Shinn Shinn KOR Cosmetics Store

Shinn Shinn KOR Cosmetics Store

Share

He’ll

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

✨In2IT Pro -Lash mascara & base ✨

💸Price - 11500ks (6.5g)

🫧မျက်တောင်ထူထူရှည်ရှည် ကော့ကော့ လေးတွေဖြစ်ဖို့ Review ကောင်းနေတဲ့ eyelash serum လေး Instock ပါရှင့်

🫧၂ပတ်ကြာတာနဲ့ မျက်တောင်လေးတွေ ရှည်လာစေပြီး
သဘာဝအတိုင်း ထူထူလေးနဲ့ လှစေပါတယ်

🫧မျက်တောင်တင်မက eyebrow ကိုထူထူလေးဖြစ်ချင်ရင်လဲ ဒါလေးသုံးပေးလို့ရတယ်နော်

🫧Biotin နဲ့ Vit B5 ပါဝင်တာမို့ သဘာဝအတိုင်း မျက်တောင်လေးတွေ ထူပြီးရှည်လာစေမှာပါ

🫧မျက်တောင်ကျွတ်လွယ်ပြီး တိုတိုလေး ဖြစ်နေရင် သုံးကြည့်ပါနော်

🫧Review တွေလဲအရမ်းကောင်းပြီး Eyebrows နဲ့ hair line လေးတွေမှာပါ သုံးပေးလို့ရပြီး ဆံသားအားဖြည့်စေတာလေးပါရှင်

🫧Mascara မသုံးခင်မှာ မျက်တောင်လေးတွေ မကျွတ်အောင် ဒါလေးအရင်သုံးလဲရတယ်နော်

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

အဆီပြန် ဆားဝက်ခြံသမားဆို မျက်စိမှိတ်ယူသင့်တဲ့🍀 𝗠𝗮:𝗻𝘆𝗼 𝗗𝗲𝗲𝗽 𝗣𝗼𝗿𝗲 𝗖𝗹𝗲𝗮𝗻𝘀𝗶𝗻𝗴 𝗦𝗼𝗱𝗮 𝗙𝗼𝗮𝗺

10% off sale price - 36500>>>32850mmk


Ingredients ​တွေရဲ့ 99.9% ကို သဘာဝထုတ်ကုန်​တွေနဲ့ထုတ်ထားပြီး Natural oil ​​တွေပါဝင်လို့ မျက်နှာသစ်​နေစဉ်အချိန်တွင်းမှာတင် moisture ​ပေးနိုင်တဲ့အတွက် အသားအရည်​ခြောက်​သွေ့မှုမဖြစ်​​ပေါ်စေပါဘူး

Green tea က အညစ်အ​ကြေး​တွေဖယ်ရှား​ပေးရုံသာမက soothing effect လည်းရ​စေပါတယ်။ ဝက်ခြံကိုလည်းသက်သာ​စေပါတယ်​နော်

🌱Baking soda က မလိုအပ်တဲ့အဆီပို​တွေကိုဖယ်ရှား​ပေးတဲ့အတွက်​ကြောင့် အ​ပေါ်ယံ​အ​ရေပြားသာမက ​ချွေး​ပေါက်ထဲထိပါ သန့်စင်​ပေးနိုင်ပါတယ်

✌ Deep cleasning လုပ်​ပေးနိုင်လို့ အဆီဖု/ ဆားဝက်ခြံ/ အဆီပြန်/ အသား​ရောင်ညစ်လို့ကြည်ချင်တဲ့သူ

✌ Scrub တိုက်ပီး mild exfoliate လုပ်ချင်​ပေမယ့် skin barrier ထိမှာ​ကြောက်တဲ့သူ​တွေအတွက်

☘ Peeling+mask+acne treatment ဆိုတဲ့ eff ​တွေနဲ့ all in one သုံးလို့ရတဲ့ facial foam ​​လေး

☑ မျက်နှာသစ်ပီး​တောင်​ခြောက်​သွေ့ခြင်းမရှိ အစိုဓါတ်အပြည့်​ပေးနိုင်​တယ်

📌 Textureက Cream type ကို scrub ပိစီ​လေး​တွေပါပီး ပွတ်လိုက်ရင် သူ့ foam ​လေးကအရမ်းနူးညံ့အိစက်ပြီး herbal နံ့​လေးက လုံးဝ relaxing ​ပေးနိုင်​သောပဲ

✅For All skin type
✅Best for oily skin
✅Safe for sensitive skin

07/02/2024

[REVIEW] IN2IT - LASH & BROW PRO-MASCARA

My best beauty find from Thailand.

IN2IT Myanmar က အခု Junction City မှာ booth ဖွင့်ထားပြီး sale event လုပ်နေတာမို့လို့ လှမ်းဖိတ်တာနဲ့ sale price နဲ့ရအောင် တခါတည်းဒါကိုရေးလိုက်တာ။ အမှန်အတိုင်းပြောရရင် ဖူးပွင့်ဒါကိုကြိတ်သုံးနေတာ ၃ လလောက်ရှိပြီ။ ထိုင်းမှာ ၄ လပိုင်းကသွားနေနေတုန်းက ဈေးလိုက်ဝယ်ရင်းနဲ့ ဒါကိုမြင်ပြီးစိတ်ဝင်စားလို့ဝယ်လိုက်တာ။ Lash serum ကို ထိုင်းကထုတ်တာမျိုးကိုမသုံးဖူးဘူး။ စမ်းကြည့်ကြည့်မယ်ဆိုပြီးတော့ဝယ်လိုက်တာ။ အဲ့ဒီတည်းကနေပြီးတော့ သုံးနေတာ အခုဆိုရင် ၃ လလောက်ရှိပြီပေါ့။

အရင်ဆုံးပြောရရင်တော့ “Highly recommended” ပဲ။ ဒီစာကိုမြင်ရင်ပြေးပြေးပြီးတော့ဝယ်တဲ့ ကိုယ့် reader အုပ်စုကပြေးဝယ်လို့ရပြီနော်။ ပြီးမှ review ဆက်ဖတ်တော့။

ဒါကိုဝယ်တုန်းက ဖူးပွင့်လေ ဘာ expectation မှကိုမရှိခဲ့တာ။ ဝယ်တုန်းကထိုင်းပြည်တွင်းထုတ်မို့ ကောင်းမှကောင်းပါ့မလား ဘာလားပေါ့။ သိတယ်မဟုတ်လား။ လူ့ psycho လေ။ အဲ့ဒါနဲ့ဝယ်ပြီးတော့ ဖူးပွင့်ညတိုင်းသုံးဖြစ်တယ်။ အစက ဖာသိဖာသာပဲ။ “ငါ့မျက်တောင်လေးတွေမကျွတ်ရင်အဆင်ပြေပါပြီ”​ ပေါ့။ အဲ့ဒါနဲ့ဖူးပွင့်သုံးရင်းနဲ့ ၂ လဝန်းကျင်လောက်ရောက်လာတော့ ဖူးပွင့်မျက်တောင်တွေထူလာတာကိုသတိထားမိတယ်။ မျက်တောင်တုတပ်သလိုမျိုး၊ ဘောလိဝုဒ်ကမင်းသမီးတွေလိုမျိုးတော့မဟုတ်ဘူးပေါ့။ ကိုယ့်မျိုးရိုးကလည်းရှိသေးတာကိုး။​

မျက်တောင်ထူလာတယ်ဆိုတာမျိုးပြောရတာကို ဘယ်လိုပြောရမလဲ။ မျက်တောင်တွေကအရင်ကလိုမကျွတ်တော့ဘဲနဲ့ မျက်လုံးပေါ်မှာတော်တော်ကြာကြာရှိနေတာ။ ပြီးတော့ မျက်တောင်လေးတွေကလည်းရှည်လာတယ်။ မျက်တောင်တုလိုမျိုး မယုံနိုင်စရာရှည်နေတာမျိုးမဟုတ်ဘူးနော်။​အဲ့ဒီလိုဖြစ်ချင်ရင်မျက်တောင်တုတပ်။ အခုဟာက ရှိရင်းစွဲထက်ကို သိသိသာသာလေးကိုသဘာဝဆန်ဆန်လေးရှည်လာတာ။ မျက်လုံးမှာပေါက်တဲ့မျက်တောင်တွေမှာသိတယ်မဟုတ်လား အပြင်အစွန်းဘက်မျက်တောင်တွေက တိုတိုလေးဖြစ်နေတာလေ။ (ကိုယ်ပဲဖြစ်နေတာလားမသိ)​ အဲ့ဒီမျက်တောင်လေးတွေကတော်တော်လေးကို သိသိသာသာရှည်လာတာ။​ အဲ့ဒါလေးကိုသတိထားမိတာ။​ နောက်ပြီးတော့ မျက်တောင်တွေကျွတ်တာသက်သာတယ်။ ဖူးပွင့်နောက်ပိုင်း ရုံးမှာအပြင်ထွက်ရတာများတော့ နေ့တိုင်းနီးပါးကို မိတ်ကပ်လိမ်းဖြစ်တော့ mascara တွေသုံး၊ Remover နဲ့ဖျက်လုပ်တာ မျက်တောင်တွေက အရင်က lash serum မသုံးသလိုမျိုးမကျွတ်ဘူး။ အများဆုံးကျွတ်မှာ ၂ ပင်၊ ၃ ပင်လောက်ပဲ။

အဲ့ဒီအချိန်ကျမှ ingredient list ကောက်ကြည့်တာ။​ (အရမ်းတော်တာနော်) ဘာကြောင့်လဲပေါ့။ အဲ့ဒါနဲ့ သူ့အထဲမှာ ဖူးပွင့် ingredient အဆန်းတစ်ခုသွားတွေ့တာ။

ဆန်းတယ်ဆိုတာထက် သိပ်မမြင်ဖူးတဲ့ ingredient လို့ပြောရမလားပဲ။ Biotinoyl Tripeptide-1 လို့ခေါ်တယ်။​ လိုက်ဖတ်ကြည့်တော့ သူ့ရဲ့အဓိကလုပ်ဆောင်ချက်က ဆံပင်တွေမကျွတ်အောင်နဲ့ အထူးသဖြင့် မျက်တောင်တွေမှာ ရှည်ပြီးထူလာအောင်နဲ့ မကျွတ်လွယ်အောင်လုပ်ပေးတယ်လို့ရေးကြတယ်။ မျက်လုံးထဲမြင်အောင်ပြောရရင် မျက်တောင်အရင်းကအမြစ်သိတယ်ဟုတ်? အဲ့ဒီအမြစ်လေးကိုသူကအားဖြည့်ပေးပြီးတော့သန်အောင်လုပ်ပေးတာ။ Biotinoyl Tripeptide-1 အပြင်ကို သူ့ထဲမှာမျက်တောင်အတွက်အကျိုးရှိတဲ့ glycerin တို့ aloe vera juice တို့ပါတယ်ပေါ့။ အဲ့ဒါကိုဖတ်ပြီးမှ ကိုယ်လည်း “ဪ ဒါကြောင့်ကိုး”​ ပေါ့။

ကောင်းတာချည်းပဲပြောပြီးတော့ အနည်းငယ်သတိထားရမယ့်အချက်လေးတွေပြောရအောင်။ သူ့ formula ထဲမှာ alcohol ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ lash serum ထဲမှာ alcohol ပါရင် မျက်လုံးကစပ်တတ်တဲ့သူတွေသုံးရင်သတိထားသင့်တယ်။ သူ့ texture ကတော့ gel ကိုမှခပ်ပျစ်ပျစ်လိုပုံစံမျိုးမို့လို့ ကိုယ့်မျက်တောင်ပေါ်တင်ပြီးရင်တော့ မျက်လုံးထဲဝင်တာမျိုးဖြစ်ဖို့တော့ရာနှုန်းနည်းတယ်။​ (အများကြီး အများကြီးတော့ပုံပြီးမလိမ်းနဲ့ပေါ့) အဲ့ဒါလေးကလွဲပြီး ကျန်တာကတော့ အထွေအထူးပြောစရာတော့မရှိပါဘူး။​ သူ့ formula အတိုင်းပဲပေါ့။ ဆက်ပြောရင်လည်း organic chemistry classroom ဖြစ်တော့မယ်။

ဖူးပွင့်ကဒါကို ပုံမှန်တော့ night time skincare လုပ်ပြီးသွားရင်မျက်တောင်မှာသုံးလိုက်တယ်။ ပိတ်ရက်တွေအိမ်မှာတနေ့လုံးနေမယ် ဘယ်မှမသွားဘူးဆိုရင် lash care လုပ်တဲ့အနေနဲ့ နေ့၊​ည သုံးတယ်။ မနက်တစ်ခါ နေ့လည်တစ်ခါပေါ့။ Brand ကတော့ 2 weeks ဆိုရင်ရှည်တာကိုမြင်ရပြီလို့ပြောတယ်။ ဖူးပွင့်ကတော့ သတိမထားမိလိုက်တော့ ၁ လ ၂ လလောက်နေမှ ရှည်လာတာကိုသတိထားမိတယ်။ Result ကောင်းတာကတော့ တကယ်ပဲ။

Highly recommended နော်။ ဝယ်။ ဒါမျိုးကို Rosie က ခဏခဏမပြောဘူး။ ကောင်းတယ်ဆိုမှပြောတာ။

ဝယ်ချင်ရင်တော့IN2IT Myanmar မှာရတယ်။ ဈေးကတော့ဖူးပွင့်သေချာမပြောတတ်ဘူး။ ဖူးပွင့်ဝယ်တုန်းက Thai Baht နဲ့ဝယ်တာမို့။​ ဈေးလည်းသေချာမမှတ်မိဘူး။​ ဈေးတော့မကြီးဘူး။ သုံးပျော်တဲ့ amount ပဲ။

ကဲ။​ Eye lash care လုပ်ချင်တဲ့သူတွေ၊ မျက်တောင်ကို သဘာဝအတိုင်းရှည်ချင်သူတွေအတွက်ညွှန်းပေးလိုက်ပြီနော်။

See you in the next post.

Love,
Rosie

Disclaimer - NOT sponsored. Product is purchased with my own money in Thailand.

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

About-Tone lightful Sun Essence 50ml

💸Price - 20000 mmk


Suncream ဆိုရင် ပြစ်ပြစ်ကြီးမကြိုက်တတ်တဲ့သူအတွက်About Tone Sun Essence လေးကအဆင်ပြေဆုံးလေး လိမ်းထားရင် Texture ကကျဲကျဲလေးနဲ့ အသားကို စိုအိနေစေတယ်။SPF 50+PA++++ ပါလို့ နေရောင်ခြည်ကို ကာကွယ်ပေးပါတယ်

About Tone ကတော့ စျေးအသင့်အတင့်နဲ့ high end quality ထိရတာမို့ သုံးပျော်တဲ့ထဲသူပါပါတယ်💕

ရွေးချယ်စရာ ၂ မျိုးရှိပါတယ်။

☀️Dewy Sun essence

အရောင်ကာလာမပါပဲ လိမ်းထားရင် ကြည်ကြည်ပါးပါးလေးနဲ့ အသားထဲကို စိမ့်ဝင်မှု့မြန်စေပါတယ်။ပြာသွားတာ အဆီပြန်တာ ကွက်နေတာ ပူနေတာ မဖြစ်စေတဲ့ Sun essence လေး။Hyaluronic acid ပါလို့ လိမ်းထားရင် စိုစိူအိအိလေးဖြစ်စေပါတယ်။မိတ်ကပ်လိမ်းပြီး ကာလာမပါတဲ့ suncream မှသုံးချင်ရင် ဒါလေးသုံးနော်။

☀️Tone up sun screen

Tone up ပါတာကိုမှ texture ပါးပါးကြည်ကြည်လေးကို ရှာနေရင် ဒါလေးကိုရွေးပါ။မိတ်ကပ်လဲမလိမ်းချင်ဘူး natural look လေးကိုမှ suncream လိမ်းပြီးသားလဲဖြစ်ချင်တယ် ။ လိမ်းထားရင် ပြာနေတာ အသားခြောက်တာလဲ မဖြစ်ချင်တဲ့ သူလေးတွေက ဒီ tone up sun screen လေးကို ရွေးနော်။မိတ်ကပ်အောက်ခံတဲ့ base အဖြစ်လဲ သုံးလို့ရတယ်နော်။

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

About Tone Blur Powder Pact - 14500 mmk
( )

🖤About tone ရဲ့ထုံးစံအတိုင်း oil control မို့အဆီထိန်းပေးတာကတော့ညွှန်းစရာကိုမလိုတော့ပါဘူးနော်

🖤Blur powder pact မို့ coverage ကောင်းပြီး အဓိကက ချွေးပေါက်တွေကိုသေချာဖုံးပေးနိုင်တယ်

🖤မိတ်ကပ်ကွက်တာမျိုးလုံးဝ လုံးဝမဖြစ်ပဲ light weight မို့ daily သုံးဖို့အဆင်ပြေပါတယ်

02,03 Instock ရပါတယ်ရှင့် ✔️✔️

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

About tone concealer (instock)

🩷မိတ်ကပ်လိမ်းရင် အသားရောင်မညီတာတွေ မျက်ကွင်းညိုတာတွေ အမဲစက်တွေ အမာရွတ်တွေ ဖုံးချင်ရင် concealer လေးသုံးပေးနော်

🩷About tone ကတော့ဈေးလဲမများတာမို့ သုံးရတန်တယ် coverage လဲကောင်းတယ်

🩷concealer ကတော့ကိုယ့်skin tone ထက်တစ်ဆင့်ပိုဖြူတာရွေးနော်

✔️instock ရတဲ့color တွေက
02 light
03 natural

💸Price 12500 mmk

Photos from Austin Thet's post 07/02/2024

ညဘက်လိမ်းအိပ်ရင် မနက်ဆိုအသားကြည်လာစေတဲ့ Graymelin mugwort cream လေး 10% off နဲ့ Instock ရပါတယ်နော် 💕
Price - 29000>>>26000 mmk

Photos from Beauty Mafia by Hsu's post 07/02/2024

မျက်တောင်ရှည်ရှည်နဲ့လှလှလေးဖြစ်ချင်ရင် In2IT eyelash serum လေးသုံးပေးနော် ✨💗

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

💧Peeling လုပ်ချင်တယ် ခုမှလဲ စလုပ်မှာဆိုတော့ အရမ်းပြင်းမှာလဲ စိုးရိမ်တယ်ဆိုရင် The Ordinary Lactic Acid serum လေးက mild exfoliate လုပ်ပေးတာမို့ ဒါလေးကို သုံးကြည့်နော်

💧Lactic acid 10%+ HA 2% ပါဝင်တဲ့ ဒီserumလေးက နေလောင်ဒဏ်တွေကြောင့် အသားအရည်ညစ်ပြီး မကြည်တာ ၊ အသားအရောင်မညီမညာဖစ်တာ၊ နီမြန်းနေတဲ့အသားအရည်အတွက် အရမ်းကို အဆင်ပြေပါတယ်။

💧အမဲစက်၊ ဝက်ခြံနဲ့ အမာရွတ်တွေကိုလည်း မှေးမှိန်စေပြီး အသားအရည်ကိုလည်း ပြန်ကြည်လင်လာစေပါတယ်။ ကိုယ်လိမ်းတဲ့ Moisturiser ထဲကို ပမာဏအနည်းငယ် ထည့်ပြီးလည်း လိမ်းလို့ရပါတယ်။

💧Hyaluronic acid 2% ပါဝင်တာမို့ မျက်နှာပေါ်က အရေးအကြောင်းတွေ ပါးရေတွန့်တာတွေ သက်သာပြီး မျက်နှာလေးကို ရေဓာတ်ပြည့်ဝနေစေတယ်။

💧ညဘက်အိပ်ခါနီး မျက်နှာကို သန့်စင်အောင်သစ်ပြီးရင် toner သုံးပြီး ဒီ serum လေးကို တစ်နေ့တစ်ကြိမ် လိမ်းပေးရုံပါပဲ။ မနက်ပိုင်းနေပူထဲသွားတဲ့အချိန်တော့ sunscreen လေးလိမ်းဖို့ မမေ့နဲ့နော်။

💧The ordinary Lactic acid serum လေးက mild ဖစ်တဲ့အတွက်အသားအရည်ကို ပိုကြည် ပိုglow ချင်တဲ့သူတွက် အဆင်ပြေတဲ့ All skin type အသုံးပြုလို့ရပါတယ်

💧ဝက်ခြံတွေထွက်ပြီး break out ဖစ်နေတဲ့အချိန်တော့မသုံးပါနဲ့ Sensitive skin သမားတွေကတော့ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲသုံးပေးပါ။

💸Price - 31000 mmk
✔️Korea import
✔️Made in Canada
✔️100% authentic

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

Kose Softymo Cleansing Oil

review တွေအရမ်းကောင်းပြီးနာမည်ကြီးနေတဲ့ Kose Softymo Cleansing Oil လေး instock ပါရှင် ဘူးနဲ့ကော အထုတ်နဲ့ကောရပြီနော်✨

🫧မျက်နှာပေါ်ကဖျက်ရခက်တဲ့ waterproof makeup eyeshadow mascara တွေကိုအလွယ်တကူ သန့်စင်ပေးနိုင်ပြီး ဖုန်မှုန့်တွေ အညစ်အကြေးတွေ ချွေးပေါက်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုလဲ ပြောင်စင်အောင်သန့်စင်ပေးနိုင်ပါတယ်ရှင်

🫧မျက်နှာသစ်ပြီးရင်လဲ အဆီတွေကျန်ခဲ့တာမျိုးမရှိဘဲ အသားအရေကိုကြည်စေပါတယ်

🫧all skin types အသုံးပြုလို့ရပြီး sensitive skin တွေပါ စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ရှင်

Price - 22000 mmk ( 230ml ဗူး)
- 16500 mmk ( 200ml refill )

Photos from Shinn Shinn KOR Cosmetics Store's post 07/02/2024

JM Solution B5 HYA Moisturizing Cleansing Foam

B5 hya series လေးက အသားရေကို အတွင်းပိုင်းအလွှာထိ​ရေဓာတ်ဖြည့်ပေးပြီး စိုစိုအိအိ skin လေးရစေပါတယ်

❄️ သူ့မှာပါဝင်တဲ့ Panthenol B5 က အသားအရေပျက်စီးထားသူတွေအတွက် Skin Barrier ကိုတိုးတက်ကောင်းမွန်လာစေတဲ့အပြင် Multi Hyaluronic Acid 12 မျိုးပါဝင်မှုက အသားအရေမွဲခြောက်တာတွေကိုလျော့ပါးသက်သာစေပြီး စိုပြေကြည်လင်စေပါတယ်ရှင်

❄️ Boost Toner ဆိုတဲ့အတိုင်း အသားအရေကိုနူးညံ့ကြည်လင်လာစေဖို့ ပိုမိုထိရောက်တဲ့ Effectကိုရရှိစေတယ်

❄️ All Skin Types သုံးလို့ရ​ပြီး Skin ရဲ့ Oil & Water Level ကို Balance ဖြစ်စေလို့ အသားအရမ်းခြောက်သူနဲ့ အဆီပြန်တတ်တဲ့သူတွေအပြင် Dermatologist Tested ဖြစ်တာကြောင့် Sensitive Skin သမားတွေပါသုံးလို့ရပါ

07/02/2024

Instock 🫶🏻
Price - 38000 mmk

“ကျန်းမာနုပျိုတဲ့ healthy look လေးရချင်ရင်”

Anti - aging အတွက် product ကောင်းကောင်းရှာနေရင်
ဒီ Beauty of Joseon Ginseng Essence Water လေးကို
သုံးပါရှင် ကောင်းလွန်းလို့ပါ

Beauty of Joseon One Brand Review တုန်းကလည်း
Ingredients တွေနဲ့အတူ ထည့်ရေးဖူးပါတယ်

https://www.facebook.com/109731430944389/posts/281113453806185/?d=n

🤎Essence Water ဆိုပေမယ့် အရည်ကျဲကျဲ Texture မို့ Toner နေရာမှာပဲ သုံးရမှာပါ

🤎Artificial Fragrance အနံ့ဘာမှမပါဘူး လက်ထဲထည့်ပြီးအတင်းရှူကြည့်မှ ဂျင်းဆင်းနံ့လေး နည်းနည်းရတယ် 😁

🤎Ginseng ကို အဓိကထားပြီး ထုတ်ထားလို့ အသား
အရည် တင်းရင်းစေပြီး အရေးအကြောင်းတွေကိုလည်း ကြိုပြီး ကာကွယ်ပေးတယ်

🤎အသက် ၂၅ ကျော် ကိုကို မမတွေ သုံးသင့်တယ်နော်

🤎Anti Aging အတွက် Products က Serum/Moisturizer မျိုးလာတာများလို့ ဒီ Essence Water လေးကျ ကိုယ့်ရဲ့ Routine မှာ ကြိုက်တာနဲ့ တွဲသုံးလို့ရတယ်

🤎Niacinamide နဲ့ Allantonin တို့လို Ingredients တွေ လည်းပါတာကြောင့် skin barrier ကောင်းစေပြီး
Healthy look ရစေတယ်

🤎Acne prone skin, sensitive skin အပါအဝင် Dry, Combination, Oily, Normal အကုန်သုံးလို့ရတယ်နော်

ချယ်က ဘာအတွက်သုံးလဲဆို Retinol လို Active ingredients တွေရော တစ်ခြား Serum တွေရော အစုံ
Try ကြည့်ရတာမို့ Toner နေရာမှာ သုံးတယ်
အသားအရည်ကို အားဖြည့်ပေးတဲ့သဘောမျိုးပေါ့

Essence ကောင်းကောင်းဆိုရင် SKII, Time Revolution တို့လိုစျေးများကြတာများတယ်
ဒါလေးက နှစ်သောင်းကိုမှ စွန်းရုံလေးပဲ
Cotton Pad နဲ့လည်း သုံးစရာမလိုဘူး
လက်ထဲ လေး ငါးစက်လောက် ထည့်ပြီး သုံးလို့ရတော့
အနည်းဆုံးသုံးလလောက် သုံးလို့ရတယ်

နောက်ပြီး Beauty of Joseon ကို official distributor
Beauty Of Joseon Myanmar_Official လည်းရှိနေပြီ
ဖြစ်တာကြောင့် အခုဆို ဝယ်လို့လည်းလွယ်သွားပြီနော်

ရိုးရိုးရှင်းရှင်းလေးနဲ့လှစေဖို့
အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်

Kiss the Skin 💋

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon