AI AI KHI Vlog

AI AI KHI Vlog

Share

Happy is Life

Photos from AI AI KHI Vlog's post 16/08/2025

အဲ့အခန်းကြည့်ပြီး ငါ အခုထိ ငိုလို့မရသေးဘူး

ကမ်းခြေမှာ ရပ်နေတဲ့ ပွင့်ဦးလှရဲ့ စိန်နားကပ်ကြီးကို ငါလေ့လာနေတုန်းဘဲ ရှိသေးတယ် ...
ဦးရွိုင်ရယ်ဒီက စောင်လာခြုံသွားတယ် ....
ပြီးတော့ စာတမ်းထိုးတယ် .... (ပြီးပါပြီ) တဲ့
ဘယ်အခန်းမှာ ငါတို့လွဲခဲ့ကြတာလဲ ??? 🥹

Photos from AI AI KHI Vlog's post 13/08/2025

မာတာမိခင် - အခုတလော နင် ဘယ်လောက် စုမိပြီလဲ ???
Me - 👇👇👇 ( အနာဂတ်ပလန်တွေပါ စု‌မိနေပြီ )😂

13/08/2025

ကျွန်မကို " I said ,Yes " တွေဘာတွေ မလုပ်ခိုင်းဘဲ တခါတည်း လာတောင်းပြီး မင်ဂါတန်းဆောင်ပစ်လိုက်တာဆိုတော့ 🤔
နောက်မှ အဲ့လို အကြီးကြီး ပေးမလို့ထင်တယ် ..... 😅
ညကျမှ ကပ်တိုးလေးမေးလိုက်ဦးမယ် .... 😂

ဒိုလေးလို လုပ်ပေးချင်လို့ တမင်အဆင့်ကျော်ခဲ့တာလား

ပရမ်းပတာနဲ့ အဆင့်ကျော်သွားတာလား
(တခုခုတော့ ဖြေပေးသွားဦး) 😬😩

05/07/2025

Title - " ဒရမ်မာပိုင်သော အမျိုးသားတစ်‌ဦးအကြောင်း "

မနေ့ညက ငါးကင်ဆိုင်မှာ ခွေးကိုက်ခံရတာက 5:30pm လောက်(အစားငမ်းရင်း အကင်မှာပြီးအလှည့် ခွေးတက်နင်းမိတာ...ခြေထောက်က သူ့ပါးစပ်ထဲ တန်းရောက်)

ဆိုင်ကလည်း လျော်ရမှာဆိုးလို့ထင်တယ်
"ဘာမှ မဖြစ်ဘူး ခွေးက အသက်ကြီးပြီ သွားမရှိတော့ဘူးဆိုတာချည်းဘဲ" ...ကိုယ်ခံရတာ ကိုယ်အသိဆုံးကို"ဇွတ်"

အဲ့ဒါနဲ့ ကိုယ်လည်း အစပိုင်းတော့ ဘာမှမဖြစ်ပါဘူး‌လေ
ဆိုပြီး ဆိုင်မှာဆက်ထိုင်နေရင်း နောက်မှ ကြောက်စိတ်၀င်လာလို့ ယောကျာ်းဆီ ဖုန်းလှမ်းဆက်ပြီး ပြောပြတော့ 6:15pm လောက် ... 🥺

အဲ့အချိန်သူက သူ့ဘော်ဒါတွေနဲ့ ဆိုင်ထိုင်နေတာ TGIF
"သူလာခဲ့ရမလား" တော့ ပြောရှာပါတယ်
" မလာနဲ့ ရတယ် " ဆိုတော့လည်း ပြောစကားနားထောင်ရှာတယ်... (တကယ်မလာဘူး)😆

သူ အိမ်ပြန်ရောက်လာတော့ ည 9:00 ဖြစ်နေပြီ
မူးတူးတူးရုပ်နဲ့ 🥴

အိမ်ရောက်တာနဲ့ခြေထောက်ကြီး လာပြေးကိုင်တာနော် 😂😂😂 (မသိရင် သူ့မှာ လမ်းခရီးအခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ကိုယ့်ဆီ အပြေးပြန်လာခဲ့ရတဲ့စိုက်နဲ့ )
" အရမ်းနာနေလား ၊ဘယ်လိုလုပ်မလဲ ၊ ဆေးမထိုးလို့ရရဲ့လား
ဘယ်ဆေးရုံသွားချင်လဲ "
( Grand Hanthar သွားမလား/ Pun Hlaing သွားမလား / Vitoria ဝိတိုရိယသွားမလား )
အိုရ် ... စုံနေပါရောလား 😬

ကိုယ်ကလည်း ခွေးစကိုက်ထဲက ခွေးရူးပြန်တဲ့သူတွေ FB group ထဲရောက်သွားပြီနော် ... စာတွေဖတ်လိုက် ဗီဒီယိုတွေကြည့်လိုက် ( ဒီနေ့ရောဂါလက္ခဏာပြ၊ နောက်နေ့တန်းလျှော ဆိုတဲ့သူတွေချည်းဘဲ )
အဲ့ဒါတွေကြည့်ပြီး ဆိုက်ကို၀င် ရုပ်က ငိုမဲ့မဲ့

သူက ပြောရှာပါတယ်" ဘာမှမကြောက်နဲ့ ကိုရှိတယ်တဲ့"
( ယောကျာ်းတွေ အလွတ်ကျက်ထားကြတဲ့အထဲက ဒိုင်ယာလော့လေး တစ်ခွန်းပေါ့ )😂😂😂
( ဟိုခွေးတွေ့ရင်တောင် ၂ယောက်စလုံးကို သောက်မြင်ကတ်လောက်တယ်.. ငါကိုက်လိုက်တာအဲ့လောက်လည်းမဟုတ်ပါဘူးဟ ဆိုပြီး ) 🐕‍🦺😂🤣

ပြီးတာနဲ့ သူက ကိုယ်ဖြစ်နေတဲ့ ရုပ်ကို သနားလို့ထင်တယ်
Grand Hanthar က သူ့အသိ lab ထဲက အမတွေကို အကုန်ဖုန်းပတ်ဆက်တော့တာဘဲ
( ကိုယ်က အယ် ဆက်မနေပါနဲ့တော့ ၂၄နာရီအတွင်း ကာကွယ်ဆေးထိုးလိုက်ရင်ရတယ် ဘာမှမဖြစ်ဘူး) ပြောတော့မှ ဖုန်းဆက်တာရပ်ပြီး
"ပိုစိတ်ချရအောင်ကြိုဆက်ထားတာပါ...အဲ့ဒါဆိုလည်း မနက်ကျမှ သွားထိုးကြမယ်တဲ့ "
အမလေး အမှတ်တွေယူတာ ယူတာဆိုတာ မြင်မကောင်း

အဲ့ဒါနဲ့ အိပ်ရာ၀င်ပြီး မနက်လည်းမိုးလင်းရော ညက သူပြောခဲ့တာတွေ သူ သတိမရတော့ဘူး😵‍💫
ကိုယ်က
"ဘယ်အချိန်သွားကြမလဲ"လို့မေးတာကို
"ဘယ်ကိုလဲတဲ့"

နဂါးမျက်စောင်း အကြည့်နဲ့ပြန်ဖြေလိုက်တော့မှ
" ဪ ဆေးသွားထိုးဖို့လားတဲ့ " 😩
" အင်းလေ " လို့ ပြန်ဖြေတော့

ခြေထောက်ကြီး မ,ကြည့်ပြီး
" ဒီနားက ဆေးခန်းဘဲ နီးနီးနားနား သွားထိုးလိုက်ကြတာပေါ့တဲ့ " 😂
" ဆေးခန်းကဘယ်နားမှာလဲ" မေးတော့
" ကိုလည်းမသိဘူး "တဲ့ 🤣

ပုံပြင်လေးကတော့ ဒါပါပဲရှင့် .....

မောင်ညီ/ ညီမလေးများလည်း လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေကြပါလို့ ပြောရင်း ဒီဇာတ်လမ်းလေး တစ်ခန်းရပ်လိုက်ရပါတယ် 😆

ဪ ... မေ့လို့ ကျွန်အမျိုးသားရဲ့အနုပညာနာမည်က (နေထူးနိုင်) နော် လမ်းမှာတွေ့ရင်ခေါ်လို့ရပါတယ် 🤣🤣

Photos from AI AI KHI Vlog's post 20/01/2025

မြန်မာအင်္ကျီချုပ်ပုံလေးတွေ

photo crd

Photos from AI AI KHI Vlog's post 17/01/2025

လှလို့ save ထားတာလေးတွေ ကြိုက်ရင် ချုပ်၀တ်ကြနော် 😉

01/09/2024

တကယ်တော့လေ ဒီနေ့အပြင်သွားတာများသွားလို့ ခုည အ၀တ်မီးပူတိုက်ဖို့ကို ခွင့်ယူထားတာ , today no iron day naw လို့ ပြောထားပြီးသား 😌
ဒါပေမဲ့ မောင်မင်းကြီးသား စမတ်ကျကျရုံးတက်နိုင်ဖို့ overtime ဆင်းမှရမယ် 🥺
ဘာလို့ဆို လကုန်ရင် လစာသိမ်းတာက ကျွန်မကိုးးးး 😂
လုပ်ရတာ တန်ပါတယ် 😆😆😆

Photos from AI AI KHI Vlog's post 18/08/2024

Myanmar traditional dress 💃

27/02/2024

ဇင်ယော်လေးတွေနဲ့ မတ်မတ်အိ

အလုပ်လုပ်နေချိန် ဘာလုပ်နေလဲ မေးသောအခါ....

Booking ရယူရန်
m.me/HongFaBeautyCenter

🏡ဆိုင်ခွဲလိပ်စာများ
—— —— —— —— —— —— ——-
အမှတ် (၅၈)၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။
ဖုန်း - 09881811379
အမှတ် (၁၄)၊ သမိန်ဗရမ်းလမ်း၊ Orange ရှေ့၊ တာမွေမြိုနယ်။
ဖုန်း - 09881811712
အမှတ် (၃၅)၊ ဖျာပုံလမ်း၊ စမ်းချောင်း။
ဖုန်း - 09420078592
အမှတ် (၂၇၄ - B)၊ အနော်ရထာလမ်းမကြီး၊ Junction Mawtin ဘေး။
ဖုန်း - 09445459957
အမှတ် (၆၁)၊ မြေညီထပ်၊ စဉ့်အိုးတန်းလမ်း(လယ်) (အောက်) ကြား၊ လသာမြိုနယ်။
ဖုန်း - 09425315054
အမှတ် (၁၀၄)၊ YKKO အပေါ်ထပ်၊ Sanchaung Garden စမ်းချောင်းလမ်း၊ စမ်းချောင်းမြိုနယ်။
ဖုန်း - 0943154699
အမှတ် (၂၀၀)၊ ဗိုလ်ချုပ်လမ်းမပေါ် သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းကြား၊ ဗိုလ်တထောင်မြိုနယ်။
ဖုန်း - 09400957474 03/12/2023

😂

အလုပ်လုပ်နေချိန် ဘာလုပ်နေလဲ မေးသောအခါ.... Booking ရယူရန် m.me/HongFaBeautyCenter 🏡ဆိုင်ခွဲလိပ်စာများ —— —— —— —— —— —— ——- အမှတ် (၅၈)၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြိုနယ်။ ဖုန်း - 09881811379 အမှတ် (၁၄)၊ သမိန်ဗရမ်းလမ်း၊ Orange ရှေ့၊ တာမွေမြိုနယ်။ ဖုန်း - 09881811712 အမှတ် (၃၅)၊ ဖျာပုံလမ်း၊ စမ်းချောင်း။ ဖုန်း - 09420078592 အမှတ် (၂၇၄ - B)၊ အနော်ရထာလမ်းမကြီး၊ Junction Mawtin ဘေး။ ဖုန်း - 09445459957 အမှတ် (၆၁)၊ မြေညီထပ်၊ စဉ့်အိုးတန်းလမ်း(လယ်) (အောက်) ကြား၊ လသာမြိုနယ်။ ဖုန်း - 09425315054 အမှတ် (၁၀၄)၊ YKKO အပေါ်ထပ်၊ Sanchaung Garden စမ်းချောင်းလမ်း၊ စမ်းချောင်းမြိုနယ်။ ဖုန်း - 0943154699 အမှတ် (၂၀၀)၊ ဗိုလ်ချုပ်လမ်းမပေါ် သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းကြား၊ ဗိုလ်တထောင်မြိုနယ်။ ဖုန်း - 09400957474

30/11/2023

အမတို့ဆိုင်က ဆန်က အိုးတက်တယ်နော် 🥴

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
-