Manee Rattana Information And Technology College

Manee Rattana Information And Technology College

Share

MRVT College

19/11/2024

ထိုင်းမှာ IT ဘွဲ့ယူပြီး ရွှေ့ပြောင်းလုပ်ကိုင်ဖို့အကောင်းဆုံးနိုင်ငံများ 🧑‍💻

သင်က ထိုင်းနိုင်ငံမှာကျောင်းတက်ပြီး၊ ဘွဲ့ရသွားရင် တခြားနိုင်ငံကိုပြောင်းရွှေ့လုပ်ကိုင်ဖို့စဉ်းစားနေတဲ့သူတစ်ယောက်ဆို ဒီ post လေးက သင့်အတွက်ပါပဲနော် ။

IT Majors ဖြင့်ဘွဲ့ရထားသူများအတွက်ပြောင်းရွှေ့လုပ်ကိုင်ဖို့အကောင်းဆုံးနိုင်ငံများ-

(1) Singapore 🇸🇬

Singapore နိုင်ငံက အရှေ့တောင်အာရှရဲ့ နည်းပညာတိုးတက်ရာဗဟိုချက်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်အနီးစပ်ဆုံးနည်းပညာအခွင့်အလမ်းကောင်းများရရှိနိုင်ရာ န်ိုင်ငံတစ်ခုပဲဖြစ်ပါတယ် ။

Demand အဖြစ်ဆုံးအလုပ်အကိုင်များ -

Fintech, Cybersecurity, Software Development, Data Analytics.

လစာအနေဖြင့် 💰

Entry-level: USD 36,000–50,000/year

(2) USA 🇺🇸

ကမ္ဘာ့နည်းပညာလောကကိုဦးဆောင်နေတဲ့ Company ကြီးတွေဖြစ်တဲ့ Microsoft, Google, Amazon, Meta, Tesla တို့အခြေစိုက်ရာနေရာဖြစ်ပြီး နည်းပညာဆိုင်ရာအခွင့်အလမ်းပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့နိုင်ငံပဲဖြစ်ပါတယ်။

Demand အဖြစ်ဆုံးအလုပ်အကိုင်များ -

Machine Learning, Data Science, Software Engineering.

လစာအနေဖြင့် 💰

Entry-level: USD 70,000–100,000/year.

(3) Canada 🇨🇦

Canada နိုင်ငံဟာလည်း Shopify, Ubisoft လိုကမ္ဘာ့ကုမ္ပဏီကြီးတွေကိုပိုင်ဆိုင်ထားသလို နည်းပညာဆိုင်ရာတိုးတက်မှုများနဲ့ အလုပ်အကိုင်ကောင်းတွေကိုဖန်တီးပေးနေတာဖြစ်ပြီး အားသာချက်အနေနဲ့ ပြောင်းရွှေ့ရလွယ်ကူပြီး work permit နှင့် PR Status ရဖို့အတွက်လည်းအခွင့်အလမ်းများတာမို့ မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ် ။

Demand အဖြစ်ဆုံးအလုပ်အကိုင်များ -

Cybersecurity, Data Analysis, Software Engineering.

လစာအနေဖြင့် 💰

Entry-level: USD 44,000–58,000/year

(4) Germany 🇩🇪

Germany နိုင်ငံက SAP, Siemens လို Company ကြီးတွေနှင့် Tech Start Ups ပေါင်းများစွာဖြင့် ဥရောပတိုက်ရဲ့နည်းပညာလောကကို ဦးဆောင်နေသလို automotive, robotics, and fintech တွေမှာလည်း များစွာဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံပဲဖြစ်ပါတယ်။

Demand အဖြစ်ဆုံးအလုပ်အကိုင်များ -

Machine Learning, Robotics, System Analyst.

လစာအနေဖြင့် 💰

Entry-level: USD 48,000–64,000/year

(5) Australia 🇭🇲

Healthcare, Finance, နှင့် Education စတဲ့နယ်ပယ်တွေမှာ IT ပညာရှင်တွေအတွက် Work-Life Balance ဖြစ်ပြီး Work Permit နှင့် PR Status ရဖို့အတွက် အခွင့်အလမ်းများစွာရှိနေတဲ့ နိုင်ငံပဲဖြစ်ပါတယ် ။

Demand အဖြစ်ဆုံးအလုပ်အကိုင်များ-

Cloud Computing, AI , Cybersecurity.

လစာအနေဖြင့် 💰

Entry-level: AUD 38,000–51,000/year

(6) UAE (Dubai) 🇦🇪

အာရှတိုက်နှင့် ဥရောပတိုက်နှစ်ခုကြားက အဓိကကျရာနေရာဖြစ်ပြီး နည်းပညာဆိုင်ရာအမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့န်ိုင်ငံဖြစ်သလို Luxury Life Style နဲ့ အခွန်ကင်းလွှတ်ခွင့်တွေကြောင့် ပြောင်းရွှေ့လုပ်ကိုင်ဖို့အကောင်းဆုံးစဥ်းစားသင့်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ် ။

Demand အဖြစ်ဆုံးအလုပ်အကိုင်များ -

Fintech, Cybersecurity, Cloud Computing.

လစာအနေဖြင့် 💰

Entry-level: AED 32,000–49,000/year

မပြောင်းရွှေ့ခင်စဉ်းစားသင့်သောအချက်များ 💁

1. ဘာသာစကားလိုအပ်ချက် 🌐

Canada, USA, Singapore, Australia စတဲ့နိုင်ငံတွေအတွက် English ဘာသာစကားတစ်ခုတည်းနဲ့လုံလောက်ပေမယ့် Germany လို နိုင်ငံကိုပြောင်းရွှေ့ချင်တဲ့သူတွေအတွက် German ဘာသာစကားပါ ထပ်သင်ရမှာပဲဖြစ်ပါတယ် ။

2. Visa နှင့် ပြောင်းရွှေ့နေထိုင်ခွင့် 🪪

Canada နှင့် Australia လိုနိုင်ငံတွေက ပြောင်းရွှေ့ခွင့်နှင့် PR Status ကို ပိုမိုလွယ်ကူစွာရနိုင်ပေမယ့် အခွင့်အလမ်းပိုများတဲ့ USA နှင့် Singapore နိုင်ငံတွေမှာတော့ အဲ့ဒီလိုရဖို့အတွက်ပိုမိုခက်ခဲနိုင်ပါတယ် ။

3. Career Trends 📈

▪️AI and data science ကိုစိတ်ဝင်စားတဲ့သူတွေအတွက် USA, Canada, Germany

▪️Software development and fintech အပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် Singapore, USA

▪️Cloud computing and cybersecurity အပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် Australia, UAE ကို ဦးစားပေးရွေးချယ်သင့်ပါတယ် ။

4. နေထိုင်မှုစရိတ်နှင့် လစာပမာဏ 💸

လစာများများရနိုင်တဲ့ USA နှင့် Singapore လိုနိုင်ငံတွေက ပုံမှန်အားဖြင့် အခွန်နှင့်နေထိုင်မှုစရိတ်ပိုများလေ့ရှိပြီး၊ Germany နှင့် Canada လိုနိုင်ငံမျိုးမှာဆိုရင်တော့ ရတဲ့လစာနှင့်နေထိုင်မှုစရိတ်ကပိုမိုမျှတပြီး သက်တောင့်သက်သာရှိစေနိုင်ပါတယ် ။

ကဲ..ဒီထဲမှာ သင်ကရောဘယ်နိုင်ငံတွေကိုပြောင်းရွှေ့လုပ်ကိုင်ချင်တာလဲ ??
တခြားသိချင်တာတွေအတွက်ကိုလည်း Comment မှာရေးခဲ့ပေးလို့ရပါတယ်နော်။ 🙆

18/11/2024

နိုင်ငံခြားမှာဝင်ငွေကောင်းပြီး အနာဂတ်မှာအောင်မြင်ချင်တဲ့သူတွေအတွက် 🧑‍💻
………
သင်က အသက် (၂၀) ဝန်းကျင်လူငယ်တစ်ယောက်ဆို သင့်ရဲ့အနာဂတ်ကို လစာရှယ်ကောင်းပြီး အရမ်းမိုက်တဲ့ Career တစ်ခုနဲ့ မစတင်ချင်ဘူးလား ??

ဒါဆို...ထိုင်းနိုင်ငံမှတစ်ဆင့် နိုင်ငံတကာရဲ့ နည်းပညာ Company တွေအထိပါ ထိုးဖောက်ဝင်ရောက်လုပ်ကိုင်နိုင်မယ့် MRVT College ရဲ့ Information Technology (IT) University Foundation Program က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ 😉

စစ်မှန်တဲ့လမ်းကြောင်းနှင့်အတူ သေချာကြိုးစားမယ်ဆိုရင် IT က သင့်ကိုအချိန်တိုအတွင်းအောင်မြင်စေနိုင်သလို အနာဂတ်မှာ ကိုယ်ပိုင် Tech Start Ups တွေတည်ထောင်ပြီး Billionaire တစ်ယောက်အထိပါဖြစ်လာနိုင်စေတဲ့ Industry ပဲဖြစ်ပါတယ် 😎

သင့်အနေနဲ့ သင့်ရဲ့အိပ်မက်တွေကိုကန့်သတ်မထားဘဲ အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူလေ့လာပြီး နည်းပညာနယ်ပယ်မှာအောင်မြင်တဲ့ Software Developer, Data Scientist, Cloud Engineer, Machine Learning Engineer, Cyber Security Specialist, AI Specialist တစ်ယောက်အထိဖြစ်လာအောင်ရည်မှန်းချက်ထားပြီးကြိုးစားလို့ရနေပါပြီ ✌️

သင့်ရဲ့လက်ရှိကြိုးစားမှုက သင့်အနာဂတ်ဝင်ငွေနဲ့ တိုက်ရိုက်အချိုးကျနေတာဖြစ်လို့ အခုချိန်မှာ လမ်းပျောက်နေမယ့်အစား MRVT College ရဲ့ Information Technology (IT) University Foundation Program နဲ့သာ အမြန်စတင်လိုက်တော့နော် ။

တန်းခွဲသစ်အတွက်စုံစမ်းရန်.

https://www.facebook.com/100078087129264/posts/564251139521119/

08/11/2024

ထိပ်တန်း IT မေဂျာ (၈) ခု 🧑‍💻.

သင်က အိုင်တီနဲ့ ဘွဲ့ရဖို့စိတ်ကူးထားတဲ့သူတစ်ယောက်လား ?? ဒါဆို လစာအကောင်းဆုံးနဲ့ အနာဂတ်လိုအပ်ချက်များလာတဲ့ အိုင်တီမေဂျာ (၈) ခုအကြောင်းကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။

1️⃣ ကွန်ပျူတာသိပ္ပံ (Computer Science)

Programming၊ Algorithm နှင့် ဆော့ဖ်ဝဲလ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအာရုံစိုက်လေ့လာရတဲ့မေဂျာတစ်ခုဖြစ်ပြီး နည်းပညာဆိုင်ရာပြဿနာဖြေရှင်းခြင်းနှင့် ဆော့ဖ်ဝဲလ်အသစ်များကို တီထွင်ဖန်တီးလိုသူများအတွက်တက်ရောက်သင့်ပါတယ် ။

2️⃣ သတင်းအချက်အလက်နည်းပညာ (IT)

ကွန်ရက်ချိတ်ဆက်မှု၊ ဒေတာဘေ့စ်စီမံခန့်ခွဲမှုနှင့် အိုင်တီနည်းပညာပံ့ပိုးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာရတဲ့ မေဂျာဖြစ်ပြီး IT နည်းပညာကိုစွယ်စုံရချင်သူများအတွက် တက်ရောက်သင့်ပါတယ် ။

3️⃣ ဆိုက်ဘာလုံခြုံရေး (Cybersecurity)

အဆင့်မြင့်ဒစ်ဂျစ်တယ်တိုက်ခိုက်မှုများမှ နည်းပညာစနစ်များ၊ ကွန်ရက်များနှင့် ဒေတာများကို ကာကွယ်ရန်လေ့လာရတဲ့ မေဂျာတစ်ခုဖြစ်ပြီး ဒေတာများကိုလုံခြုံစ်ိတ်ချရအောင် ထိန်းသိမ်းလိုသူများအတွက် အထူးပြုတက်ရောက်သင့်ပါတယ် ။

4️⃣ ဒေတာသိပ္ပံ (Data Science)

အချက်အလက်များမှ ထိုးထွင်းသိမြင်နိုင်မှုများထုတ်ယူပြီး ဆုံးဖြတ်ချက်ချရန် ကွန်ပျူတာသိပ္ပံနှင့် စာရင်းအင်းများကို ပေါင်းစပ်လေ့လာရတဲ့ မေဂျာတစ်ခုပဲဖြစ်ပြီး ဒေတာခွဲခြမ်းစိတ်ဖြာမှု၊ Machine Learning နှင့် AI တို့ကို စိတ်ဝင်စားသူများတက်ရောက်သင့်ပါတယ် ။

5️⃣ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ (Software Engineering)

ဆော့ဖ်ဝဲလ်စနစ်များ ဒီဇိုင်းဆွဲခြင်းနှင့် တီထွင်ခြင်းတို့ကိုအထူးပြုလေ့လာရတဲ့ မေဂျာဖြစ်ပြီး Developer ဖြစ်လိုသူများအတွက်တက်ရောက်သင့်ပါတယ်။

6️⃣ Artificial Intelligence (AI) and Machine Learning

ဒေတာများမှတစ်ဆင့် "သင်ယူလေ့လာ" နိုင်တဲ့ ဉာဏ်ရည်တုစနစ်များကို တီထွင်ဖန်တီးဖို့အတွက် လေ့လာရတဲ့မေဂျာတစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် AI နှင့် automation နည်းပညာကိုစိတ်ဝင်စားသူများအတွက်တက်ရောက်သင့်ပါတယ်။

7️⃣ Cloud Computing

အင်တာနက်ပေါ်တွင် ဒေတာ၊ အပလီကေးရှင်းများကို ရယူသိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့်အသုံးချခြင်းတို့ကို လေ့လာရသည့်မေဂျာတစ်ခုဖြစ်ပြီး Cloud ဝန်ဆောင်မှုများသည် ယနေ့နည်းပညာလောကတွင် မရှိမဖြစ်လိုအပ်လာပြီဖြစ်သောကြောင့် စိတ်ပါဝင်စားသူများတက်ရောက်သင့်ပါသည်။

8️⃣ စက်ရုပ်များ (Robotics)

အလိုအလျောက်လုပ်ဆောင်သောစနစ်များနှင့် စက်ရုပ်များကိုတီထွင်ဖန်တီးရန် AI နည်းပညာ၊ IT နှင့် အင်ဂျင်နီယာပညာရပ်တို့ကို ပေါင်းစပ် လေ့လာရတဲ့မေဂျာဖြစ်ပြီး အလိုအလျောက်စနစ်နှင့် ဉာဏ်ရည်တုနည်းပညာကို စိတ်အားထက်သန်သူများအတွက်အထူးပြုတက်ရောက်သင့်ပါတယ် ။

ကဲ...သင်ကရောဘယ်မေဂျာကို စိတ်ဝင်စားဆုံးလဲ ?? Comment မှာရေးခဲ့ပေးလို့ရပါတယ်နော် ။
ထပ်သိချင်တာ‌တွေရှိရင်လည်း အသေးစိတ်ကို Page Messenger မှာ လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ခင်ဗျာ ။ ♥️

06/11/2024

🧑‍💻 အိုင်တီနှင့် နည်းပညာဆိုင်ရာပညာရေးနှင့် အခွင့်အလမ်းကောင်းများကိုရယူလိုသူများအတွက်

ကျွန်တော်တို့ MRVT College ၏ University Foundation Program Of IT Majors သည် အိုင်တီနှင့်နည်းပညာနယ်ပယ်များတွင် ခိုင်မာသောအခြေခံပညာရေးမှတစ်ဆင့် ထိုင်းနိုင်ငံနှင့်နိုင်ငံတကာတွင်အောင်မြင်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်အထိ တက်လှမ်းစေနိုင်ဖို့အတွက် အဓိကရည်ရွယ်ထားခြင်းဖြစ်ပါတယ် ။

သတင်းအချက်အလက်နည်းပညာ၊ ကွန်ပျူတာသိပ္ပံ 💻၊ ဒေတာသိပ္ပံနှင့် နောက်ဆုံးပေါ်ဉာဏ်ရည်တုနည်းပညာများနှင့် ဆက်စပ်နယ်ပယ်များကို စိတ်ဝင်စားသူတိုင်းအတွက် လိုအပ်သောသတင်းအရင်းအမြစ်များ၊ အရေးပါသောလမ်းညွှန်မှုများနှင့် မရှိမဖြစ်သော ကျွမ်းကျင်မှုများကို တစ်နေရာတည်းမှာစုစည်းရရှိနိုင်မှာပဲဖြစ်ပါတယ် ။

✅ သင်ရိုးညွှန်းတမ်း

ကျွန်တော်တို့၏ သင်ရိုးညွှန်းတမ်းများမှာလည်း ထိုင်းနိုင်ငံမှတရားအသိမှတ်ပြုထားသော နိုင်ငံတကာအဆင့်မှီသင်ရိုးများဖြစ်ပြီး၊ အနည်းဆုံး စနစ်ဟောင်း (၉) တန်း ၊ စနစ်သစ် G-12 အောင်ထားသူများအတွက် ထိုင်းနိုင်ငံတွင် IT Majors ဖြင့် တက္ကသိုလ်ဆက်တက်နိုင်ရန်နှင့် ဘွဲ့ရပြီးရင် 🧑‍🎓 နိုင်ငံတကာထိသွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် အဆင့်မြင့်ပညာရေးဖြင့် စဉ်ဆက်မပြတ်တိုးတက်စေဖို့အတွက် အဓိကထားခြင်းဖြစ်ပါတယ် ။

✅ သီအိုရီနှင့် လက်တွေ့လေ့လာမှုများ

သီအိုရီအရစာတွေ့သင်ကြားမှုနှင့် လက်တွေ့ လေ့လာမှုများပေါင်းစပ်၍ ပရိုဂရမ်ရေးဆွဲခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပြဿနာဖြေရှင်းခြင်းဆိုင်ရာ သင်တန်းများအထိပါ ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

တိုးတက်မှုနှုန်းမြင့်မားလာသည့် အနာဂတ်နည်းပညာနှင့် IT နယ်ပယ်တွင် သင့် Career ကိုစတင်ဖို့အတွက် အခုပဲ Page လေးကို Like လုပ်ပြီး အဆက်မပြတ်စောင့်ကြည့်လိုက်တော့နော် ။ ♥️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Kamayut
Yangon
11041