Perfect Myanmar

Perfect Myanmar

Share

Perfect Myanmar is one of the latest ventures of Perfect International Group, one of the Top 10 MLM Companies in the World!

02/12/2019

နာနတ်သီး
ထူးခြားစွဲမက်ချိုမြ လန်းဆန်းသော အရသာရှိသည့် နာနတ်သီးတွင် ပါဝင်သော စွယ်စုံအစွမ်းထက်သည့် အင်ဇိုင်းတစ်မျိုးက ကိုက်ခဲခြင်း၊ နာကျင်ခြင်းနှင့် ရံဖန်ရံခါ အားကစားလုပ်ရာမှ ရရှိလာသော ပွန်းပဲ့ဒဏ်ရာအနာများ ပျောက်ကင်းရန် အထောက်အကူပေးနိုင်သည်။
ဆေးဖက်ဝင်အသီးဖြစ်သော နာနတ်သီးတွင် အာဟာရသြဇာဓါတ် အများအပြား ကြွယ်ဝစွာပါဝင်သောကြောင့် ယင်းကို သွားရေစာအဖြစ် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်မှ အနာရောဂါများ လျင်မြန်စွာ သက်သာပျောက်ကင်းစေသည်။
အထူးသဖြင့် နာနတ်သီးတွင် ပါဝင်သော ဘရိုမီလိန်း(Bromelain) ခေါ် အလွန်အစွမ်းထက်သည့် အင်ဇိုင်းတစ်မျိုးသည် နာကျင်ရောင်ရမ်းခြင်းကို ထိရောက်စွာ ပယ်ဖျောက်ပေးနိုင်သောကြောင့် အလုပ်ဒဏ်ပိ၍ဖြစ်စေ၊ ထိခိုက်မိ၍ ဖြစ်စေ အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်ရောင်ရမ်းခြင်း အတန်ငယ်အသေးအမွှား ပျက်စီးခြင်းတို့ အား သက်သာပျောက်ကင်းစေနိုင်သည်။
ဘရိုမီလိန်းသည် အပင်မှ ထုတ်ယူရရှိုနိုင်သော အင်ဇိုင်းဖြစ်ကာ နှာပိတ်ခြင်း၊ ဖျားနာခြင်းနှင့် အစာမကြေခြင်းတို့ အတွက်လည်း အသုံးဝင်ပြီး အထူးသဖြင့် ခွဲစိတ်မှုခံယူပြီးချိန် သို့ မဟုတ် ဒဏ်ရာရရှိပြီးနောက်ပိုင်း နှာခေါင်းနှင့် ဦးခေါင်းခွံအတွင်းမှ နှာခေါင်းနှင့် ဆက်နေသော လေလမ်းကြောင်းတို့ ၌ ရောင်ရမ်းနေမှုကို အလျင်အမြန် လျော့ကျသက်သာသွားစေနိုင်သည်ဟု ဆိုပါသည်။
နာနတ်သီးတွင် အမြောက်အမြားကြွယ်ဝစွာ ပါဝင်သော ဗီတာမင်စီဓါတ်ကလည်း ထိမိ၊ ခိုက်မိ၊ ဆောင့်မိမှုကြောင့် ခံစားရသော ဝေဒနာများနှင့် ပွန်းပဲ့ရှနာများကို ပျောက်ကင်းရန် အထောက်အကူပြုပေးသည်။
ယင်းအစွမ်းသတ္တိကပင် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာခြင်းတို့ ကို သက်သာလျော့ပါးအောင် ကုစားပေးခြင်းဖြစ်ပါသည်။
တစ်ခုသတိပြုရန်မှာ နာနတ်သီးသည် လတ်ဆတ်လေ ၄င်း၏ အစွမ်းသတ္တိအာနိသင် ပိုပြီးထက်လေဖြစ်ကာ စားသုံးရာတွင် စီမံပြင်ဆင်မှုအဆင့်များလေလေ နာနတ်သီးတွင် ပါဝင်သော ဘရိုမီလိန်းအင်ဇိုင်းများ လျော့ပါးလေဖြစ်သဖြင့် ကျန်းမာရေးအတွက် ရည်ရွယ်စားသုံးခြင်း ဖြစ်ပါက တတ်နိုင်သမျှ ပြုပြင်မှုအဆင့် အနည်းဆုံးဖြင့် ပကတိ လတ်လတ်ဆတ်ဆတ် စားသုံးရန် ဖြစ်ပါသည်။

29/11/2019

ရန်ဖြစ်တတ်တဲ့ အစားအသောက်များ
လူတွေမှာ ဓါတ်မတည့်ခြင်းဆိုတဲ့ ဝေဒနာဖြစ်လေ့ရှိပါတယ်။ ပတ်ဝန်းကျင်က အပူအအေး ၊ အမှုန်အမွှားကစလို့ ဓါတ်မတည့်တာ အမျိုးမျိုး ရှိတတ်ပါတယ်။ အလာဂျီ (Allergy) ခေါ်ကြတာပေါ့။ အဲဒီမှာမှ အစားအသောက်တွေနဲ့  ဓါတ်မတည့်တာတွေကလည်း ပါဝင်နေပြန်ပါတယ်။ တချို့ က အစားတစ်မျိုးမျိုး၊ တချို့ ကလည်း အစားတော်တော်များများနဲ့ ဓါတ်မတည့်ဖြစ်ကြပါတယ်။
အစားအသောက်ကြောင့် ဓါတ်မတည့်တာဖြစ်ရတာက စိတ်ဝင်စားစရာပါ။ မတည့်တဲ့ အစာကိုစားမိတာနဲ့  ကိုယ်ခန္ဓာရဲ့  ကိုယ်ခံအားစနစ်က တစ်ခုခုမှားနေပြီ ဆိုတာတွေးမိပါတယ်။ ဒါပေမယ့် ပထမအကြိမ်မှာတော့ ယားတာ၊ အဖုအပိန့် တွေ ထွက်တာကို သတိမပြုမိလိုက်ပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ်အတွက်ကိုတော့ ကိုယ်ခန္ဓာက သတိပြုနေပါပြီ။ နောက်တစ်ကြိမ်မှာ အဲဒီမတည့်စာ ၀င်လာတာနဲ့  ကိုယ်ခန္ဓာက တုံ့ ပြန်ပါတော့တယ်။ Histamine ခေါ်တဲ့ ဓါတ်တွေထုတ်ပေးတာ ပေါ့။ အဲဒီဓါတ်တွေက ယားတာ၊ အဖုအပိန့်  ထွက်တာနဲ့  ရောင်ရမ်းတာတွေ ဖြစ်စေတာပါ။
ဓါတ်မတည့်လက္ခဏာတွေ
ဓါတ်မတည့်စာတစ်ခုခုစားမိတာနဲ့  အလာဂျီဆိုတဲ့ လက္ခဏာတွေပေါ်တာပါပဲ။ မိနစ်ပိုင်းလောက်ကနေ ၂ နာရီလောက်အတွင်းမှာ ဖြစ်တာပါ။ အရေပြားပေါ်မှာ အဖုအပိန့် တွေထွက်လာမယ်၊ ပါးစပ်မှာထုံသလိုလို ယားသလိုလို ဖြစ်လာမယ်၊ မျက်နှာတွေ၊ လျှာတွေ၊ နှုတ်ခမ်းတွေရောင်လာမယ်၊ ချောင်းဆိုးရင်ကျပ်ဖြစ်လာမယ်၊ အန်တာ၊ ၀မ်းလျှောတာ၊ ဗိုက်နာဗိုက်အောင့်တာတွေ ဖြစ်လာမယ်၊ လည်ပင်းထဲမှာနဲ့ အသံအိုးမှာ ရောင်လာမယ်၊ အသက်ရှူကျပ်လာမယ်ဆိုတာတွေ ဖြစ်လာမှာပါ။
သိပ်ဆိုးရင်တော့ ဆေးတွေမတည့်ရင် ရှော့်ခ်ရသလိုမျိုး Anapylaxis ဖြစ်တတ်ပါတယ်။ သွေးပေါင်တွေကျ၊ လည်ချောင်းတွေပိတ်ပြီး၊ အသက်ရှူကျပ်လာပြီး အရေးပေါ်ကုသမှုခံယူဖို့ ပျက်ကွက်ရင် အသက်ဆုံးရှူံးတတ်ပါတယ်။ ဓါတ်မတည့်မှုအဖြစ်များတဲ့ စားဖွယ်စုံကို ပြောပြချင်ပါတယ်။
မြေပဲ
အနောက်နိုင်ငံတွေမှာတော့ ပိုအဖြစ်များပါတယ်။မြေပဲကို ကြောက်ကြပါတယ်။ မြေပဲကလည်း ရိုးရိုး၊ ပြုတ်ကြော်၊ လှော် သာမက မြေပဲထောပတ်လိုမျိုးပါလုပ်တဲ့အပြင် အသုပ်တွေမှာလည်း ဖြည့်ကြသေးတာမဟုတ်လား။ စားမယ့် အစားအသောက်က မြေပဲပါမပါကို အသင့်ပြင်ဆင်ထုပ်ပိုးထားတဲ့ အစာတွေမှာတော့ အပြင်က ပါဝင်ပစ္စည်းစာရင်းကနေဖတ်ပြီး ရှောင်နိုင်ပါတယ်။ အဲသလိုမျိုး စာတမ်းမထိုးထားတဲ့ မုန့် တွေမှာ ဆိုရင်လည်း ကိုယ်ကမြေပဲမတည့်သူဖြစ်ရင် မြေပဲပါမပါ သေချာမေးမြန်းပြီးမှ စားသုံးသင့်ပါတယ်။မြေပဲစားလို့ ဓါတ်မတည့်တာ ဖြစ်ဖူးရင် တခြား အဲသလို မြေထဲက ဖော်ရတဲ့ ပဲတွေ၊ အစေ့အဆံတွေနဲ့ မတည့်တာဖြစ်တတ်တာလည်း သတိထားရပါမယ်။
နို့ နဲ့ နို့ က ထုတ်လုပ်တဲ့ စားစရာတွေ
ကလေးသူငယ်တွေအတွက် ဓါတ်မတည့်မှုအဖြစ်ဆုံးအစာက နို့ (နွားနို့ ) နဲ့  နို့ ကထုတ်တဲ့ ပစ္စည်းတွေပါပဲ။ အခုတော့ ပဲနို့် လိုမျိုးတွေ ပေါ်လာတာက ရွေးစရာဖြစ်လာလို့  မဆိုးပါဘူး။ ကလေးမှာ နို့ နဲ့ ဓါတ်မတည့်တာဖြစ်ရင် နို့ တိုက်နေတဲ့ မိခင်ကိုယ်တိုင် အဲဒီအစာတွေရှောင်မှ အဆင်ပြေမှာပါ။တူနာငါးလိုမျိုးတွေမှာလည်း အဲဒီနို့ မှာပါတဲ့ ပရိုတင်းမျိုး ပါတတ်တာ သတိထားရပါမယ်။ တချို့ က နို့ ကို အစားအသောက်မှာ casein ဆိုပြီး အမည်တပ်ထားတာကိုလည်း သတိချပ်ရမှာပါ။
ဥအမျိုးမျိုး
ဓါတ်မတည့်မှုဖြစ်စဉ်မှာ ကြက်ဥ၊ ဘဲဥလို ဥတွေကလည်း အတွေ့ များပါတယ်။ ဥတွေကို ရှောင်ရုံသာမက ကြက်ဥထည့်ထားတဲ့ ခေါက်ဆွဲ၊ မယောနိစ့်၊ မုန့် တွေလည်း သတိထားရပါမယ်။ တချို့ တုပ်ကွေးကာကွယ်ဆေးမျိုးမှာ ကြက်ဥသုံးထားတာမို့  ဆေးထိုးမယ်ဆိုရင် ဆရာဝန်ကို ကိုယ်က ကြက်ဥနဲ့ ဓါတ်မတည့်တာမျိုး ရှိနေရင် အသိပေးထားရပါမယ်။
ပင်လယ်စာတွေ
ပင်လယ်စာသိပ်ကြိုက်သူတွေအဖို့  ဓါတ်မတည့်ရင် ပြဿနာပါ။ လူကြီးအရွယ်မှာ ပင်လယ်စာဓါတ်မတည့်မှု အကြီးအကျယ် တစ်ခါဖြစ်ရင် အဲဒါတသက်လုံး ဖြစ်တော့မယ်ဆိုတဲ့ သဘောလို့ ဆိုပါတယ်။ ပုဇွန်မျိုးစုံ၊ ဂဏန်း၊ ခုံး (ဂုံး) စတာတွေက ပြင်းထန်တဲ့ ဓါတ်မတည့်မှု ဖြစ်စေပါတယ်။ ရေဘ၀ဲ ၊ ကင်းမွန်တွေလည်း အတူတူပါပဲ။ ပင်လယ်စာ ဓါတ်မတည့်ရင် အားလုံးရှောင်ကြဉ်တာက စိတ်ချရပါတယ်။
ပင်လယ်စာတွေလိုပဲ တချို့ ငါးတွေလည်း ဓါတ်မတည့်ဖြစ်ကြပါတယ်။ ဆော်လမွန်တို့ ၊ တူနာတို့ က အဆိုးဆုံးပေါ့။ ငါးတစ်မျိုးမျိုးနဲ့  ဓါတ်မတည့်ရင် တခြားငါးတွေနဲ့ လည်း မတည့်တာကြုံနိုင်ပေရဲ့ ။ ငံပြာရည်နဲ့  ငါးပိအထိပါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသားမှာ ညို မှောင်မှောင် အလွှာပါတဲ့ ငါးသလောက်လို ငါးတွေက ဓါတ်မတည့်မှု ပိုဖြစ်စေပါသတဲ့။
အစေ့အဆံတွေ
အစေ့အဆံတွေက အမယ်စုံရှိပါတယ်။ စားစရာတွေအပြင် တချို့ လည်းအလှကုန်လိမ်းဆေးတွေအဖြစ်ပေါ့။ တချို့ မုန့် တွေမှာလည်း ထည့်ပြီး ဖုတ်ကြပါတယ်။ ဗာဒံ ၊ သီဟိုဠ်တွေကအစ သစ်ကြားသီးလိုမျိုးနဲ့  တခြားနိုင်ငံခြားဖြစ်အစေ့အဆံပေါင်းများစွာလည်း ဆိုင်တွေမှာ တွေ့ နေရပါပြီ။ အစေ့အဆံတခုခုနဲ့  ဓါတ်မတည့်ဖူးရင် အဲဒါတွေ သတိထားစားပါ။ နေကြာစေ့ကိုတော့ အဲဒီစာရင်းထဲ သွင်းထားတာ မဟုတ်လို့  စားနိုင်တယ်လို့ ဆိုပါတယ်။
ပဲပုတ်
ပဲပိစပ် ခေါ်တဲ့ ပဲပုတ် တစ်နည်းနည်းပါဝင်လေ့ရှိတဲ့ ပေါင်မုန့် ၊ စည်သွပ်ဘူး အသားနဲ့ သရေစာတွေကို ပဲပုတ်နဲ့ ဓါတ်မတည့်ရင် သတိပြုရပါမယ်။ အစားအသောက်ဗူးပေါ်က အမယ်တွေကို သေချာဖတ်ပါ။ တခြား တို့ ဖူး၊ ပဲနို့ ၊ ပဲငံပြာရည်တွေလည်း ရှောင်ကြဉ်ပေါ့။
ဂျုံ
ဂျုံလိုမျိုး၊ ဘာလီလိုမျိုး အခြေခံထားတဲ့ ပေါင်မုန့် ကနေ ဘီယာအထိပြီးတော့ တခြားဂျုံပါဝင်တဲ့ အမယ်စုံစားဖွယ်ရာတွေကလည်း ဓါတ်မတည့်မှုဖြစ်စေပါတယ်။ ဂျုံမှာ ပါတဲ့ ပရိုတင်းတစ်မျိုးကြောင့် ဖြစ်ရတာပါ။ ပြောင်းဖူး၊ ကွေကာအုပ် စတာတွေကတော့ အန္တရာယ်မရှိဘူး ဆိုပါတယ်။
အခုဆိုရင်ဖြင့် ဓါတ်မတည့်မှု တစ်နည်း အလားဂျစ် ဖြစ်တတ်တဲ့ အစားအသောက်တွေ အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ အစားမတော်တစ်လုပ်မဖြစ်ဖို့ ၊ စားသောက်ပြီး မသင်္ကာစရာ လက္ခဏာ တစ်ခုခုကြုံရင်သတိပြုဆင်ခြင် ပြီး အသက်ဥာဏ်စောင့်နိုင်ကြပါစေ။

27/11/2019

သွေးအားနည်းခြင်း
သွေးအားနည်းခြင်းမှာ သွေးလည်ပတ်ရာတွင် ဆဲလ်အနီအရေအတွက်ပမာဏလျော့နည်းခြင်း (သို့ မဟုတ်) သွေးအနီရောင် ပရိုတိန်းပမာဏမလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမြဲမြင်တွေ့ နေကျ ရောဂါလက္ခဏာမှာ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး အားအင်ချိနဲခြင်း ဖြစ်သည်။သွေးအားနည်းခြင်း ပုံစံ အမျိုးအစားမှာ ခန့် မှန်းခြေ အမျိုးပေါင်း ၄၀၀ ရှိသည်။များသောအားဖြင့် အမြဲတမ်း တွေ့ လေ့တွေ့ ထ မရှိပါ။ အမြဲ မြင်တွေ့ နေကျ သွေးအားနည်းသည့် အမျိုးအစားမှာ သံဓါတ်ချို့ တဲ့ပြီး သွေးအားနည်းခြင်း၊ သွေးများပျောက်ကွယ်သည့် သဘောရှိသည့် အားနည်းခြင်း၊ ထပ်မံပြီး အဟန့် အတားသဘောရှိသည့် သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါသည်။အာဟာရဓါတ်သဘော ဆန် သည့် သွေးအားနည်းခြင်း စသည်တို့  ဖြစ်ကြပါသည်။ အစားအစာဖြင့် ကုသသည့် အဓိက အချက်မှာလည်း တူညီခြင်း မရှိပါ။
ဇီးသီးနီ၊ ကြွက်နားရွက်မှိုရွက်ဟင်းရည် သည် အမဓါတ်ကို စိုစွတ်စေပြီး အာဟာရဓါတ် မျှတပါသည်။ အားကို တိုးပွားစေပြီး သွေးအားကောင်းသည်။ အမဓါတ်အရည်များ ဆုံးရှုံးပျက်စီးခြင်း၊ လေသွေး မလုံလောက်ခြင်းကြောင့် သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေသည်။ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သည်။ ခေါင်းမူးပြီး နားအူသည်။ စိတ်ပူပင် သောကများပြီး အားနည်းသည်။ အပူကျပြီး ပါးစပ်ခြောက်သွေ့ သည်။ ခါး၊ ခြေထောက်၊ ညောင်းညာ ပျော့ခွေသည်။ ပင်ပန်းနွမ်းနယ်အားနည်းခြင်း စသည့် ရောဂါများအတွက် ကုသရန် သင့်တော်ပါသည်။
နွားနို့ ကောက်ညှင်း ဆန်ပြုတ် သည် အားအင်ကုန်ခမ်းသွားသည်ကို ဖြည့်ဆည်းပေးခြင်း၊ သရက်ရွက်၊ အစာအိမ်ကို အကျိုးရှိစေသည်။ တံတွေးစီးဆင်းသည်။ ခြောက်သွေ့ နေသည့် အူကို စိုစွတ်စေသည်။ လုပ်အားဖြုန်းတီးခြင်းကြောင့် အားအင်နည်းသွားခြင်း၊ အာဟာရဓါတ်မပြည့်စုံခြင်း၊ သွေးအားနည်းခြင်း၊ ကိုယ်ခန္ဓာ အားနည်းခြင်းနှင့် ဖျားနာပြီးနောက် မီးဖွားပြီးနောက် လူအိုများ ခန္ဓာကိုယ်အားနည်းပြီး ၀မ်းချုပ်ခြင်း စသည့်ရောဂါတို့ အတွက် ကုသပေးရန်သင့်တော်ပါသည်။
ကြာစေ့၊ နှင်းသီး ဆန်ပြုတ် သည် နှလုံးနှင့် သရက်ရွက်ကို အားကောင်းစေသည်။ သွေးလေအတွက် ကောင်းမွန်ပါသည်။ သွေးများကုန်ခမ်းသွားသည့် သဘော ရှိသည့် သွေးအားနည်းခြင်းရောဂါတို့ အတွက် ကုသပေးရန် သင့်တော်ပါသည်။
ကြက်သားအရည်ဆန်ပြုတ်သည် ကိုယ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်း ငါးခုကို အားတိုးစေသည်။ သွေးလေအတွက် အကျိုးရှိပါသည်။ အားနည်းခြင်း၊ အသက်အရွယ်ကြီးရင့်သည့် လူအိုများ ကိုယ်ခန္ဓာအားနည်းပြီး ဖျားနာပြီးနောက် မီးဖွားပြီးနောက် ပြန်လည်ဝဖြိုးလာခြင်း၊ အားအင်ချိနဲ့ ခြင်းနှင့် အလုပ်လုပ်ပြီး ပြုန်းတီးသွားခြင်း စသည့် သွေးလေအားနည်းပြီး သွေးလေမှန်သမျှ မလုံလောက်ခြင်း စသည်တို့ အတွက် ကုသပေးရန် သင့်တော်ပါသည်။
ဟင်းနုနွယ်ရွက် ဆန်ပြုတ် သည် သွေးအားမွေးသည်။ သွေးတိတ်သည်။ အမဓါတ်ကို ရပ်တန့် စေသည်။ စိုစွတ်စေသည်။ အူ၊ အစာအိမ်၊ အပူအဆိပ် သံဓါတ်နည်းသည့် အားနည်းခြင်း၊ သွေးထွက်ခြင်း၊ မစင်စွန့် ရာတွင် သွေးပါခြင်း၊ သွေးပျက်ရောဂါနှင့် ကျင်ကြီးစွန့် ရာ၌ ရပ်တန့် ပြီး အဆင်ပြေစွာ မစွန့် နိုင်ခြင်း စသည့် ရောဂါများအတွက် ကုသရန် သင့်တော်ပါသည်။
ဆိတ်ရိုး ဆန်ပြုတ် သည်ကျောက်ကပ်ကို အားတိုးစေသည်။ အရိုး အကြော တောင့်တင်းသန်မာသည်။ သရက်ရွက်နှင့် အစာအိမ်အတွက် အားကောင်းစေသည်။ ထပ်မံပြီး အဟန့် အတားဖြစ်လာသည့် သွေးအားနည်းခြင်း ၊ သွေးအားနည်းပြီး ဖြစ်ပေါ်လာသည့် အရေပြား အညိုကွက်ထခြင်း စသည့် ရောဂါများအတွက် ကုသရန် သင့်တော်ပါသည်။

25/11/2019

အိပ်ရေးမ၀ရင် သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ?
သင့်အနေနဲ့  လုံလောက်တဲ့ အိပ်စက်မှု မရှိရင် သင့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာလောက်အထိ သက်ရောက်မှု ဖြစ်ပေါ်လဲဆိုတာကို အမေရိကန်ကယ်လီဖိုးနီးယားတက္ကသိုလ်က အာရုံကြောနှင့် စိတ်ပညာ ပါမောက္ခ မက်ဒရူးဝေါကာက တင်ပြထားပါတယ်။
အိပ်ရေးမ၀ရင် သင့်ရဲ့ ဦးနှောက်ဟာ မှတ်ဥာဏ်သစ်တွေကို မှတ်သားနိုင်စွမ်းမရှိတော့ပါ။ အိပ်စက်ခြင်း ချို့ တဲ့သူဟာ ဦးနှောက်ရဲ့  မှတ်ဥာဏ်သိုလှောင်ရာက မှတ်သားစရာ အသစ်တွေကို ပိတ်ထားလိုက်တဲ့အတွက် သင့်အနေနဲ့  အချက်အလက် အတွေ့ အကြုံအသစ်တွေကို မှတ်သားနိုင်စွမ်း ရှိတော့မှာ မဟုတ်ပါ။ အိပ်စက်ခြင်း ချို့ တဲ့သူဟာ ဦးနှောက်ရဲ့  မှတ်ဥာဏ်သိုလှောင်ရာက မှတ်သားစရာ အသစ်တွေကို ပိတ်ထားလိုက်တဲ့အတွက် သင့်အနေနဲ့  အချက်အလက် အတွေ့ အကြုံအသစ်တွေကို မှတ်သားနိုင်စွမ်း ရှိတော့မှာ မဟုတ်ပါ။
ဒါ့အပြင် beta-amyloid လို့ ခေါ်တဲ့ အဆိပ်ဖြစ် ပရိုတိန်းဓါတ်တွေလည်း ဦးနှောက်ထဲမှာ များပြား ဖွံ့ ဖြိုးစေပါတယ်။ ဒီဓါတ်ဟာ အယ်ဇိုင်းမားရောဂါနဲ့ ဆက်နွယ်တဲ့ ဓါတ်ဖြစ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချိန်မှာ ဦးနှောက်ရဲ့  အညစ်အကြေးသန့် စနစ်က အမြင့်ဆုံး အလုပ်လုပ်ပြီး ဒီအဆိပ်ဖြစ်ပရိုတိန်းတွေကို စတင်ဖယ်ရှားတာ ဖြစ်ပါတယ်။
ဒါကြောင့် ညစဉ် အိပ်စက်ချိန်နည်းပါးတာဟာ အယ်ဇိုင်းမားနဲ့  ဆက်နွယ်တဲ့ ပရိုတိန်းတွေ ပိုပြီး ဖွံ့ ဖြိုးတည်ဆောက်တာကြောင့် ဘ၀နောက်ပိုင်းမှာ ဒီရောဂါဖြစ်နိုင်တဲ့ ဘေး အလွန်ကို မြင့်မားတာပဲ ဖြစ်ပါတယ်။
အိပ်ရေးမ၀တာကြောင့် ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေကတော့ တော်တော်လေးကို များပါတယ်။ ပထမအချက်အနေနဲ့  ပြောရရင် မျိုးပွားစနစ်ကို သက်ရောက်ပြီး အသက်အရွယ် ပိုအိုမင်းစေတာပါ။ ညဖက် ငါးနာရီ၊ ခြောက်နာရီပဲ အိပ်လေ့ရှိတဲ့ အမျိုးသားတွေဟာ ကိုယ့်ထက် ဆယ်နှစ်နှစ်လောက် ကြီးတဲ့ သူတွေမှာ ရှိတဲ့ ဝှေးစေ့ ဟော်မုန်းအဆင့်မျိုးရောက်ပါတယ်။ ဒါကြောင့် အိပ်ရေးမ၀သူတွေဟာ သုတ်အားနဲ့ ခန္ဓာသွင်ပြင်ပိုင်းမှာ ဆယ်နှစ်လောက် ပိုအိုစာစေတာ ဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်ကို အိပ်ရေးမ၀တာက ကောင်းကောင်းသက်ရောက်တယ်ဆိုတာ သိပြီး ဖြစ်မှာပါ။ တညကို လေးနာရီနဲ့  ငါးနာရီပဲ အိပ်ရင် ကင်ဆာတိုက်ဖျက်ရေး ကိုယ်ခံအားစနစ်ဆဲလ်တွေ ထုတ်လုပ်နှုန်း ၇၀ ရာခိုင်နှုန်း လျော့ကျပါတယ်။ ဒါကြောင့် အိပ်ရေးမ၀တာဟာ အမျိုးမျိုးသော ကင်ဆာတွေကို လက်ယပ်ခေါ်တာပဲ ဖြစ်ပါတယ်။
အိပ်ရေးမ၀တာက အာရုံကြောသွေးလည်ပါတ်မှု စနစ်ကိုလည်း သက်ရောက်ပါတယ်။ ညပိုင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်နေပြီဆိုရင် သွေးပေါင်ချိန်ဟာ အံ့အားသင့်စဖွယ် သက်ရောက်တာကို တွေ့ ရပါတယ်။နှလုံးခုန်နှုန်း ကျလာပြီး သွေးပေါင်လည်း ကျလာပါတယ်။
အိပ်ချိန်ဟာ မပြည့်ဝဘူးဆိုရင် အာရုံသွေးလည်ပါတ်စနစ်ကို မမြှင့်တင်ပေးနိုင်တာကြောင့် သွေးပေါင်တက်လာတော့မှာပဲ ဖြစ်ပါတယ်။

22/11/2019

ကိုယ်အလေးချိန် လျှော့ချသူများ စားသင့်တဲ့ အစားအစာ
သင်ဟာ ကိုယ်အလေးချိန် လျှော့ချနေသူ တစ်ဦးဆိုရင်တော့ မဖြစ်မနေ စားပေးရမယ့် အစားအစာ ၇မျိုး ရှိပါတယ်။ အဆီတွေကို တိုက်ထုတ်ပေးပြီး ကျစ်လစ်တဲ့ အသားတွေ ပြန်ရဖို့  အစားအစာဟာလည်း အရေးကြီးသလို လေ့ကျင့်ခန်းကလည်း အဓိက ကျပါတယ်။ နှစ်ခုကို မျှတအောင် လုပ်ပေးမယ်ဆိုရင်တော့ သိပ်မကြာခင်မှာပဲ လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။
၁။ပန်းသီး
ပန်းသီးကတော့ အဆီကျစေတဲ့ အက်ဆစ်ဓါတ်တစ်မျိုး ပါဝင်ပြီး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ အစာ စားချင်စိတ်ကို ထိန်းပေးတဲ့အတွက် ပန်းသီးဟာ ၀ိတ်ချနေသူတွေ အတွက်တော့ အဖော်မွန်ပါဘဲ။ တစ်ခု သတိထားရမှာက ပန်းသီးကို အခွံတွေ မနွှာဘဲ စားဖို့ ပါ။ ရေနဲ့ သေချာဆေးပြီး အခွံမနွှာဘဲ စားပါ။
၂။သစ်တော်သီး
Antioxidant တွေ ဖြစ်တဲ့ ဖလေဗိုနွိုက်နဲ့  ကက်တီချင်တွေကြောင့် အဆီကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ အရည်ရွှမ်းပြီး အရသာ ကောင်းတာကြောင့် စားဖို့ မငြင်းသင့်တဲ့ အသီးပါ။
၃။ လိမ္မော်သီး
လိမ္မော်သီးဟာ အဆီကို လောင်ကျွမ်းစေပြီး ကိုယ်ခံအားကိုလည်း တက်စေပါတယ်။
၎။ဘလူးဘယ်ရီသီး
မြန်မာမှာတော့ ဈေးကြီးလို့  စားသူ နည်းပါတယ်။ အထူးသဖြင့် ၀မ်းဗိုက်တစ်ဝိုက်က အဆီတွေကို လျှော့ပေးတာပါ။ ဘယ်ရီမျိုးနွယ်ဝင် စတော်ဘယ်ရီသီးကို စားရင်လည်း ရပါတယ်။
၅။ငါး
ငါးစားခြင်းဟာ ကောင်းမွန်တဲ့ အဆီတွေကို ရစေပြီး မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းပေးပါတယ်။ကိုယ်အလေးချိန် ထိန်းနေသူတွေ ဆိုရင်ရော အခြား အသားထက် ငါးပဲစားပါလို့  အကြံပြုပါရစေ
၆။နွားနို့ 
ကယ်လ်ဆီယမ်ဓါတ် ကြွယ်ဝတဲ့ နွားနို့ ကို သောက်ပေးရင် အဆီမတက်စေဘဲ ကြွက်သားတွေ သန်မာလာစေပါတယ်။ အသားကျစ်စေဖို့  လေ့ကျင့်ခန်းလုပ်တဲ့သူတွေ သောက်သင့်ပါတယ်။

20/11/2019

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
သစ်ကြားသီးစားရင် အဆီတက်မှာ စိုးလို့ ဆိုပြီး တချို့ က ရှောင်တတ်ကြပါတယ်။ တကယ်က သစ်ကြားသီးမှာ ပါဝင်တဲ့ အဆီက တစ်နေ့ မှာ အသင့်အတင့် ပမာဏကို စားပေးရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် အောက်ပါ ကျန်းမာရေး စွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။
(၁) နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သစ်ကြားသီးမှာ ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အင်တီအောင်ဆီဒင့် များစွာ ပါဝင်ပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီးအက်စစ်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့  ထရိုင်ဂလစ် စရိုက်အဆင့်ကို လျော့ကျစေတာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၂)စိတ်ကျရောဂါ သက်သာစေပါတယ်။
သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့  လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက်သာစေပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူအများစုဟာ သူတို့ ရဲ့  ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပမာဏ လျော့နည်း နေတတ်ပါတယ်။ ကလေးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ကျနေရင် အာရုံစူးစိုက်မှုချို့ တဲ့တဲ့ရောဂါ(ဗီ)နဲ့ ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုများစွာက ဆိုပါတယ်။
(၃)ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
သစ်ကြားသီးရဲ့  ကောင်းတဲ့ အကျိုးတစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါ တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစားခင် သစ်ကြားသီး အနည်းငယ် စားတာက အစာစားချင်စိတ် ကို လျော့ကျစေပြီး အစာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့  သိရပါတယ်။
(၄) ကြီးထွား ဖွံ့ ဖြိုးမှုအတွက် အရေးပါပါတယ်။
သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့ တာ အတွက် လိုအပ်တဲ့ အာဟာရဓါတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓါတ်၊ ဗီတာမင်ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်နဲ့  မဂ္ဂနိစ်တွေ ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ်ကြီးထွား ဖွ့ံဖြိုးမှုအတွက်လည်း အရေးပါပါတယ်။
(၅)ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။
သစ်ကြားသီးမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဗြိတိန် အာဟာရ ဂျာနယ်မှာ လတ်တလော တွေ့ ရှိချက် တစ်ရပ်ကို ရေးသားဖော်ပြထားပါတယ။်
(၆)မှတ်ဥာဏ်ကို ကောင်းမွန်စေပါတယ်။
သစ်ကြားသီးကို ဦးနှောက်အာဟာရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ သစ်ကြားသီးက ဦးနှောက် အခွံပုံ သဏ္ဍန် ရှိတဲ့အပြင် မှတ်ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ၃ အဆီတွေများစွာ ပါဝင်တာကြောင့်ပါ။ ဦးနှောက်ဟာ အဆီ၆၀ရာခိုင်နှုန်းကျော်နဲ့  တည်ဆောက်ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိင်ဖို့  အဆီတည်ဆောက်ရာမှာ အိုမီဂါ၃ အဆီ လိုအပ်ပါတယ်။
(၇)သည်းခြေ ကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ်၂၀ ကြာလေ့လာမှုအရ တစ်ပါတ်မှာ သစ်ကြားသီးလို အခွံမာတဲ့ အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူ တွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ တစ်အောင်စဆိုတာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈ စေ့ခန့် နဲ့  ညီမျှပါတယ်။ ဒါမှမဟုတ် နေ့ လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးရင်လည်း သည်းခြေ ကျောက်တည်တာ အပါအ၀င် သည်းခြေအိတ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၈) ကောင်းကောင်း အိပ်မောကျစေပါတယ်။
ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီး ထည့်စားပေးရင် ကောင်းကောင်း အိပ်မောကျစေပါတယ်။ သစ်ကြားသီးမှာ ပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအလုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရသူတွေမှာ အိပ်ရေး၀၀ အိပ်ပျော်စေပါတယ်။
(၉)ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်နိုင်ပါတယ်။
သစ်ကြားသီးကို စားရင် ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့  ပါကင် ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့ လို ရောဂါတွေကို သက်သာစေပါတယ်။
(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန်ပေးပါတယ်။
သစ်ကြားသီးမှာ ပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်း မဖြစ်အောင် ကာကွယ်ပေးတာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီ ပါဝင်မှုကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

18/11/2019

ငါးရဲ့ အဆီကို စားသုံးရင် ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်
တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့  ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပါတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ ဖော်ပြခဲ့ပါတယ်။
အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့  အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက်ပါဝင်ကူညီပေးကြတဲ့ လူပေါင်း(၈)သိန်းကျော်ရဲ့  နေ့ စဉ် စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ ရှိချက်ပေါင်း(၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့  ဆိုပါတယ်။
ငါးများမှ ရရှိတဲ့ အဆီမှာ လူရဲ့  သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်ဆစ်(cn-3 Polyunsaturated Fally Acid) ဒါမှမဟုတ် n-3 PUF As လို့ ခေါ်တဲ့ အဆီများ အမြောက်အမြား ပါဝင်နေတယ်လို့  ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့  ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ ရတယ်လို့  သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့ သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ ရှိရတယ်လို့ ဆိုပါတယ်။

15/11/2019

သစ်တိုသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ( Sandoricum Koetjape)
သစ်တိုသီးကို Sandorica Fruit ၊ Santo ၊ Sathon ဟုလည်း ခေါ်ပါသည်။ သစ်တိုသီးကို ခရမ်းချဉ်သီးဟင်းထဲ ထည့်ချက်စားလေ့ရှိကြသလို၊ ကိတ်မုန့် ၊ သရေစာမုန့် တွေမှာလည်း ထည့်သွင်း ပြုလုပ်လေ့ရှိပါတယ်။ သစ်တိုသီးမှာ အောက်ပါ အာဟာရ တန်ဖိုးတွေ ပါဝင်ပါတယ်။ သစ်တိုပင်ရဲ့  အမြစ်၊ အရွက်နဲ့  အခေါက်တွေမှာလည်း အောက်ပါဆေးဖက်ဝင်တဲ့ အာနိသင်တွေ ရှိတယ်လို့  http://trifter.com မှာ ဖော်ပြထားပါတယ်။
၁။ယားယံမှုကို သက်သာစေခြင်း - သစ်တိုရွက်ကို ကြိတ်ခြေပြီး ယားယံနေတဲ့ အရေပြားပေါ်မှာ အုံပေးထားရင် အယားသက်သာစေပါတယ်။
၂။ဝမ်းလျှော သက်သာစေခြင်း - သစ်တိုမြစ်ကို ၀မ်းလျှောတဲ့ ဝေဒနာအတွက် အစွမ်းထက်အိမ်သုံးဆေးအနေနဲ့  သုံးကြပါတယ်။
၃။အဖျားကျစေခြင်း - လတ်ဆတ်တဲ့ သစ်တိုရွက်ကို အပူရှိန်တက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာ ကပ်ပေးရင် ချွေးထွက်စေပါတယ်။ သစ်ရွက်ပြုတ်ရည်နဲ့  ရေချိုးလေ့ ရှိကြပါတယ်။
၎။ဗိုက်အောင့်သက်သာစေခြင်း - သစ်တိုပင် အမြစ်ကို ဗိုက်အောင့် သက်သာစေတယ် ဆိုပြီး ဆေးဖော်ကာ အသုံးပြုတတ်ကြပါတယ်။

13/11/2019

ပိန်းဥကို ဘာကြောင့် စားသင့်သလဲ
မြန်မာနိုင်ငံမှာတော့ ပိန်းဥကို ချက်ပြီး စားကြသလို ပြုတ်လည်းစားကြပါတယ်။ပိန်းဥကတော့ သရေစာအဖြစ် ဆီနဲ့ စား တို့ စားရပါတယ်။ အဲ့လို ခံတွင်းတွေ့ စေတဲ့ ပိန်းဥမှာလည်း ကျန်းမာရေး အာနိသင်တွေ ရှိနေတယ်ဆိုတာ ၀မ်းမြောက်စွာ မျှဝေပါရစေ။
ပိန်းဥမှာ ၁၀၀ ဂရမ်မှာ ၁၁၂ ကယ်လိုရီပါဝင်ပြီး အာလူးထက် ကယ်လိုရီ ပါဝင်မှု ပိုများပါတယ်။ ဒီကယ်လိုရီတွေက Amylose နဲ့  Amylopectin လို့ ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကနေ ဖြစ်လာတာပါ။ ကယ်လိုရီပါဝင်မှု များပေမယ့် အဆီနဲ့  ပရိုတင်းဓါတ်တွေတော့ နည်းပါတယ်။ အမျှင်ဓါတ်တွေ အများကြီး ပါဝင်ပြီး ဗီတာမင် B6 နဲ့ ဗီတာမင်အုပ်စုတွေ ပါဝင်ပါတယ်။ အရေးကြီးတဲ့ သတ္တုဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ သံဓါတ်တွေ ပါဝင်ပြီး ပိုတက်စီယမ်လည်း ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းနဲ့  သွေးဖိအားတွေကို ထိန်းပေးပါတယ်။
သွေးဖိအားနဲ့  နှလုံးကျန်းမာရေး
ပိန်းဥမှာ ဆိုဒီယမ်နဲနဲ ပါဝင်ပြီး အဆီဓါတ်နည်းနည်းသာ ပါဝင်ပါတယ်။ ဒါပေမယ့် မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေဟာ သွေးဖိအားနဲ့ နှလုံးကျန်းမာရေးကို အဓိက ထိန်းချုပ်ပေးထားပါတယ်။
ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချနိုင်
ပိန်းဥမှာ ဗီတာမင် A ၊ ဗီတာမင် C နဲ့  တခြားAntioxidant တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေမယ့် free radical တွေကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်။
ဆီးချိုသမားတွေအတွက် စားသုံးသင့်
အမျှင်ဓါတ်တွေ အများကြီး ပါဝင်တဲ့ ပိန်းဥမှာ သွေးထဲက သကြားဓါတ်ကို ပုံမှန်ဖြစ်စေပြီး အယ်ဆူလင်ဓါတ်ကို လှုံ့ ဆော်ပေးပါတယ်။
ကိုယ်အလေးချိန် လျှော့ချနိုင်
အဆီဓါတ်တွေ အများကြီး မပါဝင်တဲ့အတွက် ကိုယ်အလေးချိန် တက်မှာ စိတ်မပူရပါဘူး။ ပိန်းဥဟာ အလွယ်တကူ ဗိုက်ပြည့်စေတဲ့ အတွက် နောက်ထပ် အစာတွေကို စားဖို့ အလိုလို ဟန့် တားပြီးသား ဖြစ်သွားပါတယ်။
အရေပြား ကျန်းမာရေးအတွက် သင့်တော်
ပိန်းဥမှာ ဗီတာမင် A နဲ့  E ပါဝင်တဲ့အတွက် အရေပြားအတွက် လျှို့ ဝှက်ချက်ကောင်းတွေ ရှိနေပါတယ်။ ဗီတာမင်တွေဟာ ဆဲလ်အသေတေကို ဖယ်ပြီး ဆဲလ်အသစ်တွေ ပြန်ဖြစ်ပေါ်စေတဲ့ အတွက် နုပျိုမှု ကို ရစေပြီး အရေပြားကို ကြည်လင်စေနိုင်ပါတယ်။

08/11/2019

“Perfect ကုမ္ပဏီ ရုံးပိတ်ရက် ကြေငြာခြင်း”
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်မှ (၁၂) ရက်ထိ
“တန်ဆောင်တိုင်ပိတ်ရက် “ များဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
“ပျော်ရွှင်စရာ တန်ဆောင်တိုင် အခါသမယ ဖြစ်ပါစေ”

08/11/2019

ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ
လူတိုင်း ၀မ်းချုပ်တာကို ခံစားဖူးကြပါတယ်။ ၀မ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့  သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါတစ်ခုခုရဲ့ ရှေ့ ပြေး နိမိတ်လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။
လူတစ်ဦးနဲ့  တစ်ဦး ၀မ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီတတ်ပါဘူး။ တချို့ လူတွေက နေ့ စဉ်ပုံမှန် ၀မ်းသွားတတ်ပေမယ့် တချို့ လူတွေကတော့ တရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ၀မ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့်ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက်နည်းပြီး ၀မ်းသွားမှသာ ၀မ်းချုပ်တယ်လို့  ကျွမ်းကျင်သူတွေက သတ်မှတ်ပါတယ်။ ၀မ်းချုပ်လာမှ ၀မ်းနုတ်ဆေး စားတာက ၀မ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ၀မ်းချုပ်တာကို ကာကွယ်နိုင်စေဖို့  မီးဖိုချောင်သုံး သီးနှံတွေနဲ့  ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ စပျစ်သီး
ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ ထဲက စပျစ်သီးကို ၀ါးစားပါ။ ၀မ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ သင်္ဘောသီး
သင်္ဘောသီးက ၀မ်းပျော့ပျော့ သွားစေဖို့  အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။
၃။ ချင်း( ဂျင်း)
ချင်းကို အခြောက်လှန်းပြီး အမှုန့် ကြိတ်ပါ။ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့် ကြိတ်ပါ။ ချင်းခြောက်မှုန့် နဲ့  ပွေးကိုင်းရွက်မှုန့် တို့ ကို ဆတူ ရောပေးပါ။ အိပ်ရာမ၀င်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက်အိပ်ရာထတဲ့အခါ ၀မ်းပျော့ပျော့ သွားပါလိမ့်မယ်။
၎။မာလကာသီး
မာလကာသီး၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ၀မ်းမချုပ်စေဖို့  အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ၀ါးစားဖို့ တော့ လိုပါတယ်။
၅။ဂေါ်ဖီထုပ်
အမျှင်ဓါတ်များစွာ ပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ၀မ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ်သောက်ပေးပါ။ ၀မ်းချုပ်တာတွေအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။
၆။ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့ နဲ့  ညအိပ်ရာ မ၀င်ခင် သောက်ပေးပါ။ ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၇။သံပုရာသီး
သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့  ၁-၂ ကြိမ် သောက်ပါ။ ၀မ်းချုပ်တာ မဖြစ်စေဖို့  အထောက်အကူ ပြုပါတယ်။
၈။ စွန်ပလွံသီး
စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ရေနွေးပူပူအစား နွားနို့ ပူပူကို အသုံးပြုလို့ လည်း ရပါတယ်။
၉။ပန်းသီး
ပန်းသီးက ၀မ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ၀မ်းကို ရှောရှောရှူရှူ သွားစေပါတယ်။
၁၀။ ဥသျှစ်သီး
ဥသျှစ်သီး စားပေးတာက ၀မ်းပျော့ပျော့ သွားစေတာကြောင့် ၀မ်းချုပ်တတ်သူတွေ စားပေးသင့်ပါတယ်။

06/11/2019

ရွှေလိုအဖိုးတန်တဲ့ ရွှေဖရုံရဲ့ အကျိုးကျေးဇူးများ
ရွှေဖရုံသီးကို ထန်းလျက်နဲ့  ပြုတ်စားစား သကြားနဲ့ ပြုတ်စားစား ကြိုက်နှစ်သက်ကြပါတယ်။ ရွှေဖရုံသီးစားတာဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေပါတယ်။ ဒီတော့ ရွှေဖရုံသီးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်အလေးချိန်
ရွှေဖရုံသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေဖရုံသီး တစ်ခွက်စာမှာ ကယ်လိုရီ ၅၀ ပဲပါဝင်ပြီး အမျှင်ဓါတ်၃ ဂရမ်တောင်ပါဝင်တာပါ။လေ့ကျင့်ခန်းလိုက်စားတဲ့သူအတွက်လည်း အာဟာရပြည့်ဝတာမို့  စားပေးသင့်ပါတယ်။
အမြင်အာရုံ
ရွှေဖရုံသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်လို့ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင်အသားအရေ၊ သွားနဲ့  အရိုးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
သွေးတိုး
သွေးတိုးရှိသူတွေအတွက်လည်း ဓါတ်ဆားတစ်မျိုးအဖြစ်သာ သုံးပေးသင့်ပါတယ်။ ရွှေဖရုံသီးကို ပုံမှန်၁၂ ပတ်လောက်စားပေးရုံနဲ့  သွေးတိုးသမားတွေအတွက် သွေးတိုးကျစေပါတယ်။
အိပ်စက်ခြင်း
ရွှေဖရုံသီးစေ့ကို အိပ်ဆေးလို့ တောင်တင်စားကြပါတယ်။ဒီနေ့ ခေတ်မှာ အလုပ်ပင်ပန်းတာ စိတ်ဖိစီးမှုများတွေ ဂိမ်းဆော့တာ ဖုန်းသုံးတာတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကောင်းကောင်းအိပ်မပျော်ကြပါဘူး။ ရွှေဖရုံသီး(သို့ ) ရွှေဖရုံစေ့ကို အိပ်ယာမ၀င်ခင်စားပေးတာဟာ အိပ်ရေးဝစေပါတယ်။
နှလုံး
ရွှေဖရုံသီးမှာ ပါဝင်တဲ့အမျှင်ဓါတ်ဟာ နှလုံးကျန်းမာရေးအတွက်များစွာ အထောက်အကူပြုပါတယ်တဲ့။ ယခင် ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုကရော မကြာသေးမီက ဆွီဒင်နိုင်ငံက သုတေသီတွေရဲ့  လေ့လာမှုတွေအရရော ရွှေဖရုံသီးကို ပုံမှန်စားပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၂၅ % ကနေ ၄၀ %ထိ လျှော့ချပေးတယ်လို့ ဆိုပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No18, Kyike Ka San Road
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00