US OTC

US OTC

Share

USA မှ high quality brand over the counter (OTC) medication များကို ပစ္စည်းမှန် စျေးမှန် လက်လီလက်ကား ဖြန့်ဖြူး ပါသည်။

Photos from US OTC's post 19/08/2026

ဆေးလေးတွေရောက်ပါပြီး

13/08/2026

ကာလဝမ်းရောဂါ (Cholera) ဖြစ်ပွားပါက မဖြစ်မနေ ပြုလုပ်ရမည့် အရေးကြီးဆောင်ရွက်ချက်များ

​ကာလဝမ်းရောဂါသည် ပြင်းထန်စွာ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကို ဖြစ်စေပြီး ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်များကို ခို်င်းမြန်စွာ ဆုံးရှုံးစေသည့် ကူးစက်ရောဂါဖြစ်သည်။

အချိန်မီ ကုသမှုမရရှိပါက အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အောက်ပါ အချက်များကို မဖြစ်မနေ ချက်ချင်း ဆောင်ရွက်ရပါမည်။

​၁။ ဓာတ်ဆားရည် ချက်ချင်း သောက်သုံးပါ
​ဝမ်းသွားသည်နှင့်တစ်ပြိုင်နက် ဓာတ်ဆားရည် (ORS) ကို အချိန်မဆိုင်းဘဲ ချက်ချင်း သောက်ပေးပါ။

​ရေဓာတ်နှင့် ဆားဓာတ် ပြန်လည်ဖြည့်တင်းခြင်းသည် ကာလဝမ်းရောဂါကုသမှုတွင် အရေးကြီးဆုံး သေရေးရှင်ရေး တာဝန် ဖြစ်သည်။

​ဓာတ်ဆားမရှိပါက သန့်ရှင်းသော သောက်ရေ (၁) လီတာတွင် သကြား (၆) ဇွန်းနှင့် ဆား (ဇွန်းဝက်) ရောစပ်၍ ချက်ချင်းသောက်ပါ။

​၂။ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားပါ
​ကာလဝမ်းရောဂါဟု သံသယရှိပါက မိမိသဘောဖြင့် အိမ်တွင် ရေရှည်ကုသခြင်းမပြုဘဲ နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပြသပါ။

​ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်ပါက သွေးကြောထဲမှတစ်ဆင့် ပိုက်သွင်း၍ ရေဓာတ်ဖြည့်တင်းမှု (IV fluids) လိုအပ်ပါသည်။

​၃။ ကူးစက်မှု မပြန့်ပွားစေရန် သီးသန့်ခွဲနေပါ

​လူနာ၏ မစင်နှင့် အန်ဖတ်များတွင် ရောဂါပိုးများစွာ ပါဝင်သောကြောင့် ရောဂါပိုး အခြားသူများထံ မကူးစက်စေရန် လူနာကို သီးသန့်ခွဲခြားထားပါ။

​လူနာအသုံးပြုသော အိမ်သာ၊ အဝတ်အစားနှင့် ပစ္စည်းများကို စနစ်တကျ ပိုးသတ်သန့်စင်ပါ။

​၄။ တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုစိုက်ပါ
​လူနာကို ပြုစုပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်းနှင့် အစာမစားမီတွင် လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ သေချာစွာ ဆေးကြောပါ။

​၅။ သန့်ရှင်းသော အစားအသောက်နှင့် ရေကိုသာ သုံးစွဲပါ
​ရေကို ကျိုချက်ပြီးမှ သောက်ပါ။
​ပူပူနွေးနွေး ကျက်ကျက်ချက်ထားသော အစားအစာများကိုသာ စားသုံးပြီး လတ်ဆတ်မှုမရှိသော သို့မဟုတ် ယင်ကောင်နားထားသော အစားအစာများကို လုံးဝရှောင်ကြဉ်ပါ။

​သတိပြုရန် - ကာလဝမ်းရောဂါသည် ပေါ့ဆ၍မရသော ရောဂါဖြစ်သဖြင့် ဝမ်းမထိန်းနိုင်ဘဲ ရေကဲ့သို့ သွားခြင်း၊ မူးဝေခြင်း၊ ခြေလက်အေးစက်ခြင်းတို့ ဖြစ်ပေါ်ပါက ဆေးရုံသို့ ချက်ချင်း သွားရောက်ရပါမည်။



#ကျန်းမာရေး

01/08/2026

Happy Birthday 9th US OTC🎊🥳🎉🕊️

(၉)နှစ်ပြည့်အထိ မင်မင်တို့ အပေါ် ယုံကြည်စိတ်ချစွာဖြင့် အားပေးလာသော customer အားလုံးကို အထူးကျေးဇူးတင်ပါတယ် ❤️

မိသားစုအားလုံး ကျန်းမာပျော်ရွှင်ပါစေ 🙏

24/06/2026

🌺Milk thistle 🌺

သူက ကယ်လဖိုးနီးယား(California) မှာ အဓိကပေါက်တဲ့ အပင်တစ်မျိုးပါ။အရွက်ကိုချေလိုက်ရင် နို့နှစ်လို အဖြူရောင်အရည်ထွက်လို့် milk thistle လို့နာမည်ပေးထားတာပါ။
သဘာဝဆေးအနေနဲ့ သုံးလာတာတော့ နှစ်ပေါင်း ၂၀၀၀ လောက်ရှိပါပြီ၊အနာကျက်စေတဲ့အစွမ်းအကြောင်း စတင်သိခဲ့တာက အေဒီ ၄၀ လောက်မှပါ။
Milk thistle မှာ ဆလိုင်ဘင်(silybin)ဆိုတဲ့ ဇီဝရောင်ခြယ် ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းပါပါသည်။ဆလိုင်ဘင်ဟာ အသည်းထဲက အဆိပ် နှင့် အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပစွန့်ထုတ်ခြင်းအားဖြင့် အသည်းကို သန့်စင်ပေးပါသည်။အသည်းဆဲလ်များ အသစ်ဖြစ်စေခြင်းအားဖြင့် အသည်းကိုထောက်ပံ့ပေးပါသည်။သွေးကို သန့်စင်စေ၍ glutathione ပမာဏ မြင့်တက်စေပြီး ရောင်ရမ်းမှုပျောက်ကင်းစေသော အစွမ်းရှိပါသည်။အစာခြေအင်ဇိုင်းများပါသော သည်းခြေအရည် ထုတ်လုပ်ခြင်းကို ကောင်းမွန်စေပါသည်။ဒါပြင် အရွယ်တင်နုပျိုစေသော အစွမ်းရှိပါသည်။
Milk thistle ကို
၁။အသည်းကျန်းမာရေးအတွက်
၂။သည်းခြေ နှင့် ကျောက်ကပ် ကျောက်မဖြစ်စေရန်
၃။အသည်းပြန်လည်ကျန်းမာလာလို့ သွေးတွင်းသကြားဓာတ်ပိုမိုလျော့ချပေးနိုင်လို့ ဆီးချို သမားတွေအတွက်
၄။သွေးတွင်း ကိုလက်စတော ချပေးနိုင်လို့ နှလုံးကျန်းမာရေးအတွက်
၅။နေရောင်ကြောင့်ဖြစ်သော အရေပြားကင်ဆာကိုကာကွယ်ဖို့
၆။အရွယ်တင်နုပျိုစေဖို့သုံးပါသည်။

Credit to ကျန်းမာရေးဆိုင်ရာ အတိုအထွာ

🌺Puritan Pride Milk Thistle

24/06/2026

❤️CoQ 10 က အခုဆို အရမ်းအသုံးများလာတယ်

👉🏻ဝယ်သူအများစုမေးတာ Dose ပါ CoQ10 100 mg to 300 mg ဘာလိုသောက်ရမလဲမေးသူများအတွက်

❤️100-120 mg က အသက်ငယ်တဲ့သူ သွေးတိုးသမား အသက် ၆၀ -၇၀ လောက်ထိ အဆင်ပြေပါတယ်

❤️200 Mg ကတော့ အသက် ၆၀ ကျော်တွေ နှလုံးအားနာည်းသူ အတွက်ပါရှင်

❤️300 mg ကတော့ နှလုံး သွေးကြောကျဉ်းတဲ့သူ နှလုံးမကောင်းသူ နှလုံးကြီးသူ နှလုံးရောဂါရှိသူအတွက်အဆင်ပြေပါတယ်

🥰Over the counter ဆေးဖြစ်လို့ Dose က Harmful level ထိတော့မဖြစ်ပါဘူးနော်

CoQ 10 လေး က အခု antioxidant network များ အဓိကပါလို့ အခုချိန် သောက်သင့်တဲ့ ဆေးပါနော်

CoQ 10 ဆိုတာဘာလဲ

သူက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Co Enzyme တမျိုးပါ

သူက ကိုယ်ခန္ဓာ အတွက် အရေးကြီးအစိတ်ပိုင်းဖြစ်တဲ့ ဦးနှောက် နှလုံး ကျောက်ကပ် အသည်း မြာ CoQ 10 တွေ အများကြီး အလုပ်လုပ်ပေးလို့ သူသောက်ရင်
>နှလုံးသွေးကြောကျဉ်းတာ ကာကွယ်
> သွေးပေါင်ချိန် အတက်အကျ ထိန်းပေးပြီး
> ကိုယ်ခန္ဓာ စွမ်းအားထုတ်ပေးခြင်း
> Antioxidant မို့ အိုမင်ခြင်း ကင်ဆာဖြစ်ခြင်းလျော့ချပေးပြီး Immune system ကို ကောင်းစေပါတယိ

သူ ကောင်းတာ အမျာကြီးမို့ရေးလို့တောင်ကုန်မယ်မထင်ဘူးနော်

Photos from US OTC's post 24/06/2026

🌵Puritan Pride Cinnamon capsule /500mg

🌵ဆီးချို သမားများအတွက် ဆီးချိုကျစေပြီး ခန္တာကိုယ်ရဲ့ သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

🌵ရောင် ရမ်းမှုကိုကျစေပါတယ်။

🌵သွားဖုံးရောင်ရောဂါကို ကာကွယ် သက်သာစေပါတယ်။

🌵သွေးတိုးကျစေပြီး သွေးတွင်း ကိုလက်စ်ထရော ကိုကျစေပါတယ်။

🌵သန့်စင်တဲ့ သစ်ဂျပိုးခေါက်ကထုတ်လို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

🌵အလုံး ၁၀၀

👉43,000ks

✔️Instock

10/05/2026

အမေများနေ့ မှာ အမေအားလုံး ကျန်းမာပျော်ရွှင်ပါစေ🥳😍

မင်မင် မေမေကိုလည်း ချစ်ပါတယ်နော် 🥰🥰🥰

30/04/2026

🌼 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ (၂၀၂၅) ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင်
ဘေးရန်ကင်းကွာ၍ ရောဂါဘေး၊ ကပ်ဘေးအပေါင်းမှ လွတ်မြောက်ကာ ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး
ကုသိုလ်တရားများ တိုးပွားနိုင်ကြပါစေကြောင်း
US OTC မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏✨

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့
#ညောင်ရေသွန်းပွဲ
otc

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kannar Street
Yangon
1111