OXY Myanmar
Rohto-Mentholatum Co., Ltd. ကို Japan နိုင်ငံ Osaka မြို့တွင် ၁၈၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင် တည်ထောင်
16/10/2025
🥳🎂HAPPY BIRTHDAY🥳🎂... မင်းသားချော ကိုသျှင်းမြတ်💙
ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုအပေါင်း သရဖူဆောင်းပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း OXY Myanmar ကနေ မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါတယ်💙💙
09/07/2025
ကြီးမြတ်လှတဲ့ လဝါဆို အချိန်သမယမှာ Oxy ချစ်သူတို့အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံရစေကြောင်း Oxy Myanmar မှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ..🥰
ဘယ်အချက်တွေက အမျိုးသားတွေကို စွဲဆောင်မှုရှိစေတာလဲ.. ?
အမျိုးသမီးတွေရဲ့စိတ်ထဲမှာ ဘယ်အချက်တွေက အမျိုးသားတွေကို ဆွဲဆောင်မှုရှိစေတယ်ဆိုတာ သိကြလား? 🤔
- အမွှေးအမျှင်တွေက အမျိုးသားတွေကို စွဲဆောင်မှုရှိစေပေမယ့် မသပ်မရပ်နဲ့ အမွှေးအမျှင်များတဲ့ အမျိုးသားတွေကိုတော့ အမျိုးသမီးအများစုက မကြိုက်ပါဘူး 🧔
- ကြည်လင်သန့်ရှင်းတဲ့ မျက်နှာရှိတဲ့အမျိုးသားတွေကို ပိုသဘောကျကြပါတယ်👱♂️
- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းဟာ အမျိုးသားတွေကို ပိုပြီးစွဲဆောင်မှုရှိစေပါတယ်💪
- ခန္ဓာကိုယ်အနံ့ကောင်းမွန်တဲ့အမျိုးသားတွေကို အမျိုးသမီးတွေက ပိုပြီးနှစ်ခြိုက်ကြပါတယ်..✨
ညိုကီတို့ရော ဘယ်အချက်တွေနဲ့ပြည့်စုံနေကြပြီလဲ ဖြေပေးကြပါအုံး ..🥰
16/06/2025
အသားအရည်ကိုပျက်စီးစေတဲ့ ညိုကီတို့ရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေက ဘာတွေလဲ ?🧐
ရူပါကလန်းချင်ပေမယ့် ဒီအကျင့်ဆိုးတွေကြောင့် အသားအရည်က ပျက်စီးတတ်ပါတယ်။
- နေရောင်ကာ ခရင်မ်ကို မလိမ်းမိတာ ☀
- မျက်နှာကို သေချာမသစ်တာ 😶🌫️
- အိပ်ယာခင်းတွေကိုသေချာ မလျှော်ဖွတ်တာ 🛌🏿
- မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းသုတ်တာ အမွှေးအမျှင်တွေကိုရှင်းတာ 🧔♂
- အရက်နဲ့ဆေးလိပ်တို့ သောက်သုံးတာ တို့ပဲဖြစ်ပါတယ်🍺🚭
ဒါ့ကြောင့် ရူပါလန်းဖို့အတွက် ဒီအကျင့်ဆိုးတွေကို ဖျောက်ပစ်ဖို့ အကြံပြုလိုက်ပါရစေခင်ဗျာ..😊
05/06/2025
ညကသောက်တာများသွားတဲ့ညိုကီတွေ မနက်ကျရင် မျက်နှာကို ဘယ်လို ရွှိုင်းမလဲ ?👨
ညက သောက်တာများသွားရင် မနက်ပိုင်းမှာ သိသိသာသာ ထင်ရှားနေတတ်တာကတော့မျက်နှာက အရင်ကထက် ပိုပြီးဖောင်းလာတတ်တာပါပဲ..
ဒါ့ကြောင့် ညက များသွားပြီဆိုတာနဲ့ မနက်ကျရင် အဓိကလုပ်သင့်တာကတော့ ရေအေးအေးနဲ့ မျက်နှာသစ်ပေးဖို့ပါပဲ... ပြီးရင်တော့ မျက်လုံးနားတစ်ဝိုက်ကို အေးမြတဲ့ eye cream လိမ်းပေးပါ.. အရက်ဟာရေဓာတ်ကိုဆုံးရှုံးစေတဲ့အတွက် ရေဓာတ်ဖြည့်ပေးဖို့အတွက် ရေများများသောက်ပေးတာပဲဖြစ်ဖြစ် ရေဓာတ်ဖြည့်ခရင်မ်ကိုလိမ်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးဖို့ အကြံပြုလိုက်ပါရစေ..😉
23/05/2025
🚫အမျိုးသားတွေ မျက်နှာအသားအရည်အတွက် ရှောင်သင့်တဲ့အပြုအမူတွေ 🧼👎
ညိုကီတွေတော်တော်များများက ဒီအချက်တွေကိုလုပ်ရင်း မျက်နှာအသားအရည်ထိခိုက်လာတတ်ကြပါတယ်.. ဒါလေးတွေကိုသေချာဖတ်ပြီး ရှောင်လိုက်ကြစို့လားဗျာ..
- မျက်နှာအသားအရည်ကို ကိုယ်တိုက်ဆပ်ပြာတွေနဲ့ မတိုက်ကြပါနဲ့.. မျက်နှာဟာ တခြားခန္ဓာကိုယ်အရေပြားထက် အများကြီးနူးညံ့ပါတယ်
- မျက်နှာကိုရေဓာတ်ဖြည့်ခရင်မ်တွေကိုလိမ်းဖို့က အမျိုးသမီးတွေအတွက်ပဲမဟုတ်ပါဘူး.. အမျိုးသားတွေလည်း လိုပါတယ်.. မဟုတ်ရင်အသားအရည်တွေခြောက်သွေ့ကြမ်းတမ်းလာတတ်ပါတယ်..
- မျက်နှာကို နေရောင်ကာလေး လိမ်းဖို့လိုပါတယ်.. အမျိုးသားတွေက အမျိုးသမီးတွေလိုပဲ နေလောင် တတ်ပါတယ်ခင်ဗျ
- ဝက်ခြံတွေထွက်ရင် သွားသွားညှစ်ချင်တာလေးတွေကို ရှောင်ပါဗျ.. မဟုတ်ရင် ဝက်ခြံတွေ တသီကြီးထွက်လာပြီးတော့ ဝက်ခြံအမာရွတ်တွေကျန်ခဲ့နိုင်ပါတယ်...
15/05/2025
Happy Birthday Wai Shine 🎁🎂
Oxy Star တစ်ဦးဖြစ်တဲ့ အားလုံးချစ်ရတဲ့ 🖤ကိုဝေရှိုင်း🖤ရဲ့ ဒီနေ့ကျရောက်သော မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်စွာနဲ့ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေကြောင်း Oxy Myanmar ကနေ မွေးနေ့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ..
💦 လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာအသားအရည်ကို ဘယ်လို ပြန်ပြီး ထိန်းသိမ်းမလဲ?💪🧖♂️
တကယ်လို့ ကျွန်တော်တို့ဆီမှာ လေ့ကျင့်ခန်းလုပ်တာ ဝါသနာပါတဲ့ ညီကိုတွေရှိရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဒီမျက်နှာအသားအရည်ထိန်းသိမ်းနည်းလေးတွေကို လိုက်လုပ်ကြည့်ပါလို့ အကြံပြုလိုက်ပါရစေ..
လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ မျက်နှာကိုတန်းပြီး သစ်ပါ
အသားအရည်ကို ရေဓာတ်ဖြည့်ပါ
ချွေးထွက်များတဲ့သူတွေက ချွေးပေါက်ကျဥ်းစေဖို့အတွက် ရေခဲရေကို အသုံးပြုပေးပါ
နောက်ပြီး မျက်နှာကို တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း မသုတ်မိဖို့လည်း သတိပြုပေးပါ..
07/05/2025
🧊 အမျိုသားတွေအတွက် ရေခဲရေနဲ့ မျက်နှာကို သစ်တာဟာ ဘာအကျိုးကျေးဇူးတွေ ရနိုင်တာလဲ 💦
ရေခဲရေနဲ့ မျက်နှာသစ်တာဟာ မျက်နှာအသားအရည်အတွက်တော့ တကယ်ကိုထိရောက်တဲ့ နည်းလမ်းလို့ပြောရမှာပါ..💧🧊
ဘာလို့လဲဆိုတော့
❄️ ရေခဲရေဟာ ချွေးပေါက်တွေကိုကျဥ်းသွားစေပြီးတော့ မျက်နှာကိုပိုပြီး နူးညံ့ ကြည်လင်တဲ့ အသွင်အပြင်ကိုပေးပါတယ်..
❄️နောက်ပြီး ရေခဲရေဟာ မျက်လုံးတဝိုက်နဲ့ မျက်နှာဖောင်းတာကို သက်သာစေပါတယ်
❄️အဆီပြန်တာကိုလည်း ထိန်းပေးပါသေးတယ်
ဒါတွေတကယ်ဟုတ်မဟုတ်သိရအောင် မနက်ဖန်မနက်မှာပဲ ရေခဲရေနဲ့ မျက်နှာလေး စမ်းသစ်ကြည့်ကြရအောင် ဗျာ..
01/05/2025
အလုပ်ကြိုးစားတဲ့ အမျိုးသားလုပ်အားထုတွေအတွက် ကျွန်တော်တို့ Oxy Myanmarကနေ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ယူစွာနဲ့ ကြိုဆိုလိုက်ပါတယ် 💪🧖♂️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room(1002, 1003), 10th Floor, M Tower, Pyay Road, Kamayut Township
Yangon
11201