Nu Beauty Spa
Our spa will change your life
07/01/2022
Hello ♥️♥️
#ချစ်တို့ရဲ့မျက်နှာလေးကိုစိုစိုပြည်ပြည်ပြောင်ပြောင်တင်းတင်းလေးဖြစ်ချင်သူများအတွက်
🇺🇸 USA Nu Skin Brand 🇺🇸 Sleeping Mask လေးကိုသုံးပါနော်♥️😍♥️😍
♥️♥️အသားအရေအရမ်းခြောက်တယ် …. မျက်နှာမှာအမဲစက်လေးတွေထွက်လာလို့ စိတ်ညစ်ရတယ်ရှင့်🥲😞😞
မျက်နှာကိုဝင်းဝင်းလေးဖြစ်ချင်တဲ့ ကျွန်မ ☺️☺️အခုတော့ Pillow Glow Sleeping Mask လေးသုံးပြီးမှ တကယ်နုပျိုတင်းရင်းလှပစေလို့ အဆင်ပြေသွားပြီရှင့် …. အမဲစက်တွေလည်းပါးသွားလို့ပျော်ပြီ👏👏👏👏
🙋♀️သုံးတဲ့အခါ မျက်နှာလေး စိုစိုဝင်းဝင်းလေးဖြစ်ပြီးအရမ်းကောင်းလို့ ချစ်တို့လည်း သုံးပါလို့တိုက်တွန်းပါတယ်😍😍
💁♀️💁♀️Nutricentail Pillow Glow Sleeping Mask လေးကို ပုံမှန်သုံးခြင်းဖြင့် ……
✅ ချွေးပေါက်များကိုလျော့ကျစေတယ်
✅ အသားအရေကိုကြည်လင် လန်းဆန်းစေတယ်
✅ စိတ်ဖိစီးမှု၊ ညစ်ညမ်းမှု နှင့် free radicals များ၏ပျက်စီးစေသောအကျိုးသက်ရောက်မှုများကိုခုခံကာကွယ်ပေးတယ်
✅ အသားအရေတောက်ပမှုတို့ကိုတိုးလာတာကိုခံစားမိစေတယ်
✅ ချက်ချင်း ရေဓါတ်ဖြည့်ပေးပြီး ၂၄ နာရီဆက်တိုက်အစိုဓာတ်ပေးတာမို့အသားအရေကိုနုညံလာစေတယ်
✅ အရေပြား၏သဘာဝအစိုဓာတ်ကိုကာကွယ်ပေးလို့စိုပြေသောအသားအရေရရှိစေတယ်
✅ တစ်နေ့တာလုံးကုန်ခမ်းသွားသောမရှိမဖြစ်လိုအပ်သောသတ္တုဓာတ်များကိုပြန်လည်ဖြည့်တင်းပေးတယ်
✅ အသားအရည်ကိုတစ်ညလုံး ရေဓာတ်ပမာဏ ၁၅၀% တိုးစေပြီးချောမွေ့နူးညံ့စေတယ်
✅ မျက်အိပ်တွေလည်းရေဓာတ်ပြည့်ဝတာမို့ မျက်အိပ်ကြီးခြင်းကိုလျှော့ကျစေတယ်
✅ မျက်နှာလေးကိုအရင်ကထက်နုပျိုလာစေတယ်
🇺🇸 USA Brand 🇺🇸 ထုတ်ကုန်တွေက အမျိုးသားအမျိုးသမီး အားလုံးသုံးလို့ရတာမို့ အလွန်အဆင်ပြေတယ်ရှင့်😍
♥️♥️ချစ်တို့လည်း အရင်ထက်ပိုပို နုပျိုချင်လို့ သုံးဖို့ စိတ်ဝင်စားပြီးကိုယ် ပိုင် တစ်ခုရချင်ရင်တော့...
အခုဘဲအောက်မှာ 👇👇comments
လေးပေးပါရှင့်!!!
(သို့မဟုတ်) Cb သို့ လာခဲ့ပါနော်ချစ်တို့ရေ 🛍🛍
28/10/2020
🍀 #ဘယ်အရာမှမမြဲဘူး
"~~~~~~~~~~~~~~"
✍ #သင့်ဘဝမှာ
ဆုံးရှုံးမှုတွေများနေလို့ဆိုပြီး
အရမ်းခံစားမနေပါနဲ့
ဘယ်အရာမှမမြဲတဲ့
လောကကြီးထဲမှာ
ဆုံးရှုံးမှုတခုနဲ့ကြုံတိုင်း
သင်ခန်းစာယူလိုက်ပါ
နောက်တစ်ခါ
အကောင်းဆုံးဖြစ်အောင်
ဆက်ကြိုးစားလိုက်ပါ
✍ #သင်ဘာပဲလုပ်လုပ်
အလုပ်တခုကိုမလုပ်ခင်
အရင်နှစ်ခါပြန်စဉ်းစားပြီးမှ
လက်ရှိအချိန်တွေကို
အကောင်းဆုံးအကျိုးရှိရှိ
လုပ်ဆောင်နေဖို့ပဲလိုတယ်
✍ #အထူးသဖြင့်
ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ
စေတနာအပြည့်ဝထားပြီး
လုပ်ဆောင်နေဖို့လိုပါတယ်
ဘယ်အခက်အခဲမဆို
ရင်ဆိုင်ရဲတဲ့သတ္တိခွန်အားမွေးထားပါ
✍ #စိတ်ပျက်အားငယ်နေလို့အပိုပဲ
လဲကျတဲ့အတိုင်းထိုင်နေမဲ့အစား
ပြဿနာတိုင်းကိုအားတင်းပြီး
ရဲရင့်စွာရင်ဆိုင်ဖြေရှင်းပစ်လိုက်ပါ
ရှေ့ဆက်အောင်မြင်ရမယ်ဆိုတဲ့
ဇွဲလုံးလ သတ္တိအပြည့်နဲ့အခက်အခဲကို
ဖြတ်ကျော်နိုင်တဲ့ခွန်အားတွေရှိကြပါစေ
😌 #စိတ်ပျက်အားငယ်နေခြင်းဟာ
သင့်ဘဝအောင်မြင်မှုအတွက်
တစ်စုံတစ်ရာအရေးမပါ ပါဘူး
ဒါကြောင့်အားတင်းပြီးရှေ့ဆက်ကြိုးစားပါ
မေတ္တာစာလွှာရေးသားသူ #ခါးတမာ #
06/10/2020
#နေရာ
သူတစ်ပါးကို ဘယ်တော့မှ
အပြစ်တင်မစောလိုက်ပါနဲ့၊
သူ့မှာ သင်မသိတဲ့
အခက်အခဲတွေရှိနိုင်တယ် ။
သူတစ်ပါးကို ဘယ်တော့မှ
အထင်မသေးလိုက်ပါနဲ့၊
သူ့မှာ သင်မသိတဲ့ ကြီးမြတ်မှုတွေ
ရှိနိုင်တယ် ။
သူတစ်ပါးကို ဘယ်တော့မှ
မစွပ်စွဲလိုက်ပါနဲ့၊
သူ့မှာ သင်မသိတဲ့ အမှန်တရားတွေ
ရှိနိုင်တယ် ။
သူတစ်ပါး
အသက်မွေးဝမ်းကြောင်းအလုပ်ကို
ဘယ်တော့မှ မပုတ်ခတ်လိုက်ပါနဲ့၊
သူ့မှာ သင်မသိနိုင်တဲ့
ရုန်းကန်ဖြတ်သန်းမှုတွေ ရှိနိုင်တယ်။
သူတစ်ပါးအကြောင်းကို သင် တစ်ခါ
မကောင်းပြောတိုင်းပြောတိုင်း
သင့် စိတ်နဲ့ခန္ဓာက စွမ်းအားတွေ
ယုတ်လျော့နေတာကို
သင်သိပါသလား ။
သူတစ်ပါးအပြစ်ကို ရှာခြင်းထက်
ကိုယ့် လိုအပ်ချက်ကိုရှာဖွေ
ဖြည့်ဆည်းနိုင်တဲ့သူကသာ တချိန်မှာ
အောင်မြင်မှုတစ်ခုခုနဲ့တင့်တယ်
တောက်ပရစမြဲဖြစ်ပါတယ် ။
လောက နိယာမတရားက
သင့်စိတ်ထားနဲ့ထိုက်တန်တဲ့
နေရာတစ်နေရာကို သင့်အတွက်
အဆင်သင့်ပြင်ပေးထားတယ် ။
သင် ဘယ်လိုနေရာမှာ နေရမယ်
ဆိုတာကတော့
သင့်အပေါ်မှာပဲ မူတည်တယ် ။
24/09/2020
#ဒီနေ့အတွက်မျက်နှာကိုစနစ်တကျဘယ်လိုသစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့မျှဝေပေးထားပါတယ်ခင်ဗျာ့
*****
မျက်နှာသစ်တာပဲ စနစ်ကျတာ၊ မကျတာလိုလို့လားလို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ မျက်နှာသစ်နည်းမမှန်ရင် မျက်နှာအရေပြားကို ထိခိုက်နိုင်တာမို့ မျက်နှာသစ်တဲ့အခါ လုပ်ဆောင်သင့်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။
မျက်နှာသစ်တော့မယ်ဆိုတာနဲ့ အရင်ဆုံးလုပ်ရမှာက လက်ဆေးဖို့ပါ။ အဲဒီလိုမလုပ်ဘူးဆိုရင် အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို မျက်နှာဆီပို့လိုက်သလို ဖြစ်သွားပါတယ်။ မျက်နှာနဲ့ လက်နဲ့မထိတွေ့ခင်မှာလည်း ဆပ်ပြာတွေ ပြောင်အောင်ဆေးကြောပစ်ဖို့လိုပြီး ဒါမှသာ ဆပ်ပြာက ဓာတုဆေးတွေကြောင့် မျက်နှာအရေ ပြားယားယံတာမျိုး မဖြစ်မှာပါ။
မိတ်ကပ်လိမ်းထားမိရင်လည်း မျက်နှာမသစ်ခင် ဂွမ်းဖတ်လေးကို သံလွင်ဆီ၊ အုန်းဆီသုတ်ပြီး မိတ်ကပ်အရင်ဖျက်သင့်ပါတယ်။ မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို အစိုဓာတ်ထိန်းပေးတဲ့ ဆဲလ်တွေဖယ်ရှားသ လိုဖြစ်စေတာကြောင့် မနက်အိပ် ရာထချိန်နဲ့ ညအိပ်ရာဝင်ခါနီးနှစ် ကြိမ်လောက်ပဲ သစ်ပေးသင့်ပါတယ်။
မျက်နှာသစ်ဖို့အတွက်ဆိုရင် အော်ဂဲနစ်ဆပ်ပြာဒါမှမဟုတ် အရေပြားနူးညံ့စေတဲ့ မျက်နှာသစ်ဆေးမျိုး ရွေးချယ်သင့်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းချင်တယ်ဆိုရင်တော့ လာဗန်ဒါအဆီလေး တစ်စက်နှစ်စက်လောက် ရေထဲထည့်ပြီး သစ်ပေးနိုင်ပါတယ်။
ရေချိုး၊ ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းကိုသေချာသန့်စင်အောင်လျှော်ပြီးမှ မျက်နှာသစ်တာမျိုး လုပ်သင့်ပါတယ်။ တချို့ ခေါင်းလျှော်ရည်တွေနဲ့ ဆံပင်ပျော့ဆေးတွေမှာ ချွေးပေါက်ပိတ်စေပြီး အရေပြားယားယံ၊ ဝက်ခြံပေါက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာမို့ ခေါင်းသေချာလျှော်ပြီးမှ မျက်နှာသစ်သင့်ပါတယ်။ မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါမှာလည်း အမှတ်တံဆိပ်သာမက ပါဝင်ပစ္စည်းတွေက ဘာတွေသုံးထားသလဲဆိုတာစစ်ဖို့က အရေးအကြီးဆုံးပါပဲ။ သဘာဝပစ္စည်းတွေနဲ့ပဲ ထုတ်ထားတဲ့ အလှကုန်မျိုးကိုတော့ ဦးစားပေးရွေးချယ်ရမှာပါ။
မျက်နှာပြင်ကို ကြမ်းကြမ်းတမ်းတမ်း ကြေးချွတ်ဆေးကြောတာဟာ အရေပြားယားယံမှုဖြစ်စေတာကြောင့် ညင်ညင်သာသာ လေးနှိပ်နယ်ပွတ်သပ်ပြီး မျက်နှာသစ်သင့်ပါတယ်။
မျက်နှာအရေပြား ခြောက်သွေ့နေတုန်းမှာ မျက်နှာသစ်ဆေးတွေနဲ့ ပွတ်တာမျိုးရှောင်ရမှာဖြစ်ပြီး မျက်နှာသုတ်ပဝါ ဒါမှမဟုတ် အဝတ်သန့်သန့်လေးနဲ့ မျက်နှာကို စိုစွတ်အောင်လုပ်ပြီးမှသာ သုံးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက မျက်နှာသုတ်တဲ့ အဝတ်တွေကို နှစ်ရက်ထက်ပိုပြီး မသုံးသင့်တဲ့အချက်ပါ။ မဟုတ်ရင်တော့ စိုထိုင်းထိုင်းနဲ့ ညစ်ပတ်ပြီး ရောဂါပိုးတွေ ကပ်နေနိုင်ကာ အရေပြားယားယံစေနိုင်လို့ ဖြစ်ပါတယ်။
ကျန်းမာရေး, ဗဟုသုတ, အလှအပ
Crd
နေ့စဉ်သောက်နေသော #ရေ ၏ သတိမထားမိသော အချက်လေးတွေကို မိတ်ဆွေတို့ သတိပြုပြီး အသုံးချနိုင်မည့် အချက် (၉) ချက်
(၁) ရေသောက်များတဲ့အတွက် အစာစားချိန်မှာ ထမင်းစားနှုန်းကိုကျဆင်းစေပြီး သင်ဝိတ်ကျဖို့အတွက် အတော်အထောက်အကူ ပေးပါတယ်။
(၂) ရေသောက်ခြင်းဖြင့် သင့်ရဲ့ Metabolism တွေကို မြင့်တက်စေပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ဗူးသောက်တဲ့ လူတိုင်းရဲ့ Metabolism တွေက 27% တိုးတက်လာပါတယ်။
(၃) ရေသောက်ခြင်းဖြင့် သင့်ရဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချပေးပါတယ်။ ရေတစ်ခုတည်းကိုသာ သင် (၉) ရက်တိတိသောက်မယ်ဆိုရင် ဒါနဲ့ညီမျှတဲ့ Calories အဖြစ်တစ်ရက်စာ 8 km(5 Mile) လောက်လမ်းလျောက်သလောက် သင်အလေးချိန်ကျဆင်လိမ့်မယ်။
(၄) သင့်ဦးနှောက်ရဲ့ 97% - 85% လောက်ဟာရေတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့်ရေများများသောက်ခြင်းဖြင့် သင့်ရဲ့ အာရုံစူးစိုက်မှု့ကို ပိုမိုကောင်းမွန်စေပါတယ်။
(၅) ရေသောက်ချင်းဖြင့် သင့်ရဲ့အသဲကို ဆေးပေးရာရောက်သည့်အတွက် ရောဂါဆိုးတွေကို တိုက်ခိုက်ပေးဖို့ အထောက်အကူ ပေးပါတယ်။
(၆) ရေသောက်နည်းခြင်းကြောင့် ရောဂါပိုးတွေဝင်ရောက်လာစေရန် အထောက်အကူပြုရာရောက်ပါတယ်။ ကင်ဆာရောဂါဖြစ်စေရန်လည်း အခြေအနေ များစွာဖြစ်ပေါ်စေပါတယ်။
(၇) ရေသောက်ပေးခြင်းဖြင့် သင့်နှလုံးသားလုပ်အားကို အားပေးအားကူပြုပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၅ ခွက်သောက်ပေးခြင်းဖြင့် နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်။
(၈) ရေများများသောက်ပေးခြင်းဖြင့် အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး နူးညံ့စေပါတယ်။ ဓာတုပစ္စည်တွေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းများကို သုံးစရာမလိုတော့အောင်ကိုပေါ့။
(၉) နောက်ဆုံးအနေနဲ့ပြောရရင် ရေသောက်ပေးခြင်းဖြင့် သင့်ရဲ့ပိုက်ဆံကို စုမိဆောင်းမိဖြစ်ပေါ်စေပါတယ်။ ဘာလို့လည်းဆိုတော့ ရေတစ်ဘူးရဲ့ ဈေးနှုန်းဟာ အခြားအရည်တွေရဲ့ ဈေးနှုန်းထက် များစွာသက်သာနေလို့ပါပဲရှင်
သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်မိတ်ဆွေတို့အတွက် Share ပေးလိုက်ပါဦး...။
NNW(April)
27/08/2020
အုန်းရေ မှာ ဘာတွေ ပါလဲ????
အုန်းရည် သောက်ရင် ကောင်းလား မကောင်းလားဆိုတဲ့ မေးခွန်းတွေ ကတော့ လူအများကြားမှာ အမြဲ ရှိနေပါတယ်။ တကယ်ကော အုန်းရည် က ဘယ်လို အာနိသင်တွေ ပေးသလဲ????
ပထမဆုံး အုန်းရည်တစ်ခွက် (240 ml) မှာ ပါတဲ့ အာပာာရ တန်ဖိုးကို သိထားဖို့လိုပါတယ်။ အုန်းရည် တစ်ခွက်မှာ ဆိုရင်
1. ကယ်လိုရီ - 45
2. အဆီဓါတ် - 0.5 gram
3. ကိုလက်စထရော - 0 gram
4. ဆိုဒီယမ် (ဆားဓါတ်) - 252 mg
5. ပိုတက်ဆီယမ် - 600 mg
6. ကာဗိုပိာုက်ဒရိတ် - 9 gram
7. အမျှင်ဓါတ် - 2.6 gram
8. အသားဓါတ် - 1.7 gram
9. ကယ်လဆီယမ် (ထုံးဓါတ်)
10. သံဓါတ်
11. စီလီနီယမ်
12. ဗီတာမင် B6
13. ဗီတာမင် C
14. မဂ္ဂနိစ်
15. မဂ္ဂနီဆီယမ် ဓါတ် တို့ပါဝင်ပါတယ်။
အုန်းရည် က ကယ်လိုရီနည်းပြီး ကိုလက်စထရော မပါဝင် တဲ့ သဘာဝ အားဖြည့်ရည်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် သူ မှာပါတဲ့ ပိုတက်ဆီယမ် ပမာဏ က ပိုတက်ဆီယမ် ကြွယ်ဝ လှပါပြီ ဆိုတဲ့ ငှက်ပျောသီး ထက်တောင် ပိုများပါတယ်။ ဒါကြောင့် သောက်မယ်ဆိုရင် တခွက် (240 ml) ထက်တော့ မပိုသင့်ပါ။ နောက်တခု အရေးကြီးတာ ကတော့ ကျောက်ကပ် မကောင်းတဲ့ သူတွေ ပိုတက်ဆီယမ် တက်နေချိန်မှာ မသောက်သင့်ပါဘူး။ ပုံမှန် ချိန်ဆိုရင်တောင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် သောက်လို့ရတယ် ဆိုရင်လည်း ပမာဏ အတိုင်းအတာ ကို သေချာ ဆွေးနွေးသင့်ပါတယ်။
ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲ။
1. ချွေးအရမ်းထွက်သွားရင် ချွေးနဲ့ အတူ သတ္တု ဓါတ်တွေ ပါဆုံးရှုံးသွားတတ်ပါတယ်။ အဓိက ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ ဆုံးရှုံးသွားရင် စိတ်တွေရှုပ်ထွေးပြီး နုံးလာတတ်ပါတယ်။ အဲ့လို အချိန်ဆိုရင်တော့ အုန်းရေ သောက်ပေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခွက်ထက်တော့ မပိုပါစေနှင့်။
2. ထုံးစံ အတိုင်း အုန်းရည်မှာလည်း ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်များစွာ ပါဝင်တဲ့ အတွက် အိုမင်းရင့်ရော်မှု့ ကို တဖက်တလမ်ဒဂကနေ ငာကွယ်ပေးပြန်ပါတယ်။
3. ခန္ဓာ ကိုယ်အတွင်းရှိ ဓါတ်တိုးပစ္စည်းများ ကို လျှော့ချပေးတဲ့ အတွက် ဓါတ်တိုးပစ္စည်း တွေ များလာရင် ဖြစ်နိုင်တဲ့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်း ကိုလက်စထရောတက်ခြင်း (Triglycerides) စတာတွေ ကို လည်းကာကွယ်ပေးနိုင်ပါတယ်။
4. ထို့အတူ ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိတဲ့ အတွက် ခန္ဓာကိုယ်ရှိ ဆဲလ်များ ဓါတ်တိုးပစ္စည်းများကြောင့် ပျက်ဆီး အသွင်း ပြောင်းပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အလွန် အန္တရာယ်များတဲ့ ကင်ဆာ ရောဂါ ဖြစ်ပွားမှု့ကို လည်း တဖက်တလမ်း ကနေ ကာကွယ်ပေးနိုင်ပါတယ်။
5. ဆီးချို ဝေဒနာရှင်တွေ အတွက်လည်း မဂ္ဂနီဆီယမ် ပါဝင်တဲ့ အတွက်ကြောင့် အင်ဆူလင် ရဲ့ လုပ်နိုင်စွမ်းအား ကို မြှင့်တင်ပေးနိုင်တဲ့အတွက် ဆီးချိုပမာဏ ကို ထိန်းညှိပေးနိုင်ပါတယ်။ Fasting Blood Glucose level ကိုလျှော့ချပေးတဲ့ အပြင် HbA1c ကိုပါ လျှော့ချပေးနိုင်ပါတယ်။
6. အမျှင်ဓါတ် ကြွယ်ဝ တဲ့ အတွက် သွေးတွင်း ကိုလက်စထရော ကို ကျစေနိုင်ပါတယ်။
7. Triglycerides ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးတာတွေ ကို လည်း ကာကွယ်ပေးနိုင်ပါတယ်။
8. အုန်းရည် တစ်ခွက် (240 ml) မှာ ပိုတက်ဆီယမ် 600 mg ပါတဲ့အတွက် သွေးတိုး ရောဂါ ဝေဒနာရှင်တွေ အတွက် သင့်လျော်ပါတယ်။ သွေးပေါင်ကျစေပါတယ်။
9. ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် နှင့် မဂ္ဂနီဆီယမ် တို့ ပါဝင်တဲ့ အတွက်ကြောင့် တာဝေး အပြေးသမားများ၊ အချိန် အကြာကြီး လေ့ကျင့်ခန်း လုပ်တတ်တဲ့ သူတွေ အတွက် သင့်တော်ပါတယ်။
10. ရေဓါတ် ကိုလည်း ပြန်လည်ဖြည့်တင်းပေးတဲ့ အပြင် သတ္တု ဓါတ်များကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။
အုန်းရည်သောက်ရင် ကောင်းတယ်ဆိုပေမယ့် တခွက် (240 ml) ထက်တော့ မပိုသင့်ပါဘူး။ ဒီ့အပြင် အုန်းရည် ဆိုပြီး အုန်းနို့ တော့ မသောက်သင့်ပါဘူး။ ကိုလက်စထရော နှင့် triglycerides များစွာပါဝင်တဲ့ အတွက် ကျန်းမာရေး အတွက် မကောင်းပါဘူး။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Lumi Spa စက်လေး ကတော့ .......
ကျမမိသားစုအတွက်❤️
လူတိုင်းအတွက်❤️
နုပျိုချင်သူအမျိုးသမီး/အမျိုးသားတိုင်းအတွက်❤️
မရှိမဖြစ်လေးပါ😍😍
အားကြီးချစ်တယ်လို့❤️❤️
Lumi Spa စက်ကလေးကိုနေ့စဉ်ပုံမှန်အသုံးပြုခြင်းဖြင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကတော့.......................
🌺နုပျိုလန်းဆန်းသောအသားအရေအသစ်ပြန်ရစေတယ်
🌹အလွန်ချောမွေ့တဲ့အသားအရေကိုရရှိစေတယ်
☘️ပိုမိုလင်းလက်လက်တောက်ပစေတဲ့...မျက်နှာအသားအရေကိုပိုင်ဆိုင်ရရှိစေတယ်
🌷အသားအရေကို Refresh လုပ်ပေးလို့...အသားအရေအသစ်ကိုပြန်လည်ရရှိစေတယ်
🌺အရေးကြောင်းများကင်းစင်တဲ့အသားအရေ ကိုပိုင်ဆိုင်ရရှိစေတယ်
🌼မျက်နှာအတွင်းပိုင်းထဲမှာရှိတဲ့အဆိပ်တွေကိုထုတ်ပေးပြီးသန့်ပေးလို့ 👩⚖️👰👸မျက်နှာသစ်ပြီးတိုင်းဝင်းမွတ်တဲ့အသားအရေပိုင်ရှင်လေးဖြစ်လာမယ်
🎄ချွေးပေါက်တွေကိုကျဉ်းစေတယ်
🍁အထိမခံအသားအရေအတွက်လည်းအဆင်ပြေပြီးဝက်ခြံထွက်သူများလည်းဝက်ခြံထွက်နှုန်းလျှော့ကျစေပါတယ်
💐တင်းတိတ်ရှိသူများလည်းပါးသွားစေပြီးလျှော့ပါးသက်သာစေပါတယ်
🌝မျက်နှာသန့်စင်တဲ့အချိန် ( Collagen )ပါထုတ်ပေးလို့ မျက်နှာလေးတင်းရင်းလှပစေတယ်
🌼မျက်အိတ်တွေ သက်သာလျှော့ပါးစေတယ်
🌻AGELOC နည်းပညာနဲ့ထုတ်လုပ်ထားလို့ .....အမြဲနုပျိုစေတယ်
ကိုယ်ပိုင်လေးတစ်ခုရချင်ရင်တော့....
( ကျမ) ကို Massage လေးသာ ပို့လိုက်ပါနော်😍
01/12/2018
❤️❤️Dear ချစ်တို့ရေ......
🍀🍀👀👀 ဒီနေ့ တော့ ကျမသုံးတဲ့ True Face Ideal
cream လေးအကြောင်းပြောပြမယ်နော်...ကျမက အရင်က
ဆိုမျက်ကွင်းညိုတယ်😪...မျက်အိပ်လည်းဖောင်းတော့😢😢...လူကအိုစာနေသလိုဘဲ😒😒...အခုတော့ True Face Ideal Eye 👀မျက်လုံးအားဖြည့်လေးကိုမနက်တကြိမ်...
ညတကြိမ်ပုံမှန် လိမ်းပေးလို့ 👀မျက်လုံးအောက်မှာ ဖြစ်ပေါ်
တတ်တဲ့ မျက်အိတ် များကို လျှင်မြန်စွာ ပျောက်ကင်း စေပြီး
မျက်ဝန်းအောက်ရှိ အရေပြား ကို စိုပြေလင်းလက်စေ တာကြောင့် ကျမ ပျော်ပြီလေ😃😃
🌝🌝True Face Ideal Eye မျက်လုံးအားဖြည့်လိမ်းဆေးကို ပုံမှန်သုံးစွဲခြင်းဖြင့်........
🌺အရွယ်ကို နုပျိုစေတဲ့ 🤩🤩🤗anti-ageing ingredients ကိုအသုံးပြုထားပြီးအဆင့်မြင့်သိပ္ပံနည်းပညာ
များဖြင့် ထုတ်လုပ် ထားခြင်းကြောင့် အရေပြားကို တင်းရင်း
ချောမွတ် စေပါတယ်ရှင့်
🌺မျက်ဝန်း အနီး ဖြစ်ပေါ်တတ် တဲ့ အရေးအကြောင်း များနှင့်
မျက်ကွင်းညို ခြင်း များကို လျော့နည်း သက်သာ စေပါတယ်ရှင့်
🌺မျက်ဝန်းအောက် ဧရိယာရှိ အရေပြား ကို လျှင်မြန်စွာ
တောက်ပ စေပါတယ်ရှင့်
🌺မျက်ကွင်း ညိုမဲ ခြင်းများ၊ မျက်ဝန်း တ၀ိုက်အရေပြား ညစ်နွမ်း နေခြင်းများကို လျော့နည်း သက်သာစေပါတယ်
🌺မျက်ဝန်း တစ်ဝိုက် ဖောရောင် နေခြင်း များကို လျင်မြန်စွာ
သက်သာ စေပြီး ပြန်လည် လန်းဆန်း စေပါတယ်
🌺မျက်ကွင်းညို ခြင်း များကို ဖြစ်ပေါ်စေတဲ့ ခြယ်ဆေး၊
ဆိုးဆေး(pigments)တိုးမြင့် မှုကို လျော့ကျဖယ်ရှင်း
ပေးပါတယ်
🌺မျက်လုံး အောက် မျက်အိတ် ဖြစ်ပေါ် မှုကို ကာကွယ် ပေးခြင်း စတဲ့ အကျိုးကျေးဇူး များကို ရရှိ စေပါတယ်ရှင်
USA Anti Aging Company ကထုတ်ကုန်အားလုံးက⬇️⬇️⬇️
💁♀️💁♂️အမျိုးသား/အမျိုးသမီး/မိသားစုအားလုံးအသုံးပြုလို့ရလို့..အဆင်ပြေတာပေါ့နော်😊😊
🌳🌳🌳ကဲချစ်တို့ရေ နုပျိုစေတဲ့ မျက်နှာပိုင်ရှင်လေးကို မျက်
ကွင်းညိုခြင်း,မျက်အိပ်ထွက်ခြင်းကဖျက်စီးတတ်တာမို့...လှပတဲ့👀မျက်ဝန်းတစ်စုံဖြစ်အောင်🤗ထိန်းသိမ်းဖို့လိုတယ်နော်!!
🌱🌱🌱🌱🌱🌱🌱🌱🌱
💜💜💜ဒါကြောင့်ချစ်တို့အတွက်....ကိုယ်ပိုင်လေးတစ်ခုပိုင်
ဆိုင်ချင်တယ်ဆိုရင်တော့ ...
အခုဘဲCb မှတဆင့် ဆက်သွယ်လိုက်နော် 📩😀😀😀
🍂🍂🍂🍂🍂🍂🍂🍂🍂
Click here to claim your Sponsored Listing.
Telephone
Website
Address
67 Myint Tar Steet (North Okkalapam)
Yangon