Cheery Beauty & Health

Cheery Beauty & Health

Share

We care about your health! 🇹🇭 Made in Thailand We care about your Beauty & Health.

Photos from Cheery Beauty & Health 's post 17/04/2025

နှစ်သစ်အခါသမယမှအစပြု၍
မြန်မာပြည်သူပြည်သားအားလုံး
ကျက်သရေမဂ်လာအပေါင်းနှင့်ပြည့်စုံပြီး ဘေးအန္တရာယ်များမှကင်းဝေးကာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
🙏🏻🙏🏻🙏🏻

17/10/2024

🌟 သီတင်းကျွတ်အခါသမယမှာ
💝ကျန်းမာခြင်း
💝 ချမ်းသာကြွယ်ဝခြင်း
💝 ပျော်ရွှင်ခြင်း
💝 ချစ်သူခင်သူပေါများခြင်း
💝 စိတ်နှလုံးချမ်းမြေ့ခြင်း
💝 ကြံစည်သမျှအောင်မြင်ခြင်း
💝 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း
💝 လာဘ်လာဘကြွယ်ဝခြင်းများ
ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
🙏 ဆုမွန်ကောင်းတောင်းအပ်ပါ၏🙏

🇲🇲ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ🇲🇲

16/06/2024

လက်ဖက်ခြောက်ထုတ်

22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

🙏🏻ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
🙏🏻မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
🙏🏻မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
🙏🏻မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
✳️ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။

ထိုကဲ့သို့ထူး​ခြားမြင့်မြတ်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဒါန သီလ ဘာဝနာအမှုများကို ပြုလုပ်၍ ကုသိုလ်အထူးရရှိနိုင်ကြပါစေကြောင်း ''Cheery'' မိသားစုမှ ဆုမွန်တောင်းအပ်ပါသည် 🙏🙏🙏


#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲ

26/04/2024

နေပူမှာ ရေခဲရေသောက်ခြင်းမှရှောင်ပါ။
#အားလုံးကျန်းမာကြပါစေ

🔘၂၀၂၄ ဧပြီလ ၂၃ မှ ၃၀ ရက်ထိ🌡️Heat Wave🌡️အပူလှိုင်း ကျရောက်မည့်နေရာများမှာ

စစ်ကိုင်းတိုင်း အောက်ပိုင်း စစ်ကိုင်းခရိုင်/မုံရွာခရိုင်/ယင်းမာပင်ခရိုင်/ရွှေဘိုခရိုင်/ကလေးခရိုင် ၄၀ မှ ၄၃ စင်တီဂရိတ်ထိ/

မန္တလေးတိုင်း မြင်းခြံခရိုင်/ညောင်ဦးခရိုင် ၄၀ မှ ၄၄ စင်တီဂရိတ်ထိ/မန္တလေးခရိုင်/ကျောက်ဆည်ခရိုင်/
မိတ္ထီလာခရိုင် ၄၀ မှ ၄၂ စင်တီဂရိတ်ထိ/

မကွေးတိုင်း ၄၀ မှ ၄၆ စင်တီဂရိတ်ထိ/ ပဲခူးတိုင်း အနောက်ခြမ်း ၄၀ မှ ၄၃ စင်တီဂရိတ်ခန့် ရောက်ရှိနိုင်မည်။

နေပြည်တော် ၃၉ မှ အမြင့်ဆုံး ၄၂ စင်တီဂရိတ်

ကချင်အထက်ပိုင်း/ချင်း တို့မှာ ၂၃ မှ ၂၉ ဒီဂရီစင်တီဂရိတ်ထိ
ကချင်အောက်ပိုင်း ၃၅ မှ ၃၇ စင်တီဂရိတ်ထိ

စစ်ကိုင်းအထက်ပိုင်း ၃၅ မှ ၄၀ စင်တီဂရိတ်ခန့်

ရှမ်းမြောက် ၃၄ မှ အမြင့်ဆုံး ၃၇ စင်တီဂရိတ်ထိ
ရှမ်းတောင် ၃၀ မှ အမြင့်ဆုံး ၃၆ စင်တီဂရိတ်ထိ
ရှမ်းရှေ့ ၃၆ မှ အမြင့်ဆုံး ၄၀ စင်တီဂရိတ်

ရခိုင် ၃၄ မှ အမြင့်ဆုံး ၃၆ စင်တီဂရိတ်ထိ

ဧရာဝတီ ၃၆ မှ အမြင့်ဆုံး ၄၀ စင်တီဂရိတ်ထိ

ရန်ကုန်တိုင်း ၃၇ အမြင့်ဆုံး ၃၉ စင်တီဂရိတ်

ပဲခူးအရှေ့ခြမ်း ၃၈ မှ ၄၂ စင်တီဂရိတ်ထိ

ကယား ၃၆ မှ ၃၉ စင်တီဂရိတ်ထိ

မွန်/ကရင်/တနင်္သာရီ ၃၆ မှ အမြင့်ဆုံး ၄၀ စင်တီဂရိတ်ထိ

အပူဆုံးမြို့စာရင်း ထုတ်ပြန်ချက်မှာ
မြန်မာမှ
မကွေးတိုင်း
အဆင့်-၁ #ချောက်မြို့
အဆင့်-၃ #မကွေးမြို့
အဆင့်-၇ #မင်းဘူးမြို့

မန္တလေးတိုင်း
အဆင့်-၈ #ညောင်ဦးမြို့

စစ်ကိုင်းတိုင်း
အဆင့်-၁၅ #စစ်ကိုင်းမြို့

17/04/2024

ပြည်မြန်မာ အမြန်ဆုံးငြိမ်းချမ်းပါစေလို့
နှစ်သစ်ဆုတောင်းပြုအပ်ပါတယ်

12/04/2024

#မြန်မာ့နှစ်ကူး
#သင်္ကြန် ကာလမှာ
ရွှင်လန်းကာ စိတ်ချမ်းသာကြပါစေ။

01/04/2024

စစ်မှန်သော ပါဝင်ပစ္စည်းများနဲ့
လှပသော ထုတ်ပိုးမှု

01/04/2024

အယ်နီညိုထွက်ခတ်ခတ်မည်
၂၀၂၄ ဧပြီလ ပထမပတ်အတွင်း
မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပူပြင်းခြောက်သွေ့နိုင်ပြီး အထူးသဖြင့် ဧပြီလ ၆ရက်နေ့ ၇ရက်နေ့ ၈ရက်နေ့တွေမှာ နေ့အပူချိန်များသိသိသာသာပိုမိုပူပြင်းနိုင်ပါတယ်
နေပူထဲအပြင်ထွက်လျှင်ထီး ဦးထုတ်ဆောင်းကြပါ သနပ်ခါးကိုထူထူလိမ်းပါ
ဖြစ်နိုင်လျှင် အရိပ်အာဝါသကောင်းရာမှာနေထိုင်ကြပါ
မနက်၁၀နါရီမှ ညနေ၅နာရီအတွင်းရေမချိုးကြပါနှင့်
ISSUED TIME
01/04/2024 7:07am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

29/03/2024

#နွေရာသီမှာဆောင်ရန်ရှောင်ရန်အချက်များ

ခုတလောရာသီဥတုကပူ၊ မီးကပျက်နဲ့မို့ နွေရာသီကို ရောက်လာတဲ့အခါ ကျွန်မတို့အားလုံးဟာ ရာသီဥတုဒဏ်ကိုခံရပြီး စိတ်တွေမကြည်ဖြစ်နေရပါတယ်။

ဒီကြားထဲမှာ အပူချိန်မြင့်မားလို့ဖြစ်တတ်တဲ့

-နေလောင်ခြင်း
-ချွေးထွက်လွန်ခြင်း
-ဗိုက်တွေ ခြေသလုံးကြွက်သားတွေနာကျင်ခြင်း၊
-ခေါင်းကိုက်ခြင်း၊မူးဝေခြင်း
- နွမ်းနယ်လာခြင်းဝေဒနာတွေ (Heat Exhaustion)နဲ့
-အပူလျှပ်ခြင်း (Heat Stroke) တို့ရဲ့အန္တရာယ်ကလည်း ကြောက်ရပါသေးတယ်။

ဒါကြောင့် ပူပြင်းလှတဲ့နွေရာသီကို ဘယ်လိုဖြတ်သန်းသင့်သလဲဆိုတာလေး ရေးသားဖော်ပြလိုက်ပါတယ်။

(၁)ပေါ့ပါးပြီး ချောင်ချိတဲ့ ချည်ထည်အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။ ကြပ်တုပ်နေတဲ့နိုင်လွန်အဝတ်အစားတွေဟာ ခန္ဓာကိုယ်ကို မအေးမြစေပါဘူး။

(၂)နေလောင်ဒဏ်ကို ကာကွယ်ရပါမယ်။ နေလောင်သွားရင် ခန္ဓာကိုယ်အေးမြမှုကို ပျက်စီးသွားစေပါလိမ့်မယ်။ ဒါကြောင့် နေပူထဲထွက်တိုင်း ဦးထုပ်ကြီးကြီးဆောင်းခြင်း ၊ နေကာမျက်မှန်တပ်ခြင်း၊ အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးမယ့် နေရောင်ကာလိမ်းဆေးများလိမ်းခြင်းတို့ ပြုလုပ်ပေးရပါမယ်။ နေရောင်ကာလိမ်းဆေးဟာ အနည်းဆုံး SPF 15 ပါသင့်ပြီး နှစ်နာရီတိုင်းတစ်ခါပြန်လိမ်းပေးသင့်ပါတယ်။

(၃)ရေများများသောက်ပါ

ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ကိုယ်တွင်းအပူချိန်ထိန်းညှိမှုမှာ အထောက်အကူပြုပါတယ်။ တစ်နေ့ကို ရေ၂လီတာမှ ၃လီတာထိသောက်ပေးပါ။ ချွေးထွက်အလွန်များပါက ဓာတ်ဆားရည်သောက်ပါ။( သွေးတိုးရောဂါရှိသူများကတော့ ဓာတ်ဆားရည်ကို ချင့်ချိန်ပြီးသောက်ပေးပါ)

(၄)သောက်သုံးနေတဲ့ဆေးဝါးတွေကိုဂရုစိုက်ပါ

ကိုယ်သောက်နေကျဆေးတွေမှာ ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ထိန်းညှိမှုနဲ့ အပူချိန်ထွက်မှုကို သက်ရောက်စေတဲ့ဆေးမျိုးပါရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဂရုစိုက်သောက်သုံးသင့်ပါတယ်။

(၅)နေပူထဲရပ်ထားတဲ့ ကားထဲမှာဘယ်သူ့ကိုမှ မထားခဲ့ပါနဲ့။ ကလေးငယ်တွေသေဆုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းပါ။ နေပူထဲရပ်ထားတဲ့ကားမှာ အပူချိန်ဟာ ဆယ်မိနစ်ကို 20' F စီမြင့်တက်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ကားထဲမှာမထားခဲ့ပါနဲ့နော်။

(၆)နေပူထဲမှာ လှုပ်လှုပ်ရှားရှားလုပ်ရမယ့် အလုပ်ကို ရှောင်လို့မရခဲ့ရင် ချွေးထွက်များတဲ့အခါ ရေများများသောက်ပါ။ ဓာတ်ဆားရည်သောက်ပါ။ အရိပ်ထဲမှာ ခဏအနားယူတာမျိုး အခွင့်သင့်သလို ပြုလုပ်ပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်လက်လှုပ်ရှားရမယ့်အလုပ်မျိုးကို နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်တွေမှာမလုပ်ဘဲ နေအေးတဲ့အချိန်မျိုးမှာ ပြုလုပ်ပေးရင်ပိုကောင်းပါတယ်။

(၇)တကယ်လို့များ သင်ဟာ ပူပြင်းတဲ့ရာသီဥတုနဲ့ နေသားမကျတဲ့လူ / အေးမြတဲ့အရပ်ဒေသကလာတဲ့လူဆိုရင် ပူပြင်းတဲ့နေရောင်အောက်မှာ ချက်ချင်းအကျွမ်းတဝင်ဖြစ်ဖို့မလွယ်ပါဘူး။ ခံနိုင်ရည်ရှိလာပြီး ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။ အလေ့အကျင့်မရှိသေးဘဲ အပူချိန်ကို အလွန်အမင်းခံရရင် အပူလျှပ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်ချိန်ကို ကိုယ့်ကျန်းမာရေးအတွက်စဉ်းစားပြီး တဖြည်းဖြည်းချင်း ညှိယူသွားရပါမယ်။

(၈) နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးဖို့ပါ။ လေအေးပေးစက်မရှိတဲ့အိမ်က အိမ်သားတွေ၊သက်ကြီးရွယ်အိုတွေ၊နာတာရှည်ဝေဒနာခံစားနေရသူတွေ၊ အပူဆုံးအချိန်မှာ အိမ်မှာတစ်ယောက်တည်းနေရသူတွေကို ဂရုစိုက်ပေးသင့်ပါတယ်။ လေအေးစက်မရှိရင်တောင် အရိပ်ရပြီး အေးတဲ့နေရာတွေမှာ နေဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ပူပြင်းလှတဲ့နွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း အပူလွန်ကဲပြီး အပူလျှပ်တာခံစားနိုင်ခြေရှိတာမို့ သူတို့ကိုလည်း ရေအေးအေး ပုံမှန်တိုက်ပြီး စောင့်ကြည့်ပေးသင့်ပါတယ်။

🔺အခုလို ပူပြင်းတဲ့နွေရာသီမှာ ဖြစ်တတ်တဲ့အခြေအနေတစ်ခုကိုလည်း သတိထားရပါဦးမယ်။ အဲဒါက​တော့ အပူလျှပ်ခြင်းပါ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အပူချိန်က 104 ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) 40 ဒီဂရီဆဲစီးရပ် ထက်ကျော်သွားရင် Heatstroke ရတတ်ပါတယ်။ 🔺

ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့

#အလွန်ပူပြင်းတဲ့ရာသီဥတု၊ နေရောင်ခြည်နဲ့ အချိန်အကြာကြီး ထိတွေ့မိခြင်း (သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ ဖြစ်တတ်ပါတယ်။ Non-exertional Heatstroke လို့ခေါ်ပါတယ်။)

#ပြင်းပြင်းထန်ထန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း ( နေပူပူမှာ ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန်လုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်က အလွန်မြင့်တက်လာပြီး Heatstroke ရတတ်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုနဲ့ အကျွမ်းတဝင်မရှိ နေသားမကျတဲ့လူတွေမှာဖြစ်တတ်ပြီး Exertional Heatstroke လို့ခေါ်ပါတယ်။)

#အဝတ်အစားများကို မလိုအပ်ဘဲ တစ်ထပ်ပြီးတစ်ထပ်ဝတ်ဆင်ခြင်း (ချွေးထွက်ဖို့ ချွေးပြန်ဖို့ကို တားတဲ့နိုင်လွန်လိုအစမျိုးကို အထပ်ထပ်ဝတ်ဆင်ခြင်း)

#အရက်သေစာသောက်စားခြင်း (အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းညှိမှုကို ဆိုးကျိုးဖြစ်စေပါတယ်)

#ရေဓာတ်ဆုံးရှုံးခြင်း (ချွေးထွက်လို့ ဆုံးရှုံးသွားတဲ့ အရည်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းဖို့ ရေအလုံအလောက်မသောက်ခြင်း) စသည်တို့ပဲဖြစ်ပါတယ်။

🔺ဘယ်လိုလက္ခဏာတွေပြမလဲ?

(၁) ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်း

စအိုကနေတိုင်းတဲ့ ခန္ဓာကိုယ်အပူချိန်ဟာ 104'F နဲ့အထက်ဖြစ်လာရင် အပူလျှပ်ခြင်းရဲ့ အဓိကလက္ခဏာကိုပြနေတာပါ။

(၂) စိတ်ပိုင်းဆိုင်ရာ နဲ့ အမူအကျင့်တွေ ကပြောင်းကပြန်ဖြစ်လာခြင်း

Heatstroke ဖြစ်ရင် စိတ်ရှုပ်ထွေးခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်ဆတ်လာခြင်း၊ စကားပြောဗလုံးဗထွေးဖြစ်လာခြင်း၊ ထင်ယောင်ထင်မှားဖြစ်လာခြင်း၊ တက်ခြင်း နဲ့ သတိလစ်သွားခြင်းတို့ဖြစ်နိုင်ပါတယ်။

(၃)ချွေးထွက်ခြင်း

အပူချိန်နဲ့အကြာကြီးထိတွေ့လို့ဖြစ်တဲ့ Heatstroke မှာ အသားအရေက ပူပြီးခြောက်သွေ့နေတတ်ပါတယ်။ လေ့ကျင့်ခန်းအပြင်းအထန်လုပ်လို့ ဖြစ်တဲ့ Heatstroke မှာတော့ အသားရေဟာ ခြောက်သွေ့ခြင်းလည်းဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ အနည်းငယ်စိုစွတ်နေနိင်ပါတယ်။

(၄)ခေါင်းကိုက်ခြင်း

(၅)ခန္ဓာကိုယ်အသားအရေများနီရဲလာခြင်း

(၆)အသက်ရှူမြန်လာခြင်း

(၇)နှလုံးခုန်မြန်လာခြင်း

(၈)ပျို့အန်ခြင်းတို့ဖြစ်နိုင်ပါတယ်။

🔺ဘယ်လိုကုသကြမလဲ?

Heatstroke ဟာ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်။ မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သားတွေကို လျင်မြန်စွာပျက်စီးမှုဖြစ်စေပါတယ်။ အသက်အန္တရာယ်လည်း ရှိတဲ့ရောဂါအခြေအနေဖြစ်ပါတယ်။

လူတစ်ယောက် Heatstroke ရတာသေချာပြီးဆိုတာနဲ့

✔️သူ့ကိုအရိပ်ထဲကိုရွှေ့ပါ။ အေးမြတဲ့နေရာမှာထားပါ။

✔️မလိုဘဲ ပိုနေတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပါ။

✔️ရနိုင်တဲ့နည်းလမ်းနဲ့ မအေးအေးအောင်လုပ်ပေးပါ။ ရေချိုးပေးခြင်း ၊ ရေပတ်တိုက်ခြင်း ၊ ရေချိုးကန်ထဲ လည်ပင်းထိစိမ်ပေးခြင်း၊ ရေခဲအိတ်၊ရေပတ်ဝတ်များဖြင့် လူနာရဲ့ နဖူး၊လည်ပင်း၊ ချိုင်းကြား၊ပေါင်ကြားစတာတွေထဲကို ကပ်ပေးခြင်းတို့ပြုလုပ်ရပါမယ်။

ဒီလိုအရေးပေါ်ကုသမှုတွေပြုလုပ်ပြီးရင်တော့ နီးစပ်ရာဆေးရုံ /ဆေးခန်းကို ပို့ပေးပြီး ကုသမှုဆက်လက်ခံယူရပါမယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာဘေးကင်းကြပါစေ။

မောင်(ဆေး-၁)
Dr.မာမီ

Photos from Cheery Beauty & Health 's post 10/02/2024

恭喜发财
gōng xǐ fā cái
龙年大吉!
LĂłng niĂĄn dĂ jĂ­!

19/01/2024

💝ကျန်းမာစွာနေထိုင်လိုသူများ

💖ကျန်းမာရေးလိုက်စားသူများ

သောက်သုံးသင့်သည့်လက်ဖက်ခြောက်

🍵Cheery Herbal Tea

💯 သဘာဝဆေးဘက်ဝင်
🌿 ကျောက်ကူလန်(ဒုတိယဂျင်ဆင်း)
🍄 ရီရှီး(လင်ဇီး)
🪵 နွယ်ချို
🌻 ဂန္ဓမာပန်းခြောက်စသည့်
✅ သဘာဝပစ္စည်းအစစ်များနဲ့
ထုတ်လုပ်ထားသော လက်ဖက်ခြောက် ဖြစ်ပါတယ်။

🧑‍⚕️ ကျန်းမာရေးလိုက်စားသူများ နှင့်
👩‍❤️‍👨 ကျန်းမာစွာနေထိုင်လိုသူများ
☎️ ယခုပဲဆက်သွယ်မှာယူလိုက်ပါ။

❌ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ
🚫 ကလေးငယ်များ မသောက်သင့်ပါ။






#ကျောက်ကူလန်

#နွယ်ချို
#ဂန္ဓမာပန်းခြောက်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address


Waizayandar Road
Yangon
11091