Top Star Charming - Tsc

Top Star Charming - Tsc

Share

Makeup artist & digital creator

05/03/2026

ကိုယ်တိုင်သုံးပြီး ကောင်းမှ ပြန်ရောင်းပေးပါမယ်ရှင်
ထိုင်းနိုင်ငံထုတ် ခေါင်းလျှော်ရည်များကို
ကိုယ်တိုင်သုံးကြည့်ပြီး အရမ်းကောင်းတဲ့ product လေးတွေကိုပဲ ရွေးချယ်ပြီး ပြန်လည်ရောင်းချပေးမှာပါရှင်။

ဆံပင်ကျွတ်မှုလျော့စေတယ်..
ဆံပင်နူးညံ့တောက်ပစေတယ်..
ဆံပင်အရင်းအမြစ်ကျန်းမာစေပါတယ်..

Cosmetics ပစ္စည်းလေးတွေလည်းစျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးမှာမို့အလှအပကြိုက်သူများ အတွက် အဆင်ပြေပါတယ်ရှင်။

Telegram Group လေးလည်း ဖန်တီးထားပြီး
Product အသစ်များ / Promotion များကို
Group ထဲမှာ တင်ပေးသွားပါမယ်ရှင်။

19/02/2026

ဆံပင်ဘာကြောင့် ကျွတ်ရတာလဲ???
တစ်ဦးနဲ့တစ်ဦးမတူနိုင်တဲ့ အကြောင်းတွေအများကြီးရှိနိုင်ပါတယ်..
၁။ ဟော်မုန်းပြောင်းလဲမှု

ကိုယ်ဝန်ဆောင်ပြီးနောက်မီးယပ်ရပ်ခြင်း

၂။ စိတ်ဖိစီးမှုများခြင်း

အလုပ်ဖိစီးမှု၊ အိမ်တွင်းပြဿနာ၊ အိပ်ရေးမဝခြင်းတို့ကြောင့် ဆံပင်အလွန်ကျွတ်နိုင်ပါတယ်။

၃။ အာဟာရချို့တဲ့ခြင်း

သံဓာတ် (Iron) ချို့တဲ့ခြင်း

ပရိုတိန်းမလုံလောက်ခြင်း

Vitamin D / B12 ချို့တဲ့ခြင်း

၄။ မိဘမှဆင်းသက်ခြင်း

မိဘများမှာ ဆံပင်ပါး / ပြောင်ခြင်းရှိရင် သားသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

၅။ ဦးရေပြားပြဿနာများ

အဆီများခြင်း

ဗောက်များခြင်း

fungal infection

ဦးရေပြားရောင်ရမ်းခြင်း

၆။ ဆံပင်ကို ပြင်းထန်စွာပြုလုပ်ခြင်း

အရောင်ဆေးများ မကြာခဏသုံးခြင်း

ဆံပင်ကို တင်းတင်းစည်းခြင်း

၇။ ဆေးဝါးအချို့

တချို့သော ဆေးဝါးများ (ဥပမာ – ဟော်မုန်းဆေး၊ အချို့သော ကင်ဆာဆေး) ကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

💡 နေ့စဉ် 50–100 ချောင်းလောက်ကျွတ်တာက ပုံမှန်ဖြစ်ပါတယ်။
ဒါထက်များပြီး အရမ်းပါးလာတယ်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ဆံပင်မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ။
၁။ ဆံသားမွေးညှင်းပေါက်တွေကို ဖိအားဖြစ်စေလောက်တဲ့အထိ ဆံပင်ကို အရမ်းကျပ်နေအောင် မစည်းထားပါနဲ့။

၂။ အစာအာဟာရ မျှတစွာ စားသောက်ပေးပါ။ သံဓာတ်နဲ့ ပရိုတင်းဓာတ် နေ့စဉ် လုံလောက်စွာ ရှိပါစေ။

၃။ ဆံပင်ကို တစ်ရက်ခြား တစ်ခါ ပုံမှန်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း မပြင်းတဲ့ ကလေးသုံး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရင်အကောင်းဆုံးပါပဲ။

၄။ ဆံသားကို ခြောက်သွေ့အောင် ထားပါ။ မလိုအပ်ပဲ ဆံပင်ကို မကိုင်ပါနဲ့။ မပွတ်ဆွဲပါနဲ့။

၅။ ဆံပင်ကို အပူပေးတဲ့ ကိရိယာတွေ၊ အခြောက်ခံဖို့ လေမှုတ်စက်တွေကို သိပ်မသုံးပါနဲ့။

၆။ စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာအတွက်ရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းတာကြောင့် အမြန်ဆုံး ဖြေဖျောက်နိုင်ရင် အကောင်းဆုံးပါပဲ။

# # # ခေါင်းလျှော်ရည်သုံးတာကလဲ ဆံပင်ကျွတ်တာနဲ့အများကြီးသက်ရောက်မှုရှိတဲ့အတွက် အရမ်းပြင်းတဲ့ ingredients တွေပါတဲ့ ခေါင်းလျှော်ရည်မျိုးကို ရှောင်ပြီးသုံးနိုင်ရင်ပို‌ကောင်းပါတယ်ရှင်...

13/02/2026

ခေါင်းလျှော်တိုင်းစိတ်ညစ်နေရတဲ့သူရှိလား??
ကျွန်မကတော့ ခေါင်းလျှော်ရင် ဆံပင်ကျွတ်လို့ ဆံပင်ညှိပြီးရှင်းရခက်လို့စိတ်ညစ်ရတာ ‌‌‌‌‌ခေါင်းလျှော်တိုင်း..
ခေါင်းတောင်မလျှော်ရဲတော့လောက်အောင် ဖြစ်မိတယ်..
ဘယ်လိုတောင်ကျွတ်တာဆိုတာ..
ခေါင်းလျှော်ရည်တွေလဲစမ်းသုံးတာ အမျိုးပေါင်းစုံတော့မယ်..
အခုတော့ ဒီပြဿနာတွေဖြေရှင်းပေးနိုင်တဲ့ product လေးကိုတွေ့ထားတာမို့ အဆင်ပြေလွန်းလို့ ပြန်လည်ဝေမျှပေးတာပါ...
Made in Thai ပါရှင်...
သူ့ရဲ့ product လေးတွေအကုန်‌ကောင်းတယ်...
ထင်မထားလောက်အောင်ကို တော်‌တော်အဆင်ပြေလို့ပါရှင်..
သဘာဝက Ingredients လေးတွေနဲ့ထုတ်ထားတာမို့ စိတ်ချသုံးလို့ရပါတယ်..
ကိုယ်တိုင်စမ်းကြည့်ပြီးမှ လာရောက်မျှဝေပေးတာဖြစ်ပါတယ်ရှင်...
ဆံပင်ကျွတ်တာရော ရှင်းဖို့ခက်တာတွေ ရှုပ်တာတွေ ကြမ်းတာတွေအတွက်ပါ တော်‌တော်‌လေးအဆင်ပြေပါတယ်...

သိချင်ရင်နောက် post မှာတင်ပေးပါမယ်ရှင်..

31/01/2026
25/01/2026

CeraVe Blemish Control BHA & AHA Gel ဆိုတာဘာလဲ?
ဝက်ခြံထွက်လွယ်သူ၊ အဆီပြန်အသားအရေ၊ ချွေးပေါက်ကျယ်တတ်သူတွေအတွက် အထူးပြုလုပ်ထားတဲ့ chemical exfoliant gel ဖြစ်ပါတယ်။

🔹 BHA (Salicylic Acid)
မျက်နှာရဲ့ အတွင်းပိုင်းထိ ဝင်ရောက်ပြီး အဆီ၊ အညစ်အကြေးတွေ ဖယ်ရှားပေးပါတယ်...

ဝက်ခြံ၊ blackhead, whitehead လျော့စေပါတယ်

🔹 AHA (Glycolic + Lactic Acid)
အသားအရေ အပေါ်ယံ dead skin ကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေ ပြန်လည်တောက်ပစေတယ်..

အမာရွတ်ဖြစ်တာတွေ မျက်နှာအသားအရေ မညီညာတာတွေကို လျော့ပါးစေပါတယ်...

🔹 Niacinamide
မျက်နှာအသားအရေ နီမြန်းရောင်ရမ်းမှုတွေကို လျော့ကျပေးပြီး ဝက်ခြံအကြီးကြီးတွေပေါက်ရင်လဲ ချပ်သွားစေပါတယ်..

အဆီကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်...
အဆီဖုသေးသေးလေးတွေကို ပျောက်ကင်းစေပါတယ်ရှင်..

🔹 Ceramides (CeraVe အမှတ်တံဆိပ်ရဲ့အဓိက)
Skin barrier ကို ပြန်လည်ကောင်းမွန်စေတယ်.. အသားအရေ မခြောက်သွားအောင် ကာကွယ်ပေးတယ်..

✅ ဘာတွေကောင်းလဲ?
✔ ဝက်ခြံ လျော့စေတယ်
✔ ချွေးပေါက်တွေ သန့်စင်စေတယ်
✔ Skin texture ညီညာလာစေတယ်
✔ Fragrance မပါ (sensitive skin အတွက်သင့်တော်)
✔ Alcohol မပါ

⚠️ သတိထားရမယ့်အချက်များ
❗ အစပိုင်းမှာ နည်းနည်း ယားယံ၊ ခြောက် နိုင်ပါတယ်
❗ နေ့ဘက်သုံးရင် Sunscreen မဖြစ်မနေ လိမ်းပါ ☀️
❗ တစ်ပတ် ၂–၃ ကြိမ်သာ စတင်သုံးပါ

🕒 အသုံးပြုပုံ (ညဘက် သုံးဖို့ အကောင်းဆုံး)
1️⃣ မျက်နှာသစ်ပြီး
2️⃣ Toner သုံး
3️⃣ BHA & AHA Gel ကို ပါးပါးလေး လိမ်း
4️⃣ Moisturizer လိမ်း

👩‍🦰 ဘယ်သူတွေသုံးသင့်လဲ?
✔ ဝက်ခြံထွက်လွယ်သူ
✔ အဆီပြန်အသားအရေ
✔ Blackhead / Whitehead ရှိသူ

🚫 အရမ်း sensitive skin သမား၊ skin barrier ပျက်နေသူများကတော့ Patch test လုပ်ပြီးမှ သုံးပါနော်။

Photos from Top Star Charming - Tsc's post 22/01/2026

၁- ကိုယ့်အသားအရေအမျိုးအစားကို သိထားပြီလား??
skincare အမျိုးအစားကိုရော ရွေးချယ်တတ်ပြီလား??
မသိသေးရင် ဒီစာလေးကိုသေချာလေးဖတ်ပေးနော်..

အရင်ဆုံး ကိုယ့်အသားအရေကဘယ်လိုအမျိုးအစားလဲ??

🌿 အဆီပြန်အသားအရေဆိုရင် - အသားအရေအတွက်လိုအပ်တဲ့ skincare/ cosmetics type --oil control, non-comedogenic

💧 ခြောက်သွေ့အသားအရေ – moisturizing, hydrating

⚖️ combination အသားအရေ – balanced care

😣 Sensitive skin – alcohol-free, fragrance-free ပါ..

၂-ကိုယ့်အသားအရေပြဿနာကို ရှင်းပြတ်သားစွာ သိထားဖို့လဲ လိုပါတယ်

Skincare ကို လိုချင်တဲ့ရလဒ်အတွက်သာ ဝယ်သင့်ပါတယ်။

😖 ဝက်ခြံ → acne care / salicylic acid

🕳️ ချွေးပေါက်ကျယ် → pore care

🌑 အမည်းစက် → brightening / niacinamide

😵 အရေပြားနီလောင် → soothing / centella

၃-Ingredients (ပါဝင်ပစ္စည်း) ကို ဖတ်တတ်အောင်လုပ်ပါ....

နာမည်ကြီးတာထက် ပါဝင်ပစ္စည်းက အရေးကြီးပါတယ်...

✔️ Niacinamide – မျက်နှာအသားအရေကိုညီညာစေပါတယ်..

✔️ Hyaluronic Acid – ရေဓါတ်ပေးတာမို့ အသားအရေကိုစိုပြေစေပါတယ်..

✔️ Centella – နေလောင် နီမြန်းတာတွေအတွက် ကောင်းပါတယ်..

❌ Alcohol / Fragrance (sensitive skin အတွက်)

၄-ကိုယ့်အသားအရေနဲ့ မတည့်တဲ့အရာများကို ရှောင်ပါ

အရင်က သုံးပြီးလို့ ယားတာ/ နီတာ/ ဝက်ခြံထွက်တာတွေ ဖြစ်ဖူးရင် အဲ့ဒီ ingredient ပါတာ မဝယ်ပါနဲ့ 🚫

၅-Tester / Size သေးနဲ့ စပြီး သုံးပါ

မသုံးဖူးတဲ့ brand ဆိုရင်
👉 size သေး / tester နဲ့ စမ်းသုံးပါ
👉 လက်မောင်း၊ နားအောက်မှာ patch test လုပ်ပါ

၆-Trend နောက်မလိုက်ပါနဲ့

TikTok / Facebook မှာ နာမည်ကြီးလို့
ကိုယ့်အသားအရေ မတည့်ရင် မဝယ်သင့်ပါဘူး
📌 Skincare ဆိုတာ personal ပါ

၇-Expired date & Original ဖြစ်/မဖြစ် စစ်ပါ

🗓️ သက်တမ်းကုန်မကုန်

🔍 Seal ဖွင့်ထားမထား

🛒 ယုံကြည်ရတဲ့ဆိုင်က ဝယ်ဖို့အရေးကြီးပါတည်...

၈-Skincare များများမသုံးပါနဲ့

နည်းနည်းပဲ သုံးပြီး
👉 တဖြည်းဖြည်း တိုးသုံးတာ အကောင်းဆုံးပါ..

18/01/2026

အဆီဖုသမား (oily / combination skin) များနှင့် ချွေးပေါက်ကျယ် ဆားဝက်ခြံ၊ blackheads/whiteheads ပြဿနာရှိသူများအတွက်ပါ..
အဓိက အကျိုးကျေးဇူးတွေကတော့
✅ 1. ချွေးပေါက်ကျယ်တဲ့သူတွေအတွက်အဆင်ပြေပါတယ်..

AHA (alpha hydroxy acids) နဲ့ BHA (salicylic acid) အပြင် natural extracts တွေဟာ dead skin cells နဲ့ မသန့်ရှင်းတဲ့ Cell တွေ ကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်…

✅ 2. အဆီပြန်ခြင်းကိုသက်သာစေပါတယ်….

✅ 3. မျက်နှာအသားအရေကို smooth လုပ်ပြီး မျက်နှာအသားအရေကြမ်းတမ်းခြင်း ကို လျှော့ပေးစေပါတယ်။

ဆားဝက်ခြံသမားအတွက်လဲ အဆင်ပြေစေမယ့် product လေးပါ…

✅ 4. Pad တစ်ခုမှာ two sides ရှိပါတယ် —

embossed side → exfoliate (dead skin/impurities)

smooth side → hydrate & soothe skin

🧴 ဘယ် Skin Type တွေရောအသုံးပြုနိုင်လဲ?

Oily skin / Combination skin / Normal skin အတွက်ကောင်းပါတယ်ရှင်..sensitive skin ရှိသူတွေကတော့ သတိထားပြီးသုံးပေးပါနော်..

🛁 ဘယ်လိုသုံးရမလဲ?

Face Cleanser လုပ်ပြီးတိုင်း Toner အနေနဲ့ အသုံးပြုနိုင်ပါတယ်..

✔️ Retinoids / vit C တို့နဲ့အမြဲတမ်းတွဲမသုံးပါနဲ့ နော်…
✔️ အသက် ၁၈ နှစ်အောက် မသုံးသင့်သေးပါဘူးရှင့်
✔️ Sensitive skin များအတွက်ကတော့ တစ်ပတ်ကို 2-3 ကြိမ် လောက်ပဲသုံးပါနော်…
✔️ Sunscreen ကို နေ့ဘက်မှာ လိမ်းဖို့လဲ မမမေ့ရဘူးနော်…😊

18/01/2026

💕💕

16/01/2026

2025 မှာ ပျော်စရာတွေလဲရှိခဲ့သလို စိတ်အရမ်းညစ်ခဲ့ရတာတွေလဲရှိတယ်…
မိတ်ဆွေလို့ထင်ရပြီး မိတ်ဆွေမဟုတ်တဲ့သူတွေနဲ့လဲ ဆုံခဲ့ရပြီး.. တကယ့်မိတ်ဆွေအစစ်တွေနဲ့လဲတွေ့ခဲ့ရတယ်…
မိဘတွေကိုလဲ ဘန်ကောက်ကိုခေါ်နိုင်ပြီး လိုလေးသေးမရှိ လုပ်ပေးနိုင်ခဲ့တယ်…

ခရီးတွေလဲ အများကြီးထွက်ရတယ်…

အမျိုးသားရဲ့ လမ်းပြမှုတွေ အတူတူဖြစ်ကျော်ခဲ့တဲ့အချိန်တွေ အမှတ်တရတွေနဲ့ ပြည့်ခဲ့တဲ့ 2025 ခုနှစ်လေးပါ…

စိတ်ညစ်စရာတွေပြီးရင် စိတ်ချမ်းမြေ့စရာတွေက နောက်ကကပ်ပါလာတာမို့ စိတ်မညစ်နေတော့ပဲ ပျော်ပျော်ပဲ နေနိုင်အောင်ကြိုးစားပါ…

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
11121