Reform Gym

Reform Gym

Share

Empower Your Body. Reform Your Life. Build Your Confidence.

19/07/2026

နေ့စဥ်စား​နေတဲ့အရွက်​တွေက အဆီကျ​ဆေးလိုအစွမ်းထက်တယ်ဆိုတာသတိထားမိရဲ့လား

​ယ​နေ့​ခေတ် Semaglutide, Tirzepatide စတဲ့ GLP-1 Peptides ဆေးတွေဟာ တကယ့်ကို ရေပန်းစားလာပါတယ်
ဒီဆေးတွေက အစာစားချင်စိတ်ကို​လျော့ချပေးပြီး ဝိတ်ကျ​စေပါတယ်
တကယ်​တော့ဗျာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဒီ GLP-1 ဟော်မုန်းကို သဘာဝအတိုင်း ထွက်စေတဲ့ အစွမ်းထက်ဆေးတစ်မျိုး ရှိပြီးသားပါပဲ

အဲဒါကတော့ နေ့စဉ် ကျွန်တော်တို့ တွေ့မြင်နေရတဲ့အစိမ်း​ရောင်အရွက်တွေပါပဲ
၁.အရွက်တွေက GLP-1 Receptors တွေအပေါ် ဘယ်လို အလုပ်လုပ်သလဲ ?

၂.ဈေးကြီးတဲ့ Peptides တွေနဲ့ ဘာကွာသလဲ?

၃.ပြီးတော့ အဆီကျဖို့ ဘယ်လိုစားရမလဲ ?
ကြည့်ရ​အောင်

​၁ . အရွက်တွေက GLP-1 Receptors တွေအပေါ် ဘယ်လို အလုပ်လုပ်သလဲ?
​ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း GLP-1 ဟော်မုန်းထုတ်ပေးဖို့ဆိုတာ အူလမ်းကြောင်းရဲ့ ကျန်းမာရေးအပေါ် အများကြီး မူတည်တယ်

ကျ​နော်တို့ စားလိုက်ရင် အရွက်တွေမှာ ကြွယ်ဝစွာပါဝင်တဲ့ ပျော်ဝင်နိုင်သောအမျှင်ဓာတ် (Soluble Fiber) တွေဟာ အစာအိမ်ကို ဖြတ်ပြီး အူမကြီးထဲကို ရောက်သွားတယ်
​ အူမကြီးထဲမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယား (Gut Microbiome) တွေက အဲဒီ Fiber တွေကို စားသုံးပြီး အချဉ်ဖောက်လိုက်ပါတယ်

အဲ့လိုကနေ Short-Chain Fatty Acids (SCFAs) လို့ခေါ်တဲ့ အက်ဆစ်တစ်မျိုး (Butyrate, Propionate, Acetate) တွေကို ထုတ်လုပ်ပေးလိုက်ပါတယ်

​ ဒီ SCFAs တွေဟာ အူလမ်းကြောင်းနံရံမှာရှိတဲ့ L-cells ဆိုတဲ့ ဆဲလ်လေးတွေကို သွားပြီး တိုက်ရိုက် လှုံ့ဆော်ပေးပါတယ် L-cells တွေကနေမှတစ်ဆင့် GLP-1 ဟော်မုန်း ကို သွေးကြောထဲ သဘာဝအတိုင်း ထုတ်လွှတ်ပေးလိုက်တာပါ

​GLP-1 ထွက်လာတဲ့အခါ ဦးနှောက်ကို ဗိုက်ပြည့်ပြီ​ဟေ့လို့ သတင်းပို့တယ်
အစာအိမ်ထဲက အစာတွေ အူထဲဆင်းတဲ့နှုန်းကို နှေးစေတယ် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ကို ပုံမှန်ဖြစ်သွား​စေပါတယ်

​၂။ ဈေးကြီးတဲ့ Peptides ဆေးများနှင့် သဘာဝအရွက်​တွေဘာကွာလဲ
​GLP-1 ထုတ်​ပေးတာခြင်း တူပေမယ့် ဓာတုနည်းနဲ့ ဖန်တီးထားတဲ့ ဆေးနဲ့ သဘာဝအစားအစာကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိပါတယ်

​ဆေးက GLP 1 ကိုအတင်းထုတ်​စေတာပါ
အရွက်က fiber မှတဆင့်သဘာဝအတိုင်းထုတ်တာပါ

​ဆေးက အစာစားချင်စိတ်ကိုလုံးဝ​လျော့ချပါတယ်
အရွက်က သဘာဝအတိုင်း အဆာ​ပြေ​စေပါတယ်

​ဆေးကအစားမစားနိုင်လို့ ကြွက်သား​တွေကို​လျော့ကျ​စေပါတယ်
အရွက်က ပရိုတိန်းစားနိုင်လ်ု့ ကြွက်သားမကျ​စေပါဘူး

​ဆေးကအန်ချင်တာ ​ခေါင်းမူး လူမလန်း အားမရှိဖြစ်​စေပါတယ်
အရွက်က ​ဘေးထွက်ဆိုးကျိုးမရှိ ဗီတာမင်နဲ့ သတ္တုဓါတ်​တွေ​တောင်ပို၍ပါပါတယ်

၃. အဆီကျဖို့ ဘယ်အရွက်တွေကို ရွေးချယ်စားသုံးသင့်သလဲ?

​အဆီချဖို့နဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ GLP-1 ကို မြှင့်တင်ဖို့ဆိုရင် အောက်ပါ အရွက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်
​ပန်းဂေါ်ဖီစိမ်း (Broccoli)
ဂေါ်ဖီထုပ် (Cabbage)
ပန်းဂေါ်ဖီ (Cauliflower)။
သူတို့မှာ အမျှင်ဓာတ် အလွန်မြင့်မားတဲ့အပြင် ခန္ဓာကိုယ်က အီစထရိုဂျင် (Estrogen) ဟော်မုန်းကို ထိန်းညှိပေးလို့ ဗိုက်အဆီကျဖို့ အလွန်ကောင်းပါတယ်

​အစိမ်းရင့်ရောင် အရွက်​တွေ
ဟင်းနုနယ် (Spinach)
ကိုက်လန် (Kale)
မုန်ညင်းစိမ်း (Mustard Greens)
ကယ်လိုရီ အလွန်နည်းပါးပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်တွေ ပြည့်ဝစွာ ပါဝင်လို့ လေ့ကျင့်ခန်းလုပ်ဖို့လည်း ခွန်အားဖြစ်စေပါတယ်
​ရေဓာတ်များသော အရွက်နှင့် အသီး​တွေ
ကန်စွန်းရွက်
သခွားသီး
ရုံးပတီသီး
အစာအိမ်ကို မြန်မြန်ပြည့်စေပြီး ရေဓာတ်ဖြည့်တင်းပေးပါတယ်

ထမင်းစားပွဲထိုင်တာနဲ့ ထမင်း နဲ့ ဟင်း ကို အရင်မနှိုက်ပါနဲ့ အရွက်​တွေကိုအဆီကျဆေး တစ်ခွက်သောက်လိုက်တယ် လို့ သဘောထားပြီး အရင်ဆုံး ကုန်အောင်စားလိုက်ပါ 😅

အရွက်တွေက အစာအိမ်နံရံကို အရင်ဖုံးသွားမယ် GLP-1 ကို လှုံ့ဆော်ပေးတဲ့အတွက် နောက်ကနေဝင်လာမယ့် သကြားဓာတ်တွေ သွေးကြောထဲ အမြန်ရောက်မသွားအောင် ထိန်းပေးပါတယ်

ထမင်းတခါစားရင် ကိုယ့်လက်သီးဆုပ်နှစ်ဆုပ်စာ​လောက်အရွက်​တွေပါရပါမယ်

အရွက်ကို ဆီတွေအများကြီးနဲ့ ရွှဲနေအောင် ကြော်စားရင် အဆီကျဖို့နေနေသာသာ ကယ်လိုရီတွေပိုတိုးလာပါလိမ့်မယ် အကောင်းဆုံးကဗျာ ရေနွေးဖျောတာ, ပေါင်းတာ ဒါမှမဟုတ် သံလွင်ဆီအနည်းငယ်နဲ့ အစိမ်းသုပ်စားတာမျိုး လုပ်
ဗီတာမင် A, D, E, K တို့ဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်လို့ သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီအနည်းငယ်နဲ့ တွဲစားတာက အာဟာရစုပ်ယူမှုကို အကောင်းဆုံး ဖြစ်စေပါတယ်

အဆုံးထိဖတ်​ပေးတာ​ကျေးဇူးတင်ပါတယ်
​ရေးသားသူ ကျ​နော် ​ဆွေလှိုင်ဝင်းပါ

Photos from Reform Gym's post 17/07/2026

လေ့ကျင့်ခန်းကိုနားလိုက်ရင် / ​လျှော့ချလိုက်ရင် ကြွက်သား​တွေပြန်​သေးသွားမှာ တိုးတက်မှု​တွေဆုတ်​ယုတ်သွားမှာ​ကြောက်တဲ့သူ​တွေရှိလား

​Gym ဆော့တဲ့သူတော်တော်များများက အပြင်းအထန်မဆော့ဘဲ နားလိုက်ရင် ဒါမှမဟုတ် ခပ်ပေါ့ပေါ့ပဲဆော့လိုက်ရင် ကြွက်သားတွေ ဆုံးရှုံးသွားမယ်လို့ ထင်တတ်ကြပါတယ်တကယ်က အဲ့လိုမဟုတ်ပါဘူး မ​ကြောက်ကြပါနဲ့ နားလို့ / ​လျော့လို့ရပါတယ်

​ ၂၀၂၂ ခုနှစ်က လေ့လာချက်တစ်ခုမှာ ၈ ပတ်တိတိ Heavy Squats , push , pull တွေ အပြင်းအထန်ကစားထားတဲ့သူတွေကို သူတို့ရဲ့ Training Volume ကို တစ်ဝက်တိတိလျှော့ချပြီး စမ်းသပ်ကြည့်ခဲ့ပါတယ်
ရလဒ်ကတော့ သူတို့ဟာ အားနည်းမသွားဘဲ ပိုတောင် သန်မာလာတာကို တွေ့ရပါတယ်တဲ့
👇
https://pubmed.ncbi.nlm.nih.gov/33337705/

လေ့ကျင့်ခန်းအနည်းဆုံးလုပ်တဲ့ ရက်သတ္တပတ်တွေမှာ သူတို့ရဲ့ Testosterone တွေ အမြင့်ဆုံးရောက်လာပြီး
Stress ဟော်မုန်းတွေ ကျသွားသလို ခွန်အား (Strength) ကလည်း အကောင်းဆုံးအခြေအနေကို ရောက်သွားပါတယ်

​ဒါကို Deload Week လို့ခေါ်ပါတယ်
Deload week ကထားကိုထားသင့်တဲ့အရာတခုဖြစ်ပါတယ်
၆ ပတ် ကနေ ၈ ပတ် တစ်ခါ ကြာပြီးတိုင်းမှာ ၁ပတ်လောက် ကိုယ့်ရဲ့ Workout Volume ကို လျှော့ချလို့ရပါတယ်

ကျ​နော်တို့လပေါင်းများစွာ အပြင်းအထန် ကစားထားတဲ့အခါ Creatine Kinase (ကြွက်သားပျက်စီးမှုကိုပြတဲ့ အင်ဇိုင်း) တွေ မြင့်တက်နေပါတယ် ဆီးစစ် ​သွေးစစ်ရင် သိရပါတယ်
တခါတ​လေစိတ်ခံစားမှု (Mood) တွေကျ , motivation ကျ
နာကျင်မှုဒဏ်ခံနိုင်ရည်တွေ ကျနေတတ်ပါတယ်

ဒါပေမယ့် Volume ကို တစ်ပတ်လောက် လျှော့ချလိုက်တာနဲ့ အားလုံးက ပုံမှန်ကို ပြန်ရောက်သွားပြီး ကြွက်သားတွေက
တကယ်ကြီးထွားဖို့ / ထပ်ပြီးပိုကြီးလာဖို့အခွင့်အရေးရသွားပါတယ်
Overtraining ဖြစ်မယ့် ဒဏ်ကနေ ကြိုတင်ကာကွယ်ပေးတာပေါ့ဗျာ

လေ့ကျင့်ခန်း အမျိုးအစားတွေကို မပြောင်းပါနဲ့ ကိုယ်လုပ်နေကျ လေ့ကျင့်ခန်းတွေအတိုင်းပဲ ဆက်လုပ်လို့ရပါတယ်
ပုံမှန်ဆော့နေတဲ့ Sets တွေကို ၄၀% ကနေ ၆၀% အထိ လျှော့ချလိုက်ပါ
​အလေးချိန် (Weight) ကိုလည်း ကိုယ်ပုံမှန်မ​နေတဲ့ အလေးရဲ့ ၆၀% ကနေ ၈၅% ကြားမှာပဲ ထားဆော့ပါ
​တစ်ပတ်ကို ၄ ရက်ဆော့မယ့်အစား ၁ ရက် ကနေ ၂ ရက်ပဲ ဆော့ပါ
​အဲ့ရက်​တွေမှာ strength focus ( 2 to 6 rep) ​တွေမထည့်နဲ့
လေ့ကျင့်ခန်းအသစ် တွေ မထည့်ပါနဲ့

​အေးအေးဆေးဆေးလေး သွားဆော့ပြီး လန်းဆန်း​အောင်ပြန်နားပါ
၆ ပတ် ဒါမှမဟုတ် ၈ ပတ် တစ်ခါနားတာ (deload week) လုပ်ပေးတာဟာ ရထားတဲ့ ကြွက်သားတွေကို ဆုံးရှုံးစေတာမဟုတ်ဘဲ
တကိုယ်လုံး recover ဖြစ်​အောင်
စိတ်ပိုင်း , ရုပ်ပိုင်းလန်းဆန်းလာ​အောင်
​နောက်တပတ်မှာ အားအင်အပြည့်နဲ့အာရုံစိုက်နိုင်​အောင်လုပ်​ပေးတာဖြစ်ပါတယ်

အဆုံးထိဖတ်​ပေးတာ​ကျေးဇူးတင်ပါတယ်
​ရေးသားသူ ကျ​နော် ​ဆွေလှိုင်ဝင်းပါ

14/07/2026

Reform Gym team ၆ လပိုင်း တစ်လလုံး Hotel Booking တင်တာ မရလို့ ၇ လပိုင်း သွားတာ တပတ်ပဲ စောသွားတယ်
ဘားအံမှာ ရေတွေ ကြီးးးး ကံကောင်းသွားတယ် 😅😅

ခရီး ၂ ရက်သွားတာ Zwekapin Hotel နဲ့ Hpa-An River view Hotel 2 ခုပြောင်း တည်းရတယ် …

Group photo ဆိုလို့ ရောက်ရောက်ချင်းနေ့ နောင်လုံတောင်ကြားထဲ အမှတ်တရ ဒီ video လေးပဲ ပါလာတယ် … 🍀☘️🍃🌿🌱

ခရီး ၁ နှစ်တစ်ခေါက်ပို့ပေးတာ …
တတိယ မြှောက် ခရီးစဉ်လေး …

ခရီးကနေ ပြန်လာတုန်းရှိသေးတယ် နောက်နှစ် မြန်မြန်ရောက်ချင်ပြီတဲ့ 🤣🤣
ဘယ်လောက်ပျော်ကြလဲ မေးးးးဦးးး 😜😜

13/07/2026

ညနေပိုင်း Trainer ဆရာမ အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော် 🥰

Trainer / Personal Trainer : Nay Chi

Certified Personal Trainer
Weight loss
Weight gain
Basic Nutrition
B***y

Reform Gym တွင် နေ့လည် 1:00 pm to 9:00 pm duty ဆင်းနေသော Trainer / Personal Trainer တစ်ဦးဖြစ်ပါတယ်

Members တွေကို စိတ်ရှည်ရှည်၊ စေတနာအပြည့်နဲ့ injury ကင်းကင်း ပြသပေးနေသော အတွေ့အကြုံ ရှိတဲ့ Trainer တစ်ယောက်ဖြစ်ပါတယ် .

မိမိ body ကို ကိုယ်ပိုင် Training Program နဲ့ ထိထိရောက်ရောက် transformation ဖြစ်အောင် ကစားချင်တယ်

ကျန်းမာရေးနဲ့ကိုက်ညီီပြီး ခန္ဓာကိုယ်ပြောင်းလဲစေနိုင်တဲ့ Nutritions knowledge တွေကိုသိချင်တယ်ဆိုရင် Reform gym ကိုသာလှမ်းလာလိုက်ပါ

Personal trainer အဖြစ် ငှါးရမ်းလိုပါက Reform gym တွင် Trainer နှင့် အချိန် ညှိ၍ ကစားနိုင်ပါတယ်နော်

09/07/2026

Peptide ​တွေသုံးပြီးလူအရမ်းနှုံး​နေရင် ဒါကိုဖတ်ပါ

အဆီချ​ဆေး peptide သုံး​နေသူ​တွေဟာ အစာမစားဖြစ်​တော့တာ​ကြောင့် လှူပ်ရှားမှုအတွက်စွမ်းအင်သုံးဖို့ ဦး​နှောက်ကစွမ်းအင်ယူဖို့ အခက်ခဲ​တွေဖြစ်လာပါတယ်
ဒါ့​ကြောင့် တချို့သူ​တွေမှာ ​လေ့ကျင့်ခန်းမလုပ်နိုင်တာ , daily activity​တောင် မရနိုင်​တော့တာ , စိတ်ရှုပ်​ထွေးတာ , ​ဒေါသထွက်တာ​တွေဖြစ်လာပါတယ်
တချို့သူ​တွေမှာ​တော့ ဘာမှမဖြစ်ပါဘူး အစာစားနိုင်တဲ့သူက နည်းနည်းလန်းပြီး
ပိုမစားနိုင်​လေ ပို weak ဖြစ်​လေပါပဲ ဒီ​ဆေး​တွေက​နောက်ပိုင်းမှာတကမ္ဘာလုံးအတိုင်းတာနဲ့ အန္တရာယ်ကင်းကင်း ကိုယ်အ​လေးချိန်​လျှော့ဖို့ သုံးလာတဲ့​ဆေး​တွေပါ
ဒါမယ့် ​လေ့ကျင့်ခန်းကလဲ မလုပ်လို့မရပြန်ပါဘူး ​လေ့ကျင့်ခန်းလုပ် , ကြွက်သားကိုထိန်းသိမ်းမှသာရင် ​ဆေးက​ပေးတဲ့ result က အဆီကျခြင်းဆိုတာပဲ ဖြစ်သွားမှာပါ
​လေ့ကျင့်ခန်းမလုပ်ပဲ ​ဆေးပဲထိုး​နေရင် ကြွက်သား​တွေပါကျ , ​BMR rate ကျပြီး ​နောင်တချိန်မကြာ​သောကာလမှာ ပိုဝလာမှာ , အသား​တွေ​ပျော့တွဲသွားမှာမလွဲဧကန်ပါပဲ

ပြသနာက လှုပ်​တောင်မလှုပ်ချင်တာ ​လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ?

ကာဗိုဟိုက်ဒရိတ်ဝင်​အောင်စားရမှာပါ
ဝင်သ​လောက် ခဏခဏ နည်းနည်းစီစားပါ ( ​လေ့ကျင့်ခန်း​ဝေးစဥ် complex carb , ​​လေ့ကျင့်ခန်းအနီး simple carb)
Protein ကိုလဲ နည်းနည်းစီ ခဏခဏ ကာဗိုဟိုက်ဒရိတ်နဲ့အတူ တွဲစားပါ muscle control , protein synthesis အတွက်

D ribose သုံးလို့ရပါတယ်
အများစုက နှလုံးပြသနာ​တွေအတွက် သူ့ကိုသိကြ​ပေမယ့် သူက စွမ်းအင်ဖလှယ်​ပေးတဲ့ ATP ​တွေကို ဖွဲ့စည်းရာမှာအ​ထောက်ကူပြုတယ် ATP ကိုအမြန်ဖွဲ့စည်းတယ် , recover ​ကောင်းတယ် , လူကိုစွမ်းအင်ပြည့်​စေတယ် နှုံး​နေတာ မဖြစ်​စေဘူး
D ribose က လူ​တော်​တော်နှုံး​နေသူ​​တွေမှာ ကာဗိုဟိုက်ဒရိတ် နည်းနည်း​လေးနဲ့တွဲတာနဲ့ကို အဆင်​ပြေပြီးသိသိသာသာလန်းဆန်းလာတာ အားရှိလာတာကို​တွေ့ရပါတယ်

​နောက်တခုက d ribose နဲ့အတူ creatine ကိုတွဲသုံးပါ
Creatine ကအားလုံးသိတဲ့ supplement တခုပါ ကစားအား​ကောင်းတာ , strength ​ကောင်းတာ , recover , mood ​ကောင်းတာ​တွေ​ကြောင့် research ​​တွေအများကြီးလုပ်ထားရပြီး သက်​သေခိုင်ခိုင်မာမာရှိတဲ့ supplement တခုပါ

D ribose နဲ့တွဲရင် ATP ဖွဲ့စည်းတာ မြန်ဆန်မယ် , workout လုပ်ဖို့အတွက် စွမ်းအင်​ထောက်ပံ့ပါတယ် , protein ပြတ်လပ်လို့ , workout volume များလို့ ကြွက်သား​တွေပျက်စီးတာကိုလဲ ကာကွယ်​ပေးမှာပါ creatine ​ကြောင့်ဝိတ်မကျတာ ပြန်တက်လာတာ​တွေလဲဖြစ်တက်ပါတယ် ဒါမယ့် အဆီမဟုတ်လို့စိုးရိမ်စရာမရှိပါဘူး

ဒီ supplements နှစ်ခုက safe ဖြစ်ပြီး peltide သမား​တွေ လူနှုံးရင် သုံးသင့်တဲ့ supplements နှစ်ခုပါ
အဆုံးထိ ဖတ်​ပေးတာ​ကျေးဇူးတင်ပါတယ်
​ရေးသားသူ ​ဆွေလှိုင်ဝင်းပါ

05/07/2026

အဲ့သီချင်း နဲ့ နောင်လုံတောင်ကြား ပြေးကြတယ်ဆိုလို့ လိုက်ပြေးကြသော Reform Gym team 😜🤭🤣


#နောက်လုံတောင်

04/07/2026

Reform Gym team မှ တောင်ဝိုင်း Trend Join ☺️☺️
ညီမလေးတစ်ယောက်တော့ Failed အပေါ်ထိ ပါမလာဘူး 😅🤣

တောင်ဝိုင်းအတက် - အဆင်း (1hr) 💪🏻💪🏻
ကလေးတွေကို ၁ နှစ် ၁ ခေါက် ခရီးလိုက်ပို့ ☺️☺️☺️


#တောင်ဝိုင်း

#ဘားအံ့

02/07/2026

✨ REFORM GYM ✨

NOTICE 📣

GYM WILL BE CLOSED

JULY 3 & JULY 4

We will resume normal operations on JULY 6.

Thank you for your understanding. ☺️☺️☺️

( Memberships ရက် ပြန်လည် အစားထိုးပေးပါမယ်ရှင့် )

28/06/2026

နေ့စဥ်စား​နေတဲ့ ဆီ​တွေကမ​ရွေးချယ်တက်ရင် အန္တရာယ်အရမ်းကြီးပါတယ်

ကျ​နော်​ပြောမှာက ကြွက်သား​တွေ အဆီ​တွေအ​ကြောင်းမဟုတ်ပါဘူး အဲ့ထက်ပိုအ​ရေးကြီးတဲ့ကျန်းမာ​ရေးအ​ကြောင်းပါ
ဆီဆိုတာ ​နေ့စဥ် ပစ်ပယ်မရ လူတိုင်းအနည်းနှင့်အများအသုံးပြုရပါတယ်
ချက်ပြုတ်နည်း​တွေကလဲ အမျိုးမျိုးရှိ​နေပြန််တယ် ချက် , ​ကြော် , ​လှော် စသဖြင့်အပူချိန်အမျိုးမျိုးနဲ့ထိ​တွေ့ရတာ​ကြောင့် ဘယ်ဆီက ဘယ်အပူချိန်မှာအ​ကောင်းဆုံးလဲ သိဖို့ လိုအပ်လာပါတယ်

အဓိကက ဆီရဲ့ smoke point ကိုသိရပါမယ်

Smoke Point ဆိုတာဆီကို အပူပေးတဲ့အခါ မီးခိုးစတင်ထွက်လာတဲ့ အပူချိန် ကို ခေါ်ပါတယ်
အဲဒီအပူချိန်ကို ကျော်သွားရင်
Triglycerides တွေ စတင်ပျက်စီးလာတယ်
Free Fatty Acids တွေ ထွက်လာတယ်
Glycerol က Acrolein အဖြစ် ပြောင်းသွားနိုင်တယ်Acrolein ဆိုတာ
မျက်စိစပ်စေတယ် ,လည်ချောင်းယားစေတယ် အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်နိုင်တယ်
အဲ့လိုခံစားလာရရင် smoke point ​ကျော်လာပြီ
အဲ့ဒီအချိန်ကစပြီးဆီရဲ့ အရသာ၊ အနံ့၊ အာဟာရတန်ဖိုးတွေလည်း ကျဆင်းလာတယ်

ဆီကိုဘယ်လို​ရွေးရမလဲဆိုရင် refined oil နဲ့ unrefined oil ဆိုတာကိုကြည့် ​ရွေးဝယ်
Refined Oil ဆိုတာ စက်မှုလုပ်ငန်းစဉ်တွေဖြတ်ပြီး သန့်စင်ထားတဲ့ဆီကြည်လင်​နေတဲ့ဆီ
ဥပမာ
Refined Avocado Oil
Refined Peanut Oil
Refined Sunflower Oil
Refined Canola Oil
သူတို့က Free Fatty Acid နည်းတယ် ,မီးခိုးအထွက်နည်းတယ် , Smoke Point မြင့်တယ်
အပူချိန်ပြင်းပြင်း​ကြော်တာ​တွေအတွက် သင့်တော်တယ်
အားနည်းချက်ကသန့်စင်တဲ့ လုပ်ငန်းစဉ်အတွင်း
Vitamin E
Polyphenols
Phytosterols
တချို့ ပလုံသွား​ရော အာဟာရမပြည့်ဘူး အခွံပဲပါလာတယ်

Unrefined Oil ဆိုတာက(Virgin / Extra Virgin / Cold-Pressed)
အပူနည်းနည်းနဲ့ ထုတ်ယူထားတာဖြစ်လို့သဘာဝအာဟာရတွေ ပိုကျန်ပါတယ်
ဥပမာ
Extra Virgin Olive Oil
Virgin Coconut Oil
Cold-Pressed Sesame Oil စတဲ့ဟာ​တွေ

သူတို့ကPolyphenols ပိုများတယ် ,Vitamin E ​တွေပိုကျန်တယ် , Antioxidants ပိုများတယ် အာဟာရ​တွေပိုများ ပိုကျန်းမာတယ်​ပေါ့ဗျာ ဒါ​ပေမယ့် အားနည်းချက်က smoke point နည်းတယ် အကြောင်းကUnrefined Oil မှာProtein အနည်းငယ် , ဖ​ယောင်း , Pigments , Free Fatty Acids​တွေကျန်နေလို့အပူမြင့်လာတာနဲ့ ပိုမြန်မြန် ပျက်စီးပါတယ်

အဲ့တာဆို smoke point ပိုများတဲ့ဆီက ကျန်းမာ​ရေးပို​ကောင်းတာလားဆို တဝက်မှန် တဝက်မှားပဲ
သန့်စင်ထားပြီးကြည်လင်​နေတဲ့ဆီ​တွေက အပူချိန်အများကြီးမှာ​ထားလို့ရ​အောင် သန့်စင်ထားတာ smoke point မြင့် အာဟာရတန်ဖိုးကျ

သဘာဝ မသန့်ထားတဲ့ဆီက အာဟာရများတယ် ဒါမယ့် မီးပြင်းပြင်းမြိုက်ရင်အဲ့​​ကောင်းတဲ့အာဟာရကပဲ အန္တရာယ်ရှိတာ​တွေ​ပြောင်းပြီး free radical , ကင်ဆာဖြစ်​စေတဲ့ carcinogen ​တွေဖြစ်လာတယ်

ဒါ့​ကြောင့် ငါးခြောက်ဖုတ် , ဆတ်သား​ခြောက်တို့လို ဆီစမ်းစားရမယ်ဆို ​သဘာဝ​မြေပဲဆီ​တွေဘာ​တွေသုံးလို့ရတယ် ဒါမယ့် မီးပြင်းပြင်း​တော့မ​ကြော်သင့်ဘူး
​ကြော််မယ်ဆို သန့်စင်ထားတဲ့ ​နေကြာဆီလို , ပဲပိစပ်ဆီလို လွယ်လွယ်ကူကူရတာ သုံးလို့ရတယ် safe ဖြစ်တယ်

ဒါ​ပေမယ့် ဘာဆီ​နေ​နေ နှစ်ခါ သုံးခါ ပြန်မ​ကြော်နဲ့
ဒီအချက်က Smoke Point ထက်တောင် ပိုအရေးကြီးပါတယ်ဆီကို ကြော်ပြီး အအေးခံ ပြန်ပူ ပြန်ကြော်လုပ်တိုင်း
Oxidized Lipids , Polar Compounds , Aldehydesတွေ ပိုများလာပါတယ်
ဒါကြောင့် နှလုံး​ရောဂါ , ကိုယ်တွင်းအဂ်ါ​ယောင်ယမ်းတာ , Oxidative Stress , အဆိုးဆုံးကင်ဆာတွေ ဖြစ်နိုင်ခြေ မြင့်လာနိုင်ပါတယ်

ဒီ​လောက်သိရင် ကိုယ့်ကိုယ်​ရော မိသားစုကို​ရော​စောင့်​​ရှောက်နိုင်ပါပြီ
အဆုံးထိဖတ်​ပေးတာ​ကျေးဇူးတင်ပါတယ်
​ရေးသားသူ ​ဆွေလှိုင်ဝင်းပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


80/82 , Ground Floor , Yadanar Street
Yangon

Opening Hours

Monday 06:30 - 21:00
Tuesday 06:30 - 21:00
Wednesday 06:30 - 21:00
Thursday 06:30 - 21:00
Friday 06:30 - 21:00
Saturday 06:30 - 21:00