Sharing is Caring
ကျန်းမာရေးနှင့် အလှအပဆိုင်ရာ၊အထွေထွေဗဟုသုတ များကို ရှယ်ပေးသွားမှာဖြစ်ပါတယ်
25/12/2020
🎅🧑🎄🎄🎄ခရစ်စမတ်ကာလမှာ ကျန်းမာခြင်း၊ ချမ်းသာခြင်း ဆုလာဘ်များနှင့် ပြည့်စုံကြပါစေ.....
Merry Christmas!
Sharing is Caring🎄🎄🎄🎄🎄🎄🎄
09/12/2020
COVID 19 ရောဂါ ကာကွယ်ရန် နည်းလမ်း
————————————————————
ဗိုင်းရပ်စ်ဟူသည်မှာ
သက်ရှိ အော်ဂင်းနစ်
ပစ္စည်းမဟုတ်ဘဲ
အဆီလွှာ ဖုန်းလွှမ်းထားသော
ပရိုတင်း မော်လီကျူး (DNA)
သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊
ချွဲသလိပ်တို့တွင် ပါသော
ဆဲလ်များက ယင်းတို့ကို
စုပ်ယူလိုက်သည့်အခါကျမှသာ
လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော
ဗီဇမျိုးပြောင်း
မျိုးပွားသွားခြင်း ဖြစ်သည်။
ဘကၱီးရီးယားလို
သတ္လို့ မရပါ။ ။
ဗိုင်းရပ်စ်က ဘက်တီးရီးယားလို
သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။
ပဋိဇီဝဆေးများက
သက်မဲ့(ဗိုင်းရပ်စ်)ကို
သတ်၍ မရပါ။
ဖေါ်ပြထားသည့်
နည်းလမ်းများသုံးလျှင်
ဗိုင်းရပ်စ် ဖွဲ့စည်းပုံ
အမြန်ပြိုကွဲ ပါလိမ့်မည်။
ဗိုင်းရပ်စ်မှာ သက်ရှိ
အော်ဂင်းနစ် ပစ္စည်း
မဟုတ်ဘဲ
ပရိုတင်းမော်လီကျူးသာ
ဖြစ်သည့်အတွက်
သတ်ပစ်၍ မရဘဲ
သူ့သဘာဝ အတိုင်း
ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။မော်လီကျူးပြိုကွဲ
ပျက်စီးရန် ကြာချိန်မှာ
အပူချိန်၊ စိုထိုင်းဆ နှင့်
ယင်းကပ်ငြိ တင်ကျန်နေသော
မျက်နှာပြင် အမျိုးအစားပေါ်
မူတည်၍ ကွဲပြားပါသည်။
ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး
ယင်းကို အကာအကွယ်
ပေးထားသောအရာမှာ
အပေါ်ယံ အဆီလွှာသာ ရှိပါသည်။
ဆပ်ပြာနှင့် ပိုးသတ်ဆေးများက
အကောင်းဆုံး
ကုစားနိုင်ခြင်းမှာ
ထိုအချက်ကြောင့်ဖြစ်သည်။
ဆပ်ပြာမြှုပ်များက
ထိုအဆီလွှာကို
ဖြိုခွဲပစ်ပါသည်
(ထို့ ကြောင့် ဆပ်ပြာမြှုပ်
များများဖြင့် စက္ကန့် ၂၀
အနည်းဆုံး ပွတ်တိုက်
ဆေးကြောရန်လိုအပ်ခြင်း
ဖြစ်သည်။ )
အပေါ်ယံ အဆီလွှာ
ပျက်စီးသွားသောအခါ
ပရိုတင်း မော်လီကျူးလည်း
သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။
အပူဓါတ်က
အဆီများကို
အရည်ပျော်စေနိုင်ပါသည်။
အပူချိန် ၂၅ ဒီဂရီ
စင်တီဂရိတ်ထက်
ပိုနွေးသော ရေဖြင့်
လက်ဆေးခြင်း၊
အဝတ်လျှော်ခြင်း
စသည်များ ပြုလုပ်ပါ။
ရေနွေးက ဆပ်ပြာအမြှုပ်များ
ပိုထွက်စေသဖြင့်
ပိုအသုံး တည့်ပါသည်။
အယ်လ်ကိုဟော ပါဝင်မှု
၆၅ ရာခိုင်နှုန်းထက်
ပိုသော လက်ဆေးရည်များက
အဆီများကို
ပျော်ဝင် ပြိုကွဲစေပါသည်။
အထူးသဖြင့် ဗိုင်းရပ်စ်၏
အပေါ်ယံ အဆီလွှာကို
ပြိုကွဲပျက်စီးစေပါသည်။
အရောင်ချွတ်ဆေး တစ်ဆ၊
ရေ ၅ဆ ပါ၀င်သော
အရောအနှောကလည်း
ပရိုတင်းဓါတ်ကို
တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။
ပရိုတင်း အတွင်းသို့
ဝင်ရောက် ဖြိုခွဲပါသည်။
ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်
ကလည်း ဆပ်ပြာ၊
အယ်လ်ကိုဟော(အရက်ပျံ)၊
ကလိုရင်း (အရောင်ချွတ်ဆေး)
တို့ကဲ့သို့ပင်
ဗိုင်းရပ်စ်ရှိ
ပရိုတင်းဓါတ်ကို
ပြိုကွဲစေနိုင်ပါသည်။
ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က
ရေမရောဘဲသုံးမှ
ရသဖြင့် လူ့အရေပြားကို
ထိခိုက်စေနိုင်ပါသည်။
သုံးပြီးသား သို့မဟုတ်
မသုံးရသေးသော
အဝတ်အထည်များကို
မခါပါနှင့်။
သေးငယ်သော
အပေါက်ငယ်များပါသည့်
(အဝတ်၊ ချည်ထည် ကဲ့သို့)
မျက်နှာပြင်များတွင်
ကပ်ငြိနေသည့်အခါ
မလှုပ်မရှားထားလျှင်
၃ နာရီ အတွင်း
ပြိုကွဲ ပျက်စီးပါသည်။
ကြေးနီ၊ သစ်သား
မျက်နှာပြင်များတွင် ၄ နာရီ၊
ကပ်ထူပြားပေါ်တွင် ၂၄ နာရီ၊
အခြားသတ္တုမျက်နှာပြင်
များပေါ်တွင် ၄၂ နာရီ နှင့်
ပလတ်စတစ်များပေါ်တွင်
၇၂ နာရီ ကျော်ပြီးမှ
ပြိုကွဲပျက်စီးနိုင်ပါသည်။
အဝတ်စသည်များကို
ဖုန်ခါလျှင်၊
ရိုက်ခါလျှင်
ဗိုင်းရပ်စ် မော်လီကျူးများ
လေထဲတွင်
၃ နာရီ မျောပါကာ
သင် ရှူရှိုက်မိ နိုင်ပါသည်။
လေအေးစက် ဖွင့်ထားသော
အိမ်နှင့် ကားတွင်းကဲ့သို့
နေရာများတွင်
ဗိုင်းရပ်စ် မော်လီကျူးများ
ငြိမ်နေနိုင်ပါသည်။
ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန်
အမှောင်နှင့် စိုစွတ်မှု
(စိုထိုင်းဆများရန်)
လိုအပ်သည်။
ခြောက်သွေ့၊
နွေးထွေး၊
အလင်းများများ ရသော
ပတ်ဝန်းကျင်တွင်
ဗိုင်းရပ်စ် ပရိုတင်းများ
လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။
ခရမ်းလွန်ရောင်ခြည်
(UV Light) ကို
မျက်နှာပြင်များ
အရာဝထ္တုများပေါ်သို့
ကျရောက်စေပါက
ဗိုင်းရပ်စ် ပရိုတင်းများကို
ဖြိုခွင်းနိုင်ပါသည်။
လူ့အသားအရေပေါ်သို့
တိုက်ရိုက် ကျရောက်လျှင်
အရေပြားတွန့်ခြင်း
အရေပြား ကင်ဆာဖြစ်ခြင်း
ဖြစ်စေနိုင်ပါသည်။
ဗိုင်းရပ်စ်သည်
ကျန်းမာကောင်းမွန်သော
လူ့အရေပြားကို
မဖေါက်ထွင်းနိုင်ပါ။
ရှာလကာရည်
အသုံးမတည့်ပါ၊
ဗိုင်းရပ်စ်၏ အဆီလွှာကို
မဖေါက်ထွင်းနိုင်ပါ။
အရက်နှင့် ဗော့ဒဂါအရက်
များက ဗိုင်းရပ်စ်၏
အဆီလွှာကို
ထိရောက်စွာ မဖေါက်နိုင်ပါ။
အပြင်းဆုံး အရက်က
အယ်လ်ကိုဟော
၄၀ ရာခိုင်နှုန်းသာရှိ၍
လိုအပ်ချက်
၆၅ ရာခိုင်နှုန်းကို မမီပါ။
နေရာ ကျဉ်းကြပ်လျှင်
ဗိုင်းရပ်စ် ပိုမို
ထူထပ်နိုင်ပါသည်။
ကျယ်ကျယ်ဝန်းဝန်း
သဘာဝ လေကောင်းလေသန့်
ရနိုင်ပါစေ။
အကြိမ်ကြိမ်ပြောပြီး
ဖြစ်သော်လည်း
အောက်ပါ
အရာဝထ္ထုများအား
မကိုင်တွယ်မီနှင့်
ကိုင်တွယ်ပြီးတိုင်း
လက်ကို ဆေးကြောပါ။
(ချွဲသလိပ်ရှိနိုင်သော
အရေပြားလွှာများ၊
အစားအသောက်များ၊
သော့ခလောက် များ၊
တံခါးလက်ကိုင်ဘုများ၊
မီးခလုတ်များ၊
ရီမုတ် ကွန်ထရိုးများ၊
လက်ကိုင်ဖုန်းများ၊
လက်ပတ်နာရီများ၊
ကွန်ပျူတာများ၊
စာကြည့်စားပွဲများ၊
ရုပ်မြင်သံကြားစက် များစသည်။ )
ရေအိမ်သာ
အသုံးပြုခြင်းလည်း
ပါဝင်သည်။
လက်အရေပြား
ခြောက်သွေ့သည် အထိ
မထားပါနှင့်။
ဆပ်ပြာနှင့် အကြိမ်များများ
ဆေးကြောပါ။
အရေပြား အသားအရေ
အတွန့်အခေါက် များ၊
ထိရှ ဒဏ်ရာများ အကြားတွင်
ဗိုင်းရပ်စ် မော်လီကြူးများ
ခိုအောင်းနေနိုင်ပါသည်။
အရေပြားစိုစွတ်လေ
ကောင်းလေ ဖြစ်ပါသည်။
လက်သည်းများကြားတွင်
ဗိုင်းရပ်စ် မခိုအောင်းနိုင်အောင်
လက်သည်း တိုတို ညှပ်ပါ။
COVID-19 ကာကွယ်ရေး
သိကောင်းစရာများ
(ကိုသီဟေစာ )
မြန်မာဘာသာပြန်ဆိုပေးပါသည်။
Credit:
PARADISE
ZWY ♥️♥️♥️
25/11/2020
#ကိုဗစ်ဖြစ်ဖူးတဲ့သူတွေပြန်ဖြစ်မှာလား❓
~~~~~~~~~~~~~~~~~~~~~~~~~
သတင်းကောင်းတစ်ခုကတော့ #ခြောက်လအတွင်းပြန်ဖြစ်နိုင်ခြေအလွန်နည်းတယ်လို့ ဆိုပါတယ်။
🇬🇧 Oxford တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်ကို MedRxiv ဆေးသုသေသန Page မှာတင်ထားတာဖြစ်ပါတယ်။
👉 အခုလေ့လာတွေ့ရှိချက်ကို Peer review မလုပ်ရသေးတဲ့အတွက် ကိုဗစ်ရောဂါကုသရေးမှာ guidance အနေနဲ့တော့သုံးလို့မရသေးပါဘူး။
ကိုဗစ်ဖြစ်ကတည်းက ကျနော်လေ့လာမိသလောက် အရင်ကိုဗစ်ဖြစ်ပြီးသားကနေ ပြန်ဖြစ်တယ်လို့ ပြောတဲ့ case ဟာ ကမ္ဘာပေါ်မှာလက်ချိုးရေလို့ရလောက်အောင်ကို ရှားပါတယ်။
🇨🇳 တရုတ်မှာ လုပ်ခဲ့ဖူးတဲ့သုသေသနအရကတော့ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ခဲ့သူတွေမှာ လုံလောက်တဲ့ ကိုဗစ်ရောဂါခုခံအားကျန်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီ တရုတ်ကသုသေသနမှာ ရောဂါလက္ခဏာမပြတဲ့ asymptomatic နဲ့ ရောဂါမပြင်းထန်တဲ့ mild symptoms သမားတွေမှာ လုံလောက်တဲ့ကိုဗစ်ရောဂါခုခံအားမပြလို့ စိုးရိမ်ခဲ့ကြပါတယ်။
အခုအချိန်အထိက ( ၃ )လအတွင်းပြန်ဖြစ်နိုင်ခြေနည်းတယ်လို့ အတော်များများကယူဆထားခဲ့ကြတာပါ။
🇬🇧 အခု Oxford တက္ကသိုလ်ကသုတေသနကို ဆက်လက်ပြောပြပါမယ်။
👉 ကိုဗစ်ရောဂါဖြစ်ဖူးရင် "လူအများစုမှာ" အနည်းဆုံးခြောက်လကိုဗစ်ပြန်လည်ကူးစက်ဖို့အခွင့်အလမ်းအလွန်နည်းပါတယ်တဲ့။
Professor David Eyre က "This is really good news, because we can be confident " ကျနော်တို့ယုံကြည်ရနိုင်တဲ့အတွက် တကယ့်သတင်းကောင်းပါလို့ ဆိုထားပါတယ်။
#ယုံကြည်နိုင်စရာနောက်ထပ်အကြောင်းရင်းတစ်ချက်က အခု Oxford တက္ကသိုလ်ရဲ့ လေ့လာမှုဟာ ကိုဗစ်ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၁၀၅၂ ယောက်ကို သုတေသနလုပ်ထားတာဖြစ်လို့ပါပဲ။
ဒီကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်ရောဂါပြန်လည်ကူးစက်နိုင်ခြေ အလွန်များသူတွေပါ။
Methods
---------
👨⚕️👩⚕️ ကျန်းမာရေးဝန်ထမ်း တွေမှာ ရောဂါလက္ခဏာမပြတဲ့ asymptomatic တွေရော၊ ရောဂါလက္ခဏာပြတဲ့ symptomatic တွေရောကို SARS-CoV-2 virus PCR-Test လုပ်တယ်။
Oxfordshire က လေ့ကျင့်သင်ကြားရေးဆေးရုံလေးခုက ကျန်းမာရေးဝန်ထမ်းတွေကို လေ့လာမှုလုပ်တာဖြစ်တယ်။
ချောင်းဆိုး၊ ကိုယ်ပူချိန် 37.8 ဒီဂရီ Celsius ထက်ပို၊ အနံ့အရသာပျောက်ဖြစ်သူတွေကို မတ်လ ၂၇ ရက်နေ့ကစပြီး PCR-Test လုပ်တာ။
ရောဂါအခြေအနေကို anti-spike နဲ့ anti-nucleocapsid IgG လည်းစစ်တယ်။
ကိုဗစ်စဖြစ်တဲ့ ဧပြီလကတည်းက အခုနိုဝင်ဘာလအထိ ရက်သတ္တပတ် (၃၀) အကြာ သုတေသနလုပ်ထားတာ။
တွေ့ရှိချက်
----------
▪️စုစုပေါင်း ကျန်းမာရေးဝန်ထမ်း (၁၂၂၁၉ ) ယောက်ကို anti-spike IgG test လုပ်တယ်။
(၁၁၀၅၂ ) ယောက်က negative ပြထားတယ်။ သူတို့ကိုဆက်လက်စောင့်ကြည့်တယ်။
(၁၂၄၆ ) ယောက်က positive antibodies ပြတယ်။
အဲ့ဒီ (၁၂၄၆) ယောက်ထဲက (၇၉ ) ယောက်က စောင့်ကြည်နေစဉ်အတွင်း seroconvertion ဖြစ်လို့ positive antibodies အုပ်စုထဲထည့်လိုက်တာ။
(၁၂၄၆ - ၇၉) = ၁၁၆၇
(၁၁၀၅၂ + ၁၁၆၇) = ၁၂၂၁၉
တော်ကြာ စာတမ်းသွားဖတ်ပြီးမျက်စိလည်မှာစိုးလို့ရှင်းပြထားတာ။
Seronegative ပြထားတဲ့ (၁၁၀၅၂) ယောက်မှာ နောက်ပိုင်းမှာ (၈၉ ) ယောက်က ရောဂါလက္ခဏာပြတဲ့ကူးစက်မှုဖြစ်တယ်။
အဲ့ဒီ (၁၁၀၅၂) ထဲမှာပဲ (၇၆) ယောက်က ရောဂါလက္ခဏာမပြပေမယ့် positive ဖြစ်နေတာကို PCR-Test နဲ့ဖမ်းမိတယ်။
အစကတည်းက ရောဂါကူးစက်မခံဖူးတဲ့သူတွေမှာ ရောဂါလက္ခဏာပြတဲ့ကူးစက်မှုဖြစ်တာမို့ ( #ပြန်ကူးစက်တာမဟုတ်ဘူး)။
အစကတည်းက positive antibodies ပြထားတဲ့ (၁၂၄၆) ယောက်အုပ်စုမှာ #ရောဂါလက္ခဏာပြတဲ့ကူးစက်မှုမဖြစ်ဘူး။
ဒါပေမယ့် အဲ့ဒီ (၁၂၄၆) ယောက်အုပ်စုထဲက ရောဂါလက္ခဏာမပြတဲ့ကူးစက်မှု (၃) ခုကို PCR-Test နဲ့ဖမ်းမိတယ်။
အဲ့ဒီမှာ PCR-Test က positive ပြတိုင်း ရောဂါပြန်ကူးပါတယ်လို့ ကံသေကံမပြောလို့ရမလားဆိုတာမေးစရာဖြစ်လာတယ်။
အရင်ကူးစက်မှုကကျန်တဲ့ RNA အသေရဲ့အစိတ်အပိုင်းတွေကို PCR-Test ကမိတာရောမဖြစ်နိုင်ဘူးလား❓
အဲ့သလိုသာဖြစ်ခဲ့ရင် ကူးစက်ဖူးတဲ့လူတွေမှာ လုံးဝပြန်ကူးစက်တာမတွေ့ရဘူးလို့ပြောလို့ရတယ်။
အဲ့ဒီ (၃) ယောက်ဆီက ပိုးမွေးကြည့်မှသိမယ်။
Results ထဲမှာ ထည့်ရှင်းပြထားတာကို ကျနော်မတွေ့ဘူး။
နောက်တစ်ခုက အသက် ၂၉ နှစ်ကနေ ၄၉ နှစ်ဝန်ထမ်းတွေ။ အကယ်လို့ အသက် ၇၀ ကျော်ဆိုရောရင် ဘာဖြစ်မလဲလို့ ကျနော်တွေးမိတယ်။
MedRxiv မှာ အဲ့ဒီ သုတေသနစာတမ်းကို အသေးစိတ်ဖတ်လိုသူတွေ အောက်ပါလင့်မှာကြည့်ပါ။ 👇
https://www.medrxiv.org/content/10.1101/2020.11.18.20234369v1
ဘာပဲဖြစ်ဖြစ် သုတေသနရလဒ်အရ "ကိုဗစ်ဖြစ်ဖူးသူအများစုမှာ #ခြောက်လအတွင်းပြန်ဖြစ်နိုင်ခြေအလွန်နည်းပါကြောင်း။
ဘယ်လောက်ကြာကြာအထိ ပြန်မဖြစ်နိုင်သလဲက ဆက်လက်စောင့်ကြည့်မှသိပါမယ်ခင်ဗျား။
https://www.facebook.com/109119807474881/posts/183156706737857/?d=n
Richard Myo Thant
22-November-2020
(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)
#ကိုဗစ်ဖြစ်ဖူးတဲ့သူတွေပြန်ဖြစ်မှာလား❓
~~~~~~~~~~~~~~~~~~~~~~~~~
သတင်းကောင်းတစ်ခုကတော့ #ခြောက်လအတွင်းပြန်ဖြစ်နိုင်ခြေအလွန်နည်းတယ်လို့ ဆိုပါတယ်။
🇬🇧 Oxford တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်ကို MedRxiv ဆေးသုသေသန Page မှာတင်ထားတာဖြစ်ပါတယ်။
👉 အခုလေ့လာတွေ့ရှိချက်ကို Peer review မလုပ်ရသေးတဲ့အတွက် ကိုဗစ်ရောဂါကုသရေးမှာ guidance အနေနဲ့တော့သုံးလို့မရသေးပါဘူး။
ကိုဗစ်ဖြစ်ကတည်းက ကျနော်လေ့လာမိသလောက် အရင်ကိုဗစ်ဖြစ်ပြီးသားကနေ ပြန်ဖြစ်တယ်လို့ ပြောတဲ့ case ဟာ ကမ္ဘာပေါ်မှာလက်ချိုးရေလို့ရလောက်အောင်ကို ရှားပါတယ်။
🇨🇳 တရုတ်မှာ လုပ်ခဲ့ဖူးတဲ့သုသေသနအရကတော့ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ခဲ့သူတွေမှာ လုံလောက်တဲ့ ကိုဗစ်ရောဂါခုခံအားကျန်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီ တရုတ်ကသုသေသနမှာ ရောဂါလက္ခဏာမပြတဲ့ asymptomatic နဲ့ ရောဂါမပြင်းထန်တဲ့ mild symptoms သမားတွေမှာ လုံလောက်တဲ့ကိုဗစ်ရောဂါခုခံအားမပြလို့ စိုးရိမ်ခဲ့ကြပါတယ်။
အခုအချိန်အထိက ( ၃ )လအတွင်းပြန်ဖြစ်နိုင်ခြေနည်းတယ်လို့ အတော်များများကယူဆထားခဲ့ကြတာပါ။
🇬🇧 အခု Oxford တက္ကသိုလ်ကသုတေသနကို ဆက်လက်ပြောပြပါမယ်။
👉 ကိုဗစ်ရောဂါဖြစ်ဖူးရင် "လူအများစုမှာ" အနည်းဆုံးခြောက်လကိုဗစ်ပြန်လည်ကူးစက်ဖို့အခွင့်အလမ်းအလွန်နည်းပါတယ်တဲ့။
Professor David Eyre က "This is really good news, because we can be confident " ကျနော်တို့ယုံကြည်ရနိုင်တဲ့အတွက် တကယ့်သတင်းကောင်းပါလို့ ဆိုထားပါတယ်။
#ယုံကြည်နိုင်စရာနောက်ထပ်အကြောင်းရင်းတစ်ချက်က အခု Oxford တက္ကသိုလ်ရဲ့ လေ့လာမှုဟာ ကိုဗစ်ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၁၀၅၂ ယောက်ကို သုတေသနလုပ်ထားတာဖြစ်လို့ပါပဲ။
ဒီကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်ရောဂါပြန်လည်ကူးစက်နိုင်ခြေ အလွန်များသူတွေပါ။
Methods
---------
👨⚕️👩⚕️ ကျန်းမာရေးဝန်ထမ်း တွေမှာ ရောဂါလက္ခဏာမပြတဲ့ asymptomatic တွေရော၊ ရောဂါလက္ခဏာပြတဲ့ symptomatic တွေရောကို SARS-CoV-2 virus PCR-Test လုပ်တယ်။
Oxfordshire က လေ့ကျင့်သင်ကြားရေးဆေးရုံလေးခုက ကျန်းမာရေးဝန်ထမ်းတွေကို လေ့လာမှုလုပ်တာဖြစ်တယ်။
ချောင်းဆိုး၊ ကိုယ်ပူချိန် 37.8 ဒီဂရီ Celsius ထက်ပို၊ အနံ့အရသာပျောက်ဖြစ်သူတွေကို မတ်လ ၂၇ ရက်နေ့ကစပြီး PCR-Test လုပ်တာ။
ရောဂါအခြေအနေကို anti-spike နဲ့ anti-nucleocapsid IgG လည်းစစ်တယ်။
ကိုဗစ်စဖြစ်တဲ့ ဧပြီလကတည်းက အခုနိုဝင်ဘာလအထိ ရက်သတ္တပတ် (၃၀) အကြာ သုတေသနလုပ်ထားတာ။
တွေ့ရှိချက်
----------
▪️စုစုပေါင်း ကျန်းမာရေးဝန်ထမ်း (၁၂၂၁၉ ) ယောက်ကို anti-spike IgG test လုပ်တယ်။
(၁၁၀၅၂ ) ယောက်က negative ပြထားတယ်။ သူတို့ကိုဆက်လက်စောင့်ကြည့်တယ်။
(၁၂၄၆ ) ယောက်က positive antibodies ပြတယ်။
အဲ့ဒီ (၁၂၄၆) ယောက်ထဲက (၇၉ ) ယောက်က စောင့်ကြည်နေစဉ်အတွင်း seroconvertion ဖြစ်လို့ positive antibodies အုပ်စုထဲထည့်လိုက်တာ။
(၁၂၄၆ - ၇၉) = ၁၁၆၇
(၁၁၀၅၂ + ၁၁၆၇) = ၁၂၂၁၉
တော်ကြာ စာတမ်းသွားဖတ်ပြီးမျက်စိလည်မှာစိုးလို့ရှင်းပြထားတာ။
Seronegative ပြထားတဲ့ (၁၁၀၅၂) ယောက်မှာ နောက်ပိုင်းမှာ (၈၉ ) ယောက်က ရောဂါလက္ခဏာပြတဲ့ကူးစက်မှုဖြစ်တယ်။
အဲ့ဒီ (၁၁၀၅၂) ထဲမှာပဲ (၇၆) ယောက်က ရောဂါလက္ခဏာမပြပေမယ့် positive ဖြစ်နေတာကို PCR-Test နဲ့ဖမ်းမိတယ်။
အစကတည်းက ရောဂါကူးစက်မခံဖူးတဲ့သူတွေမှာ ရောဂါလက္ခဏာပြတဲ့ကူးစက်မှုဖြစ်တာမို့ ( #ပြန်ကူးစက်တာမဟုတ်ဘူး)။
အစကတည်းက positive antibodies ပြထားတဲ့ (၁၂၄၆) ယောက်အုပ်စုမှာ #ရောဂါလက္ခဏာပြတဲ့ကူးစက်မှုမဖြစ်ဘူး။
ဒါပေမယ့် အဲ့ဒီ (၁၂၄၆) ယောက်အုပ်စုထဲက ရောဂါလက္ခဏာမပြတဲ့ကူးစက်မှု (၃) ခုကို PCR-Test နဲ့ဖမ်းမိတယ်။
အဲ့ဒီမှာ PCR-Test က positive ပြတိုင်း ရောဂါပြန်ကူးပါတယ်လို့ ကံသေကံမပြောလို့ရမလားဆိုတာမေးစရာဖြစ်လာတယ်။
အရင်ကူးစက်မှုကကျန်တဲ့ RNA အသေရဲ့အစိတ်အပိုင်းတွေကို PCR-Test ကမိတာရောမဖြစ်နိုင်ဘူးလား❓
အဲ့သလိုသာဖြစ်ခဲ့ရင် ကူးစက်ဖူးတဲ့လူတွေမှာ လုံးဝပြန်ကူးစက်တာမတွေ့ရဘူးလို့ပြောလို့ရတယ်။
အဲ့ဒီ (၃) ယောက်ဆီက ပိုးမွေးကြည့်မှသိမယ်။
Results ထဲမှာ ထည့်ရှင်းပြထားတာကို ကျနော်မတွေ့ဘူး။
နောက်တစ်ခုက အသက် ၂၉ နှစ်ကနေ ၄၉ နှစ်ဝန်ထမ်းတွေ။ အကယ်လို့ အသက် ၇၀ ကျော်ဆိုရောရင် ဘာဖြစ်မလဲလို့ ကျနော်တွေးမိတယ်။
MedRxiv မှာ အဲ့ဒီ သုတေသနစာတမ်းကို အသေးစိတ်ဖတ်လိုသူတွေ အောက်ပါလင့်မှာကြည့်ပါ။ 👇
https://www.medrxiv.org/content/10.1101/2020.11.18.20234369v1
ဘာပဲဖြစ်ဖြစ် သုတေသနရလဒ်အရ "ကိုဗစ်ဖြစ်ဖူးသူအများစုမှာ #ခြောက်လအတွင်းပြန်ဖြစ်နိုင်ခြေအလွန်နည်းပါကြောင်း။
ဘယ်လောက်ကြာကြာအထိ ပြန်မဖြစ်နိုင်သလဲက ဆက်လက်စောင့်ကြည့်မှသိပါမယ်ခင်ဗျား။
https://www.facebook.com/109119807474881/posts/183156706737857/?d=n
Richard Myo Thant
22-November-2020
(စာကိုကူးယူသူများ Page link ပါထည့်ကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)
18/11/2020
တီထွင်မှုအားကောင်းအောင်၊ စိတ်ငြိမ်အောင်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆေးလိပ်ကို သဘောတကျနဲ့ သောက်မိနေတုန်းပဲလား…. ဒါဆိုရင်တော့ ထပ်မေးချင်တာက အလွယ်တကူရော စိတ်ဓာတ်ကျမိနေပြီလားဆိုတာပါ။ ဒါဆိုရင်တော့ စိတ်ဓာတ်ကျနေတာက ရာသီဥတုကြောင့်၊ ကြုံတွေ့နေရတဲ့ အနေအထားတွေကြောင့်ဆိုတာထက် ဆေးလိပ်သောက်တာကြောင့်လို့ပဲ ပြောပါရစေ။
ဆေးလိပ်က စွဲလမ်းစေတတ်ပါတယ်
ဆေးလိပ်မှာ စွဲလမ်းစေတဲ့ဓာတ်တွေပါတာကြောင့် သောက်ပြီးတိုင်းသောက်ချင်မိနေနိုင်ပါတယ်။ ဒီလိုကနေ တစ်နေ့ကို တစ်လိပ်လောက်ပါ။ စိတ်ငြိမ်အောင်ပါဆိုပြီး သောက်ရင်းက နောက်ဆုံး တစ်နေ့ကို တစ်လိပ်ကနေ တစ်ဗူးလောက်အထိ တိုးသောက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။
ဆေးလိပ် နဲ့ စိတ်ကျန်းမာရေး
ဆေးလိပ်သောက်တာက အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးစေနိုင်တယ်
လူတော်တော်များများ လက်ခံထားတာက ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်လို့လေ။ တကယ်ကတော့ ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်တာပါ။ ဒါကို လူတွေက စိတ်ညစ်လာတဲ့အခါစိတ်ဖိစီးလာတဲ့အခါ ဖြေစရာအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကိုလုပ်တတ်ကြပါတယ်။ ဒါက ရေရှည်မှာ အဆင်မပြေတာတော့ အမှန်ပါပဲ။
ဆေးလိပ်သောက်ခြင်းက စိုးရိမ်ပိုများစေတယ်
စိတ်ပြေလက်ပျောက်ဆိုပြီး ဆေးလိပ်သောက်လိုက်တိုင်း စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေက ပိုလို့တိုးလာပါတယ်။ နီကိုတင်းက ခဏတာတော့ စိတ်ပြေလျော့သွားသလို ခံစားရစေပေမယ့် ရေရှည်မှာတော့ စိုးရိမ်စိတ်ကို ပိုများလာစေတာပါ။
ဆေးလိပ်သောက်ခြင်းက စိတ်ဓာတ်ကျစေနိုင်တယ်
ဆေးလိပ်သောက်သူတွေမှာ ပုံမှန်ထက် စိတ်ဓာတ်ကျနိုင်ခြေက် ၂ ဆလောက်ပိုများနေတတ်ပါတယ်။ စိတ်ဓာတ်ကျလေ ဆေးလိပ်ပိုသောက်မိလေ စိတ်ဓာတ်က ပိုကျလေနဲ့ သံသရာကိုလည်နေရောပဲ။ အကြောင်းကတော့ ဆေးလိပ်မှာပါတဲ့ နီကိုတင်းက ဦးနှောက်တွင်းက dopamine ဟော်မုန်းထွက်ရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီလိုဟန့်တားလိုက်မှုကြောင့် အပြုသဘောဆောင်တဲ့ အတွေးတွေ စိတ်ကူးတွေ ပျောက်ဆုံးသွားရပါတော့တယ်။ ခဏတဖြုတ်ဆိုကိစ္စမရှိပေမယ့် ကြာလာတဲ့အခါ ဦးနှောက်ရဲ့ dopamine ဟော်မုန်းထွက်ရှိမှုကို ကျဆင်းသွားစေတာကြောင့် သေချာတာကတော့ စိတ်ဓာတ်က အလွယ်တကူကို ကျလာမယ်ဆိုတာပါ။
ဆေးလိပ်သောက်လို့များ စိတ်ကျန်းမာရေး ပိုကောင်းသွားလား…….
ဆေးလိပ်သောက်တဲ့သူတွေအနေနဲ့ ဆေးလိပ်သောက်လိုက်ရင် စိတ်ကျန်းမာရေးပိုကောင်းလာတယ်လို့များ ကိုယ့်ကိုယ်ကိုယ် တွေးမိလား။ တကယ်တော့ ပြဿနာက ဆေးလိပ်သောက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ထင်တဲ့အတွေးကနေစတာပါ။ နီကိုတင်းကြောင့် တစ်ခဏတာလောက် စိတ်တည်ငြိမ်မှုကို စိတ်ကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ အတွေးကြောင့် ဆေးလိပ်ကို သဘောကျနှစ်ခြိုက်စွာဆက်သောက်မိနေကြတာပါ။ ဆေးလိပ်သောက်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာကိုလည်း ရင်ဆိုင်ရစေနိုင်ပါသေးတယ်။
ဆေးလိပ်ကို ဖြတ်သင့်တယ်မထင်ဘူးလား…………
ဆေးလိပ်သောက်တာ ငွေကုန်ကြေးကျများသလို ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ
အသားအရေကောင်းလာမယ်
အနံ့ခံအာရုံကောင်းလာမယ်
စိတ်ဖိစီးမှုကင်းလာမယ်
အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းလာမယ်
ခံတွင်းနံ့ကောင်းလာမယ်
ကိုယ်ခံအားကောင်းလာမယ်
သွားနဲ့ခံတွင်းကျန်းမာလာမယ်
သွေးလည်ပတ်မှုကောင်းလာမယ်
ကင်ဆာဖြစ်နိုင်ခြေနည်းသွားမယ်
ပိုကျန်းမာလာမယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ခံစားရမှာပါ။
to hellosayarwonpage
17/11/2020
ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ
ပါးစပ်ထဲမှာ အဖြူရောင်ရှိတဲ့အနာလေးတွေ ပေါက်ဖူးလား။ သိပ်အရမ်းကြီးမဆိုးပေမယ့် အစားစားရတာ၊ ရေသောက်ရတာ၊ တံတွေးးမျိုရတာကအစနာကျင်နေတတ်တယ်။ စပ်လည်းစပ်တယ်လေ။ အဲဒီအနာလေးတွေကို Aphthous ulcer လို့ ခေါ်ပါတယ်။ စိတ်ဖိစီးမှုများရင် ဖြစ်တတ်တာကြောင့် Stress ulcers လို့လည်းခေါ်ကြတယ်။ အဲဒီအနာလေးတွေကို ဖြစ်လေ့ဖြစ်ထရှိဖူးတဲ့သူမှသာ ဘယ်လောက်တောင်နာရလဲ၊ ကသိကအောက်ဖြစ်ရလဲဆိုတာကို ခံစားတတ်မှာပါ။
ဘယ်သူတွေမှာဖြစ်တတ်လဲ။ ဘယ်နေရာတွေမှာဖြစ်တတ်လဲ။
ဒီအနာတွေ ဖြစ်တတ်တဲ့သူမှာဆိုရင် ခဏခဏကိုဖြစ်ပါတယ်။ ပါးစပ်ကလွဲပြီး တခြားနေရာတွေမှာမဖြစ်ပါဘူး။ ပါးစပ်ထဲမှာတော့ နေရာစုံအောင်ကိုဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျှာအောက်တွေ အားလုံးမှာဖြစ်နိုင်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေမှာပါ။ ၇ရက်ကနေ ၁၀ရက်လောက်ကြာရင်ပျောက်သွားပါတယ်။ အမာရွတ် မကျန်တတ်ပါဘူး။
ကလေးအရွယ် ဒါမှမဟုတ် လူပျိုဖော်ဝင်စအရွယ်မှာကတည်းက စဖြစ်တတ်ပါတယ်။ အဝိုင်း ဒါမှမဟုတ် ဘဲဥပုံစံလေးတွေဖြစ်တတ်ပါတယ်။ အရမ်းနာပါတယ်။ အစာစားရင် အခက်အခဲဖြစ်ပါတယ်။ အနာကသိသိသာသာကို ပတ်ဝန်းကျင်အသားနဲ့ကွဲပြားနေပါတယ်။ အနာရဲ့ပတ်ပတ်လည်လေးတွေက နီနေတတ်ပြီး အနာကတော့ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင်ဖြစ်ပါတယ်။ မျိုးရိုးနဲ့သက်ဆိုင်ပြီး အသက်၃၀ကျော်ရင်တော့ လုံးဝပျောက်သွားတတ်တယ်လို့ ဆိုပါတယ်။ တစ်ခုသတိထားရမှာက ပါးစပ်မှာဖြစ်တဲ့အနာတိုင်း Aphthous ulcer (AU) မဟုတ်ပါဘူး။ အထက်မှာဖော်ပြထားသလို ပုံစံမျိုးတွေရှိမှသာ AU ဖြစ်နိုင်တာပါ။ ပါးစပ်ထဲမှာ တခြားအနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
ဘာကြောင့်ဖြစ်တာလဲ။
ဒီအနာတွေ ဘာကြောင့်ဖြစ်တာလည်းဆိုတာကို အခုချိန်ထိတိုင်အောင်ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဖြစ်နိုင်တဲ့အခြေအနေတွေက တစ်ခုတည်းကြောင့်မဟုတ်ဘဲ အများကြီးကြောင့်ဖြစ်နေနိုင်ပါတယ်။ လေ့လာချက်တွေအရ ဒီအနာလေးတွေက ကူးစက်တတ်တာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။ မျိုးရိုးကြောင့် ဖြစ်နိုင်ပါတယ် (ကျွန်တော့်တူမလေးမှာလည်း ဖြစ်တတ်တယ်)။ ကိုယ်ခံအားတုံ့ပြန်မှုလွန်ကဲတာကြောင့် ဖြစ်နိုင်ပါတယ်။
အောက်ပါအချက်တွေကြောင့် ပိုဖြစ်နိုင်ပါတယ်။
- သံဓာတ်၊ ဖောလစ်အက်စစ် (Folic acid)၊ ဗိုက်တာမင်ဘီ ချို့တဲ့ခြင်း
- အစာအိမ်ရောဂါတစ်မျိုးမျိုးရှိနေတဲ့သူတွေ
- ထူးထူးခြားခြားပဲ ဆေးလိပ်သောက်တဲ့သူတွေ ဆေးလိပ်ဖြတ်လိုက်ရင် ဒီအနာတွေဖြစ်တတ်တယ်လို့ဆိုပါတယ်။
- စိတ်ဖိစီးမှုများခြင်း (စာမေးပွဲဖြေခါနီး၊ အလုပ်လူတွေ့မေးခါနီးစတဲ့အချိန်တွေမှာပိုဖြစ်ပါတယ်။)
- ထိခိုက်မိခြင်း (နှုတ်ခမ်းအတွင်းသားလေးတွေကို ကိုက်မိလို့ရှိရင် အဲဒီနေရာကနေဖြစ်ပါတယ်။
- တချို့မိန်းကလေးတွေမှာတော့ ရာသီနဲ့သက်ဆိုင်နေတတ်ပါတယ်။ ရာသီလာခါနီးအချိန်တွေမှာ ဖြစ်တတ်ပါတယ်။
- အစားအသောက်နဲ့ မတည့်တဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
- ကိုယ်ခံအားမကောင်းတဲ့သူတွေမှာလည်း ဒီအနာလေးတွေနဲ့တူတဲ့ အနာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီအနာတွေက AU မဟုတ်ပါဘူး။
အရမ်းအဖြစ်များပါတယ်။ လူ၁၀၀မှာ ၅၀လောက်ကိုဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အသက်၅နှစ်မတိုင်ခင်ကတည်းက စဖြစ်တတ်ပါတယ်။ အသက်ကြီးလာလေ ဖြစ်တဲ့အကြိမ်ရေပိုများလာလေဖြစ်တတ်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီအနာလေးတွေက နာကျင်တာ၊ အစာစားရခက်တာမျိုးကလွဲရင် တခြားဆိုးကျိုးမပေးတတ်ပါဘူး။ မိန်းကလေးတွေမှာပိုပြီးဖြစ်တတ်ပါတယ်။
ဘယ်လိုကုသမလဲ။
လုံးဝပြန်မဖြစ်တော့အောင်တော့ ကုသလို့မရပါဘူး။ အဲဒီတော့ဒီအနာတွေဖြစ်လာရင် အကောင်းဆုံးလုပ်နိုင်တာကတော့ အနာသက်သာအောင်ရယ်၊ အနာဖြစ်နေတဲ့အချိန်ကိုတိုသွားအောင်ရယ်ပဲလုပ်နိုင်ပါတယ်။
ဗီတာမင် B12 သောက်ခြင်း။
အနာကို Steroid ပါတဲ့ဆေးလိမ်းပေးခြင်း။ ဒီအနာတွေဟာ ရောင်ရမ်းတာကြောင့် နာကျင်တာဖြစ်တဲ့အတွက် အရောင်ကျအောင် စတီးရွိုက်လိမ်းဆေး လိမ်းလို့ရတာပါ။ ဒီနည်းကတော့ လောလောဆယ်မှာ ဒီအနာတွေကိုကုသတဲ့အကောင်းဆုံးနည်းလမ်းပါ။ အနာကိုသက်သာစေပါတယ်။ အချိန်ကိုတိုစေပါတယ်။ ဒါပေမယ့် နောက်တစ်ခါထပ်မဖြစ်အောင်တော့ မတားဆီးပေးနိုင်ပါ။ အများဆုံးအသုံးများတာကတော့ Hydrocortisone, Triamcinolone, Betamethasone ဆိုပြီးရှိပါတယ်။ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ တစ်နေ့ကို ၄ကြိမ်လိမ်းပေးရပါတယ်။ Genelog ဆိုတဲ့နာမည်နဲ့ လိမ်းဆေးအထုပ်လေးတွေလာပါတယ်။
Tetracyclines လိမ်းဆေးလိမ်းပေးရင်လည်း အနာကိုသက်သာစေပါတယ် (အသက်၁၂နှစ်အောက်တွေမှာ မသုံးရပါ။ သွားမှာအရောင်ဆိုးပြီးသားဖြစ်သွားပါမယ်။)
အရောင်ကျစေတဲ့ဆေးတွေ သုံးလို့ရပါတယ်။ သိပ်တော့ထူးထူးခြားခြားမသက်သာပါဘူး။ ဒါပေမယ့်လည်း ဆေးသောက်ထားတာပဲဆိုပြီး စိတ်သက်သာရာတော့ရနိုင်ပါလိမ့်မယ်။ (အစာအိမ်ထိခိုက်လို့ အစာအိမ်ဆေးတစ်ခုခုနဲ့တော့ တွဲသောက်ပါ။)
အစားအသောက်ဓာတ်မတည့်လို့ဖြစ်တဲ့သူတွေမှာ အဲဒီအစားအသောက်ကိုရှောင်ပေးရပါမယ်။
ကိုက်မိလို့အနာဖြစ်တဲ့နေရာကနေဖြစ်တတ်တဲ့အတွက်ကြောင့် သတိထားပြီးမကိုက်မိအောင်နေရပါမယ်။
10/11/2020
ပါမောက္ခဒေါက်တာဦးရဲမြင့်ကျော်ရေးတဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျပန်ကို အားကျတယ်။ လုပ်စရာရှိတာ ပုံမှန်လုပ်နေတယ်။ Mask ကိုတော့ ဝတ်နေကျ အဝတ်အစားလို ပုံမှန်ဝတ်ထားတယ်။ မေးစေ့ မချိတ်ဘူး။ ကိုဗစ်ကို စီးပွားမပျက်ပဲ အနိုင်ယူခဲ့တယ်။
မနေတတ်ဘူး။ မွန်းတယ် မထင်ပါနဲ့။ ဆရာဝန် ဆရာမတွေ ကိုဗစ်ဆောင်မှာ တနေကုန် ဝတ်နေကြတဲ့ N 95 ဟာ ဝတ်လျက်နဲ့ တနာရီလောက် အင်အားစိုက် အလုပ်လုပ်ရင် အဆုတ်ပါ ပိတ်ဆို့ပါတယ်။
ခင်ဗျားတို့ တပ် တဲ့ Surgical Maskမွန်းတယ် ဆိုတာ စိတ်ပါ။ တပ်နေကျဆရာဝန်တွေက အဲဒါကို ဘယ်လိုမှ မနေပါဘူး။
မှန်မှန်တပ်နေရင် သူတို့လို ဖြစ်လာမှာပါ။
မြန်မြန် ပြန်ဖွင့်စေချင်ရင် မှန်မှန်တပ်ကြပါ။
Myint Kyaw
07/11/2020
ဝက်ခြံ ဆိုတာ လူတိုင်း ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။ မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။
ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။
ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင်…
ဟော်မုန်း အပြောင်းအလဲ
ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။
လူပျို ၊ အပျိုဖော်ဝင်ချိန်
ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen (အန်ဒရိုဂျင်) လို့ ခေါ်တဲ့ လိင်ဟော်မုန်းတွေ တိုးပွားလာပါတယ်။ ဒီလို တိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။
လုံလောက်တဲ့ သဘာဝအဆီ ရှိရင်တော့ အရေပြားကို ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ လိုတာထက် ပိုလာရင်တော့ အရေပြားဆဲလ်အဟောင်းတွေနဲ့ ရောပြီး ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံအဖြစ် ပေါ်လာနိုင်ပါတယ်။
အမျိုးသမီး ကျန်းမာရေး
အမျိုးသမီးတွေမှာ ရာသီလာ စဉ်၊ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုသမှုခံယူစဉ်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။
ဥပမာ – ရာသီမလာခင်မှာ ဝက်ခြံ ဖြစ်လာတတ်ပြီး ရာသီလာပြီးချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေ ကိုယ်ဝန်တားဆေး ရပ်လိုက်တဲ့ အချိန်မှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။
သောက်သုံးနေတဲ့ ဆေးဝါး
အတက်ရောဂါကုဆေးများ၊ စိတ်ကျရောဂါ ကုဆေးများ၊ စတီးရွိုက်ဆေးများ၊ အာရုံကြောဆိုင်ရာဆေးများနဲ့ လီသီယမ်ပါတဲ့ဆေးတွေက ဝက်ခြံ အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
မျိုးရိုးဗီဇ
မျိုးရိုးဗီဇကြောင့်လဲ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မိဘတွေမှာ ဝက်ခြံ ပေါရင် ကိုယ့်မှာလည်း ဝက်ခြံမပြတ် ဖြစ်တတ်ပါတယ်။
မိတ်ကပ် နဲ့ အလှကုန်
အဆီ ပါတဲ့ ခရင်မ်၊ မိတ်ကပ်၊ လိုရှင်း နဲ့ မိတ်ကပ်အခံတွေ သုံးတာဟာ သေချာပြန်မသန့်စင်ပေးရင် အရေပြားကို ထိခိုက်စေပါတယ်။ မိတ်ကပ်ဖျက်ဖို့နဲ့ မျက်နှာသန့်စင်ခြင်းကို ဂရုမစိုက်ရင် ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှု
လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှု ကလည်း ဝက်ခြံ ကို ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှု ကြောင့်တော့ ဝက်ခြံမဖြစ်စေနိုင်ပေမယ့် ရှိပြီးသားဝက်ခြံကို ပိုဆိုးစေပါတယ်။
ပတ်ဝန်းကျင်
အဆီများတဲ့ ပတ်ဝန်းကျင်၊ ဥပမာ မီးဖိုချောင်တွေမှာ အလုပ်လုပ်ရင်တော့ ဝက်ခြံပေါက်တာတို့၊ ဝက်ခြံကို ပိုဆိုးစေတာတို့ ဖြစ်လာနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီ၊ စိုစွတ်တဲ့ရာသီတွေမှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။
ဒီအကြောင်းရင်းတွေ အပြင် ဝက်ခြံဖြစ်စေနိုင်တဲ့ အမူအကျင့်တချို့ကိုလည်း သိထားဖို့ လိုပါတယ်။
(၁) မျက်နှာကို ခဏခဏကိုင်တာ
တစ်ခုခုစိတ်ဝင်စားရင်ဖြစ်ဖြစ်၊ တွေးနေရင်ဖြစ်ဖြစ် မျက်နှာကို ကိုင်တတ်ကုတ်တတ်သူလား။ ဒါဆိုရင်တော့ သင်ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းက မျက်နှာကို ကိုင်တာကြောင့်ပါ။ လက်ချောင်းမှာ ကပ်နေတဲ့ ဘက်တီးရီးယားလေးတွေက ချွေးပေါက်ထဲဝင်ရောက်ပြီး ဝက်ခြံတွေကိုဖြစ်စေတာပါ။ မျက်နှာကို လက်နဲ့ မထိမိစေဖို့ ကြိုးစားပါ။
(၂) ဝက်ခြံညှစ်တာ
ဝက်ခြံက ညှစ်လိုက်လို့မသက်သာသွားပါဘူး။ ပိုဆိုးသွားမှာပါ။ ဝက်ခြံညှစ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေက အရေပြားအောက်ထဲကို အလွယ်တကူဝင်ရောက်သွားပြီး ဝက်ခြံကို ပိုရောင်ရမ်းစေနိုင်သလို အမာရွတ်တွေ ကျန်ခဲ့စေနိုင်ပါတယ်။ ဝက်ခြံမညှစ်ပါနဲ့။
(၃) မျက်နှာကို ပုံမှန် မသန့်စင်တာ
မျက်နှာကို ခဏခဏသန့်စရာမလိုပေမယ့် တစ်နေ့ကို မနက်တစ်ကြိမ် နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်တော့ သန့်ရှင်းဖို့လိုပါမယ်။ ဒါမှ ဝက်ခြံကင်းပြီး အသားအရေကြည်လင်မှာပါ။ အိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်တာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။
(၄) ရေသောက်နည်းတာ
ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ် ကျန်းမာစေရုံတင်မဟုတ်ပါဘူး။ အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ဝက်ခြံကင်းပြီး အသားအရေကျန်းမာစေဖို့ဆိုရင်ရေဓာတ်လုံလောက်ပြည့်ဝအောင် သောက်သုံးဖို့လိုမှာပါ။
(၅) စိတ်ဖိစီးမှု များတာ
စိတ်ဖိစီးမှုများတာကကလည်း အသားအရေကိုထိခိုက်စေနိုင်သလို ဝက်ခြံတွေဖြစ်ပေါ်စေဖို့လည်း အားပေးပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ဝက်ခြံတွေက ဖြစ်လာစမြဲပါ။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တရားထိုင်ပြီး ဝက်ခြံ သက်သာအောင်လုပ်ပေးလို့ရပါတယ်။
(၆) အယ်လ်ကိုဟော သောက်သုံးမှုများတာ
အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးတာ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို သောက်သုံးတာကြောင့်လည်း အသားအရေထိခိုက်ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော လျှော့ပါ။
(၇) နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးမှုများတာ
တစ်နေ့တာစားသုံးမှုမှာ ကယ်လ်ဆီယမ်ပါဝင်ဖို့လိုတယ်ဆိုပေမယ့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားသုံးတာက ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံမဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့တွေကို စားသုံးတာပါ။
(၈) ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ
ဝက်ခြံ သက်သာစေဖို့က အသားအရေထိန်းသိမ်းရုံနဲ့ အဆင်မပြေပါဘူး။ အသားအရေထိန်းသိမ်းမှု၊ အစားအသောက်ဂရုစိုက်မှုအပြင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။
(၉) အိပ်ရေးဝအောင် မအိပ်တာ
အိပ်ရေးဝတာက အသားအရေကို ကြည်လင်စေပြီး စိတ်လန်းဆန်းစေသလို ရောဂါဘယတွေလည်း ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံသက်သာချင်တယ်ဆိုရင်ညတိုင်း အိပ်ရေးဝဝအိပ်ဖို့လိုပါမယ်။
06/11/2020
"Covid-19 ကိုကာကွယ်ရင်း စိတ်ချလုံခြုံစွာ မဲပေးကြမယ်"
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို မကြာခင်ကျင်းပတော့မှာပါ။ ကိုဗစ်ကာလတွင်းကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် အိမ်အပြင်ထွက်ပြီး မဲပေးတဲ့အခါ လူစုလူဝေးဖြစ်ပြီး ရောဂါကူးစက်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေ မိတ်ဆွေတို့မှာရှိနိုင်ပါတယ်။
ဒါပေမယ့် ကိုယ်ယုံကြည်တဲ့အစိုးရတရပ်ကို မဲပေးရွေးချယ်နိုင်ခွင့်ဟာ ငါးနှစ်တကြိမ်မှသာရတဲ့ အခွင့်အရေးဖြစ်လို့ ရောဂါကူးစက်မှုကိုစိုးရိမ်ပြီး မဲထွက်မပေးဘဲ မဲပေးခွင့်အဆုံးအရှုံးခံတာမျိုး ဖြစ်ချင်ကြမှာမဟုတ်ပါဘူး။
ဒါဆိုရင် ကိုဗစ်ကာလအတွင်းမှာ ရောဂါကူးစက်မှုမရှိစေဘဲ လုံခြုံစိတ်ချစွာမဲပေးနိုင်မှာလား?
မိတ်ဆွေတို့ရဲ့ပူပင်တာတွေကို လျော့သွားအောင် COVID-19 ရောဂါကို မိမိကစ စနစ်တကျကာကွယ်နိုင်မယ့် ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ စံလမ်းညွှန်တချို့ကို ကောက်နှုတ်ပြောပြပေးပါမယ်။
👉 မိမိကိုယ်တိုင် COVID-19 ရောဂါလက္ခဏာ သံသယရှိနေပါက မဲရုံတာဝန်ရှိသူတွေကို ကြိုတင်အကြောင်း ကြားခြင်း။
👉မဲပေးဖို့လာရောက်တဲ့အခါ မဖြစ်မနေ နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်လာခြင်း။
👉မဲရုံအတွင်းမှာ တစ်ဦးနဲ့တစ်ဦး (၆)ပေအကွာကနေ စနစ်တကျတန်းစီစောင့်ဆိုင်းခြင်း။
👉လက်ဆေးရန်နေရာမှာ လက်ကိုဆပ်ပြာ(သို့)လက်သန့်ဆေးရည်နဲ့ စက္ကန့် (၂၀) ကြာစနစ်တကျ ဆေး ကြောသန့်စင်ခြင်း။ မဲရုံအဝင်ဝမှာ အဖျားတိုင်းတာခြင်း။
👉 မိမိရဲ့နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မဲရုံကပေးတဲ့ ပလပ်စတစ်အိတ်အကြည်နဲ့ စနစ်တကျထည့်ပြီး ပြသ ခြင်း။
👉လက်သန်းကိုမှင်တို့ရာမှာ လက်ကိုခွက်နဲ့မထိအောင် သတိထားပြီး မင်တို့ခြင်း။
👉မဲပေးနေစဉ်ကာလအတွင်းမှာ လက်သန့်ဆေးရည်နဲ့ဆေးကြောတာကို မဲရုံအဝင်မှာတစ်ကြိမ်၊ မဲရုံကပြန် ထွက်ချိန်မှာ တစ်ကြိမ်နဲ့ အနည်းဆုံးနှစ်ကြိမ်ဆေးခြင်းတွေကို လုပ်ဆောင်ရပါမယ်။
ဒါ့အပြင် ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ မဲပေးတဲ့အခါ မဲရုံတွင်း၊ မဲရုံအပြင်မှာ လူစုလူဝေးတွေမဖြစ်စေဖို့ အစီအစဉ် တွေ၊ မဲရုံတာဝန်ကျဝန်ထမ်းတွေနဲ့ ဆန္ဒမဲပေးသူတွေအတွက် ကျန်းမာရေးဆိုင်ရာအကာအကွယ်ပစ္စည်းတွေထား ရှိဖို့ အစီအစဉ်တွေစတဲ့ လုံခြုံစိတ်ချစွာမဲပေးနိုင်မယ့် ကျန်းမာရေးအစီအမံတွေပါဝင်တဲ့ ကိုဗစ်စံလုပ်ငန်း လမ်းညွှန် ချက်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန် ထားပါတယ်။ စံလုပ်ငန်းစဉ်အပြည့်အစုံကို တော့ဒီလင့်ခ် [https://www.facebook.com/uecmyanmar/posts/3083437431781934] ကနေဖတ်ရှုနိုင်ပါတယ်။
ကဲ...ဒါကြောင့် COVID-19 ကြောင့် သင့်ရဲ့မဲပေးပိုင်ခွင့်ကို အဆုံးအရှုံးမခံဘဲ ရောဂါကူးစက်မှုကို မိမိကစကာကွယ်ပြီး ဘေးကင်းလုံခြုံစွာ မဲပေးကြရအောင်!
ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုင်ရာ အခြားသော ဗဟုသုတအစုံအလင်ကို VoteMM Website [https://www.votemm.info/] မှလည်း ဝင်ရောက်လေ့လာနိုင်သလို VoteMM ChatBot [https://m.me/votemm.info] မှတဆင့်လည်း သိရှိလိုသည်များကို လေ့လာမေးမြန်းနိုင်ပါတယ်။
“လေ့လာ ရွေးချယ် မဲပေးမယ်”
#ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးပါ
31/10/2020
Happy Thadingyut Festival🎇🎆🎇🎆
သီတင်းကျွတ်လပြည့်နေ့တွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
28/10/2020
'ရန်ကုန်တိုင်းထဲက မြို့နယ် (၃၀)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်တို့ မှာ ကျန်းမာရေးပြဿနာတွေကို ဖုန်းဆက်ပြီး ဆရာဆရာမတွေနဲ့ အခမဲ့ဆွေးနွေးတိုင်ပင်နိုင်နေပြီဖြစ်ပါတယ်'
- ကိုယ့်မှာ တစ်ခုခုလည်းခံစားနေရတယ်၊ ကိုဗစ်
ကိုလည်းကြောက်လို့ ဆေးခန်းမသွားရဲဖြစ်နေသူတွေ
- ပုံမှန်ဆွေးနွေးတိုင်ပင်နေကြ ဆေးခန်းတွေပိတ်ထားလို့
အခက်တွေ့နေသူတွေ
- သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဖြစ်နေလို့
ဆေးခန်းသွားပြဖို့ အခက်ကြုံနေသူတွေအတွက်
ဒါက သတင်းကောင်းပါပဲ။
အခု Teleconsultation of Health Issue during Covid era ဆိုတဲ့ အစီအစဉ်ကို 'မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာဝန်များ' အဖွဲ့ကနေ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ('ရင်းနှီး' က ပြန်လည်ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။)
တခြားမြို့နယ်တွေနဲ့ အခြား Volunteer အဖြစ် ဖုန်းခေါ်ဆိုမှုတွေကနေ ကျန်းမာရေးပြဿနာတွေကို ဆွေးနွေးပေးနေတဲ့ ဆရာဝန်ဆရာမတွေ၊ ကိုဗစ်ကာလအတွင်း ကျန်းမာရေးပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ နောက်ထပ်အချက်အလက်တွေကိုလည်း အားလုံးအတွက် နောက်လည်းဆက်ပြီး ဖော်ပြပေးသွားပါမယ်။
ဖုန်းခေါ်ဆိုပြီး မေးမြန်းတိုင်ပင်ဖို့သတ်မှတ်ထားတဲ့ အချိန်နဲ့နေ့ရက်တွေကိုတော့ ပုံထဲမှာထည့်ပေးထားလို့ သေချာကြည့်ရှုစေလိုပါတယ်။
အားလုံး ကျန်းမာကြပါစေ။
ဆွေးနွေးပေးမယ့် ဆရာဆရာမတွေကိုလည်း
လေးစားမှုနဲ့ ဂါရဝပြုလျက်ပါ။
Credit : General Practitioners' Society Central
https://www.facebook.com/generalpractitionerssociety
_____________________
Healthier, Together!
Yinn Nee - ရင်းနှီး
#ကိုဗစ် #ဖုန်းဖြင့်ဆွေးနွေး
#ကျန်းမာရေး #ဆေးခန်း
27/10/2020
နိုဝင်ဘာလ ၈ ရက်နေ့မဲရုံသို့သွားရောက်ပါကဆောင်ရန်ရှောင်ရန်အသိပေးခြင်း
#မဲပေးသရုပ်ပြကြည့်တဲ့အခါ အယောက် ၁၀၀ကို ၃၅မိနစ်သာကြာမြင့်တယ်လို့သိရပါတယ်။ ဝန်ထမ်းတွေမို့မြန်တာလည်းဖြစ်နိုင်ပါတယ်။ ပြည်သူကတော့ပိုကြာနိုင်ပါတယ်။
ဲ့faceshieldကို၃၈သန်းလုံးအတွက်အခမဲ့ပေးမှာပါ။
#ကျနော်တို့အနေဖြင့်လက်အိတ်တော့ဝတ်ဆင်သွားသင့်တယ်လို့အကြံပြုလိုပါတယ်။
#အိမ်ကဘောပင်ယူသွားပါ။ အဆင်မပြေရင်မဲရုံကပိုးသတ်ထားတဲ့ဘောပင်ပေးပါလိမ့်မယ်။ လက်မှတ်ကတော့ဘောပင်နဲ့ထိုးရမှာမို့ပါ။
#တယောက်ကို၆ပေအကွာစီရတဲ့အခါ နေရာအကျဥ်းအကျယ်ပေါ်မူတည်ပြီး နီးသွားတာရှိနိုင်ပါတယ်။
#အဓိက ကMaskကိုဖယ်ပြီးစကားမပြောမိဖို့လိုပါတယ်။ တယောက်နဲ့တယောက်မထိနေဘူး။ လေအချင်းချင်းမကူးလူးနေရင် ၆ပေမကွာလည်းစိုးရိမ်စရာမလိုပါ။
#လက်မှတ်ကိုအတိုသာထိုးကြပါ။ ဘဏ်မဟုတ်လို့ Sign လှလှဖြစ်နေစရာမလိုပါဘူး။ မှန်ဖို့မြန်ဖို့သာအဓိကပါ။
#တန်းစီစောင့်လျှင်နေပူနိုင်ပါတယ်။သို့ပါ၍ ဦးထုပ် ခမောက် တို့တွင်ပါတီတစ်ခုခုရဲ့အမှတ်အသားမပါတာဆောင်းဖို့ယူသွားပါ။
#ရေငတ်နိုင်ပေမယ့်ပါးစပ်ဖွင့်ရမယ့်အလုပ်မလုပ်ပါနဲ့။ မြန်မြန်ပေး မြန်မြန်အိမ်ပြန်ပါ။
#မိမိတယောက်သုံးလက်သန့်ဆေးရည်ဗူးလေးတွေယူသွားပါ။
#နောက်ဆုံးမှင်တို့တဲ့အခါ လက်အိပ်ချွတ်ရပါမယ်။ လက်သန်းကို ဗူးနှုတ်ခမ်းနဲ့လုံးဝမထိပါနဲ့။ အလယ်တည့်တည့်ကိုသာလက်ချောင်းနှစ်ပါ။ လက်သန့်ဆေးနဲ့ပြန်ဆေးပြီးမဲရုံကအိမ်တန်းပြန်ပါ။
#ပါတီတံဆိပ်တွေလည်းဝေဝါးဖို့မရှိပါဘူး။ ရွေးရခက်တဲ့ဆင်တူရိုးမှားပုံတွေအစဥ်လိုက်မပါပါဘူး။ စာဖတ်တတ်သူများလို့ ပါတီအမည်ဖတ်ရုံပါပဲ။
#ကျနော်တို့အများစုက တိုင်းရင်းသားကိုယ်စားလှယ်လောင်းမဲမပေးရဘူး။ တိုင်းရင်းသားဖြစ်မှသာမဲတပြားအပိုရမယ်။
#ကျနော်တို့က ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်နေရာ ၃ နေရာအတွက်သာမဲ၃ရွက်ရမယ်။ တရွက်ယူ ၁ ပုံးထဲထည့်စနစ်နဲ့ ၃ ခါလုပ်ရမယ်။
#လက်အိပ်ရဲ့သဘောက ကိုယ့်အတွက်လုံခြုံပေမယ့် တခြားသူကိုထိတာ တို့တာ ဝမ်းသာအားရရိုက်ပုတ်ပြောတာတို့မလုပ်မိပါစေနဲ့။ ပိုးကလက်အိပ်မှာကပ်နေနိုင်ပါတယ်။ သတိထားကြပါ။
#အားလုံးဘေးကင်းကျန်းမာမဲပေးနိုင်ပါစေ...
#မူရင်းPostပိုင်ရှင်အား Creditပေးပါတယ်
👸
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11221