Rohto-Mentholatum Myanmar
We are not selling products, we are selling fashion and lifestyle.
09/10/2026
✨ World Sight Day - ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် ဆိုင်ရာ မျက်စိအသိပညာပေးလှုပ်ရှားမှုအနေနဲ့ 💚
✨ အောက်တိုဘာ (၅) ရက်နေ့က Rohto-Mentholatum (Myanmar) Co.,ltd ရဲ့ Managing Director ဒေါ်စန္ဒာရွှေမှ ဦးဆောင်ပြီး
✨ တေးသံရှင် ဇွဲပြည့် နဲ့အတူ Rohto Myanmar Team မှ မန္တလေးတိုင်း စဉ့်ကိုင်မြို့မှာရှိတဲ့ မျက်စိရောဂါအထူးကု ဆေးရုံကို သွားရောက်ခဲ့ပါတယ်.🌟
✨ Rohto-Mentholatum (Myanmar) Co.,ltd မှ မျက်စိလူနာများအတွက် စဉ့်ကိုင် မျက်စိရောဂါ အထူးကုဆေးရုံကို အလှူငွေကျပ် သိန်း (၅၀) ကို ပေးအပ် လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်💚
08/10/2026
ဒီနေ့ အောက်တိုဘာလ (၈) ရက်နေ့ကတော့ 2026 ခုနှစ်ရဲ့ World Sight Day - ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဖြစ်ပါတယ်💚
👀 World Sight Day 👀 ကို နှစ်စဉ်နှစ်တိုင်းရဲ့ အောက်တိုဘာလ ဒုတိယအပတ် ကြာသပတေးနေ့တိုင်းမှာ သတ်မှတ်ထားတာဖြစ်ပြီး
ကမ္ဘာနဲ့တဝှမ်း နိုင်ငံတကာမှာ World Sight Day ကျရောက်တိုင်း “Love Your Eyes” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မျက်စိကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲတွေ၊ မျက်စိ အမြင်အာရုံဆိုင်ရာ ကုသ၊ ကာကွယ်ရေး လှုပ်ရှားမှုအစီအစဉ်တွေကို ကျင်းပလေ့ရှိကြပါတယ်💚
Rohto-Mentholatum (Myanmar) Co.,ltd ကလဲ နှစ်စဉ်နှစ်တိုင်းမှာ မျက်စိကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုအနေနဲ့ မြန်မာနိုင်ငံတဝှမ်းက နေရာဒေသအသီးသီးမှာ မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်း အစီအစဉ်များ၊ မျက်စိလူနာများအတွက် မျက်စိအခမဲ့ ခွဲစိတ်ကုသပေးခြင်းအစီအစဉ်တွေကို ကျင်းပပြုလုပ်လျှက် ရှိပါတယ် 💚
ဒီနှစ် ၂၀၂၆ ခုနှစ် World Sight Day ကနေ စတင်လို့ ရှေ့အနာဂတ်တွေမှာလဲ Rohto-Mentholatum (Myanmar) Co.,ltd ကနေ အများပြည်သူများရဲ့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုမယ့် လှုပ်ရှားမှုအစီအစဉ်များကို တစိုက်မတ်မတ် ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်💚
ဒါကြောင့်မို့လို့ ဒီနေ့ကျရောက်တဲ့ World Sight Day ကို Rohto-Mentholatum (Myanmar) Co.,ltd မှ ကြိုဆိုဂုဏ်ပြုရင်း✨
ယနေ့မှစလို့ ချစ်ရသူတွေအားလုံးရဲ့ အမြင်အာရုံကြည်လင် ကျန်းမာဖို့ အတူတကွ ဝိုင်းဝန်းဂရုစိုက်ကြပါစို့💚
06/10/2026
ယနေ့ အောက်တိုဘာလ (၆) ရက်နေ့မှာ ကမ္ဘာမျက်မမြင် ပပျောက်ရေးနေ့ ၂၀၂၆ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့မှာ ရှိတဲ့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံမှာ ကျင်းပခဲ့ပါတယ်✨
ဒီပွဲအခမ်းအနားမှာ Rohto-Mentholatum (Myanmar) Co.,ltd ရဲ့ Managing Director ဒေါ်စန္ဒာရွှေက ကျေးဇူးတင်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မျက်စိကာကွယ်ကုသရေး လုပ်ငန်းများအတွက် ပံ့ပိုးမှုတစ်ရပ်အနေနဲ့💚
✨မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ရီလင်း သို့ အလှူငွေကျပ် သိန်း (၁၀၀) နဲ့
✨စဉ့်ကိုင်မြို့ မျက်စိအထူးကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မောင်သန့်တို့အား အလှူငွေကျပ် သိန်း (၅၀) စီ ပေးအပ်လှူဒါန်းခဲ့ပါတယ်💚
28/08/2026
ဩဂုတ်လ (၃၀) ရက်နေ့၊ King Internation School (Thuwanna Campus) မှာ ပြုလုပ်သွားမယ့်🌱 PASSION TO PROFESSION IN AI ERA 🌱Life Skills Training ပွဲကြီးမှာ Rohto-Mentholatum (Myanmar) Co.,ltd မှ Title Sponsor အဖြစ် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်💚
✨ Proudly Introducing Our Title Sponsor ✨
လာမယ့် ၃၀ ရက်နေ့မှာ ကျင်းပမယ့်
🌱 PASSION TO PROFESSION IN AI ERA 🌱
Life Skills Training ပွဲကြီးမှာ
ROHTO Mentholatum Myanmar က Official Title Sponsor အနေနဲ့ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 🍀
ROHTO Mentholatum နဲ့အတူ လူငယ်တွေရဲ့ အနာဂတ် Career လမ်းကြောင်းတွေကို ပိုမိုကောင်းမွန်တဲ့ဘက်ကို ရွေ့လျားနိုင်ဖို့ ဒီ Event မှာ အတူတူဖန်တီးသွားမှာ ဖြစ်ပါတယ်။ 🌱✨
💚 Passion ကို ရှာဖွေမယ်
💚 ကိုယ့် Skills တွေကို သိရှိမယ်
💚 AI Era ရဲ့ Career Reality တွေကို နားလည်မယ်
💚 ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်ရှေ့ဆက်မယ်
လူငယ်တွေရဲ့ အနာဂတ်အတွက် ဒီလိုအဓိပ္ပါယ်ရှိတဲ့ Event တစ်ခုမှာ ပါဝင်အားဖြည့်ပေးတဲ့ ROHTO Mentholatum Myanmar ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 💛
✨ Together, toward a better future. ✨
🌱 PASSION TO PROFESSION IN AI ERA
✅ ဘယ်သူတွေ ပါဝင်နိုင်လဲ?
အသက် ၁၆ နှစ်မှ ၂၂ နှစ်ဝန်းကျင်ရှိပြီး Career Life နဲ့ပတ်သက်ပြီး မေးခွန်းတွေ၊ မရေရာမှုတွေနဲ့ အနာဂတ်အတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာ စဉ်းစားနေတဲ့ လူငယ်တိုင်း ပါဝင်နိုင်ပါတယ်ရှင်။ ✅
📅 30 August 2026 (Sunday)
⏰ 9:00 AM – 5:00 PM
📍 KINGS International School (Thuwanna Campus)
🎟️ Free Entry | Limited Seats
✅Register here >>
https://docs.google.com/forms/d/e/1FAIpQLSfxNqLmdjQH93T19izGnRqqxU0Y5LzlOJkccc7i-D5yrEtxNA/viewform?usp=header
🟥လူဦးရေ 100စာသာ ကျန်ရှိတော့တာမို့ အမြန်ဆုံး register တင်ထားလိုက်ပါရှင်🟥
#အနာဂတ်အတွက်ပြင်ဆင်မယ်
19/08/2026
✨ဩဂုတ်လ (၂၂) ရက်နေ့၊ Lotte Hotel Yangon မှာ ကျင်းပသွားမယ့်
✨မြန်မာနိုင်ငံရဲ့ ပထမဆုံးသော B2B Brand Management (First Myanmar Edition) စာအုပ် မိတ်ဆက်ပွဲနဲ့အတူ
✨ကမ္ဘာ့အဆင့်မီ စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲ (Global Marketing Workshop) မှာ 𝐑𝐎𝐇𝐓𝐎-𝐌𝐄𝐍𝐓𝐇𝐎𝐋𝐀𝐓𝐔𝐌 (𝐌𝐘𝐀𝐍𝐌𝐀𝐑) 𝐂𝐨.,𝐥𝐭𝐝 ကလဲ ရှီနေမှာဖြစ်ပါတယ်🌟
ဒီ Workshop မှာတော့ 🌟
➡️Professor Philip Kotler (World Marketing Guru) - (Sharing with Virtual Live Session)
➡️Professor Dr. Waldemar Pfoertsch (Global B2B Brand Management Expert)
➡️Zin Min Wai (King Of Strategist)
တို့မှ ကမ္ဘာ့ B2B ခေတ်ရေစီးကြောင်းများ၊ မြန်မာ့ထိပ်သီး Corporate ကြီးများ၏ စျေးကွက်လွှမ်းမိုးမှုပုံစံများ နဲ့ နိုင်ငံတကာအဆင့်မီ B2B Blueprint များကို ဆွေးနွေးသွားမှာဖြစ်ပါတယ်🌟
📌 Event Details
Date: 22 August 2026 (Saturday)
Time: 1:00 PM to 5:00 PM
Venue: Lotte Hotel Myanmar (Yangon)
30/07/2026
Big Congratulations to YG Team from ROHTO👍✨
EWC 2026 MLBB ပြိုင်ပွဲကြီးမှာ Semi-Finals အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့ YG MLBB Team ကို Rohto-Mentholatum (Myanmar) Co.,ltd အနေနဲ့အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားချင်ပါတယ် 🏆🔥
YG MLBB အသင်းက ပွဲစဉ်မှာ Pro Esports အသင်းကို 3-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး Semi Final ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့တာပဲ ဖြစ်ပါတယ်👏🙌
ဒါကြောင့်မို့လို့ ROHTO က ရှေ့ဆက်ရင်ဆိုင်ရမယ့် ပွဲစဉ်တိုင်းမှာလည်း YG MLBB အသင်းအတွက် အကောင်းဆုံးပံ့ပိုးကူညီမှုတွေနဲ့အတူ အားပေးသွားမှာဖြစ်ပါကြောင်း သတင်းကောင်းပါးရင်🫶
ရှေ့ဆက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာလဲ YG MLBB အသင်းအနေနဲ့ ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ပါစေကြောင်း Rohto-Mentholatum (Myanmar) မှ အားပေးလျှက်ရှိပါတယ်💚
03/07/2026
💚"Joy of Seeing" ROHTO Project Day - 5💚
ယနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ Rohto-Mentholatum (Myanmar) Co.,ltd နှင့် ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးက ROHTO အဖွဲ့သားများက💚
🌟မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း နှင့် လည်ချောင်း အထူးကုဆေးရုံကြီးမှ လူနာများအား မျက်စိ အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခြင်း💚
🌟 မနက်စာ နှင့် နေ့လည်စာ လှူဒါန်းခြင်း ပုံရိပ်များ💚
02/07/2026
💚"Joy of Seeing" ROHTO Project Day -4💚
မန္တလေးမြို့ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်း နှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးတွင် မျက်စိစမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ကုသရန် လိုအပ်နေသူ လူနာများအား Rohto Myanmar အဖွဲ့သားများမှ ပံ့ပိုးကူညီပေးခြင်း ပုံရိပ်များ💚
01/07/2026
💚"Joy of Seeing" Rohto Project💚 လှုပ်ရှားမှု တတိယနေ့ (ဇူလိုင် - ၁ ၊ ၂၀၂၆)
ROHTO အဖွဲ့သားများမှ မန္တလေးမြို့ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်း နှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးမှ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကိုလဲ မနက်စာများကို လှူဒါန်းကျွေးမွေးနေသည့် ပုံရိပ်လေးများ💚
01/07/2026
မန္တလေးမြို့က 💚"Joy of Seeing" ROHTO Project လှုပ်ရှားမှုရဲ့ တတိယနေ့ (ဇူလိုင် ၁ရက် ၂၀၂၆) အနေနဲ့🌟
Rohto-Mentholatum (Myanmar) Co.,ltd နဲ့ ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံတို့ ပူးပေါင်းပြီး မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်း နှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးမှာ အများပြည်သူများကို မျက်စိစမ်းသပ်စစ်ဆေးပေးနေခြင်း ပုံရိပ်များ🌟🌟
Category
Contact the business
Telephone
Website
Address
Room 1002/1003 , 10th Floor, M Tower, Kamayut Township
Yangon
11201
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
Alerts
Be the first to know and let us send you an email when Rohto-Mentholatum Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.