Amazing Grace

Amazing Grace

Share

Natural Handmade Skin Care

Photos from Amazing Grace's post 09/10/2022

မင်္ဂလာရှိသော
🌕ဝါလကင်းလွတ်သီတင်းကျွတ်🌕
အခါသမယလေး ဖြစ်ပါစေ 🙏🙏🙏

🎁 သီတင်းကျွတ်လက်ဆောင်အဖြစ်
Special Promotion လေးကို 15% Discount နဲ့
သာကေတ Capital Shopping Mall မှာ ရယူနိုင်ပါပြီ

Skincare များအားလုံးကို 15%Off နဲ့ ဝယ်ယူလို့ရပါပြီရှင့်.... လူကြီးမိဘများ၊ မိတ်ဆွေများကို ဂါရဝလက်ဆောင်အဖြစ် ရွေးချယ်ဖို့ အကောင်းဆုံးချိန်လေးပါ 🛍️🛍️

(၇)ရက်နေ့ကနေ (၁၃)ရက်နေ့ထိ သာကေတ Capital (Promotion Aera) မှာ ရှိပါတယ်ရှင့် .... လာရောက်ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰🥰

🕯️ဝါကျွတ်ချိန်ခါမှစ၍ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ AG Skincares မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🎉🎊

#သီတင်းကျွတ်

Photos from Amazing Grace's post 08/07/2022

Hello!
Amazing Grace လေးကို မတွေ့တာကြာလို့ မေ့နေကြပြီလားရှင် ☺️

AG လေးက Page မှာ ခဏလေးပျောက်နေပေမယ့် Shopping Center တွေမှာ Moving Shop လေးတွေက လှည့်ပတ်နေဆဲပါပဲ ... နယ်ကချစ်သူတွေဆီသွားနေရင်းနဲ့ အခု ရန်ကုန်က AG ချစ်သူလေးတွေဆီ ပြန်လာခဲ့ပါပြီ...

👉8 ရက်နေ့ကနေ 11ရက်နေ့အထိ မြန်မာပလာဇာက Promotion Area မှာ 🎁PROMOTION🎁နဲ့အတူ ရောက်နေပါပြီ

🎉YGN Happy Promo က ကျပ် ၃၀၀၀၀ ဖိုးပြည့်တဲ့ ကာကာလေးတွေကို Face နဲ့ Body အတွက် အထူးကောင်းမွန်တဲ့ Goat Milk, Lemon, Orange Peel တို့တွေနဲ့ အသစ်ထုတ်ထားတဲ့ 2Way Soap - 4500 ကျပ်တန် 🎁လက်ဆောင်ပေးသွားမှာပါရှင့်

🛍️များများရမဲ့အချိန်လေးမို့ အားပေးကြဖို့ ဖိတ်ခေါ်ပါတယ် 😘

22/05/2022

🧱မင်္ဂလာမန္တလေးကို Happy Promotion နဲ့အတူ AG လေး ရောက်လာပါပြီ

🏬ပထမထပ် Promotion Area ကြီးမှာ
👉Amazing Grace Items တွေကို
Super Promo 😮 တွေနဲ့

🗓May 23 ကနေ 27 ရက်နေ့အထိ ရောင်းချပေးသွားမှာပါ

Happy Promorion လေးက
🛒နှစ်သက်ရာ Scrub ၁ဘူးနဲ့ နှစ်သက်ရာ Lotion ၁ဘူး ဝယ်ယူမယ်ဆို
🎁450g Bath Salts - ၁ဘူး လက်ဆောင်

🛒နှစ်သက်ရာ Essentional Oils ၃ ပုလင်း ဝယ်မယ်ဆို နောက်ထပ်
🎁နှစ်သက်ရာ EO ၁ပုလင်း လက်ဆောင်

🛒မည်သည့်အမျိုးအစားကိုမဆို ၂သောင်းဖိုးပြည့်အောင် ဝယ်ယူလိုက်မယ်ဆို
🎁Bath Salts 50g တထုတ် လက်ဆောင်

🙋‍♀️ပေးသွားမှာ ချစ်တို့ရေးးးး

💁‍♀️ကဲ MDY မလာဘူးလားတို့ Promotion မရှိဘူးလားတို့ တမေးထဲမေးနေကျတဲ့ ချစ်ရတဲ့မန္တလာသူ မန္တလာသား တို့အတွက် ရွှေသတင်းလေး ကြော်ငြာမောင်းခတ်လိုက်ပြီကွယ် 🙆‍♀️

💁‍♀️အားရှိပါးရှိ ဝယ်ယူအားပေးနိုင်ပါကြောင်း
အသိပေးရင်း စောင့်နေမယ် ဘေးးးဘေ.....

📢 ဟိတ် ရန်ကုန်သူလေးတို့က မြန်မာပလာဇာမှာ အခုလို Promotion နဲ့အတူ အပေါ်ကရက်အတိုင်း မေ၂၃ကနေ ၂၇ထိ ဝယ်ယူလို့ရသေးတယ်နော် Skincares တွေ ကုန်နေပြီဆို အားပေးကြပါဦးလို့ ပြောပါရစေရှင် ... 😍😍😍

21/05/2022

Refreshing Oasis Wax Candle

😓 မိုးရွာလိုက်နေပူလိုက်နဲ့ အခန်းထဲမှာစိုထိုင်းထိုင်းဖြစ်ပြီး နေရတာငြီးစီစီဖြစ်နေတယ်ဆို "𝗥𝗲𝗳𝗿𝗲𝘀𝗵𝗶𝗻𝗴 𝗢𝗮𝘀𝗶𝘀" က အဆင်ပြေဆုံးပဲ

𝗟𝗲𝗺𝗼𝗻𝗴𝗿𝗮𝘀𝘀 Essential Oils နဲ့ ဒီ 𝗦𝗰𝗲𝗻𝘁𝗲𝗱 𝗦𝗼𝘆 𝗪𝗮𝘅 𝗖𝗮𝗻𝗱𝗹𝗲 က

အခန်းတွင်းမှာရှိတဲ့ 🦠 batteria ပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းရှိတာကြောင့် အခုလို Wet အခြေအနေအတွက် အရမ်းသင့်တော်ပါတယ်

🧫Fighting bacteria အပြင်
- Inflammation (ယောင်ရမ်းခြင်း)
- Fungal infections (အရေပြားမှိုရောဂါ)
- Antioxidants
- Rheumatoid arthritis (လေးဖက်နာရောဂါ)
- Headaches (ခေါင်းကိုက်ခြင်း)
- Fevers (ဖျားနာခြင်း) တို့ကိုလဲ

သက်သာစေတဲ့ဂုဏ်သတ္တိများရှိပြန်ပါတယ်။

အခုလိုအချိန်အခါမှာ အသုံးသင့်ဆုံး အရေးပါတဲ့ Scented Candle လေးကို သုံးကြည့်လိုက်ကြဦးနော် 😘😘

သူ့နံမည်လေးက 💚အိုအေစစ်💚တဲ့

170g ကို ၁၅၅၀၀ကျပ်ပါ ☺️

တခြား Candle လေးတွေလဲရှိပါသေးတယ်...
တောင်ပေါ်၊ ဘိုမလေး၊ ပန်းခင်း တဲ့ 🤗

မှာယူချင်ရင်တော့ 📞09940199997 ဖုန်းလေးကို တိုက်ရိုက်ဆက်ပေးပါနော်။ (စာအဝင်တွေမမြင်ခဲ့ရင် နောက်ကျနေတတ်လို့ပါရှင့်)

18/05/2022

🎈Amazing Grace Skincares လေးကို သတိတရချစ်နေပေးတဲ့ ချစ်သူတို့ရေ

🎀AG ပိုစ့်လေးတွေမတင်ဖြစ်လို့ မေ့နေကြမှာစိုးလို့ AG ကထုတ်တဲ့ Skincare လေးတွေကို remind ပြန်လုပ်ပေးမယ်နော်

⭐Hair Scalp and Treatment Oil
⭐Face Oil
⭐Soap
⭐Lavender Body Lotion
⭐Bling Bling Body Lotion
⭐Orange Peel and Rosemary A+ Scrub
⭐Coffee and Cinnamon A+ Scrub
⭐Sacha Inchi and Ginger A+ Scrub
⭐Lemongrass and Chamomile Bath Salts
⭐Smoothing Lavender Bath Salts

ဆိုပြီး Head to foot အကုန်ရပါတယ်။🥰

ဒါ့အပြင် မိမိအသားရည်အတွက် သီးသန့်
👉skincare လေး သုံးချင်ပါတယ်ဆိုရင်
"Founder May Phyo" က Customerနဲ့အဆင်ပြေအောင် သီးသန့်ထုတ်ပေးတဲ့ ဝန်ဆောင်မှုလဲ ရှိပါတယ်။

အသေးစိတ်သိချင်တာဖြစ်စေ၊ မှာယူအားပေးချင်တာဖြစ်စေ 📞09940199997 ဖုန်းလေးကို တိုက်ရိုက်ဆက်ပေးပါနော်။ (စာအဝင်တွေမမြင်ခဲ့ရင် နောက်ကျနေတတ်လို့ပါနော်)

Admin ရဲ့ ကျန်းမာရေးအခြေအနေကြောင့် Page မှာ update လေး မဖြစ်နေတာ ခွင့်လွှတ်ပေးပါရှင်

လိုချင်တာလေးတွေ မှာပေးနော် သဲလေးတို့

10/05/2022

🌧မိုးသံ​ကြားမှာ☕ကော်ဖီနံ့လေးရခဲ့မယ်ဆိုရင်...

ကော်ဖီဆိုတာနဲ့ သောက်ဖို့ပဲမြင်နေတဲ့အချစ်လေးတွေရှိပြီလား ....
𝗖𝗼𝗳𝗳𝗲𝗲 𝘀𝗰𝗿𝘂𝗯 လေးတိုက်ပြီး ရေမြန်မြန်ချိုးလိုက်ပါလား Babe... စိတ်ရှုပ်ထွေးနေတာတွေ နဲနဲသက်သာစေတာပေါ့ 🤩

𝗔+ 𝗕𝗼𝗱𝘆 𝗦𝗰𝗿𝘂𝗯 𝗯𝘆 𝗔𝗺𝗮𝘇𝗶𝗻𝗴 𝗚𝗿𝗮𝗰𝗲 ကနေ
🤎️ 𝗖𝗼𝗳𝗳𝗲𝗲 & 𝗖𝗶𝗻𝗻𝗮𝗺𝗼𝗻 💚 𝘀𝗰𝗿𝘂𝗯 လေး ရှိတယ်လေ....

🤎ရေစိုစွတ်စိုခါစ အချိန်လေးမှာမှာ Body scrub ကိုယူပြီး တကိုယ်လုံးကို လက်ချောင်းလေးနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။
🤎တကိုယ်လုံးနှံ့သွားတဲ့အခါ စောင့်စရာမလိုဘဲ ရေနဲ့ပြန်ဆေးချလိုက်ရုံပါပဲ။
🤎ရေဆေးပြီးကျန်ခဲ့တဲ့ အရေပြားဟာ စိုစိုအိအိလေးနဲ့ baby skin လေး အတိုင်းကျန်ခဲ့တဲ့အပြင် ပင်ပန်းနွမ်းနယ်မှုကိုပါ ပြေပျောက်စေတာပေါ့....

🤎𝗖𝗼𝗳𝗳𝗲𝗲 𝗮𝗻𝗱 𝗖𝗶𝗻𝗻𝗮𝗺𝗼𝗻 လေးရဲ့ အကျိုးအာနိသင်လေးက....
🤎အရေပြားနီမြန်းခြင်းကိုသက်သာစေပါတယ်
🤎ပေါင် တင်ပါး နေရာတွေမှာရှိတဲ့ cellulite တွေကိုလဲ လျော့ချပေးပါတယ်
🤎အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အရေပြားကို ချောမွေ့တောက်ပစေပါတယ်
🤎အရေပြားရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် ကိုယ်လက်ညောင်းညာကိုက်ခဲတာလဲ သက်သာစေလို့ relax ဖြစ်စေပါတယ်။
☕မွှေးပျံ့တဲ့ကော်ဖီရနံ့လေးကြောင့်လဲစိတ်ကြည်လင်လန်းဆန်းစေပါတယ်။

🤎𝗔𝗺𝗮𝘇𝗶𝗻𝗴 𝗚𝗿𝗮𝗰𝗲ရဲ့𝗖𝗼𝗳𝗳𝗲𝗲 𝘀𝗰𝗿𝘂𝗯 လေးတိုက် ရေမြန်မြန်လေးချိုးပါ၊ ​နွေးနွေးထွေးထွေးလေးဝတ်ပြီး အနားယူလို့ အားမွေးလိုက်ဦးနော်..... 🥰

Photos from Amazing Grace's post 03/05/2022

Hello! Admin is come back 😁

AG ရဲ့ Shop လေးက
"ပြင်ဦးလွင် Ruby Mart" မှာပါရှင့်

May 8 ရက်နေ့ထိ ရှိနေပါမယ်နော် ... 🥰🥰

လာအားပေးလို့ရပါပြီရှင့် 🥳

07/04/2022

🇯🇵 ဂျပန်စာသင်ပြီး ဂျပန်မှာအလုပ်လုပ်ဖို့စဥ်းစားထားရင် 💛Amazing Grace Skincares💛 ဝယ်ယုံနဲ့ ဂျပန်စာအခမဲ့သင်ခွင့်ရပါပြီ

🙏မြန်မာ့ နှစ်ဦးအလှူလေးအဖြစ် 🙏
AG Skincares ဝယ်ရင်း ဂျပန်ဘာသာစကားနှင့်ဂျပန်စာကို ပညာဒါနသင်ခွင့်ရဖို့အတွက် စီစဥ်ထားပါတယ်ရှင့်

AG ရဲ့ မည့်သည့်အမျိုးအစားဖြစ်စေ 💸 30000/- ကျပ်ဖိုးဝယ်ယူလိုက်တာနဲ့ အခွင့်အလမ်းအသစ်များကို ဖော်ထုတ်နိုင်မယ့်အခွင့်အရေးပါပဲ ...

🎊 ဂျပန်စာ စသင်ဖို့ အဆင်ပြေပါ့မလားလို့ တွေးနေသူတွေအတွက်ရော၊ ဂျပန်မှာအလုပ်သွားလုပ်ချင်သူတွေအတွက်ရော စတင်ဖို့အခွင့်အရေးကြီးပါ 🗯🗯

⚠️သင်တန်းတက်ရောက်ဖို့လူဦးရေကန့်သတ်ချက်လေးရှိတာကြောင့် အမြန်ဝယ်ပြီး၊ အမြန်စာရင်းသွင်းဖို့တော့ လိုပါတယ်ရှင့် ⚠️⚠️

သင်တန်းကျောင်းလေးကတော့
Yaung Ni Oo Foreign Language Centre ပါနော်

#နှစ်ဦးအလှူ

Photos from Amazing Grace's post 04/04/2022

ပိတ်ရက်တွေများတဲ့ဒီလမှာ ခရီးထွက်မယ်လို့ စဥ်းစားထားသူတွေအတွက် နေဒဏ်လေဒဏ်ကိုကာကွယ်ဖို့ သွားလေရာသယ်လို့ရမယ့်ပစ္စည်းလေးက ❓

AG ရဲ့ A+ Scrub များကို
✅Sugar, Pink salt, Epsom salt, Glycerine, Essential oil ဆိုတဲ့ အသားအရေနဲ့ အလှအပအတွက် ကောင်းမွန်တဲ့ အခြေခံကုန်ကြမ်းတွေကို သုံးပြီးထုတ်လုပ်ထား​ပါတယ်။ Texture အရမ်းနူးညံ့တာ​မို့ အသားအရေကိုနူးညံ့စေပြီး ခရီးထွက်လို့ ရေ၊ လေ၊ နေ၊ ပြောင်းရင်တောင် မပြောင်းလဲတဲ့အသားအရေကို ရရှိစေမှာပါနော်

ကော်ဖီ ☕ Coffee & Cinnamon Scrub
Orange 🍊 Orange Peel & Rosemary Scrub
ကြယ်ပဲ ⭐ Sacha Inchi & Ginger Scrub

နှစ်သက်တဲ့အနံ့ကိုရွေးချယ်နိုင်တာမို့ ဒီရာသီ၊ ဒီဥတု၊ ဒီလိုအချိန်အတွက် အသင့်တော်ဆုံး Item လေးဖြစ်ကြောင်း

🌼🌼🌼 "The Best of April" 🌼🌼🌼

အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်နော် ...

💸 200g Full Size - 12500ကျပ်

မှာယူချင်တယ်ဆို CB မှ ဖြစ်စေ၊ ☎️ 09940199998 ကို ဖြစ်စေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်ပေးပြီး အရေအတွက်လေးနဲ့ မှာလို့ရပါပြီ။

☀️☀️☀️☀️☀️☀️

AG products ပုံလေးများကို မေတ္တာဖြင့်ရိုက်ကူးပေးပါသော 💛 Capture Moment by Myat 💛 မှ မမမြတ်အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😘 🥰🥰

03/04/2022

နေ့တိုင်းလိုလို ဖြစ်ပေါ်နေတဲ့ Stress နဲ့ Anxiety တွေက အသားအရေကိုထိခိုက်စေနိုင်တယ်❓🤦🏻‍♀️

✅စိတ်ပြသနာတွေကိုရှင်းတဲ့နေရာမှာ ဆရာကြီးဖြစ်တဲ့အပြင် တစ်ချက်ခုတ်တာနဲ့ ၁၀ ချက်နီးပါးပြတ်တဲ့ Essential Oil လေးတွေကို သုံးသင့်တဲ့အကြောင်း ပြောပြပေးမယ်နော်😉

အပင်အဆီအနှစ်တွေကနေ သဘာဝကျကျထုတ်လုပ်ထားတဲ့ Essential Oil လေးတွေရဲ့ နှစ်ခြိုက်စရာအနံ့ကြောင့် … 🌱
✨Stress တွေ Anxiety တွေကို လျော့နည်းစေပြီး အချိန်တိုင်း Positive Vibe ကိုပဲ ရနေစေတာကြောင့် စိတ်ဖိစီးပြီး ဝက်ခြံတွေထွက်မှာကို မပူရတော့ဘူး။
✨Mood ကိုလည်း အချိန်ပြည့် တက်ကြွနေစေပြီး ဘယ်နေရာမှာမဆို အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေပါတယ်။
✨ခေါင်းမူး/ခေါင်းကိုက်တာတွေပြေစေပြီး စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေတယ်။
✨Bacteria တွေကို သေစေနိုင်တဲ့အပြင် ညဘက်တွေဆိုလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်ဆိုတော့ အိပ်ရေးပျက်ပြီး မျက်ကွင်းလေးတွေလည်း မညိုတော့ဘူး။
✨အမျိုးသမီးလေးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေဆိုလည်း သက်သာစေတယ်။
✨Chemical ပစ္စည်းလုံးဝမသုံးဘဲ ထုတ်လုပ်ထားတဲ့အတွက် လူကို မထိခိုက်စေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်ပါ အထောက်အကူပြုစေပါတယ်ရှင့်။

Amazing Grace မှာဆိုရင် Essential Oil အမျိုး(၂၀)တောင် ရှိတာကြောင့် ကိုယ်နှစ်သက်ရာရနံ့လေးကို စိတ်ကြိုက်ရွေးချယ်ပြီးဝယ်ယူနိုင်ပါပြီရှင့်🙆🏻‍♀️

🥰 Page ထဲမှာလည်း Essential Oil လေးတွေအကြောင်း စုံလင်နေအောင် တင်ပေးထားလို့ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။

သူတို့ကို ခန္ဓာကိုယ်မှာလိမ်းလို့လည်းရသလို မိမိနှစ်သက်သလိုထားပြီး ရနံ့သင်းသင်းလေးတွေကို ရှုရှိုက်ခြင်းဖြင့် ကိုယ့်ရဲ့တနေ့တာပင်ပန်းမှုတွေကို ဖြေလျော့နိုင်ပါတယ်ရှင် ❤️❤️❤️

🪔 Essential Oil လေးတွေကို သောက်လို့တော့မရပေမယ့် ❌❌
🤎Ginger Oil ကိုတော့ ခံတွင်းကျန်းမာရေးအတွက် ငုံပြီးကျင်းပေးလို့ရပါတယ် ✅✅
🙅🏻‍♀️နောက်ပြီး ပန်းနာရင်ကြပ်အခံရှိတဲ့သူတွေနဲ့ အဆုတ်အားနည်းတဲ့သူတွေကိုလည်း အသုံးမပြုဖို့ သတိလေးပေးလိုက်ပါရစေရှင့်🥺

27/03/2022

Skincares တွေရွေးစရာများနေလို့ ရူးခါနေပြီလား😣စမ်းသုံးကြည့်ဖို့ကျတော့လဲ စျေးနှုန်းတွေနဲ့တင် တက်သေ🤪 စကွင်းမကဲပြန်ရင်လဲ မအိုစာဖြစ်တော့မယ်😞

🧖‍♀️ SKINCARE တခုကောင်းဖို့ဆိုတာ ထုတ်လုပ်တဲ့ဖော်မြူလာနားလည်ယုံနဲ့တင် မရပါဘူး။ ပါဝင်တဲ့ကုန်ကြမ်းပစ္စည်းအရည်အသွေး၊ ပစ္စည်းသိုလှောင်ထားရှိမှု၊ ထုတ်လုပ်တဲ့နေရာသန့်ရှင်းရဲ့လား စသဖြင့် အကုန်လုံး အရေးကြီးပါတယ်။ Handmade skincare ကို ဖန်တီးသူတွေအတွက် အချိန်အဆမှန်ကန်ခြင်းဆိုတာကလဲ အရေးကြီးပြန်ပါတယ်။

AMAZING GRACE Skincare က အသုံးပြုတဲ့ကုန်ကြမ်းတွေမှာ Exp ကို အရမ်းဂရုစိုက်တယ်။ 💣ဓာတုဗေဒပစ္စည်းတွေနဲ့ အသားအရေကို မထိတွေ့စေချင်တဲ့အတွက် ဓာတုလျော့ချနိုင်ဖို့ တတ်နိုင်သမျှ Natural တွေကို သုံးပေးတယ်။ ကုန်ကြမ်းတွေမှာလဲ quality အမျိုးမျိုးရှိတာကြောင့် စျေးကြီးတာ၊ စျေးများတာကို မတွက်ဘဲ အသားအရေနဲ့အကောင်းဆုံးဖြစ်မယ့်ကုန်ကြမ်းကိုပဲ ရွေးချယ်တယ်။

Production Place တခုလုံးကိုလဲ AirCon အပြည့်နဲ့ ကုန်ကြမ်းတွေကိုထားတယ်။ Handmade ခေါင်းစဥ်နဲ့အညီ ကိုယ်တွယ်ရမယ့်ပစ္စည်း၊ ကိုင်တွယ်မယ့်သူ၊ ထည့်သိုရမယ့်ခွက်တွေကအစ သန့်ရှင်းမှုသည် FIRST ဖြစ်စေတယ်။ 😱

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ AG Skincare ရဲ့ ethic အလိုက်နာဆုံးအချက်ပါ။ သုံးစွဲသူက တခုခုအဆင်မပြေတာဖြစ်လို့ပြောပြလာခဲ့ရင် ချက်ချင်းတာဝန်ယူဖြေရှင်းပေးလို့ ဝယ်သူလက်ထဲစိတ်ချမ်းသာမှုကို အရောက်ပြန်ပို့ပေးပါတယ်။ သုံးစွဲသူမျက်နှာပေါ်ကပီတိပြုံးအတွက် ဝန်ဆောင်မှုပေးဖို့ AG အချောလေးများက အမြဲအဆင်သင့်ပါ။ 🙆‍♀️🙆

♻️ကလေးတယောက်လမ်းဖြောင့်ဖြောင့်လျှောက်နိုင်ဖို့ ကောင်းကောင်းလမ်းလျှောက်တတ်သူရဲ့အကူအညီဟာ အများကြီးစကားပြောပါတယ်။ AG's Skincare Specialist ရဲ့တတ်မြောက်ကျွမ်းကျင်မှုဟာ Certificates တွေအပြင် ဝါသနာနဲ့ စေတနာကိုအရင်းခံပါတယ်။ Local made စျေးကွက်ထဲမှာ Amazing Grace ဆိုတာ လက်မ👍ပြလို့ရတဲ့ Brand တခုအဖြစ် ရှိနေပါပြီ

"" LOCAL MADE တွေက စျေးကြီးတယ်တဲ့ ""
✌️ဟုတ်ပါတယ် Bae ... အထင်သေးလောက်စရာဟာကွက်တခုမှမရှိတာ Amazing Grace Local brand ပါ။ ပေးရတဲ့စျေးနဲ့ ထိုက်တန်တာထက်ပိုတဲ့ရလဒ်က 💯++++ မို့ စျေးများတယ်လို့ဆိုဦးမှာလား

ကဲ Bar တခါသွားရင်တောင် Skincare 1Set စာထက် ပိုပါတယ်။ AG skincare သုံးဖို့မတွေဝေပါနဲ့။ မအိုစာအဖြစ်မခံဘဲ AG နဲ့ Skincare ပြီး အကုန်လုံးကို ❤️‍🔥❤️‍🔥ရူးခါသွားအောင်ချေမိုးနိုင်တာမို့ AG ကိုပဲ ယုံကြည်စွာနဲ့ ရွေးချယ်နိုင်ပါကြောင်း

💤ညမအိပ်ခင် ပြောပြပေးလိုက်တယ်နော် 🗯🗯💬

🤍🤍နောက်နေ့ကျရုံးလှလှလေးသွားနော် Bae ...

😴Have a Sweet Night!!! 💗💗💗

26/03/2022

🌸ချယ်ရီမြေကို တဖန်ရောက်ရှိလာပြန်တဲ့ AG Skincares များ 🌸🌸

🌷March 26 မှ April 1 ရက်အထိ ရှိနေမှာဖြစ်ပြီးတော့ တောင်ကြီး Ocean "City Square Center" ရဲ့ ပထမထပ် Promotion Area မှာပါရှင်🍃🍃

နန်းတို့ကိုပြောပြချင်တာက 🎊၂၀၀၀၀ကျပ်ဖိုး အားပေးမယ်ဆို AG ရဲ့ Best Seller Item ထဲကတခုကို 🎁 လက်ဆောင်ထည့်ပေးနေတယ်တဲ့

🛒AG တို့ ရောက်တဲ့အခိုက်မှာ အားရပါးရသာဝယ်ထားပေးပါ AG တို့ပြန်သွားပြီးမှလိုချင်တယ်ဆို Page ကမှာရတဲ့အခါ ခရီးစရိတ်တွေရှိတယ်လေနော် အပိုတွေမကုန်စေချင်လို့ပါရှင့် 📦

👉ချောမောလှတဲ့ စိုင်းတို့ နန်းတို့အတွက် အသင့်တော်ဆုံး 100% Natural Skincare 🤎🤎Amazing Grace🤎🤎 ကို ရွေးချယ်သုံးစွဲရင်း ကျန်းမာပြီးစိုပြေတဲ့အသားအရေလေးကို ထပ်မံပိုင်ဆိုင်ကြပါစို့လားရှင် 🎀🎀

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 05:00 - 17:00
Friday 08:00 - 17:00
Saturday 05:00 - 17:00