Dutiya II

Dutiya II

Share

Goodies Of All Scents! 100% Authentic Perfumes & Decants Shop In Myanmar!

Photos from Dutiya II's post 11/07/2026

Latest Collection!

Photos from Dutiya II's post 06/07/2026

Rainy Days Carried by Cherry & Plums

Hello Hello 👋

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ မိုးရွာတဲ့ နေ့များမှာ လက်ရောက်မိတဲ့ Cherry နဲ့ Plum Forward ရေမွှေးတွေအကြောင်း ပြောချင်ပါတယ်။ ပထမဦးဆုံး ပြောချင်တာကတော့ Reviewer တွေကို ကြည့်လိုက်ရင် Cherry Note ကို တကယ် Realistic ဖြစ်တယ်၊ အချိုကဲတယ်ဆိုပြီး ပြောတတ်ကြတယ်။ Plum ကိုဆိုလည်း Dark ဖြစ်တယ်၊ Fruit Wine 🍷 လို Aspect မျိုး ရတယ်ပေါ့။

News Flash 📸 အဲ့တာက Chemistry 🧪 ပါပဲ။ သဘာဝကနေ ထုတ်လို့မရဘူး မဟုတ်ဘူး ရတယ်။ ဒါပေမယ့် စီးပွါးရေးအရ တွက်ခြေမကိုက်ဘူး။ အပူကြောင့် ပျက်စီးနိုင်တာမို့ တည်ငြိမ်မှုမရှိဘူး။ ဒါကြောင့် မော်လီကျူးတွေကို ပေါင်းပြီးတော့ပဲ Lab 🥼 ထဲမှာ လုပ်ကြရတာပါ။ Cherry မှာ Nuance တွေအများကြီးရှိတယ်။ ဥပမာအနေနဲ့ နည်းနည်းပြောရရင် Almond ဆန်တဲ့အပိုင်း၊ Boozy ဖြစ်တဲ့အပိုင်း၊ Floral ဖြစ်တဲ့အပိုင်း၊ Leather ဖြစ်တဲ့အပိုင်းတွေပေါ့။ ဒါက Cherry Note ဖြစ်လာအောင် ပေါင်းပေးတဲ့ အစိတ်အပိုင်း တခုချင်းစီရဲ့ Formula & Ratio ကြောင့်ပါပဲ။ သိသာစေချင်တာကို တိုးလိုက်တာပေါ့။

Plum ဆိုလည်း Berry သီးအခြောက်လိုအနံ့ကနေအစ၊ Apricot နဲ့သွားဆင်တဲ့အထိ အလယ်၊ Tart ချိုသလိုချိုတာရော၊ ငြိမ်ငြိမ်လေး Velvety ဖြစ်တာရောအဆုံး အားလုံးဟာ Perfumer ရဲ့ Dropper နဲ့ Scale ပေါ်မှာ မူတည်ပါတယ်။ ဒါတွေဟာ Olfactory Illusion ပေါ့။
NOW YOU SEE ME, NOW YOU DON’t ♣️ ♥️ ♦️

အရမ်းရှုပ်သွားမှာစိုးလို့ ဒြပ်ပေါင်း နာမည်တွေတော့ မပြောတော့ဘူး။ ကိုယ်တွေလို နောက်က Ingredient ပါကြည့်တဲ့သူက နည်းသားလား 😅 ဆိုတော့ Note တခုကြိုက်တယ်ဆိုတာနဲ့ မပြီးသေး၊ သူ့မှာမှ ကြိုက်တဲ့စတိုင်လေးရှာပြီး ထပ်စမ်းကြည့်ပါဦးလို့ ပြောရင်းနဲ့ စာခြေဆင်းကို အဆုံးသတ်လိုက်ပါတယ်။ အသေးစိတ်ကို ပုံအောက်မှာ တပုံချင်းရှုပါရှင်။ အားလုံး နှစ်သက်ရာရနံ့နဲ့ ပျော်မွေ့ကြပါစေရှင် 🫶🛼

Photos from Dutiya II's post 04/07/2026

မိုးတွင်းနဲ့ Mint ရေမွှေးများ

အားလုံးပဲ မင်္ဂလာပါ 🤍🤍

ဒီနေ့တော့ ဒီနှစ်မိုးတွင်းမှာ ဓာတ်ကျမိတဲ့ Mint ရေမွှေးတွေအကြောင်း ပြောချင်ပါတယ်။ Mint ကို အရင်က နွေမှာပဲ ဆွတ်ချင်တယ်။ ကြည်တယ်၊ အေးတယ်ပေါ့။ အခုတော့ အသက်ရလာတာနဲ့အမျှ မိုးတွင်းနဲ့ ပိုလိုက်
တယ်လို့ ခံစားလာရပြီ။ Mint ကလည်း Love or Hate ပဲနော်။ တချို့က သိပ်ကြိုက်ပေမယ့် တချို့အတွက်က သိပ်ကို မုန်းစရာအနံ့ဖြစ်နေတတ်တယ်။

ဒါဟာ တကယ်တော့ သိပ္ပံပါပဲ။ DNA မှာပါလာတဲ့ Gene အရ အနံ့အာရုံခံနိုင်စွမ်း၊ အနံ့ Molecule တခုကို Reaction ပေးနိုင်စွမ်းတွေက ကွဲပြားပါတယ်။ တူညီတဲ့ ရနံ့တခုကိုပဲ မတူတဲ့လူတွေ ရှူတဲ့အခါ တုံ့ပြန်ပုံမတူတာ ဒါတကယ် ပုံမှန်ပါပဲ။ ဒါကြောင့် "Dutiya" မှာမှ မဟုတ်ဘူး ဘယ်မှာမှ လူတိုင်းကြိုက်တဲ့အနံ့ဆိုတာ မရှိပါဘူး။ ကိုယ်ကြိုက်တဲ့အနံ့ကို ရှာပါ။ 🧑🏻‍🩰

ပြောချင်တာပြောပြီးပြီဆိုတော့ ပြောဖို့ရှိတာကို ပြောပါမယ်။ မိုးတွင်းနဲ့ Minty Fragrances … Let’s go 🛼

‼️ ‼️ ‼️ တပုံချင်းစီ ထောက်ပြီး ဖတ်ပေးနော် 📃 📝 👯‍♀️

ကဲ... (၆) မျိုးဆိုတော့ အတော်လည်း Minty နေပါပြီ 😅နောက်ရက်တွေမှာ နောက်ထပ် By note recommendations နဲ့ ပြန်လာခဲ့ပါမယ်။

အားလုံးပဲ နှစ်သက်ရာ ရနံ့နဲ့ပျော်မွေ့ကြပါစေ ❤️

24/06/2026

Edit - Sold!

Discontinued သွားပြီဖြစ်တဲ့ ရှားပါး ADG Absolu 125 ml လေးကိုမှ 75ml ဈေးဝန်းကျင်နဲ့ရပါမယ်။

ADG Absolu 125ml Retail (No Seal) - 46*,***

Photos from Dutiya II's post 22/06/2026

မိုးရောက်ပြီ။ စိုစွတ်ထိုင်းမှိုင်းတာတွေကို ရနံ့နဲ့ ကုစားရမယ်။ မိုးရာသီအတွက် စိတ်ကြည်ဆေးလေးတွေ ရွေးချယ်တင်ဆက်လိုက်ပါတယ်။ အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ ပျော်မွေ့ကြပါစေရှင် 🥰🤍 Decant Order အတွက် DM ပါရှင့် 🪬🧿

19/06/2026

Announcement!

မင်မင် Location ရွှေ့မှာမို့ Friday, Saturday & Sunday အတွင်း Delivery အပ်တာ ရပ်နားထားမှာပဲဖြစ်ပါတယ်။

ဒီကာလအတွင်း လာမှာရင်တော့ Delivery ပြန်အပ်ပေး
င် Delivery Free နဲ့ အပ်ပေးပါမယ်နော်။

အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ ပျော်ရွှင်ကြပါစေ ❤️

16/06/2026

Uniquê Luxury Bevêrly Hills Exclusive

Review မရေးဖြစ်တာလည်း ကြာပြီ။ ဟိုမင်မင်ကတော့ ရေးပါတယ်၊ ကိုယ်ကပဲ မရေးဖြစ်တာ။ မရေးဖြစ်ဆို ရေးချင်လောက်အောင်အထိ ထိတဲ့ရေမွှေး လက်ထဲရောက်မလာတာလည်း ပါတာပေါ့။ ဒီကောင်လေးကိုတော့ ရောက်ရင်ရေးမယ် ကြံထားတယ်။ဘာလို့ဆို စစမ်းဖူးကတည်းက ဝယ်မယ်ဆိုပြီး တေးထားတဲ့ရေမွှေးတွေထဲက တခုမို့။ အဲ့တုန်းကဆို ဒီဘရန်းကို ဒီမှာ ဘယ်သူမှတောင် ကိုင်တာမတွေ့ဖူးသေးဘူး။ အသိအကိုကတော့ ၄ လုံးလောက်တောင် ဖြုတ်ပြီးနေတဲ့သကာလပေါ့။ သူပေးစမ်းတာတွေထဲကမှ ဒီကောင်လေးကို တန်းသဘောကျသွားတာ။ အဲ့ကတည်းက ဝယ်ဖို့တေးထားတာ တန်တာမတွေ့ဘူးပေါ့။ တန်တာရတော့လည်း ဝယ်ပြီးကတည်းကဆို လက်ထဲရောက်ဖို့ ၆ လလောက် ကြာသွားတယ်။ ဆိုတော့ Review မရေးဖြစ်တာ တော်တော်ကြာပြီဆိုတဲ့သဘောပဲ။

အခုတော့ ဒီကလူတွေ လက်ထဲမှာ ဒီဘရန်းကို တော်တော်များများ တွေ့လာရပါပြီ။ ဒါပေမယ့် ထင်သလောက် မများသေးဘူး။ ဒီကောင်လေးကိုလည်း ပြောတာ မတွေ့မိဘူး။ သူ့ House က တူရကီက။ Brand နာမည်က Uniquê Luxury... ရေမွှေးနာမည်က Bevêrly Hills Exclusive... တူရကီရေမွှေးတွေရဲ့ ထုံးစံအတိုင်း Concentration က Extrait de Parfum… ဒီတော့ Performance Issue မရှိဘူးဆိုတာ ခုကတည်းက ကြိုပြောထားလို့ ရတယ်။

အရင်တခါ စမ်းတုန်းကတော့ သူနဲ့တူတဲ့ရေမွှေးကို စဉ်းစားမရဘူး။ သဘောပဲကျတာ။ ဒီတခါ သေချာပြန်စမ်းမှပဲ သိလာရတယ်။ သူနဲ့ ခပ်ဆင်ဆင် တူသယောင်ရှိတာက ဒီကလူတွေ အသည်းစွဲ Naxôs… Naxôs က Honey + To***co အတွဲကိုမှ Lavender နိုင်းချင်းနဲ့ သွားတယ်။ Powdery ဖြစ်တယ်ပေါ့။ ဒီကောင်ကတော့ To***co + Honey အတွဲကိုမှ Citrus အဖွင့်နဲ့ကို Cardamom နဲ့ သွားတယ်။ Naxôs ထက်လည်း Fresh ဖြစ်တဲ့အဖွင့်နဲ့ လာပြီး တပြိုင်တည်းမှာလည်း Depth တခုရှိတယ်။ ပြောရရင် Naxôs ထက် ပိုသဘောကျတယ်။ ကိုယ်က Cardamom Fan ဖြစ်တာလည်း ပါမယ်။သူ့ Note Breakdown ထဲမှာတော့ Orange Blossom မပါပေမယ့် ကိုယ်ကတော့ ပါတယ်ထင်တယ်။

နောက်ပိုင်းတော့ သူ့ရဲ့ Main Note တွေထဲက တခုဖြစ်တဲ့ Tonka ဝင်လာတယ်။ Floral ပါးပါးလေး မဆိုစလောက် ဖြစ်မယ်။ Sandalwood ပါးပါး ရမယ်။ Sandalwood က Musk Therapy က အထာနဲ့ဆင်တယ်။ အသိသာဆုံးကတော့ Soapy Iris ပေါ့။ ဆိုရရင် Pradâ L'Homme အထာပေါ့။ ဒီတော့ Naxôs အဖွင့်ကိုမှ နောက်ပိုင်းမှာ Pradâ L'Homme ပုံစံပါတဲ့ Soapy To***co Honey ရေမွှေးလို့ ဆိုနိုင်တယ်။

ဒီရေမွှေးကို ဘယ်လိုလူတွေ ကြိုက်နိုင်လဲဆိုတော့ Naxôs, African Leather, Ani, Rhinoceros စတဲ့ ရေမွှေးတွေ ကြိုက်ရင် ကြိုက်နိုင်တယ်။ Heavy အနံ့ဖြစ်တဲ့ To***co + Honey ကိုမှ Sweet Soapy & Woody ဆန်ဆန်ကြိုက်ရင် Try ကြည့်သင့်တယ်။ Performance ကိုတော့ ထပ်ပြီးအမွှန်းတင်ရရင် Unboxing လုပ်ပြီး တချက်လောက်ဖြန်းထားတာကို အခန်းထဲဝင်တိုင်း ရနေတယ်ဆိုတာပါပဲ။ Heavy & Strong ဖြစ်တာကို ကြိုက်တဲ့သူတွေမှပဲ ဒီရေမွှေးနဲ့ ကီးကိုက်ပါမယ်။

ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်တခါ Review ရေးရလောက်အောင်ထိ သဘောကျတဲ့ရေမွှေးရှိရင် ထပ်တွေ့ကြတာပေါ့ 😁

အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ ပျော်ရွှင်ကြပါစေ ❤️

15/06/2026

တို့သွားမယ် ဟောလိဝုဒ်ပေါ့ 🥳🧑🏻‍🩰

ဒီနေ့တော့ UL ရဲ့ Bev£rly Hills Exclusive အတူတူ Unbox ကြမယ်။

နက်ဖြန် Review အရှည်လာမယ် 😉

13/06/2026

ကြုံဖူးကြလားတော့ မသိဘူး နာမည်မကြားခင် တကယ်ကိုယ်တိုင် အနံ့ကိုကြိုက်တယ်။ နာမည်ကြားမှ Influenced ခံရပြီး ဪ အဲ့ဒါကြီး ငါမကြိုက်ပါဘူးလို့ပြောင်းပြောတာ 😆

ဒီကောင်လေးကလည်း မကြိုက်သလိုလိုနဲ့ အကြိုက်ခံနေရတဲ့ Classic လေး။ 2012 ကဆိုတော့ Green Apple ခေတ်ဦးထဲပါတာပေါ့။Performance လည်းမလျော့တာမို့ အခုထိ သျှမ်းသျှမ်းတောက်ဆဲပါ။ အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ပျော်မွေ့ကြပါစေ 🥳

10/06/2026

GFS ဆိုအကြိုက်ဆုံး ထဲက တခုပဲ 🥳🥳

မြန်မာပြည် ရာသီဥတုနဲ့လိုက်တယ်၊ အနံ့တာရှည်ခံတယ်၊ Scent Quality သိပ်ကောင်းတယ်။ 💯💯

ဒါကြောင့် ပြန်လာဝယ်ရင် မီလီအကြီးတွေပဲ ဖြုတ်ကြတာ 😁 တချို့ အကိုတွေဆို တခြား Freshie တွေတောင် မတိုးတော့တဲ့အထိပဲ 😎😎 30ml အမှာလေးပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon