ဆိုင် - Sine
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဆိုင် - Sine, Beauty, cosmetic & personal care, Yangon.
28/08/2024
🫶
ဖွဲနုဆန် Body Oil လေးသုံးကြည့်ပြီးပြီလား ? 🌾
ဆန် ၊ ဖွဲနု သဘာဝရဲ့ အသီးအပွင့်လက်ဆောင်လေးတွေကို အခြေခံပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးတဲ့အပြင် နေ၊ရေ၊လေ ဒြပ်စင်တွေကနေ မားမားမတ်မတ်ကာကွယ်ပေးမယ့် Huuရဲ့ ရတနာလေးတစ်ခုဖြစ်တဲ့ Body Oil 🥰
တစ်မျိုးတည်းနဲ့ အများကြီးသုံးလို့ရတဲ့ Huu ရဲ့ ဘက်စုံသုံး Body Oil လေးနဲ့ဆို ဘယ်သွားသွား Body Care အတွက်တော့ စိတ်အေးရတယ်နော်။ Lotion လေးနဲ့ပဲတွဲသုံးသုံး၊ သူ့ချည်းပဲသုံးသုံး ၊ ဘာအတွက်ပဲသုံးသုံး သဘာဝအလှ စိုစိုကြည်ကြည် Glow လေးပေးပြီး အသားနာတာ၊နီတာ၊ယားယံတာတွေကိုလည်း သက်သာစေပါတယ်❣️
ညောင်းညာတာမျိုးဆိုရင်လည်း Massage oil လေးအနေနဲ့ သုံးပြီးနှိပ်နယ်လို့ရပါသေးတယ်နော်။ သူ့ရဲ့ Side Effect တစ်ခုကတော့ Personal Care ဆိုတာထပ်ပိုတဲ့ စိတ်နှလုံးကြည်လင်လန်းဆန်းစေပြီး Goddess တစ်ပါးလို လှပစိုပြည်မှုကိုခံစားရစေတဲ့ အကြည်ဓာတ်လေးကို ပုလင်းထဲထည့်ထားတာမို့ တစ်ဘူးကုန်တာနဲ့ ထပ်ဝယ်ချင်ကြမှာနော် ❣️🤍
Have you tried our Nourishing Body Oil yet? 🌾
Infused with the natural goodness of rice and bran, this little gem from Huu not only feeds your skin with essential nutrients but also protects it from harsh sun, wind, and pollution. 🥰
Whether you're at home or on the go, Huu’s versatile Body Oil has you covered. Pair it with your favorite lotion, use it solo, or apply it for any skin need—it's all about that natural, dewy glow. Plus, it soothes irritation, redness, and dryness, leaving your skin calm and happy. ❣️
Feeling a bit tense? It also doubles as a massage oil, helping you unwind while nourishing your skin. The only side effect? You'll feel like a goddess, glowing and revitalized. Trust me, one bottle won’t be enough! Everyone repurchases 🤍
Be kind to your skin with Huu 🤍🌬️🌾
22/08/2024
instock
A Sleepy Town Virgin coconut oil
( cold pressed)ရဲ့
ကျန်းမာရေး အကျိုးကျေးဇူးတွေက သိပ်များပါတယ်
ဆံပင် ၊ အရေပြား ၊ မျက်နှာ ၊ အရိုး ၊ သွား ၊အစာအိမ်နဲ့ အဆီကျခြင်းများကိုလည်း အထောက်အကူပေးပါတယ်
- ဆံပင်သားကို သဘာဝအတိုင်း ပျော့ပြောင်းနက်မှောင်စေပြီး ဦးရေအေးကာ ဆံပင်ကျန်းမာစေတဲ့ ဓါတ်အာနိသင်က အုန်းဆီမှာ ပါပါတယ်
- မျက်နှာမှာလူးမယ်ဆိုရင် ရောင်ရမ်းနေတဲ့ ဝက်ခြံတွေ အရောင်လျော့စေပါတယ်
- တင်းတိပ် တွေ သက်သာစေပါတယ်
- မျက်နှာအသားရေတင်းရင်းစေပါတယ်
- ခန္တာကိုယ်အရေပြားမှာ လူးရင် အရေပြား ကို ချောမွေ့စေတယ် skin ခြောက်သွေ့ကြမ်းတမ်းမှုတွေ လျော့နည်းစေပါတယ်
- ခံတွင်းမှာ ငုံထားပေးရင် သွားကျန်းမာရေးအတွက်ကောင်းပါတယ် သွားခိုင်ခံ့စေပြီး သွားကိုက်သက်သာစေပါတယ်
- ထမင်းစားဇွန်းနဲ့ တစ်ဇွန်းစာ နေ့တိုင်းသောက်ပေးရင် အဆီကျပါတယ် ခန္တာကိုယ်မှာမလိုအပ်တဲ့ အဆီတွေကို အုန်းဆီအေးက ချေဖြတ်ပေးနိုင်ပါတယ်
- အစာအိမ်အတွင်းမှ ဇီဝအစာချေစနစ်ကို ကောင်းမွန်စေလို့ အစာအိမ်ဝေဒနာရှင်များသောက်သုံးနိုင်ပါတယ်
- နို့တိုက်မိခင်များ 1 tea spoon နေ့တိုင်းသောက်ရင် မိခင်နို့ အထွက်များပါမယ်
- သဘာဝ မိတ်ကပ်ဖျတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်
- ပွန်းပဲ့ဒဏ်ရာများအတွက် ပိုးမွှားမဝင်အောင် အုန်းဆီလူးပေးနိုငိပါတယ် အနာကြတ်မြန်ပါတယ်ရှင်
ပုံကတော့ အခန်းထဲက Aircon အေးစိမ့်နေလို့ အုန်းဆီခဲနေတာပါနော်
သူ့အရောင်က ပုံမှန််ဆို အကြည်လေးပါ
တစ်ဗူး -၁၃၀၀၀ 💕
instock
ဆိုင်က အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ရောင်းရသလိုလို မရောင်းရသလိုလို မမဆောင်း ဖြစ်နေတယ်
ရောင်းရတာလေးတွေကို ဘောင်ချာအလိုက် ပါကင်ထုပ်ရင်း postလေးတင်ရအောင် ပုံလေး ရိုက်မယ်တွေးပေမဲ့ ကလေးက အိပ်ချင်နေပြီမို့ အလျင်အမြန်ပဲ ထုပ်ပိုးရတယ်။
ရောင်းရသလားဆို စလုပ်တုန်းကလိုမျိုး အပြေးအလွှားထုပ်ပိုး၊ ညနက်မှ အိပ်ရတဲ့အထိ ရောင်းရမနေဘူး
မရောင်းရဘူးလားဆိုတော့လဲ ကိုယ်စားလှယ်ယူထားတဲ့ မူရင်းပေ့ချ်တွေက လွဲပေးတဲ့ အော်ဒါလေးတွေရယ်၊ နီးစပ်ရာ ခင်မင်ရာကနေတစ်ဆင့် လာဝယ်ကြတာတွေရယ်၊ ဆိုင်နာမည်ကြိုက်လို့ လာမှာတာဆိုတာလေးတွေရယ်နဲ့ နည်းနည်းပါးပါး ရောင်းရပြန်ရော
စစချင်းကဆို ဟာသတွေပြောလိုက်၊ ဝယ်သူတွေနဲ့ ကြူးလိုက်နဲ့ ပင်ပန်းတယ်လို့ကို မထင်ခဲ့ရပါဘူး။
ခုများတော့ ဟာသတွေလဲ စိတ်မကူးနိုင်၊ postလဲအသစ်တင်ဖို့စိတ်မပါ၊ နေသာနေရတာ မောနေသလိုမျိုး ပျော်မနေဘူးကွယ် 🥹
04/07/2024
Huu Skin Care လည်း ဈေးပြောင်းတော့မှာမို့ မြန်မြန်ဝယ်ထားကြဥ◌ီးနော်
ဒီနေ့ဒီချိန်ထိအားပေးလာကြတဲ့ Huu ချစ်သူတို့ရေ... Huu တို့ July လ ၁၅ရက်နေ့ကစပြီး Product လေးတွေကို ရောင်းဈေးလေးပြောင်းခွင့်ပြုပါနော် 🥺
အဘက်ဘက်ကအခြေအနေအမျိုးမျိုးကြောင့် ဒီလိုပြောင်းရတာမို့ နားလည်ပေးကြတဲ့ Huu ချစ်သူတိုင်းကျေးဇူးပါ 🫶🏻
ဇွန် ၁၅ ကနေစပြီး ရောင်းချပေးသွားမယ့် Huu Product လေးတွေရဲ့ ဈေးနှုန်းကတော့ -
🌾Rice & Oat Milk Emulsion - 25000 MMK
🌾Rice Bran Body Oil - 25000 MMK
🌾Rice & Oat Cleanser - 26000 MMK တို့ပဲဖြစ်ပါတယ် 🤍
ဇွန် ၁၅ မတိုင်မီထိ အရင်ဈေးနဲ့ရဦးမှာမို့ ဝယ်ထားချင်တဲ့ Huu ချစ်သူများလည်း မက်ဆင်ဂျာလာခဲ့နော်။ အမြဲအားပေးကြတာကျေးဇူးပါ ✨
Be kind to your skin with Huu 🌾🌬️🤍
02/07/2024
A Sleepy Town ရဲ့ ထောလပတ်ဆီကို လက်ရှိinstock ရှိတဲ့ ထောပတ်သီးဆီ၊ အုန်းဆီ၊ လက်ဖက်ဆီ၊ Shampooနဲ့ အတူတူလိုချင်တဲ့သူတွေရှိရင်လဲ မင်မင့်ဆီမှာ Pre Order တင်ထားလို့ ရပါတယ်ရှင့်
ပစ္စည်းတွေ ပေါင်းပို့ရင် Deli ခ သက်သာတာပေါ့နော်
ထောလပတ်ရွက်ပေါင်းဆီဘယ်လိုရလဲပြောပြပါမယ်
ထောလပတ်အရွက်က နယ်ဘက်ရွာက အစ်မတွေခြံမှာ စိုက်ပါတယ်
ပင်သစ်တွေမို့ သိပ်လည်းမကြီးသေးဘူး ခုမှ ပျိုးတုန်း အပင်ခွဲတုန်းပါ
ပထမဆုံး စခူးတော့ အရွက် ၂ ပိသာခွဲ ရတယ်
အဲ့တာကို အဆီပေါင်းတော့ ရောင်းတဲ့ဆီဗူးလေးတွေ ၂၅ ဗူးပဲရတယ်
တွက်ကြည့်တော့ ဆီတစ်ဗူးကို အရွက် ၁၀ သားပါတာပေါ့
ပုံမှန်ရောင်းနေကြဗူးလေးတစ်ဗူးကို အရွက်အဲ့လောက်ပါတယ်ဆိုတာ မလွယ်ပါဘူး
အဓိကက အာနိသင်ကို ထိထိရောက်ရောက် ပျစ်ပျစ်နှစ်နှစ် ဖြစ်ချင်လို့ပါ ၊ အပြင်မှာ ထောလပတ်ရွက်တစ်ပိသာစျေးက မနည်းပါဘူး ပေါက်စျေးအတိုင်းလည်း ရွာက အမတွေကို ပေးပြီးဝယ်တာပါ
ကိုယ့်ကြောင့် ရွာကလူတွေပါ ဝင်ငွေရစေချင်တာရောကြောင့် ဒီထောလပတ်ရွက်ပေါင်းဆီလေးကို ချဲ့ထွင်ဖြစ်တာပါ
အဆီပေါင်းတယ်ဆိုပြီးတော့လည်း အရွက်တွေကို ဆီပေါလောထဲမှာ အချဉ်ဟင်းချက်သလို ထည့်ကြော်ထားတာမျိုး မဟုတ်ပါဘူး
အရွက်တွေကို သေချာသန့်စင်ပြီး စီပြီးပြားပြီးပေါင်းခွက်ထဲထည့်၊ ထောပတ်သီးဆီကို အရွက်တွေမြုပ်ရုံစိမ်ပြီး ရေနွေးငွေ့နဲ့ အရွက်တွေအိကျသွားတဲ့အထိပေါင်းတာပါ
ပေါင်းတော့လည်း ဒီတိုင်းပြီးပြီးရော မလုပ်ပါဘူး
အချိန်အတိုင်းတာတစ်ခုထိပဲ ထားရတာပါ
အာနိသင်မပြယ်အောင် လိုတာထက်လည်း အချိန်ပိုမလုပ်ရဘူး အပူချိန်လဲ အလွန်ကြွံမပေးရပါဘူး
ပြီးရင် အအေးခံပြီး အရွက်တွေကို ဆယ်ထုတ်ပြီး အဆီတွေ ညှစ်ထုတ်တယ် အဖတ်တွေဆယ်တယ်
ဘာတာရှည်ခံဆေးမှ မထည့်ထားဘူး အဲ့အတွက် အစ်မတို့က ဝယ်ပြီး ၃-၄ လအတွင်း ကုန်အောင်လူးပါ မှာတာပါ တကယ်လူးရင် ၂ လလောက်နဲ့တင်ကုန်ပါတယ်
အနံ့ကတော့ ထောလပတ်ရွက်နံ့ စိမ်းရွှေရွှေနံ့ပဲ ရပါမယ် မမွှေးပါဘူး ။ ဒါပေမယ့်သစ်ရွက်စိမ်းနံ့ ၊ မြက်ရိတ်ရင်ရတဲ့ မြက်နံ့က်ု ကြိုက်တဲ့ မဖီတို့လို လူတွေကတော့ အရွက်နံ့လေး မွှေးနေတယ်လို့ထင်ပါတယ်
ထောပတ်သီးအဆီ ထဲမှာ + ထောလပတ်ရွက်ထည့်ပေါင်းထားတာမို့ ဆီကအနောက်ရောင် ဖြစ်ပါမယ် အနယ် အနှစ်တွေ ပါပါမယ် ၁၀၀ % သဘာဝအဆီစစ်စစ်တွေပါနော်
ထောလပတ်ရွက်ပေါင်းဆီက ..ဆီအရောင်ကိုကြည့်ရင် ထောပတ်သီးအဆီနဲ့ တူပေမယ့်
အဆီကို နမ်းကြည့်ရင်တော့ ထောလပတ်ရွက်နံ့ရပါတယ်
ထောပတ်သီး Avocado oil 🥑 ကိုနမ်းကြည့်ရင်တော့ ချဉ်စုပ်စုပ်အနံ့ ရှာလကာရည်လိုအနံ့မျိုးရတာပါ
ထောပတ်သီး အဆီ ၁၀၀ % အစစ် အရောနှောမပါတာရယ်၊
ထောလပတ်ရွက် + avocado oil ပေါင်းဆီရယ် သေချာကွဲပြားသိရအောင် အနံ့အနေထားတွေပါ ပြောပေးတာပါ
ထောလပတ်ရွက်တွေက ၂ ပတ်တခါလောက် ခူးဖြစ်နေပြီမို့ တခါအဆီပေါင်းရင် အရွက်ဘယ်နှပိဿာရလဲအပေါ်မူတည်ပြီး အဆီတခါပေါင်းရင် ဗူး ၂၀ - ၃၀ တော့ရနေပါပြီ
Instock ချရောင်းဖို့ထိတော့ ဗူးရေရာနဲ့ချီမရှိသေးတော့ pre order တွေတော့ လက်ခံပါတယ်
ရတဲ့အချိန်သာပို့ပေးပါ ပြောထားရင် အမတို့က နာမည် စာရင်းချရေးပြီး အဆီရတာနဲ့ ပို့တာပါ
တခါစောင့်ရင်၂ ပတ်လောက်ပဲကြာတာပါ
အစ်မတို့ဆီက ထုတ်တဲ့ Hair oil တွေ ၊ Shampoo တွေ ဝယ်သုံးပြီး အဆင်ပြေတယ် အမြဲအားပေးတယ့်သူတွေက.. ခု ထောလပတ်ရွက်ပေါင်းဆီကိုလည်း အရင်ဟာတွေလိုပဲ ယုံကြည်လို့ရပါတယ်လို့ ပြောချင်ပါတယ်
တစ်ဗူးကို ၁၈၀၀၀ ပါ ဆံပင်သန် ၊ အရှည်မြန် ၊ ဆံပင်ကျွတ်သက်သာ၊ဆံပင်ဖြူသက်သာဖို့ပါ
ကလေး ၊ လူကြီး ၊ ကျား ၊ မ လူမျိုးဘာသာမရွေးလူးလို့ရပါတယ်
လက်လီကို ဦးစားပေး ရောင်းပါတယ် လက်ကားအများကြီးပေးဖို့ မရှိသေးလို့ပါနော်
01/07/2024
ခေါင်းလျှော်ရင် အားရပါးရကုတ်ရင်း ဦးရေပြားကိုနှိပ်နယ်ပေးသလိုဖြစ်အောင်၊ လက်သည်းလေးတွေ မနာအောင်၊ လက်သည်းပါးတဲ့သူလေးတွေအတွက် လက်သည်းတွေ မလန်အောင်၊ ချွေးပေါက်တွေပွင့်ပြီး ဂျေး(ဂျီး)တွပြောင်စင်အောင်ဆိုရင် ခေါင်းလျှော်ဘီးလေး တစ်ခုလောက်တော့ လိုမယ်နော်
အကြီး၊ အသေး ၂မျိုး ရပါတယ်ရှင်
ခေါင်းလျှော်ဘီး (ကြီး) - ၇၅၀၀ ကျပ်
ခေါင်းလျှော်ဘီး (သေး) - ၅၀၀၀ ကျပ်ပါ။
ပထမတစ်သုတ်ရောက်တုန်းက ပို့စ်တောင် မတင်လိုက်ရပဲ ကုန်သွားတဲ့ ပစ္စည်းတွေပါ :D
Facebookကနေ စာပို့ရတာ အခက်အခဲရှိရင် (သို့မဟုတ်) အမြန်မှာယူလိုပါက ph no - 09 421 720 683 , viber no (+95 9 421 720 683) ကို ဆက်သွယ်လို့ ရပါတယ်ရှင်
25/06/2024
Lily in the Valley Hair Maskလေးတွေ "ဆိုင်"မှာ instockရနေပါပြီ
ဘာတွေ ကောင်းသလဲ
🍀Hair Mask ၂ခုစလုံးက Keratin ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတာမို့ ဆေးထိထားတဲ့၊ ကြမ်းဖွနေတဲ့ ဆံပင်အဖျားလေးတွေကို ပြန်လည်ကျန်းမာစေပါတယ်။
🍀Collagenပါ ပါဝင်တဲ့အတွက် ရေရှည်ဆံသားကျန်းမာရေးအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးနော်
ဘယ်လို အသုံးပြုရမလဲ
🍀ခေါင်းလျှော်ပြီးသည့်အချိန်တွင် ဦးရေပြား၏ ၂လက်မခွဲအကွာမှစပြီး ဆံသားကို လိမ်းထားပေးပါ။ အနည်းဆုံး ၅မိနစ်မှ ၁၀မိနစ်အထိ ပေါင်းတင်ထားပြီးပါက ဆံသားကို ရေဖြင့် သေချာစွာ ပြန်လည်ဆေးကြောပေးပါ။
ရွေးချယ်စရာကတော့ ၂မျိုးရှိတာပေါ့
🥑 Avocado Extract + Keratin
🍌 Banana EO + Keratin
အနံ့လေးပဲ ကွာပြီး အာနိသင်တွေက အတူတူ၊ ဈေးလဲ အတူတူပဲမို့ နှစ်သက်ရာ သုံးလို့ပါတယ်ရှင်
Hair Mask - 12000 Ks
25/06/2024
Huuရဲ့ Rice Bran Body Oil နဲ့ Angelရဲ့ Sexy Lemon Body Lotion ဆိုတာ အသားဖြူဖြူကြည်ကြည်ဖြစ်ချင်သူတွေ၊ အမာရွတ်ပါးချင်သူတွေအတွက် အလိုက်ဖက်ဆုံး Comboပါ။
ဆိုင်မှာ instock ပါရှင်
ရေမွှေးမလိုတဲ့ Lotion…..Angel မှာရှိတာ သိပြီးပြီလား?
ရုံးသွား၊ကျောင်းသွား ဒါလေး တစ်ဘူးရှိရင် ရေမွှေးထပ်သုံးစရာမလိုအောင်တစ်နေကုန် ဆွဲဆောင်မှုရှိရှိမွှေးပျံ့နေမှာ အမှန်ပါ….
Angel ရဲ့ အမာခံပရိတ်သတ်တွေကတော့ ရေမွှေးပါထုတ်ပေးရတဲ့အထိ ကြိုက်လွန်းကြတာပေါ့….
Vitamin C ပါဝင်တဲ့အပြင် Niacinamide ထပ်တိုးပါဝင်တာကြောင့် အမဲစက်၊အမာရွတ်တွေမှေးမှိန်ပြီး အသားလေးတဖြည်းဖြည်းကြည်လာမှာ မလွဲတော့ဘူးလေ….
အသားလေးကြည်စိုချင်တယ်ဆိုရင်
🫶🏻တပါတ်ကို Scrub 2ကြိမ်တိုက်မယ်
🫶🏻Sexy Lemon Lotion လေးကို နေ့တိုင်းရေချိုးပြီးချိန်တိုင်းလိမ်းမယ်ဆို ခဏအတွင်း ကြည်ကြည်စိုစိုလေးဖြစ်လာစေရမယ်လို့ အာမခံပါတယ်ရှင်…🫶🏻🫶🏻
#အသေးစိပ်သိချင်တယ်ဆိုရင်တော့ 👇👇
m.me/251074162146406 မှာ သဘောကောင်းတဲ့ မင်မင်လေးတွေရှိနေပါတယ်နော်။
25/06/2024
Life Saver for Dry Skin
instock
သိမ်မွေ့တဲ့ သဘာဝ Glow လေးအတွက် Huu Rice Bran Body Oil 🤍
ရေချိုးပြီးတိုင်းမှာ ဂရိနတ်ဘုရားမတစ်ပါးလို နူးညံ့ဝင်းပပြီး ကဗျာဆန်တဲ့ Glow လေးရဖို့ဆို Huu ရဲ့ ဖွဲနုဆီသီးသန့်ခန္တာကိုယ်အလှဆီလေးရှိတယ်နော် 💖
ဖွဲနုမှာပါဝင်တဲ့ ဂုဏ်သတ္တိတွေကြောင့် အာဟာရပြည့်ဝပြီး သဘာဝအတိုင်းအသားလေးစိုကြည်ပြီး ကျန်းမာတဲ့ Glow မျိုးလေးကိုပေးနိုင်ပါတယ် 🌾💘
Vitamin E နဲ့ သတ္တုဓာတ်တွေကြွယ်ဝပြီး -
🌾 သန့်စင်ရေး Cleansing အတွက် အသုံးပြုတာ
🌾အစိုဓာတ်နဲ့ အသားရေအာဟာရဖြည့်တင်းမှုလုပ်ပေးပြီး Glow စေတာ
🌾အသားရေကို လေ၊ရေ၊နေစတဲ့ သဘာဝဒဏ်တွေကနေ ကာကွယ်ပေးတာ
🌾နေလောင်ဒဏ်နဲ့ အနာအမျိုးမျိုးကို ကုစား
ပေးတာ
🌾 နီမြန်းယားယံတာတွေကိုလည်းသက်သာစေတာ စတာတွေကိုလုပ်ပေးနိုင်ပါတယ် 🤍
ဝယ်ပြီးသူတိုင်း မသုံးမဖြစ်ဆက်သုံးချင်လောက်အောင်ဆွဲဆောင်တဲ့ ဘက်စုံသုံး မရှိမဖြစ်Item လေးမို့ Body Oil သုံးကြည့်ဖို့စဉ်းစားနေတယ်ဆို ရွေးချယ်လိုက်တော့နော် 🤍
Huu ရဲ့ Product တိုင်းကို Mild ဖြစ်တဲ့ Ingredient တွေသာ အသုံးပြုထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိပဲ ကိုယ့်ရဲ့ အသားအရေကို Kind treatment လေးပေးနိုင်မှာပါ။ Skin type မျိုးစုံ၊ အသက်အရွယ်မျိုးစုံ အသုံးပြုလို့ရပါတယ်နော် 🫧
Be Kind To Your Skin with Huu 🌾🌬️
Click here to claim your Sponsored Listing.
Category
Website
Address
Yangon