Zweet Bath & Co.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zweet Bath & Co., Health/Beauty, Yangon.
28/11/2021
ဒါ ဘယ်သူလေးတွေလဲ🤪
27/11/2021
ဒီအကောင့်ပိုင်ရှင် Birthday Boyအတွက် “ ၉၀,၀၀၀ကျပ်တန်Surprise Gift” လာမှာထားပါတယ်ရှင်….
✨မွေးနေ့ရှင်အတွက်လဲ…
“ ယခုနှစ်မွေးနေ့မှစ ချစ်ရတဲ့သူတွေနဲ့ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ❣️”
ဆိုပြီး ဆုတောင်းစကားလေးလဲပါးလိုက်ပါတယ် 😍
Surprise Giftလေးကို မွေးနေ့အမှီလာရောက်မှာယူပေမယ့် အချိန်မှီမပို့နိုင်တဲ့အခက်အခဲလေးကြောင့်လဲ Zweet Team မှ တောင်းပန်အပ်ပါတယ်ရှင်….
မွေးနေ့ရှင်လေးလဲ လက်ဆောင်လေးရောက်လာတဲ့အခါ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ရင်း “Happy Birthday Again “ ပါနော်✨🥳
ဒီအကောင့်ပိုင်ရှင်လေးကို သိတဲ့သူတွေလဲ Mention ခေါ်ပြီး ပြပေးကြပါဦးရှင့်🥰
05/11/2021
📣📣 Attention Pls 📣📣
🔔🔔All Flavors are back in stock 🔔🔔
🔺စျေးနှုန်းပြောင်းလဲခြင်းနဲ့ဆိုဒ်ပြောင်းလဲခြင်း🔺
Zweet ရဲ့ စျေးနှုန်းလေးတွေကို ယနေ့မှစ၍ အနည်းငယ်ပြောင်းလဲသွားပါမယ်ရှင်….
ပစ္စည်းသယ်ရတဲ့အခက်အခဲများနဲ့အတူ Ingredients များက USAမှတင်သွင်းရတဲ့အတွက်ကြောင့် စက်ရုံကိုရှင်းပေးရတဲ့အခါ စျေးနှုန်းပြောင်းလဲ၍ ရှင်းပေးရပါတယ်။
သို့သော် စျေးနှုန်းအပြောင်းအလဲနဲ့အတူ Customer တွေ စိတ်မပျက်ရလေအောင်လဲ Zweet Team မှ ကြိုးစားပေးထားပါတယ်…
အရင် ၇၀၀၀တန် 90G ဘဲရှိတဲ့ Bathbomb လေးကို ယခု ၇၈၀၀ထဲနဲ့ “160g “ ဆိုဒ်ကြီးကြီးနဲ့ Bathbombလေးတွေရရှိမှာပါ…
BubbleBar အတွက်ကတော့ ယခင်စျေး ၈၀၀၀မှ ယခု၈၅၀၀ သို့ ပြောင်းလဲထားပါတယ်ရှင့်…
Zweet တို့ရဲ့ Partner လုပ်ငန်းရှင်တွေအတွက်လဲ အဆင်ပြေအောင် ၈၀၀ကျပ်၊ ၅၀၀ကျပ်လောက် တိုးပေးထားတာမလို့ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်…
ခု Flavors အကုန်လဲ Instockရောက်ပြီမလို့ ဘယ်ဆိုင်တွေမှာ ဆိုင်ပြန်တင်ပြီလဲဆိုတာပါ ထပ်ကြေငြာပေးမယ်နော်…
Stockကုန်သွားတာတောင် Preorder တင်ပြီး စောင့်ဆိုင်းမှာယူပေးကြလို့လဲ ကျေးဇူးများကြီးတင်ပါတယ်ရှင့်♥️
19/10/2021
Happy Thadingyut, Hoooyayyy xx
သီတင်းကျွတ်ကာလအခါသမယမှာ ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ရပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်….
ဒီကာလပိတ်ရက်မှာ Zweet Team လေးလဲ ၁၉ရက်မှ၂၂ရက်နေ့ထိ ခဏနားမယ်နော်…
Delivery Orderလေးတွေကို Preorderအနေနဲ့ ဒီရက်ပိုင်းအတွင်း လက်ခံပေးသွားမှာဖြစ်ပေမယ့် ခုချိန်ကာလမှာ အလျင်လိုလို့ ဝယ်ယူချင်တဲ့ Customerလေးတွေများတာကြောင့် Pickupစနစ်လေးနဲ့ အဆင်ပြေအောင် စီစဉ်ပေးပါမယ်နော်…
၂၃ရက်နေ့ Zweet Teamလေး ပြန်အလုပ်လုပ်ပါမယ်ရှင့်….
ဆိုင်တွေမှာလဲ ပြန်တင်တော့မှာမလို့ Pageမှာပြန်ပြီး Updateလုပ်ပေးပါမယ်💋
Happy Holidaysလေး ဖြစ်ပါစေနော်❤️
With Love,
Zweet Team xx❤️
13/10/2021
Hello?
Bathbombရှိသေးလား? ဆိုပြီး ကလင် ကလင်လုပ်နေကြတဲ့သဲတို့အတွက် နောက်Bathbombလေးတစ်မျိုး ရှိသေးတယ်နော်…
သူ့နာမည်လေးက “Sweet Tooth Collection” ဆိုတဲ့အတိုင်း Teatime လေးမှာ အချိုတည်းဖို့ ချစ်စရာကောင်းတဲ့ Cupcakesပုံစံလိုလုပ်ထားတဲ့ Bathbombလေးတွေပေါ့…
ဒီ Collection လေးက Giftပေးဖို့ဆိုလဲ အရမ်းကိုလှတဲ့Collectionလေး…
တစ်ဘူး ၆ခုပါတာမလို့ စျေးကလဲတန်…
Sweet Toothလေးက Fragrance Smell မကြိုက်ဘဲ အနံ့ငြိမ်ငြိမ်လေးဘဲ ကြိုက်တဲ့သူဆို အရင်စဉ်းစားသင့်တဲ့ Collection လေး
တစ်ဘူးကို ၁၈၀၀၀ပါ…
တစ်ဘူးမှာ Blueberry, Vanillaစတဲ့ Cake Smell မွှေးမွှေးလေးနဲ့ Flavor ၆ခုပါပါတယ်….
Packaging လေးထဲမှာလဲ Flavor တစ်ခုစီရဲ့ အနံ့လေးကို ရှင်းပြပေးထားတယ်နော်…ဘူးထဲမှာလဲ Cupcakeလေးတွေကို အကန့်လေးတွေနဲ့ တကယ့်မုန့်လေးတွေလို ထည့်ပေးထားတာမလို့ Packaging နဲ့တင် မိုက်နေပြီ🥰
ခုချိန်မှာ Zweet Stockတွေ ဘယ်လိုတောင်အမြန်Soldoutဖြစ်နေလဲ သိကြတယ်ဟုတ်🥰
ရတုန်းလေး မြန်မြန်လာမှာတော့နော်….
11/10/2021
Zweet Brand လေးရဲ့အစက ဘယ်လိုလဲ?
Zweet Bath & Coဆိုတဲ့အတိုင်း Bathroom ထဲက လူ့အသုံးအဆောင်လေး စထုတ်ကြမယ်ပေါ့လေ…
ဒါပေမယ့် သူများကိုညွှန်ကြားဖို့ဆိုတာကလဲ ကိုယ်တိုင်ကလဲတတ်သိ နားလည်မှဖြစ်မှာဆိုတော့ Founder၂ယောက်က ပါဝင်ပစ္စည်းတွေနားလည်အောင် စာတွေ့တွေ လိုက်သင်ရတယ်… (အိမ်မှာအထပ်လိုက်ရှိနေသေးတော့ နောက်နေ့တွေ အလျဉ်းသင့်သလို Knowledge sharing လုပ်ပေးသွားပါမယ်)
နောက်တစ်ခါကတော့ လက်တွေ့သင်တာ ထပ်တက်ကြတယ်…. လက်တွေ့သင်တော့မှ အရင်က စာတွေသင်ခဲ့ရတာကို ပိုမြင်လာတယ်… မှတ်မှတ်ရရကတော့ ဆရာမက တစ်ယောက်ဇလုံတစ်ခု… မီးဖိုတစ်ခုပေးထားတော့… ဇလုံကြီး အောက်ချပြီးမွှေတဲ့ထိ အားရပါးရနဲ့သင်ခဲ့တာ အမှတ်တရဘဲ🤣🤣
Soap နဲ့ Scrub လုပ်တုန်းကတော့ အဟုတ်… Candle လဲကျရော ပုံပျက်ပန်းပျက်ဖြစ်တာကလဲ အမှတ်တရပါဘဲ😂
၂၀၁၉ထဲကစာတွေ့သင်တန်းတွေကနေ လက်တွေ့သင်တန်းတွေထိလိုက်တက်မှ 2015ထဲက YouTubeတွေကြည့်ပြီး Bathbombလေး ကိုယ်တိုင်လုပ်သုံးခဲ့ဖူးပေမယ့် Foamဖြစ်စေတဲ့ Ingredients တိုင်းက Bathbomb မှာ သုံးလိုက်ရင် Bombရဲ့ ကျစ်လစ်မှုကို ထိခိုက်စေတယ်ဆိုတာ ပိုနားလည်လာတယ်….
ဒီလိုနဲ့မှ စက်ရုံကို စိတ်တိုင်းကျလိုက်ရှာပေါ့… စက်ရုံပေါင်းမျိုးစုံကနေ သူတို့Productတွေ ဝယ်သုံးရတာလဲ တကယ့်ကို မနည်းမနောဘဲ… တချို့ကျ Weigh များပေမယ့် သုံးလိုက်တော့ အသားပေါ်မှာချွဲကျန်ခဲ့တာမျိုးတွေ…. တချို့ကျလဲ ချစ်စရာလေးပေမယ့် ကျွတ်ဆတ်ဆတ်နဲ့ အရည်ပျော်ဖို့ အချိန်အကြာကြီးစောင့်ရတာမျိုးတွေ…အမျိုးစုံပေါ့…
နောက်ဆုံးမှ ခုထုတ်နေတဲ့Product Typeလေးကိုတွေ့ပြီး သဘောကျမိတယ်….သူ့ကို Ingredients Listတွေ ပို့ခိုင်းတုန်းကလဲ Skin ကို မထိခိုက်စေနိုင်တာဘဲ သုံးထားတာရော… ကလေးတွေထိသုံးလို့ရနိုင်တယ်ဆိုတော့ “This is the one” ဆိုပြီး Zweet Brandလေးက စခဲ့တာပါဘဲ….
စလုပ်တုန်းက Costက တော်တော်ကိုများခဲ့ပါတယ်… အစဆိုတော့ နားမလည်တော့ မလိုအပ်ဘဲကုန်ခဲ့ရတာတွေလဲ အများကြီးပေါ့…
Packaging ဆိုလဲ Printing မလို့ ဓါးဘောင်မရှိသေးဘဲ စလုပ်တဲ့အကြိမ်ဆိုတော့ Costက ပိုကုန်ပြန်ရော…
ဘူးရဲ့ Patternကလဲ Google က မဟုတ်ဘဲ Graphic Designer ဆီမှာအပ်ထားတဲ့ ကိုယ်ပိုင်Patternမလို့ (အဲ့အစ်ကိုကို Recommend ပေးပါတယ်… Packaging Patternတွေက Uniqueဖြစ်ပါတယ်…) Design Fees…Printing Fees… ဖဲကြိုးဖိုးနဲ့ စျေးကရောက်လာတော့ Packaging ဆိုင်ကတောင် အကြံပေးရရှာတယ်… မှန်ကာလိုမျိုး အဖုံးလေးမထည့်ဘဲ အပေါက်လေးထားပါလား… Productလဲ သေချာမြင်ရတယ်ပေါ့လေ… အဲ့ဒါလဲ လက်မခံဘဲ ထပ်ပြီး အကာလေး ထပ်ထည့်နဲ့🤣
နောက်ဆုံး Packaging လေးက ဒီလိုလေးဖြစ်လာတော့တာဘဲ (ဒါတောင် Brand Logoလေးကို ရောင်ပြန်လေး Print ချင်တာ…. Product Price တက်ပြီး ရောင်ပြန်လေးပြင်လိုက်ရမလား😛)
Zweet Foundersတွေအနေနဲ့ အာမခံနိုင်တာက foundersတွေအပြင် Zweet Teamရဲ့Skinပေါ် လနဲ့ချီပြီး စမ်းဖူးပြီး စိတ်ချရတဲ့ပစ္စည်းမျိုးဘဲ ထုတ်သွားမှာပါ…ကိုယ်ထုတ်တဲ့ပစ္စည်း ကိုယ်တိုင်အပ်ကျတာကအစ အသေးစိတ်ထိသိအောင်ထိလုပ်ပြီးမှလဲ စျေးကွက်ဖြန့်ပါတယ် (ဒါကတော့ ဝယ်သူအချစ်တွေဆို အသိဆုံးပါ…စာအရှည်ကြီးတွေနဲ့ ရှင်းပြပြီးမှ ရောင်းပါတယ်😁)
Zweet Team က Zweet Bath & Co လေးပေါ် အရမ်းစေတနာထားပြီး ပိုးမွေးသလိုမွေးတာမလို့ နောက်ထုတ်မယ့်Productအတွက်လဲ ခုထဲက Dollarစျေးတွေတက်ပေမယ့် စပြီး ပြင်ဆင်နေပါတယ်…စိတ်မပျက်စေရအောင်လဲ အမြတ်ဆိုတာထက် Qualityကို ပေးနိုင်တဲ့Brandဖြစ်အောင် စေတနာမလျော့ဘဲ ကြိုးစားသွားမှာမလို့ ခုလိုဘဲ အများကြီးချစ်ပေးကြပါဦးနော်❤️
(Zweet ရဲ့ First Product မှာ Quality Failed ဖြစ်ခဲ့တဲ့အကြောင်းလဲ ထပ်ရေးပါဦးမယ်)😁
03/10/2021
သီတင်းကျွတ်လက်ဆောင်ပေးတဲ့အခါလဲ Zweet လေးကို သတိရပေးကြတယ်နော်🥰
ချစ်လိုက်ရတာ…
မီးလေးတွေနဲ့ ကလေးဆန်ဆန်လိုချင်လဲ လုပ်ပေးပါတယ်ရှင့်…
ဒီPackagingကတော့ လူကြီးပေးဖို့အတွက်မလို့
ပန်းလေးတွေဘဲ သုံးထားပေးတာပါ🥰
မင်မင်တို့ကို တစ်ခွန်းဘဲ ပူဆာလိုက်~ အကုန်ဖြစ်စေရမယ်😎🥰
Thanks for always choosing us🤩
02/10/2021
2022 က Zweetရဲ့ Brandအခွဲလေးတွေ ထပ်ပြီးမွေးဖွားလာမယ့်နှစ်ပါ….😍
ဘယ်လထဲ ထွက်မလဲဆိုတာတော့ မပြောသေးဘူးနော်…
Zweet Founderတွေရဲ့စေတနာအတိုင်း ၁/၂လဆိုတဲ့အချိန်တိုအတွင်းမဟုတ်ဘဲ အချိန်အကြာကြီးယူပြီး လူကြီးကနေ ကလေးထိ အဆင်ပြေနိုင်လားသေချာ စမ်းသုံးကြည့်ပြီးမှ စျေးကွက်ထဲဖြန့်မှာမို့ စိတ်ရှည်ပေးကြပါနော်…
စောင့်ရကျိုးနပ်အောင် အသစ်အဆန်းလေးတွေ ချပြပေးမှာမို့ It will worth it ပါ😍
11/09/2021
Click လေးတစ်ချက်နဲ့ မြန်မာတစ်နိုင်ငံလုံးကို ပို့ပေးနေပြီနော်….😍
Zweet Products တွေကို Shop.com.mm မှာ ဝယ်ယူလို့ ရတာ သိပြီးကြပြီလား?
ဘယ်လိုဝယ်ယူရမလဲမသိတဲ့သူတွေအတွက်
အသုံးပြုပုံလေးတွေကို ပုံလေးတွေမှာကြည့်ပေးနော်…
(၁) S ပုံနဲ့ Shop ရဲ့ Application လေးကို Download လုပ်ပါ။
(၂) Account ဖွင့်ပါ… Account အသစ်ဖွင့်ဖို့ ကိုယ့်ရဲ့ဖုန်းနံပါတ်လေးရယ်…. ဖုန်းနံပါတ်ကိုပို့တဲ့ Codeရယ် ရှိရင် ဖွင့်လို့ရပါပြီ…ကိုယ့်ရဲ့ Facebook / Gmail Account တွေနဲ့လဲ ဝင်လို့ရပါတယ်။
(၃) Search ဆိုတဲ့နေရာလေးမှာ “Zweet” လို့ ရိုက်ထည့်လိုက်ရင် Zweet Product လေးတွေ ပေါ်လာမှာပါ။
(၄) ကိုယ်နှစ်သက်ရာ Product ကို ရွေးပြီး တစ်ခုဘဲအားပေးမယ်ဆို Buy Now ၊ ဆက်ပြီး ရွေးချယ်ဝယ်ယူဦးမယ်ဆို Add to Cartကို ရွေးချယ်ရမှာဖြစ်ပါတယ်။
(၅) Homeကို ပြန်ထွက်ပြီး Cart ကိုရွေးချယ်ပါ။ ကိုယ့်ရဲ့ Order List ကို ပြန်စစ်ပြီး သေချာပြီဆို Check Out ကို ရွေးချယ်ပါ။
(၆) Address နေရာမှာ မိမိရဲ့ လိပ်စာ၊ဖုန်း၊ Gmail တို့ကိုအတိအကျ ထည့်ပေးပါ။ Place Order ရွေးပါ။
(၇)မိမိနှစ်သက်ရာ ငွေပေးချေမှုပုံစံကို ရွေးချယ်ပြီးရင်တော့ Shopping Journey ကြီးက ပြီးဆုံးပါပြီရှင့်။
အိမ်မှာနေရင်း စိတ်ကြိုက်Shoppingထွက်တဲ့သူတွေအတွက် Shop.com.mm မှာလဲ Zweet Products လေးတွေ ရှာကြည့်ဖို့ မမေ့နဲ့နော်😚
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon
11062