Health Guide Myanmar

Health Guide Myanmar

Share

ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြစို့ ...

The Very Fist Complementary Health Guide in Myanmar ! ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ......

22/01/2021
Photos from Health Guide Myanmar's post 19/01/2021

Chubb Life မှ မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး အက်ပလီကေးရှင်း ကိုစတင်မိတ်ဆက်
-=-=-=-=-=-=-=-=-=-=-=-
Chubb Life Myanmar မှ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက် နေ့စဉ်သုံး အက်ပလီကေးရှင်း (360-degree App) တစ်ခုဖြစ်သော Chubb LifeBalance ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်းကို ၂၀၂၁ ခုနစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က ကြေငြာခဲ့သည်။
၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်မိတ်ဆက်ခဲ့သော ၎င်း အက်ပလီကေးရှင်းသည် ယခုအခါ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည့်အတွက် အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မြန်မာဘာသာသုံး App ဖြစ်သည်။

Chubb Life Balance သည် အသုံးပြုသူများအတွက် ကျန်းမာသော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် နောက်ဆုံးပေါ် AI နည်းပညာ (Artificial Intelligence) ကို အသုံးပြုကာ အစာအဟာရဖြည့်စွက်စားသုံးခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စသည့်ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များမှ ပုံဖော်ရေးဆွဲထားသည့် ကိုယ်ပိုင်နည်းပြ (personalized virtual coach) ကို ထည့်သွင်းထားပါသည်။

အက်ပလီကေးရှင်းအတွင်း မှတ်ပုံတင်ရာတွင် အလွန်လွယ်ကူလှပြီး ဆေးဘက်ဆိုင်ရာ လက်တွေ့စာတမ်းပေါင်း ၂,၅၀၀ ကျော် နှင့် နှစ်ပေါင်းများစွာမှ လူသန်းပေါင်း ၃၀၀ ကျော်၏ ဆေးမှတ်တမ်း လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသုံးပြုသူ၏ ကိုယ်ပိုင်ကျန်းမာရေးရမှတ် (personalized health score) ကို လွယ်ကူစွာ တွက်ချက်နိုင်ပါသည်။

၎င်း App သည် အသုံးပြုသူများအတွက် ကျန်းမာရေးနှင့်ဆိုင်သော ကိုယ်ပိုင်ရည်မှန်းချက်များ ချမှတ်နိုင်ရန် နှင့် ထိုရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ရန်‌ နေ့စဥ်လှုံ့ဆော် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ထိုကျန်းမာရေးရမှတ်သည် အသုံးပြုသူ၏ လူနေမှုဘဝပုံစံအပေါ် အခြေခံ၍ အချိန်နှင့်အမျှပြောင်းလဲနေမည်ဖြစ်ပြီး အသုံးပြုသူ၏ ကျန်းမာရေးတိုးတက်မှုအခြေအနေ ကိုညွှန်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

Photos from Health Guide Myanmar's post 18/01/2021

တော် ဝင် ရွာ စာပေမှ စီစဉ် ထုတ်ဝေသော ကျန်းမာရေး စာစုများ စုပေါင်းထားသော စာအုပ်ဖြစ်ပါတယ်။

DR.ဘုန်းစည်သူလွင်
📖 အိပ်မပျော်သောညများ နှင့် နှလုံးဖိစီးမှု
ကျန်းမာရေးစာစုများ
တန်ဖိုး ၄၀၀၀ ကျပ်၊ စာ ၂၁၆၊ ပထမအကြိမ် ၂၀၂၁ ဇန်နဝါရီလ၊
မာတိကာပေါင်း (50) ဖြင့် စုစည်းပါရှိပါသည်။

ကိုလတ်စာပေမှ တစ်နိုင်ငံလုံးသို့ ဖြန့်ချိထားပြီး အမြို့မြို့၊ အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီ။
https://www.facebook.com/pstlwin
(Page တွင်လည်း မေးမြန်းနိုင်ပါသည်)

Message Box မှ
မေးမြန်းလာသည်မျာကိုလည်း ပြန်လည်ဖြေကြားပေးပါမည်။

ကျန်းမာချမ်းသာကြပါစေ

01/01/2021

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။

ရောဂါဘယများကင်းဝေးပြီး စိတ်နှလုံးအေးချမ်းစွာဖြင့် မိမိတို့ရဲ့ ခန္ဓာကိုယ်ကြီးကို အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ကြပါစေ။ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေ။
တစ်နှစ်တာလုံး ကိုယ်ရောစိတ်ပါ ကျန်းမာခြင်း၊ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပြီး ပျော်ရွှင်အေးချမ်းစွာ ကျော် ဖြတ်သွားနိုင်ကြပါစေလို့ မိသားစုများမှ နှစ်သစ်ဆုမွန်များကို ပို့သလိုက်ပါတယ်။

29/12/2020

#ဘဝအတွက်_ဂရုစိုက်ရမယ့်_နာရီများ။
=-=-=-=-=-=-=-=-=-=-=-=-=-=-

• ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝပြောင်းလဲဖြစ်စဉ်များဟာကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရပြီးအရည်လောင် ကျွမ်းမှုဟာအဆိပ်အတောက်ဖြစ်ပေါ်စေပါတယ်။
• သုတေသနပြုချက်အရညဆိုင်းအလုပ်လုပ်သူများဟာကျန်းမာရေးအဆိုးများပါတယ်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်၀န်မရရှိနိုင်ခြင်းရောဂါများပိုမိုဖြစ်တတ်ပါတယ်။
၁။ ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှားဆုံးအချိန်
(စာကျတ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်)

၂။ ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (ကလေးသူငယ်များရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်ရင် ကောင်းပါတယ်။)

၃။ ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥတည်ဆောက်ချိန်
၄။ နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်းရဲ့အချိန်
၅။ နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
၆။ နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်းအနှေးဆုံးအချိန်
(နံနက် ၄နာရီဟာ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်တဲ့အချိန်ဖြစ်ပါတယ်။ ဘိုးဘွားများနံနက် ၅-နာရီကျော်မှလမ်းလျှောက်ထွက်သင့်ပါတယ်။)

၇။ နံနက် ၅-နာရီ မှ နံနက် ၉-နာရီ = အူမကြီးနဲ့ အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်ပါတယ်)
• ခဏခဏအိပ်ရေးပျက်ခံသူဟာဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်တဲ့ ရောဂါမျိုးထက် ငါးဆပိုဖြစ်ပါတယ်။

• ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီအိပ်ရမည်။
• မဖြစ်မနေ ညအလုပ် လုပ်ရန်ရှိသည်ဆိုလျှင်လည်း (အသားမပါသော) ညလယ်စာစားထားပေးရန် လိုအပ်ပါတယ်။

Credit : - ပါမောက္ခ ဒေါ်ခင်ဖြူ
စုစည်းတင်ပြသူ - LILY

Photos from Health Guide Myanmar's post 24/12/2020

ကမ္ဘောဇဘဏ်က COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် Jasmine Palace Hotel တွင် အခမဲ့ အနားယူ၊ နေထိုင်စားသောက်နိုင်ရန် ပံ့ပိုးကူညီ
=-=-=-=-=-=-=-=-=-=-=
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ရန်ကုန်မြို၊ ပြည်လမ်းမပေါ်ရှိ Jasmine Palace Hotel တွင် အခမဲ့ အနားယူ၊ နေထိုင်စားသောက်နိုင်ရန်အတွက် အောက်တိုဘာလမှ စတင်၍ ပံ့ပိုးကူညီခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ တည်းခိုနေထိုင်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် Jasmine Palace Hotel ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့တွင် Jasmine Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

"အခုလို နေရာထိုင်ခင်းနဲ့ အခြားဝန်ဆောင်မှုတွေ စီစဉ်ဆောင်ရွက်ပေးတဲ့ ကမ္ဘောဇဘဏ်ကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒီမှာတည်းခိုပြီး တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံတွေကို သွားရတာ အဆင်ပြေသလို လုပ်ငန်းခွင်အတွက်ရော၊ မိသားစုဝင်တွေအတွက်ရော စိတ်ချရပါတယ်။

အိမ်ကနေပြီး ဆေးရုံသွားဖို့ စိတ်ပူနေရတဲ့သူတွေအတွက် အခုလို သီးခြားနေထိုင်ခွင့်ရတဲ့အတွက် အရမ်း အဆင်ပြေပါတယ်" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်တိုးက ပြောသည်။

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများသည် ဖေဖော်ဝါရီလ (၂၆) ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် (၁၁.၂) ဘီလီယံကျော် လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရသည်။

Photos from Health Guide Myanmar's post 24/12/2020

Mytel မှ “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီလှူဒါန်း
=-=-=-=-=-=-=-=-=-=-=
မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ အနာဂတ်ဘဝသာယာလှပါစေရေး သက်သာဖူလုံစေရေးအတွက် ရည်ရွယ်ပြီး တည်ထောင်ထားသည့် “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှု အတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်ကြောင်းကို ၂၀၂၀- ခုနစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

အနာဂတ်တွင် အဆိုပါ “Empower My Children” ဖောင်ဒေးရှင်းမှ တစ်ဆင့် မြန်မာနိုင်ငံကို အကျိုးပြုသည့် ခေါင်းဆောင်များဖြစ်လာမည့် ရင်သွေးငယ်များ၏ ဘဝများအား ကျန်းမာရေး ကဏ္ဍတွင်သာမက ပညာရေးကဏ္ဍတွင်ပါ တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးမြှင့်တင့်ပေးသွားရန် ရည်ရွယ်ထား ကြောင်းကိုလည်း အသိပေးကြေညာခဲ့သည်။

“လူမှုပတ်ဝန်းကျင်ကို တတ်စွမ်းတဲ့ဖက်က ပြန်ကူညီပေးဖို့ဆိုတဲ့အချက်က Mytel ရဲ့ အဓိကတန်ဖိုးထားရတဲ့ ခံယူချက်တစ်ခုဖြစ်တာကြောင့် Mytel အနေနဲ့ ခုလိုလူမှုအကျိုးပြုဖောင်ဒေးရှင်းတည်ထောင်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ဘဝတွေ ပိုမိုသာယာလှပလာဖို့ ကူညီမှုတွေကို အဆက်မပြတ် ပြုလုပ်လာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်မတို့ အနေနဲ့ လူတိုင်းမှာ သူတို့ရဲ့ဘဝကို ဘာအတားအဆီးမှမရှိ ဘာအခက်အခဲမှမရှိ နေထိုင်နိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ယုံကြည်ပါတယ်။ ကလေးငယ်တွေမှာ ဘဝကို အခက်အခဲမရှိရွှင်လန်းကျန်းမာစွာဖြတ်သန်းဖို့ အခွင့်အရေးမျိုး ရရှိသင့်ပါတယ်။

Mytel အနေဖြင့် ယခုလို ကျန်းမာရေးချိုတဲ့လျက်ရှိတဲ့ ကလေးငယ်တွေကို ကုသပေးခြင်းဖြစ်တဲ့ မွန်မြတ်လှတဲ့ အလှူမျိုးမှာ ပါဝင် ခွင့်ရတာဟာ တကယ်ကို ထူးခြားကောင်းမွန်လှပါတယ်။ ယခုလိုထောက်ပံ့တဲ့ အကျိုးရလာဒ်အနေနဲ့ ဒီကလေးတွေမှာ ပိုမိုတောက်ပပြီး ကောင်းမွန်တဲ့ အနာဂတ်ရှိလာဖို့ ရည်ရွယ်ပါတယ်” ဟု Mytel Myanmar ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ်ဖြစ်သူ ဒေါက်တာဒေါ်နီလာအေးမှ ပြောကြားခဲ့ကြောင်း သိရသည်။

Mytel သည် ယခုကဲ့သို့ ကလေးငယ်များအား ကူညီပံ့ပိုးရန် ရည်ရွယ်ပြီး ဖောင်ဒေးရှင်းစတင်ချိန်မှ ယနေ့အချိန်အထိ မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် (၃၄) ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီ လှူဒါန်းခဲ့ပြီးပြီ ဖြစ်ရာ ယခုအခါတွင် စုစုပေါင်းလှူဒါန်းမှု ကျပ်သိန်း ၈၅၀ ထိ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

နောင်အနာဂတ်တွင်လည်း ယခုကဲ့ သို့သော ထောက်ပံ့ကူညီလှူဒါန်းမှုများကို တစ်ဖက်တစ်လမ်းမှ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း Mytel မှ ကတိကဝတ်ပြုခဲ့သည်။

Photos 24/12/2020

~~~~တစ်စုံတစ်ယောက်ရဲ့ ကမ္ဘာကိုလင်းစေပါ ~~~~

" ဘုရားသခင်ကို ကျေးဇူးတင်ဖို့ အမှောင်ထဲကလူတစ်ယောက်ကို မင်းရဲ့ အမြင်အာရုံနဲ့ လက်ကမ်းကူညီ နိုင်တာထက် ပိုကောင်းတဲ့ နည်းလမ်းမရှိဘူး "
ဟယ်လင်ကဲလာ
ကျွန်တော်တို့ရဲ့ မျက်လုံးဟာ အမှောင်ထဲမှာ နေရတဲ့အခါ မမြင်ရတဲ့အခါ သိပ်ကြောက်လန့်စရာကောင်းတယ်လို့ ခံစားရပါတယ်။ အဲ့ ဒီလိုမျိုး တစ်နေ့လုံး တစ်ညလုံး ပြီးတော့ တစ်ဘဝလုံး အမှောင်နဲ့ နေထိုင်ရတဲ့ သူတွေက ပိုကြောက်စရာကောင်းမှာပါပဲ မဟုတ်လား ။ မျက်ကြည်လွှာဆိုတဲ့ မျက်လုံးက တစ်ရှုး အကြည်လေးအကြောင်း သင်သိပါသလား ??
မျက်လုံးရဲ့ အရှေ့ပိုင်း ( ကျွန်တော်တို့ မြင်နေရတဲ့ အပိုင်းလေး ) ကို ဖုံးအုပ်ထားတဲ့ တစ်ရှုး အကြည်လေးကို မျက်ကြည်လွှာလို့ ခေါ်ပါတယ်။
သူက မျက်လုံးထဲကို အလင်းဝင်ဖို့ အလင်းယိုင်ဖို့ တွေအတွက် ပြူတင်းပေါက်လေးပါပဲ ။
မျက်ကြည်လွှာ ဘာကြောင့်ပျက်စီးတာပါလဲ ?
ရောဂါကြောင့်ဖြစ်စေ၊
ထိခိုက်ဒဏ်ရာရလို့ ဖြစ်စေ ၊
ပိုးဝင်လို့ ဖြစ်စေ ၊
အက်ဆစ် စတဲ့ ဓာတုပစ္စည်းတွေနဲ့ထိခိုက်ခံရလို့ဖြစ်စေ
မွေးရာပါ မျက်ကြည်လွှာ ပျက်စီးလို့ ဖြစ်စေ
ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့လို့ ဖြစ်စေ
မျက်လုံးအမြင်ကွယ်တာမျိုးဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာကန်းခြင်း ( corneal blindness ) လို့ခေါ်ပါတယ် ။
ဘဝကို ရှေ့မှာ အကြာကြီးဆက်လျှောက်ရမဲ့ လူငယ်တွေ ကလေးသူငယ်တွေမှာ အဖြစ်များပါတယ်။

မျက်ကြည်လွှာ လှုတယ် ဆိုတာ ဘာပါလဲ ?
သေလွန်ပြီးတဲ့အခါ မျက်လုံးရဲ့ မျက်ကြည်လွှာကို (မိမိက ကြိုတင်လှုဒါန်းခဲ့ရင် ဖြစ်စေ ၊ သေသူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ဖြစ်စေ ) လှုဒါန်းတာပဲ ဖြစ်ပါတယ်။ တကယ်လို့ နေ့စဉ်သေလွန်သမျှ လူတွေသာ မျက်ကြည်လွှာ လှုမယ်ဆိုရင် မျက်ကြည်လွှာကြောင့် ကန်းတဲ့ မျက်မမြင်တွေ အကုန်လုံးဟာ တစ်ပတ်အတွင်းမှာ ပြန်လည် မျက်စိမြင်နိုင်ကြလိမ့်မယ်လို့ လည်း ပညာရှင်တွေက ခန့်မှန်းတွက်ချက်ပြကြပါတယ်။
ဘယ်သူတွေက မျက်ကြည်လွှာ လှုလို့ရပါသလဲ ??
အသက်အရွယ် ၊ ကျားမ မရွေး ၊ သွေးအုပ်စုမရွေး ပြီးတော့ လူမျိုး ဘာသာ မရွေး လှုဒါန်းလို့ရပါတယ်။
မျက်စိတိမ်စွဲနေတဲ့သူ ၊ မျက်မှန်တပ်ထားတဲ့ သူလည်း လှုဒါန်းလို့ရပါတယ်။
သွေးတိုးရောဂါ ဆီးချိုရောဂါ ဝေဒနာရှိသူတွေလည်း မျက်ကြည်လွှာ လှုဒါန်းလို့ရပါတယ်။
ဘယ်သူတွေက မျက်ကြည်လွှာ လှုလို့ မရပါဘူးလဲ ??
အသည်းရောင် အသားဝါ ဘီပိုး စီပိုး ရှိသူတွေ
AIDS ဝေဒနာရှင်တွေ
ဦးနှောက် အမြှေးရောင်ရောဂါ ( encephalitis , meningitis )
ခွေးရူးပြန်ရောဂါ
ဘက်တီးရီးယားပိုး ဗိုင်းရပ်စ်ပိုး မှို စသည့်ပိုးမွှားများကြောင့် သွေးဆိပ်သင့်ခြင်း(septicemia )
သွေးကင်ဆာ ( Leukaemia )
lymphoma ခေါ် ပြန်ရည်ကျိတ်ကင်ဆာ
မွေးရာပါဗီဇချို့ယွင်းချက်ကြောင့်ဖြစ်သော ကလေး မျက်စိမြင်လွှာကင်ဆာ( retinoblastoma )
နောက်ဆုံး အဆင့် ကင်ဆာရောဂါရှင်များ
အာရုံကြောထိခိုက်တဲ့ လူတွင်တွေ့ရသောCreutzfeldt~jacod syndrome အာရုံကြောအားနည်း ကူးစက်နွားရူးရောဂါ စတဲ့ ရောဂါရှိသူတွေ လှုလို့မရပါဘူး ။
မျက်ကြည်လွှာကို ဘယ်အချိန်မှာ ထုတ်ယူမှာပါလဲ ???
သေဆုံးပြီး ၆နာရီကနေ ၈နာရီအတွင်းမှာ ထုတ်ယူမှာ ဖြစ်ပြီး ထုတ်ယူချိန်ကတော့ ၁၅မိနစ်ကနေ မိနစ် ၂၀အထိပဲ ကြာမြင့်ပါတယ်။
လှုဒါန်းသူရဲ့ မျက်နှာသွင်ပြင် ပျက်စီးခြင်း မရှိပါဘူး။ မျက်ကြည်လွှာကို ထုတ်ယူပြီးတဲ့အခါမှာ မျက်စိဘဏ်မှာ စမ်းသပ်စစ်ဆေးပြီး ၉၆ နာရီ ( ၄ရက် ) အတွင်းမှာပဲ မျက်ကြည်လွှာ အစားထိုးကုသလို့ ရနိုင်ပြီး မျက်ကြည်လွှာကန်းသူတွေ ပြန်လည်မြင်နိုင်ပြီ ဖြစ်ပါတယ်။ မျက်စိဘဏ်ကို လူသားအင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှုဆိုင်ရာ တာဝန်ရှိသူများက ထိန်းချုပ်ထားပြီး ရောင်းဝယ်ဖောက်ကားခွင့်မရှိပါဘူး ။ ရာဇဝတ်မှုမြောက်ပါတယ်။
သေသူရဲ့ ဆန္ဒကို သိရှိပြီးတဲ့ နောက်မှာ သေဆုံးပြီးချိန်မှာ ဘာတွေလုပ်ရမှာပါလဲ ?
၆နာရီအတွင်း မျက်စိဘဏ်မှ တာဝန်ရှိသူတွေကို အကြောင်းကြားပါ
လေထုခြောက်သွေ့စေတဲ့ ပန်ကာ စတာတွေကို ပိတ်ထားပြီး လေထုအေးမြစိုထိုင်းစေတဲ့ လေအေးစက် air cooler , air con တွေကိုတော့ ဖွင့်ထားပေးပါ။
ခေါင်းအုံးနဲ့ ခေါင်းကို အနည်းငယ် မြှင့်ထားပေးပါ။
ရေဆွတ်ထားတဲ့ ဂွမ်းစကို ပိတ်ထားတဲ့ မျက်လုံးပေါ်မှာ အုပ်ထားပေးပါ။
#လွဲမှားတဲ့ အယူအဆများ
မျက်နှာ ဟာ မျက်ကြည်လွှာထုတ်ယူလို့ ပျက်စီးသွားမယ်
နောက်ထပ်မွေးဖွားလာမဲ့ ဘဝမှာ မျက်လုံးအမြင်မရဘဲ မွေးဖွားလာမယ်
သက်ဆိုင်ရာ ဘုရားသခင်တွေကို မမြင်နိုင်တော့ဘူး
မေးခွန်းတွေ
#မျက်ကြည်လွှာကို အသက်ရှင်နေတဲ့ အလှုရှင်ဆီက ထုတ်ယူမှာလား ?
မဟုတ်ပါဘူး ။ အလှုရှင်သေလွန်သွားတဲ့အခါမှသာ အစားထိုးကုသဖို့ မျက်ကြည်လွှာကို ထုတ်ယူမှာ ဖြစ်ပါတယ် ။
#မျက်လုံးတစ်လုံးလုံး အစားထိုးမှာလား ?
မဟုတ်ပါဘူး
မျက်ကြည်လွှာကိုပဲ အစားထိုး ကုသမှာ ထုတ်ယူမှာ ဖြစ်ပါတယ်။
#ခွဲစိတ်ကုသမှု နာမည်ကို ဘာလို့ ခေါ်ပါသလဲ
မျက်ကြည်လွှာ အစားထိုးကုသခြင်း ( cornea grafting ) လို့ ခေါ်ပါတယ်။ တစ်ချို့ခွဲစိတ်ကုသမှုတွေမှာ မျက်ကြည်လွှာတစ်ခုလုံးကို အစားထိုးကုသဖို့ လိုအပ်ပြီး တစ်ချို့မှာတော့ မျက်ကြည်လွှာရဲ့ အတွင်းဆုံးအလွှာလေးကိုပဲ အစားထိုး ကုသတာဖြစ်ပါတယ်။
#အောင်မြင်နိုင်ချေ
မျက်ကြည်လွှာ အစားထိုးကုသတာက ၉၅ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။ အများအားဖြင့် သွေးအုပ်စု တူ မတူဆိုတာလည်း စစ်ဆေးဖို့ မလိုပါဘူး ။ မျက်ကြည်လွှာဟာ သွေးထောက်ပံ့မှု မရှိတဲ့ မလိုတဲ့ အင်္ဂါမို့ပါ။ မျက်ကြည်လွှာဟာ သူ့အတွက်လိုအပ်တဲ့ အောက်စီဂျင်ကို လေထဲက ရယူပါတယ် ။ ဒါကြောင့် မိမိခန္ဓာကိုယ်မှပစ္စည်းမဟုတ်သောကြောင့် ပြန်လည် တုန့်ပြန်ခြင်း ( rejection ) ဖြစ်ဖို့ အခွင့် အလမ်း နည်းပါးပါတယ်။
#ဘယ်အသက်အရွယ်ကနေ စပြီး မျက်ကြည်လွှာ လှုလို့ ရပါသလဲ ?
အသက် ၂နှစ်ကနေ ၇၅ နှစ်အတွင်း လှုလို့ ရပါတယ်။ ကလေးငယ်တွေကတော့ မိဘ အုပ်ထိန်းသူက ခွင့်ပြုပြီး လှုဒါန်းတာမျိုးပေါ့ ။
#မျက်ကြည်လွှာ လှုစရာရှိလို့ ဆရာဝန်က ကျွန်တော့်ရဲ့ အသက်ကို ခက်ခက်ခဲခဲ မကယ်တော့ဘူးလား ?
မဟုတ်ပါဘူး။ ဆရာဝန်တွေဟာ အသက်ကို ကယ်ဖို့ ဦးစားပေး မြှုပ်နှံကြသူတွေပါ။ အဓိက ဦးစားပေးဟာ လူနာကို အသက်ကယ်ဖို့ ဖြစ်ပြီး သေလွန်ပြီးမှသာ အင်္ဂါ အစားထိုးဖို့ အလှုခံဖို့ တောင်းဆိုမှာပါ။
#ဘာသာရေးအမြင်
ဘာသာတရားအများစုဟာ တစ်ရှုး အင်္ဂါ လှုဒါန်းဖို့ကို မွန်မြတ်တဲ့ အလုပ်အဖြစ် သတ်မှတ်ထား ခွင့်ပြုထားကြပါတယ်။ တစ်ပါးသူရဲ့ ဘဝကို ကယ်တင်ရာရောက်တဲ့ အတွက်ပါပဲ ။
ယနေ့ခေတ်မှာ ထင်ရှားတဲ့ အနုပညာရှင်တွေ ပရဟိတလူငယ်မောင်မယ်တွေဟာ မျက်ကြည်လွှာ အလှုကို ပြုလုပ်နေကြပါတယ်။ ဘောလိဝုဒ်စတား များဖြစ်တဲ့ အမီတာ ဘာချမ်း ၊ မင်းသမီးကြီး ဟီမာ မီလီနီ တို့ဟာလည်း မျက်ကြည်လွှာ လှုဒါန်းထားသူများ ဖြစ်ပါတယ်။ နှစ်စဉ် US မှာ မျက်ကြည်လွှာ အစားထိုးကုသမှုပေါင်း ၄၆၀၀၀ ကျော်ကို လုပ်ဆောင်နေလျက်ရှိပါတယ် ။
တစ်စုံတစ်ယောက်ရဲ့ ကမ္ဘာကိုလင်းစေပါ
သင့် မီးအိမ်လေးကို လက်ဆင့်ကမ်းလိုက်ပါ ။
#ခွန်းညိုသွေး
----------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ...
www.facebook.com/healthguidemyanmar

22/12/2020

COVID-19 စည်းကမ်းများကို တိကျစွာလိုက်နာပြီး COVID-19 နှင့်အတူ ယှဥ်တွဲနေထိုင်၍ ••• လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရပါမည်။

18/12/2020

Covid positiveဖြစ်နေတဲ့လူနာတွေ ကုသဖို့အတွက် psitiveဖြစ်ပြီး ပြန်လာနိုင်ခဲ့တဲ့ သူ​တွေ သွေးရည်ကြည်လှူချင်ပါက ဆက်သွယ်လှူဒါန်းဖို့ တိုက်တွန်းပါရ​စေ

17/12/2020

#သွေးရည်ကြည်ကုထုံးဆိုတာဘာကိုပြောတာလဲ
#ကာကွယ်ဆေးထိုးတာနဲ့_ဘာကွာလဲ

( #သွေးရည်ကြည်ကုထုံး)

အလှအပရေးရာက မျက်နှာကိုလှအောင်၊ ဆံပင်ပေါက်အောင် ဆိုပြီး ထိုးတဲ့ Plasma Therapy ကိုပြောချင်တာ မဟုတ်ပါဘူး။

Covid ရောဂါကို ခံစားနေရတဲ့ လူနာတွေမှာ Covid positive ဖြစ်ပြီး ပျောက်ကင်းသွားတဲ့ သူတွေရဲ့ သွေးရည်ကြည်ကို ယူပြီး #သွေးရည်ကြည်သွင်းကုသမှု ကုထုံးကို အနည်းငယ်နားလည် စေလိုခြင်းပါ။

ဒီစာစု ကို နားလည်ဖို့ ဆိုရင် ကျွန်တော်အရင်ရေးထားတဲ့ ကာကွယ်ဆေး ဆိုတဲ့ စာစု ဖတ်ဖူးထားမှ နားလည်နိုင်မှာဖြစ်ပါတယ်။
မဖတ်ရသေးရင် အရင်ဖတ်ကြည့်ကြပါ
{{ https://www.facebook.com/104993831383029/posts/146306647251747/ }}

ရောဂါပိုးတွေ ဝင်လာရင် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစစ်တပ်ကြီး က လက်နက်ပေါင်းစုံ သုံးပြီိး တိုက်ခိုက်ကြပါတယ်။
(ကိုယ်ခံအားစနစ် ကို အင်္ဂလိပ်လို Body Defence System လို့ခေါ်သလို
ဆေးပညာအခေါ်နဲ့ Immune System ဒါမှမဟုတ် Immunity လို့ခေါ်ပါတယ်)

အရင်က လာရောက် ကျူးကျော်ဖူးတဲ့ ရန်သူဆိုရင် ဘယ်လိုအနိုင်တိုက်ရမလဲ၊ ဘာလက်နက်နဲ့ ဖျက်ဆီးနိုင်လဲ သိတဲ့အတွက် အလွယ်တကူ အနိုင်ရပါတယ်။

Covid-19 က ရောဂါပိုး အသစ်ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်မှာ Covid-19 Virus ကိုတိုက်ဖို့ စစ်တပ်အဆင်သင့် မရှိပါဘူး။
အဲ့ဒါကြောင့် Virus ကို တိုက်ဖို့ စစ်တပ်ဖွဲ့တာကို #ကာကွယ်ဆေးထိုးတယ် ဆိုပြီး ခေါ်တယ်လို့ ပထမစာစုမှာ ရှင်းပြခဲ့ပါတယ်။

#ကာကွယ်ဆေးထိုးတာဟာ ခန္ဓာကိုယ်ကို မိမိရဲ့ကိုယ်ပိုင် ကိုယ်ခံအားစစ်တပ် မိမိဖာသာ ဖွဲ့ခိုင်းတာ ဖြစ်လို့ ( လို့ခေါ်ပါတယ်)

👉👉👉
ကာကွယ်ဆေးမရခင်မှာ ရောဂါပိုးဝင်ပြီး ကိုယ်ခံအားစစ်တပ်က ရောဂါပိုးကို နိုင်သွားတဲ့ လူတွေရဲ့သွေးထဲမှာ (အတိအကျပြောရရင် သွေးရည်ကြည်ထဲမှာ) Covid ကို အနိုင်တိုက်နိုင်တဲ့ စစ်တပ်ရှိသွားပါပြီ။

အဲ့ဒီလိုလူတွေက အချိန်အတိုင်းအတာတစ်ခု အထိ Covid ဝင်လာရင် အလွယ်တကူ သတ်ပစ်နိုင်ပါတယ်

👉👉👉
သူတို့လို ကိုယ်ခံအားမကောင်းသလို၊ ကံအကြောင်းမလှတဲ့ လူနာတွေမှာ Covid ကို မသတ်နိုင်ပဲ ခန္ဓာကိုယ်ထဲ ပြည်တွင်းစစ်ကြာရှည်စွာ ဖြစ်ပွားနေတတ်ပါတယ်။
ပြည်တွင်းစစ်ကြာလေ နိုင်ငံပျက်စီးလေ ဖြစ်သလို၊ ရောဂါပိုးကို မြန်မြန်မသတ်နိုင်လေလေ ခန္ဓာကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးလေပါပဲ (အဓိကတော့ အဆုတ်ပေါ့လေ)

အဲ့လိုလူနာမျိုးတွေမှာ Covid ကို နိုင်တဲ့ စစ်တပ်ရှိတဲ့ တခြားသူရဲ့ သွေးရည်ကြည်ထဲက စစ်တပ်ကို ကြေးစားစစ်သားအနေနဲ့ ထည့်သွင်းတိုက်ခိုက်စေတာကို #သွေးရည်ကြည်ကုထုံး လို့ခေါ်ပါတယ်။

တခြားသူရဲ့ ကိုယ်ခံအားကို ယူသုံးတာဖြစ်လို့ ( ) လို့ခေါ်ပါတယ်

ရန်သူအကြောင်းသိနေတဲ့ ကြေးစားစစ်တပ်ကနေ ရန်သူကို ကူတိုက်ပေးတဲ့အတွက် Virus နဲ့တိုက်တဲ့ စစ်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေးများသွားစေပါတယ်။
👉👉👉

အခု သုံးနေတာပဲကို
#ဘာလို့_အဖိတ်အစင်_ရှိနေရတာလဲ ⁉️

1. ကြေးစားစစ်တပ်လို့ပြောတဲ့အတွက် ကိုယ့်စစ်တပ်နဲ့ #သဟဇာတဖြစ်မဖြစ် အရေးကြီးပါတယ်
ဆိုလိုတာက သွေးပစ္စည်း ဖြစ်တဲ့အတွက် သွေးအုပ်စုတူရပါတယ်၊ တခြားဓာတ်မတည့်တာတွေ ရှိမရှိ စမ်းပြီး 😢 မရှိဘူးဆိုမှ သွင်းလို့ရပါတယ်။

2. #အရေအတွက်ပါ
Virus ကို နိုင်တဲ့ ကြေးစားစစ်တပ်ကို သွင်းပေးလိုက်ပေမယ့် Virus ပမာဏက အင်အားသိန်းချီနေပြီး သွင်းပေးလိုက်တဲ့ ကြေးစားစစ်တပ်အရည်အတွက်ဟာ ရာဂဏန်းပဲ ရှိတယ်ဆိုရင် မနိုင်ပါဘူး။
(ရနိုင်တဲ့ #သွေးရည်ကြည်ပမာဏ ဟာ Limit ရှိပါတယ် Covid Positive ဖြစ်ပြီးပျောက်သွားတဲ့ ရောဂါအခံမရှိတဲ့ ကျန်းမာသန်စွမ်းတဲ့လူငယ်တွေ ကိုယ်ခံအားကောင်းရင် သွေးရည်ကြည်လှူကြဖို့ တိုက်တွန်းနေကြတာပါ) 👉 ကိုယ့်ရဲ့ စစ်တပ်တစ်စိတ်တစ်ပိုင်း ပေးပြီး လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်လို့ပါ။

3. လို့ခေါ်တဲ့ အချိန်ပါ
နေမကောင်းဘူး ဖျားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို Covid ပါလို့ လက်မခံကြပါဘူး/မသိကြပါဘူး ပျောက်သွားမှာပါ ဆိုပြီး ဆေးတွေသောက်ပြီး နေတတ်ကြပါတယ်။
Virus နဲ့ ကိုယ်ခံအား တိုက်ပွဲတွေ နေရာအနှံ့ဖြစ်ပြီး ခန္ဓာကိုယ်စစ်တလင်းကြီး ပျက်စီးကာမှ ဆေးရုံရောက်ကြတဲ့ အခါ က Virus ကိုပဲ သတ်နိုင်တာပါ။ ပျက်စီးနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပြန်မပြင်နိုင်ပါဘူး (အဆုတ်ပျက်စီးလို့ အသက်မရှူနိုင်ပဲ Oxygen ကျနေတာကို ပေးလို့ ဘာမှ မထူးပါဘူး)

4. လို့ခေါ်တဲ့ Covid ရဲ့ ဆိုးရွားတဲ့ ဝိသေသ တစ်ခုပါ။

ခန္ဓာကိုယ်ရဲ့ Oxygen ပမာဏဟာ ၉၅ % အထက်မှာရှိရပါတယ်။
သာမန်လူတစ်ယောက်ဟာ ၉၉% ရှိပါတယ်။
{ ဆေးလိပ်သောက်တဲ့လူတွေ မှာ နဂိုထဲက Oxygen ပမာဏ ကျနေတတ်သလို
ဆေးလိပ်သောက်လို့ အဆုတ်ပွရောဂါ ရနေတဲ့လူတွေမှာ ၉၀% ဝန်းကျင်သာရှိတတ်ပါတယ်}
သာမန်လူတစ်ယောက်က ရောဂါတစ်ခုခုဖြစ်လို့ Oxygen ပမာဏ ၉၀% ဝန်းကျင်လောက်ဖြစ်ရင်ကို တော်တော်မောနေကြပါပြီ
အရမ်းမောနေကြတော့ Oxygen စောစောပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက Oxygen မရလို့ဆိုပြီး မပျက်စီးတော့ပါဘူး။
Covid Virus ကြောင့်ဖြစ်တဲ့ အဆုတ်ပျက်စီးမှုမှာတော့ Oxygen ပမာဏ ၇၀-၈၀ % ဝန်းကျင်ထိ ကျနေတာတောင် မောနေပေမယ့် အရမ်းကြီးမောမနေပါဘူး (အဲ့တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ Oxygen မရလို့ ပျက်စီးကုန်ပါပြီ)
အဲ့ဒါကြောင့် နေလို့မကောင်းဘူး၊ ဖျားပြီ၊ ချောင်းဆိုးပြီဆိုတာနဲ့ လက်ထိပ်ကနေ Oxygen ပမာဏ တိုင်းတဲ့ (၄၀,၀၀၀ ဝန်းကျင်ပဲရှိတဲ့) စက်လေးတွေ ဆောင်ထားပြီး တိုင်းကြည့်ခိုင်းနေရတာပါ။
Oxygen ကျတာနဲ့ စောစောသိ စောစော Oxygen ပေးတော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမ ပျက်စီးတော့ဘူးပေါ့။

👉👉👉
အဲ့တော့
- Active Immunity ဆိုတာ ဘာလဲ ⁉️
- Passive Immunity ဆိုတာ ဘာလဲ ⁉️
- Plasma Therapy ဆိုတာဘာလဲ ⁉️
- Limitation of Plasma Therapy တွေကဘာတွေလဲ ⁉️
ဆိုတာ နည်းနည်းတော့ သဘောပေါက်ကျမယ်ထင်ပါတယ်။

#ဗဟုသုတအနေနဲ့ ထပ်ပြောရရင်

မွေးကာစ ကလေးလေးတွေကို (BCG နဲ့ HBV vaccine ကလွဲရင်) ကာကွယ်ဆေးကို (၂) လပြည့်မှ စထိုးကြတာဟာ
👉 အမေဆီက နေ ကိုယ်ခံအားစစ်တပ် (Passive Immunity) ရထားလို့ပါ။ (၂) လ လောက်အထိ အမေဆီက ကြေးစားစစ်တပ်က အလုပ်လုပ်တဲ့ အတွက် ကြေးစားစစ်တပ် စာချုပ်သက်တမ်းကုန်ခါနီး အချိန်မှ ကိုယ်ပိုင်စစ်တပ် ဖွဲ့ကြတာပါ။

Covid ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
12:40pm/16.12.2020

16/12/2020

ရန်ကုန်တိုင်းအတွင်းရှိ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းများ
Fever Clinic Update - 13/12/2020

1. တာမွေမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
နေရာ - အမှတ်(၃၇)ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြိုင်ကွန်ဒို)
ဆေးခန်းဖွင့်ရက် - တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ။
တာဝန်ခံ ဆရာဝန် -
ဒေါက်တာကျော်မင်းထွန်း( 09 5127449)
ဒေါက်တာယုစန္ဒာမိုး ( 09 977221029)

2. မင်္ဂလာတောင်ညွန့်မြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
နေရာ - မြယာကုန်းလမ်းမပေါ် ရှိ ဧရာဝတီဘဏ်ဘေး၊ အရင် 21st Century City Mart ရှေ့၊ ကျန်းမာရေးဌာန ၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။
ဆေးခန်းဖွင့်ရက် - တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ။
တာဝန်ခံ ဆရာဝန် -
ဒေါက်တာကိုကိုထွေး( 09253999600)
ဒေါက်တာရဲမင်းသူ ( 09458585559)

3. ဗိုလ်တထောင်မြို့နယ်
ဖျားနာ လူနာကြည့်ချိန် ရုံးဖွင့်ရက် - (၉)နာရီ မှ နေ့လည် (၁၂) နာရီ
နေရာ - အရှေ့ပိုင်းဆေးရုံ(ဂန္နီဆေးရုံ)
တာဝန်ခံ ဆရာဝန် -
ပါမောက္ခ ဒေါက်တာတက်ထွန်းချစ်၊ ဒေါက်တာမိုးနေမင်း
ဒေါက်တာနိုင်ဦး ( 09899876263)

4. လှိုင်သာယာမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ
ဆေးခန်းဖွင့်ရက် - တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊တနင်္ဂနွေ။
နေရာ - ဒေသန္တရဆေးခန်း မန္တလေးလမ်း ၁၂ရပ်ကွက် အထက ၂ကျောင်းအနီး
တာဝန်ခံ ဆရာဝန် -
ဒေါက်တာမြသဲဟန်( 09401049810)
ဒေါက်တာနိုင်မင်းထွဋ်( 09963525140)

5. အင်းစိန်မြို့နယ်
အချိန် - မနက် ၉ နာရီ မှ ၁၁ နာရီ
နေရာ - အင်းစိန်မြို့တော်ခန်းမ
ဆေးခန်းဖွင့်ရက် - တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေ
တာဝန်ခံ ဆရာဝန် - ပါမောက္ခကြီး ဒေါက်တာဒေါ်မာမာကြည်(ဆေးပညာဌာန အင်းစိန်ပြည်သူ့ဆေးရုံကြီး)
ဒေါက်တာ သောင်းလင်း ( 09260206401)
ဒေါက်တာ နေမျိုးအောင် ( 095157863) ကထိက ဆေးတက္ကသိုလ်(၂) အင်းစိန်ပြည်သူ့ဆေးရုံကြီး
ဒေါက်တာ မိကွန်ချမ်း ( 09400434274)
ဒေါက်တာ ညီညီစိုး ( 095038108)

6. အရှေ့ဒဂုံမြို့နယ်
အချိန် - မနက် (၈) နာရီ မှ (၁၀) နာရီ
နေရာ - ထ/၁၄ မင်းရဲကျော်စွာလမ်း ၇ ရပ်ကွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
(ဂိတ်ဟောင်းမှတ်တိုင် နှင့် ဈေးလမ်းမှတ်တိုင်ကြား)
ဆေးခန်းဖွင့်ရက် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာရဲညီညီထွဋ် ( 09972555220)

7. ရွှေပြည်သာ မြို့နယ်
အချိန် - မနက် ၈ နာရီ မှ ၁၁ နာရီ
နေရာ - ရွှေပြည်သာမြို့တော်ခန်းမ
ဆေးခန်းဖွင့်ရက် - နေ့စဉ် ပိတ်ရက်မရှိ
တာဝန်ခံ ဆရာဝန် - ဒေါက်တာသစ်လွင်( 09450013533)

8. တောင်ဒဂုံ မြို့နယ်
အချိန် - မနက် ၈ နာရီမှ ၁၁ နာရီထိ
နေရာ - စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) အမှတ်(၁/က)ဇေယျာမြိုင်လမ်း(၅၄)ရပ်ကွက်၊
တောင်ဒဂုံမြို့နယ်
ဆေးခန်းဖွင့်ရက် - အပတ်စဉ်-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ-တနင်္ဂနွေ
တာဝန်ခံ ဆရာဝန် - ဒေါက်တာ ဇော်လင်းဘို(
095086538)

9. တောင်ဥက္ကလာပမြို့နယ်
အချိန် - မနက် ၉ နာရီမှ ၁၂ နာရီထိ
ဆေးခန်းလိပ်စာ - တောင်ဥက္ကလာ ၁၀ရပ်ကွက်
ဇေယျလမ်း ဟေမဝန်ဓမ္မာရုံဝင်းထဲ
ဆေးခန်းဖွင့်ရက် - အင်္ဂါ၊သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာဉာဏ်လင်းမြင့်ထွန်း( 095198814)

10. ကြည့်မြင်တိုင်မြို့နယ်
အချိန် - မနက် ၉ နာရီ မှ ၁၂ နာရီ ထိ
နေရာ - မဟာပုညောပကာရဓမ္မာရုံ၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်။
ဆေးခန်းဖွင့်ရက် - တနင်္လာ၊ကြာသပတေး၊စနေ
တာဝန်ခံ ဆရာဝန် - ဒေါက်တာ အောင်မွန်ကျော်( 09421137517)

11. မှော်ဘီ မြို့နယ်
အချိန် - နံနက် ၉ နာရီ မှ ၁၁ နာရီထိ
နေရာ - အားကစားခန်းမ၊မှော်ဘီ
ဆေးခန်းဖွင့်ရက် - အပတ်စဉ်-အင်္ဂါ၊ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေ။
တာဝန်ခံ ဆရာဝန် - ဒေါက်တာ ကျော်လင်းထွန်း
( 09972021450)

12. အလုံ မြို့နယ်
အချိန် - နံနက် ၉ နာရီ မှ ၁၂ နာရီ ထိ
နေရာ - အထက (၄) အလုံ ကျောင်းသားဟောင်း အဆောက်အအုံ(အောက်ကြည့်မြင်တိုင်လမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့်)
ဆေးခန်းဖွင့်ရက် - အင်္ဂါ၊သောကြာ၊တနင်္ဂနွေ
တာဝန်ခံဆရာဝန် - ဒေါက်တာ ဇေယျာထက်
( 095049298)

13. ရန်ကင်း မြို့နယ်
အချိန် - မနက် ၉:၃၀ မှ ၁၂ နာရီ ထိ
နေရာ - မိုးကောင်းကျောင်းတိုက်ဝင်း၊ရန်ကင်း
ဆေးခန်းဖွင့်ရက် - အပတ်စဉ်-တနင်္လာ၊ဗုဒ္ဓဟူး၊စနေ
တာဝန်ခံ ဆရာဝန် - ဒေါက်တာ အိအိခိုင်( 09440478024)

14. လှိုင် မြို့နယ်
အချိန် - မနက် ၈ နာရီ မှ ၁၁ နာရီ ထိ
နေရာ - အမှတ် (၁၂၁)၊ ယခင်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်း၊ သုခလမ်းအလယ်၊ ၆ ရပ်ကွက်၊ လှိုင်မြို့နယ်
ဆေးခန်းဖွင့်ရက် - အပတ်စဉ် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
ဆေးခန်း တာဝန်ခံ - ဒေါက်တာ အောင်မော်မင်း( 0943067059)

15. သာကေတမြို့နယ်
အချိန် - မနက် ၉ နာရီ မှ ၁၁ နာရီ ထိ
နေရာ - မိုးလုံလေလုံ အားကစားရုံ၊သာကေသမြို့နယ် ဘောလုံးကွင်း(စာတိုက်မှတ်တိုင် အနီး)
ဆေးခန်းဖွင့်ရက် - အပတ်စဉ်-အင်္ဂါ၊ကြာသပတေး၊စနေ
တာဝန်ခံဆရာဝန် -
ဒေါက်တာ မြတ်မိုးလွင် ( 09425306298)
ဒေါက်တာ ကျော်သူရိန်ထွန်း ( 095148064)

16. မြောက်ဥက္ကလာပ မြို့နယ်
အချိန် - မနက် ၉ နာရီ မှ ၁၁ နာရီ ထိ
နေရာ - မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး
ဆေးခန်းဖွင့်ရက် - အပတ်စဉ်-တနင်္လာ မှ သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး( 09664824714)

17. မရမ်းကုန်းမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ဆေးခန်းဖွင့်ရက် - အင်္ဂါ၊ကြာသပတေး၊စနေ
နေရာ - ကျိုက်ဝိုင်းဘုရား ၊ဘောလုံးကွင်း
အမှတ်(၃) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။
တာဝန်ခံဆရာဝန်- ဒေါက်တာရဲလင်းစိုး( 09773030870)

18. တွံတေးမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ဆေးခန်းဖွင့်ရက် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
နေရာ - သာသနာ့ဗိဗ္မာန် တွံတေးမြို့
တာဝန်ခံဆရာဝန် - ဒေါက်တာကျော်ဇင်ဦး( 0943083337)

19. ဒေါပုံ မြို့နယ်
ဆေးခန်းဖွင့်ရက် နှင့် အချိန် -
ဗုဒ္ဓဟူး၊သောကြာ - နေ့လည် ၁၂ နာရီ မှ ၃ နာရီထိ
တနင်္ဂနွေ - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
နေရာ - သီရိဇေယျာသာသနာ့ဗိမာန်တော်
ပေ(၈၀)လမ်းမကြီး၊ဇေယျာသီရိရပ်ကွက်၊
ဒေါပုံမြို့နယ်
တာဝန်ခံ ဆရာဝန် -
ဒေါက်တာ ဒေါ်သီတာကြူ (အငြိမ်းစားခရိုင်ဆရာဝန်ကြီး)
ဒေါက်တာ ရဲမောင် ( 09261957090)
ဒေါက်တာ သီဟသန့်ဇင်

20. သန်လျင်မြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၃ နာရီ
နေရာ - သန်လျင်ပြည်သူ့ဆေးရုံကြီး
တာဝန်ခံဆရာဝန် - ဒေါက်တာမြကြေးမုံ( 09452293526)

21. ကွမ်းခြံကုန်း မြို့နယ်
အချိန် - မနက် ၈ နာရီ မှ ၁၁ နာရီ ထိ
ဆေးခန်းဖွင့်ရက် - တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ။
နေရာ - မင်းသုဝဏ်ဖောင်ဒေးရှင်း ခြံဝန်း
ထန်းတောရပ်ကွက်
ကွမ်းခြံကုန်းမြို့
တာဝန်ခံဆရာဝန် -
ဒေါက်တာသင်းဥမ္မာခိုင် (တာဝန်ခံ)
09 774 910985
ဒေါက်တာကျော်ပြည့်ဖြိုးအောင်
09799396727
ဒေါက်တာ ဧမောင်မောင်သော်
09778901762

22. ဗဟန်းမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ဆေးခန်းဖွင့်ရက် - အင်္ဂါ၊ကြာသပတေး၊စနေ
နေရာ - ဗဟန်းမြို့နယ် Community Center(SSC ဆေးရုံ ဘေး)
တာဝန်ခံဆရာဝန် - ဒေါက်တာ ဇေသူအောင် ( 09 989258786)

23. သင်္ဃန်းကျွန်း မြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ဆေးခန်းဖွင့်ရက် - ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေ
နေရာ - အထက(၄)သင်္ဃန်းကျွန်း(ဘဝမြင့်မှတ်တိုင်နှင့်စံပြဈေးမှတ်တိုင်ကြား)လေးထောင့်ကန်ရပ်ကွက်
တာဝန်ခံဆရာဝန် - Dr Su Myat Htike ( 09 778034420)

24. မင်္ဂလာဒုံမြို့နယ်
နေ့ရက် - အင်္ဂါ၊ကြာသပတေး၊စနေ
အချိန် - မနက် ၉ နာရီ မှ ၁၂ နာရီ ထိ
နေရာ - မင်္ဂလာဒုံ ပညာရေးစီမံခန့်ခွဲမှု့ သင်တန်းကျောင်း (ကျောင်းရှေ့မှတ်တိုင်)ရွှေညောင်ပင်အနီး
တာဝန်ခံဆရာဝန် - ဒေါက်တာ အိမွန်မွန်ကျော် ( 09 43098953)

25. ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
ဆေးခန်းဖွင့်ရက် နှင့် အချိန် -
ဗုဒ္ဓဟူး၊သောကြာ - နေ့လည် ၁၂ နာရီ မှ ၃ နာရီ ထိ
တနင်္ဂနွေ - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
နေရာ -
ကြက်ခြေနီ အသင်းရုံး 1002/1003
ရာဇာဓိရာဇ် လမ်းနှင့် သဇင်လမ်းထောင့်
38ရပ်ကွက် မြောက်ဒဂုံမြို့နယ်
တာဝန်ခံဆရာဝန် - ဒေါက်တာရဲမောင် ( 09 261957090)

26. ကြည့်မြင်တိုင် တဖက်ကမ်း အလတ်ချောင်းမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
နေ့ရက် - တနင်္ဂနွေ
နေရာ - အလက(၃)အလတ်ချောင်း
တာဝန်ခံဆရာဝန် - ဒေါက်တာ အောင်မွန်ကျော် ( 09 421137517)

27. ဒဂုံဆိပ်ကမ်းမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီထိ
နေ့ရက် - အင်္ဂါ၊ကြာသပတေး၊တနင်္ဂနွေ
နေရာ - အခြေခံပညာမူလတန်းကျောင်း(ဧရာဝဏ်)ဒဂုံဆိပ်ကမ်းမြို့နယ်
စစ်တောင်းလမ်းသွယ်ထဲ(ရတနာလမ်းမကြီး နှင့် ဧရာဝဏ်လမ်းမကြီး ကြား)
တာဝန်ခံဆရာဝန် - ဒေါက်တာဇော်လင်းဘို ( 09 508 6538)

28. ဒလမြို့နယ်
အချိန် - မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီထိ
နေ့ရက် - ကြာသပတေး၊တနင်္ဂနွေ
နေရာ - အမှတ်(၁၇)၊အခြေခံပညာမူလတန်းကျောင်း၊
ကမာကသွယ်ရပ်ကွက်၊ဒလမြို့နယ်။(တွံတေး-ဒလကားလမ်းမကြီးဘေး)
တာဝန်ခံဆရာဝန် - ဒေါက်တာမိုးနေမင်း
ဒေါက်တာနိုင်ဦး ( 09899876263)

29. ကော့မှူးမြို့နယ်
ကော့မှူးမြို့နယ် ဖျားနာကုအခမဲ့ဆေးခန်း
အချိန် - မနက် (၉) နာရီ မှ (၁၀)နာရီထိ
နေ့ရက် - စနေနေ့
နေရာ - မကျီးကန်-ငှက်အော်စမ်း-ကျိုက်ထော်လမ်း
(ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလွန်)

ကော့မှူးမြို့နယ် ပြည်သူလူထုအခြေပြု ကုသိုလ်ဖြစ်မေတ္တာဆေးခန်း
အချိန် - မနက် (၁၀)နာရီ မှ နေ့လည် (၁၂)နာရီထိ
နေ့ရက် - စနေနေ့
နေရာ - ရွှေကော့မှူး
ချောင်ကော်ခြံကျေးရွာ(ရေတာရှည်ကျေးရွာအုပ်စု)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 98, First Floor, Bogalayzay Street , Ward 8
Yangon