Absolute Slim
Slimming solutions that powerfully explosive fat, remove fat, promote tissue metabolism and repel the cellulite without side effects.
19/06/2021
#ဗေဒါပျံအံကိုခဲပန်းပန်လျက်ပဲ
23/03/2021
Absolute Slim ရဲ့ Customer များရှင်
မင်မင်တို့ရဲ့ဆိုင်လေးဟာဆိုရင်ဖြင့် Covid စဖြစ်ကတည်းက မိမိကစကာကွယ်ပါဆိုတဲ့ စကားအတိုင်း မိမိကြောင့်ရောဂါပြန့်ပွားမှု မရှိစေဖို့ ပိတ်ထားခဲ့ပါတယ်၊
Second wave မစခင်လေးမှာတော့ စည်းကမ်းအပြည့်နဲ့ ဝန်ဆောင်မှုပေးခဲ့ပြီး second wave စတာနဲ့ မိမိ အကျိုးစီးပွားကို မကြည့်ပဲ ချက်ချင်းပြန်ပိတ်ခဲ့ပါတယ်၊
ကာကွယ်ဆေးတွေ ရတော့မှာမို့ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတုန်းမှာပဲ Feb 1 မှာ တစ်တိုင်းပြည်လုံး စိတ်ဆင်းရဲနေရတဲ့ အဖြစ်ကြီး ဖြစ်ပွားခဲ့တာမို့ မင်မင်တို့လဲ ပြည်သူအားလုံးနဲ့ထပ်တူ တိုက်ပွဲဝင်နေဆဲပါရှင်
အခုလဲ မနက်ဖြန် ၂၄-၀၃-၂၀၂၁ (ဗုဒ္ဓဟူးနေ့)
မှာ တစ်တိုင်းပြည်လုံးနဲ့အတူမင်မင်တို့ဆိုင်ပိတ်ထားမှာဖြစ်ပါတယ်ရှင်
နောက်ပိုင်းလဲပြည်သူတွေပြုံးပျော်နိုင်တဲ့နေ့မှာမှ ပြန်ဖွင့်မှာ ဖြစ်ပါတယ်ရှင်
PhotoCredit:
02/10/2020
လူရဲ့ ကိုယ်ခန္ဓာဟာ ၇နှစ်ကနေ ၁၅နှစ် အတွင်းမှာ..အကြီးစားပြောင်းလဲမှုတွေရှိပါတယ် ..ဝလာတာ..ပိန်သွားတာ.. ဗိုက်ရွှဲလာတာခထိပ်ပြောင်သွားတာ စသည်ဖြင့် ပုံစံအသစ်တစ်ခုကိုပြောင်းသွားနိုင်တာ မျိုးဖြစ်ပါတယ်..
သြော်..ဒီလိုအချိန်အတွင်းမှာ လူကြီးတစ်ယောက်လုံးတောင်..
သေသွားနိုင်သေး တာပဲလို့ တွေးမိပါတယ်.. ရုပ်အဆင်းသဏ္ဍန်အသွင်အပြင်..အရပြောင်းလဲတာဟာ မပြောပလောက်ပါဘူး ..
ကိုယ်ခန္ဓာမှာ..အများဆုံးအလုပ်လုပ်ရတဲ့မျက်စိဟာ ပြောင်းလဲဖို့သိပ်ကိုမြန်ဆန်ပါတယ်..တဲ့.. ကျွန်မရဲ့ မျက်စိအသက်ဟာ
လူရဲ့ရှိရင်းစွဲအသက်ထက် ကြီးနေပါပြီလို့..မျက်စိဆရာဝန်ကပြောပါတယ်..
ကိုယ်ခန္ဓာမှာ..
RBC Red Blood Cells လို့ခေါ်တဲ့သွေးနီဥတွေဟာ ..တစ်နှစ်ကိုနည်းနည်းချင်းဆုံးရှုံးနေပါတယ်တဲ့.. ဒီလိုပဲအသည်းတွေ..ကျောက်ကပ်တွေဟာလည်း ပြောင်းလဲနေပါတယ် ..
ဒါကြောင့်အပြောင်းအလဲရဲ့သဘောကိုကြည့်မယ်ဆိုရင် ကိုယ့်.. ကိုယ်ခန္ဓာက စပြီး စက္ကန့်မလပ် ပြောင်းလဲနေတဲ့သဘောတွေကို မြင်အောင်ကြည့်ရင်သိသာမှာဖြစ်ပါတယ်
ရုပ်တရားတွေ..ရုပ်ဝတ္ထုတွေ ပြောင်းလဲနေသလို .. နာမ်တရားတွေဟာလည်းပြောင်းလဲနေတတ်ပါတယ်.. စိတ်တွေလည်းပြောင်းလဲနေတယ်.. အခြေအနေတွေ.. အဖြစ်ပျက်တွေဟာလည်း..ပြောင်းလဲသွားတယ်.. မြို့တွေ..ရွာတွေ..နိုင်ငံတွေ ပြောင်းလဲသွားသလို ..ခေတ်တွေ..စနစ်တွေ..အစိုးရတွေဟာလည်း ပြောင်းလဲသွားကြပါတယ်..နည်းပညာတွေလည်းပြောင်းလဲနေကြပါတယ်
လူတွေမှာ
လုံးဝမပြောင်းလဲတာက မပြောင်းလဲချင်တဲ့..စိတ်ပဲဖြစ်ပါတယ် ..
ကျွန်မတို့ဟာ ပြောင်းလဲဖို့အတွက် ခက်ခဲတတ်ကြပါတယ် အပြောင်းအလဲကိုလက်ခံလိုက်ဖို့လည်း ခက်ခဲတတ်ကြပါတယ်..
တကယ်တော့..ကျွန်မတို့အားလုံးဟာ.. ပြောင်းလဲနေတာပါပဲ.. စကြာဝဠာကြီးတစ်ခုလုံး ကလည်းပြောင်းလဲနေပါတယ်
ပြောင်းလဲနေတဲ့ သဘောတရားကို လက်ခံပြီး အခုကြုံဆုံရတဲ့အခြေအနေကို မဝေဖန်နဲ့..မသုံးသပ်နဲ့ ..မညည်းတွားနဲ့..Judge မလုပ်ပါနဲ့လို့ဆိုလိုခြင်းဖြစ်ပါတယ်..
ငါ..ဝလာလိုက်တာ..အရင်ကနဲ့မတူတော့ဘူး.. ဈေးတွေကလည်းတက်သွားလိုက်တာ.. ဘာမှတောင်ဝယ်စားစရာမရှိတော့ဘူး.. အိမ်ထောင်ဖက်..ကလည်းအရင်တုန်းကနဲ့မတူတော့ဘူး ..နည်းပညာတွေကခက်ခဲ..လာလိုက်တာ..မသုံးတတ်တော့ဘူး..
ကျွန်မတို့ဟာဒီလိုမျိုးပြောတတ်ကြပါတယ် ..ဥပမာအားဖြင့် .. နည်းပညာပြောင်းလဲမှုကိုခက်ခဲတယ်ဆိုပြီး ကိုယ်တိုင်လိုက်ပါပြောင်းလဲသင်ယူခြင်းမရှိခဲ့ဘူးဆိုရင် ကိုယ်ပဲပြတ်ကျန်ခဲ့မှာဖြစ်ပါတယ်..
အဲဒီလိုပါပဲ.. အိမ်ထောင်ဖက်နဲ့အဆင်မပြေလို့ ကွာရှင်းလိုက်တယ်ဆိုတာလွယ်ပေးမဲ့.. အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့.. မှားယွင်းနေတဲ့..ကိုယ့်ရဲ့ အတွေးအမြင်တွေကို မပြောင်းလဲနိုင်သရွေ့.. နောက်တစ်ခါအိမ်ထောင်ပြုလည်း... အလားတူပြဿနာမျိုးတွေနဲ့ ..ရင်ဆိုင်နေရဦးမှာပဲဖြစ်ပါတယ်..
အလုပ်ထဲက..လူတွေနဲ့အဆင်မပြေလို့အလုပ်တွေပြောင်း..ပြောင်းနေတတ်တဲ့သူတစ်ယောက်ဟာ.. ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့သူ့ရဲ့အတွေးအမြင်တွေကို...မပြောင်းလဲနိုင်သရွေ့ ..ဘယ်အလုပ်ကိုပြောင်းပြောင်း ..အဆင်မပြေမှုတွေကိုကြုံဆုံနေရဦးမှာပဲဖြစ်ပါတယ်..
ဒါကြောင့်
တစ်ခါတလေကျတော့..ကျွန်မတို့
နေ့စဥ် ကြုံဆုံနေ
ရတဲ့..ပြဿနာတွေဟာ ကိုယ့်ရဲ့စိတ်အတွေးတွေကိုမပြောင်းလဲနိုင်တာကြောင့်ဖြစ်ပါတယ် ..
ဖြစ်လာတဲ့အခြေအနေတွေကိုတော့ပြောင်းလဲလို့မရပါဘူး ..ဒါပေမဲ့..အဲဒီအခြေအနေတွေကိုလက်ခံပြီး.. စိတ်ကိုပြောင်းကြည့်မယ်..အတွေးအမြင်ကိုပြောင်းကြည့်မယ်ဆိုရင်တော့... ပြောင်းလဲမှုတွေထဲမှာကျင့်သားရလာတဲ့ကျွန်မတို့ဟာ စိတ်သက်သက်သာသာ ရှိလာပါလိမ့်မယ်..
ပြောင်းလဲခြင်းတွေထဲမှာ ရုပ်ကိုပြောင်းတာထက် စိတ်ကိုပြောင်းတတ်ဖို့က ပိုပြီးအရေးကြီးပါတယ်.. ဘာဖြစ်လို့လဲဆိုရင်..စိတ်ကိုပြောင်းလဲလိုက်တဲ့အခါမှာ အတွေးတွေပြောင်းလဲသွားတယ်.. အထွေးတွေပြောင်းလဲသွားတဲ့အခါမှာ ကိုယ်မြင်တဲ့ရှုထောင့်တွေဟာလည်းပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်..
ကြိုးစားပြီး..နည်းနည်းလေး
ဖြစ်ဖြစ်..ကိုယ်ကစ..
ပြောင်းလဲကြည့်လိုက်ပါ ..အဲဒီလိုလုပ်ကြည့်လိုက်တဲ့အတွက်..အရှုံးမရှိနိုင်ပါဘူး..
When you change the way you look at things, the things you look can be changed.
မွန်ဟော်စီ
အောက်တိုဘာ ၂၀၂၀
Photo
Pixabay
လူရဲ့ ကိုယ်ခန္ဓာဟာ ၇နှစ်ကနေ ၁၅နှစ် အတွင်းမှာ..အကြီးစားပြောင်းလဲမှုတွေရှိပါတယ် ..ဝလာတာ..ပိန်သွားတာ.. ဗိုက်ရွှဲလာတာ..ထိပ်ပြောင်သွားတာ စသည်ဖြင့် ပုံစံအသစ်တစ်ခုကိုပြောင်းသွားနိုင်တာ မျိုးဖြစ်ပါတယ်..
သြော်..ဒီလိုအချိန်အတွင်းမှာ လူကြီးတစ်ယောက်လုံးတောင်..
သေသွားနိုင်သေး တာပဲလို့ တွေးမိပါတယ်.. ရုပ်အဆင်းသဏ္ဍန်အသွင်အပြင်..အရပြောင်းလဲတာဟာ မပြောပလောက်ပါဘူး ..
ကိုယ်ခန္ဓာမှာ..အများဆုံးအလုပ်လုပ်ရတဲ့မျက်စိဟာ ပြောင်းလဲဖို့သိပ်ကိုမြန်ဆန်ပါတယ်..တဲ့.. ကျွန်မရဲ့ မျက်စိအသက်ဟာ
လူရဲ့ရှိရင်းစွဲအသက်ထက် ကြီးနေပါပြီလို့..မျက်စိဆရာဝန်ကပြောပါတယ်..
ကိုယ်ခန္ဓာမှာ..
RBC Red Blood Cells လို့ခေါ်တဲ့သွေးနီဥတွေဟာ ..တစ်နှစ်ကိုနည်းနည်းချင်းဆုံးရှုံးနေပါတယ်တဲ့.. ဒီလိုပဲအသည်းတွေ..ကျောက်ကပ်တွေဟာလည်း ပြောင်းလဲနေပါတယ် ..
ဒါကြောင့်အပြောင်းအလဲရဲ့သဘောကိုကြည့်မယ်ဆိုရင် ကိုယ့်.. ကိုယ်ခန္ဓာက စပြီး စက္ကန့်မလပ် ပြောင်းလဲနေတဲ့သဘောတွေကို မြင်အောင်ကြည့်ရင်သိသာမှာဖြစ်ပါတယ်
ရုပ်တရားတွေ..ရုပ်ဝတ္ထုတွေ ပြောင်းလဲနေသလို .. နာမ်တရားတွေဟာလည်းပြောင်းလဲနေတတ်ပါတယ်.. စိတ်တွေလည်းပြောင်းလဲနေတယ်.. အခြေအနေတွေ.. အဖြစ်ပျက်တွေဟာလည်း..ပြောင်းလဲသွားတယ်.. မြို့တွေ..ရွာတွေ..နိုင်ငံတွေ ပြောင်းလဲသွားသလို ..ခေတ်တွေ..စနစ်တွေ..အစိုးရတွေဟာလည်း ပြောင်းလဲသွားကြပါတယ်..နည်းပညာတွေလည်းပြောင်းလဲနေကြပါတယ်
လူတွေမှာ
လုံးဝမပြောင်းလဲတာက မပြောင်းလဲချင်တဲ့..စိတ်ပဲဖြစ်ပါတယ် ..
ကျွန်မတို့ဟာ ပြောင်းလဲဖို့အတွက် ခက်ခဲတတ်ကြပါတယ် အပြောင်းအလဲကိုလက်ခံလိုက်ဖို့လည်း ခက်ခဲတတ်ကြပါတယ်..
တကယ်တော့..ကျွန်မတို့အားလုံးဟာ.. ပြောင်းလဲနေတာပါပဲ.. စကြာဝဠာကြီးတစ်ခုလုံး ကလည်းပြောင်းလဲနေပါတယ်
ပြောင်းလဲနေတဲ့ သဘောတရားကို လက်ခံပြီး အခုကြုံဆုံရတဲ့အခြေအနေကို မဝေဖန်နဲ့..မသုံးသပ်နဲ့ ..မညည်းတွားနဲ့..Judge မလုပ်ပါနဲ့လို့ဆိုလိုခြင်းဖြစ်ပါတယ်..
ငါ..ဝလာလိုက်တာ..အရင်ကနဲ့မတူတော့ဘူး.. ဈေးတွေကလည်းတက်သွားလိုက်တာ.. ဘာမှတောင်ဝယ်စားစရာမရှိတော့ဘူး.. အိမ်ထောင်ဖက်..ကလည်းအရင်တုန်းကနဲ့မတူတော့ဘူး ..နည်းပညာတွေကခက်ခဲ..လာလိုက်တာ..မသုံးတတ်တော့ဘူး..
ကျွန်မတို့ဟာဒီလိုမျိုးပြောတတ်ကြပါတယ် ..ဥပမာအားဖြင့် .. နည်းပညာပြောင်းလဲမှုကိုခက်ခဲတယ်ဆိုပြီး ကိုယ်တိုင်လိုက်ပါပြောင်းလဲသင်ယူခြင်းမရှိခဲ့ဘူးဆိုရင် ကိုယ်ပဲပြတ်ကျန်ခဲ့မှာဖြစ်ပါတယ်..
အဲဒီလိုပါပဲ.. အိမ်ထောင်ဖက်နဲ့အဆင်မပြေလို့ ကွာရှင်းလိုက်တယ်ဆိုတာလွယ်ပေးမဲ့.. အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့.. မှားယွင်းနေတဲ့..ကိုယ့်ရဲ့ အတွေးအမြင်တွေကို မပြောင်းလဲနိုင်သရွေ့.. နောက်တစ်ခါအိမ်ထောင်ပြုလည်း... အလားတူပြဿနာမျိုးတွေနဲ့ ..ရင်ဆိုင်နေရဦးမှာပဲဖြစ်ပါတယ်..
အလုပ်ထဲက..လူတွေနဲ့အဆင်မပြေလို့အလုပ်တွေပြောင်း..ပြောင်းနေတတ်တဲ့သူတစ်ယောက်ဟာ.. ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့သူ့ရဲ့အတွေးအမြင်တွေကို...မပြောင်းလဲနိုင်သရွေ့ ..ဘယ်အလုပ်ကိုပြောင်းပြောင်း ..အဆင်မပြေမှုတွေကိုကြုံဆုံနေရဦးမှာပဲဖြစ်ပါတယ်..
ဒါကြောင့်
တစ်ခါတလေကျတော့..ကျွန်မတို့
နေ့စဥ် ကြုံဆုံနေ
ရတဲ့..ပြဿနာတွေဟာ ကိုယ့်ရဲ့စိတ်အတွေးတွေကိုမပြောင်းလဲနိုင်တာကြောင့်ဖြစ်ပါတယ် ..
ဖြစ်လာတဲ့အခြေအနေတွေကိုတော့ပြောင်းလဲလို့မရပါဘူး ..ဒါပေမဲ့..အဲဒီအခြေအနေတွေကိုလက်ခံပြီး.. စိတ်ကိုပြောင်းကြည့်မယ်..အတွေးအမြင်ကိုပြောင်းကြည့်မယ်ဆိုရင်တော့... ပြောင်းလဲမှုတွေထဲမှာကျင့်သားရလာတဲ့ကျွန်မတို့ဟာ စိတ်သက်သက်သာသာ ရှိလာပါလိမ့်မယ်..
ပြောင်းလဲခြင်းတွေထဲမှာ ရုပ်ကိုပြောင်းတာထက် စိတ်ကိုပြောင်းတတ်ဖို့က ပိုပြီးအရေးကြီးပါတယ်.. ဘာဖြစ်လို့လဲဆိုရင်..စိတ်ကိုပြောင်းလဲလိုက်တဲ့အခါမှာ အတွေးတွေပြောင်းလဲသွားတယ်.. အတွေး
တွေပြောင်းလဲသွားတဲ့အခါမှာ ကိုယ်မြင်တဲ့ရှုထောင့်တွေဟာလည်းပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်..
ကြိုးစားပြီး..နည်းနည်းလေး
ဖြစ်ဖြစ်..ကိုယ်ကစ..
ပြောင်းလဲကြည့်လိုက်ပါ ..အဲဒီလိုလုပ်ကြည့်လိုက်တဲ့အတွက်..အရှုံးမရှိနိုင်ပါဘူး..
When you change the way you look at things, the things you look can be changed.
မွန်ဟော်စီ
အောက်တိုဘာ ၂၀၂၀
Photo
Pixabay
01/10/2020
🍁🍂🍁HELLO OCTOBER 🍁🍂🍁
05/09/2020
“အမျိုးသမီးများနဲ့ Self-image”
Self-image ဆိုတာ မြန်မာလို ဘာသာပြန်ရရင် ငါက ဘယ်လိုလူစားမျိုး ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မြင်နေတဲ့ ပုံရိပ်ပေါ့။ အရေးကြီးလားဆို သိပ်အရေးကြီးပါတယ်။ ပတ်ဝန်းကျင်က ဘယ်လိုမြင်သလဲဆိုတာထက်ကို အရေးပိုကြီးတယ်။
အလုပ်မှာ တာဝန်တစ်ခု ပေးလိုက်တယ်။ တစ်ယောက်က ငါလုပ်နိုင်တယ်လို့ တွေးတယ်။ နောက်တစ်ယောက်က ဖြစ်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်တယ်။
ပြဿနာတစ်ခု ဖြစ်တယ်။ အခက်အခဲတစ်ခု ကြုံတယ်။ တစ်ယောက်က ဒါ ငါတိုးတက်ဖို့ အခွင့်အရေးပဲလို့ မြင်တယ်။ ငါ ဒီအရှုံးကနေ ပြန်ထနိုင်တယ်လို့ ခံယူတယ်။ နောက်တစ်ယောက်တော့ သူ ပြီးဆုံးသွားပြီလို့ လက်မြှောက်လိုက်တယ်။
ပြောချင်တာက အခြေအနေတွေက တူတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ထားသလဲဆိုတဲ့ Self-image ကွာတဲ့အခါ တုံ့ပြန်မှုတွေကတော့ မတူတော့ဘူး။ ဒါကြောင့်လည်း သူတစ်ပါးက ကိုယ့်ကို ဘယ်လိုမြင်သလဲ ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့အမြင်က ပိုအရေးကြီးတယ် ပြောရတာ။
အဲ့ဒီ Self-image က ဘာနဲ့ဆိုင်သလဲဆိုရင် ကိုယ်ငယ်ငယ်က ဘယ်လိုပြုစုပျိုးထောင်ခံခဲ့ရသလဲ ဆိုတာနဲ့ ဆိုင်တယ်။ ကလေးက တစ်ခုခု လုပ်လိုက်တာနဲ့ အပြစ်တင်မယ်၊ အသုံးကိုမကျဘူး ဆိုတဲ့ စကားလုံးမျိုးတွေနဲ့ ရစရာမရှိအောင် ပြောခံရမယ်၊ ဒါမှမဟုတ်လည်း မိဘအုပ်ထိန်းသူက စိတ်အပူလွန်ပြီး ဘာကိုမှ ပေးမလုပ်ခဲ့ဘူး၊ ဒီလိုအခြေအနေမျိုးတွေနဲ့ ပျိုးထောင်ခံခဲ့ရတဲ့ ကလေးက Self-image ကောင်းဖို့ မလွယ်ဘူး။ ငါ မလုပ်နိုင်ပါဘူး၊ မတတ်နိုင်ပါဘူးပဲ ထင်နေမယ်။ ငယ်ငယ်က မိဘတွေ ပြောခဲ့တဲ့ “ဖြစ်ပါ့မလား” ဆိုတဲ့ စကားက အသက်ကြီးလာတဲ့အခါ တစ်ခုခု လုပ်လိုက်တိုင်း သူ့ကိုယ်သူ ပြန်မေးတဲ့မေးခွန်း ဖြစ်လာမယ်။
အဲဒီမှာမှ ယောက်ျားလေးနဲ့ မိန်းကလေးကြားမှာ ကွာခြားမှုတွေ အများကြီး ရှိလာတယ်။ များသောအားဖြင့် ယောက်ျားလေးကို ပြုစုပျိုးထောင်တဲ့အခါ သတ္တိရှိအောင်၊ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲအောင် ပျိုးထောင်တယ်။ သူက တစ်ချိန်ကျ မိသားစုကို ဦးဆောင်ရမှာ ဆိုတဲ့ အတွေး ရှိကြတယ်။ ကလေးကိုလည်း အဲဒီအတိုင်း သင်ပေးတယ်။ ယောက်ျားတံခွန် လူရည်ချွန်၊ ယောက်ျားတို့ဇွဲ သေခါမှလျှော့ စသဖြင့် စကားပုံတွေလည်း ရှိတယ်။
မိန်းကလေးကျတော့ ဗိုင်းကောင်းကျောက်ဖိ ဖြစ်အောင် ပျိုးထောင်တယ်။ အထိအခိုက်မခံတဲ့ ပန်းလေးတစ်ပွင့်လို မိဘကပဲ အကုန်လုပ်ပေးတယ်။ ခု မိဘက စောင့်ရှောက်တယ်။ မိဘရဲ့ အရိပ်အောက်မှာ နေရတယ်။ တချိန်ကျ လင်ယောက်ျားလက်ထဲကို ထည့်ပေးရမယ်။ မိန်းကလေးက အိမ်မှုကိစ္စ နိုင်နင်းရင်၊ လင်ကောင်းသားကောင်းရရင် တော်ပြီ ဆိုတာမျိုး တွေးကြတယ်။ ဒီအခါ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ငါတို့က အားနွဲ့တယ်၊ ဦးမဆောင်နိုင်ဘူး၊ မိဘသော်လည်းကောင်း လင်ယောက်ျားသော်လည်းကောင်း မရှိလို့ မရဘူးဆိုတဲ့ Self-image မျိုးတွေ ရကုန်ကြတယ်။
တကယ်တော့ ဒီပြဿနာက အမျိုးသမီးမှ မဟုတ်ဘူး။ အမျိုးသားမှာလည်း ရှိနိုင်တယ်။ ဘာလို့ဆိုတော့ ငယ်ငယ်က ပြုစုပျိုးထောင်ခံရတဲ့ ပုံစံနဲ့ အဓိက သက်ဆိုင်တာကိုး။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံရဲ့ အစဉ်အလာ သတ်မှတ်ချက်တွေအရ ယောက်ျားလေးနဲ့ မိန်းကလေးကို ပျိုးထောင်ပုံချင်း မတူကြတာမို့ များသောအားဖြင့် အဲ့လို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသူသည် မိန်းကလေး ဖြစ်နေတာ များတယ်။ ဒီအတွက် 31 Steps to Personality ဆိုတဲ့ Online course ကို အမျိုးသမီးတွေအတွက် သီးသန့်ရည်ရွယ်ပြီး လုပ်ဖြစ်ခဲ့တာပါ။
အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ၊ တက္ကသိုလ် ကျောင်းသူတွေအပြင် ကျမယောက်ျား ပြန်လာမှ ငွေလွှဲပေးလိုက်မယ် ဆိုသူတွေ၊ ယောက်ျားကို ခွင့်ပြုချက် တောင်းရဦးမယ် ဆိုတဲ့သူတွေ၊ လောလောလတ်လတ်ကိုပဲ ယောက်ျားက နောက်အိမ်ထောင်ပြုသွားလို့ ဘာဆက်လုပ်ရမှန်း မသိတဲ့ အမျိုးသမီးတွေ စသဖြင့် တက်ခဲ့ကြပါတယ်။ ရှိသမျှ သင်တန်းအားလုံးမှာ ဗီဒီယို အရေအတွက် အများဆုံးနဲ့ အချိန်အယူရဆုံး သင်တန်းလည်း ဖြစ်ပါတယ်။ တက်ရောက်မဲ့ အစ်မတို့၊ ညီမတို့အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

“31 Steps to Personality” (Online Course)
သင်တန်းကြေး - ၁ သောင်းခွဲကျပ်
👉 ဘာအကြောင်းအရာတွေ ပြောပြမှာလဲ။
အလုပ်လုပ်နေတဲ့သူဖြစ်ဖြစ်၊ အပြင်အလုပ်မလုပ်ဘဲ အိမ်မှုကိစ္စနဲ့ သားသမီး ပျိုးထောင်တဲ့ အလုပ်ကို လုပ်သူပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်အနေနဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာ ၃၁ ခုကို ဆွေးနွေးမှာပါ။
ကဏ္ဍအားဖြင့် ၆ မျိုး ခွဲလိုက်ပါတယ်။
၁။ ကျန်းမာရေးနှင့် အလှအပရေးရာ (Health & Beauty)
၂။ ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ခြင်း (Image)
၃။ အလုပ်ပြီးမြောက်ခြင်း (Productivity)
၄။ လူမှုရေးရာ (Social life)
၅။ လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးမှု (Learning & Development)
၆။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု (Mindfulness) တို့ဖြစ်ပါတယ်။
တစ်ခုချင်းစီအောက်မှာ အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အခြေခံကျန်းမာရေး၊ ကိုယ်ရည်ကိုယ်သွေး၊ Relationship နဲ့ ပတ်သက်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ မိခင်တစ်ယောက်ရဲ့ ဘဝ၊ ပတ်ဝန်းကျင်ရဲ့ စကားတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ စိတ်ဓါတ်ကျတာ၊ သိမ်ငယ်တာတွေကို ဘယ်လိုကျော်လွှားမလဲ အစရှိတဲ့ အမျိုးသမီးတွေ သိထားသင့်တဲ့ အကြောင်းအရာ အသေးစိတ်တွေကို ဝေမျှသွားမှာပါ။
👉 Trainer တွေက ဘယ်သူတွေလဲ။
Brand You Academy ရဲ့ Co-founder & Lead Trainer ဖြစ်တဲ့ မထက်ရည်က အဓိက ဝေမျှမှာ ဖြစ်ပြီး ကျွန်တော် ဖြိုးသီဟကလည်း သင်ခန်းစာ ၃ ပုံ ၁ ပုံနီးပါးကို ပါဝင်ဆွေးနွေးပေးထားပါတယ်။ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအကြောင်းနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအကြောင်းတွေ ပြောထားတာပါ။
ဗီဒီယို ၃၁ ခု ပါဝင်မဲ့ သင်တန်းတစ်ခုလုံးစာအတွက် တစ်သောင်းခွဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်ခန်းစာတစ်ခုကို ၅၀၀ ကျပ်ပဲ ပေးရမှာပါ။ တက္ကသိုလ် ကျောင်းသူတွေ၊ အပြင်အလုပ်မလုပ်တဲ့ မိခင်တွေ၊ လစာနည်းပါးတဲ့ အမျိုးသမီးဝန်ထမ်းတွေ အစရှိတဲ့ အခြေအနေပေါင်းစုံက အမျိုးသမီးတိုင်း အဆင်ပြေပြေနဲ့ တက်ရောက်နိုင်ဖို့ ရည်ရွယ်ပါတယ်။
👉 တခြား ဘာအကျိုးကျေးဇူးတွေ ရှိဦးမလဲ။
သင်တန်းတက်ရောက်သူတိုင်းဟာ မထက်ရည် လုပ်ထားတဲ့ Women & Personality Facebook group ထဲကိုလည်း Join လို့ရမှာပါ။ အမျိုးသမီးတွေ အချင်းချင်း ပေါ့ပေါ့ပါးပါး တိုင်ပင်ဆွေးနွေးတာတွေ၊ သင်ခန်းစာနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေကိုပါ မေးလို့ ရပါတယ်။
အဲ့ဒီအတွက်တော့ Brand You Academy page ကို မက်ဆေ့ သက်သက်ပို့ပေးဖို့ လိုပါမယ်။ Website ကတစ်ဆင့် သင်တန်းအပ်တာမို့ Facebook account မသိနိုင်လို့ပါ။ ဒီအတွက် သင်တန်းကြေး လွှဲထားတဲ့ screenshot ကို မက်ဆေ့ ပို့ပေးပါ။ ဒါဆို ဝင်ရမဲ့ Group link ကို ပြန်ပို့ပေးပါမယ်။
👉 သင်တန်းတက်လိုတယ် ဆိုရင်တော့
ဒီလင့်ခ် https://branduacademy.com/courses/31-steps-to-personality/ ထဲကို ဝင်ပြီး
•"သင်တန်းအပ်ရန်" ကို နှိပ်ပါ။
• ငွေလွှဲလို့ရတဲ့ ဘဏ်အကောင့်တွေ ပေးထားပါတယ်။ အဆင်ပြေတဲ့ဆီကနေ လွှဲပါ။ လွှဲပြီးရင် လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပါ။
• Attach payment အောက်က Choose file နေရာမှာ ကိုယ် ငွေလွှဲထားတဲ့ Screenshot ပုံကို ထည့်ပေးပါ။ သင်တန်းအပ်ပြီးကြောင်း စာပေါ်လာရင် ရပါပြီ။
Username နဲ့ password ကို နာရီပိုင်းအတွင်း ဖုန်းဆီ မက်ဆေ့ပို့ပေးပါမယ်။ တကယ်လို့ နိုင်ငံခြားက တက်မဲ့သူဆိုရင် မေးလ်ပို့ပေးပါမယ်။ အဲဒါ ရရင် လင့်ခ်ထဲ ပြန်ဝင်ပါ။ Log in ကို နှိပ်၊ မက်ဆေ့ပို့ပေးထားတဲ့ အချက်အလက်တွေကို ရိုက်ထည့်ပြီး သင်ခန်းစာတွေကို စတင်လေ့လာနိုင်ပါပြီ။
သင်တန်းသားဟောင်းဆိုရင်တော့ username နဲ့ password အသစ် မလိုတော့ဘဲ Access ဖွင့်လိုက်ပြီ၊ တက်လို့ရပြီဖြစ်ကြောင်း အသိပေးတဲ့ မက်ဆေ့ကိုပဲ ပို့ပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ် သိလိုတာ၊ မရှင်းတာတွေ ရှိရင် Brand You Academy ပေ့ချ်ကို မက်ဆေ့ပို့ပြီးဖြစ်ဖြစ်၊ ဖုန်းနံပါတ် 09 788 1000 46, 09 788 1000 48 တို့ကို ဆက်သွယ်ပြီးဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
01/09/2020
Absolute Slim ချစ်သူတို့ရေ... Covid 19 ပိုးတွေ့လူနာတွေ ရန်ကုန်မှာ များလာနေပြီဖြစ်တဲ့အတွက် မင်မင်တို့ ဆိုင်လေးကို ဒီ September လကုန်အထိ ပိတ်ထားပါမယ်နော်...
မြန်မာနိုင်ငံကြီး ဒီရောဂါဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ပြီး နိုင်ငံသူနိုင်ငံသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာရှိကြပါစေ... စီးပွားရေးများလဲ အဆင်ပြေချောမွေ့ကြပါစေရှင်...
15/08/2020
ချစ်တို့အတွက် 😘
06/08/2020
"၂ နှစ်ပြည့်အထိမ်းအမှတ် Thank You Promotion"
ချစ်တို့ရေ August လလေးဟာဆိုရင်ဖြင့် မင်မင်တို့ရဲ့Absolute Slim စတင်တည်ထောင်ခဲ့တာ ၂ နှစ်တာပြည့်တဲ့ လလေးဖြစ်ပါတယ် 🥳
ဒီလိုရပ်တည်နိုင်ဖို့အတွက် အားပေးခဲ့ကြတဲ့Absolute Slim ရဲ့Customer များကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့... 💝
August လ အတွင်း လာရောက် Treatment ယူမယ့် မိတ်ဟောင်း မိတ်သစ်များအတွက် Up To 50% Off Discount ပေးသွားမယ့်အပြင်... 🤩
August လကုန်ရင် စတင်ပြုလုပ်မယ့် 50000 တန် Facial ဝန်ဆောင်မှု အသစ် အတွက်ကို လဲ August လရဲ့ Customer များထဲက ၅ ယောက်ကို မဲဖောက်ပြီး Free လုပ်ပေးမှာဖြစ်ပါတယ်ရှင်...🤩
Facial Treatment လေးအကြောင်းကို သိချင်ရင်တော့ ဒီ Link လေးမှာ ဖတ်ကြည့်လို့ရပါတယ်ချစ်တို့ရေ 💟 https://www.facebook.com/1336908726453677/posts/2034900066654536/
အသေးစိတ် သိချင်တယ် ၊ Booking တင်ချင်တယ် ဆိုရင်တော့ Page Cb က ပဲ ဖြစ်ဖြစ် ၊
ဖုန်းနံပါတ် 09-781-623-460 ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်လိုက်ပါနော် 📣
05/08/2020
မျက်နှာလေးလှပဖို့ဆိုရင် အပေါ်ယံ မိတ်ကပ် လိမ်းရုံနဲ့ မလုံလောက်ဘူးဆိုတာ ချစ်တို့သိကြမယ်လို့ထင်ပါတယ်နော်... ☺️
အသားအရေ အတွင်းထဲကနေ ဝင်းပပြီး Glow ဖို့ဆိုရင် မျက်နှာမှာ ရှိတဲ့ သွေးကြောလေကြောလေးတွေ ကောင်းမွန်စွာ လှည့်ပတ်စီးဆင်းနေဖို့လိုပါတယ်...😇
ချစ်တို့ရဲ့ မျက်နှာလေး အတွင်းကနေ ဝင်းပစေဖို့ မင်မင်တို့ရဲ့ Facial Treatment အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်...🤩
ဒီ Treatment လေးက နာရီဝက်ပဲ အချိန်ပေးရမှာပါ...
နာရီဝက်အချိန်ပေးလိုက်တာနဲ့ ရလာမယ့်အကျိုးကျေးဇူးလေးတွေကတော့🔻🔻🔻
🔸မျက်နှာမှာရှိတဲ့ သွေးကြောလေကြောလေးတွေ ပွင့်ပြီးသွေးလည်ပတ်မှုကောင်းစေမယ်...
🔸သွေးလည်ပတ်မှုကောင်းလာတဲ့ အတွက် အဆိပ်အတောက်တွေဖယ်ထုတ်သွားတာမို့ မျက်နှာလေး ကြည်လင်ဝင်းပလာမယ်...
🔸အမဲစက်လေးတွေပါးလာမယ်...
🔸မျက်နှာပေါ်က အရေးအကြောင်းတွေ သိသိသာသာ ပျောက်သွားမယ်...
🔸Facial Massage လေးလုပ်ပေးတာမို့ မျက်နှာအကြောအခြင်တွေ ပြေလျော့ပြီး မျက်ရိုးကိုက်တာ ၊ ခေါင်းကိုက်တာတွေ သက်သာစေမှာပါနော်....
ဒီFacial Treatment လေးကို မင်မင်တို့ Absolute Slim မှာ ဒီလကုန်ကစပြီး ဝန်ဆောင်မှုပေးတော့မှာ ဖြစ်တဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါရစေရှင် 😍
03/08/2020
အဆီချခြင်းရဲ့နောက်ကွယ်မှာ အလှအပထက်ပိုတဲ့အကြောင်းအရာတွေရှိပါတယ် ❗️❗️❗️
မိန်းကလေးအများစု အဆီချကြတာက အဝတ်အစားတွေဝတ်ရင် ကိုယ်လုံးလှအောင် ဗိုက်ခေါက် မထွက်အောင် လုပ်ကြတာများပါတယ်။
တကယ်တော့ ခန္ဓာကိုယ်ကအဆီတွေလျှော့ချတာက အပြင်ပန်းလှရုံတင်မကပါဘူးနော် 🔸🔸🔸
ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ Body fat တွေလျော့သွားရင်🔜
💢ကျန်းမာပြီး သွက်လက်ဖျတ်လတ်လာမယ်
💢ကိုယ်ခံအားစနစ် ပိုကောင်းလာမယ်
💢နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင်ချေနည်းသွားမယ်
💢လေ့ကျင့်ခန်းလုပ်ရင်/gymဆော့ရင် အမောခံနိုင်လာမယ်
💢ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်
💢အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အရိုးပွ အရိုးပါးရောဂါ ဖြစ်နိုင်ချေနည်းစေတယ်
ဒီလိုမျိုးကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတာကို သိပြီဆိုတော့ တတ်နိုင်သမျှ ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကို လျှော့ချကြပါ။ အစားအသောက်ကို သေချာရွေးချယ်စားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ကြဖို့ မမေ့ပါနဲ့နော်။ ဆီကြော်တွေလည်း ရှောင်ရပါမယ် 🔻🔻🔻
🔊အဲ့တာတွေမလုပ်ဖြစ်ရင်တော့ Absolute slim မှာ သက်တောင့်သက်သာ အဆီလာချကြပါ ချစ်တို့ရေ...
03/08/2020
ဒီနေ့မှာကျရောက်တဲ့ ဓမ္မစကြာ အခါသမယနေ့လေးမှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ကျွန်မတို့ Absolute Slim မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်...
19/07/2020
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါသည်။
၁၉ ဇူလိုင် 😢😢😢😢😢
⭕️(၇၃) နှစ်မြောက် အာဇာနည်နေ့ (၁၉ ဇူလိုင် မမေ့နိုင်)⭕️
…………………………………………….......................
ယနေ့ကျရောက်သည့် (၇၃) နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်အတွက် အသက်စွန့်သွားကြသည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင် ကိုးဦးအား MNTV Channel မှ အောက်မေ့သတိရစွာဖြင့် ဦးညွှတ်ဂါဝရပြုအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 36, (3B), 90th Street, Mingalar Taung Nyunt Township
Yangon
11221
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |