Hanuman Product Myanmar Distribution

Hanuman Product Myanmar Distribution

Share

Hanuman(ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ)
လက်လီ၊လက်ကားဖြန့်ချိသည်။
ဆက်သွယ်ရန်09 422254658

22/01/2025

ကျန်းမာရေးညီညွတ်စေရန် ဂျင်းပြုတ်ရည်နေ့တိုင်းသောက်ပါ

ဂျင်းကို ၁၀ ခြမ်းခန့်လှီးပြီး ရေ ၁ လီတာဖြင့် ပြုတ်ပါ ရလာတဲ့ဂျင်းပြုတ်ရည်ကို ဖန်ခွက်ထဲလောင်းထည့်ပြီး သံပရာသီးတလုံးကို ပါးပါးခြမ်းပြီး ဂျင်းပြုတ်ရည်ထဲ ၃ မိနစ် ခန့်စိမ်ထားပြီးရင် ဂျင်းပြုတ်ရည်နွေးနွေးလေးကို မနက်အိပ်ယာထတိုင်း နေ့စဥ်ပုံမှန်
ကော်ဖီတခွက်စာဖြင့် သောက်ပေးပါက အဆီတွေ လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာကျန်နေတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ် အစာခြေစနစ်ကိုအထောက်အကူပြုပေးပြီး အအေးမိခြင်း နှင့်လည်ချောင်းနာခြင်းကိုလည်းသက်သာစေတယ် ဆဲလ်များယိုယွင်းမှုကို နှေးကွေးစေတယ် လုပ်ရလည်းလွယ်ကူတာမို့ စမ်း​သောက်ကြည့်နော်

Crd

11/01/2025

တနေလုံးသွားလာလှုပ်ရှားနေရလို့ ခြေထောက်တွေနာနေပြီလား❓

အညောင်းအညာပြေ ပြီး ခြေဖဝါးက အပူတွေ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကိ စွန့်ထုတ်ပေးမဲ့
✅ ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ ရှိတယ်နော်

ဆေးကပ်ခွာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များ တနေကုန် သွားလာလှုပ်ရှား ပင်ပန်းနွမ်းနယ်ခြင်းတို့အတွက် ညအိပ်ယာဝင်ခါးနီး ခြေဖဝါးမှာ ဆေးကပ်ခွါကို ကပ်ပေးခြင်းဖြင့် ညောင်းညာ ကိုက်ခဲခြင်းကို သက်သာစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်

ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာကို အသုံးပြုခြင်းအားဖြင့် ရရှိလာမဲ့အကျိုးကျေးဇူးများကတော့

ကြွက်သားများ တောင့်တင်းခြင်းကို ဖြေလျော.ပေးခြင်း
အပူအပုပ်များ ကင်းစေခြင်း
သွေးလည်ပါတ်မှုစနစ်ကို ကောင်းမွန်စေခြင်း
တကိုယ်လုံး ညောင်းညာကိုက်ခဲခြင်းကို လျော့ချပေးပြီး
ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းစေပါတယ်ရှင်

- အမြို့မြို့အနယ်နယ်မှာ တွင်ကျယ်စွာရောင်းချနေပြီဖြစ်ပါတယ်။

Hanuman Foot Patch
ဗူးသစ် -23500ks
ဆေးကပ်ခွာ ၁၀ခုပါဝင်ပါသည်
Aroma Massage Oil
20 ml တစ်ဗူး 23500ks
#နည်းစနစ်မှန်ဖို့helloပါရှင့် #ဟာနုမန်ဆေးကပ်ခွာနဲ့ဆေးလိမ်းဆီ #လက်လီလက်ကားပြည်တွင်းပြည်ပပို့ပေးသည်
#ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာ
#လက်လီလက်ကားဖြန့်ချီရေး
#အိမ်ရောက်ငွေချေ

09-422254658

11/12/2024

မြန်မာနိုင်ငံမှာ ဆေးဝါးစျေးတွေ ကြီးမြင့်နေ တဲ့အချိန်မှာ လေမဖြတ်အောင် သွေးမခဲ အောင်သွေးမပျစ်ပဲ သွေးကျဲအောင် ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝ အစားအစာဖြစ်တဲ့ ကြက်သွန်ဖြူ ကင်ပွန်းချဉ် ဆနွင်း သံပုရာ စားသုံးပေးခြင်း လမ်းလျောက်လေ့ကျင့်ခန်းလုပ်ခြင်း ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

လူတိုင်း လေဖြတ်နိုင်ပါတယ်..ဘာလို့ ဖြတ်တာလဲဆိုရင် သွေးခဲရင် လေဖြတ်ပါမယ်...

ကြက်သွန်ဖြူစားတယ်၊ ရေနွေးသောက်တယ်၊ ခြေသလုံး လေ့ကျင့်ခန်းလုပ်တယ်... စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။ သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။

အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ် ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ်ရောဂါ ကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးက လွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီး ရုတ်တရက်ဆုံးနေကြပါတယ်။ အဲဒီလို သွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။

သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေ သောက်ကြရတယ်။ ဒါကြောင့် သွေးကျဲဆေးတွေက ဈေးတွေ မိုးပေါ်ရောက်သွားတယ်။

လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင် လုပ် လို့ မရဘူးလားတဲ့...
ရပါတယ်...သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့ နည်းကို အခု ပြောပြပါမယ်။

သေချာမှတ်ထားနော်....
သွေးကျဲအောင် သွေးကျဲဆေးလိုပဲ
သဘာဝက ပေးနိုင်တာကတော့...

ကြက်သွန်ဖြူ ဖြစ်ပါတယ်.....
ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါ တစ်ခုဖြစ်တဲ့ ပုလိပ်ရောဂါကိုလဲ ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးရပါမယ်....

သဘာဝက သွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။

အဲဒါကတော့ နနွင်းဖြစ်ပါတယ်... နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေ စုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါ မွာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။

နောက်တစ်ခုကတော့ သံလွင်ဆီ ဖြစ်ပါတယ်...ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။

သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေ:ပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှ သွေးကကျဲလာတာဖြစ်တယ်။
ဒါကြောင့်... တစ်နေ့ကို ရေ ၄-လီတာလောက် သောက်ရမယ်...ရေခပ်နွေးနွေး သောက်တာ အကောင်းဆုံးပါပဲ...

သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။ အချဉ်ဓါတ် စားပေးရင်သွေးကျဲတယ်။ ဒါကြောင့် သံပုရာရည် ချဉ်ချဉ်လေး သောက်ပေးဖို့ကောင်းတယ်။

အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာတော့ ကင်ပွန်းချဉ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။အားကောင်းဖို့အတွက်ကတော့

သွေးထဲမှာ ရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကို သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေ နည်းနေရင်လဲ သွေးက ပျစ်တတ်တယ်။

သွေးသည်းခြေဓါတ် အခါးကြွယ်ဝတဲ့ ကြောင်လျှာ၊ ခွေးတောက်၊ ငရုတ်ခါး၊ဆင်တုံးမနွယ်၊ ရဲယို၊ ဒန့်သလွန်တွေ စားပေးသင့်တယ်။ အခါးစားမှလဲ ဝါယောအားကောင်းပြီး သွေးလည်ပတ်မှု မှန်မှာ ဖြစ်တယ်။

အထိုင်များ အအိပ်များရင် သွေးလေးပြီး သွေးခဲတတ်ပါတယ်...ဒါကြောင့်
လမ်းလျှောက်ပေးရမယ်...လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။ခြေသလုံး၂-ခုဟာ ဒုတိယနှလုံးတွေ ဖြစ်တယ်။ ခပ်ဖြည်းဖြည်း
လျှောက်ပါ....

သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။

သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ ဒီလိုပဲ ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် လေဖြတ်ပီး သေရမဲ့ ဘေးကနေ
ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

#ဟာနုမာန်တိုင်းရင်းဆေး

03/10/2024

💗ကိုယ်ခံအားကို မြင့်တက်​စေသည့် ကြက်သွန်နီသံပုရာသီးဆမ်းစားခြင်း💗
=================================

ကိုယ်ခံအားကို မြင့်တက်စေတဲ့အပြင် သွေးတိုး၊ဆီးချိုနှင့် အာရုံကြောအားနည်းပြီး ကိုယ်လက်ထုံကျဥ်တာတွေပါ သက်သာစေပြီး သွေးတွင်းအဆီများခြင်းကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောကျဥ်းရောဂါ အတွက်ပါ ကောင်းမွန်စေပါတယ်

ကြက်သွန်နီသံပုရာဆမ်းနဲ့ပတ်သက်ပြီးကောင်းကျိုးလေးတွေကို ဖော်ပြပေးချင်ပါတယ်။ကြက်သွန်နီ သံပု ရာဆမ်း အချဉ်ကို ထမင်းနဲ့ စားစား ဘာနဲ့ စားစား များများစာပေးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးများစေပါတယ်။ အလွန်ရိုးရှင် ပြီး လုပ် ရ လွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်း တမျိုးဖြစ်တဲ့ ကြက်သွန်နီ သံပုရာ ဆမ်း ပြုလုပ်ပုံလေးကတော့..

၁။ ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

၂။ ပုံထဲက အတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေး ပါနဲ့။

၃။ ကြက်သွန်နီပေါ်ကို သံပုရာသီး ညှစ်ထည့် ပါ။

၄။ ချိုတဲ့ အရသာ ပေါ်လာပါမည် ။ မွန်တဲ့ အနံ့များ ပျောက် သွားမည်။

၅။ ၎င်းကြက်သွန်နီ သံပုရာ ဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့် သော် ၎င်း၊ အခြား အစားအစာများနှင့် သော်၎င်း တွဲစားနိုင် ပါသည်။ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကျန်းမာရေးကောင်းမွန်ပြီး ချမ်းသာသုခ ရရှိနိုင်ကြပါစေ။

#အာရုံကြောအားနည်းသူတွေအတွက်
#​ရွှေရုပ်သွင် အာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ကြောအား​ဆေး

30/09/2024

Hanuman Aroma Massage Oil
----------------------------------------------

Massage Oil ကို သာမန် လိမ်းဆေး ဆီ တခု ဖြစ်ပြီး စျေးကြီး နေ တယ် လို့ ထင်ရင် သင်တို့ မှား သွား ပါလိမ့် မယ် ‼

Massage Oil မှာ ရွှေ နဲ့ တန်ဖိုး တူ AgarWood ( သစ်မွှေးဆီ) ပါ ထည့် ပေး ထားတာဖြစ် ပါ တယ် 💯

တရုတ် ဆေးနည်း ပညာ မှာ သူ့ ကို ရနံ့ ကုထုံး အနေ နဲ့ အသုံးပြု လေ့ရှိ ပါ တယ် .. သူ့ အနံ့ က
ခန္ဓာ ကိုယ် အတွင်း organ အတွက် Qi ဓာတ် ကို လှုံ့ ဆော် ပေး တယ်. ( Qi = Life energy)

လိမ်းဆေးဆီ အနေ နဲ့ အသုံးပြု မယ် ဆိုရင်

☘ ကြွက်သားတင်းရင်းမှုကို ပြေလျော့စေတယ်
☘ နာကျင်ကိုက်ခဲ မှု ကို သက်သာစေတယ်
☘ အဆစ်ရောင် ကို သက်သာစေတယ်
☘ ရောင်ရမ်း ခြင်း ကို ကျ စေ တယ်
☘ အသက်ရှုလမ်းကြောင်း မှာ ကပ်နေ တတ်တဲ့
ချွဲသလိပ် ကို ပျော် ကျ စေ တယ်
☘ စိတ်ဖိစီးမှု ကို လျော့ ကျ စေ တယ်
☘ နှလုံး သွေးလှည့် ပတ်မှု ကို ကောင်း စေ တယ်

🔥 ဒီ ဆေးဆီ တမျိုး တည်း နဲ့ တင် 1 သောင်းကျော် ပမာဏ က အရမ်း တန် နေပါ ပြီ 😇

Millionaire သူဌေး တွေ တောင် အိပ်ခါ နီး စိတ်ဖိစီးမှု လျော့ စေဖို့ Aroma Threapy အနေ နဲ့ အမြဲ သုံးလေ့ ရှိ တယ် ( သစ်မွှေးဆီ
ရေးမွှေး) သုံး တာ ပါ 😱



☎️09422254658

30/09/2024

ဘာကြောင့် ခါးကြောတင်းတာက နာရီဝက်တွင်းသိသိသာသာသက်သွားလည်းဆိုတဲ့အဖြေက
ဒီမှာကို ...😱

သူ့ထဲမှာ တခြားလိမ်းဆီတွေမထည့်နိုင်တဲ့
သဘာဝတိုင်းရင်းဆေးအဆီအနှစ်တွေထည့်ထားတာပဲ 🙊
သစ်မွှေးဆီ.... အပြင်ကို မှ

Jewel vine - #မိကျောင်းနွယ်အပင်ဆီ
- အဆစ်အမြစ်တွက် အထူးကောင်းတယ်
- ခါးအောက်ပိုင်းအတွက် သင့်တော်တယ်

Crptolepis dubia - #အိန္ဒိယသွေးဆေးပင်ဆီ
- ညိုမဲစွဲတာအတွက်ကောင်းပြီး ကြွက်သားတောင့်တင်းတာ သက်သာစေတယ်

Tumeric - #နနွင်းဆီ
- ယားယံမှုတွက်သက်သာစေတယ်
- အနာကျက်စေတယ်

🙈 ဒီလိုတွေပါထားလို့ အထိုင်များလို့ခါးတောင့်နေတဲ့ကျမ ခနလေးတွင်းသက်သာမှုရစေတာပေါ့ ကျေနပ်တယ်လေ

1pcs -23500ကျပ် (20ml)

Photos from Hanuman Product Myanmar Distribution's post 29/09/2024

ဒါတွေမကြံဖူးရင်မိန်းကလေးမဟုတ်ပါ

အလုပ်ကပြန်လာချိန် စိတ်တွေပျော်မြူးပြီး အရင်ကထက် ပိုသွက်လက်တက်ကြွနေတယ်

မင်မင်ကိုယ်တိုင်အံ့ဩနေတာပေါ့
ငါဘာလို့ ဒီလိုတွေဖြစ်နေပါလိမ့်

ဒီရက်မတိုင်ခင် အမြဲတမ်းစိတ်တိုဒေါသထွက်ပြီး
ပေါက်ကွဲနေတဲ့သူက

26/9/2024ရက်နေ့ကအရမ်းကိုထူးခြားနေပါတယ်

ညနေ5နာရီမှသိလိုက်ရတာက
သူလာဖို့အစပျိုးနေပြီလေ။

အဆင်ပြေမယ်ထင်တာနဲ့ပြင်ဆင်မှုမလုပ်ဘဲနေလိုက်ပါရဲ့

အလုပ်လဲနည်းနည်းပါးတာနဲ့10နာရီပဲရှိသေး်
အိပ်ယာဝင်လိုက်တယ်

တရေးနိုးလာတော့နာကျင်ကိုက်ခဲမှုဒဏ်ကကြီးစိုးနေတယ်

ကြိတ်မှိတ်သည်းခံနေပေမယ့်မိုးလင်းထိမအောင့်နိုင်လို့
3နာရီ45မိနစ်မှာထပြီး အိမ်သာထဲဝင်လိုက် ထွက်လိုပ်လုပ်နေရတယ်။
သည်းမခံနိုင်တဲ့အဆုံးမင်မင်ရောင်းတဲ့
ာနုမာန်လိမ်းဆေးအဆီလိမ်းပြီး
အိပ်ယာထဲပြန်လှဲအိပ်
ခဏနေတော့သက်သာစပြုလာတယ်

တစ်လတစ်ခါဓမ္မတာလာချိန်တိုင်းကိုက်ခဲနေရင်
ိုင်းရင်းဆေးကပ်ခွာ(သို့မဟုတ်)လိမ်းဆေဆီသာဆောင်ထားပါရှင်

နောက်ပြီး အချုပ်စာတွေစားတာရှောင်ပါ။(ရာသီလာခါနီးရက်ပိုင်း)

29/09/2024

မကြာမီ ရောက်ရှိတော့မယ့်
သီတင်းကျွတ်အခါသမယလေးးမှာ 🎉🎉🎉

လူကြီးမိဘ၊ဆရာသမားးတို့ကို ဂါရဝပြုကန်တော့ဖို့
အသင့်တော်ဆုံးး ကျန်းမာရေးးလက်ဆောင်မွန်

Hanuman တိုင်းရင်းဆေးကပ်ခွာနဲ့ လိမ်းဆေးအဆီလေးကို သတိရလိုက်ပါနော် 🙏🙏🙏

22/09/2024

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Credit... Original writer

09/09/2024

Hanuman ကပ်တာ ရင်ကြပ်တာ သက်သာ ဆို ❓❓❓

အဆုပ်ထဲ မှာ အပူ တွေ အရမ်း များ မယ် / ချွဲ သလိပ် တွေ ထ မယ် / လေပြွန် တွေ ကျဉ်း နေမယ် ဆိုရင် ရင်ကြပ် တာ တွေ ဖြစ်တတ် ပါ တယ် 💯

✨ ဆေး ကပ်ခွာ မှာ ပါတဲ့ လေးညှင်း ၊ ကြက်သွန်နီ ၊ ကတ်ဆမူနာဂျင်း တို့ကြောင့် ချွဲ သလိပ်ပျော် စေ ပြီး အပူ ကို စုပ် ထုတ်ပေး တဲ့ အတွက် ကြောင့် သက်သာ စေ ပါ တယ်

အဆုပ် နေရာ တိုက်ရိုက်ကပ်လို့ ရလား ❓
✨ ကပ်လို့ ရ ပါ တယ်

အခြား ဘယ်နေ ရာ ကပ်လို့ ရသေး လဲ ❓
✨ တရုတ်တိုင်းရင်းဆေး ပညာ အရ ခြေဖဝါး မှာ အဆုပ် အင်္ဂါ ကို ထောက်ပံ့ ပေး တဲ့ point နေ ရာ ကပ်ပေး လို့လဲရပါတယ်

မှတ်ချက် ။ ဆီကြော်စာ. ချွဲထ စေတဲ့ အစာ တွေ ရှောင် ပေး ရပါ မယ်
Crd



09422254658 or cb

03/09/2024

အကြောညပ်ရောဂါ သက်သာပျောက်ကင်းစေဖို့ ဖတ်ကြည့်ပါ
____________

အကြောညပ်ရောဂါသည် ကိုယ်ခန္ဓာ၏ အောက်ပိုင်း ခါး ပေါင် နှင့် ခြေသလုံး တို့တွင်ခံစားရလေ့ရှိပါသည်။ အကြောညပ်ရောဂါသည် အလွန်ခံရခက်သည်။

၂၄နာရီပါတ်လုံးခံစားနေရသည်တော့မဟုတ်ပါ အကြောက အညပ်ခံရလိုက် ပြန်လွတ်သွားလိုက်ဖြစ်ဟန်ရှိပါသည်။ အကြောညပ်ဝေဒနာ ခံစားနေရချိန်တွင်အနေခံခက်လှသဖြင့် စိတ်ဓာတ်ပင်ကျချင်လာတတ်သည်။

အကြောညပ်ဝေဒနာ မသက်မသာဒုက္ခခံစားနေရရာက အကြောညပ်ခြင်းမှ ပြန်လွတ်သွားသောအခါ ခံစားရသောသုခသည် အလွန်ပင်တန်ဘိုးရှိကြောင်း ခံစားသိရှိမိတော့သည်။

(ဒါ့ကြောင့်ပင် ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟု
ဆိုကြရပါသည်)

ယခုဆက်လက်၍ ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရသော အကြောညပ်ဝေဒနာ သက်သာပျောက်ကင်းခဲ့ရပုံကို ကုသိုလ်ပြုပါမည်။ တစ်ခုတော့ပြောလိုသည် လွယ်လွန်းပြီး ငွေမကုန်ရသဖြင့် တန်ဘိုးမရှိထင်ကာ တန်ဘိုးမသိဖြစ်မှာတော့ စိုးရိမ်မိသည်။

"လက်တွေ့ပျောက်ကင်းခဲ့သောလေ့ကျင့်နည်း "

လိုအပ်သောပစ္စည်းမှာ တစ်ကိုက်( ၂ တောင်)ခန့်ရှိသော ကြိုးတစ်ချောင်းမျှသာဖြစ်ပါသည် ပီနံကြိုး(ပလပ်စတစ်ကြိုး)ဖြင့်လည်း ရပါသည်။

၁။ ။ ၄င်းကြိုးကို ပုံတွင်ပြထားသည့်အတိုင်း အဖြားနှစ်ဖက်ဆက်ချည်၍ ကြိုးကွင်းလုပ်လိုက်ပါ

၂။ ။ မွှေ့ယာအထူအခင်းမပါသော ခုတင်ပေါ်တွင် ပက်လက်အိတ်ပါ

၃။ ။ ခြေနှက်ဖက်ကို ပုံတွင်ပြထားသည့်အတိုင်းကားထားပါ(ခြေဖဝါးအဖျားပိုင်းသည် အပြင်ဘက်ကိုလဲ၍နေတတ်ပါသည်)

၄။ ။ ထိုသို့မဖြစ်စေရန် ပုံတွင်ပြထားသည့်အတိုင်း ခြေဖျားပိုင်းနှစ်ဖက်ကို ကြိုးကွင်းဖြင့်သိုင်းထားရပါသည်(ခြေရင်းဘက်မှကြည့်လျှင် ပုံပြပါအပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ)

၅။ ။ ဘေးဘက်မှကြည့်လျှင်လည်း ပုံပြပါအတိုင်း ခြေဖဝါးနှစ်ဖက် မတ်မတ်ထောင်နေပါစေ။

၆။ ။ ထိုသို့နေရသည်မှာ အလေ့အကျင့်မရသေးက အနည်းငယ်အခံခက်ပါသည်(ကြိုးစား၍လေ့ကျင့်ပါ)

၇။ ။ ထိုအနေအထားအတိုင်း ၂ နာရီခန့်နေလိုက်ပါက ညပ်နေသော ခါးကြော ပေါင်ကြောများ အညပ်လွတ်ခါ အကြောညပ်ဝေဒနာ သက်သာလာသည်ကို လက်တွေ့ခံစားရပါသည်။



၈။ ။ ထိုအနေအထားအတိုင်း အိတ်ပျော်သွားပြီး ၂ နာရီထက် ပိုကြာလျှင် ပိုကောင်းပါသည်(အိတ်ယာမှနိုးလျှင် ခန္ဓာကိုယ် အပေါ်ပိုင်းမှစ၍ ဘေးဘက်သို့ စောင်းငဲ့ကာလှုပ်ရှားလိုက်လျှင်တောင့်တင်းနေသောခြေနှစ်ဖက် လည်း အဆင်ပြေသွားပါသည်

၉။ ။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ အောင်မြင်အောင် လုပ်ကြည့်ပြီးလျှင် ဤလေ့ကျင့်ခန်း၏ တန်ဘိုးသိရပါလိမ့်မည်။

၁၀။ ။ အခါအားလျှော်စွာ ဆက်လက်လေ့ကျင့်ပါက အကြောညပ်ဝေဒနာ လုံးဝပျောက်ကင်းနိုင်ပါသည်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

Photos from Hanuman Product Myanmar Distribution's post 30/08/2024

ငွေကြေးဖောင်:ပွနေတယ်သာပြောတာ ငါ့ပိုက်ဆံအိတ်ကြည့်လိုက်ရင် အချိန်တိုင်းပြာ:ကပ်နေတာဘဲ...🥴

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon