမြန်းလွယ်တဲ့ Sensitive Skin ပိုင်ရှင်လေးတွေနဲ့ ဝက်ခြံထွက်တတ်တဲ့ သူလေးတွေကတော့ Carrot Daily Maskလေးကိုသုံးကြည့်ပါနော် ✅
5.Potato Madecassoside Daily Mask
Potato Extract က Main ingredient အနေနဲ့ပါဝင်တဲ့အတွက်ကြောင့် အသားအရေကို Soothe / Hydrate ဖြစ်စေပါတယ်။ Skin barrier ကိုအတွက်အထောက်အကူပြုပေးပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်လေးတွေကို သက်သာစေပါတယ်နော် ✅
-အသားအရေမွဲခြောက်ပြီး ဝက်ခြံအမာရွတ်တွေကိုသက်သာစေချင်တဲ့သူတွေနဲ့ နေ့စဥ်အသားအရေကို Soothing နဲ့ Hydration လိုချင်တဲ့သူတွေအတွက် Potato Daily Mask လေးဆောင်ထားနော်❤️✨
31/08/2026
Aug Special Sales က ဒီနေ့လေးက last day မို့ payday နဲ့ ကွက််တိ လိုချင်တာလေးတွေ ရှိရင် မင်တို့ကို လာ hello လိုက်ပါနော် 🤩🤩🫶🏻
30/08/2026
Beauties တို့ရဲ့ တစ်နေ့တာကို Skinfood Products တွေနဲ့အတူ ဖြတ်သန်းလိုက်ကြရအောင် ❤️
မနက်ခင်းမှာ ပေါ့ပါးပြီး တစ်နေ့ကုန်အသားအရေလေး ကြည်လင်ဝင်းပနေဖို့ Skinfood ရဲ့ ဘယ်Products သုံးသင့်လဲဆိုတာ မင်မင် recommend လုပ်ပေးမယ်နော်✅
Step 1- Cleanser
ညကလိမ်းထားတဲ့ skincare အညစ်အကြေးတွေအတွက် Skinfood ရဲ့ Mugwort Cleaning Foam နဲ့ Wild Berry Cleansing Foam လေးတွေရှိမယ်နော်✅
Step 2 - Toner
မျက်နှာသစ်ပြီးရင် အသားအရေကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေမဲ့ Skinfood ရဲ့ Carrot Carotene Soothing Toner, Carrot Carotene Calming Water Pad နဲ့ Potato Madecassoside Soothing Pad လေးတွေရှိမယ်နော်✅
Step 3 - Daily Mask
မိတ်ကပ်သားလေးတစ်နေ့ကုန်ခံစေပြီး မျက်နှာလေး အစိုဓာတ်ပြည့်ဝနေစေဖို့အတွက် Skinfood ရဲ့ Daily mask ထဲမှာ Rice, Carrot, Acorn, Yuja C နဲ့ Potato Madecassoside 5မျိုးတောင်ရှိတာမလို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာလေး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်နော် ✅
Step 4 - Moisturizer
အသားအရေရဲ့ အစိုဓာတ်ကို ပိုမိုဖြည့်တင်းစေဖို့အတွက် Skinfood ရဲ့ Blue Chamomile Hyaluronic Cream လေးကိုတော့ မဖြစ်မနေလိမ်းပေးရမယ်နော် ✅
Step 5 - Sunscreen
မနက်ခင်း skincare step မှာမပါမဖြစ် SPF Step လေးအတွက် Skinfood ရဲ့ Berry Moisturizing Sun Cream လေးရှိမယ်နော် Light weight texture လေးကြောင့် အသားအရေထဲ စိမ့်ဝင်လွယ်ပြီး White Cast ကျန်ခဲ့ခြင်းလုံးဝမရှိပါဘူးရှင် ✅
ကဲ ဒါဆိုရင် ညပိုင်း step လေးတွေကြည့်လိုက်ရအောင်
ညပိုင်းမှာတော့ Double Cleansing Step ကိုမဖြစ်မနေလုပ်ပေးရမယ်နော် ✨
တစ်နေ့တာ မိတ်ကပ်နဲ့ ဖုန်အညစ်အကြေးတွေကို အရင်ဆုံးသန့်စင်ပေးပါ။ အသားခြောက်ရင် Wild berry Cleansing Foam ၊ အဆီပြန်ရင် Mugwort Cleansing Foam 2 မျိုးရှိတာမို့ စိတ်ကြိုက်ရွေးလို့ရတယ်နော်
မျက်နှာအသားအရေလေး ဝင်းပနေဖို့ဆိုရင် Exfoliate Effect ပါဝင်တဲ့ Wash Off Mask ဆိုရင်တော့ Skinfood ထဲမှာ အသားခြောက်တဲ့သူအတွက်ဆို Rice Wash off Mask လေးရယ်၊ အဆီပြန်တဲ့သူအတွက်ဆိုရင် Egg White Pore Mask လေးတွေရှိမယ်နော် ✨🫶🏻
Moisturizing ဓာတ်အပြည့်အဝ ရဖို့ Blue Chamomile Hyaluronic Cream လေးကို ထပ်လိမ်းပေးရမယ်နော် ❤️
နောက်ဆုံး step အနေနဲ့ Daily Sheet Mask လေးကပ်ပြီး skin ကို Relax လုပ်ဖို့အတွက် Skinfood ရဲ့ Carrot Carotene Mask, Potato Madecassoside Mask နဲ့ Rice Brightening Mask တွေရှိပါတယ် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့Mask လေးတွေရွေးချယ်အသုံးပြုနိုင်ပါတယ်နော်❤️
Skinfood နဲ့အတူ Daily Glow Skin လေးအရယူလိုက်ကြရအောင်နော်❤️
29/08/2026
နေ့စဉ် သဘာဝကျကျလှနေဖို့အပြင် ပွဲတက် look တွေအတွက်ပါ ကွက်တိဖြစ်စေမယ့် UNLEASHIA Eyeliner လေးတွေက မိန်းကလေးတိုင်းအတွက်မရှိမဖြစ် Item လေးနော် ✨
UNLEASHIA Eyeliner လေးတွေက Waterproof & Smudge-proofဖြစ်ပြီးတော့ ကိုယ်ရဲ့ Makeup Look ကို တစ်နေ့ကုန်သဘာဝကျကျလှပနေစေမှာပါနော် ✅
Daily Look အတွက်လဲအဆင်ပြေပြီး Eye LIner ရဲ့ထိပ်ဖျားလေးက Flat ဖြစ်ပြီး ဆွဲရလွယ်ကူတာကြောင့် အခုမှ မိတ်ကပ်စလိမ်းတဲ့Beginner တွေကအစ သုံးရတာလွယ်ကူစေပါတယ် ❤️
�Deep Black လေးကDaily Look တွေမှာ မျက်ဝန်းနက်နက်လေးပိုင်ဆိုင်ဖို့ဆိုရင် မရှိမဖြစ်ဆောင်ထားသင်တဲ့အရောင်လေးနော်✅� �Mood Brownလေးကတော့ Korean Makeup Look တွေကို သဘောကျတဲ့သဲသဲလေးတို့အတွက် သဘာဝကျကျနဲ့ Soft-Daily Look လေးတွေလိမ်းတဲ့အခါ အသုံးဝင်စေမှာပါနော်✨�
Daily look အတွက် Black လား? Soft Brown လား? ဘယ်အရောင်လေးကိုပိုကြိုက်လဲ မန့်ခဲ့နော်🫶🏻🫶🏻
27/08/2026
Hello, Hello!!! ဒီနေ့မှာတော့ Parnell Cicamanu Serum Cushion ရဲ့ Shade တွေထဲကမှ 29C ၊ 30N ၊ 30W ရဲ့ Shade လေးတွေအကြောင်းမင်မင်ကပြောပြပေးသွားမယ်နော်🫶🏻
ပုံမှန်ဆိုရင် 29, 30 Shade လေးတွေက အရမ်းညိုတယ်လို့ထင်ကြပြီးသိပ်မသုံးရဲ့ကြဘူးပေါ့နော် Parnell Serum Cushion လေးရဲ့ 29C, 30N, 30W Shade လေးတွေကတော့ အရမ်းညိုတဲ့ထဲမပါပဲ မြန်မာအသားအရေတွေအတွက် အရမ်းကိုအဆင်ပြေသော Shade လေးတွေပါနော် ❤️
Shade 29C ( Cool Sand) - 29Cလေးက Cool Undertone ကိုမှညိုတဲ့ ဘက်ကိုသွားတဲ့သူတွေအတွက် shade လေးပါနော်✅
Shade 30N ( Rich Beige) - အသားညိုပြီး Neutral undertone ရှိတဲ့သူတွေအတွက် အဆင်ပြေစေတဲ့ Shadeလေးပါနော် ✅
Shade 30W ( Golden Beige) - အသားညိုပြီး Warm Undertone ရှိတဲ့ မြန်မာအသားအရေတွေအတွက် အကိုက်ဆုံး shade လေးပါနော် ✅
ကိုယ်နဲ့ကော ဘယ် shade လေးကအလိုက်ဆုံးဖြစ်မယ်ထင်လဲ??
29C, 30N, 30W လေးတွေက အခု 10% off Promotion ရှိနေတာမလို့ page chat box မှာအမြန်လာ order လေးတင်ထားလိုက်တော့နော်❤️✨
Category
Telephone
Website
Address
Yangon