Khin Online Shop
အလှအပနှင့် ကျန်းမာရေးအတွက်
# Viber / 09758382478 #
06/10/2023
😢😢😢
ကိုယ်မှ ကိုယ်ဖြစ်နေတဲ့
သူကို ရှာရင်း
ကိုယ်မရှိလည်း
ဖြစ်တယ်ဆိုတဲ့ လူတွေချည်း
တွေ့ခဲ့ရတယ် ။
#ကျေးကို
06/10/2023
04/10/2023
မှီခိုတဲ့ ...
တစ်စုံတစ်ယောက်အပေါ်
မှီခိုနေရခြင်းတွေ
တစ်ယောက်ယောက် မျက်နှာကို
ကြည့်ပြီး
ရှင်သန်ရခြင်းတွေက
တစ်ခါတစ်လေ
အသက်ရှူနေရုံလောက်ပဲ
ရှိနေတော့တာပါ ...
တစ်ခါတစ်လေမှာ
ကိုယ် လုပ်နိုင်ခြင်းတွေ
ဆုံးရှုံးရတယ်
တစ်ခါတစ်လေမှာ
ကိုယ့် ဖြစ်တည်ခြင်းတွေ
ပျောက်ဆုံးရတယ် ...
အိပ်မက်တွေ
ပန်းတိုင်တွေ
ရည်မှန်းချက်တွေ
ပြိုလဲပျက်စီးရတာတော့ အခါခါပေါ့ ...
တစ်စုံတစ်ယောက်ရှိလာမယ်ဆိုရင်တောင်လေ
ကျွန်မ ...
ကိုယ့်ခြေထောက်ပေါ်ပဲ
ကိုယ်ရပ်နေချင်တယ် ...
အဲ့ဒီတစ်ယောက်က
ကိုယ့်လမ်းကို ပိတ်ထားမယ့်
လူမျိုးမဟုတ်ပဲ
ကျွန်မနဲ့ လမ်းအတူလျှောက်မယ့်
လူစားမျိုးပဲ ဖြစ်စေချင်တယ်
တချိန်က ...
ပိုင်ဆိုင်ခဲ့ပါတယ်ဆိုတဲ့
အရာအားလုံး ပျောက်ရှခဲ့ပြီးသွားပြီ ...
ဒီရှေ့လျှောက်တော့
ကျွန်မ ...
ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်ချင်တယ် ။
#ကျေးကို
03/10/2023
အတွေးလွန်ခြင်းကို ဘယ်လိုလျှော့ချမလဲ
**************************************
၁ ။ အလုပ်များအောင်နေပါ ။
အလုပ်ရှုပ်နေလေလေ၊ အလုပ်လုပ်စရာ ရှိနေလေလေ ဒီအတွေးတွေက မဖြစ်လာနိုင်ပါဘူး။ အလုပ်အများကြီး လုပ်ထားရတော့ ညဆို ပင်ပန်းပြီး အိပ်ချင်လာရင်လည်း ညဘက်ထိ တွေးမနေနိုင်တော့ပါဘူး။ အလုပ်များများပြီး လာရင်လည်း ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။
၂။ လက်ရှိမှာ နေထိုင်ပါ ။
မဖြစ်လာသေးတဲ့ အရာတွေအတွက် တွေးပြီး စိုးရိမ်မှုရှိနေတာ ၊ ဖြစ်ပြီးသွားတာတွေအတွက် ပြန်တွေးပြီး လိုက်ပူနေတာတွေက အတွေးလွန်ခြင်းရဲ့ အဓိက တရားခံတွေပါ ။ လက်ရှိမှာ ကိုယ် ဘာလုပ်နေလဲ ၊ ဘာလုပ်ရမလဲ ဆိုတာပဲ တွေးပြီး နေထိုင်ပါ ။ အတိတ်နဲ့ အနာဂတ်က ကိုယ်လိုက် ပြောင်းလဲလို့ မရပါဘူး ။ လက်တွေ့ကသာ ပြောင်းလဲနိုင်တာပါ ။
၃။ Horror Movie တွေ ကြည့်တာ လျှော့ပါ ။
Monica ဆို သရဲတွေ ၊ သွေးတွေ မကြောက်တတ်ပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အိမ်ကမသိအောင်တောင် ခိုးကြည့်ပါတယ် ။ ဘာတွေဖြစ်လာလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုသေမှာလဲဆိုပြီး ကြောက်လာတာပါ ။ အဲဒီဇာတ်ကားတွေရဲ့ လွမ်းမိုးမှုက ကိုယ်တစ်ယောက်တည်းသာမက မိသားစုကိုလည်း ပိုစိတ်ပူပြီး ညဘက်ဆို အိပ်မပျော်ပါဘူး ။ အဲဒါကြောင့် အရမ်းကြိုက်ရင်တောင် လျှော့ကြည့်ကြပါ ။
၄။ တစ်ယောက်တည်း မနေပါနဲ့ ။
စကားများများ ပြောပါ ။ များများ hangout လုပ်ပါ ။ သူငယ်ချင်း အများကြီး ထားပါ ။ သူတို့နဲ့ စကားပြောပြီး ပျော်နေရတာက ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို လျော့နည်းစေပါတယ် ။ စိတ်ညစ်ရင်တောင် ဖွင့်ပြောလို့ရတာမို့ တစ်ယောက်တည်း ရှိနေရင်တောင် အတွေးတွေ မဝင်လာနိုင်ပါဘူး ။
၅။ အလုပ်သေးသေးလေးတွေ ထလုပ်ပါ ။
အခန်းထဲ နေနေမယ့်အစား ၊ ဖုန်းသုံးနေမယ့်အစား တံမြက်စည်း ထလှည်းတာ ၊ သန့်ရှင်းရေး ထလုပ်တာ အဲဒီလို အိမ်မှာလုပ်နိုင်တဲ့ အလုပ်တွေ လုပ်ပါ ။ အိမ်နားက ဆိုင်မှာ မုန့်သွားဝယ်တာ ၊ ဓာတ်ပုံထွက်ရိုက်တာ စသည်ဖြင့် အိမ်ထဲမှာ ၊ အခန်းထဲမှာ အမြဲမနေဘဲ လှုပ်ရှားမှုလုပ်ပါ ။
၆။ ကြောက်စရာကောင်းတဲ့ စာတွေ မဖတ်ပါနဲ့ ။
Facebookမှာ တင်ထားတဲ့ Uncover ပုံတွေ ၊ videoတွေကို ဖွင့်မကြည့်ပါနဲ့ ။ ကြောက်စရာကောင်းလို့ coveမထားတာကို သွားပြီး မဖွင့်ကြည့်နဲ့နော် ။ ပြီးတော့ သရဲအကြောင်းတွေ ၊ စိတ်ကို ချောက်ချားစေတဲ့ စာတွေဆိုရင် မနက်ကျမှ ဖတ်ပါ ။ ပြီးရင် ညကျ ပြန်မတွေးနဲ့နော် ။
၇။ အတွေးတွေကို ပြောင်းပါ။
မဖြစ်နိုင်တာတွေ ၊ စိုးရိမ်နေတာတွေကို တွေးမယ့်အစား ငါ ဘာဖြစ်ချင်လဲ ။ စာကို ဘယ်လိုရအောင်လုပ်မလဲ ။ ရည်မှန်းချက်ပြည့်အောင် ဘာတွေလုပ်မလဲ စတဲ့ လက်တွေ့မှာ လုပ်ရမယ့် အတွေးတွေကို တွေးပါ ။ အချိန်မဆွဲနဲ့ ။
တစ်ခုခု လုပ်တော့မယ် ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အချိန်တစ်ခုထိပဲ စဉ်းစားပါ ။ လိုတာထက် ပိုစဉ်းစားရင် overthinking ဖြစ်လာတဲ့အပြင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် ။
၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
လူငယ်တစ်ယောက်အနေနဲ့ Monica တို့ လုပ်နိုင်တာ အများကြီးရှိသလို ရှေ့ဆက်ရမယ့် လမ်းတွေလည်း အများကြီးပါ ။ ရွေးချယ်စရာတွေ ရှိနေတဲ့အပြင် ဖြစ်ချင်တာတွေ ဖြစ်ဖို့လည်း နောက်မကျသေးပါဘူး ။ အဲဒါကြောင့် ကိုယ်က ဘာမှမလုပ်နိုင်ဘူး ။ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာမျိုး မတွေးဘဲ တစ်လှမ်းစီ လျှောက်ရအောင် ။
၁၀။ မထွက်ပြေးပါနဲ့ ။
အမှားလုပ်မိတယ်ထင်ရင် ဝန်ခံလိုက်ပါ ။ တောင်းပန်လိုက်ပါ ။ ဖြေရှင်းပေးလိုက်ပါ ။ ကိုယ် သိချင်တဲ့ မေးခွန်းရှိရင်လည်း မေးလိုက်ပါ ။ ဖြစ်သမျှကို စိတ်ထဲမှာ မသိမ်းထားပါနဲ့ ။ လက်တွေ့မှာပဲ နေထိုင်ရအောင် ။
အပိုင်း ၁ ရဲ့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ် ကြရအောင် ။
Let's start
တစ်ရက်တာအတွက်-
၁၁ ။ ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေတာ လျှော့ရန် ။
၁၂ ။ တစ်နေကုန် အခန်းအောင်းတာကို ရှောင်ရန် ။
၁၃ ။ ဟင်း ၅ မျိုး ချက်တတ်ရန် ။
၁၄ ။ ဘုရားစာ အလွတ်ရရန် ။ ကိုယ် ရွတ်ချင်တဲ့ ဘုရားစာကိုပါ ။
၁၅ ။ ဘာသာစကားအသစ်ကို တစ်နာရီ အမြဲ အချိန်ပေး လေ့လာရန် ။
ဒီ ၁၅ ချက်ကတော့ တစ်လတည်း အချိန်ပေးရုံနဲ့ ရရှိလာနိုင်တဲ့ အကျိုးတွေ သိသာတာမို့ Accept လုပ်ပြီး လိုက်လုပ်ကြည့်ပါ ။
ကောင်းတဲ့အရာဆို အကျင့်ဖြစ်အောင် လုပ်ယူလို့ရတာမို့ အခုပဲ စလိုက်ရအောင် ။ Monica ကတော့ Accept လုပ်ပါတယ် ။ စာဖတ်သူတို့ကော ဘယ်လိုလဲ ။
#အသက်၂၀မှာပြောင်းလဲရမယ့်အချက်၂၀
MK Book Store & စင်္ကာပူ
❤️❤️❤️❤️
02/10/2023
#ရင်ဆိုင်ပါ
အခက်အခဲတွေနဲ့တွေ့တဲ့အခါ
နောင်တစ်ချိန်မှာ
ကိုယ်ဘယ်လို အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ဖူးကြောင်း
ပြောပြနိုင်တာပေါ့
#အနိုင်ယူပါ
အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
နောင်တစ်ချိန်မှာ
အခက်အခဲတွေကို ဘယ်လိုနည်းနဲ့
အနိုင်ယူခဲ့ဖူးကြောင်း
ပြောပြနိုင်တာပေါ့
#တည်ဆောက်ပါ
အခက်အခဲတွေကြောင့်
ဘဝပျက်ရတဲ့အခါ
နောင်တစ်ချိန်မှာ
တစ်စစီ ပြန့်ကျဲနေတဲ့
ကျိုးကြေမွနေတဲ့
ကိုယ့် ရည်မှန်းချက်တွေကို
ဘယ်လိုပြန်လည် တည်ဆောက်ခဲ့ရကြောင်း
ပြောပြနိုင်တာပေါ့
#စိတ်အားတင်းပါ
ကိုယ့်အင် ကိုယ့်အားနဲ့ ကိုယ့်ဘဝကို
ကိုယ်တစ်ယောက်ထဲ ထူမတ်ရတဲ့ အခါ
နောင်တစ်ချိန်မှာ
ပြိုလဲတော့မယ့် ကိုယ့် စိတ်ဓါတ်ကို
ဘယ်လို အားမွေး ခဲ့ရကြောင်း
ပြောပြနိုင်တာပေါ့
ကိုယ့် ခြေထောက်အပေါ်မတ်မတ်ရပ်ပြီး
ကိုယ့်နှာခေါင်းနဲ့ အသက်ရှူ ရတဲ့ ဘဝကို
မြတ်နိုးပါ
ကိုယ်တိုင် တည်ဆောက်ထားတဲ့ ဘဝကဘယ်လောက်ပဲ
သေးငယ်နေပါစေ ဂုဏ်ယူပါ
ကိုယ်စွမ်းနိုင်သလောက်
ရခဲ့တဲ့ ပိုင်ဆိုင်မှု အပေါ်
ရောင့်ရဲ တင်းတိမ်ပါ
မျှော်လင့်ချက် ဆိုတဲ့ သစ်ပင်ကို စိုက်ပါ
အားငယ်စိတ် ဆိုတဲ့ ဆူးကို နှုတ်ပစ်ပါ
စိတ်ဓါတ်ခွန်အား ဖြစ်စေမယ့်
ဗဟုသုတတွေကို မှီဝဲ ပါ
ဘဝရဲ့ နေ့ရက်တိုင်းကို
နောင်တ ကင်းဝေးစွာနဲ့ ဖြတ်သန်းပါ... ။
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
credit to original uploader
Via ရဲထက်အောင်
02/10/2023
ပိုက်ဆံကလွှဲပြီး ဘာကိုမှမမက်မောတော့တာ
02/10/2023
#တင်းတိတ်ဖြစ်နေပီ
ဘယ်လိုကုသမလဲ
အနာသိရင် ဆေးရှိတယ်လေ
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်
တင်းတိတ်ဖြစ်လာရင်
ရေဓါတ်ဖြည့်တဲ့ Productတွေသုံးပါ
နေကာလိမ်းပါ
ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ Productသုံးပါ
ရှောင်ရန်လုံးဝမလုပ်မိပါစေနဲ့
သနပ်ခါးမလိမ်းပါနဲ့
နေကာမလိမ်းပဲ နေပူထဲ မထွက်ပါနဲ့
Chemical ပါဝင်မှုများတဲ့ productတွေ မသုံးပါနဲ့
Crd.
#အလှအပရေးရာသိစရာမျှဝေမယ့်Hombeautypage
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon