Scrub Me
Scrub to be Sexy ~~~
26/08/2025
မြန်မာ့သဘာဝစစ်စစ်ကိုရှာနေတာလား? မြန်မာ့ရိုးရာသင်္ကြန်ပွဲရောက်ရင် လူကြီးမိဘတွေကိုလက်ဆောင်ပေးချင်လို့လား? တစ်ထုပ်ထဲနဲ့ကလေးရောလူကြီးရော တစ်အိမ်လုံးသုံးလို့ရတာမျိုးထဲကပြပေးပါ? ဈေးလဲအများကြီးမသုံးချင်ဖူးနော် . . . ဆိုတဲ့သူတွေအတွက် အရွေးသင့်ဆုံးကတော့ Scrub Me လေးပဲနော်
ဘာကြောင့်ဆို ပါဝင်ပစ္စည်းတွေကလည်း ကင်ပွန်းသီး၊ကြယ်ပဲ၊ ကြိတ်မှန်၊ဇီးဖြူသီး၊မန်ကျည်းစတဲ့ပစ္စည်းတွေကိုမှုန့်နေအောင်ကြိတ်ပြီး ထုတ်လုပ်ထားတာမလို့ တစ်ခြားသော chemicals ပစ္စည်း အရောင်၊အနံ့တွေမပါတဲ့အချက်ကြောင့် လူကြီးရောခလေးပါ အသုံးပြုလို့ရတယ်လို့ပြောရတာပါရှင့်
ရေလေးနဲ့ပဲရောပြီးအသုံးပြုလို့ရတာကြောင့် မသုံးတက်မှာစိတ်ပူစရာမလိုဖူးနော်၊ အထုပ်မှာလည်းအသုံးပြုပုံပါပါတယ်ရှင့်
ဈေးနှုန်းလေးကလဲ 9000 ကျပ်ပဲမလို့ အရမ်းတန်နေပြီနော် 😍
17/05/2025
မြန်မာ့ သဘာဝ scrub
အမှုန့် အညက်လေးနဲ့ နူးညံ့သော texture
နွေမှာ အပူတွေ ရှိန်းကနဲ ထွက်စေမဲ့ benefits
အမဲစက် အမာရွတ် အသားရေ ကြည်ဝင်းစေမဲ့ local made Scrube me 🤎🤎🤎
Price 9000/- ကျပ်ထက် တန်သော ခံစားမှုကိုပေးစွမ်းဖို့ အာမခံပါတယ်နော် 🤎🤎🤎
18/04/2025
ဒီ ဒီဇိုင်းလေးအတိုင်းတောင် ထုတ်ချင်သွားပြီး ကြိုက်လိုက်တာ😍
Scrub Me ရဲ့ပါဝင်ပစ္စည်း ၅ မျိုးနဲ့အတူ အမှုန့်ဖျော်တဲ့
အုန်းမုတ်ခွက်ကလေးပါ ပါလိုက်သေးတယ် 🍂
အပြင်မှာတော့သပ်သပ်စီဝယ်ရပါတယ်နော်
အုန်းမုတ်ခွက် + ဇွန်းလေးပါပါတာက 4000 ✨
Scrub Me လေးက 9000ပါနော် ✨
နှစ်သစ်မှာလည်း ချစ်သော customer များအတွက် အရင်ဈေးလေးအတိုင်းပါပဲရှင့် ❤️
05/03/2025
Customer ရဲ့ ဖေဖေနဲ့မေမေ လေထိထားလို့ …
မီတို့ရဲ့ scrub လေးကို ညဘက်ခြေထောက်တွေတိုက်ပေးတာ သဘောကျကြလို့ review လာပေးတာရှင် 🤎
လေထိထားတာမို့ scrub လေး ခြေဖဝါးပွတ်ပေးတာ အပူအခိုးထွက်တာကြောင့် သဘောကျတယ်ဆိုလို့ ပီတိဖြစ်ရပါတယ် 🤎
အန်တီနဲ့ဦးလဲ ပိုပြီး ကျန်းမာပါစေနော် 🤎
၉၀၀၀/- kyats ထဲနဲ့ ကျန်းမာရေး အကျိုးပြုလို့ သုံကြည့်ဖို့ တိုက်တွန်းပါရစေနော် 🤎
18/02/2025
Scrub me မြန်မာ့သဘာဝ scrub ထဲ ဘာတွေ ဘာပါဝင်လဲ?
ကဲ …. Scrub me ချစ်သူတို့ရေ !!!
မီတို့ သုံးနေတဲ့ scrub me ထဲဘာတွေပါဝင်လဲဆိုတာ သုံးဖူးတဲ့ customer လေးတွေကတော့သိပေမဲ့ မသိသေးတဲ့သူတွေအတွက် ပြောပြပေးခြင်တာပါ
Scrub me ကမြန်မာ့သဘာဝအသီး (၅) မျိုးကိုအချိုးကျစွာပေါင်းစပ်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်၊ ဘာတွေလဲဆိုတော့
🌱 ကြိတ်မှန်
ကြိတ်မှန်ရွက် Eclipta prostrata or Ink Plant ကို များသောအားဖြင့် အနာကျက်ပြီး အမာရွတ်မကျန်အောင် အသုံးပြုကြတာများပါတယ်။
ကြိတ်မှန်ရွက်လို့ဆိုပေမယ့် ကြိတ်မှန်ပင်တပင်လုံးက ဆေးဖက်ဝင်တာပါ။နေလောင်လိုအသားရောင်မညိုဖြစ်တာတွေ၊ဖိနပ်သဲကြိုးရာတွေသိသိသာသာနဲ့ညီလာစေပါတယ်။
🍃 ကြယ်ပဲ
Vit A&E ပါလို့ ကင်ပွန်းသီး မန်ကျည်းသီးမှုန့်တွေကြောင့် ခြောက်သွားတဲ့ အသားအရည်ကို ပြန်လည်စိုပြေစေပါတယ်
အသားအရည်လှပဖို့ အကျိုးပြုတဲ့ ဗီတာမင်A (အေ)နှင့် E (အီး)များစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် ငါးကြီးဆီနှင့် သံလွင်ဆီတွင်ပါဝင်သာ Omega 3.6.9 Omega3 (54%), Omega6 (33%)နှင့် Omega9 (7.2%) အသီးသီးပါဝင်ပြီးတော့ ရေဓာတ်ထိန်းပေးချင်း၊အဆီဓာတ်ပုံမှန်ထွက်ရှိစေချင်း၊ နေလောင်ဒဏ်ကို ကာကွယ်ပေးချင်းနဲ့
ဆဲလ် အသေများကို ပြုပြင်ပေးခြင်းစသည့်အကျိုးကျေးဇူးရရှိစေပါတယ်။
🌿ကင်ပွန်းသီး
ကင်ပွန်းသီးက အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့လည်းရွေးချယ်သင့်တဲ့ သဘာယအလှအပထိန်းသိမ်းရေး ပစ္စည်းတစ်မျိုးပါ။
ကင်ပွန်းသီးက သဘာဝသန့်စင်ဆေးတစ်မျိုးပါ
အရေပြားကိုအေးမြစေပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။( Skin Detox )
အပူအပုတ်ကင်းေစပြီး ရင် ကျောပြင် တို့က ဝက်ခြံ အဆီဖု သက်သာစေပါတယ်အသားမညီညာတာတွေ သက်သာစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေမှာပဲဖြစ်ပါတယ်
အရေပြား sensitive ဖြစ်မှုများကိုလည်းကာကွယ်ပေးပါတယ်
🍃မန်ကျည်းသီး
မန်ကျည်း (Tamarindus indica) (အာရပ်ဘာသာမှ تمر هندي tamar hindi = အိန္ဒိယ date သီး) သည် Fabaceae မျိုးရင်းတွင် ပါဝင်သည်။ Tamarindus မျိုးစုသည် မျိုးစိတ်တစ်ခုတည်းသာ ရှိသောမျိုးစုဖြစ်သည်။
မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။
အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။
အိုမင်းရင့်ရေည်ခြင်းနဲ့ အရေးအကြောင်းတွေကို သက်သာစေတယ်
အသားအရည် နီမြန်းခြင်းကို ကာကွယ်ေပးပါတယ်
🍀 ဇီးဖြူ
ဆီးဖြူပင်သည် အပင်ငယ် သို့မဟုတ် အပင်လတ်စား မျိုးဖြစ်သည်။ ရုက္ခဗေဒအလိုအားဖြင့် 'ဖိုင်လင်သပ် အင်ဗလိကာ'ဟု ခေါ်သည်။ အသီးအရောင်မှာ အဝါနုရောင်ဖြစ်သည်။
အရေပြား ပေါ်တွင် ဖြစ်တတ်တဲ့
ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကိုလည်းသက်သာစေတယ်၊အပူငြိမ်းစေပြီးပင်ပန်းမှုကို လျော့ကျစေပါတယ်
အိုမင်း ရင့်ရော်ခြင်းကို လျော့ကျစေတယ်
အသားညှိပေးတယ် ဆဲလ် အသေများကို ပြုပြင်ပေးပါတယ်
အသီးတွေရဲ့အကျိုးကျေးဇူးတွေကပြောရမယ်ဆိုမကုန်တော့ပါဖူးရှင်🥰✨
Scrub me လေးကအသုံးပြုရတာအရမ်းကိုမှလွယ်ကူပါတယ်၊ အမှုန့်လေးနည်းနည်းထည့် ရေလေးရောတိုက်ပြီး ၂/၃မိနစ်လောက်ထားပေးရုံနဲ့သိသာလာစေမှာပါ၊ တစ်ပက်ကို ၂/၃ကြိမ်အသုံးပြုလို့ရပါတယ်ရှင့်
ဈေးနှုန်းလေးက 9000ကျပ်ပဲနော် ❤️
27/01/2025
သဘာဝမှသဘာဝပဲကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် 100% Natural ဖြစ်တဲ့ Scrub Me လေးရှိပါတယ်နော် 🌸
လူကြီးလူငယ်မရွေးအသုံးပြုလို့ရတာဖြစ်တဲ့အတွက် တမိသားစုလုံးသုံးလို့ ရမှာပါရှင်🫶
Scrub Me မှာက ဓာတုပစ္စည်းမပါဝင်ပဲ 100% Natural Ingredients ဖြစ်တဲ့
🍂 ကင်ပွန်းသီးမှုန့်
🍂 ကြယ်ပဲမှုန့်
🍂 မန်ကျည်းသီးမှုန့်
🍂 ဇီးဖြူသီးမှုန့်
🍂 ကြိတ်မှန်ရွက် မှုန့်တို့ အချိုးညီညီပေါင်းစပ်ထားတာမလို့ ၁ပတ် ၂ကြိမ်မှ၃ကြိမ် တိုက်ပေးရုံဖြင့် အသားအရေးစိုပြေလာပြီး ကြိတ်မှန်ရွက်ပါဝင်တာကြောင့် အမာရွတ်တွေကို တဖြေးဖြေးမှေးမှိန်လာစေမှာပဲဖြစ်ပါတယ် 🥰
Scrub Me မှာအားသာချက်တစ်ခုကတော့ ကြယ်ပဲရဲ့ Vitamin E အစွမ်းကြောင့် တိုက်ပြီးတာနဲ့ အသားလေးကစိုစိုအိအိလေးနဲ့ Smooth ဖြစ်သွားတဲ့ခံစားချက်ကိုရရှိမှာပါနော် 🤩💥
Scrub လေးတိုက်ပြီးသွားရင်တော့ အသားလေးေြခာက်မသွားအောင် oil တစ်မျိုးမျိုး ဒါမှမဟုတ် lotion လေးပြန်လိမ်းပေးဖို့တော့လိုပါမယ်နော် 💗
✨ဈေးနှုန်းလေးက 9000 ကျပ်လေးပဲနော် ✨
22/01/2025
Hello Scrub Me လေးပါရှင့်☘️
Scrub ချစ်သူများအတွက် မြန်မာသဘာစစ်စစ်ဖြစ်တဲ့ Scrub Me လေးမှာပါဝင်ပစ္စည်းကတော့ ကင်ပွန်းသီး၊ကြယ်ပဲ၊ ဇီးဖြူသီး၊ ကြိတ်မှန်၊ မန်ကျည်းတို့ကိုမှုန့်နေအောင်ကြိတ်ပြီးပေါင်းစပ်ထားတာပဲဖြစ်ပါတယ်🍂ဓာတုပစ္စည်းမပါဝင်လို့ သဘာဝအတိုင်းလေးပဲထုတ်လုပ်ထားတာဖြစ်တဲ့အတွက် လူကြီးရောကလေးပါအသံုးပြုလို့ရပါတယ်ရှင့်💖
ကြိတ်မှန်ရွက်ပါဝင်တဲ့အတွက်ကြောင့် ခြင်ကိုက်ဖုကြောင့်ဖြစ်တဲ့အမဲစက်လေးတွေတဖြေးဖြေးမှေးမှိန်လာစေပြီး ကြယ်ပဲက Vitamin A&E ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆဲလ်အသေများကိုဖယ်ရှားပေပြီး ဆဲလ်အသစ်များကိုပြန်လည်ဖြစ်ပေါ်စေတဲ့အတွက်ကြောင့်ဆောင်းရာသီမှာအဖြစ်များတဲ့ အသားခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်💗🌸
ဈေးလေးကလည်း 9000ကျပ်ပါရှင့်💝
Scrub တိုက်ပြီးတဲ့အချိန်တိုင်း lotion or Body oil လေးပြန်လိမ်းပေးဖို့မမေ့ကြနဲ့နော် 🥰🌷
21/12/2024
🎄Christmas promotion 10% off လေးလာပါပြီရှင့်🎀
(၂)ထုပ်ဝယ်ရင် 10%လျော့ဈေးနဲ့ရရှိမှာဖြစ်ပါတယ်🎁
21/22/23 ၃ရက်ပဲရမယ့် promotion လေးမလို့ အမြန်လာမှာထားလိုက်တော့နော်🤩
Scrub Me လေးက မြန်မာ့သဘာဝစစ်စစ်ဖြစ်တဲ့ ကြိတ်မှန်၊ဇီးဖြူ၊ကြယ်ပဲ၊မန်ကျည်း၊ကင်ပွန်းစတဲ့သဘာဝအသီးေတွကိုအမှုန့်ကြိတ်ပြီးထုတ်ထားတဲ့ Local made ဖြစ်ပြီး လူကြီးလူငယ်မရွေးအသုံးပြုလို့ရပါတယ်ရှင့် 🥰
🍂ဈေးနှုန်းလေးကတစ်ထုပ် 9000ကျပ်ပါ 🍂
29/11/2024
Scrub me ဆိုတဲ့ scrub လေးအကြောင်း ရီဗျူးပါ
တန်ဆောင်းတိုင် လက်ဆောင်လေးလဲပါပါတယ် ❤️🎆
Made in Myanmar local brand လေးကထုတ်တဲ့
ကင်ပွန်းသီး / မန်းကျည်းသီးနဲ့ တခြား
သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတာလေးပါ
သူကလေ ပုံမှန်တခြား scrub တွေလိုပါပဲ
ဘာကွာလဲဆို သူ့အထုပ်ထဲမှာအမှုန့်နဲ့လာတာပါ
အနံကလဲ မန်းကျည်းသီးလို ကင်ပွန်းသီးလိုအနံလေးပါ
ကိုယ့်ဘာကိုသုံးခါနီးမှရေနဲ့ပြန်ဖျော်စပ်သုံးရုံပါပဲ
အုန်းမှုန်ခွက်နဲ့ use ရတာလေးကို သဘောကျလို့ဝယ်လိုက်တာ
အုန်းမှုန်ခွက်ထဲ ရေထည့် scrub အမှုန့်ထည့်
အဆင်ပြေသလိုအနေအထားနဲ့ရောသုံးရုံပါပဲ
အုန်းမှုတ်ခွက်ကသပ်သပ်ဝယ်ရတာပါ
သူတို့ page မှာပါပဲ
မဝယ်ပဲကိုယ့်ဘာကိုအိမ်ကရှိတဲ့ခွက်နဲ့သုံးလဲရပါတယ်
ကိုယ်ကတော့ ဒီအုန်းမှုတ်ခွက်လေးနဲ့သုံးရတာ
Childhood life ကိုပြန်သတိရလို့
သူ့တို့ idea လေးကိုအရမ်းသဘောကျတာပါပဲ
ရေချိူးရင် ဒါလေးထဲထည့်ရေဖျော်သုံးရတာ
မသိရင် ဆော့နေရသလိုပါပဲ
သူ့ scrub အထုပ်ကလဲ အမှုန့်နဲ့မလို့
ပုံမှန် scrub တွေထက်ပိုအသုံးခံတယ်ရယ်
အုန်းမှုတ်ခွက်နဲ့သုံးရတာကိုသဘောကျတဲ့အပြင်
သူ့အာနိသင်ကိုလဲ တော်တော်ကြိုက်သွားလို့
အခုလိုရီဗျူးလေးဖြစ်သွားတာပါ
Scrub ဆို ၄-၅၀၀၀ တန်ကနေစ
၄-၅၀၀၀ တန်အထိသုံးဖူးပါတယ်
Scrub ကြိုက်သူမလို့ ကိုယ့် ရေချိူးခန်းထဲ
အမြဲတံဆိပ်အစုံ ၄-၅ ဘူးရှိပါတယ်
ဘယ် scrub သုံးသုံး အသားရေမညီတာ နေလောင်တာတွေသက်သာပေမဲ့
ပေါင်ကြားမဲတာတော့ မသက်သာပါဘူး
တိုက်လဲတိုက်တာပဲ သိပ်အဲ့နေရာကမထူပါဘူး
ဒီဟာကို အခုမှ သုံးတာ ၅ ခါလောက်ပဲရှိသေးတယ်
ပေါင်ကြား ပေါင်အတွင်းသားက သူ့မသုံးခင်ကတော်တော်ကိုမဲနေတာပါ Lotion မတည့်တာသုံးမိပြီး
တအားမဲပြီးဆိုးနေတာပါ
အဲ့အချိန်စိတ်လျော့ပြီး scrub တိုက် Vaseline serum or s&g body cream ပဲ လိမ်းနေကျပဲလိမ်းပြီး
ဖြည်းဖြည်းချင်းပြန်ဖြူအောင်လုပ်မယ်လို့တွေးထားတာ
အခုသုံးနေတာ ၅ ခါမြောက်ပါ အဲ့ပေါင်အတွင်းသား
မဲတာက တအားသက်သာလာပါတယ်
ကိုယ့်ဘာကိုတောင် မယုံနိုင်ဘူး
တကယ်ကြီးကို အမဲတွေလျော့လာတာ
ပေါင်သားမဲနေရင် သုံးကြည့်ဖို့ recommended ပါတယ်
တစ်ထုပ်မှ ၇၀၀၀ လောက်ပဲရှိတာပါ
ပြီးတော့လေ လူတစ်ကိုယ်စိတ်တစ်မျိူးပေါ့နော
ဘာ scrub ဘယ်လောက်ကောင်းတာသုံးသုံး
သုံးပြီးတာနဲ့ ချွဲသလိုခံစားရလို ဆပ်ပြာနဲ့အမြဲတစ်ထပ်ပါးပါးပြန်ချိူးနေကျပါ
ဒီဟာနဲ့လေ လုံးဝ အဲ့လို ချွဲပြီးကျန်ခဲ့သလို
Feel မခံစားရဘူးရယ်
အသားကိုစိုစိုအိအိလေးကျန်ခဲ့တယ်
သူသုံးပြီး ရေလောင်းချ ပြီးရင် body cream or lotion လိမ်းပြီးရင် အသားကစိုအိပြီး ကိုက်စားချင်စရာလေးကိုဖြစ်သွားတာ
အသားခြောက်တတ်သူတွေနဲ့
အခုလိုဆောင်းတွင်းဘယ်လိုနေနေအသားပတ်ခြောက်တဲ့အချိန်မှာ ကွက်တိကျမဲ့ scrub လေးပါ
ဈေးကလဲလူတိုင်းသုံးနိုင်တဲ့ budget save ဖြစ်တာလေးမလို့လေ တစ်ထုပ်လောက် try ကြည့်ပြီးကြိုက်သွားမှာ 🧡
Review credit : Ar Po (group post အား ခွင့်တောင်းပြန်ကူးတင်ပါတယ်)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
48th Street
Yangon