Mom's Beauty

Mom's Beauty

Share

Being a mom , gardener and take care of my family . I like coffee . I like to go camping . I like to read books . I love to grow my own garden . Think positive .

Stay healthy . Clam down . Be happy . 🦋 peace

30/08/2026

အမေ ဆိုင် ပြုတ်တာ ပျော်နေတဲ့ အဖွဲ့ က 🤣🤣🤣

သူငှေးဖြစ်သွားပြီ တဲ့ သားကြီးက 🤣🤣🤣

30/08/2026

📢 ဆိုင်လက်လွှဲရောင်းမည်

ဆိုင်ပိတ်ရန် ဆုံးဖြတ်ထားသဖြင့် ဆိုင်တွင်အသုံးပြုနေသော ပစ္စည်းများအားလုံးကို လက်လွှဲရောင်းလိုပါသည်။

✅ ရေခဲသေတ္တာ ၂ လုံး (၈ လခန့်သာ အသုံးပြုထားပါသည်)
✅ မီးဖိုချောင်သုံးပစ္စည်းများ
✅ ခွက်၊ ပန်းကန်နှင့် စားသောက်ဆိုင်သုံးပစ္စည်းများ

💰 အားလုံးအပြီး လက်လွှဲဈေး — ၈၀၀၀၀ ဘတ်

စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက Chat မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၀၆၃၉၈၃၀၄၄၁

30/08/2026

34 meeshay ဆိုင်လေး ဒီမှာ တစ်ခန်းရပ် လိုက်ပါပြီ ရှင့်….

ဆိုင်လေးမဖွင့်တော့ပါဘူး…

ချစ်ခင်ကြင်နာစွာ အားပေး ဖေးမ ခဲ့သူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ရှင့် 🙏🏻🙏🏻🙏🏻

29/08/2026

အမြဲ ယုံကြည် ပြီး အပ်နှံလို့ ကျေးဇူးတင်ပါတယ် ရှင့် 🙏🏻🙏🏻🙏🏻

28/08/2026

မိသားစု ၃ ယောက်အတွက်

First class 80 million cover health insurance ကို non-face လုပ်ပေးတာပါ…

ဆိုင်ပိတ်တဲ့အကြောင်းတွေပေါ့လေ။ မနက်ထည်းကနေ ည ၉:၀၀ နာရီအထိ ပါပဲ…

ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏🏻🙏🏻🤪

28/08/2026

ဒီနေ့မနက် Team Member တစ်ယောက်အတွက် ကျန်းမာရေးအာမခံ အကြောင်း ဆွေးနွေးပေးဖြစ်ခဲ့တယ်။
နားလည်အောင်ရှင်းပြပေးပြီး သူ့အတွက် သင့်တော်မယ့် Plan လေးကို ရွေးချယ်ပေးခဲ့တယ်။ နောက်ဆုံးတော့ ကိုယ်တိုင်လည်း ယုံကြည်စိတ်ချစွာ ဝယ်ယူဖြစ်သွားတယ်။

အဲ့ဒီအချိန်လေးမှာ…
“ငါ ဒီအလုပ်ကို လုပ်နေရတာ တကယ်တန်တယ်” လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်။

ကျန်းမာရေးအတွက် သုံးလိုက်ရတဲ့ငွေဟာ တစ်ခါတလေ ပြန်မရနိုင်တဲ့ငွေ ဖြစ်သွားနိုင်တယ်။
ဆေးရုံတက်ရတာ၊ ခွဲစိတ်ရတာ၊ အရေးပေါ်ကုသမှုခံယူရတာမျိုးတွေ ဖြစ်လာတဲ့အခါ ပိုက်ဆံကုန်မှာထက် “ဘယ်လောက်ကုန်မလဲ” ဆိုတဲ့ စိုးရိမ်စိတ်က ပိုပင်ပန်းစရာကောင်းတယ်။

ဒါကြောင့် ကျန်းမာနေတဲ့အချိန်မှာ ကိုယ့်ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်တာဟာ
ငွေကို အသုံးပြုလိုက်တာထက် စိတ်အေးချမ်းမှုကို ဝယ်ယူထားတာ လို့ ကျမမြင်တယ်။

ဒီနေ့ သူ့အတွက် အာမခံတစ်ခုရသွားတာထက်
တစ်နေ့နေ့မှာ ကျန်းမာရေးအခက်အခဲကြုံလာခဲ့ရင် “ကုသစရိတ်ကို ဘယ်လိုရှာမလဲ” ဆိုတဲ့ စိတ်ပူစရာတစ်ခု လျော့သွားစေခဲ့တယ် ဆိုတာကို တွေးမိတော့ ပိုပြီးဝမ်းသာမိတယ်။

အာမခံဆိုတာ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုပြောပေးနိုင်တာမဟုတ်ပေမယ့်
ဘာဖြစ်လာလာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားတယ်ဆိုတဲ့ စိတ်အေးချမ်းမှုကိုတော့ ပေးနိုင်တယ်။ 🤍

ဒီလိုလူတွေရဲ့ဘဝမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကိုယ်က ကူညီပေးနိုင်နေတယ်ဆိုတာကိုပဲ
ဒီနေ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတဲ့ အခိုက်အတန့်လေးတစ်ခုပါ။

#ကျန်းမာရေးအာမခံ

#စိတ်အေးချမ်းမှုကိုကြိုတင်ဝယ်ယူခြင်း
#ကိုယ့်အလုပ်ကိုကိုယ်ဂုဏ်ယူတယ်

27/08/2026

တစ်ရံလုံး မတတ်နိုင်ဘူးလေ🤣

နိုင်သလောက်လေး ညီမတေ ဝယ် စီးကြ မို့ 😜

Photos from Mom's Beauty's post 27/08/2026

“၂ နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ‘မပေးဘူး’ ဆိုတဲ့စကားနောက်ကွယ်မှာ ဘာများမရှိလဲ?”

Joy ၂ နှစ်အရွယ်မှာ သူ့ကစားစရာလေးတွေဆို ဘယ်သူ့ကိုမှ ပေးမဆော့ချင်ဘူး။ အိမ်လာလည်တဲ့ သူ့မောင်လေးဝမ်းကွဲလေးကိုတောင် “မပေးဘူး” ဆိုပြီး ကိုယ့်ပစ္စည်းကို ကိုယ်ပဲကိုင်ထားတတ်တယ်။

သူကြိုက်တဲ့ပစ္စည်းလေးတွေဆိုလည်း အမြဲကိုင်ထားပြီး မပျောက်အောင် ကြည့်ထားတတ်တယ်။

အဲဒီတုန်းက မိဘတစ်ယောက်အနေနဲ့ “ဘာလို့ ဒီလောက် တောင်မပေးချင်ရတာလဲ” လို့ တွေးမိတယ်။ ဒါပေမယ့် ကလေးဖွံ့ဖြိုးမှုအရတော့ ဒီအပြုအမူဟာ ၂ နှစ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ ပုံမှန်အဆင့်တစ်ခုပါ။

ဒီအရွယ်ကလေးတွေဟာ “ဒါက ငါ့ဟာ” “ငါပိုင်တယ်” ဆိုတဲ့ ကိုယ်ပိုင်ပစ္စည်းအယူအဆကို စတင်နားလည်လာကြပါတယ်။ တစ်ဖက်မှာလည်း တခြားသူရဲ့ခံစားချက်ကို နားလည်ပြီး ကိုယ်ချင်းစာတတ်မှုနဲ့ မျှဝေပေးတတ်မှုတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။

ဒါကြောင့် သူ့ကစားစရာကို တခြားကလေးတစ်ယောက် ယူလိုက်တဲ့အခါ လူကြီးတွေမြင်သလို “ပစ္စည်းလေးတစ်ခု ယူတာပဲ” မဟုတ်ဘဲ ကလေးရဲ့စိတ်ထဲမှာတော့ “ငါ့ပစ္စည်းကို ယူသွားပြီ” ဆိုတဲ့ခံစားချက် ဖြစ်နိုင်ပါတယ်။

ဒီလိုအချိန်မှာ
“မပေးရင် မကောင်းတဲ့ကလေး”
“လောဘကြီးတယ်”
“မမျှဝေတတ်ဘူး”
ဆိုပြီး အပြစ်တင်တာထက်…

“ဒါက သမီးအရမ်းကြိုက်တဲ့အရုပ်လေးနော်။ မောင်လေးလည်း ဆော့ချင်တယ်။ သမီးဆော့ပြီးရင် မောင်လေးကို ခဏပေးမလား” လို့ ဖြည်းဖြည်းချင်း သင်ပေးတာက ပိုကောင်းတယ်လို့ ထင်တယ်

ကလေးတွေဟာ မျှဝေတတ်ခြင်းကို မွေးကတည်းက သိလာတာမဟုတ်ဘဲ သင်ယူရတာပါ။

ဒီနေ့ မပေးချင်သေးတာက မနာလိုလို့မဟုတ်ပါဘူး။
မမျှဝေတတ်သေးတာက မကောင်းတဲ့ကလေးဖြစ်လို့လည်း မဟုတ်ပါဘူး။

အရွယ်ရလာတာနဲ့အမျှ ကိုယ်ပိုင်ပစ္စည်းဆိုတဲ့အယူအဆ၊ တခြားသူရဲ့ခံစားချက်ကို နားလည်နိုင်မှုနဲ့ မျှဝေပေးတတ်မှုတွေ တဖြည်းဖြည်း ဖွံ့ဖြိုးလာမှာပါ။

ကလေးတစ်ယောက်ရဲ့ အပြုအမူတိုင်းကို လူကြီးတစ်ယောက်ရဲ့ စံနှုန်းနဲ့ မတိုင်းဘဲ၊ သူရောက်နေတဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ နားလည်ပေးနိုင်ရင် မိဘနဲ့ကလေးနှစ်ယောက်လုံး ပိုပြီး စိတ်အေးချမ်းရပါတယ်။

လက်ရှိကြုံတွေ့ရတဲ့ အခက်ခဲလေးတစ်ခုမို့ အိမ်ကို ဘယ်ကလေးမှ ခေါ်လို့မရ

ခြံထဲက ပန်းကအစ ကိုင်လို့မရဘူး 🤣

27/08/2026

တစ်နေ့တစ်နေ့ ကိုယ့်နိုင်ငံက သတင်းတွေကြောင့် စိတ်ပျက် စိတ်နာ… သဘာဝဘေးအန္တာရယ်ကြောင့်ထိခိုက်ကြတဲ့ တစ်ခြားနိုင်ငံ အကြောင်းတွေကြောင့် ဝန်းနည်း…

ဘုရား ဘုရား တ မိတဲ့ ဒီနေ့မနက်ခင်းပါပဲ…

😔

26/08/2026

ကျောင်းကြို 7/11 ဝင်🤣

အပူပင် ဘာမှ မရှိတဲ့ သားနဲ့ သမီး🤣

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Karnkanok 12 Phase 3 193/9 Chiang Mai Super High Way , Chai Sathan , Saraphi District, Chiang Mai 50140
Yangon