Healthy Product

Healthy Product

Share

SCM မှထုတ်လုပ်တဲ့ ကျန်းမာရေးအတွက်ကောင်းမွန်သော စိတ်ချရတဲ့ထုတ်ကုန်များရောင်းပါတယ်နော်

25/05/2024

Prebiotic+Probiotic+Postbiotic
Triple Pပေါင်းစပ်မှုအသစ်
(Coming Soon)😍😍😍

Prebioticဆိုတာဘာလဲ?
လွယ်လွယ်ပြောရရင် အစာချေဖျက်လို့မရတဲ့fiberအမျှင်ဓာတ်တွေပါပဲ Probioticလေးတွေ ရှင်သန်ကြီးထွားသန်မာဖို့စားသောက်ရတဲ့အစာပေါ့ Probioticလေးတွေရဲ့ အစာဖြစ်တဲ့အပြင် အူလမ်းကြောင်းတစ်လျှောက် fiberဓာတ်တွေများစေတာကြောင့် ဝမ်းမှန်ဝမ်းပျော့စေတယ်။

Probioticဆိုတာကရော?
Probioticဆိုတာက ခန္ဓာကိုယ်မှာရှိနေတဲ့ အရေးကြီးတဲ့ ကောင်းတဲ့သက်ရှိပဋိဇီဝပိုးမွှားလေးတွေ (Good Bacteria)လေးတွေကိုခေါ်တာပါ ဒီပိုးကောင်းလေးတွေက သင့်ခန္ဓာကိုယ်ကို ခဏခဏနေမကောင်းဖြစ်တာ ဖျားနာတာမဖြစ်အောင်ကာကွယ်ပေးဖို့ ပြင်ပကဝင်ရောက်လာမဲ့ မကောင်းတဲ့ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးဖို့စစ်သားတွေပေါ့ သူတို့လေးတွေ ခန္ဓာကိုယ်မှာများများရှိနေလေ ပိုကောင်းလေပဲနော်
ဥပမာ-အူလမ်းကြောင်းမကောင်းပဲ ဝမ်းခဏခဏပျက်နေတယ်ဆိုရင် ခန္ဓာကိုယ်မှာprobioticလေးတွေ နဲနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဒါဆိုရင် သူတို့လေးတွေကို ပြန်ဖြည့်ပေးဖို့ အရေးကြီးတယ်နော်

Postbioticကရော?
Probiotic, Prebioticများပေါင်းစပ်ခြင်းဖြင့်ရရှိလာတဲ့ဇီဝဓာတ်ပေါင်းတစ်ခုဖြစ်ပါတယ် ခန္ဓာကိုယ်မှာ ဓာတ်မတည့်တာကိုကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကောင်းစေနိုင်ပါတယ်

ဒီP3လုံးပေါင်းစပ်မှုအသစ် Triple Pက သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အံ့မခန်းအကျိုးရလာဒ်တွေဖြစ်ပေါ်လာစေပါလိမ့်မယ်

Triple Pကိုသောက်သုံးခြင်းဖြင့်
1. အူလမ်းကြောင်းမှ အာဟာရဓာတ်စုပ်ယူမှုများ ပိုအားကောင်းလာစေတယ်
2. အစာအိမ်အတွင်းရှိ Acidity(အချဉ်ဓာတ်)ကို တိုးစေပြီး မကောင်းတဲ့ဘတ်တီးရီးယားများကို တိုက်ထုတ်ပေးတယ်
3. ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဟန်ချက်ညီစေပါတယ်။ အူလမ်းကြောင်းစနစ်၏ ကောင်းသောဇီဝသက်ရှိများ ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေတယ်
4. ဝမ်းပျော့ဝမ်းမှန်စေတယ်

☀️ Triple Pက Pre+Pro+Post Biotic 3မျိုးတဲ့ ပေါင်းစပ်မှုထုတ်ကုန်အဖြစ် SCM Companyမှ ထိုင်းနိုင်ငံမှာ ပထမဆုံးအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
☀️သကြားပါဝင်မှု 0%ဖြစ်ပြီး Caloriesနည်းပါတယ်။
☀️ Jellyပုံစံ ထုတ်လုပ်ထားတာမို့ စားသုံးရ သယ်ဆောင်ရလွယ်ကူပါတယ်

Triple Pကို
👉 ဝမ်းသွားရခက်တဲ့သူများ
👉 ဝမ်းပျက်လွယ်သူများ
👉 အစာအိမ်အူလမ်းကြောင်း မကောင်းသူများ
👉 ကိုယ်ခံအားကောင်းချင်သူများ
👉 မကြာခဏနှာစေးဖျားနာ နေမကောင်းဖြစ်တက်သူများ
👉 ခန္ဓာကိုယ်ပေါ့ပါးသွက်လက်နေကောင်းကျန်းမာချင်သူများ သောက်သုံးသင့်ပါတယ်။
👉 လူကြီးရော ကလေးများပါ သောက်သုံးနိုင်ပါတယ်။

အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းထားပါက ခန္ဓာကိုယ် တစ်ခုလုံးလည်း ကျန်းမာပြီး နေလို့ကောင်းစေတာဖြစ်လို့ အူလမ်းကြောင်းကိုများစွာအကျိုးပြုတဲ့ Triple P Jelly ထုတ်ကုန်အသစ်ကို မှီဝဲကျဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

Chal
Product Expertise

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00