Dr.Min Health Q and A

Dr.Min Health Q and A

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Min Health Q and A, Health/Beauty, Yangon.

ကျန်းမာရေး ပညာပေးတွေဖတ်ချင်ရင် follow လုပ်ထားပါ
ခင်မင်တဲ့သူတွေအတွက် like and share သွားပေးပါ
ဆရာဝန်လင်မယားရေးတာပါ
Teleconsult လက်ခံပါတယ်
Warmly welcome
ကျန်းမာရေး ပြဿနာ အထွေထွေ အတွက်
Cb မှာ booking တင်ပါ

17/04/2025

ဒူးနာတယ်ဆိုတာ အရွယ်သုံးပါးမရွေး ဖြစ်ဖူးတတ်ကြပါတယ်..

ငယ်တဲ့ သူတွေအတွက် သိပ် ဒုက္ခမပေးပေမဲ့ အသက်အရွယ်ရလာသူတွေ အတွက်တော့ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ရပြီး quality of life ကိုကျစေပါတယ်

☝️ဘာကြောင့် ဒူးနာရသလဲ??

ဒူးဆစ်အတွင်းမှာရှိတဲ့ အရိုးနု အရွတ်လေးတွေ ဒဏ်ဖြစ်မယ်
အရိုးပွခြင်းကြောင့် ဒူးဆစ်ရိုး ယောင်ယမ်းနာကျင်မယ်

☝️ဘာတွေက ဒူးနာခြင်းကိုပိုဆိုးစေသလဲ??

ကိုယ်ခန္ဓာအလေးချိန်တက်လာတဲ့ အခါ ဒူးက ခန္ဓာကိုယ်တခုလုံးကို ထိမ်းပေးထားရတဲ့အတွက် ဝန်ပိလာပြီး နာတတ်ပါတယ်
ဒူးကို ထိခိုက်ဒဏ်ရာရဖူးမယ်
⁃ ဒူးကို ဒဏ်ဖြစ်စေတဲ့ အလေးအပင်မခြင်း လှေခါးအတက်အဆင်းများခြင်းတို့က ဒူးနာခြင်းကို ပိုဆိုးစေပါတယ်
- ကြမ်းပြင်ပေါ်ထိုင်ပြီး ပြန်ထရင် ဒူးကို အားပြုရတာမို့ အမြငိ့မှာပဲ ထိုင်ပေးပါ

✅ဘယ်လိုနေရင် သက်သာမလဲ??

ဒူးနာပြီဆို နားနားနေနေ နေပါ
ရေခဲကပ်ပါ
ဆားကျပ်ထုပ်လေးလဲ တလှည့်စီထိုးပေးလို့ရပါတယ်
ခန္ဓာကိုယ် အလေးချိန်ကို မများအောင်ထိမ်းထားပါ
လမ်းကို ပုံမှန်လျှောက်ခြင်းဟာ ဒူးကြွက်သားတွေက်ို သန်မာစေပါတယ်

✅✅ ဘာတွေဖြည့်စွက်စားသောက်နိုင်သလဲ??

ကိုယ်အလေးချိန်မတက်အောင် balanced diet စားပေးဖို့လိုပါတယ်။

အရိုးနု ကျန်းမာရေးအတွက် collagen ကို ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးနိုင်တဲ့ Omega 3 ကြွယ်ဝတဲ့ အစားအသောက်တွေ ဆေးဝါးတွေမှီဝဲလို့ရတယ်။

အရိုးပွ အရိုးပါးခြင်းကို ဟန့်တားပေးနိုင်တဲ့ Calcium နဲ့ Vitamin D3 တို့ကလဲ လိုအပ်ရင် ဖြည့်စွက်ပေးဖို့လိုပါတယ်

ကိုယ် ဒူးနာနေတာကို သက်သာအောင် အကိုက်ခဲပျောက်ဆေးတွေပဲ စွဲသောက်နေတာမျိုး မလုပ်ပဲ အထက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြည့်ပါ

ဒါတွေနဲ့မှ မသက်သာဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာစမ်းသပ်ပြသ ကုသဖို့လိုပါတယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်

ဒေါက်တာရတနာ
11.4.2025

Dr Yadanar page မှ orginal post များကို လွတ်လပ်စွာရှဲ နိုင်ပါသည်..မိမိ wall တွင် တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသည်းခံပါရှင်

Messager မှာ page admin ကသာ reply လုပ်တာဖြစ်တဲ့ အတွက် မိမိတို့ရဲ့ personal ကျန်းမာရေးကိစ္စများ သီးသန့်ဆွေးနွေးလိုပါက cb ကနေ page admin မှ တဆင့် online consultation booking ရယူနိုင်ပါတယ်

17/04/2025

ရာသီမလာလို့/ ထိန်သွားလို့ လာအောင်ဘယ်လိုလုပ်ရမလဲ?

နံပါတ်တစ် အကြောင်းရင်းက ကိုယ်ဝန်ရှိတာပါ။
ကိုယ်ဝန်စစ်ရမှာ ရှောင်လွှဲချင်တာနဲ့ ဟိုလိုဒီလို မလုပ်သင့်ပါဘူး
ကိုယ့်မှာ ကိုယ်ဝန်ရနိုင်တဲ့ အကြောင်းရင်းရှိထားရင် နံပါတ်တစ် ကိုယ်ဝန်စစ်ရမှာပါ။

ခေါင်းလျှော်ရင် ရာသီထိန်တတ်သလား?
အမျိုးမျိုးပြုစုထားတဲ့ သုတေသနတွေအရ ရာသီ ထိန်ခြင်း နည်းခြင်း များခြင်းတွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲတာဟာ အစာအဟာရ
ကိုယ်အလေးချိန် စိတ်ဖိစီးမှုတွေနဲ့ စပ်ဆက်ပါတယ်။ ဟော်မုန်းပြောင်းလဲစေတဲ့ ရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။
အဲ့လို အကြောင်းအရင်းကိုရှာပြီး လိုသလို ကုသရမှာပါ။

❌မလာတာကို အတင်းလာအောင် ဟိုဆေးဒီဆေးသောက်တာတွေဟာ ‌ဖြေရှင်းနည်းမဟုတ်ပါဘူး။

များသောအားဖြင့် အကြောင်းရင်းမရှိတဲ့ ယာယီ ခေတ္တ ရာသီထိန်ခြင်းဟာ ၆လလောက်ထိရှိတတ်ပြီး အန္တရာယ်မရှိတတ်ပါဘူး။

အစိုးရိမ်မလွန်ကြဖို့ ရာသီထိန်လို့ ဝက်ခြံထွက်တယ် အလုံးတည်တတ်တယ် စသည်ဖြင့် အတွေးမလွန်ကြဖို့နဲ့ အကြောင်းရင်း သေချာရှာဖို့ အကြံပေးချင်ပါတယ်။‌
ကုစရာရောဂါမရှိရင် ဒီတိုင်းစောင့်ကြည့်တာလည်း ကုသနည်းတစ်ခုဖြစ်တယ်လို့ ပြောပါရစေ။


.MinHealthQandA
#ရာသီထိန်ခြင်း
#ဓမ္မတာမမှန်ခြင်း

17/04/2025

အထိုင်များလို့ ခါးနာခြင်းအတွက် အိမ်တွင်းလေ့ကျင့်ခန်း 🏃‍♀️

ခါးနာတယ်ဆိုတာ အသက်ကြီးမှရယ်လို့ မဟုတ်ပါဘူး.. အခုဆိုရင် သက်လတ်ပိုင်းအတော်များများမှာလဲ ခါးနာခြင်းဝေဒနာကို ခံစားနေကြရပါတယ်..ပြင်းပြင်းထန်ထန် နာတာမျိုးမဟုတ်ရင်တောင် နေ့စဉ်ဘဝမှာ ခါးနာခြင်းကြောင့် စိတ်အနှောင့်အယှက်တော့ဖြစ်ကြပါတယ်

များသောအားဖြင့် အထိုင်များတာ.. ကိုယ်နေဟန်ထား မမှန်တာ.. အလေးအပင် ကုန်းပြီးမတာ စသဖြင့်တို့ကြောင့် ရုတ်တရက် ခါးနာ ခါးမြတ်ဖြစ်တတ်ပါတယ်

ခါးနာရခြင်းအကြောင်းအရင်းတွေကတော့ ခါးကြွက်သားတွေရောင်ရမ်းတာကြောင့် နာနိုင်သလို.. အတွင်းက ခါးရိုးဆစ်ကလေးတွေ ကျွံတာ.. အရိုးပါး အရိုးပွတာနဲ့ ခါးရိုးအာရုံကြောညပ်တာတွေကြောင့်လဲဖြစ်နိုင်ပါတယ်

ပုံမှန် အထိုင်များလို့ ကိုယ်နေဟန်ထားမမှန်လို့.. ရုတ်တရက် အလေးပင်မလိုက်လို့ နာတာမျိုးဆိုရင် စိုးရိမ်စရာမရှိပေမဲ့လဲ.. ခါးနာတာနဲ့ အတူ ခြေထောက်ကလေးတွေ ထုံလာ ကျဉ်လာမယ်.. လှဲနေတာတောင် မသက်သာပဲ နာနေတယ်..ဖျားမယ်.. ဆီးပူဆီးအောင့်ရှိမယ်.. ခါးနာနာနေပြီး ကိုယ်အလေးချိန်ရုတ်တရက်ကျသွားတာတွေရှိမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့ လက္ခဏာတွေဖြစ်တဲ့အတွက် ထိရောက်စွာပြသပြီး ကုသမှုခံယူပါ

ခါးနာခြင်းကို ကုသတဲ့နေရာမှာ အကိုက်ခဲပျောက်ဆေး.. ကြွက်သားနာသက်သာဆေးများပေးရလေ့ရှိပြီး.. လိမ်းဆေးလိမ်းခြင်း.. ရေနွေးအိပ်ကပ်ပေးခြင်း.. ကြွက်သားအကြောဆန့်လေ့ကျင့်ခန်းများပါ တွဲဖက်လုပ်ဆောင်ပေးနိုင်မယ်ဆို ပိုမိုလျှင်မြန်စွာသက်သာစေနိုင်ပါတယ်

ခါးနာတယ်ဆို အထိုင်လျော့ပါ..ထိုင်တိုင်းမှာ ကိုယ်နေဟန်ထား မှန်အောင်ထိုင်ပါ..အလေးအပင်မတာမျိုးရှောင်ပါ..မဖြစ်မနေ မ ရရင် ခါးကို မတ်မတ်ထားပြီး ထိုင်ပြီးမပါ..

အထိုင်လျော့မယ်.. အရိုးကိုအားဖြစ်စေတဲ့ အစားအသောက် အားဆေးလေးတွေသောက်.. သင့်တင့်လျောက်ပတ်တဲ့ အကြောလျော့ လေ့ကျင့်ခန်းလေးတွေလုပ်ဆောင်ရင်း မိမိရဲ့ခါးကို ဂရုစိုက်ကာ ခါးနာခြင်း ဝေဒနာကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်ရှင်

Photo credit

ဒေါက်တာရတနာ
10.4.2025

Dr Yadanar page မှ orginal post များကို လွတ်လပ်စွာရှဲ နိုင်ပါသည်..မိမိ wall တွင် တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသည်းခံပါရှင်

Messager မှာ page admin ကသာ reply လုပ်တာဖြစ်တဲ့ အတွက် မိမိတို့ရဲ့ personal ကျန်းမာရေးကိစ္စများ သီးသန့်ဆွေးနွေးလိုပါက cb ကနေ page admin မှ တဆင့် online consultation booking ရယူနိုင်ပါတယ်

1.7.2020

17/04/2025

နှစ်သစ်မှာကျန်းမာကြပါစေ
ကျန်းမာရေး အယူအဆအမှားတွေ ကင်းဝေးပါစေ
ဆရာစစ်တွေ့ပါစေ
ဆရာယောင်ဝေးပါစေ
လေ့လာမှုအားကောင်းပြီး သူများပြောတိုင်းမယုံပဲ ကျန်းမာအသက်ရှည် နည်းများ လိုက်နာနိုင်ပါစေ
ဖြစ်တဲ့ရောဂါတိုင်းကုသနိုင်ပါစေ
ကုသတိုင်းပျောက်ကင်းနိုင်ပါစေ

25/03/2025

နေအရမ်းပူတော့ ခေါင်းကိုက်တတ်တဲ့သူတွေ ခပ်စိတ်စိတ်ပိုကိုက်တတ်တဲ့ကာလပဲဖြစ်ပါတယ်

ခေါင်းကိုက်ရင် ဘယ်နေရာတွေ အဓိက ကိုက်နေတာလဲပေါ်မူတည်ပြီး ဘာကြောင့်
ကိုက်တာလဲ အကြမ်းဖျင်းသိနိုင်ပါတယ်

1. မျက်ခုံးနှစ်ဖက် အပေါ်တဝိုက်ကိုက်တာမျိုးဆို မျက်စိအာရုံစူးစိုက်တာများတာမျိုးကြောင့်ကိုက်တဲ့ tension headaches
2. မျက်လုံးနဲ့ခေါင်းတခြမ်းပဲကိုက်တတ်တဲ့ ခေါင်းတစ်ခြမ်းကိုက် ရောဂါ Migraines
3. မြန်မာလို ထိပ်ကပ်နာ လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်း infection ပိုးဝင်ပြီး နှာခေါင်းအမြှေးပါးယောင်ယမ်း နှာပိတ် ကိုက်ခဲစေတဲ့ sinusitis
4. မျက်လုံးနားတဝိုက်မှာ တချက်တည်း စူးကနဲ ထိုးကိုက်သလို ဖြစ်တာမျိုးဆို cluster headaches
5. ရာသီလာခါနီးဆို ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာဖြစ်တဲ့ hormonal headaches
6. ခေါင်းကိုက် ဇက်ကြောတက်ပါ တွဲဖြစ်တဲ့ ကြီးပေါင်း cervicogenic headaches or neck headaches
7. ဦးခေါင်းခွံနဲ့ မေးရိုးအစပ် joints ယောင်ယမ်းမှုကြောင့် ကိုက်တဲ့ temporomandibular joint headaches နဲ့
8. စိတ်ဖိစီးမှု stress ကြောင့်ကိုက်တဲ့ stress headache တို့ဆိုပြီး နေရာပေါ်လိုက် အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်

ခေါင်းကိုက်ရတဲ့ ရောဂါအကြောင်းအရင်းရှာဖွေတာနဲ့ ကုသမှုကတော့ လူနာကို history မေး အခြားသော လိုအပ်တဲ့ စမ်းသပ်မှုတွေထပ်လုပ်ဖို့လိုအပ်ပါတယ်

ခေါင်းကိုက်ခြင်းနဲ့သက်ဆိုင်တဲ့ post link ပါ တခါတည်းတွဲပြီး ပြန် share ပေးလိုက်ပါတယ်ရှင်

ရာသီလာတိုင်းခေါင်းကိုက်တတ်တဲ့သူတွေအတွက်

https://www.facebook.com/share/p/1BYDKLFYWh/?mibextid=wwXIfr

ခေါင်းကိုက်လို့ အမြဲ အကိုက်ခဲပျောက်ဆေးသောက်နေရရင်

https://www.facebook.com/share/p/14hwSy9xqL/?mibextid=wwXIfr

ဒေါက်တာရတနာ
24.3.2025

Dr Yadanar page မှ orginal post များကို လွတ်လပ်စွာရှဲ နိုင်ပါသည်..မိမိ wall တွင် တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသည်းခံပါရှင်

Messager မှာ page admin ကသာ reply လုပ်တာဖြစ်တဲ့ အတွက် မိမိတို့ရဲ့ personal ကျန်းမာရေးကိစ္စများ သီးသန့်ဆွေးနွေးလိုပါက cb ကနေ page admin မှ တဆင့် online consultation booking ရယူနိုင်ပါတယ်
Photo credit

21/03/2025
20/02/2025

မင်္ဂလာပါရှင်။
Dr.Min pageဟာဆိုရင်အထွေထွေရောဂါများကိုတိုင်ပင်ဆွေးနွေးပေးတဲ့နေရာဖြစ်ပါတယ်။
DrMin aesthetic clinic နဲ့တူညီမှုမရှိပါဘူးရှင်။မှားယွင်းပြီးဖုန်းခေါ်ဆိုမှုများရှိနေသည့်အတွက်ရှင်းပြရခြင်းဖြစ်ပါတယ်။နာမည် - ဆင်တူနေမှုမှာတိုက်ဆိုင်မှုသာဖြစ်ပါတယ်။ကျွန်မတို့ရဲ့pageက health Q and A ဖြစပါတယ်။
ကျန်းမာရေးပြသနာတွေကို comment or cb မှာ မေးမြန်းနိုင်ပါတယ်။
မိမိကျန်းမာရေးသီးသန့်ဆွေးနွေးချင်ရင် ဆရာဝန်နဲ့ တွေ့ဖို့အချိန်ကို cbမှာ booking အရင်ယူပေးရမှာဖြစ်ပါတယ်။

လက်တန်းခေါ်ဆိုမှုများဖြေဆိုမှာမဟုတ်ပါဘူးရှင့်။
ကျေးဇူးတင်ပါတယ်။

Photos from PRIME Medical Center's post 23/01/2025

ခေတ်စားနေတဲ့ hMPV
သိစရာလေးသိဖို့ ဖတ်ကြည့်ကြပါ
Content အသစ်တွေ create မလုပ်ဖြစ်သေးလို့ share ပဲပေးလိုက်ပါတယ်

19/12/2024

အဝေးရောက် မြန်မာပြည်သားတွေ ကျန်းမာရေးနဲ့ပါတ်သတ်လို့ တိုင်ပင်ချင်တာ ဆွေးနွေးချင်တာ မေးမြန်းချင်တာတွေရှိရင် ‌msgr မှာ လာရောက်‌တိုင်ပင်နိုင်ပါတယ်

Photos from Dr.Min Health Q and A's post 19/10/2024

Chicken pox ရေ‌ကျောက်

ရေ‌‌ကျောက် ဆိုတာကတော့ကူးစက်လွယ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ကလေးတွေမှာအဖြစ်များပါတယ်။ မစိုးရိမ်ရပါဘူး။ လူကြီးတွေမှာဖြစ်ရင်တော့ ဆိုးတတ်ပါတယ်။

သူ့ကိုဖြစ်စေတဲ့virusပိုးကတော့ herpes zoster ဖြစ်ပါတယ်။ပုံမှန်အားဖြင့်‌ တော့သဘာဝအတိုင်းပြန်ကောင်းပါတယ်။၁၀နှစ်အောက်ကလေးတွေမှာအဖြစ်များပါတယ်။

သူ့ရဲ့အဓိကလက္ခဏာတွေကဘာတွေလဲ။
-များသောအားဖြင့်ကလေးတွေမှာအရမ်းမဆိုးပါဘူး။
-မအီမသာဖြစ်တာဖျားတာမျိုးလေးရှိနိုင်ပါတယ်။
-ခန္ဓာကိုယ်အစက်များထွက်ခြင်းကကူးစက်ခံရပြီးတော့၃ရက်၄ရက်လောက်ကျရင်ပေါ်တတ်ပါတယ်ပထမပိုင်းတော့သူတို့ကဝက်ခြံလေးတွေလိုပါပဲ။ဒါပေမယ့်ခဏကြာတဲ့အခါမှာတော့ရေကြည်ဖုလေးအဖြစ်ကိုပြောင်းသွားပါလိမ့်မယ်။ ရေကြည်ဖုလေးတွေကအရမ်းကိုပေါက်လွယ်ပြီးတော့သိပ်မကြာခင်မှာပဲအနာတွေဖြစ်ကျန်ခဲ့ပါလိမ့်မယ်။ပြီးရင်ခြောက်သွားမယ်။အဲဒီအခါမှာအရမ်းကိုယားပါလိမ့်မယ်။

အများစုအားဖြင့်ဒီအစက်တွေကရင်ဘတ်၊ကျောနဲ့ခေါင်းတွေမှာဖြစ်တတ်ပါတယ်။‌ နောက်မှ ခြေတွေလက်တွေကိုပျံ့ပါတယ်။ ပါးစပ်၊မျက်လုံး၊နှာခေါင်း၊ဦးရေပြားနဲ့လိင်အင်္ဂါမှာလည်းဖြစ်တတ်ပါတယ်။

အန္တရာယ်ရှိလား။
ပုံမှန်အားဖြင့်တော့အန္တရာယ်မရှိဘဲနဲ့ပြန်ကောင်းတတ်ပါတယ်။အရမ်းရှားရှားပါးပါးမှာတော့ ဦးနှောက်အမြှေးရောင်တာ၊ အဆုတ်ရောင်တာ၊ဖြစ်တဲ့အဖုလေးတွေမှာ infection ဝင်တာဖြစ်တတ်ပါတယ်။

ကိုယ်ဝန်သည်နဲ့‌ ရေကျောက်
ကိုယ်ဝန်၂၀ပတ်မတိုင်ခင်မှာဒါမှမဟုတ်မွေးဖွားချိန်မှာရေကျောက်ပေါက်မယ်ဆိုရင်တော့ကလေးအတွက်အန္တရာယ်ရှိပါတယ်။

ရေကျောက်ဖြစ်နေတဲ့ကလေးကို ကျောင်းကိုမလွှတ်သင့်ပါဘူး။အနည်းဆုံး၇ရက်လောက်အိမ်မှာပဲနေသင့်ပါတယ်။အဖုလေးတွေခြောက်သွားပြီဆိုမှလွှတ်သင့်ပါတယ်။အရွယ်မရောက်ခင်မှာဖြစ်ထားတယ်ဆိုရင်အသက်ကြီးလာတဲ့အခါမှာခုခံအားရသွားပြီးတော့ထပ်မဖြစ်တော့ပါဘူး။

ဘယ်လိုကုသရမလဲ။
-ဖျားရင်ပါရာစီတ‌မောတိုက်ရမယ်။
-အဖုတွေပေါက်လာရင် ယားလာရင် calamineဒါမှမဟုတ်တခြားအယားသက်သာတဲ့ပစ္စည်းတွေလိမ်းလို့ရပါတယ်။
-မကုတ်ပါနဲ့။ကလေးတွေရဲ့လက်သည်းလေးတွေကိုသန့်သန့်ရှင်းရှင်းဖြစ်အောင်ညှပ်ပေးထားပါ။လိုအပ်မယ်ဆိုရင်လက်အိတ်ကလေးတွေဝတ်ပေးထားပါ။
-အစားအသောက်ကိုပုံမှန်ပဲစားလို့ရပါတယ်။‌ ရေများများသောက်ဖို့လိုပါတယ်။ဘယ်လိုရေမျိုးမဆိုသောက်လို့ရပါတယ်။အချိုရည်၊လိမ္မော်ရည်လည်းသောက်လို့ရပါတယ်။
-ရေချိုးလို့လည်းရပါတယ်။ရေချိုးတဲ့ရေထဲကိုဆားလေးနည်းနည်းထည့်ပြီးတော့ချိုးတာကလည်းကောင်းပါတယ်။အဖုတွေရှိတဲ့အတွက်ကြောင့်မို့လို့ရေသုတ်တဲ့အခါမှာအသာအယာလေးပဲပုတ်ပြီးတော့သုတ်ပေးဖို့လိုပါတယ်။ပွတ်ပြီးသုတ်ရင်အဖုတွေပေါက်ပြဲသွားတာမျိုးအနာတွေပြဲသွားတာမျိုးပြန့်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။
-အရမ်းယားတဲ့အခြေနေမျိုးမှာဆိုရင်တော့အယားသက်သာတဲ့ဆေး cetrizine ကိုသုံးလို့ရပါတယ်။

ပိုးသတ်ဆေး
အရမ်းဆိုးတဲ့အခြေအနေတွေဖြစ်တဲ့လူကြီးမှာဖြစ်တဲ့‌ ရေကျောက်ကတော့virus ပိုးသတ်ဆေးကိုစဖြစ်ပြီဆိုတာနဲ့ပေးလို့ရပါတယ်။ဒါပေမဲ့ကလေးတွေမှာတော့ပေးစရာမလိုပါဘူး။အခြေအနေသိပ်မဆိုးတဲ့အစက်အ‌ပြောက်လည်းနည်းတဲ့အခြေအနေမျိုးဆိုရင်ပေးစရာမလိုပါဘူး။

ကာကွယ်ဆေး
ကာကွယ်ဆေးလည်းထိုးလို့ရပါတယ်။အသက်တစ်နှစ်ပြည့်ပြီဆိုတာနဲ့ထိုးလို့ရပါပြီ။ဆရာဝန်နဲ့မေးမြန်းပြီးတော့ထိုးလို့ရပါတယ်။

DrMin health QandA

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00